တောင်ကြီးခရိုင်
တောင်ကြီးခရိုင် | |
---|---|
တောင်ကြီးမြို့မြင်ကွင်း | |
ရှမ်းပြည်နယ်အတွင်းတည်နေရာ | |
ရှမ်းပြည်နယ်အတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 20°40′N 97°00′E / 20.667°N 97.000°Eကိုဩဒိနိတ်: 20°40′N 97°00′E / 20.667°N 97.000°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရှမ်း |
မြို့နယ်ပေါင်း | ၂ |
မြို့တော် | တောင်ကြီးမြို့ |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၄၆၀၆ ပေ (၁၄၀၄ မီတာ) |
လူဦးရေ (၂၀၁၄) | ၁,၆၉၉,၀၈၆ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
တောင်ကြီးခရိုင် ( ရှမ်း: ၸႄႈတွၼ်ႈတူၼ်ႈတီး၊ အင်္ဂလိပ်: Taunggyi District ) သည် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ခရိုင်တစ်ခု ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အမြင့် ၄၆၀၆ ပေ (၁၄၀၄ မီတာ) တွင် တည်ရှိသည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ တောင်ကြီးမြို့ဖြစ်သည်။ တောင်ကြီးခရိုင်တွင်းရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁,၆၉၉,၀၈၆ ယောက်[၁] ဖြစ်သည်။
နာမည်ကျော် အင်းလေးကန် နှင့် အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော သည် တောင်ကြီးခရိုင်တွင် တည်ရှိသည်။ ပင်းတယရွှေဥမင်လှိုဏ်ဂူ၊ ထမ်ဆမ်းဂူ၊ မွေတော်ကက္ကူ၊ ကလောနှီးဘုရား၊ မြင်းမထိသဘာဝလှိုဏ်ဂူ၊ မြသပိတ်ရေပြာအိုင် စသည် အထင်ကရ နေရာများစွာရှိသည်။
မြို့နယ်နှင့်မြို့များ
[ပြင်ဆင်ရန်]တောင်ကြီးခရိုင်တွင် ယခင်က မြို့နယ် (၁၀)မြို့နယ်၊ မြို့ (၁၈)မြို့ ပါဝင်ခဲ့သော်လည်း ယခုအခါတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ ခရိုင်အသစ်များ ဖွဲ့စည်းခဲ့သဖြင့် တောင်ကြီးခရိုင်တွင် မြို့နယ် (၂)မြို့နယ်၊ မြို့ (၆)မြို့သာ ကျန်ရှိတော့သည်။
တောင်ကြီးခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။
ယခင် ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]- တောင်ကြီးမြို့နယ်
- တောင်ကြီးမြို့
- အေးသာယာမြို့ (တောင်ကြီးမြို့သစ်)
- ကျောက်တလုံးကြီးမြို့
- ရွှေညောင်မြို့
- ညောင်ရွှေမြို့နယ်
- ကလောမြို့နယ်
- ကလောမြို့
- အောင်ပန်းမြို့ (ရှမ်းမြေလတ်တွင် အဓိက စီးပွားရေးမြို့)
- ရပ်စောက်မြို့နယ်
- ဖယ်ခုံမြို့နယ်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၃၂၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 28, 2015 တွင် ပြန်စစ်ပြီး
- ↑ မြန်မာ သတင်းအချက်အလက် စီမံခန့်ခွဲရေးဌာန။ 1 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 February 2015 တွင် ပြန်စစ်ပြီး။