ထန်တလန်မြို့နယ်

ဝီကီပီးဒီးယား မှ
ထန်တလန်မြို့နယ်
ချင်းပြည်နယ်အတွင်းရှိ မြို့နယ်
ဟားခါးခရိုင်အတွင်းတည်နေရာ (အနီ)
ဟားခါးခရိုင်အတွင်းတည်နေရာ (အနီ)
ထန်တလန်မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ထန်တလန်မြို့နယ်
ထန်တလန်မြို့နယ်
ထန်တလန်မြို့နယ် တည်နေရာ
ကိုဩဒိနိတ်: 22°40′N 93°24′E / 22.667°N 93.400°E / 22.667; 93.400
နိုင်ငံ မြန်မာ
ပြည်နယ် ချင်း
ခရိုင်ဟားခါး
မြို့နယ်ရုံးစိုက်ရာမြို့ထန်တလန်မြို့
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၅၀,၃၇၄[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ထန်တလန်မြို့နယ် သည် မြန်မာနိုင်ငံချင်းပြည်နယ်ဟားခါးခရိုင်တွင် ပါဝင်သည့်မြို့နယ်တစ်ခုဖြစ်သည်။[၂]မြို့နယ်ရုံးစိုက်ရာမြို့မှာ ထန်တလန်မြို့ ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

နယ်ချဲ့တို့လက်ထက်တွင် ချင်းပြည်နယ်၏ အခြားဒေသများနည်းတူ နယ်စပ်စော်ဘွား၊ ရွာစားများမှ အုပ်ချုပ်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် စော်ဘွား၊ ရွာစားများထံမှ အာဏာကို ရုပ်သိမ်းကာ တိုက်သူကြီး၊ သူကြီးတို့က အုပ်ချုပ်ခဲ့သည်။ ဖလမ်းခရိုင်အတွင်းရှိ ဟားခါးမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၇၄ ခုဖြင့် ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနမှ ဟားခါးမြို့နယ်အနောက်ပိုင်းရှိ ကျေးရွာအုပ်စု ၃၈ ခုကို သီးခြားမြို့နယ်အဖြစ် သတ်မှတ်ကာ မြို့မရပ်ကွက် ၁ ခု၊ ကျေးရွာအုပ်စု ၃၇ ခုတို့ဖြင့် ထန်တလန်မြို့နယ်အဖြစ် ဖွဲ့စည်းခဲ့သည်။ ၂၀၀၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ရပ်ကွက် ၃ ခု၊ကျေးရွာအုပ်စု ၃၇ ခုဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ထိုကျေးရွာအုပ်စုအတွင်းမှ နာဟရိန်ကျေးရွာအုပ်စုအား မြို့အဖြစ်သတ်မှတ်ခဲ့၍ ထန်တလန်မြို့နယ်တွင် မြို့(၂)မြို့ ဖြစ်လာခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်ကို ဖလမ်းခရိုင်မှခွဲထုတ်ကာ ဟားခါးခရိုင်အဖြစ် ဖွဲ့စည်းခဲ့သည်။[၃]

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၅ မိနစ်နှင့် ၂၃ ဒီဂရီ ၁၁ မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၆ မိနစ်နှင့် ၉၃ ဒီဂရီ ၂၈ မိနစ်အကြားတွင် တည်ရှိသည်။ ဧရိယာ စတုရန်းမိုင်ပေါင်း ၁၃၇၀.၁၃ စတုရန်းမိုင် ကျယ်ဝန်းသည်။[၃]

နယ်နိမိတ်[ပြင်ဆင်ရန်]

ထန်တလန်မြို့နယ်၏ အရှေ့ဘက်တွင် ဟားခါးမြို့နယ်၊ တောင်ဘက်တွင် မတူပီမြို့နယ်၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံရှိ မိဇိုရမ်ပြည်နယ်၊ မြောက်ဘက်တွင် ဖလမ်းမြို့နယ်များ တည်ရှိသည်။[၄]

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

ပင်လယ်ရေမျက်နှာပြင်အထက် ၄၉၆၂ ပေအထက်တွင် တည်ရှိသည်။ တောင်တန်းများ ပေါများပြီး သစ်တောများဖြင့် ဖုံးလွှမ်းနေသည်။ အနောက်ရိုးမတောင်တန်းရှိ သက်နုမြေသားဖြစ်ပြီး မြစ်ချောင်းများ နည်းပါးသည်။ ဘွေနူးမြစ်နှင့် တီအိုချောင်းတို့မှာ နယ်ခြားမြစ်ချောင်းများဖြစ်သည်။

လူဦးရေ[ပြင်ဆင်ရန်]

တီးတိန်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ဗမာလူမျိုးများ အစဉ်လိုက် များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။

စီးပွားရေး[ပြင်ဆင်ရန်]

ထန်တလန်မြို့နယ်သည် ချင်းပြည်နယ်အတွင်းရှိ စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးသော မြို့နယ်ဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ မြို့နယ်အတွင်း ငရုတ်အနည်းငယ်ထွက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်သို့ အဓိကတင်ပို့သည်။

ဈေးများ[ပြင်ဆင်ရန်]

  • ထန်တလန်မြို့မဈေး

ပို့ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

ထန်တလန်မြို့နယ်သည် ကုန်းလမ်းတစ်ခုသာသွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည်။

ပညာရေး[ပြင်ဆင်ရန်]

အခြေခံပညာ[ပြင်ဆင်ရန်]

အထက[ပြင်ဆင်ရန်]

အထက်တန်းကျောင်း ၄ကျောင်းရှိသည်။

  • အထက ၁
  • အထက ၂
  • အထက နှာရိန်
  • အထက ဟရီဖီး

အထက(ခွဲ)/အလက[ပြင်ဆင်ရန်]

  • အလက (ထ(ခွဲ)) အိုင်ဘူရ်
  • အလက (ထ(ခွဲ)) တလန်ပီး
  • အလက (ထ(ခွဲ)) ငါဖိုင်ပီး
  • အလက (ထ(ခွဲ)) ဇဲဖိုင်
  • အလက (ထ(ခွဲ)) ဖာရွန်
  • အလက (ထ(ခွဲ)) တလန်ခွာ
  • အလက (ထ(ခွဲ)) မှောင်တလန်
  • အလက (ထ(ခွဲ)) သီကီရ်
  • အလက (ထ(ခွဲ)) ဟရိန်ခန်း
  • အလက (ထ(ခွဲ)) လုံလဲရ်
  • အလက ခွာဘုံ
  • အလက ထာအို
  • အလက ဘဲလ်ဟာရ်
  • အလက လုံကျွဲပီ
  • အလက သီဆဲင်
  • အလက လုံကျွဲသဲ
  • အလက ထန်ဇန်
  • အလက ဒေါန်
  • အလက ဝေါင်သူး
  • အလက ကြောင်ထီးယား
  • အလက ရှာလမ်
  • အလက လိုင်လင်း
  • အလက ဆလဲင်း
  • အလက ခွာဟရန်း

အမက[ပြင်ဆင်ရန်]

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၈၅ ကျောင်းရှိသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

ဆေးရုံများ[ပြင်ဆင်ရန်]

  • ထန်တလန် ပြည်သူ့ဆေးရုံ
  • မှောင်တလန် တိုက်နယ်ဆေးရုံ
  • လုံလဲရ် တိုက်နယ်ဆေးရုံ
  • နှာရိန် တိုက်နယ်ဆေးရုံ
  • သီကီရ် တိုက်နယ်ဆေးရုံ

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၁။
  2. "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)
  3. ၃.၀ ၃.၁ ထန်တလန်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  4. "Htantlang Township Profile"[လင့်ခ်သေ] Myanmar Information Management Unit, September 2009, population figures State General Administration Department, October 2008

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]