ဗဟန်းမြို့နယ်
ပုံပန်းသွင်ပြင်
| ဗဟန်းမြို့နယ် | |
|---|---|
ကမာရွတ်ခရိုင်အတွင်း တည်နေရာ (အပြာ) | |
ရန်ကုန်မြို့အတွင်း တည်နေရာ | |
| ဗဟန်းမြို့နယ် တည်နေရာ၊ မြန်မာ။ | |
| ကိုဩဒိနိတ်: 16°48′29″N 96°9′8″E / 16.80806°N 96.15222°E | |
| နိုင်ငံ | |
| တိုင်းဒေသကြီး | |
| ခရိုင် | ကမာရွတ် |
| စာပို့သင်္ကေတ | ၁၁၂၀၁ |
ဗဟန်းမြို့နယ်သည် ရန်ကုန်မြို့လယ်တွင် တည်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်အတွင်း ပါဝင်သည်။ ဗဟန်းသည် အဝါရောင်ရှိသောမြေကို ခေါ်ဆိုခြင်းဖြစ်သည်ဆို၏။ ရှေးအခါက ဗဟန်းအရပ်သည် ကန့်ထွက်ရာဒေသ ဖြစ်ဟန်တူသည်။ ဗဟန်းရပ်သည် ကိုလိုနီခေတ်ဦးကာလအထိ တောတောင်ထူထပ်ရာအရပ် ဖြစ်သည်။ စာဆိုတော် စလေဦးပုညကပင် "ဗဟန်းသွားတောလား" ဟူ၍ ရေးဖွဲ့ခဲ့ဖူးသည်။[၁]
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]စုစုပေါင်းရပ်ကွက် (၂၂)ခု ဖြင့် ဖွဲ့စည်းထားသည်။ မြောက်ဘက်တွင် မရမ်းကုန်းမြို့နယ်နှင့် ရန်ကင်းမြို့နယ်၊ အနောက်ဘက်တွင် ကမာရွတ်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်၊ အရှေ့ဘက်တွင် တာမွေမြို့နယ်တို့ တည်ရှိပြီး တောင်အရပ်တွင် ဒဂုံမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ် တည်ရှိသည်။ အစိုးရ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်း (၂၁)ကျောင်းရှိသည်။
ထင်ရှားသော အဆောက်အဦးများ
[ပြင်ဆင်ရန်]ဖော်ပြပါဇယားမှာ ဗဟန်းမြို့နယ်၏ ထင်ရှားသော အဆောက်အဦးများဖြစ်သည်။
| အမည် | အမျိုးအစား | လိပ်စာ | မှတ်ချက် |
|---|---|---|---|
| ဗိုလ်ချုပ် အောင်ဆန်း ပြတိုက် | ပြတိုက် | ၂၅ ဗိုလ်ချုပ်အောင်ဆန်းလမ်းသွယ် | |
| ခြောက်ထပ်ကြီးဘုရား | ဘုရား | ရွှေဂုံတိုင်လမ်းမ | |
| ငါးထပ်ကြီးဘုရား | ဘုရား | ရွှေဂုံတိုင်လမ်းမ | |
| တိုင်းရင်းဆေးရုံ | ဆေးရုံ | ငါးထပ် ကြီးဘုရားလမ်း(ကင်းဘဲလမ်း) | |
| ဓမ္မဇောတိ | တရားစခန်း | ငါးထပ် ကြီးဘုရားလမ်း(ကင်းဘဲလမ်း) | |
| ဗဟန်းအမျိုးသမီးဆေးရုံ | ဆေးရုံ | ငါးထပ် ကြီးဘုရားလမ်း(ကင်းဘဲလမ်း) | (ယခင်)ဒေါ်ခင်ကြည်ဆေးရုံ |
အကိုးအကား
[ပြင်ဆင်ရန်]- ↑ မြန်မာမြို့အဘိဓာန်။ တင်နိုင်တိုး။ ဇေတဝန်စာအုပ်တိုက်။ ရန်ကုန်။ ပကြိမ်။ ၂၀၁၂ ဖေဖော်ဝါရီ။