ကနီမြို့နယ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကနီမြို့နယ်
မြို့နယ်
ကနီမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကနီမြို့နယ်
ကနီမြို့နယ်
မြန်မာနိုင်ငံတွင်း တည်နေရာပြမြေပုံ
ကိုဩဒိနိတ်: 22°26′N 94°51′E / 22.433°N 94.850°E / 22.433; 94.850ကိုဩဒိနိတ်: 22°26′N 94°51′E / 22.433°N 94.850°E / 22.433; 94.850
နိုင်ငံ  မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်းတိုင်းဒေသကြီး
ခရိုင် ယင်းမာပင်ခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ ကနီမြို့
လူဦးရေ (၂၀၁၄)[၁] ၁၃၄,၅၄၁
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+6.30)

ကနီမြို့နယ် သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးယင်းမာပင်ခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[၂] မြို့နယ်ရုံးစိုက်ရာမြို့မှာ ကနီမြို့ ဖြစ်သည်။

မြေမျက်နှာသွင်ပြင်နှင့် နယ်နိမိတ်[ပြင်ဆင်ရန်]

မြောက်ဘက်တွင် မင်းကင်းမြို့နယ်ရေဦးမြို့နယ်၊ အနောက်ဘက်တွင် မင်းကင်းမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်၊ တောင်ဘက်တွင် ပုလဲမြို့နယ်ယင်းမာပင်မြို့နယ်နှင့် အရှေ့ဘက်တွင် ဘုတလင်မြို့နယ်ဒီပဲယင်းမြို့နယ်များနှင့် နယ်နိမိတ်ထိစပ်နေသည်။ ချင်းတွင်းမြစ်သည် ကနီမြို့နယ်အတွင်းကို ဖြတ်၍ မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းသွားသည်။ ချင်းတွင်းမြစ်၏ အနောက်ဘက်ခြမ်းတွင် တောင်တန်းများနှင့် တောင်များ ပေါများပြီး အရှေ့ဘက်ခြမ်းသည် လွင်ပြင်ဒေသဖြစ်သည်။ ကနီမြို့နယ်အတွင်းတည်ရှိသော မဟူတောင်တန်း၊ ပုံတောင်၊ လက်ပံတောင်တို့သည် တောင်မှ မြောက်သို့ သွယ်တန်းလျက်ရှိသည်။

မြို့ပြဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

ကနီမြို့အား ရပ်ကွက် ၃ခုနှင့် ကျေးရွာပေါင်း ၁၈၇ ရွာတို့နှင့် ဖွဲ့စည်းထားသည်။

စီးပွားရေးနှင့် စိုက်ပျိုးရေး[ပြင်ဆင်ရန်]

ကနီမြို့နယ်သည် အပူပိုင်းဒေသအတွင်းတွင် တည်ရှိပြီး စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသော မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ဆောင်ရွက်ကြသည်။ ကနီမြို့နယ်သည် မုံရွာမြို့သို့ ကုန်းလမ်း၊ ရေကြောင်းလမ်းများဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ်ဖြစ်သည်။ လူဦးရေ၏ ၆၉% သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သည်။ ကနီမြို့နယ်၏ အဓိကထွက်ကုန်များမှာ ဆီထွက် သီးနှံများဖြစ်ပြီး မုံရွာမြို့သို့ အများဆုံး တင်ပို့ရောင်းချသည်။

ထူးခြားထင်ရှားမှု[ပြင်ဆင်ရန်]

ကနီ-ကနဲဟု တွဲဖက်လျက် ထင်ရှားသည်။ ရဟန်းပုဂ္ဂိုလ်ထူးကြီးဖြစ်သော ကန္နီ ရွှေသိမ်တော်တောရဆရာတော် အရှင်သောဘိတ ဆရာတော်ဘုရားကြီးသည် ကနီမြို့နယ်၊ ကမ်းဖြူရွာဇာတိသား ဖြစ်သည်။

အခြေခံအဆောက်အအုံ[ပြင်ဆင်ရန်]

ကနီမြို့နယ်တွင် အစိုးရပိုင်ဘဏ်ပေါင်း ၂ခု ဖွင့်လှစ်ထားသည်။ ကနီမြို့နယ်တွင်တွင် အထက်တန်းကျောင်း ၈ကျောင်း၊ အလယ်တန်းကျောင်း ၁၁ကျောင်း၊ မူလတန်းကျောင်း ၁၁၉ကျောင်း ရှိသည်။ ပြည်သူ့ဆေးရုံ ၁ခု၊ တိုက်နယ်ဆေးရုံ ၃ခု၊ ကျမ်းမာရေးဌာန ၈ခုကိုလည်း ဖွင့်လှစ်ထားသည်။ ကနီမြို့နယ်၏ အဓိကကားလမ်းများမှာ

ချောင်းမ- ကနီ ၁၅မိုင်
ဘုတလင်- ညောင်ကန်- ကနဲ(ကနီ)လမ်း ၁၁မိုင်
လာပို့- မင်းကင်းလမ်း ၁၂မိုင်
ကနီ- မင်းကင်း- တောင်တွင်းချောင်လမ်း ၃၈မိုင်
မုံရွာ-ယာကြီး- ကလေးဝလမ်း ၅၅မိုင်


ကိုးကား[ပြင်ဆင်ရန်]

  1. (မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၅၄။ 
  2. "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)
  3. ကနီမြို့နယ် အထွေထွေအုပ်ချုပ်ရေး အခြေခံအချက်အလက် လက်စွဲစာအုပ်