ညောင်ဦးခရိုင်

ဝီကီပီးဒီးယား မှ
ညောင်ဦး ခရိုင်
မန္တလေးတိုင်းအတွင်းရှိ ခရိုင်
မန္တလေးတိုင်းအတွင်းတည်နေရာ
မန္တလေးတိုင်းအတွင်းတည်နေရာ
ညောင်ဦး ခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ညောင်ဦး ခရိုင်
ညောင်ဦး ခရိုင်
မြန်မာနိုင်ငံအတွင်းတည်နေရာ
ကိုဩဒိနိတ်: 21°12′N 94°55′E / 21.200°N 94.917°E / 21.200; 94.917ကိုဩဒိနိတ်: 21°12′N 94°55′E / 21.200°N 94.917°E / 21.200; 94.917
နိုင်ငံမြန်မာနိုင်ငံ
တိုင်းဒေသကြီးမန္တလေး
မြို့နယ်ပေါင်း
မြို့တော်ညောင်ဦးမြို့
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၂၃၉,၉၄၇[၁]
အချိန်ဇုန်MST (UTC6:30)

ညောင်ဦးခရိုင် (အင်္ဂလိပ်: Nyaung-U District) သည် မန္တလေးတိုင်းဒေသကြီးတွင် ပါဝင်သော ခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ ညောင်ဦးမြို့ဖြစ်သည်။

ပါဝင်သောမြို့နယ်များ[ပြင်ဆင်ရန်]

ညောင်ဦးခရိုင်မြို့နယ်များ
  ညောင်ဦးမြို့နယ်
  ကျောက်ပန်းတောင်းမြို့နယ်

ညောင်ဦးခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ယခင်က မန္တလေးတိုင်း မြင်းခြံခရိုင်တွင် မြင်းခြံနယ်နှင့် ပုဂံ (ညောင်ဦးနယ်)တို့ ပါဝင်သည်။ ပုဂံ (ညောင်ဦး)နယ်တွင် ပုဂံ(ညောင်ဦး)မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် ငဇွန်(ငါန်းဇွန်)မြို့နယ်များ ပါဝင်ခဲ့သည်။၁၉၇၃ခုနှစ်တွင် ညောင်ဦးမြို့နယ်တွင် ညောင်ဦးမြို့နှင့် ပုဂံမြို့ဟူ၍ မြို့ (၂)မြို့ သတ်မှတ်ခဲ့သည်။ နောက်ပိုင်းတွင် ပုဂံ( ညောင်ဦး)မြို့နယ်ကို မြင်းခြံခရိုင်မှ ခွဲထုတ်၍ ပုဂံ(ညောင်ဦး)ခရိုင်ဟူ၍ တိုးချဲ့ဖွဲ့စည်းခဲ့သည်။၂၀၀၃ခုနှစ်တွင် ငါ့သရောက်မြို့ကို ဖွဲ့စည်းခဲ့ကာ မြို့နယ်ခွဲအဆင့် ဖြစ်လာသည်။ ခရိုင်၏ တရားဝင်အမည်မှာလည်း ညောင်ဦးခရိုင်ဖြစ်သည်။၂၀၁၄ခုနှစ် ဇန်နဝါရီ (၁၅)ရက်နေ့တွင် မြင်းခြံခရိုင်မှ ကျောက်ပန်းတောင်းမြို့နယ်အား ညောင်ဦးခရိုင်လက်အောက်သို့ ပြောင်း၍ဖွဲ့စည်းရာ ညောင်ဦးခရိုင်တွင် မြို့နယ်(၂)မြို့နယ်နှင့် မြို့နယ်ခွဲ (၁)ခု ပါဝင်ခဲ့သည်။၂၀၁၅ခုနှစ်တွင် မြို့နယ်ခွဲဟူသော စကားရပ်အား ပယ်ဖျက်ခဲ့သဖြင့် လက်ရှိညောင်ဦးခရိုင်တွင် ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ် (၂)ခုသာ ပါဝင်သည်။[၂]

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

နယ်နိမိတ်[ပြင်ဆင်ရန်]

မြောက်ဘက်တွင် မြင်းခြံခရိုင်နှင့် မကွေးတိုင်းမှ ပခုက္ကူခရိုင်၊ အရှေ့ဘက်တွင် မြင်းခြံခရိုင်နှင့် မိတ္ထီလာခရိုင်၊ တောင်ဘက်တွင် မကွေးတိုင်းမှ မကွေးခရိုင်၊ အနောက်ဘက်တွင် မကွေးတိုင်းမှ မကွေးခရိုင်နှင့် ပခုက္ကူခရိုင်တို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

မြေနိမ့်မြေပြန့်များနှင့် ကုန်းကမူများ ပေါများသည်။တူရွင်းတောင်တန်းသည် ခရိုင်အတွင်း (၁၀)မိုင်ခန့်ရှည်ကာ ​ပေ(၁၀၀၀)​ကျော်မြင့်သည်။ ခရိုင်အတွင်း စိုက်ပျိုးရေးအတွက် အသုံးဝင်သည့် သဲဆန်သောမြေများရှိသည်။ဧရာဝတီမြစ်အတွင်းတွင် မြေနုကျွန်းများလည်းရှိသည်။ ခရိုင်အတွင်းရှိ ပုပ္ပါးတောင်မှာ ထင်ရှားသည်။

ရေဆင်း[ပြင်ဆင်ရန်]

ခရိုင်၏ အနောက်ဘက်တွင် ဧရာဝတီမြစ်ကြီး စီးဆင်းနေပြီး မကွေးတိုင်းနှင့် နယ်နိမိတ်အဖြစ် ပိုင်းခြားထားသည်။ ခရိုင်အတွင်း မြစ်ချောင်းများပေါများကာ ရေချိုများဖြစ်သည်။ သဲချောင်းများလည်း တည်ရှိသည်။

လူဦးရေ[ပြင်ဆင်ရန်]

၂၀၁၄ သန်းခေါင်စာရင်း စတင်ကောက်ယူချိန်တွင် ညောင်ဦးခရိုင်အောက်တွင် ကျောက်ပန်းတောင်းမြို့နယ် ပါဝင်ဖွဲ့စည်းပြီးဖြစ်သော်လည်း (၂)လခန့်သာရှိသေးသည်။ ကြိုတင်ပြင်ဆင်ထားသော စာရင်းဇယားများအရ ကျောက်ပန်းတောင်းမြို့နယ်မှာ မြင်းခြံခရိုင်အောက်တွင်သာ စာရင်းကောက်ယူခဲ့သည်။ ထို့ကြောင့် ညောင်ဦးခရိုင်တွင် ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့နယ်ခွဲတို့ကိုသာ ကောက်ယူထားသည်။

၂၀၁၄သန်းခေါင်စာရင်းအရ ညောင်ဦးခရိုင်တွင် လူဦးရေ ၂၃၉,၉၄၇ နေထိုင်ကြကာ အမျိုးသား ၁၀၉,၄၇၆ဦး၊ အမျိုးသမီး ၁၃၀,၄၇၁ဦးဖြစ်သည်။ မြို့ပြတွင်နေထိုင်သူ ၅၄,၃၄၃ဦးဖြစ်ကာ မြို့ပြနေရာခိုင်နှုန်းမှာ ၂၂.၆ရာခိုင်နှုန်းဖြစ်သည်။ ထိုစဉ်က ကျောက်ပန်းတောင်းမြို့နယ်၏ လူဦးရေ ၂၆၁,၉၀၈ဦးကိုပါ ထည့်တွက်မည်ဆိုပါက ညောင်ဦးခရိုင်၏ လူဦးရေမှာ ၅၀၁,၈၅၅ဦးဖြစ်သည်။ ဗမာလူမျိုးများ အများဆုံးနေထိုင်ကြကာ ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြသည်။

စီးပွားရေး[ပြင်ဆင်ရန်]

ညောင်ဦးခရိုင်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးကောင်းမွန်သော ဒေသဖြစ်သည်။ ခရိုင်နေပြည်သူများသည် စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြသည်။ နှမ်း၊ ပဲအမျိုးမျိုး၊ ဆန်စပါး၊ ကြက်သွန်၊ ထန်းလျက်၊ မန်ကျည်း စသည်တို့ထွက်ရှိသည်။ ယွန်းထည်နှင့် လက်မှုလုပ်ငန်း လုပ်ကိုင်သူများလည်းရှိသည်။ ညောင်ဦးမြို့နယ်ရှိ ပုဂံဘုရားများနှင့် ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပါးတောင်တို့ကြောင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးကာ ဟိုတယ်နှင့်ခရီးသွား ဝန်ဆောင်မှုလုပ်ကိုင်သူများလည်းရှိသည်။

ပို့ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

ညောင်ဦးခရိုင်သည် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်း၊ ရထားလမ်းများ အားလုံးဖြင့် သွားလာနိုင်သည်။ ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့များသည် အခြား ခရိုင်၊ မြို့နယ်များရှိ မြို့များသို့ ကွန်ယက်သဖွယ် ကားလမ်းများရှိသည်။ ရံဖန်ရံခါတွင် သဲချောင်းများ ​ရေ​ကျော်တတ်၍ လမ်းပိတ်ခြင်းများရှိတတ်သည်။ မကွေးတိုင်း ပခုက္ကူမြို့နှင့် မန္တလေးတိုင်း ညောင်ဦးမြို့နယ်တို့အား ဆက်သွယ်ပေးသော ဧရာဝတီတံတား (ပခုက္ကူ)မှာ လက်ရှိတွင် မြန်မာနိုင်ငံ၏ အရှည်ဆုံး မြစ်ကူးတံတားကြီးဖြစ်သည်။ဤတံတားကြီးမရှိစဉ်က ပခုက္ကူမြို့ရှိရာ တဖက်ကမ်းသို့ကူးရန် စက်လှေများအသုံးပြုရသည်။[၃]

မန္တလေးမြို့မှ ညောင်ဦးမြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း သွားလာနိုင်သည်။ရန်ကုန်မှသော်လည်းကောင်း၊ မန္တလေးမှသော်လည်းကောင်း နေ့စဉ်ရထားများရှိသည်။ညောင်ဦးလေဆိပ်မှာ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ပြီးလျှင် မန္တလေးတိုင်း၏ ဒုတိယမြောက် အများပြည်သူသုံးလေဆိပ်ဖြစ်ကာ နိုင်ငံတကာခရီးစဉ် ပျံသန်းသည့်လေယာဉ်များ ဆင်းသက်နိုင်သည့် အကောက်ခွန်လေဆိပ်ဖြစ်သည်။[၄]

ပညာရေး[ပြင်ဆင်ရန်]

၂၀၁၄သန်းခေါင်စာရင်းအရ အသက်(၁၅)နှစ်နှင့်အထက်လူဦးရေ၏ စာတတ်မြောက်နှုန်းမှာ ၈၆ရာခိုင်နှုန်းဖြစ်သည်။ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ယွန်းပညာသင်ကောလိပ်မှာ ညောင်ဦးမြို့နယ်တွင် တည်ရှိသည်။ ကျောက်ပန်းတောင်းတွင် စက်မှုသိပ္ပံကျောင်းရှိသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

ညောင်ဦးမြို့နယ်တွင် ကုတင် (၂၀၀)ဆံ့ ခရိုင်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကုတင်(၅၀)ဆံ့ မြို့နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ (၁၆)ကုတင်ဆံ့ သံဃာ့ဆေးရုံ (၁)ရုံ တည်ရှိသည်။

​ပုပ္ပါးတိုက်နယ်​ဆေးရုံ

ကိုးကား[ပြင်ဆင်ရန်]

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၁၈၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 25, 2015 တွင် ပြန်စစ်ပြီး
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)
  3. အားမလိုအားမရ အတွေးများနဲ့ ပုဂံ ခရီး
  4. ပုဂံ-ညောင်ဦးလေဆိပ်ကို နိုင်ငံတကာလေယာဉ်များ ဆင်းသက်ခွင့်ပြု