ကျွန်းစုမြို့နယ်

ဝီကီပီးဒီးယား မှ
ကျွန်းစုမြို့နယ်
မြို့နယ်
မြိတ်ခရိုင်အတွင်းတည်နေရာ
မြိတ်ခရိုင်အတွင်းတည်နေရာ
ကျွန်းစုမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကျွန်းစုမြို့နယ်
ကျွန်းစုမြို့နယ်
ကျွန်းစုမြို့နယ် တည်နေရာ
ကိုဩဒိနိတ်: 11°48′6″N 98°31′32″E / 11.80167°N 98.52556°E / 11.80167; 98.52556ကိုဩဒိနိတ်: 11°48′6″N 98°31′32″E / 11.80167°N 98.52556°E / 11.80167; 98.52556
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး
ခရိုင်မြိတ်ခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ကျွန်းစုမြို့
လူဦးရေ (၂၀၁၄)၁၇၁,၇၅၃[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ကျွန်းစုမြို့နယ် (သို့မဟုတ် မြိတ်အနောက်မြို့နယ်) သည် မြန်မာနိုင်ငံတနင်္သာရီတိုင်းဒေသကြီးမြိတ်ခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ကျွန်းစုမြို့ ဖြစ်သည်။[၂] မြိတ်မြို့၏ အနောက်ဘက်၊ အနောက်မြောက်နှင့် အနောက်တောင်ဘက်ရှိ မြိတ်ကျွန်းစု၏ အစိတ်အပိုင်း အတော်များများသည် ကျွန်းစုမြို့နယ်တွင် ပါဝင်သည်။[၃] ကျွန်းစုမြို့သည် ကတန်ကျွန်းပေါ်တွင်တည်ရှိပြီး မြိတ်မြို့၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။[၄][၅]

ကျွန်းစုမြို့နယ်တွင် ကျွန်းအများအပြား ပါဝင်သည်။ အရွယ်အစားအမျိုးမျိုး ရှိကာ ကျွန်းပေါင်း ၂၀၀ကေျာ် ခန့် ရှိသည်။ Geography of South Tenasserim and Mergui archipelago by Mr. H.L Chhibber တွင်မြိတ်ကျွန်းစု၌ကျွန်းပေါင်း ၉၀၀ ကျော် ရှိကြောင်း အကြမ်းဖျင်း ဖော်ပြသည်။ မြိတ်ကျွန်းစုရှိ အကြီးဆုံးကျွန်း ကတန်ကျွန်းမှာ စတုရန်းမိုင်ပေါင်း ၁၇၀ ကျယ်ဝန်းကာ ‌မြိတ်မြို့ အနောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် ရှိသည်။ ဒုတိယအကြီးဆုံးကျွန်းက ကက်သရင်း ကျွန်း ဖြစ်ကာ၊ တောဖုံးနေပြီး ကမ်းစပ်၌ လမုတောများ ပေါက်ရောက်နေသည်။ အခြား ထင်ရှားသော ကျွန်းများမှာ -

  1. လန်ပိကျွန်း
  2. လက်စွပ်အော်ကျွန်း
  3. ပြင်စဘုကျွန်း
  4. သရောသဟန်ကျွန်း
  5. ကွမ်းသီးကျွန်း[၆]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကျွန်းစုမြို့နယ်ကို မြိတ်မြို့နယ်မှ ၁၉၉၀ ခုနှစ်တွင် ခွဲထုတ်ခဲ့သည်။[၇]

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၄။
  2. "Burma 1:250,000 topographic map, Series U542, Bokpyin NC 47-2" U.S. Army Map Service, July 1960
  3. Kyunsu Township (PDF) (မြေပုံ)။ Myanmar Information Management Unit။ 22 July 2011 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးNovember 13, 2010 တွင် ပြန်စစ်ပြီး
  4. Google Maps (မြေပုံ)။ Google။ |access-date= က |url= ကို လိုအပ်သည် (အကူအညီ)
  5. Bing Maps (မြေပုံ)။ Microsoft and Harris Corporation Earthstar Geographics LLC။ |access-date= က |url= ကို လိုအပ်သည် (အကူအညီ)
  6. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၃၇၇။
  7. Südostasien Aktuell (Journal of current southeast Asian affairs) volume 18 ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေမှာ ၁၇၁၇၅၃ ဦးရေရှိသဖြင့် တိုင်းဒေသကြီးတွင် မြိတ်မြို့နယ်ပြီးလျှင် ဒုတိယလူဦးရေအများဆုံးမြို့နယ်ဖြစ်သည်။ page 199, in German

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]