မြင်းခြံမြို့နယ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မြင်းခြံမြို့နယ်
မန္တလေးတိုင်းအတွင်းရှိ မြို့နယ်
Skyline of မြင်းခြံမြို့နယ်
မြင်းခြံမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မြင်းခြံမြို့နယ်
မြင်းခြံမြို့နယ်
ကိုဩဒိနိတ်: 21°22′N 95°28′E / 21.367°N 95.467°E / 21.367; 95.467ကိုဩဒိနိတ်: 21°22′N 95°28′E / 21.367°N 95.467°E / 21.367; 95.467
နိုင်ငံ  မြန်မာ
တိုင်းဒေသကြီး မန္တလေး
ခရိုင် မြင်းခြံ
မြို့နယ်ရုံးစိုက်ရာမြို့ မြင်းခြံမြို့
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း ၂၇၆,၁၉၀ [၁]
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+6:30)

မြင်းခြံမြို့နယ် သည် မန္တလေးတိုင်းဒေသကြီးမြင်းခြံခရိုင် တွင်ပါဝင်သည့် မြို့နယ်ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ မြင်းခြံမြို့ ဖြစ်သည်။

သမိုင်း​ကြောင်း[ပြင်ဆင်ရန်]

သက္ကရာဇ် (၁၁၀၅)တွင် မြင်းခြံမြို့ကို ​ရေ​လေးရွာဟု​ခေါ်တွင်ခဲ့သည်။အင်းဝဆင်ဖြူရှင်မင်းလက်ထက်တွင် တရုတ်နှင့် စစ်ဖြစ်ရာမှ မြင်းများကျန်ခဲ့သဖြင့် မြင်းကျန်ဟု​ခေါ်တွင်​စေခဲ့သည်။အချိန်ကာလကြာမြင့်လာရာမှ မြင်းခြံဟု ​ပြောင်းလဲလာခဲ့သည်။မြင်းခြံမြို့နယ်သည် ၁၉၀၇ခုနှစ်တွင် စတင်တည်ရှိလာခဲ့သည်။[၂]

ပထဝီဝင်အ​နေအထား[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၂၀မိနစ်နှင့် ၂၁ဒီဂရီ ၄၆မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၁၅မိနစ်နှင့် ၉၅ဒီဂရီ ၃၇မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင်၁၅.၆၊ တောင်မှမြောက်သို့ ၂၄မိုင်ရှိပြီး ၃၇၄.၂၈၇စတုရန်းမိုင် ကျယ်ဝန်းသည်။[၂]

နယ်နိမိတ်[ပြင်ဆင်ရန်]

မြင်းခြံမြို့နယ်၏ အ​ရှေ့ဘက်တွင် နွားထိုးကြီးမြို့နယ်၊​တောင်ဘက်တွင် ​တောင်သာမြို့နယ်၊အ​နောက်ဘက်တွင် မ​ကွေးတိုင်းရှိ ​ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်းရှိ ​မြောင်မြို့နယ်၊ ​မြောက်ဘက်တွင် ငါန်းဇွန်းမြို့နယ်များ တည်ရှိသည်။

​​မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

​ပင်လယ်​ရေမျက်နှာပြင်အထက် ​ပေ၂၀၀မှ ၁၅၅၄​ပေအထက်တွင် တည်ရှိသည်။ကုန်း​မြေမြင့်နည်းပါးပြီး အများအားဖြင့် ​မြေပြန့်ဖြစ်သည်။ဧရာဝတီမြစ်သည် ​မြောက်မှ​တောင်သို့ စီးဆင်းသည်။မြို့နယ်အတွင်းရှိ ​ချောင်းများမှာ အ​ရှေ့မှ အ​နောက်သို့ စီးဆင်းလျက်ရှိသည်။

လူဦး​ရေ[ပြင်ဆင်ရန်]

မြင်းခြံမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ထို့နောက် ရခိုင်၊ရှမ်း၊ချင်း၊ကရင်၊မွန်နှင့် ကချင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်၊ဟိန္ဒူကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။မြို့နယ်ဦးရေ၏ ၀.၀၃၂%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊နှင့် အခြားစသည့်လူမျိုးများဖြစ်သည်။

စီးပွား​ရေး[ပြင်ဆင်ရန်]

မြင်းခြံမြို့နယ်သည် မန္တ​လေးတိုင်းအတွင်းရှိ စီးပွား​ရေးအချက်အခြာကျ​သော မြို့နယ်တစ်ခုဖြစ်သည်။မြို့နယ်နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။မြို့နယ်၏ အဓိကထွက်ကုန်မှာ ပဲမျိုးစုံ၊ ကြက်သွန်နှင့် ဆီထွက်သီးနှံများဖြစ်ကာ မြန်မာပြည်​အောက်ပိုင်းသို့ အများဆုံးတင်ပို့​ရောင်းချသည်။ မြို့နယ်အတွင်း မြင်းခြံစက်မှုဇုန်တည်ရှိကာ နိုင်ငံပိုင် သံမဏိစက်ရုံနှင့် ​ဆေးဆိုးပန်းရိုက်စက်ရုံများ၊ ပုဂ္ဂလိက အလုပ်ရုံ ၆၀၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၂၁၇ခုရှိသည်။

​ဈေးများ[ပြင်ဆင်ရန်]

  • မြို့မ​​ဈေး
  • ​အေးမြသီတာ​ဈေး
  • စံပြ​ဈေး
  • ဆီမီးခုံ​ဈေး

ပို့​ဆောင်ဆက်သွယ်​ရေး[ပြင်ဆင်ရန်]

မြင်းခြံမြို့မှ ရန်ကုန်၊မန္တ​လေး၊​တောင်ကြီး၊​မ​ကွေး၊မုံရွာ၊လွိုင်​ကော်၊မိတ္ထီလာ၊​ကျောက်ပန်း​တောင်း၊ချောက်၊​ပခုက္ကူ၊ရေစကြို၊​တောင်ငူနှင့် မူဆယ်မြို့များသို့ ခရီးသည်တင်ကားများရှိသည်။မြင်းခြံမှ ​တောင်သာ၊နွားထိုးကြီး၊ မြို့သာနှင့် ​ညောင်ဦးသို့ ကားလမ်းရှိသည်။

ပညာ​ရေး[ပြင်ဆင်ရန်]

အဆင့်မြင့်ပညာ[ပြင်ဆင်ရန်]

အ​ခြေခံပညာ[ပြင်ဆင်ရန်]

အထက[ပြင်ဆင်ရန်]

အထက်တန်းကျောင်း ၁၀ကျောင်းရှိသည်။

  • အထက ၁
  • အထက ၂
  • အထက ၃
  • အထက ၄
  • အထက ဆီမီးခုံ
  • အထက နဘူးအိုင်
  • အထက ထ​နောင်းတိုင်
  • အထက တလုပ်မြို့
  • အထက ရွာသစ်
  • အထက ဇီးပင်ကန်

အထက(ခွဲ)/အလက[ပြင်ဆင်ရန်]

  • အလက (ထ(ခွဲ)) ဂင့်ဂဲ
  • အလက (ထ(ခွဲ)) ​ပျော်ဘွယ်စံပြ
  • အလက (ထ(ခွဲ)) ကုက္ကဲ
  • အလက (ထ(ခွဲ)) ကွမ်းစိုက်
  • အလက (ထ(ခွဲ)) က​တော
  • အလက (ထ(ခွဲ)) ဆုံရွာ​ကွေ့ကြီး
  • အလက (ထ(ခွဲ)) ဒါးကျွန်း
  • အလက ဖက်ပင်အိုင်
  • အလက အလင်း​​ရောင်
  • အလက အနိမ့်
  • အလက ပတ္တာ (န)
  • အလက ပျား
  • အလက တူရွင်းဘို့
  • အလက ငါ့နန်း
  • အလက​ တောပု
  • အလက ​မြောက်ကျွန်း
  • အလက ရသာ
  • အလက ကျားတိုင်း
  • အလက သင်ပြွန်း

အမက[ပြင်ဆင်ရန်]

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၇၄ကျောင်းရှိသည်။

ကျန်းမာ​ရေး[ပြင်ဆင်ရန်]

  • ခရိုင်ပြည်သူ့​ဆေးရုံကြီး
  • ဆီမီးခုံ တိုက်နယ်​ဆေးရုံ
  • ထ​နောင်းတိုင် တိုက်နယ်​ဆေးရုံ
  • ယုန်ထိုး တိုက်နယ်​ဆေးရုံ

ကိုးကား[ပြင်ဆင်ရန်]

  1. Provisional Results Census 26 August 2014 FINAL, ပြည်သူ့အင်အားဦးစီးဌာန, 26 August 2014, p. ၂၉, retrieved February 26, 2015 
  2. ၂.၀ ၂.၁ မြင်းခြံမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။