ရန်ကင်းမြို့နယ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ရန်ကင်း မြို့နယ်
ရန်ကုန်၏ မြို့နယ်
Skyline of ရန်ကင်း မြို့နယ်
ရန်ကုန်အ​ရှေ့ပိုင်းခရိုင်အတွင်း တည်နေရာ (၂၀၁၉ မြေပုံ)
ရန်ကုန်အ​ရှေ့ပိုင်းခရိုင်အတွင်း တည်နေရာ (၂၀၁၉ မြေပုံ)
ရန်ကင်း မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရန်ကင်း မြို့နယ်
ရန်ကင်း မြို့နယ်
ရန်ကုန်အ​ရှေ့ပိုင်းခရိုင်အတွင်း တည်နေရာ (၂၀၁၉ မြေပုံ)
ကိုဩဒိနိတ်: 16°49′25″N 96°9′46″E / 16.82361°N 96.16278°E / 16.82361; 96.16278ကိုဩဒိနိတ်: 16°49′25″N 96°9′46″E / 16.82361°N 96.16278°E / 16.82361; 96.16278
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး
ခရိုင်ရန်ကုန်အရှေ့ပိုင်းခရိုင်
ဧရိယာ
 • စုစုပေါင်း၅.၀၃၀ စတုရန်းကီလိုမီတာ (၁.၉၄၂၁ စတုရန်းမိုင်)
လူဦးရေ (၂၀၁၄)[၁]
 • စုစုပေါင်း၇၀,၉၄၆
 • သိပ်သည်းမှု၁၄၀၀၀/km (၃၇၀၀၀/sq mi)
အချိန်ဇုန်MST (UTC6:30)
စာပို့သင်္ကေတ၁၁၀၈၁

ရန်ကင်းမြို့နယ် သည် မြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။

ရန်ကင်းကို Free of Strife ဟု Wikiတွင် ဘာသာပြန်ထားပြီး ခြင်ပေါသော ရာဘာတောဖြစ်နေသည့် ရန်ကင်းမြို့ကို ၁၉၅၂-၅၃ ခုနှစ်တည်‌ဆောက်ခဲ့သည်။ ရန်ကင်းမြို့နယ်သည် မဟာရန်ကုန် မြောက်ဘက်၊ အလယ်ပိုင်းမှာ တည်ရှိသည်။ မြောက်နှင့် အနောက်ဘက်တွင် မရမ်းကုန်းမြို့နယ်၊ အရှေ့ဘက်တွင် တောင်ဥက္ကလာနှင့် သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဘက်တွင် ဗဟန်းမြို့နယ် တည်ရှိသည်။

ရာဇဝင်[ပြင်ဆင်ရန်]

၁၇၅၅-ခုနှစ်၊ ကုန်းဘောင်မင်းဆက်၊ အလောင်းမင်းတရားကြီး သံလျင်တံငါရွာလေးကိုအောင်နိုင်ပြီး ရန်အပေါင်းကင်းဝေးစေရန် တည်‌ဆောက်ခဲ့သော ပဲခူးမြစ်တစ်ဘက်ကမ်း၊ ဒဂုံမြို့(ရန်ကုန်)မြို့၏ မြောက်ဘက် ၆ မိုင်အကွာ ရာဘာတောမှ အခုရန်ကင်းမြို့ကိုတည်ခဲ့သည်။

ရန်ကင်းမြို့သည် ပါလီမန်ခေတ်ဝန်ကြီးချုပ် ဦးနုလက်ထက်အကောင်အထည်ဖေါ်ခဲ့သော ပြည်တော်သာစီမံကိန်းအရ ဖြစ်ပေါ်လာတဲ့ အိုးအိမ်ဦးစီးဋ္ဌာနပိုင်လူနေတိုက်ခန်းများဖြစ်သည်။ပါလီမန်ခေတ်၊ မဆလခေတ်၊ နဝတခေတ်နှင့် နအဖခေတ်အဆက်ဆက် အရပ်ဘက်စစ်ဘက် လူကြီးများသည် ရန်ကင်းတွင် နေထိုင်ခဲ့ဘူးကြသည်။


ကျောက်ကုန်း၊ ဘောက်ထော်၊ ကံဘဲ့ ဟူသည် ရန်ကင်းမြို့မတည်ခင်ထဲက ရှိနေသော ရွာကြီးများဖြစ်သည်။ သူကြီးအုပ်ချုပ်ပြီးအင်းစိန်စီရင်စုထဲတွင် ပါဝင်သည်။ ရန်ကင်း(၁၆)ရပ်ကွက်၊ ဘောက်ထော်တွင် နေထိုင်သော ကံဘဲ့သူကြီး ဦး‌ကျော်လှမှာ ထင်ရှားခဲ့သည်။

ရန်ကင်းတိုက်ခန်းများမဖြစ်ခင် ကန်ကုန်း၊ ရွာသစ်ကုန်းရွာငယ်လေးများရှိပြီး ရွာသစ်ကုန်းဆိုသည်မှာ အခုရန်ကင်းစျေးနှင့် ရန်ငြိမ်းအိမ်ယာနေရာ၊ ပညာဝတီဘုန်းကြီးကျောင်းဘေးဖြစ်သည်။ ကန်ကုန်းကဖျက်သိမ်းလိုက်သော ရန်ကင်း(၁၀)ရပ်ကွက်​​ြဖစ်သည်။​ ဘဲကန် (ဆည်မြောင်းရုံး)နှင့် တပ်‌ဟောင်းသနက(၄) ကြားတွင် တည်ရှိသည်။

အကျယ်အဝန်း[ပြင်ဆင်ရန်]

၂၀၀၀-ခုနှစ်၊ စာရင်းအရ ရန်ကင်းအကျယ်အဝန်းမှာ ၁.၉၄၂ စတုရန်းမိုင်၊ လူသိပ်သည်းဆ တစ်စတုရန်းမိုင်လူအယောက် ၈၀၀၀၀၊ လူစုစုပေါင်း ၁၅၅၀၀၀ ရှိခဲ့သည်။

ရန်ကင်း၌ မူလတွင် (၁၆)ရပ်ကွက်ရှိပြီး ဘဲကန်၊ ကန်ကုန်းခေါ်​ေသာရန်ကင်း(၁၀)ရပ်ကွက်ကို နဝတစစ်အစိုးရခေတ်တွင် ဖျက်သိမ်းပြီး၊ ဒိုက်ဦး အေးသုခကျေးရွာနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) ပြောင်းရွှေ့ခဲ့ရ၍ အခုအခါ ရပ်ကွက် (၁၅) ရပ်ကွက်သာ ကျန်တော့သည်။


ပညာရေး[ပြင်ဆင်ရန်]

ရန်ကင်းမြို့နယ်တွင် မူလတန်းကျောင်း (၁၃)ကျောင်း၊အလယ်တန်းကျောင်း (၇)ကျောင်း၊အထက်တန်းကျောင်း (၂)ကျောင်း တည်ရှိသည်။ ကံဘဲ့ ဆရာအတတ်သင်သိပ္ပံ(ခေါ်) ရန်ကင်းပညာရေးကောလိပ်(ရန်ကင်း TTC) မှာ ထင်ရှားသည်။


ရန်ကင်းမြို့နယ်သည် စီးပွားရေးမြို့တော်ဖြစ်ပြီး (၂)ရပ်ကွက်ရှိ ရန်ကင်းစင်တာ၊ အနောက်ရန်ကင်းမှာရှိသော Space Condo, Sky Suite Condo နှင့် ခေတ်မှီအိမ်ယာအသစ်များ၊ ဆောက်လုပ်ဆဲမိုးမျော်တိုက်စီမံကိန်းများ ခေတ်မှီအဆောက်အဦး စျေးဝယ်စင်တာများသည် ရန်ကုန်မြို့ရှိ စျေးဝယ်သူများကို ဆွဲဆောင်​ရာ အဓိကနေရာတစ်ခုဖြစ်လာသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၁။