ပြည်ကြီးတံခွန်မြို့နယ်

ဝီကီပီးဒီးယား မှ
ပြည်ကြီးတံခွန်မြို့နယ်
မန္တလေးမြို့၏ မြို့နယ်
Pyigyidagun Township
Skyline of ပြည်ကြီးတံခွန်မြို့နယ်
မဟာအောင်မြေခရိုင်အတွင်း တည်​နေရာ
မဟာအောင်မြေခရိုင်အတွင်း တည်​နေရာ
ပြည်ကြီးတံခွန်မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပြည်ကြီးတံခွန်မြို့နယ်
ပြည်ကြီးတံခွန်မြို့နယ်
မဟာအောင်မြေခရိုင်အတွင်း တည်​နေရာ
ကိုဩဒိနိတ်: 21°55′0″N 96°5′0″E / 21.91667°N 96.08333°E / 21.91667; 96.08333
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မန္တလေး
ခရိုင်မဟာအောင်မြေခရိုင်
လူဦးရေ (၂၀၁၄)၂၃၇,၆၉၈ [၁]
အချိန်ဇုန်MST (UTC6:30)
ဧရိယာကုဒ်(များ)၂ (မိုဘိုင်း: ၆၉၊ ၉၀)[၂]

ပြည်ကြီးတံခွန်မြို့နယ်သည် မန္တလေးမြို့၏ တောင်ဘက်ပိုင်းတွင် တည်ရှိပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ အုပ်ချုပ်မှုတွင် ပါဝင်သောမြို့နယ် ဖြစ်သည်။ ပြည်ကြီးတံခွန်မြို့နယ်တွင် မန္တလေးစက်မှုဇုန် တည်ရှိသည်။

သမိုင်း​ကြောင်း[ပြင်ဆင်ရန်]

၁၉၉၂ခုနှစ်တွင် ပြည်ထဲ​ရေးဝန်ကြီးဌာန၏ မန္တ​လေးမြို့ဖွဲ့စည်းပုံပြင်ဆင်​ရေးအရ ၁၀.၁၂.၁၉၉၂တွင် ပြည်ကြီးတံခွန်မြို့နယ် ​ပေါ်​ပေါက်လာသည်။[၃]

ပထဝီဝင်အ​နေအထား[ပြင်ဆင်ရန်]

​​မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၅၂မိနစ် ၃၀စက္ကန့်နှင့် ၂၁ဒီဂရီ ၉၆မိနစ်အကြား၊ အ​ရှေ့​လောင်ဂျီတွဒ် ၉၆ဒီဂရီ ၀၅မိနစ် ၃၀စက္ကန့်နှင့် ၉၆ဒီဂရီ ၀၈မိနစ်အကြားတွင် တည်ရှိသည်။ အ​ရှေ့မှ အ​နောက်သို့ ၂မိုင်၊ ​တောင်မှ​မြောက်သို့ ၄မိုင်ရှိပြီး ၉.၈၉စတုရန်းမိုင် ကျယ်ဝန်းသည်။

နယ်နိမိတ်[ပြင်ဆင်ရန်]

ပြည်ကြီးတံခွန်မြို့နယ်၏ အ​ရှေ့ဘက်တွင် ပုသိမ်ကြီးမြို့နယ်၊​တောင်ဘက်နှင့် အ​နောက်ဘက်တွင် အမရပူရမြို့နယ်၊​မြောက်ဘက်တွင် ချမ်းမြသာစည်မြို့နယ်တို့ တည်ရှိသည်။[၃]

​မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

ညီညာပြန့်ပြူး​သော ​မြေပြန့်ဖြစ်ကာ ပင်လယ်​ရေမျက်နှာပြင်အထက် ၂၅၆​ပေတွင် တည်ရှိသည်။ ပရံ​တော်​ချောင်းသည် ​မြောက်မှ ​တောင်သို့ စီးဆင်း​နေသည်။

လူဦး​ရေ[ပြင်ဆင်ရန်]

ချမ်းမြသာစည်မြို့နယ်တွင်​နေထိုင်ကြ​သော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံး​နေထိုင်ကြသည်။ ထို့​နောက် ရှမ်း၊ကရင်၊ချင်း၊ရခိုင်၊ကချင်၊မွန်၊ကယား လူမျိုးများ အစဉ်လိုက်များပြားစွာ​နေကြသည်။ ကိုးကွယ်မှုအ​နေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ဟိန္ဒူ၊ခရစ်ယာန်နှင့် အခြားကိုးကွယ်သူဦး​ရေမှာ အစဉ်လိုက်များပြားသည်။[၃]

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
၂၀၁၆၁၅၂၃၂၂—    
၂၀၁၇၁၅၄၈၂၂+1.6%

စီးပွား​ရေး[ပြင်ဆင်ရန်]

ပြည်ကြီးတံခွန်မြို့နယ်သည် စက်မှုဇုန်များတည်ရှိရာဖြစ်သည်။ မြို့နယ်အတွင်းရှိလူများသည် ပြည်သူ့ဝန်​ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ကြသည်။

မြို့နယ်အတွင်း စပါး၊ဟင်းသီးဟင်းရွက်၊​နေကြာ စသည်တို့အနည်းငယ် စိုက်ပျိုးသည်။ စက်မှုဇုန်များတွင် စက်ရုံ ၁၈၇ရုံ၊ အလုပ်ရုံ ၇၈၄ရုံ ရှိသည်။ အိမ်တွင်းစက်မှုလုပ်ငန်း​ ၂၁၈ခုရှိသည်။[၃]

​ဈေးများ[ပြင်ဆင်ရန်]

  • စက်မှု ၁
  • တံခွန်တိုင်
  • ချမ်းမြရွှေပြည်
  • ပြည်ရန်​ကျော်
  • စက်မှု ၂
  • ရတနာပုံ (စ)
  • ရတနာပုံ (ဆ)
  • ရန်​အောင်

ပို့​ဆောင်ဆက်သွယ်​ရေး[ပြင်ဆင်ရန်]

မန္တ​လေးမြို့၏ အကြီးဆုံးကားကွင်းဖြစ်သည့် ချမ်းမြရွှေပြည် (ကျွဲဆည်ကန်)ကားကွင်း တည်ရှိသည်။ ရန်ကုန်-မန္တ​လေးအမြန်လမ်း၏ မန္တ​လေးအဝင်မြို့နယ်ဖြစ်သည်။

ပညာ​ရေး[ပြင်ဆင်ရန်]

အ​ခြေခံပညာ[ပြင်ဆင်ရန်]

အထက[ပြင်ဆင်ရန်]

အထက်တန်း​ကျောင်း ၃​ကျောင်းရှိသည်။

  • အထက ၂၇
  • အထက ၃၂
  • အထက (စရပ်ကွက်)

အထက (ခွဲ)/အလက[ပြင်ဆင်ရန်]

  • အလက(ထ(ခွဲ)) ၂၀
  • အလက (ထ(ခွဲ)) ၂၃
  • အလက (ထ(ခွဲ)) ၂၄
  • အလက ၅
  • အလက ၂၅
  • အလက ၂၉

အမက[ပြင်ဆင်ရန်]

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၇​ကျောင်းရှိသည်။

ကျန်းမာ​ရေး[ပြင်ဆင်ရန်]

ပြည်နယ်အတွင်း အစိုးရ​ဒေသန္တရ​ဆေး​ပေးခန်းနှင့် တိုင်းရင်ဆးခန်း ပုဂ္ဂလိကဆေးရုံများလည်းရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၈၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 10, 2015 တွင် ပြန်စစ်ပြီး
  2. Myanmar Area Codes။ 1 December 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 February 2015 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ပြည်ကြီးတံခွန်မြို့နယ်၏ ​ဒေသဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။[လင့်ခ်သေ]