ကန့်ဘလူခရိုင်

ဝီကီပီးဒီးယား မှ
ကန့်ဘလူခရိုင်
စစ်ကိုင်းတိုင်းအတွင်းတည်​နေရာ
စစ်ကိုင်းတိုင်းအတွင်းတည်​နေရာ
ကန့်ဘလူခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကန့်ဘလူခရိုင်
ကန့်ဘလူခရိုင်
စစ်ကိုင်းတိုင်းအတွင်းတည်​နေရာ
ကိုဩဒိနိတ်: 23°20′N 95°51′E / 23.333°N 95.850°E / 23.333; 95.850ကိုဩဒိနိတ်: 23°20′N 95°51′E / 23.333°N 95.850°E / 23.333; 95.850
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်း
မြို့နယ်ပေါင်း
မြို့တော်ကန့်ဘလူမြို့
လူဦးရေ (၂၀၁၄)၃၉၉,၆၄၈
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ကန့်ဘလူခရိုင် (အင်္ဂလိပ်: Kanbalu District) သည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ခရိုင်တစ်ခုဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ ကန့်ဘလူမြို့ဖြစ်သည်။[၁]

ပါဝင်​သောမြို့နယ်များ[ပြင်ဆင်ရန်]

ကန့်ဘလူခရိုင်မြို့နယ်များ
  ကန့်ဘလူမြို့နယ်
  ကျွန်းလှမြို့နယ်

ကန့်ဘလူခရိုင်တွင် ပါဝင်သည့် မြို့နယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

သမိုင်း​ကြောင်း[ပြင်ဆင်ရန်]

ယခင်က ရွှေဘိုခရိုင်တွင် ပါဝင်သော ကန့်ဘလူမြို့နယ် နှင့် ကျွန်းလှမြို့နယ်တို့ကို ခွဲထုတ်ကာ ကန့်ဘလူခရိုင်အဖြစ် အသစ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

တည်နေရာနှင့်အကျယ်အဝန်း[ပြင်ဆင်ရန်]

ကန့်ဘလူခရိုင်သည် စစ်ကိုင်းတိုင်းဒေသကြီးအလယ်ပိုင်းတွင် တည်ရှိသည်။

နယ်နိမိတ်[ပြင်ဆင်ရန်]

ကန့်ဘလူခရိုင်၏ အရှေ့ဘက်တွင် မန္တလေးတိုင်းမှ သပိတ်ကျင်းခရိုင်၊ တောင်ဘက်တွင် ရွှေဘိုခရိုင်နှင့် ရေဦးခရိုင်၊ အနောက်ဘက်တွင် ရေဦးခရိုင်၊ မော်လိုက်ခရိုင်နှင့် ကလေးခရိုင်၊ မြောက်ဘက်တွင် ကောလင်းခရိုင်တို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

ကန့်ဘလူခရိုင်သည် တောင်တန်းနှင့် မြေပြန့်ရောနှောတည်ရှိသည်။ ခရိုင်အရှေ့ဘက်တွင် မင်းဝံတောင်တန်း တည်ရှိသည်။ ခရိုင်၏အနောက်ဘက်ခြမ်းတွင် ဇီးဖြူတောင်တန်း တည်ရှိသည်။

ရေဆင်း[ပြင်ဆင်ရန်]

ကန့်ဘလူခရိုင်၏ အရှေ့ဘက်ခြမ်းနေရာအနည်းငယ်တွင် ဧရာဝတီမြစ် စီးဆင်းနေသည်။ ကျွန်းလှမြို့နယ်တွင် သဖန်းဆိပ်ဆည်ကြီးတည်ရှိကာ ချောင်းငယ်များသည် ထိုဆည်၏ရေဝပ်ဧရိယာအတွင်း စီးဝင်ကြသည်။ ထိုဆည်မှနေ၍ မူးမြစ်သည် ဆက်လက်စီးဆင်းသည်။

လူဦးရေ[ပြင်ဆင်ရန်]

၂၀၁၄သန်းခေါင်စာရင်းကောက်ခံချိန်တွင် ကန့်ဘလူခရိုင်ကို ဖွဲ့စည်းထားခြင်းမရှိသေးဘဲ ရွှေဘိုခရိုင်လက်အောက်တွင်သာ ရှိသေးသည်။ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့၏ လူဦးရေမှာ (၃၉၉,၆၄၈) ဖြစ်သည်။ မြို့ပြနေလူဦးရေ (၃၇,၁၇၀)ဦးရှိသည်။

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
၂၀၁၄ ၃၉၉၆၄၈—    
Source: ၂၀၁၄ သန်းခေါင်စာရင်း

စီးပွားရေး[ပြင်ဆင်ရန်]

ကန့်ဘလူခရိုင်သည် စစ်ကိုင်းတိုင်းအတွင်း စီးပွားရေးအသင့်အတင့်ကောင်းမွန်သော ခရိုင်ဖြစ်သည်။ ခရိုင်နေလူထုသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ စပါး၊ ပဲ၊ ပြောင်း၊ နှမ်းတို့ကို အဓိကထုတ်လုပ်ပြီး မန္တလေးမြို့သို့ တင်ပို့သည်။

ပို့ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

ရွှေဘို-မြစ်ကြီးနားကားလမ်းသည် ခရိုင်အတွင်းမှ ဖြတ်သန်းသွားသည်။ ထို့အပြင် မန္တလေး- မြစ်ကြီးနားရထားလမ်းလည်း ဖြတ်သန်းသွားသည်။ မူးမြစ်အတွင်း ရေကြောင်းခရီးသွားလာနိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "Sagaing Region District Map" Archived 2 February 2017 at the Wayback Machine. Myanmar Information Management Unit (MIMU)