မိတ္ထီလာခရိုင်
မိတ္ထီလာ ခရိုင် | |
---|---|
မန္တလေးတိုင်းအတွင်းရှိ ခရိုင် | |
မန္တလေးတိုင်းအတွင်းတည်နေရာ | |
မြန်မာနိုင်ငံအတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 20°53′N 95°53′E / 20.883°N 95.883°Eကိုဩဒိနိတ်: 20°53′N 95°53′E / 20.883°N 95.883°E | |
နိုင်ငံ | မြန်မာနိုင်ငံ |
တိုင်းဒေသကြီး | မန္တလေး |
မြို့နယ်ပေါင်း | ၄ |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၈၈၀,၈၀၂[၁] |
အချိန်ဇုန် | MST (UTC6:30) |
မိတ္ထီလာခရိုင် (အင်္ဂလိပ်: Meiktila District) သည် မန္တလေးတိုင်းဒေသကြီးတွင် ပါဝင်သော ခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ မိတ္ထီလာမြို့ဖြစ်သည်။
ပါဝင်သောမြို့နယ်များ
[ပြင်ဆင်ရန်]မိတ္ထီလာခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။
ပထဝီဝင်အနေအထား
[ပြင်ဆင်ရန်]နယ်နိမိတ်
[ပြင်ဆင်ရန်]မိတ္ထီလာခရိုင်၏ အရှေ့ဘက်တွင် ရှမ်းပြည်နယ်မှ တောင်ကြီးခရိုင်နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တောင်ဘက်တွင် ရမည်းသင်းခရိုင်၊အနောက်ဘက်တွင် ညောင်ဦးခရိုင်နှင့် မြင်းခြံခရိုင်၊ မြောက်ဘက်တွင် မြင်းခြံခရိုင်နှင့် ကျောက်ဆည်ခရိုင်တို့ တည်ရှိသည်။
မြေမျက်နှာသွင်ပြင်
[ပြင်ဆင်ရန်]မိတ္ထီလာခရိုင်၏ အရှေ့ပိုင်းသည် ရှမ်းရိုးမတောင်တန်းများဖြစ်သည်။ အနောက်ပိုင်းသည် အများအားဖြင့် ညီညာပြန့်ပြူးမှုရှိသည်။ မလှိုင်မြို့နယ်၏ အနောက်ပိုင်းသည် ပုပ္ပါးတောင်နှင့် ထိစပ်နေသော တောင်တန်းများ တည်ရှိသည်။
ရေဆင်း
[ပြင်ဆင်ရန်]ခရိုင်အတွင်း မြစ်၊ချောင်းများ နည်းပါးသည်။ မိတ္ထီလာမြို့တွင် မိတ္ထီလာကန် တည်ရှိသည်။
ရာသီဥတု
[ပြင်ဆင်ရန်]မိတ္ထီလာခရိုင်၏ ရာသီဥတုသည် ပူပြင်းခြောက်သွေ့သည်။
လူဦးရေ
[ပြင်ဆင်ရန်]၂၀၁၄ သန်းခေါင်စာရင်းအရ ၂၀၁၄ခုနှစ်တွင် မိတ္ထီလာခရိုင်၏ လူဦးရေမှာ ၈၈၁,၅၃၀ ဖြစ်ကာ ကျား ၄၀၈,၀၄၅နှင့် မ ၄၇၃,၄၈၅ဖြစ်သည်။ မိတ္ထီလာမြို့နယ်သည် လူဦးရေအများဆုံးဖြစ်ကာ မလှိုင်မြို့နယ်သည် လူဦးရေအနည်းဆုံး ဖြစ်သည်။ ခရိုင်လူဦးရေ၏ ၂၀.၂ရာခိုင်နှုန်းသည် မြို့ပြတွင် နေထိုင်ကြသည်။ ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြသည်။
စီးပွားရေး
[ပြင်ဆင်ရန်]မိတ္ထီလာခရိုင်သည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ စီးပွားရေး ဖွံ့ဖြိုးသော ခရိုင်တစ်ခုဖြစ်သည်။ အဓိကအားဖြင့် မိထီလာမြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုးသည်။ စပါး၊ ပြောင်း၊ ပဲ၊ နှမ်း၊ မြေပဲ၊ ချည်မျှင်နှင့် အဝတ်အထည်များကို နိုင်ငံအနှံ့ တင်ပို့သည်။
ပို့ဆောင်ဆက်သွယ်ရေး
[ပြင်ဆင်ရန်]မိတ္ထီလာခရိုင်သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းသည် မိတ္ထီလာနှင့် ဝမ်းတွင်း မြို့များကို ဖြတ်သန်းသွားသည်။ မိတ္ထီလာမြို့သည် မြန်မာပြည်အရှေ့ပိုင်းသို့ ဆက်သွယ်သည့် မိတ္ထီလာ-တောင်ကြီးလမ်း၏ အစဖြစ်သည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ခရိုင်အတွင်းမှ ဖြတ်သန်းသွားကာ မိတ္ထီလာမြို့ အနောက်ဘက်မှ လမ်းပေါ်သို့ တက်ရောက်နိုင်သည်။
ပညာရေး
[ပြင်ဆင်ရန်]မိတ္ထီလာခရိုင်တွင် အခြေခံပညာကျောင်းများသာမက အဆင့်မြင့်ပညာကျောင်းများစွာပါ တည်ရှိသည်။ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များ၊ နည်းပညာ၊ ကွန်ပျူတာ၊ စီးပွားရေး၊ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ် စသည့်ကျောင်းများ တည်ရှိသည်။
ကျန်းမာရေး
[ပြင်ဆင်ရန်]မိတ္ထီလာခရိုင်တွင် ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံများအပြင် ခုတင်(၅၀၀) တပ်မတော်ဆေးရုံလည်း တည်ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၁၈၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 25, 2015 တွင် ပြန်စစ်ပြီး