ဒီပဲယင်းမြို့နယ်

ဝီကီပီးဒီးယား မှ
ဒီပဲယင်းမြို့နယ်
မြို့နယ်
​ရွှေဘိုခရိုင်အတွင်း တည်နေရာ
​ရွှေဘိုခရိုင်အတွင်း တည်နေရာ
စစ်ကိုင်းတိုင်းအတွင်း တည်နေရာ
စစ်ကိုင်းတိုင်းအတွင်း တည်နေရာ
ဒီပဲယင်းမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဒီပဲယင်းမြို့နယ်
ဒီပဲယင်းမြို့နယ်
မြန်မာနိုင်ငံတွင်း တည်နေရာပြမြေပုံ
ကိုဩဒိနိတ်: 22°42′N 95°20′E / 22.700°N 95.333°E / 22.700; 95.333ကိုဩဒိနိတ်: 22°42′N 95°20′E / 22.700°N 95.333°E / 22.700; 95.333
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်း
ခရိုင်ရေဦးခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ဒီပဲယင်းမြို့
လူဦးရေ (၂၀၁၄)[၁]၁၄၀,၈၁၅
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ဒီပဲယင်းမြို့နယ် (ယခင်အမည် တပယင်း) သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးရေဦးခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[၂] မြို့နယ်ရုံးစိုက်ရာမြို့မှာ ဒီပဲယင်းမြို့ ဖြစ်သည်။

ကျော်ကြားသောပုဂ္ဂိုလ်များ[ပြင်ဆင်ရန်]

စစ်သူကြီး မဟာဗန္ဓုလသည် ဒီပဲယင်းမြို့တော်ဝန် ဖြစ်ခဲ့ဖူးသည်။ ဖွားရာဇာတိမှာလည်း ဒီပဲယင်းအနီး ငပယင်းရွာ ဖြစ်သည်။ ရဟန်းစာဆို ရှင်အဂ္ဂသမာဓိအကျော်၏ ဖွားရာဇာတိမှာလည်း ဒီပဲယင်းအနီးက ကန်ဖျားရွာဖြစ်သည်။ လယ်တီဆရာတော် ဘုရားကြီးသည် ဒီပဲယင်းအနီး စိုင်းပြင်ရွာဇာတိ ဖြစ်သည်။ ဒီပဲယင်းဆရာတော်ဟု နာမည်ကျော်ကြားသည့် ဒုတိယရွှေကျင် သာသနာပိုင် ဆရာတော်ကြီးသည်လည်း ဒီပဲယင်းအနီး ကန်ဖျားရွာ ဇာတိဖြစ်သည်။ အလားတူ တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရ ဆရာတော်ကြီးသည်လည်း ဒီပဲယင်းနယ်မှ ဆရာတော်ကြီး တစ်ပါး ဖြစ်သည်။ ဂဠုန်ဆရာစံ၏ ဖွားရာဇာတိမှာ ဒီပဲယင်းအနီး သရက်ကန်ရွာ ဖြစ်သည်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ ဆရာ သာသနာပိုင်ဆရာတော် အတုလယသသည် ဒီပဲယင်းနယ် ဥသျှစ်ကျေးရွာဇာတိဖြစ်သည်။ ယခု ဥသျှစ်ကျေးရွာသည် အရာတော်နယ်မှ ဖြစ်နေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၂။
  2. "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)