လက်ပံတန်းမြို့နယ်
လက်ပံတန်းမြို့နယ် | |
---|---|
မြို့နယ် | |
သာယာဝတီခရိုင်အတွင်း တည်နေရာ | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ပဲခူး |
ခရိုင် | သာယာဝတီ |
မြို့နယ်ရုံးစိုက်ရာမြို့ | လက်ပံတန်းမြို့ |
လူဦးရေ (၂၀၁၄)[၁] | ၁၇၇,၄၀၇ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
လက်ပံတန်းမြို့နယ် သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[၂] မြို့နယ်ရုံးစိုက်ရာမြို့မှာ လက်ပံတန်းမြို့ ဖြစ်သည်။
လက်ပံတန်းဟုခေါ်တွင်ရခြင်းမှာဘူတာရုံဆင်း(ယခုအခါ ၁လမ်းဟုခေါ်သော)လမ်းတွင်လက်ပံပင်ကြီး ၂၁ပင်တောင်မြောက်သွယ်တန်း၍ပေါက်ရောက်နေသောကြောင့်ဖြစ်သည်ဟုအဆိုရှိသည်။
လက်ပံတန်းမြို့သည်သာယာဝတီခရိုင်အတွင်းလူစည်ကားဆုံးသောမြို့တစ်မြို့ဖြစ်ပြီးလမ်းပန်းဆက်သွယ်ရေးလဲအချက်အချာကျသောမြို့ဖြစ်သည်။
လက်ပံတန်းမြို့၏နာမည်ကြီးအစားအစာများမှာ ချစ်တီးထမင်း၊ငှက်ကောင်လုံးကြော်နှင့်ကရေကရာဖြစ်သည်။
နိုင်ငံရေးဆိုင်ရာထင်ရှားသည့်အဖြစ်အပျက်
၂၀၁၄ မြန်မာနိုင်ငံ ပညာရေးဥပဒေကို ပြင်ဆင်ရန် ဆန္ဒပြခဲ့ကြသည့် ကျောင်းသားကျောင်းသူနှင့် ဝန်းရံသူ ၂၀၀ ခန့်တို့အား ၂၀၁၅ ခုနှစ် မတ်လ ၃ ရက်နေ့တွင် လက်ပံတန်းမြို့နယ်၌ ရဲတပ်ဖွဲ့မှ ဖြိုခွဲခဲ့ပြီး[၃] ၁၀၀ ခန့်အား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၆။
- ↑ "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)
- ↑ Myanmar police beat students, journalists, monks; about 100 detained။ REUTERS။ 22 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 March 2015 တွင် ပြန်စစ်ပြီး။
- ↑ Backsliding or stumbling forward? The reform debate။ Myanmartimes။ 24 March 2015 တွင် ပြန်စစ်ပြီး။
ဤ မြန်မာနိုင်ငံ ပထဝီဝင်တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |