ဓနုဖြူမြို့နယ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဓနုဖြူမြို့နယ်
မြို့နယ်
ဓနုဖြူမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဓနုဖြူမြို့နယ်
ဓနုဖြူမြို့နယ်
ကိုဩဒိနိတ်: 17°22′N 95°27′E / 17.367°N 95.450°E / 17.367; 95.450ကိုဩဒိနိတ်: 17°22′N 95°27′E / 17.367°N 95.450°E / 17.367; 95.450
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီး
ခရိုင်မအူပင်ခရိုင်
အုပ်ချုပ်ရေးမြို့ဓနုဖြူမြို့
လူဦးရေ (၂၀၁၄)၁၇၉,၃၅၃[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ဓနုဖြူမြို့နယ် သည် မြန်မာနိုင်ငံဧရာဝတီတိုင်းဒေသကြီးမအူပင်ခရိုင်ရှိ မြို့နယ် တစ်ခု ဖြစ်သည်။ အုပ်ချုပ်ရေးရုံးစိုက်ရာမြို့မှာ ဓနုဖြူမြို့ ဖြစ်သည်။ ဓနုဖြူမြို့၏ အရှေ့ဘက်တွင် ဧရာဝတီမြစ်၊ အနောက်ဘက်တွင် ပိဋကတ်ကျောက်စာတိုက်၊ တောင်ဘက်တွင် ကျိုက္ကလွန် ပွန်းစေတီတော်နှင့် မြောက်ဘက်တွင် စစ်သူကြီး မဟာဗန္ဓု၏ ဓနုဖြူခံတပ်တို့ တည်ရှိပြီး အရှေ့မှာနဂါး၊ အနောက်မှာ တရား၊ တောင် မှာ ဘုရား၊ မြောက်မှာ ဓား ဟု အဆိုရှိသည်။

ဓနုဖြူမြို့၏ တောင်ဘက်ရှိ ကျိုက္ကလွန်ပွန်းစေတီတော်နှင့် မြောက်ဘက်ရှိ ရွှေရောင်ပြစေတီတို့သည် ဓနုသင်္ဂဟမင်းလက်ထက်၊ သမုဒ္ဒဃောသမင်းနှင့် ဥမ္မာဒန္တီမိဖုရားတို့လက်ထက်တွင် တည်ထားကိုး ကွယ်ခြင်း ဖြစ်ဟုဆိုသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ရခိုင်စစ်မျက်နှာ မှ ပြန်လည်ဆုတ်ခွာ လာသော စစ်သူကြီး မဟာဗန္ဓုလသည် ရန်ကုန်မြို့သို့ ချီတက်ကာ အင်္ဂလိပ်စစ်တပ်ကို တိုက်ခိုက်သော်လည်း အင်္ဂလိပ်စစ်တပ် များ ရွှေတိဂုံကုန်းတော်တွင် တပ်စွဲထားသဖြင့် မြန်မာတပ်များ ဆက်မတိုက်ဘဲ ဓနုဖြူမြို့သို့ ဆုတ်ခွာခဲ့ရသည်။ ဓနုဖြူမြို့ တွင် ရှေး မွန်မင်းများ၏ ခံ တပ်ဟောင်းရှိသဖြင့် ပြုပြင်မွမ်းမံကာ အင်္ဂလိပ်စစ်တပ်များ ဧရာဝတီမြစ်ကို ဆန်တက်လာလျှင် ခုခံရန် စစ်သူကြီး မဟာဗန္ဓုလ စောင့်ဆိုင်းနေခဲ့သည်။

ဓနုဖြူမြို့သည် ဧရာဝတီမြစ် အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိပြီး ဓနုဖြူခံတပ်ကို ဧရာဝတီ မြစ်ကမ်းတစ်လျှောက် တည်ဆောက် ထားသဖြင့် အလျား တစ်မိုင်ခန့်၊ အနံမှာ မြေမျက်နှာပြင် အနေအထား ကို လိုက်၍ ကိုက် ၅ဝဝ မှ ကိုက် ၈ဝဝ အထိ ရှိသည်ဟု သိရပါသည်။ တစ်မိုင်ခန့် ရှည်လျားသော ထိုခံတပ်ကြီးအပြင် အရန်ခံတပ်ငယ်နှစ်ခုကို မြို့တောင်ဘက် ကျိုက္ကလွန်ပွန်းစေတီ တွင် တစ်ခု၊ မြို့လယ် ရွှေကူဘုန်း တော်ကြီးကျောင်းတွင် တစ်ခု တည်ဆောက်ပြီး အင်္ဂလိပ်တို့ကို အဆင့်ဆင့် ခုခံရန် စီစဉ်ထားခဲ့သည်။ ဗိုလ်ချုပ်အာချီ ဘောကင်းဘဲလ် ဦးဆောင်သည့် ကြည်းကြောင်းချီတပ်ဖွဲ့သည် ၁၈၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ရန်ကုန်မှ ပြည်သို့ ရေကြောင်းမှ မသွားဘဲ ကုန်းလမ်းမှ ချီတက် သွားခြင်းသည် ဓနုဖြူ ခံတပ်ကိုကို ရှောင်ကွင်းသွားခြင်း ဖြစ်သည်။ ထို့နောက် ဗိုလ်မှူးချုပ်ကော့ တွန်ဦးဆောင်သည့် ရေကြောင်း ချီတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက်တွင် ဧရာဝတီမြစ်ကြောင်း ဓနုဖြူမြို့သို့ ဆန် တက်လာခဲ့သည်။ စစ်ကြောင်းနှစ်ခု ချီတက်ခြင်းသည် ငါးရက်သာ ကွာခြားခဲ့သည်။

စစ်သင်္ဘော ၆၂ စင်းပါ သော အင်္ဂလိပ်ရေတပ်ကြီး ဓနုဖြူ တောင်ဘက် နန်းတော်ကုန်းကျေးရွာ အနီးသို့ ရောက်သောအခါ ဗိုလ်မှူး ချုပ်ကော့တွန်က စစ်သူကြီး မဟာဗန္ဓုလကို အညံ့ခံရန် တောင်းဆိုသော စာတစ်စောင် ပေးပို့သည်။ ထိုအခါ စစ်သူကြီး မဟာ ဗန္ဓုလ က 'သင်နှင့် ကျွန်ုပ်တို့နှစ်ဦးသည် ကိုယ့်နိုင်ငံအတွက် စစ်တိုက်နေခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ မယိမ်းမယိုင် ခုခံတွန်း လှန်မှုကို သင်တွေ့မြင်နေရပြီ ဖြစ်သည်။ ကျွန်ုပ်တို့ကို တိုက်ခိုက်နိုင် လျှင် သင်သည် သင်၏ ဂုဏ်သိက္ခာ ကို ထိန်းသိမ်းထားနိုင်ပေ လိမ့်မည်။ မိတ်ဆွေတစ်ဦးအနေဖြင့် ဓနုဖြူခံတပ်ကို လာရောက်ကြည့်ရှုလိုပါက ကျွန်ုပ်ကိုယ်တိုင် လိုက်လံပြသပါမည်။ ရန်သူ အနေဖြင့် လာလိုလျှင် လည်း ကမ်းသို့တက်ပြီး တပ်ချင်း ရင်ဆိုင်နိုင်ပါသည် ဟု ပြန်ကြားခဲ့သည်။

သို့သော်လည်း ဗိုလ်မှူးချုပ်ကော့တွန်သည် စစ်သူကြီး မဟာဗန္ဓုလ၏ ဖိတ်ခေါ်မှုကို လက်မခံဝံ့သဖြင့် ကမ်းပေါ်မတက်ဘဲ ဓနုဖြူ ခံတပ် ကို အမြောက်များဖြင့် ပစ်ခတ်နေခဲ့သည်။ ထို့ပြင် အင်္ဂလိပ်ကမ်းတက် တပ်ဖွဲ့များသည် ဓနုဖြူခံတပ်တောင် ဘက် စစ်ခုံမှ ကျိုက္ကလွန်ပွန်းခံတပ်ငယ်ကို ကြည်းကြောင်း၊ ရေကြောင်းမှ နှစ်ဖက်ညှပ်၍ တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲမှာ အလွန်ပြင်းထန်ပြီး မြန် မာတပ်များ အရေးမလှသဖြင့် စစ်ပရိယာယ်သုံးကာ ဒုတိယခံတပ်ငယ်သို့ ဆုတ်ခွာသွားခဲ့ရသည်။ သို့သော်လည်း ကျိုက္ကလွန်ပွန်း တိုက်ပွဲတွင် အင်္ဂလိပ်တို့ဘက်မှ အရာရှိငါးဦးနှင့် စစ်သည် ၁၃ဝ ကျော် ကျဆုံးသဖြင့် အလွန်အထိနာခဲ့သည်။ ကျိုက္ကလွန် ပွန်းစေ တီတော် တောင်ဘက်တွင် အင်္ဂလိပ်စစ်ဗိုလ်အချို့ကို ဂူသွင်းမြှုပ်နှံထားသည်။

ထိုအချိန်တွင် ဗိုလ်ချုပ် ကင်းဘဲလ်၏ ကြည်းကြောင်းချီတပ် ဖွဲ့မှ ရှေ့ပြေးတပ်ဖွဲ့အချို့ ဓနုဖြူခံတပ် နှင့် အမြောက်တစ်ကမ်းသာ ကွာဝေးသော ရွှေရောင်ပြဘုရားသို့ ရောက်လာပြီး တပ်စွဲနိုင်ခဲ့သည်။ ဧရာဝတီမြစ်ထဲမှ အင်္ဂလိပ်စစ်သင်္ဘောများကို အာရုံ စိုက်နေသော မြန်မာတို့အား လှည့်စားရန် မြောက်ဘက်စစ်ခုံမှ တိတ်တဆိတ် ချဉ်းကပ်လာခြင်း ဖြစ်သည်။ ထို့နောက် ၁၈၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အင်္ဂလိပ်စစ် တပ်များက ဓနုဖြူခံတပ်ကို ကြည်း ကြောင်း၊ ရေကြောင်းနှစ်ဖက်ညှပ်၍ အပြင်းအထန် ပစ်ခတ်ခဲ့သည်။

စစ်သူကြီး မဟာဗန္ဓုလသည် တိုက်ပွဲ ပြင်းထန်ကြောင်း သိသောအခါ နံနက်စာပင် မစားဘဲ တပ် များကို ကွပ်ကဲရန် ရွှေထီးဆောင်း၍ ထွက်သွားခဲ့သည်။ တပ်မှူးငယ်တစ်ယောက်က ဤနေရာတွင် ရန်သူတို့၏ ဗုံးဆန်များ အဆက်မပြတ် ကျရောက်နေ သဖြင့် ရှောင်တိမ်းတော် မူ ပါဘုရား ဟု လျှောက်ထားသော်လည်း စစ်သူကြီး မဟာဗန္ဓုလက လက်မခံခဲ့ပါ။ ကြက်တိုက်ကုန်းသည် ဓနုဖြူခံတပ်တွင် အမြင့်ဆုံးဖြစ်သဖြင့် စစ်သူကြီး မဟာဗန္ဓုလ၏ ရွှေထီးကို အင်္ဂလိပ်စစ်တပ်များ အဝေးက ပင် မြင်နိုင်သည်။ ထိုနေ့ နံနက် ကိုးနာရီကျော် ဆယ်နာရီအချိန် ခန့်တွင် စစ်သူကြီး မဟာဗန္ဓုလ၏ ရွှေထီးပေါ်သို့ ဗုံးဆန်များ စုပြုံကျ ရောက်လာပြီး စစ်သူကြီး မဟာဗန္ဓုလ လည်း မြေပေါ်သို့ လဲကျသွားခဲ့သည်။

ဓနုဖြူတိုက်ပွဲတွင် အဓိက အခန်းမှ ပါဝင်ခဲ့သော ရွှေရောင်ပြ ဘုရား (သို့မဟုတ်) ရွှေရောင်ပြစေတီ သည် မူလက သဲပုံစေတီလေးဖြစ်ပြီး ဉာဏ်တော် ၁၃ တောင် မြင့်ခဲ့သော် လည်း နောက်ပိုင်းတွင် ဒေသခံများ မွမ်းမံပြင်ဆင်တည်ထားသဖြင့် ဉာဏ်တော် ၃၇ တောင်ရှိကာ ရွှေရောင်တဝင်းဝင်းဖြင့် အပူဇော်ခံလျက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. (မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၆၇။ 
  2. မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ရှေးဟောင်းသမိုင်းဝင် ရွှေရောင်ပြစေတီတော်။ ဈေးကွက်ဂျာနယ်။ ၁၇ ဇွန် ၂၀၁၆ တွင် ပြန်စစ်ပြီး။