မာတိကာသို့ ခုန်သွားရန်

ချမ်းမြသာစည်မြို့နယ်

ဝီကီပီးဒီးယား မှ
ချမ်းမြသာစည် မြို့နယ်
မန္တလေးမြို့နယ်
Chanmyathazi Township
Skyline of ချမ်းမြသာစည် မြို့နယ်
မဟာအောင်မြေခရိုင်အတွင်း တည်​နေရာ
မဟာအောင်မြေခရိုင်အတွင်း တည်​နေရာ
ချမ်းမြသာစည် မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ချမ်းမြသာစည် မြို့နယ်
ချမ်းမြသာစည် မြို့နယ်
မဟာအောင်မြေခရိုင်အတွင်း တည်​နေရာ
ကိုဩဒိနိတ်: 21°56′0″N 96°5′0″E / 21.93333°N 96.08333°E / 21.93333; 96.08333
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မန္တလေး
ခရိုင်မဟာအောင်မြေခရိုင်
မြို့နယ်ချမ်းမြသာစည်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC၆:၃၀)
ဧရိယာကုဒ်၀၂

ချမ်းမြသာစည်မြို့နယ် သည် မန္တလေးမြို့တောင်ပိုင်းတွင် တည်ရှိသည့် မြို့နယ်တစ်ခုဖြစ်သည်။ အနောက်ဘက်တွင် ဧရာဝတီမြစ်၊ မြောက်ဘက်တွင် မဟာအောင်မြေမြို့နယ်၊ တောင်ဘက်တွင် ပြည်ကြီးတံခွန်မြို့နယ်များဖြင့် ဝန်းရံထားသည်။ မန္တလေးမြို့၏ ထင်ရှားသည့်နေရာတစ်ခုဖြစ်သည့် မဟာမုနိဘုရားကြီးသည် ဤမြို့နယ်တွင် တည်ရှိသည်။၂၀၁၄တွင် လူဦးရေ၂၈၃,၇၈၁ရှိသည်။[]

သမိုင်း​ကြောင်း

[ပြင်ဆင်ရန်]

ပြည်ထဲ​ရေးဝန်ကြီးဌာန၏ ၁၉၉၂ခုနှစ် မန္တ​လေးမြို့ဖွဲ့စည်း​ပုံ​ပြောင်းလဲ​ရေးပြီး​နောက် ချမ်းမြသာစည်မြို့နယ်​ပေါ်​ပေါက်လာခဲ့သည်။[]

ပထဝီဝင်အ​နေအထား

[ပြင်ဆင်ရန်]

​​မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၅၅မိနစ် ၃၀စက္ကန့်နှင့် ၂၁ဒီဂရီ ၅၇မိနစ်အကြား၊ အ​ရှေ့​လောင်ဂျီတွဒ် ၉၆ဒီဂရီ ၀၃မိနစ် ၃၀စက္ကန့်နှင့် ၉၆ဒီဂရီ ၀၈မိနစ်အကြားတွင် တည်ရှိသည်။ အ​ရှေ့မှ အ​နောက်သို့ ၅.၂မိုင်၊ ​တောင်မှ​မြောက်သို့ ၁.၆မိုင်ရှိပြီး ၉.၉၇စတုရန်းမိုင် ကျယ်ဝန်းသည်။

နယ်နိမိတ်

[ပြင်ဆင်ရန်]

ချမ်းမြသာစည်မြို့နယ်၏ အ​ရှေ့ဘက်တွင် ပုသိမ်ကြီးမြို့နယ်၊​တောင်ဘက်တွင် ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်၊အ​နောက်ဘက်တွင် ဧရာဝတီမြစ်ခြားကာ စစ်ကိုင်းမြို့နယ်၊​မြောက်ဘက်တွင် မဟာ​အောင်​မြေမြို့နယ်တို့တည်ရှိသည်။

​မြေမျက်နှာသွင်ပြင်

[ပြင်ဆင်ရန်]

ချမ်းမြသာစည်မြို့နယ်သည် အ​ရှေ့ဘက်တွင်မြင့်ကာ အ​နောက်ဘက်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွားသည်။ အ​နောက်ဘက်တွင် ဧရာဝတီမြစ်က ​မြောက်မှ​တောင်သို့ စီးဆင်း​နေသည်။ ပင်လယ်​ရေမျက်နှာပြင်အထက် ၂၅၆​ပေမြင့်သည်။

မြို့နယ်အတွင်း ပရံ​တော်​ချောင်း၊နဒီ​​​ချောင်းနှင့် ရွှေတ​ချောင်း​မြောင်းများ ​မြောက်မှ​တောင်သို့ စီးဆင်း​နေသည်။

လူဦး​ရေ

[ပြင်ဆင်ရန်]

ချမ်းမြသာစည်မြို့နယ်တွင်​နေထိုင်ကြ​သော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံး​နေထိုင်ကြသည်။ ထို့​နောက် ရှမ်း၊ကချင်၊ကရင်၊ရခိုင်၊ချင်း၊မွန်၊ကယား လူမျိုးများ အစဉ်လိုက်များပြားစွာ​နေကြသည်။ ကိုးကွယ်မှုအ​နေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ဟိန္ဒူ၊ခရစ်ယာန်နှင့် အခြားကိုးကွယ်သူဦး​ရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်လူဦး​ရေ၏ ၀.၃၀၅%မှာ အခြား​သော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊ပါကစ္စတန် စသည့်လူမျိုးများဖြစ်သည်။[]

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
၂၀၁၆၂၁၂၁၄၇—    
၂၀၁၇၂၁၅၃၉၄+1.5%

စီးပွား​ရေး

[ပြင်ဆင်ရန်]

မန္တ​လေးမြို့သည် စီးပွား​ရေးအချက်အချာကျ​သော ​နေရာဖြစ်သည့် အား​လျော်စွာ မြို့နယ်များသည်လည်း စီးပွား​ရေးဖွံ့ဖြိုးသည်။​ထို့အပြင် ချမ်းမြသာစည်မြို့နယ်မှာ မန္တ​လေးမြို့၏ လမ်းပန်းဆက်သွယ်​ရေး​ကောင်း​သောမြို့နယ်ဖြစ်သည်။ ရွှေချည်ထိုးလုပ်ငန်းနှင့် ​ကြေးသွန်းလုပ်ငန်းနှင့် ​ကျောက်ဆစ်လုပ်ငန်းများမှာ မြို့နယ်၏ ထင်ရှားလှ​သော လုပ်ငန်းများဖြစ်သည်။ နိုင်ငံပိုင် ပုံနှိပ်စက်နှင့် တပ်မ​တော်စည်သွပ်စက်ရုံတို့တည်ရှိသည်။[]

​ဈေးများ

[ပြင်ဆင်ရန်]
  • မြနန္ဒာ​ဈေး
  • မြို့​ဟောင်း​ဈေး
  • ​အောင်သာယာ​ဈေး
  • ကန်သာယာ​ဈေး
  • ဧရာထွန်း​ဈေး
  • မြရည်နန္ဒာ​ဈေး

ပို့​ဆောင်ဆက်သွယ်​ရေး

[ပြင်ဆင်ရန်]

မြို့နယ်၏အလယ်တွင် ချမ်းမြသာစည်လေဆိပ်ရှိသည်။ မြို့နယ်အတွင်းရှိ မြို့​ဟောင်းဘူတာမှာ မန္တ​လေးတိုင်းအမှတ်မှမှ အခြားတိုင်းအမှတ်လမ်းများသို့ခွဲရာ ဘူတာရုံဖြစ်သည်။ မြို့နယ်တွင်းတွင် ​လေဆိပ်ခံ​နေသဖြင့် ​လေဆိပ်ကို ​ရှောင်ကွင်းသွားရတတ်သည်။

ပညာ​ရေး

[ပြင်ဆင်ရန်]

အဆင့်မြင့်ပညာ

[ပြင်ဆင်ရန်]

ချမ်းမြသာစည်မြို့နယ်တွင်ရှိ​သော တက္ကသိုလ်များမှာ ​အောက်ပါတို့ဖြစ်သည်။

အားကစားနှင့် သက်ဆိုင်​သော​ကျောင်းများမှာ အားကစားနှင့်ကာယပညာသိပ္ပံနှင့် ဘောလုံးအကယ်ဒမီ (မန္တလေး)တို့ဖြစ်သည်။[]

အ​ခြေခံပညာ

[ပြင်ဆင်ရန်]

အထက်တန်း​ကျောင်း ၉​ကျောင်းရှိသည်။

  • အထက ၇
  • အထက ၂၆
  • အထက ၂၈
  • အထက ၃၀
  • အထက အား/ကာ
  • အထက ၃၁
  • အထက ၃၄
  • အထက ၃၅
  • အထက ၃၆

အထက(ခွဲ)/အလက

[ပြင်ဆင်ရန်]
  • အလက (ထ(ခွဲ)) ၁၃
  • အလက (ထ(ခွဲ)) ၃
  • အလက (ထ(ခွဲ)) ၁၈
  • အလက (ခွဲ) 22

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၂၂​ကျောင်းရှိသည်။

ကျန်းမာ​ရေး

[ပြင်ဆင်ရန်]

​ဆေးရုံများ

[ပြင်ဆင်ရန်]
  • ကုတင် (၃၀၀) သင်ကြား​ရေး​ဆေးရုံကြီး
  • အရိုးအထူးကု​ဆေးရုံကြီး
  • သံဃာ့​ဆေးရုံကြီး

ထင်ရှား​သောနေရာများ

[ပြင်ဆင်ရန်]

ဘာသာ​ရေး

[ပြင်ဆင်ရန်]

ပို့​​ဆောင်ဆက်သွယ်​ရေး

[ပြင်ဆင်ရန်]

​ဖျော်​ဖြေ​ရေးနှင့်အားကစား

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း။ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန။ မေ ၂၀၁၅။ pp. ၅၈။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ချမ်းမြသာစည်မြို့နယ်၏ ​ဒေသဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။ 1 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။