ကျောက်ဆည်မြို့နယ်
ကျောက်ဆည်မြို့နယ် | |
---|---|
မန္တလေးတိုင်းအတွင်းရှိ မြို့နယ် | |
ကျောက်ဆည်ခရိုင်အတွင်းတည်နေရာ | |
ကျောက်ဆည်ခရိုင်အတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 21°36′47″N 96°7′49″E / 21.61306°N 96.13028°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မန္တလေး |
ခရိုင် | ကျောက်ဆည် |
မြို့နယ်ရုံးစိုက်ရာမြို့ | ကျောက်ဆည်မြို့ |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၂၅၇,၅၄၅ [၁] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ကျောက်ဆည်မြို့နယ် သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် တွင်ပါဝင်သည့် မြို့နယ်ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ကျောက်ဆည်မြို့ ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ကျောက်ဆည်အဖြစ် အမည်မတွင်မီက မြစ်သာ (မ္လစ်သာ)ဟု အမည်တွင်ပြီး သာယာသောမြစ်ရှိသောနေရာဖြစ်၍ မြစ်သာရွာဟုခေါ်သည်။ ကျောက်ဆည်ဟူသောအမည်သည် ဇော်ဂျီမြစ်ကို ကျောက်များဖြင့် ဆည်ဖို့ထားခြင်းကြောင့် မှည့်ခေါ်ထားခြင်းဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။
ပထဝီဝင်အနေအထား
[ပြင်ဆင်ရန်]မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၂၆မိနစ်နှင့် ၂၂ဒီဂရီ ၂မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၉၇မိနစ်နှင့် ၉၆ဒီဂရီ ၅၈မိနစ် အကြားတွင် တည်ရှိသည်။ ၇၂၅.၂၈စတုရန်းမိုင် ကျယ်ဝန်းသည်။
နယ်နိမိတ်
[ပြင်ဆင်ရန်]ကျောက်ဆည်နယ်၏ အရှေ့ဘက်တွင် ပြင်ဦးလွင်မြို့နယ်နှင့် ရွာငံမြို့နယ်၊တောင်ဘက်တွင် မြစ်သားမြို့နယ်၊အနောက်ဘက်တွင် တံတားဦးမြို့နယ်နှင့် မြောက်ဘက်တွင် စဉ့်ကိုင်မြို့နယ်များဖြင့် ထိစပ်နေသည်။
မြေမျက်နှာသွင်ပြင်
[ပြင်ဆင်ရန်]ကျောက်ဆည်မြို့နယ်အတွင်းတွက် ဇော်ဂျီမြစ်၊ပန်းလောင်မြစ်နှင့် စမုံမြစ်တို့သည် အရှေ့တောင်မှ အနောက်မြောက်ဘက်သို့ စီးဆင်းနေသည်။ ကျောက်ဆည်မြို့မှာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၁ပေတွင် တည်ရှိသည်။ မြို့နယ်အတွင်းရှိ ရွှေသာလျောင်းတောင်မှာ ၉၇၃ပေမြင့်ကာ အမြင့်ဆုံးတောင်ဖြစ်သည်။
လူဦးရေ
[ပြင်ဆင်ရန်]ကျောက်ဆည်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ချင်း၊ရခိုင်၊ရှမ်း၊ကရင်၊ကချင်၊မွန်၊ကယား လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်နှင့် ဟိန္ဒူကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။
စီးပွားရေး
[ပြင်ဆင်ရန်]ကျောက်ဆည်မြို့နယ်၏ အဓိကထွက်ကုန်မှာ စပါး၊ပြောင်း၊နှမ်း၊ငရုတ်၊ကြက်သွန် စသည်တို့ဖြစ်ပြီး မန္တလေးနှင့် ရန်ကုန်သို့ တင်ပို့ ရောင်းချသည်။ဤမြို့နယ်တွင် စိုက်ပျိုးရေးနှင့်အသက်မွေးသူ များစွာနေထိုင်ကြပြီး ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးကြသည်။ ထို့ကြောင့် စိုက်ပျိုးရေးသီးနှံများ ဖြစ်ထွန်းပြီး စီးပွားရေး အထိုက်အလျောက်ကောင်းမွန်သည်။[၂]
ဈေးများ
[ပြင်ဆင်ရန်]- မြို့မဈေး
- အေးမြကြည်လင်ဈေး
- သံရွာဈေး
ပို့ဆောင်ဆက်သွယ်ရေး
[ပြင်ဆင်ရန်]ကျောက်ဆည်မြို့နယ်အတွင်းတွင် ရန်ကုန်-မန္တလေးလမ်းသည် ၁၅.၃မိုင်ခန့်ဖြတ်သန်းသွားသည်။ ဘဲလင်း-ရဲရွာလမ်း၊ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရွာငံ-အောင်ပန်း-တောင်ကြီးမြို့များသို့ အချိန်တိုစွာသွားလာနိုင်သည့် ဟံမြင့်မိုရ်လမ်းခွဲတို့မှာလည်း ထင်ရှားသည်။ ရန်ကုန်-မန္တလေး ရထားလမ်းမှာလည်း ဤမြို့နယ်အတွင်းဖြတ်သန်းသွားသည်။[၂]
ပညာရေး
[ပြင်ဆင်ရန်]အဆင့်မြင့်ပညာ
[ပြင်ဆင်ရန်]ကျောက်ဆည်မြို့နယ်တွင်
ကျောက်ဆည်တက္ကသိုလ် နည်းပညာတက္ကသိုလ် (ကျောက်ဆည်)တည်ရှိသည်။[၂]
အခြေခံပညာ
[ပြင်ဆင်ရန်]အထက
[ပြင်ဆင်ရန်]အထက်တန်းကျောင်း ၉ကျောင်းရှိသည်။
- အထက ၁
- အထက ၂
- အထက ၃
- အထက သံရွာ
- အထက ဟံမြင့်မိုရ်
- အထက မင်းစု
- အထက ရွာသစ်
- အထက ညောင်ရွှေ
- အထက ကုန်းကြီး
အထက (ခွဲ)/အလက
[ပြင်ဆင်ရန်]- အလက (ထ(ခွဲ)) မြို့မ
- အလက (ထ(ခွဲ)) ဆူးလေကုန်း
- အလက (ထ(ခွဲ)) ကျောက်ဆောင်ကုန်း
- အလက (ထ(ခွဲ)) မြေစို
- အလက (ထ(ခွဲ)) လက်ပန်
- အလက (ထ(ခွဲ))ဒွေးလှ
- အလက ရဲဘော်လေး
- အလက မှိုင်းပန်
- အလက န-သာဂရ
အမက
[ပြင်ဆင်ရန်]မူလတန်း၊မူလွန်၊အလယ်တန်း (ခွဲ) ၁၆၇ကျောင်းရှိသည်။
ကျန်းမာရေး
[ပြင်ဆင်ရန်]ဆေးရုံများ
[ပြင်ဆင်ရန်]- အထွေထွေရောဂါကုဆေးရုံကြီး (ကျောက်ဆည်)
- မင်းစုတိုက်နယ်ဆေးရုံ
- သံရွာတိုက်နယ်ဆေးရုံ
- ဖျောက်ဆိပ်ပင်တိုက်နယ်ဆေးရုံ
- စမာတိုက်နယ်ဆေးရုံ
ထင်ရှားသောနေရာများ
[ပြင်ဆင်ရန်]- ရွှေမုဌော
- ရွှေသာလျောင်း
- မဟာမြတ်လေးဆူ
- လေးမျက်နှာ
- ရွှေသိမ်တော်
- ရွှေဆပ်သွား
- ရွှေတောင်ထီး
- တမုတ်ရှင်ပင်ရွှေဂူကြီး
- လောကမာန်အောင်ရွှေဂူကြီး
- မြင်စိုင်းမြို့ဟောင်း
- ဓာတ်တော်တောင်
ကိုးကား
[ပြင်ဆင်ရန်]- ↑ Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၈၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 25, 2015 တွင် ပြန်စစ်ပြီး
- ↑ ၂.၀ ၂.၁ ၂.၂ ကျောက်ဆည်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။[လင့်ခ်သေ]