သရက်ချောင်းမြို့နယ်
| သရက်ချောင်းမြို့နယ် | |
|---|---|
| မြို့နယ် | |
ထားဝယ်ခရိုင်အတွင်းတည်နေရာ | |
| သရက်ချောင်းမြို့နယ် တည်နေရာ | |
| ကိုဩဒိနိတ်: 13°41′N 98°26′E / 13.683°N 98.433°Eကိုဩဒိနိတ်: 13°41′N 98°26′E / 13.683°N 98.433°E | |
| နိုင်ငံ | |
| တိုင်းဒေသကြီး | |
| ခရိုင် | ထားဝယ်ခရိုင် |
| မြို့နယ်ရုံးစိုက်ရာမြို့ | သရက်ချောင်းမြို့ |
| လူဦးရေ (၂၀၁၄) | ၁၀၅,၆၆၂[၁] |
| အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
သရက်ချောင်းမြို့နယ် သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ သရက်ချောင်းမြို့ ဖြစ်သည်။
ထားဝယ်ရာဇဝင်သမိုင်းအရ ကောဇာသက္ကရာဇ် ၁၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ပြီး၊ မူလက ရှက်ချောင်းဟု ခေါ်တွင်သည်။ ကာလရွေ့လျောလာသောအခါ သရက်ချောင်း ဖြစ်လာသည်။ သရက်ချောင်းမြို့နယ်သည် မြောက်လတ္တီတွဒ် ၁၃°၁၇' မှ ၁၄°၁၄' ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၈°၁၄' မှ ၉၈°၄၀' ကြားတည်ရှိသည်။ အရှေ့မှ အနောက် ၂၅ မိုင်၊ တောင်မြောက် ၅၂ မိုင် ရှည်လျားသည်။ မြို့နယ်ဧရိယာ ၈၂၉.၆၂ စတုရန်းမိုင် ရှိရာ၊ သရက်ချောင်းမြို့မပါဘဲ ကျေးရွာအုပ်စု ဧရိယာမှာ ၈၁၇.၆၉ စတုရန်းမိုင် ရှိသည်။ မြောက်ဘက်နှင့် အရှေ့ဘက်တွင် ထားဝယ်မြို့နယ်၊ တောင်ဘက်တွင် ပုလောမြို့နယ်တို့နှင့် ထိစပ်နေကာ၊ အနောက်ဘက်တွင် မိုင် ၃၀ ရှည် ထားဝယ်မြစ်သည် မြောက်မှတောင်သို့ မြန်မာ့ပင်လယ်ထဲ စီးဝင်သည်။[၂]
တနင်္သာရီကမ်းမြောင်ဒေသ၊ ထားဝယ်မြစ်ဝှမ်းလွင်ပြင်၊ တနင်္သာရီရိုးမတောင်တန်းနှင့် မြန်မာ့ပင်လယ်ကြား တည်ရှိသော သရက်ချောင်းမြို့နယ်သည် မြေပြန့် နည်းပါး၊ တောင်တန်းပေါများ၍ တောင်ကျချောင်းလည်း များစွာ ရှိသည်။ အမြင့်ဆုံးတောင်မှာ နွားလဘို့တောင် ဖြစ်ကာ၊ ပေ ၅၁၃၀ မြင့်သည်။ ဒီရေဖုံးလွှမ်းပြီး၊ ရွှံ့နွံတောနှင့် လတာပြင် ရောပြွန်းသည်။ ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၅၀ မြင့်သည်။ ပူအိုက်စိုစွတ်သော ရာသီဥတု ရှိသည်။ အပူချိန်မှာ အမြင့်ဆုံး ၃၈°C အနိမ့်ဆုံး ၉.၈°C ဖြစ်သည်။ ထားဝယ်မြစ်တွင် သရက်ချောင်းမြို့ ဆင်ဖြူပြင်ဆိပ်ကမ်းထိ သင်္ဘောများ သွားလာနိုင်သည်။ ကြိုးဝိုင်းတော ၁၁၆၆၃၃ ဧက၊ ဒီရေတောကြိုးပြင်ကာကွယ်တော ၁၆၀ ဧက၊ ကြိုးပြင်တော ၁၁၆၃၁၆ ဧကကို ထိန်းသိမ်းစောင့်ရှောက်ထားသည်။[၃]
သဘာဝပေါက်ပင်
[ပြင်ဆင်ရန်]ကညင်၊ ကဒွတ်၊ ကန်းစို၊ ကျွဲသွေး၊ ကျဲကြီး၊ ကောင်းမှု၊ ဂန့်နီ၊ စံကား၊ ဇင်ပြွန်း၊ တောကြက်၊ တောင်သရက်၊ ပျဉ်းမ၊ ရွန်၊ လောက်ယား၊ သင်္ကန်း၊ သစ်ရှို၊ သပြေ၊ ဥဘန်တို့အပြင် ဝါး၊ ကြိမ်ဆူးပင်နှင့် ချုံနွယ် ပေါများစွာ ပေါက်သည်။[၄]
တောရိုင်းတိရစ္ဆာန်
[ပြင်ဆင်ရန်]ကျား၊ ကျေး၊ ကုန်းလိပ်၊ ချီလှောင်၊ ခါ၊ ငုံး၊ စစ္စလီ၊ ဇီးကွက်၊ တောကြက်၊ တောကြောင်၊ တောဆိတ်၊ တောဝက်၊ ဖျံ၊ ဗျိုင်း၊ မျောက်၊ မြေစပ်ငှက်၊ မိကျောင်း၊ ရေကြက်၊ ရေဘဲ၊ ဝက်ဝံ၊ သစ်တောက်ငှက်၊ သာလိကာ၊ သိမ်းငှက်၊ အောက်စရစ်၊ ဥဩတို့ ကျက်စားသည်။[၅]
လူမျိုးနှင့် လူဦးရေ
[ပြင်ဆင်ရန်]တိုင်းရင်းသား လူမျိုးစုနေထိုင်မှု အနေဖြင့်၊ ကချင် ၁၊ ကရင် ၁၀၉၁၃၊ မွန် ၁၉၊ ရခိုင် ၄၄၊ ထားဝယ် ၁၁၃၀၇၅၊ အခြား ၈၉၆ ဦး နေထိုင်သည် ဖြစ်၍ စုစုပေါင်း မြို့နယ်ချုပ်မှာ ၁၂၄၉၄၈ ဦး ရှိသည်။ ၂၀၁၉ စက်တင်ဘာလ စာရင်းအရ၊ ယခင်နှစ် လူဦးရေ ၁၂၃၇၅၆ ဦး ရှိရာ၊ ၁၉၇၇ ဦး မွေးဖွား၊ ၈၁၉ ဦး သေဆုံး၊ ပြောင်းရွှေ့လာသူ ၉၈ ဦး၊ ပြောင်းထွက်သွားသူ ၆၄ ဦး ရှိလေသည်။ မြို့တွင် အိမ်ခြေ ၂၃၇၃ အိမ် နေထိုင်ပြီး၊ ကျေးလက်တွင် ၂၁၅၆၆ အိမ်ခြေ နေထိုင်သည်။
၁၈ နှစ်အထက် မြို့နေ ကျားဦးရေ ၃၃၉၃ ဦး၊ မဦးရေ ၃၉၁၇ ဦးရှိသည်။ ကျေးလက်တွင် ကျားဦးရေ ၃၁၁၄၄ ဦး၊ မဦးရေ ၃၄၆၆၃ ဦး ရှိသည်။
၁၈ နှစ်အောက် မြို့နေ ကျားဦးရေ ၂၂၄၅ ဦး၊ မဦးရေ ၂၀၉၁ ဦး ရှိသည်။ ကျေးလက်တွင် ကျားဦးရေ ၂၄၁၆၁ ဦး၊ မဦးရေ ၂၃၃၃၄ ဦး ရှိလေသည်။ [၆]
ပါတီ
[ပြင်ဆင်ရန်]နိုင်ငံရေးပါတီများမှာ NLD၊ ပြည်ခိုင်ဖြိုး၊ တစည၊ NDF၊ UDP တို့ ရှိသည်။ NLD တွင် အဖွဲ့ဝင် ၅၀၀၀၀ ရှိကာ၊ ပြည်ခိုင်ဖြိုးတွင် ၁၈၀၅၅ ရှိသည်။[၇]
တာတမံနှင့် ရေထိန်းတံခါး
[ပြင်ဆင်ရန်]| အမည် | အမျိုးအစား | အရှည်(ပေ) | အကျိုးပြုဧက |
| ကျောက်လှေကားရေလွှဲဆည် | ရေလွှဲဆည် | 85.5 | |
| စုံစင်ရေထိန်းတံခါး | ရေထိန်းတံခါး | ၅×၇ | 70 |
| ဥတ္တူရေထိန်းတံခါး | ၅×၉ | 40 | |
| ရငဲရေထိန်းတံခါး | ၆×၁၀ | 300 | |
| သရက်ချောင်းတာ | တာတမံ | 16500 | 536 |
| ဆင်ဖြူပြင်တာ | 4500 | 233 | |
| လဘတာ | 27625 | 521 | |
| တပင်ရွှေထီးတာ | 11270 | 116 | |
| ဖက်သွပ်တာ | 20840 | 397 | |
| ကနက်သီရိတာ | 14500 | 530 |
ကိုးကား
[ပြင်ဆင်ရန်]- ↑ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၄။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 21 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 December 2020 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 21 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 December 2020 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 21 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 December 2020 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 21 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 December 2020 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 21 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 December 2020 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 21 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 December 2020 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- "Thayetchaung Google Satellite Map" Maplandia World Gazetteer
| ဤ တနင်္သာရီတိုင်းဒေသကြီး ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |