မာတိကာသို့ ခုန်သွားရန်

ဝက်လက်မြို့နယ်

ဝီကီပီးဒီးယား မှ
ဝက်လက်မြို့နယ်
မြို့နယ်
စစ်ကိုင်း-ရွှေဘိုလမ်းပေါ်ရှိ ဝက်လက်မြို့နယ် ဆိုင်းဘုတ်
စစ်ကိုင်း-ရွှေဘိုလမ်းပေါ်ရှိ ဝက်လက်မြို့နယ် ဆိုင်းဘုတ်
​ရွှေဘိုခရိုင်အတွင်းတည်​နေရာ
​ရွှေဘိုခရိုင်အတွင်းတည်​နေရာ
ဝက်လက်မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဝက်လက်မြို့နယ်
ဝက်လက်မြို့နယ်
မြန်မာနိုင်ငံတွင်း တည်နေရာပြမြေပုံ
ကိုဩဒိနိတ်: 22°22′N 95°47′E / 22.367°N 95.783°E / 22.367; 95.783ကိုဩဒိနိတ်: 22°22′N 95°47′E / 22.367°N 95.783°E / 22.367; 95.783
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်း
ခရိုင်ရွှေဘိုခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ဝက်လက်မြို့
လူဦးရေ (၂၀၁၄)[]၁၉၆,၂၁၆
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)
ဝက်လက်မြို့

ဝက်လက်မြို့နယ် သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[] မြို့နယ်ရုံးစိုက်ရာမြို့မှာ ဝက်လက်မြို့ ဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်းတည်​နေရာ

ပျူမြို့ဟောင်းတစ်ခု ဖြစ်သောဟန်လင်းမြို့ဟောင်းသည် ဝက်လက်မြို့နယ်တွင် တည်ရှိသည်။ အေဒီ ၁ ရာစုတွင် စတင်တည်ထောင်ခဲ့ပြီး ၇ ရာစုနှင့် ၈ ရာစုအကြားတွင် အကြီးဆုံးနှင့် အရေးပါသော မြို့တစ်မြို့ ဖြစ်ခဲ့သည်။[] ၂၀၁၄ ခုနှစ် ဇွန်လတွင် ဟန်လင်းမြို့ဟောင်းသည် ဗိဿနိုးမြို့ဟောင်းနှင့် သရေခေတ္တရာမြို့ဟောင်းတို့နှင့် အတူ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။[][]

ဒေသသမိုင်းအကျဉ်း

[ပြင်ဆင်ရန်]

၁၈၈၅ခုနှစ်မတိုင်မီ ဝက်လက်မြို့နယ်ကို ရွှေဘို တောင်လက် ဟုခေါ်ပြီး ဗြိတိသျှအုပ်ချုပ်ရေးစနစ်တွင် ရှိမ်းမကားကျေးရွာကို (Sub-Division) အဖြစ် သတ်မှတ်ရုံးစိုက်သည်။ဝန်ထောက်အယ်လီ ကမ်းနား နောက် လှတောရွာသား စစ်ကဲ ဦးထွန်း အုပ်ချုပ်ခဲ့ချိန်တွင် ဝက်လက်မြို့ မရှိသေးပါ။ ရှိမ်မကား ၏ အုပ်ချုပ်မှုအောက်၌ရှိခဲ့သည်။ စစ်ကိုင်း-မြစ်ကြီးနားမီးရထားလမ်းဖောက်လုပ် ရာမှဝက်လက်မြို့နယ်တိုးတက်လာပါသည်။ မြန်မာသက္ကရာဇ် အားဖြင့် ၁၂၅၃ ခုနှစ် ဖြစ်၍ အင်ကြင်းဖူးစနာသိင်္ဃရောက်ရာ မီးရထား ဟူ၍ သတ်မှတ်ခဲ့ပါ သည်။ ရေနွေးငွေ့စက်ခေါင်းသုံးမီးရထားဖြစ်၍ ဝက်လက်မြို့ တောင်ဘက် (၂) မိုင်ခန့်အကွာ၌ ပြွန်ကြီးကျေးရွာ အနီးရပ်စခန်း ဘူတာအား အရှေ့ဘက် အနီး စပ်ဆုံး ၀က်လက်ရွဲရွာကို အကြောင်းပြု၍ ဝက်လက်ဘူတာဟု ခေါ်တွင်ခဲ့ပါ သည်။ ယခု ၀က်လက်ဘူတာအနီး စိမ့်ရေတွင်း ရှိ၍ ဘူတာရွှေ့ခဲ့ပြီး တွင်းဖို ဟုခေါ်၍ဟန်လင်းမြို့ဟောင်း စိမ့်တွင်းအား တွင်းမ ဟုခေါ်ကြသည်။ တွင်းဖို အားယခုတိုင် ရေတွင်းကြီးအဖြစ် လူအများသုံးစွဲ လျက်ရှိပါသည်။ ၁၈၉၉ ၊ ၁၉၀၂ ခုနှစ် တွင် ကာဘိုး တူးမြောင်း ရေပေးဝေမှု ဆောင်ရွက်ခဲ့ပြီး စတင် ဖောက်လုပ်ခဲ့သည့် ၁၂၆၁ကို အောင်ကျော်သာဦး စ၍တူး ဟူ၍လည်းကောင်း၊ ရေစတင်ရောက်သည့် ၁၂၆၄ကို အံ့ကြူးသာယာ ရေဦးလာ ဟူ၍လည်းကောင်း အဆိုများဖြင့် လူနေစည်ကားလာခဲ့ပါသည်။ ၁၉၀၅ ခုနှစ်တွင် ရုံးများသည် ရှိမ်းမကားမှ ဝက်လက်သို့ ပြောင်းပြီး (ShweBo Sub-Division) အောက်သို့ လွှဲပြီးနောက် ဝက်လက်မြို့ဟုတည်ရှိခဲ့သည်။၁၉၇၂ခုနှစ် စနစ်သစ်အုပ်ချုပ်ရေး တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့ဟု သီးခြားမြို့နယ် တစ်ခုအဖြစ်ရပ် တည်ပေါ်ပေါက်ခဲ့ပါသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၂။
  2. "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)
  3. Ancient Burmese kingdom awarded World Heritage status 14 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 July 2014 တွင် ပြန်စစ်ပြီး။
  4. Myanmar’s first site inscribed to World Heritage List 7 July 2014 တွင် ပြန်စစ်ပြီး။
  5. Ancient Pyu cities attain World Heritage status 2 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 July 2014 တွင် ပြန်စစ်ပြီး။
  6. ဝက်လက်မြို့နယ်ဒေသဆိုင်ရာအချက်အလက်များ