ဝန်းသိုမြို့နယ်

ဝီကီပီးဒီးယား မှ
ဝန်းသိုမြို့နယ်
မြို့နယ်
ကောလင်းခရိုင်အတွင်းတည်နေရာ
ကောလင်းခရိုင်အတွင်းတည်နေရာ
စစ်ကိုင်းတိုင်းအတွင်း တည်နေရာ
စစ်ကိုင်းတိုင်းအတွင်း တည်နေရာ
ဝန်းသိုမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဝန်းသိုမြို့နယ်
ဝန်းသိုမြို့နယ်
မြန်မာနိုင်ငံတွင်း တည်နေရာပြမြေပုံ
ကိုဩဒိနိတ်: 23°54′N 95°41′E / 23.900°N 95.683°E / 23.900; 95.683ကိုဩဒိနိတ်: 23°54′N 95°41′E / 23.900°N 95.683°E / 23.900; 95.683
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
ခရိုင်ကောလင်းခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ဝန်းသိုမြို့
လူဦးရေ (၂၀၁၄)[၁]၇၃,၃၉၅
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ဝန်းသိုမြို့နယ် သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးကောလင်းခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[၂]ယခင်က ကသာခရိုင်တွင် ပါဝင်ခဲ့သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ဝန်းသိုမြို့ ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြန်မာသက္ကရာဇ် (၃၀၃)ခုနှစ်တွင် သင်တိုင်းတောင်နှင့် ဒေါင်းမြူးချောင်း ဆုံရာ ဖိုခနောက်နေရာတွင် ရှမ်းအခေါ် ကြိုင်းဆေးမြို့ကို တည်ထောင်ခဲ့သည်။ မြန်မာဘာသာဖြင့် ကျားခနောက်မြို့ဟု အမည်ခေါ်သည်။ မြို့အမည်ကို အဆင့်ဆင့် ပြောင်းလဲခဲ့ရာ ၃၀၃ ခုနှစ် သိုဟုန်ဘွားလက်ထက်တွင် "ကြိုင်းဆေး"၊ ၇၀၅ ခုနှစ် ဟော်မိုဟန်လက်ထက်တွင် "ကြိုင်းဆို"၊ ၇၅၀ ခုနှစ် ခွန်ဆိုင်လက်ထက်တွင် "မိန်းဆို"၊ ၈၀၀ ခုနှစ် စောခန်းကြည်လက်ထက်တွင် "ကြိုင်းကောင်း"၊ ၉၀၀ ခုနှစ် စောညီလက်ထက်တွင် "သင်းလဲစင်လဲ"၊ ၁၀၀၀ ခုနှစ် ငရသူလက်ထက်တွင် "ဗျဂ္ဃပူရ"၊ နှင့် ၁၁၂၅ ခုနှစ် စော်ဘွားငအောင်ညိုလက်ထက်တွင် "ဝန်းသို" ဟူ၍ ဖြစ်သည်။

ဝန်းသိုမြို့နယ်တွင် စော်ဘွား(၂၆၄)ဆက်၊ စစ်ကဲ(၃)ဆက်၊ စော်ဘွားကြီး(၄)ဆက်၊ မြို့သူကြီး(၈) ဆက်ရှိခဲ့ပြီး နောက်ဆုံး စော်ဘွားမှ စော်ဘွားကြီး ဦးအောင်မြတ် ဖြစ်သည်။

ပထဝီဝင် အနေအထား[ပြင်ဆင်ရန်]

ဝန်းသိုမြိုနယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှအမြင့် (၇၀၀)ပေမှ (၁၀၀၀)ပေအထိ မြင့်မားပါသည်။ မြို့နယ်၏ အမြင့်ဆုံး အရပ်ဒေသ မှာ ရွှေဝန်းသီတာရပ်ကွက်၊ ကျော်ထွန်းရပ် ဖြစ်ပြီး၊ အနိမ့်ဆုံး အရပ်ဒေသမှာ ဆီဆုံကုန်း ရပ်ကွက်ဖြစ်သည်။

တည်နေရာနှင့်အကျယ်အဝန်း[ပြင်ဆင်ရန်]

ဝန်းသိုမြို့နယ်သည် မြောက်လတ္တီတွဒ်၂၃ ဒီဂရီ ၁၁မိနစ်နှင့် ၂၃ ဒီဂရီ ၄၃မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၃၃မိနစ် နှင့် ၉၆ဒီဂရီ ၀၈မိနစ် အကြားတွင် တည်ရှိသည်။ ဧကအားဖြင့် (၃၂၆၄၈၃)ဧကရှိသည်။ အရှေ့မှ အနောက်သို့ (၃၈)မိုင်ရှိပြီး တောင်မှမြောက်သို့(၄၂)မိုင် ရှည်လျားသည်။ မြို့နယ်၏ အကျယ်အဝန်းမှာ မြို့ဧရိယာ စတုရန်းမိုင်  ၀.၇၃မိုင်၊ ကျေးရွာအုပ်စု ဧရိယာစတုရန်းမိုင်  ၂.၄၈မိုင်၊ မြို့နယ်ဧရိယာစတုရန်းမိုင် ၅၁၀.၁၃ တို့ ဖြစ်သည်။

နယ်နမိတ်[ပြင်ဆင်ရန်]

ဝန်းသိုမြို့နယ်၏ အရှေ့ဘက်တွင်ထီးချိုင့်မြို့နယ်၊ ကောလင်းမြို့နယ်၊ အရှေ့ မြောက်အရပ်တွင် အင်းတော်မြို့နယ်၊ မြောက်အရပ်တွင် ဗန်းမောက် မြို့နယ်၊ အနောက်အရပ်တွင် ပင်လည်ဘူးမြို့နယ်၊ တောင်အရပ်တွင် ကောလင်းမြို့နယ် တို့နှင့် နယ်နမိတ်ချင်း ဆက်စပ်တည်ရှိသည်။

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

အရှေ့အရပ်တွင် မင်းဝံတောင်ရိုး (၁၅၀၀)ပေ၊ အနောက်အရပ်တွင် မှန်ကင်းတောင်(၃၉၉၈)ပေ၊ ပင်းအိုတောင်(၄၀၄၆)ပေ၊ နွားလဘို့တောင် (၁၁၀၀) ပေ၊ မိုင်းသုံတောင်(၅၃၅၅)ပေနှင့် မင်းလယ်တောင် (၁၀၇၆)ပေရှိပြီး အလယ်ပိုင်း တစ်လျှောက်တွင် လယ်ကွင်းများ စိုက်ခင်းများ တည်ရှိသည်။ ပင်လယ်ရေမျက်နှာ ပြင်အထက် ပေ(၇၀၀)မှ (၁၀၀၀)ပေ အထိ မြင့်မားသည်။

ရေဆင်း[ပြင်ဆင်ရန်]

ဝန်းသိုမြို့နယ်အတွင်း ဖြတ်သန်း စီးဆင်းသော မြစ်များမရှိပါ။ အဓိက ချောင်းများမှာ ဒေါင်းမြူးချောင်း၊ နန်းလိုင်းချောင်း၊ နငဲချောင်း၊ လိပ်စောချောင်း၊ ဆည်ရွာချောင်း၊ ဘုံချောင်း(ချောင်း)၊ ဆီဂါချောင်း၊ ပန်းညိုချောင်း၊ ဒုံးဒုတ် ချောင်းများ ရှိသည်။

ရာသီဥတု[ပြင်ဆင်ရန်]

သမပိုင်းဇုံ ရာသီဥတုရရှိပြီး ဆီးနှင်းကျရောက်မှု နည်းပါးသည်။ မိုးရေချိန်မှာ အများဆုံး (၉၄.၂၉)လက်မ၊ အနည်းဆုံး (၄၄.၉၄)လက်မ၊ ပျမ်းမျှ (၇၇.၁၀)လက်မရှိပြီး၊ အပူချိန်အားဖြင့် အမြင့်ဆုံး(၄၀)ဒီဂရီ စင်တီဂရိတ်၊ အနိမ့်ဆုံး (၁၇)ဒီဂရီစင်တီဂရိတ်၊ ပျမ်းမျှ(၃၃)ဒီဂရီ စင်တီ ဂရိတ်တို့ ရှိသည်။

သဘာဝပေါက်ပင်များ[ပြင်ဆင်ရန်]

ဝန်းသိုမြို့နယ်အတွင်း ပေါက်ရောက်သည့် သဘာဝပေါက်ပင်များ မှာကျွန်း၊ အင်၊ ကညင်၊ ပျဉ်းကတိုး၊ သမလန်း၊ စကားဝါ၊ နှော၊ သရက်၊ ယင်းမာ၊ ရေမနေ၊ ထောက်ကြံ့၊ ဖန်းခါး၊ သပြေ၊ မျောက်ငို၊ လက်ပံ၊ ဒီဒူး၊ သစ်စေး၊ တောင်တမာ၊ ဘင်္ဂ၊ ယင်းတိုက်၊ သင်းဝံ၊ သစ်မန်ကျည်း၊ ကျေးလန်၊ တောင်ပိန္နဲ၊ ရုံး၊ နဘဲ၊ ဘိုင်၊ မအူ၊ မြောက်ချော၊ လျှော်၊ သစ်ဖြူ၊ ထနောင်း၊ မန်ကျည်း၊ သစ်အယ်၊ မဟော်ဂနီ၊ ပိတောက် စသည့် အပင်များ ပေါက်ရောက်ပြီး ဝါးများမှာလည်း တင်းဝါး၊ သိုက်ဝါး၊ ဝါးပိုးဝါး၊ သနပ်ဝါး၊ ဝါးဖြူဝါးတို့ အများဆုံး ပေါက်ရောက်လျက် ရှိသည်။

တောရိုင်းတိရစ္ဆာန်များ[ပြင်ဆင်ရန်]

ဝန်းသိုမြို့နယ်တွင် တွေ့ရှိရသော တောရိုင်း တိရစ္ဆာန်များမှာ ကျား၊ သမင်၊ ဒရယ်၊ ဂျေ၊ စိုင်၊ တောဝက်၊ မျောက်၊ ကျွဲ၊ နွား၊ ဝက်၊ ကြက်၊ ဘဲ စသည်တို့ ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်လက်ရှိအခြေနေ[ပြင်ဆင်ရန်]

ဝန်းသိုမြို့နယ်၏လက်ရှိ သဘာဝပတ်ဝန်းကျင်အခြေအနေမှာ သစ်တော ဖုံးလွမ်းမှု(၇၂.၀၅%)ရှိသည်။ ၎င်းအနက်မှကြိုးဝိုင်း သစ်တောဖုံးလွမ်းမှုမှာ (၃၅.၄၃%)ဖြစ်ပြီး ကြိုးပြင်ကာကွယ်တော ဖုံးလွှမ်းမှုမှာ (၉.၆၆%)ရှိသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ[ပြင်ဆင်ရန်]

ဝန်းသိုမြို့နယ်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ အတွက် ကြိုးဝိုင်းတော(၁၁၅၆၇၀)ဧက၊ ကြိုးပြင်တော(၃၁၅၅၁)ဧက ထိန်းသိမ်းလျက်ရှိသည်။ သစ်တောစိုက်ခင်း တည်ထောင်နိုင်မှုမှာ ပုဂ္ဂလိက ကျွန်းစိုက်ခင်း(၅၁၁၉.၅)ဧက၊ သစ်မာ(၆၀၆၄)ဧက၊ စီးပွားရေးကျွန်း စိုက်ခင်း (၂၀၀)ဧက ကျေးရွာထင်းစိုက်ခင်း (၂၀)ဧက၊ ရေဝေရေလွှဲ စိုက်ခင်း (၅၀)ဧက ဖြစ်သည်။

သဘာဝဘေးအန္တရာယ်ကျရောက်မှု[ပြင်ဆင်ရန်]

ဝန်းသိုမြို့နယ်တွင် သဘာ၀ဘေးအန္တရာယ် ကျရောက်မှုမှာ အောက်ပါ အတိုင်း ဖြစ်သည် - - ၁၉၉၅ ခုနှစ် စက်တင်ဘာလ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ဒေါင်းမြူးချောင်း ရေလျှံတက်ပြီး မြို့ရေလွှမ်းမှု ဒဏ် ခံရခြင်း၊ - ၁၉၉၇ ခုနှစ် မိုးသည်းထန်စွာ ရွာသွန်း၍ ကုန်သွယ်ရေး ဂိုတောင် ဆန်များ ပျက်စီဆုံးရှုံးခဲ့ဘူးခြင်း၊ - ၂၅-၄-၂၀၁၀ (၁၃၀၀)အချိန် လေပြင်းတိုက်ခတ်မှုကြောင့် ဌာနဆိုင်ရာ အဆောက်အဦး အနည်းနှင့်အများ ဆုံးရှုံး ခဲ့ဘူးခြင်းရှိခဲ့သည်။

ရာသီဥတုဖေါက်ပြန်မှုဖြင့် သဘာ၀ဘေးအန္တရာယ် တစ်မျိုးမျိုး ကျရောက်လာနိုင်ခြေရှိပါကသဘာ၀ဘေး အန္တရာယ်အမျိုးအစားအလိုက် စီမံချက်ချဆောင်ရွက်ထားရှိသည်။

လူမှုပထဝီဝင်[ပြင်ဆင်ရန်]

လူဦးရေဆိုင်ရာအချက်အလက်များ[ပြင်ဆင်ရန်]

နေထိုင်သည့်တိုင်းရင်းသားလူမျိုးစုများ

ဝန်းသိုမြို့နယ်တွင် နေထိုင်ကြသော တိုင်းရင်းသား လူမျိုးစုများမှာ  အောက်ပါ အတိုင်း ဖြစ်သည်-
  1. ကချင် ၈၂၈
  2. ကယား ၁
  3. ကရင် ၂
  4. ချင်း ၁၀
  5. မွန် ၂
  6. ဗမာ ၇၆၅၄၀
  7. ရခိုင် ၉
  8. ရှမ်း ၃၁
  9. အခြား ၃

စုစုပေါင်းမြို့နယ်လူဦးရေ ၇၇၄၂၆ ဦးရှိသည်။

အိမ်ခြေ၊ အိမ်ထောင်စု၊ လူဦးရေ[ပြင်ဆင်ရန်]

ဝန်းသိုမြို့နယ်၏၂၀၁၉ခုနှစ်၊ စက်တင်ဘာလကုန်အထိ လူဦးရေမှာ အောက်ပါအတိုင်းဖြစ်သည်- အိမ်ခြေ/အိမ်ထောင်စု/လူဦးရေ

  • မြို့နေ
  • အိမ်ခြေ -၂၇၅၉
  • အိမ်ထောင်စု -၂၇၈၃
  • ရပ်ကွက် -၄
  • ကျား- ၄၇၉၁၊ မ-၅၄၉၅ စုစုပေါင်း- ၁၀၂၈၆

ကျေးလက်နေ

  • အိမ်ခြေ -၁၂၂၇၃
  • အိမထော်စု -၁၂၂၃၉
  • ကျေးရွာအုပ်စု -၃၈
  • ကျေးရွာ -၁၇၉
  • ကျား- ၂၀၈၈၄၊ မ- ၂၂၈၅၃ စုစုပေါင်း ၄၃၇၃၇

လူဦးရေတိုးနှုန်းနှင့်ကျားမအချိုး[ပြင်ဆင်ရန်]

ဝန်းသိုမြို့နယ်၏ ၂၀၁၉ ခုနှစ် လူဦးရေတိုးနှုန်း ကျား၊ မ အချိုးမှာ အောက်ပါအတိုင်း ဖြစ်သည်- (က) လူဦးရေတိုးနှုန်းနှင့်ကျားမအချိုး ယခင်နှစ်လူဦးရေ ၇၄၅၉၉ ယခုနှစ်လူဦးရေ - ၇၇၄၂၆ တိုးလာဦးရေ - ၂၈၂၇ တိုးနှုန်း - ၃.၇၉နှုန်း

ကျား -၃၇၄၁၁ မ -၄၀၀၁၅ ၁;၁.၀၆ အချိုး ၁၆။ ကိုးကွယ်သည့်ဘာသာ ဝန်းသိုမြို့နယ်တွင် နေထိုင်ကြသူများ၏ ကိုးကွယ်သည့် ဘာသာအလိုက် လူဦးရေမှာ အောက်ပါအတိုင်း ဖြစ်သည် ဗုဒ္ဂဘာသာ - ၇၆၃၅၀ ခရစ်ယာန် -၈၅၃ အစ္စလာမ်ဘာသာ- ၂၂၃ စုစုပေါင်း -၇၇၄၂၆

နိုင်ငံခြားသားများနေထိုင်မှု[ပြင်ဆင်ရန်]

ဝန်းသိုမြို့နယ်အတွင်း နိုင်ငံခြားသားများ နေထိုင်သူဦးရေမှာ အောက်ပါ အတိုင်း ဖြစ်သည် တရုတ်လူမျိုး- ၃ဦး အုပ်ချုပ်ရေးဆိုင်ရာအချက်အလက်များ အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှု ဝန်းသိုမြို့နယ်၏ အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှုမှာ အောက်ပါအတိုင်း ဖြစ်သည်- ရပ်ကွက်-၄ ကျေးရွာအုပ်စု-၃၈ ကျေးရွာ- ၁၇၉

ဘာသာရေး[ပြင်ဆင်ရန်]

ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦ:များနှင့် သာသနာဝင်ပုဂ္ဂိုလ်များ

ဝန်းသိုမြို့နယ်ရှိ ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦများနှင့် သာသနာဝင် ပုဂ္ဂိုလ်များဆိုင်ရာအချက် အလက်များအား  အောက်ပါအတိုင်း ဖော်ပြအပ်သည်-

(က) သာသနိကအဆောက်အဦ:များ ဘုရား -၂၅၈ဆူ စေတီ- ၁၇၅ဆူ ပုထိုး-၈ဆူ ဘုန်းကြီးကျောင်း-၁၉၁ ကျောင်း သီလရှင်ကျောင်း- ၁ ကျောင်း ဓမ္မာရုံ- ၁၂၇ (ခ) ရဟန်းသံဃာနှင့်သီလရှင်များ ရဟန်း-၄၅၁ပါး သာမဏေ-၁၄၀ပါး သီလရှင်- ၈၂ပါး (ဂ) ထင်ရှားသည့် ဘုရားစေတီနှင့်ပုထိုးများ (၁) လေးကျွန်းမာန်အောင်မဟာသန္တမုနိဘုရား (တော်ရှောရွာ) (၂) စတုဗုဒ္ဓမဟာအတုလစေတီ (ဆီဆုံကုန်းရပ်) (၃)ရွှေခေမာစေတီ (ဂျိုးတောင်) (၄) ကျောက်လှုပ်လဲ့စေတီ(တင်းဝါးချောင်းအုပ်စု) (၅) ဟော်တော်ဦးစေတီ( မြို့မ-၁ရပ်)

(ဃ)ထင်ရှားသည့်ဘုန်းတော်ကြီးကျောင်းများ (၁) ခန္တီးစာသင်တိုက် (စစ်ကဲကြီးရပ်ကွက်၊ ပိဿုကာစုရပ်)

(င) အခြားဘာသာရေးအဆောက်အဦးများ ခရစ်ယာန် -မြို့ပေါ်(၁)၊ ကျေးလက်(၇) အစ္စလာမ်-

အုပ်ချုပ်ရေးမှူးရုံးများ[ပြင်ဆင်ရန်]

ဝန်းသိုမြို့နယ်၏ မြို့နယ်၊မြို့နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရုံးများမှာ အောက်ပါအတိုင်းဖြစ်သည်- မြို့နယ်အုပ်ချုပ်ရေးမှူး အမည် -ဦးနေမျိုးထွန်း (ပ/၅၅၄၇) မြို့နယ်ရုံး-၁ ရပ်ကွက်ရုံး-၄ ကျေးရွာအုပ်စုရုံး-၃၈


၂၁။ ရွှေးချယ်ခံရသော လွှတ်တော်ကိုယ်စားလှယ်များ (က) ဦးနေစိုးအောင် (NLD) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ခ) ဦးခင်မောင်ဝင်း ((NLD) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (ဂ) ဦးဇော်လင်းဦး (NLD) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်(၁) (ဃ)ဒေါ်ခိုင်ခိုင်ဝင်း (NLD) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မဲဆန္ဒနယ် (၂)

စီးပွားရေး[ပြင်ဆင်ရန်]

ဝန်းသိုမြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်း တည်ရှိပြီး စီးပွားရေးအရ အချက်အချာကျသော/ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသော မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက် ကြသည်။ ဝန်းသိုမြို့နယ်သည် မန္တလေး-မြစ်ကြီးနား မီးရထား လမ်းမပေါ်တွင် တည်ရှိပြီး မီးရထားလမ်းကိုသာ အဓိကအားထားရသော မြို့နယ်ဖြစ်သည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များသို့သာ တင်ပို့နိုင်သည်။

စိုက်ပျိုးရေးလုပ်ငန်း[ပြင်ဆင်ရန်]

ဝန်းသိုမြို့နယ်၏ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည်- (က)အဓိကသီးနှံ(၁၀)စိုက်ပျိုးထုတ်လုပ်မှု စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကြံ၊ ဝါ၊ အစေ့ထုတ်ပြောင်းများကို စိုက်ပျိုးလျက်ရှိသည်။

နှစ်ရှည်သီးနှံစိုက်ပျိုးမှုအခြေအနေ[ပြင်ဆင်ရန်]

ကြက်ပေါင်းစေး၊ လက်ဖက်၊ ကော်ဖီ၊ ထန်း၊ အုန်း၊ လျှော်ဖြူ(ပရဆေး စသည့်အပင်များကို စိုက်ပျိုးလျက်ရှိသည်။

အခြားဈေးကွက်ဝင်သီးနှံများစိုက်ပျိုးထုတ်လုပ်မှု[ပြင်ဆင်ရန်]

ငြုပ်စို၊ ဟင်းသီးဟင်းရွက်များစိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

မွေးမြူရေးလုပ်ငန်းများ[ပြင်ဆင်ရန်]

ဝန်းသိုမြို့နယ်၏မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နိုင်မှု အခြေ အနေမှာ အောက်ပါအတိုင်းဖြစ်သည်- (က) မြို့နယ်မွေးမြူရေး(ကောင်ရေ) ၂၀၁၈-၂၀၁၉ခုနှစ်တွင် ကျွဲ -၁၈၄၆၅ကောင်၊ နွား-၄၂၁၇၄ကောင်၊ ဝက်-၄၁၈၂၅ကောင်၊ ကြက်-၃၆၉၀၇၂ကောင်၊ ဘဲ-၉၆၂၇ကောင် မွေးမြူလျက်ရှိသည်။ (ခ) ငါးပုစွန်မွေးမြူမှုအခြေအနေ ၂၀၁၈-၂၀၁၉ခုနှစ်တွင် ကန်အရေအတွက် ၃၃ကန်၊ ဧက-၂၇.၀၅၊ ထုတ်လုပ်မှုပိဿာ ၉၆၆၇၅ ထွက်ရှိသည်။

ဆည်မြောင်းတာတမံများနှင့် ဆည်ရေသောက်ဧရိယာ[ပြင်ဆင်ရန်]

ဝန်းသိုမြို့နယ်ရှိ ဆည်မြောင်းတာတမံများနှင့် ဆည်ရေသောက် ဧရိယာမှာ အောက်ပါအတိုင်းဖြစ်သည်။ (က) ဒုံးဒုတ်ရေလွှဲဆည် (ခ) သစ်ဖြူပင်ရေလွှဲဆည် (ဂ) ဟင်္သာအမှတ်(၂)ရေလွှဲဆည် (ဃ) လက်ပံကြီး

၂၄။ ကိုယ့်အားကိုယ်ကိုးဆည်များ သံတော်ကန်ဆည်၊ မြောက်လည်ဆည်၊ နမလက်ဆည်၊ နမော်ဆည်၊ ဇီးကုန်းဆည်၊ ကျောက်မြောင်း ဆည်၊ လက်ပံကျင်းဆည်၊ မကျည်းပင်ဆည်၊ တောင်ချောင်းဆည်၊ တင်းဝါးချောင်းဆည်၊ ဗြန့်ကြီးဆည်၊ ကံကုန်းဆည်၊ ပေကုန်းဆည်၊ ဂွေးကုန်းဆည်၊ အနောက်ကုန်းဆည်၊ ဝဲဖုံဆည်၊ ဆပ်သွားကျင်းဆည်၊ သင်တောဆည်၊ ဝင်းကြီးဆည်၊ ကံကုန်းဆည်၊ မကျည်းကုန်းဆည်၊ တော်ရှောဆည်၊ တပ်ကုန်းဆည်၊ ဆည်ဦးဆည်၊ နန်းချိုဆည်၊ ကျွန်းပင်ဆည်၊ ပူတာဆည်၊ ဆားတွင်းဆည်၊ ပိန္ဒဲကုန်းဆည်၊ သံပူဆည်၊ မအူတောဆည်၊ သီခါးဆည်၊ သဖန်းဆိပ်ဆည်၊ ဆေးခင်းခုံဆည်၊ ကြိမ်ချောင်းဆည်၊ သဲချောင်းဆည်၊ ပိန်းကန်ဆည်၊ မှန်ကန်ဆည်၊ တောင်ချောင်းဆည်၊ ဝက်တူးဆည်၊ ဒုံးဒုတ်ဆည်၊ လေဘိုဆည်၊ ဆည်ကြီးဆည်၊ ကျောက်ဖျာဆည်၊ ဟင်္သာဆည်၊ ပေါက်ပင်ဆည်၊ လိပ်စောဆည်၊ မက်လင်သျှိုဆည်၊ ခပ်ချိုဆည်၊ ဝက်တူးဆည်၊ ကြာကြီးကန်ဆည်၊ ‌ရွှေလဝန်းကန်၊ သဲချောင်းကန်၊ လက်ပံကျင်းဆည်၊ ကျောက်ပုံဆည်၊ မြောက်ကုန်းဆည်၊ မှိုချဉ်ဆည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

ဝန်းသိုမြို့နယ်၏ ကျန်းမာရေးကဏ္ဍဆိုင်ရာ အချက်အလက် များမှာ အောက်ပါအတိုင်း ဖြစ်သည်-

  1. ဝန်းသိုမြို့နယ်ဆေးရုံ ၂၅ ကုတင်ဆံ့
  2. ဂျိုးတောင်တိုက်နယ်ဆေးရုံ ၁၆ ကုတင်ဆံ့
  3. နမ်းခမ်းတိုက်နယ်ဆေးရုံ ၁၆ ကုတင်ဆံ့တောဆည်တင့်ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများ
  4. ဂျိုးတောင်ကျေးရွာ က/မ
  5. နမ်းခမ်းကျေးရွာ က/မ
  6. ကြိုင်းခွင်ကျေးရွာ က/မ
  7. ကင်းကျေးရွာ က/မ
  8. ကျေးလက်ကျန်းမာရေးဌာနခွဲအမည်
  9. ဘုရားတောင်
  10. လေးရွာ
  11. ထုံးဘို
  12. ညောင်ပင်သာ
  13. တောင်ဘို့လှ
  14. မော်နိုင်း
  15. ညောင်ခြေထောက်
  16. ဆေးခင်းခုံ
  17. ချောင်းဖျား
  18. မအူတော
  19. မိုင်းသုံ
  20. တောင်ကုန်း
  21. သက္ကယ်ကျင်း
  22. ကျွန်းပင်
  23. တပ်လွင်
  24. ကျင်းကြီး
  25. ဖီလေး
  26. ဇီးဖြူပင်
  27. သင်တော
  28. ပိန္နဲကုန်း
  29. လယ်ဦး
  30. အောင်းပင်
  31. ဒီးဒုတ်ကုန်း
  32. ကျုံးကြီး

ဒေသတွင်းအများဆုံးဖြစ်တတ်သောရောဂါများ[ပြင်ဆင်ရန်]

ငှက်ဖျား၊ ဝမ်းလျှော၊ တီဘီ၊ ဝမ်းကိုက်၊ အသည်းရောင်ရောဂါများဖြစ်သည်။


ပညာရေး[ပြင်ဆင်ရန်]

ဝန်းသိုမြို့နယ်တွင်ရှိသော ပညာရေးဆိုင်ရာ အချက်အလက် များမှာ အောက်ပါအတိုင်း ဖြစ်သည် -

အခြေခံပညာ အထက်တန်းကျောင်းများ[ပြင်ဆင်ရန်]

(၁)အထက-ဝန်းသို

(၂)အထက-ဂျိုးတောင် (၃)အထက-နမ်းခမ်း

အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များ[ပြင်ဆင်ရန်]

(၁) အထက(ခွဲ)ကင်း (၂)အထက(ခွဲ)တပ်နယ်မြေ (၃) အထက(ခွဲ)ပိန္ဒဲကုန်း (၄) အထက(ခွဲ)တောင်ဘို့လှ (၅) အထက(ခွဲ)သင်တော(၁) (၆)အထက(ခွဲ) ဆေးခင်းခုံ

အခြေခံပညာအလယ်တန်းကျောင်းများ[ပြင်ဆင်ရန်]

(၁) အလက-လေးရွာ (၂) အလက-ပေကုန်း(၂) (၃) အလက -တောင်ကုန်း

အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)များ[ပြင်ဆင်ရန်]

၁ အလက(ခွဲ)အောင်းပင် ၂ အလက(ခွဲ)မြို့သစ် ၃ အလက(ခွဲ)ညောင်ပင်သာ ၄ အလက(ခွဲ)တင်းဝါးချောင်း ၅ အလက(ခွဲ)လွင်ကြီး ၆ အလက(ခွဲ)ဘုရားတောင် ၇ အလက(ခွဲ)ကျူတော(၂) ၈ အလက(ခွဲ)ဝက်တူး ၉ အလက(ခွဲ)အင်းဗုဒ်ကုန်း ၁၀ အလက(ခွဲ)ကျုံးကြီး ၁၁ အလက(ခွဲ)မော်ခါး ၁၂ အလက(ခွဲ)ပင်လုံ ၁၃ အလက(ခွဲ)ဘုံချောင်းပေါ်(၁)ဖြစ်သည်။ အဖွဲ့ဝင်၁၄ အလက(ခွဲ)ကျောက်ပါးစပ် ၁၅ အလက(ခွဲ)ကျောင်းကုန်း ၁၆ အလက(ခွဲ)ထန်းတပင်

မူလတန်းလွန်ကျောင်းများ[ပြင်ဆင်ရန်]

၁ မူလွန်-စော်ဘွားကြီး ၂ မူလွန်-ကျမိုင်းကြီး ၃ မူလွန်-သစ်ဆိမ့်ကုန်း ၄ မူလွန်-ဇီးဖြူပင် ၅ မူလွန်-နမလင် ၆ မူလွန်-မော်နိုင်း ၇ မူလွန်-ကျည်ကုန်း ၈ မူလွန်-တုံးကြိတ် ၉ မူလွန်-လက်ပံကျင်း ၁၀ မူလွန်-ကျွန်းပင် ၁၁ မူလွန်-အရှေ့စက် ၁၂ မူလွန်-သက္ကယ်ကျင်း ၁၃ မူလွန်-ဖီလေး ၁၄ မူလွန်-ပန်းညို(၁) ၁၅ မူလွန်-ဇီးဖြူကုန်း ၁၆ မူလွန်-လယ်ကျင်း ၁၇ မူလွန်-မန်ကျည်းပင် ၁၈ မူလွန်-ကံကုန်း ၁၉ မူလွန်-ညောင်ခြေထောက် ၂၀ မူလွန်-ကျောက်တော ၂၁ မူလွန်-မိုင်းသုန် ၂၂ မူလွန်-ချမ်းမြသီတာ

အမကကျောင်းများ[ပြင်ဆင်ရန်]

၁ အမက-ကုန်းသာ ၂ အမက-ကျောက်တိုင် ၃ အမက-ခမရ(၁၁၁) ၄ အမက-မြောက်လည် ၅ အမက-အာမခံ ၆ အမက-ကျူတော(၁) ၇ အမက-ဗြန့်ကြီး ၈ အမက-ပန်းတိမ်ကုန်း(၁) ၉ အမက-ငါးရံ့ချောင်း ၁၀ အမက-ဆည်ကြီး ၁၁ အမက-မန်ကျည်းကုန်း ၁၂ အမက-ကြို့ကုန်း

၁၃ အမက-အောင်းကုန်း ၁၄ အမက-ခပ်ချို ၁၅ အမက-ကျွန်းကုန်း ၁၆ အမက-ထန်းပင်ကုန်း ၁၇ အမက-လယ်ဦး ၁၈ အမက-မယ်ဇလီ ၁၉ အမက-ကျိုင်းခွင် ၂၀ အမက-ကြိမ်ချောင်း ၂၁ အမက-ကင်မွန်းခြုံ ၂၂ အမက-စိန်လည်

၂၃ အမက-အင်္ဂါး ၂၄ အမက-ကျွန်းပင်သာ ၂၅ အမက-ပိန်းကန်

၂၆ အမက-လက်ပံခုံ ၂၇ အမက-ဥသျှစ်ခုံ ၂၈ အမက-အလယ်ခုံ ၂၉ အမက-အလယ်ကျွန်း ၃၀ အမက-ဒုံးဒုတ် ၃၁ အမက-ကျွဲခြံကူး ၃၂ အမက-ဆတ်သွားကျင်း ၃၃ အမက-ပန်းညို(၂) ၃၄ အမက-ပေကုန်း(၁) ၃၅ အမက-သင်တော(၂) ၃၆ အမက-မှန်လွှဲကုန်း ၃၇ အမက-နောင်ကွင်း ၃၈ အမက-ရှာမ(၂) ၃၉ အမက-မြောက်ရွာ ၄၀ အမက-မှန်ကန် ၄၁ အမက-ဘင်္ဂ ၄၂ အမက-စင်္ကြာမောင် ၄၃ အမက-သဖန်းဆိပ် ၄၄ အမက-မအူတော ၄၅ အမက-ဗလ ၄၆ အမက-ရှာမ(၁) ၄၇ အမက-ပန်းတိမ်ကုန်း(၂) ၄၈ အမက-ပေါက်ကုန်း ၄၉ အမက-ကျင်းကြီး ၅၀ အမက-ဂွေးတောက်ကျင်း ၅၁ အမက-ရေတွင်းကုန်း ၅၂ အမက-သဲချောင်း ၅၃ အမက-ကျောက်ကြီး ၅၄အမက-ပိန္နဲကုန်း ၅၅ အမက-တော်ရှော ၅၆ အမက-ဝဲဖုံ ၅၇ အမက-အနောက်ကုန်း ၅၈ အမက-သနကျင်း ၅၉ အမက-ကျောက်မြောင်း ၆၀ အမက-ချောင်းကြီး

မူလတန်းကြိုကျောင်းများ[ပြင်ဆင်ရန်]

၁ သစ်ဆိမ့်ကုန်းမူလွန် ၂ စော်ဘွားကြီးမူလွန် ၃ ကျမိုးကြီးမူလွန်

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း[ပြင်ဆင်ရန်]

(ဈ) ဘက-နမော်


ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၃။
  2. "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)