မာတိကာသို့ ခုန်သွားရန်

အသုံးပြုသူ:QXQ080

ဝီကီပီးဒီးယား မှ

လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဥပဒေ

တပ်မတော်အက်ဥပဒေများ

လက်ရှိ တပ်မတော်အက်ဥပဒေများ

[ပြင်ဆင်ရန်]

လက်ရှိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တပ်မတော်အက်ဥပဒေများမှာ-

  1. ၁၉၄၈ ခုနှစ် လက်နက်ကိုင်တပ်ပေါင်းစုံ (ပြောင်းရွှေ့ရေး) အက်ဥပဒေ၊
  2. ၁၉၅၆ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်) အက်ဥပဒေ၊
  3. ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေ၊
  4. မြန်မာနိုင်ငံပြည်စောင့်တပ်အက်ဥပဒေ (THE MYANMAR TERRITORIAL FORCE ACT)
  5. စစ်ဘက်ရာထူးနှင့် အဆင့်အခေါ်အဝေါ်များသုံးစွဲခြင်းကို ကန့်သတ်သည့် ဥပဒေ၊
  6. တပ်မတော်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အသုံးပြုခြင်းဥပဒေ၊
  7. တပ်မြို့စည်ပင်သာယာရေးဥပဒေ၊[]
  8. နိုင်ငံတော်ကာကွယ်ရေး အဆောက်အအုံနှင့် လုပ်ငန်းများဥပဒေ၊
  9. ပြည်သူ့စစ်မှုထမ်းဥပဒေ၊
  10. မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများနှင့်  သေဆုံးသော သို့မဟုတ် ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ရေးဥပဒေ၊
  11. မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ဥပဒေ၊
  12. ရေယာဉ်များ လက်နက်တပ် ဆင်မှုတားမြစ်ရေးဥပဒေ၊
  13. အရန်တပ်ဖွဲ့ဥပဒေ၊ နှင့်
  14. နယ်ခြားစောင့်တပ်ဥပဒေ (ခေတ္တဆိုင်းငံ့) စသည့် ဥပဒေ၊ အက်ဥပဒေ ၁၄ ခုကို ကာကွယ်ရေးဝန်ကြီးဌာနက ကိုင်တွယ်ကျင့်သုံးလျက်ရှိသည်။[]

စစ်ဘက်ဆိုင်ရာတချက်လွှတ်အမိန့်နံပါတ် ၆။

[ပြင်ဆင်ရန်]

(တရားတဘောင်စစ်ဆေးစီရင်ရန်၊ ယခုအခိုက်အတန့်အတွက် တရားရုံးတော်များ တည်ထောင်သည့် တချက်လွှတ်အမိန့်)

စစ်ဘက်ဆိုင်ရာတချက်လွှတ်အမိန့်နံပါတ် ၆။

နီပွန်စစ်တပ်တော် အုပ်ချုပ်နေသည့်အတွင်းတွင်၊ ဗမာနိုင်ငံတော်တွင်၊ တရားတဘောင် စစ်ဆေးစီရင်ရန်၊ ယခုအခိုက်အတန့်အတွက်၊ တရားရုံးတော်များတည်ထောင်သည့်တချက်လွှတ်အမိန့်။

ဗမာနိုင်ငံတော်တွင် မှီတင်းနေထိုင်ကြသည့် တိုင်းသူပြည်သားတို့၏ ဆိုင်ရာဆိုင်ခွင့်ကို၎င်း၊ ဆောင်ရွက်ရန် တာဝန်ဝတ္တရားကို၎င်း၊ မြဲမြံတည်ငြိမ်ရှိစေရန်မှစ၍၊ တိုင်းနိုင်ငံတော်အတွင်း၊ ငြိမ်းချမ်း သာယာသေဝပ်ပိပြားရှိစေရန်၊ တရားရုံးတော်များ ရှိအပ်သည်ဖြစ်ရကား၊ ဗမာနိုင်ငံတော်ရှိ နီပွန်ဘုရင် မင်းမြတ်၏ စစ်တပ်သေနာပတိဖြစ်သူအကျွန်ုပ်က၊ ဗမာနိုင်ငံတော်တွင်၊ ယခုခေတ်သမယ ဖြစ်ပျက်သည့် အကြောင်း စေ့စုံစွာစဉ်းစားဆင်ခြင်ပြီးနောက်၊ အောက်ပါအတိုင်းပြဋ္ဌာန်းအမိန့်ထုတ်ပြန်လိုက်သည်။

၁။ ။ နီပွန်ဘုရင်မင်းမြတ်၏ သေနာပတိဖြစ်သူ အကျွန်ုပ်က၊ ရုံးတော်များကိုတည်ထောင်၊ အစိုးရအမှု လိုက်ရှေ့နေများကို ခန့်အပ်၊ ရာဇဝတ်တရားစွဲဆိုသည့်ကိစ္စကိုစီမံခန့်ထားသည့်အပြင်၊ ဗမာနိုင်ငံတော် အတွင်း တရားတဘောင်စစ်ဆေးစီရင်မှုကိစ္စအတွက် စီမံခွဲခန့်လိုက်သည်။

၂။ ။ တရားရုံးတော်များဖွဲ့စည်းသည့်နည်းနာနိသျစီရင်ပိုင်ခွင့် အာဏာများနှင့် အစိုးရအမှုလိုက်ရှေ့နေ အလုပ်ဝတ္တရားမှာ၊ ယခုတချက်လွှတ် အမိန့်တွင်ဖြစ်စေ၊ အခြားတချက်လွှတ်အမိန့်တွင်ဖြစ်စေ၊ အတည့် အလင်း၊ သို့မဟုတ် သွယ်ဝိုက်၍ တနည်းတဖုံ စီမံထားခြင်းမရှိခဲ့လျှင်၊ ဗမာနိုင်ငံတော်တွင် အထက်က တည်ရှိခဲ့သည့်အတိုင်းပင်ဖြစ်စေရမည်။

၃။ ။ တရားရုံးတော်များဖွဲ့စည်းသည့်နည်းနာနိသျ။ စီရင်ပိုင်ခွင့် အာဏာများနှင့် အစိုးရအမှုလိုက်ရှေ့နေ အလုပ်ဝတ္တရားမှာ၊ အောက်တွင်ဖေါ်ပြသည့် အကြောင်းအချက်များနှင့်မစပ်ဆိုင်စေရ။

(က) နီပွန်ဘုရင်မင်းမြတ်၏ စစ်တပ်ဆိုင်ရာ စစ်သည်တော်များစစ်ဆေးစီရင်မည့်ရုံးတော်မှစီရင်ပိုင်ခွင့် ရှိသည့်အမှုကိစ္စ။

(ခ) နီပွန်ဘုရင်မင်းမြတ်၏စစ်တပ်ဆိုင်ရာ စစ်ရုံးတော်စီရင်ပိုင်သည့်အမှုကိစ္စ။

(ဂ) ဂျပန် တိုင်းရင်းသားနှင့် အခြားတိုင်းရင်းသားတို့၊ တရားမကြောင်းတရားတဘောင်စွဲဆိုသည့်အမှု ကိစ္စဖြစ်စေ၊ ဂျပန်တိုင်းရင်းသားအချင်းချင်း တရားမကြောင်းစွဲဆိုသည့် အမှုကိစ္စ။ (ဂျပန်တိုင်းရင်းသား ဆိုသည်တွင်၊ တရားဥပဒေအရဖွဲ့စည်းသည့်ဂျပန်အဖွဲ့အစည်းလည်းပါဝင်သည်။)

(ဃ) ဂျပန်တိုင်းရင်းသားတဦးတယောက်ကို၊ ရာဇဝတ်ကြောင်းတရားခံ အဖြစ်စွဲဆိုသည့်အမှုကိစ္စ။ (ဂျပန်တိုင်းရင်းသားဆိုသည်တွင်၊ တရားဥပဒေအရ ဖွဲ့စည်းသည့်ဂျပန်အဖွဲ့အစည်းလည်းပါဝင်သည်။)

၄။ ။ ယခုတချက်လွှတ်အမိန့်တွင်ဖြစ်စေ၊ အခြားတချက်လွှတ်အမိန့်ဥပဒေစည်းမျဉ်းမှစသည်တွင်ဖြစ်စေ၊ တနည်းတဖုံစီမံပြဋ္ဌာန်းခြင်းမရှိခဲ့လျှင်၊ ယခုတည်ထောင်သည့် ရုံးတော်များတွင် လိုက်နာဆောင်ရွက်ရ မည့်တရားဥပဒေမှာ၊ ယခုတချက်လွှတ်အမိန့်အတည်မဖြစ်မှီ၊ ဗမာနိုင်ငံတော်အတွင်း လိုက်နာဆောင် ရွက်ခဲ့သည့်တရားဥပဒေတွင်၊ အရေးပါသည့်အချက်အဆစ်အတိုင်း၊ ယခုအခိုက်အတန့်အတွင်းလိုက်နာ ဆောင်ရွက်ရမည်။ သို့သော်၊ နီပွန်စစ်တပ်အစိုးရတို့ရည်ရွယ်သည့်အတိုင်း၊ အရှေ့အာရှတိုက်ကြီးတွင် ခေတ်သစ်တည်ထောင်မှု ကိစ္စနှင့်မလျော်ကန်ဆန့်ကျင်ဘက်ဖြစ်သည့် ဥပဒေတစုံတရာမှာသက်ဆိုင် တည်မြဲမရှိစေရ။

၅။ ။ (၁) အကျွန်ုပ်က ရန်ကုန်မြို့တွင်၊ ရန်ကုန်မြို့မရုံးတော်တည်ထောင်လိုက်သည်။ ၎င်းရုံးတော်ကို ရှိုဝါသက္ကရာဇ် ၁၇ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ဖွင့်လှစ်လိုက်သည်။

(၂) ရန်ကုန်မြို့မှအပ ဗမာနိုင်ငံတော်အတွင်း တည်ရှိခဲ့သည့် ရုံးတော်အရပ်ရပ်ကို၊ ယခုတဖန် တည်ထောင်လိုက်သည်ဟုမှတ်ယူရမည်။ ၎င်းရုံးတော်အရပ်ရပ်ကိုတဖန် ပြန်လည်ဖွင့်လှစ်လိုက်သည့် အကြောင်းကို သီးခြားကြော်ငြာထုတ်ပြန်ကြေညာမည်။

(၃) ရန်ကုန်မြို့မရုံးတော်မှာ ရန်ကုန်မြို့ဟိုက်ကွတ်လွှတ်တော်ရုံးအထက်က စီရင်ပိုင်ခွင့်အာဏာတရားမ ကြောင်းတွင်၎င်း၊ ရာဇဝတ်ကြောင်းတွင်၎င်း၊ အရေးယူစီရင်ပိုင်သည့် အာဏာမှစ၍ ၊ ရန်ကုန်မြို့စမော် ကော်ရုံးတော်နှင့် ရာဇဝတ်ရုံးတော်တို့ အရေးယူစီရင်ပိုင်ခွင့်အာဏာများကို ယခုအခိုက်အတန့်အတွက် အရေးယူပိုင်ခွင့်ရှိသည်။ ၎င်းပြင်ယခုပုဒ်မအပိုဒ် ၂ တွင်ဖေါ်ပြခဲ့သည့်အတိုင်း အဆိုပါရုံးတော်များ ပြန်လည်ဖွင့်လှစ်ခြင်းမရှိမှီ၊ ရန်ကုန်မြို့မရုံးတော်က စီရင်ပိုင်ခွင့်အာဏာရှိစေရမည်။

၆။ ။ (၁) ရန်ကုန်မြို့တွင် ဟိုက်ကွတ်လွှတ်တော်တည်ထောင်ရန် အကျွန်ုပ်စီရင်ပြဋ္ဌာန်းလိုက်သည်။

(၂) အထက် အပိုဒ် ၁ တွင် ဖေါ်ပြလိုက်သည့် ဟိုက်ကွတ်လွှတ်တော်မှာ၊ ယခုအခိုက်အတန့်အတွင်း၊ ရန်ကုန်မြို့ဟိုက်ကွတ်လွှတ်တော်အထက်က အယူခံမှုအတွက် စီရင်ပိုင်ခွင့်အာဏာရှိစေရမည်။

(၃) အပိုဒ် ၁ တွင်ဖေါ်ပြသည့် ရုံးတော်ဖွင့်လှစ်သည်ကို သီးခြားကြော်ငြာမည်ဖြစ်သည်။

၇။ ။ နီပွန်ဘုရင်မင်းမြတ်၏ စစ်တပ်သေနာပတိက၊ ရုံးတော်တစုံတရာတွင် စီရင်ဆုံးဖြတ်ချက်ကို၊ တရားဥပဒေနှင့်မညီ-မသင့်မလျော်ဖြစ်သည်ဟု ထင်မှတ်ခဲ့သော်၊ ၎င်းအမှုကိုတဖန်ပြန်လည်စဉ်းစား ဆင်ခြင်ရန်အမိန့်ဆင့်ဆိုပိုင်ခွင့်ရှိသည်။

၈။ (၁) တရားဥပဒေကို၊ ဂျာပန်ဘာသာဖြင့်၎င်း၊ ဗမာဘာသာဖြင့်၎င်း၊ စီရင်ထုတ်ပြန်စေရမည်။ ရုံးတော် မည်သည်တွင်မဆို၊ ဆောင်ရွက်စစ်ဆေးရာတွင်၊ အသုံးပြုရန်ဘာသာစကားမှာ၊ ဂျာပန်ဘာသာ၊ သို့မဟုတ်၊ မြန်မာဘာသာ ဖြစ်စေရမည်။ သို့သော်လည်း၊ ယခုအခိုက်အတန့်အတွက် အင်္ဂလိပ်ဘာသာ စကားကိုအသုံးပြုခွင့်ရှိသည်။

(၂) ပြဋ္ဌာန်းထုတ်ပြန်သည့် တရားဥပဒေ တစုံတရာတွင်၊ ဂျာပန်စကားနှင့် ဗမာစကားအဓိပ္ပါယ်မကွဲ မပြားရှိခဲ့သော်၊ ဂျာပန်ဘာသာ စကားနှင့် ပြဋ္ဌာန်းထုတ်ပြန်သည့်ဥပဒေကိုသာလိုက်နာအတည်ပြုရမည်။

အထွေထွေပြဋ္ဌာန်းချက်များ။

၉။ ။ ယခုထုတ်ပြန်သည့် တချက်လွှတ်အမိန့်တော်မှာ၊ ရှိုဝါသက္ကရာဇ် ၁၇ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် အတည်ဖြစ်စေရမည်။

၁၀။ ။ အင်္ဂလိပ်မင်းလက်ထက်က၊ တည့်ရှိသည့်တရားရုံးတော်များတွင်၊ အမှုစတင်ပြုလုပ်၍၊ မပြီးမပြတ် ရှိသည့်ကိစ္စတစုံတရာအတွက်၊ အကျွန်ုပ်သီးခြားအမိန့်ပြဋ္ဌာန်းထုတ်ပြန်မည်။

ဗမာနိုင်ငံတော်အတွင်း၊ နီပွန်ဘုရင်မင်းမြတ်၏စစ်သေနာပတိကြီး။

ရန်ကုန်မြို့၊ ရှိုဝါသက္ကရာဇ် ၁၇ ခုနှစ်၊ ဇူလိုင်လ ရက်။

၁၉၄၈ ခုနှစ်၊ လက်နက်ကိုင်တပ်ပေါင်းစုံ (ပြောင်းရွှေ့ရေး) အက်ဥပဒေ။

[ပြင်ဆင်ရန်]

သမတအိမ်တော်၊ ရန်ကုန်မြို့။

၁၉၄၈ ခုနှစ်၊ လက်နက်ကိုင်တပ်ပေါင်းစုံ (ပြောင်းရွှေ့ရေး) အက်ဥပဒေ။

[၁၉၄၈ ခုနှစ်၊ အက်ဥပဒေအမှတ် ၆၃။]

၁၃၁၀ ခု၊ တန်ဆောင်မုန်းလဆန်း ၆ ရက်။

(၁၉၄၈ ခု၊ နိုဝင်္ဘာလ ၆ ရက်။)

[ ပြင်ဆင် : 04.11.2010 ]

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါ အက်ဥပဒေကိုထုတ်ပြန်ကျေ ညာသည်။

ဤအက်ဥပဒေဖြင့် အောက်ပါအတိုင်း တရားဥပဒေပြဋ္ဌာန်းသည်။

၁။ ။ (က) ဤအက်ဥပဒေကို ၁၉၄၈ ခုနှစ်၊ လက်နက်ကိုင်တပ်ပေါင်းစုံ(ပြောင်းရွှေ့ရေး) အက်ဥပဒေဟု ခေါ်တွင်စေရမည်။

(ခ) ယခုထုတ်ဆင့်သည့် ဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်တခုလုံးနှင့်သက်ဆိုင်သည်။

(ဂ) ပယ်ဖျက် <ပြင်ဆင် 04.11.2010>

၂။ ။ အဓိပ္ပာယ် ဖွင့်ဆိုချက်-

(က) လက်နက်ကိုင်တပ်ပေါင်းစုံ ဆိုသည်မှာ တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိသော နိုင်ငံတော်အတွင်း ရှိလက်နက်ကိုင် အဖွဲ့အစည်း အားလုံးကိုဆိုသည်။

(ခ) စစ်ဘက်အာဏာပိုင် ဆိုသည်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သို့မဟုတ် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က မိမိ၏ကိုယ်စား အခွင့်အာဏာအပ်နှင်းထားသော အရာရှိတစ်ဦးဦးကို ဆိုသည်။

(ဂ) တပ်ဖွဲ့ဝင် ဆိုသည်မှာ လက်နက်ကိုင်တပ်ပေါင်းစုံတွင် အမှုထမ်းသော အဆင့်အတန်းအားလုံးကို ဆိုသည်။ <ပြင်ဆင် 04.11.2010>

၃။ ။ မည်သူမဆို အတည်ပြုထားသည့် တရားဥပဒေအရ၊ လက်နက်ကိုင်တပ်ပေါင်းစုံ တပ်ဖွဲ့ဝင်တဦးအဖြစ် စာရင်းတင်သွင်းထားသည်ရှိသော်၊ မိမိစာရင်းတင်သွင်းစဉ်အခါကတည်ရှိသည့် အမှုထမ်းစည်းကမ်း ချက်များနှင့် မည်သို့ပင် ဆန့်ကျင်စေကာမူ၊ ၎င်း၏သဘောတူညီချက် မရရှိသော်လည်း၊ စစ်ဘက်ဆိုင်ရာ အာဏာပိုင်သည် ၎င်းတပ်ဖွဲ့ဝင်အားမည်သည့်တပ်ဖွဲ့၊ တပ်ရင်း၊ သို့မဟုတ် မည်သည့်ဌာနမဆို ပြောင်းရွှေ့ နိုင်ခွင့်ရှိစေရမည်။ <ပြင်ဆင် 04.11.2010>

၄။ ။ ဤဥပဒေကို ရုပ်သိမ်းလိုက်သည့်အခါ၊ အပိုဒ် ၃ တွင် ပြဋ္ဌာန်းထားချက်အရ၊ ပြောင်းရွှေ့ထားခြင်းခံ ရသည့် မည်သူမဆိုဆက်လက်၍ စစ်မှုထမ်းဆောင်နေသည်ရှိသော်၊ ၎င်းအား ပဌမမူလ ပြောင်းရွှေ့စဉ် အခါက အမှုထမ်းနေသော တပ်ဖွဲ့၊ တပ်ရင်း၊ သို့မဟုတ်ဌာနသို့ အခွင့်အခါ သင့်လျော်သလို၊ ၎င်းက ပြန် ၍ပြောင်းရွှေ့ရန် ဆန္ဒရှိပါလျှင်၊ စစ်ဘက်ဆိုင်ရာ အာဏာပိုင်သည် အမြန်ပြောင်းရွှေ့ပေးရမည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

စဝ်ရွှေသိုက်၊ နိုင်ငံတော်ယာယီသမတ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်။

ရန်ကုန်မြို့၊ ၁၃၁၀ ခု၊ တန်ဆောင်မုန်းလဆန်း ၆ ရက်။ (၁၉၄၈ ခု၊ နိုဝင်္ဘာလ ၆ ရက်။)

အမိန့်အရ၊ ရွှေဘော်၊ နိုင်ငံတော်သမတအတွင်းဝန်။ [အမှတ် ၂၂၃]


လက်နက်ကိုင်တပ်ပေါင်းစုံ(ပြောင်းရွှေ့ရေး) အက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ (၂၀၁၀ ခုနှစ်)

[ပြင်ဆင်ရန်]

ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

လက်နက်ကိုင်တပ်ပေါင်းစုံ(ပြောင်းရွှေ့ရေး) အက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ

(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၂၆/၂၀၁၀)

၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်

(၂၀၁၀ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်)

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက် သည်။

၁။ ဤဥပဒေကို လက်နက်ကိုင်တပ်ပေါင်းစုံ (ပြောင်းရွှေ့ရေး) အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။ လက်နက်ကိုင်တပ်ပေါင်းစုံ (ပြောင်းရွှေ့ရေး) အက်ဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ (ဂ) ကို ပယ်ဖျက်ရမည်။

၃။ လက်နက်ကိုင်တပ်ပေါင်းစုံ (ပြောင်းရွှေ့ရေး) အက်ဥပဒေ ပုဒ်မ ၂ ကို အောက်ပါအတိုင်း အစားထိုးရမည်-

ပုဒ်မ ၂။ အဓိပ္ပာယ် ဖွင့်ဆိုချက်-

(က) လက်နက်ကိုင်တပ်ပေါင်းစုံ ဆိုသည်မှာ တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိသော နိုင်ငံတော်အတွင်း ရှိလက်နက်ကိုင် အဖွဲ့အစည်း အားလုံးကိုဆိုသည်။

(ခ) စစ်ဘက်အာဏာပိုင် ဆိုသည်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သို့မဟုတ် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က မိမိ၏ကိုယ်စား အခွင့်အာဏာအပ်နှင်းထားသော အရာရှိတစ်ဦးဦးကို ဆိုသည်။

(ဂ) တပ်ဖွဲ့ဝင် ဆိုသည်မှာ လက်နက်ကိုင်တပ်ပေါင်းစုံတွင် အမှုထမ်းသော အဆင့်အတန်းအားလုံးကို ဆိုသည်။

၄။ လက်နက်ကိုင် တပ်ပေါင်းစုံ (ပြောင်းရွှေ့ရေး) အက်ဥပဒေ ပုဒ်မ ၃၌ ပါရှိသော “တပ်သား” ဆိုသည့် စကားရပ်ကို “တပ်ဖွဲ့ဝင်” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

(ပုံ)သန်းရွှေ ဗိုလ်ချုပ်မှူးကြီး ဥက္ကဋ္ဌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ

၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ

[ပြင်ဆင်ရန်]

၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်)အက်ဥပဒေ

(၁၉၅၆ ခုနှစ်၊ အက်ဥပဒေအမှတ် ၁၀)

၁၉၅၆ ခုနှစ်

အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်-

၁။ အမည်။ ဤအက်ဥပဒေကို ၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူး စီမံချက်) အက်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ အဓိပ္ပါယ်ဖော်ပြချက်။ ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ မဆန့်ကျင်လျင်-

(က) အခွင့်ရစစ်ဘက်ဆိုင်ရာအာဏာပိုင် ဆိုသည်မှာ တပ်မဟာမှူးရာထူးအောက် မနိမ့်သည့် စစ်ဘက် ဆိုင်ရာ တပ်မှူးကို ဆိုလိုသည်။

(ခ) စစ်ဘက်ဆိုင်ရာ ဆိုသည့်စကားရပ်မှာ ပြည်ထောင်စုမြန်မာနိုင်ငံ ကြည်းတပ်၊ ရေတပ် သို့တည်း မဟုတ် လေတပ်ကို ရည်ညွှန်းသည်ဟု အဓိပ္ပါယ်ကောက်ယူရမည်။

(ဂ) စစ်ဆင်မှု ဆိုသည်မှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်က အခါအားလျော်စွာ ထုတ်ဆင့်သည့် အမိန့်ဖြင့်ဖြစ်စေ၊ အမိန့်အရဖြစ်စေ ရန်သူကို နှိမ်နှင်းရန်ပြုလုပ်သော စစ်ဆင်မှုကို ဆိုလိုသည်။

(ဃ) ရန်သူ ဆိုသည်မှာ မြန်မာနိုင်ငံကြည်းတပ်၊ အက်ဥပဒေပုဒ်မ၏ပုဒ်မ ၇၊ အပိုဒ် (၁၂)တွင် အဓိပ္ပါယ် ဖော်ပြထားသည့် အတိုင်း ဖြစ်သည်။

(င) တားမြစ်ထားသည့် နေရာ ဆိုသည်မှာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ (The Burma Official Secrets Act) ၏ ပုဒ်မ ၂၊ အပိုဒ် (ဂ) တွင် အဓိပ္ပါယ်ဖော်ပြထားသည့်အတိုင်း တားမြစ်ထားသည့် နေရာကို ဆိုလိုသည်။

၃။ တားမြစ်ထားသည့်နေရာများ

(၁) အခွင့်ရစစ်ဘက်ဆိုင်ရာ အာဏာပိုင်သည် စစ်ဆင်မှုများပြုလုပ်နေစဉ်အတွင်း-

(က) မိမိ၏ ခွင့်ပြုချက်မရဘဲ မည်သူမျှ တားမြစ်ထားသည့် နေရာ တစ်ခုခုသို့ ဝင်ရောက်ခြင်း မပြုရဟူ ၍သော်လည်းကောင်း၊ထိုနေရာပေါ်၌ သို့တည်းမဟုတ် ထိုနေရာအတွင်းမရှိရဟူ၍ လည်းကောင်း၊ ထိုနေရာပေါ် ဖြတ်သန်းသွားလာခြင်း မပြုရဟူ၍ လည်းကောင်း၊ ထိုနေရာအနီးတွင်း ရစ်ဝဲနေခြင်း မပြုလုပ်ရဟူ၍ သော်လည်းကောင်း၊ အမိန့်ထုတ်ဆင့်နိုင်သည်။

(ခ) တားမြစ်ထားသည့်နေရာ၌ ဝင်ရောက်ရန် အားထုတ်သူများကို သော်လည်းကောင်း၊ ထိုနေရာပေါ်၌ သို့တည်းမဟုတ် ထိုနေရာအတွင်း ရှိနေသူများကိုလည်းကောင်း ရှာဖွေရန်နှင့် ထိုသို့ရှာဖွေရန် ကိစ္စ အတွက် ထိုသူတစ်ဦးဦးကို ရပ်ဆိုင်းထားရန် မည်သူကိုမဆို အာဏာအပ်နှင်းနိုင်သည်။ သို့ရာတွင် မိန်းမကို မိန်းမချင်းသာ ရှာဖွေရမည်။

(၂) မည်သူမဆို ပုဒ်မခွဲ (၁)ပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်၍ တားမြစ်ထားသည့်နေရာတွင် ရှိနေလျင် အခွင့်ရ စစ်ဘက်ဆိုင်ရာ အာဏာပိုင်က အာဏာအပ်နှင်းထားသူ တစ်ဦးဦးသည် ထိုသူကိုထိုနေရာမှ ထုတ်ပယ်နိုင်သည်။ ထိုသို့ထုတ်ပယ်ခြင်းမှာ ထုတ်ပယ်ခြင်းခံရသူအပေါ် စွဲဆိုသော အခြားမည်သည့် မှုခင်းကိုမျှ ထိခိုက်ခြင်းမရှိစေရ။

(၃) မည်သူမဆို ဤပုဒ်မပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဆန့်ကျင်၍ တားမြစ်ထားသည့်နေရာတွင် ရှိနေလျင် ထိုသူကို (၃)နှစ် ထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၄။ ကာကွယ်ထားသည့်နေရာများ။ အခွင့်ရစစ်ဘက်ဆိုင်ရာ အာဏာပိုင်သည် စစ်ဆင်မှုများပြုလုပ်နေစဉ် အတွင်း မည်သည့် နေရာသို့မဆို အခွင့်အမိန့်မရသူများ ဝင်ရောက်ခြင်းကို တားမြစ်စိမ့်သောငှာ အထူး ကြိုတင်စီမံချက်များ ပြုလုပ်ရန် လိုအပ်သည်ဟု သို့တည်းမဟုတ် သင့်လျော်သည်ဟု ယူဆလျှင် အမိန့်ဖြင့် ထိုနေရာကို ကာကွယ်ထားသည့်နေရာအဖြစ် ကြေညာနိုင်သည်။ ထို့ပြင် ထိုသို့ ကြေညာသည့်အခါ ပုဒ်မ-၃ ပါပြဋ္ဌာန်းချက်များနှင့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များတွင် တားမြစ်ထားသည့်နေရာဆိုသည့် စကားရပ်များမှာ ကာကွယ်ထားသည့်နေရာ ဟူသော အဓိပ္ပါယ် ရှိဘိသကဲ့သို့ အဆိုပါနေရာသည် ထိုပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ရမည်။

၅။ ကာကွယ်ထားသည့်နယ်များ

(၁) အခွင့်ရစစ်ဘက်ဆိုင်ရာ အာဏာပိုင်သည် စစ်ဆင်မှုများ ပြုလုပ်နေစဉ်အတွင်း နယ်တစ်ခုခုသို့ လူ များဝင်ရောက်ခြင်းကို စည်းမျဉ်းသတ်မှတ်ရန် လိုအပ်သည်ဟု သို့တည်းမဟုတ် သင့်သည်ဟု ယူဆလျှင် ထိုနယ်ကို ကာကွယ်ထားသည့် နယ်မြေအဖြစ် အမိန့်ထုတ်ပြန် ကြေညာနိုင်သည်။

(၂) ပုဒ်မခွဲ (၁)အရ ထုတ်ဆင့်သော အမိန့်တွင် သီးခြားဖော်ပြထားသည့် နေ့ရက်၌လည်းကောင်း၊ ထိုနေ့ရက်နောက်၌ လည်းကောင်း၊ ထိုသို့ အမိန့်ဖြင့် ပြဋ္ဌာန်းသည့် ကင်းလွတ်ခွင့် တစ်ရပ်ရပ်ကို မဆန့် ကျင်စေဘဲ မည်သူမျှ အဆိုပါ အမိန့်ဖြင့် ကာကွယ်ထားသည့် နယ်မြေအဖြစ် ကြေညာထား သည့်နယ်တွင် အဆိုပါ နေ့ရက်မတိုင်မီက နေထိုင်သူမဟုတ်လျှင် အဆိုပါ အမိန့်တွင် သီးခြားဖော်ပြထားသည့် အာဏာ ပိုင်က သို့တည်းမဟုတ် သီးခြားဖော်ပြထားသူက ထိုသူအားစာဖြင့်ရေးသားပေးသော အခွင့်လက်မှတ်ပါ စည်းကမ်းချက်များနှင့်အညီမှတပါး ထိုနယ်တွင် မရှိရ။

(၃) မည်သူမဆို ဤပုဒ်မကို ဆန့်ကျင်၍ ကာကွယ်ထားသည့် နယ်တွင်ရှိနေလျှင် အခွင့်ရစစ်ဘက်ဆိုင်ရာ အာဏာပိုင်က အာဏာအပ်နှင်းထားသူ တစ်ဦးဦးသည် ထိုသူကို ထိုနေရာမှ ထုတ်ပယ်နိုင်သည်။ ထိုသို့ထုတ်ပယ်ခြင်းမှာ ထုတ်ပယ်ခံရသူ အပေါ် စွဲဆိုသော အခြားမည်သည့် မှုခင်းကိုမျှ ထိခိုက်ခြင်း မရှိစေရ။

(၄) မည်သူမဆို ဤပုဒ်မပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဆန့်ကျင်၍ ကာကွယ်ထားသည့်နယ်တွင် ရှိနေလျှင် ထိုသူကို (၃)နှစ် ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၆။ ဖမ်းဆီးချုပ်နှောင်ပိုင်ခွင့်အာဏာ

(၁) စစ်ဘက်ဆိုင်ရာအရာရှိတစ်ဦးဦးသည် စစ်ဆင်မှုဆင်နွှဲရာတွင် အသုံးပြုသော တပ်ဖွဲ့တစ်ခု၌ ပါဝင် လျှင် သို့တည်းမဟုတ် ထိုတပ်ဖွဲ့နှင့် အတူပူးပေါင်းဆောင်ရွက်လျှင်၊ စစ်ဘက်ဆိုင်ရာ အရာထမ်း၊ အမှု ထမ်းများ၊ စစ်ဘက်ဆိုင်ရာပစ္စည်းများ သို့တည်းမဟုတ် စစ်ဘက်ဆိုင်ရာအသုံးအဆောင်များ ဘေးကင်း လုံခြုံမှုကို အန္တရာယ် ဖြစ်စေသော သို့တည်းမဟုတ် အန္တရာယ်ဖြစ်အောင် ကူညီအားပေးသော ပြုမှု တစ်ခုခုကို ပြုပြီး၊ပြုဆဲ၊ သို့တည်းမဟုတ် ပြုလတံ့ဟု သင်္ကာမကင်းသူ တစ်ဦးဦးကို ဖမ်းဆီးနိုင်သည်။

(၂) မည်သည့်အရာရှိမဆို ပုဒ်မခွဲ (၁)အရ တစ်ဦးတစ်ယောက်သောသူကို ဖမ်းဆီးလျှင် ထိုသို့ဖမ်းဆီး ကြောင်းကို အခွင့်ရ စစ်ဘက်ဆိုင်ရာ အာဏာပိုင်အား ချက်ခြင်းအစီရင်ခံရမည်။ ထိုသို့အခွင့်ရ စစ်ဘက် အာဏာပိုင်ထံမှ အမိန့်မရမီ ထိုအရာရှိသည် အခွင့်အရ စစ်ဘက်ဆိုင်ရာအာဏာပိုင်က သာမန် သို့တည်း မဟုတ် အထူးအမိန့်ဖြင့် သီးခြားသတ်မှတ်သည့် နေရာတွင် ထိုသို့ ဖမ်းဆီးထားသူကို အမိန့်စာဖြင့် အချုပ်ချထားနိုင်သည်။

(က) မည်သူကိုမျှ အခွင့်ရစစ်ဘက်ဆိုင်ရာအာဏာပိုင်ထံမှ အမိန့်မရဘဲ ဤပုဒ်မခွဲအရ (၇)ရက်ထက်ပို၍ အချုပ်ချ မထားရ။

(ခ) မည်သူကိုမျှ ဤပုဒ်မခွဲအရ (၃)လထက်ပို၍ အချုပ်ချမထားရ။

(၃) ဤပုဒ်မခွဲ (၂) ပါ ပြဋ္ဌာန်းချက်များအရ တင်သွင်းသည့် အစီရင်ခံစာကို ရရှိသောအခါ အခွင့်ရ စစ်ဘက်ဆိုင်ရာ အာဏာပိုင်သည် ဤပုဒ်မအရ ဖမ်းဆီးထားသူကို ခေတ္တအချုပ်ချထားရန် ပုဒ်မခွဲ (၂) ၏ ဒုတိယခြွင်းချက်ကို ထောက်ထား၍ အကြောင်းအားလျော်စွာ သင့်သည် သို့တည်းမဟုတ် လိုအပ်သည် ထင်မြင်သည့်အတိုင်း အမိန့်ချမှတ်နိုင်သည့်ပြင် ထိုသို့ ထင်မြင်သည့်အတိုင်း ထိုသူကို ချုပ်နှောင်ထားရန် သို့တည်းမဟုတ် လွှတ်ရန် အပြီးသတ်အမိန့်ကိုလည်း ချမှတ်နိုင်သည်။

(၄) နိုင်ငံတော်သမ္မတသည် တစ်ဦးတစ်ယောက်သောသူအား စစ်ဆင်မှု တစ်ခုခုထမြောက်အောင်မြင် ရေးအတွက်အားထုတ်မှု၊ ဆောင်ရွက်မှုတို့ကို ထိခိုက်အောင် တစ်နည်းနည်းဖြင့် ပြုမူခြင်းမှ တားဆီး စိမ့်သောငှာ ထိုသူနှင့်ပတ်သက်၍ အမိန့်ထုတ်ပြန်ရန် လိုအပ်သည်ဟု ယုံကြည်ကျေနပ်လျင်-

(က) ထိုသူကို နိုင်ငံတော်သမ္မတက အခါအားလျော်စွာ သတ်မှတ်သည့်နေရာတွင် ချုပ်နှောင်ထားရန် အမိန့်ချမှတ်နိုင်သည်။

(ခ) ထိုသူကို ပြည်ထောင်စုမြန်မာနိုင်ငံတွင် အမိန့်၌ သီးခြားဖော်ပြထားသည့်နေရာ သို့တည်းမဟုတ် နယ်အတွင်းနေထိုင်စေရန် သို့တည်းမဟုတ် ရှိနေစေရန် ထို့ပြင် ထိုနေရာ သို့တည်းမဟုတ် ထိုနယ် အတွင်းထိုသူရှိနေပြီး မဟုတ်လျှင် ထိုနေရာ သို့တည်းမဟုတ် ထိုနယ်သို့ အမိန့်တွင် သတ်မှတ်ထား သည့်အချိန်အတွင်း သွားရောက်စေရန် အမိန့်ချမှတ်နိုင်သည်။

(၅) မည်သူမဆို ပုဒ်မခွဲ (၄)၊ အပိုဒ် (၄)၊ အပိုဒ် (ခ) အရ ချမှတ်သည့် အမိန့်တစ်ခုခုကိုဆန့်ကျင်လျှင် ထိုသူကို (၆)လအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်။

၇။ အာဏာလွှဲအပ်ခြင်း။ နိုင်ငံတော်သမ္မတသည် အမိန့်ထုတ်ပြန်၍ ပုဒ်မ ၆၊ ပုဒ်မခွဲ(၄) ဖြင့်မိမိအား အပ်နှင်းထားသည့် အာဏာတစ်ရပ်ရပ်ကို ထိုအမိန့်တွင် သီးခြားဖော်ပြထားသည့် စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်ထောင်စုမြန်မာနိုင်ငံ လက်နက်ကိုင်တပ်ပေါင်းစုံ စစ်သေနာပတိချုပ်က သုံးစွဲရ မည်ဟု ညွှန်ကြားနိုင်သည်။

၈။ ပြစ်မှုများ စစ်ဆေးစီရင်မှုကို ကန့်သတ်ခြင်း။ ပထမတန်းအာဏာရ ရာဇဝတ် တရားသူကြီးရုံး အောက်နိမ့်သော မည်သည့် တရားရုံးကမျှ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတစ်ခုခုကို စစ်ဆေး စီရင်ခြင်းမပြုရ။

၉။ အမိန့်နှင့် စပ်လျဉ်းသည့် ခြွင်းချက်များ ။ ဤအက်ဥပဒေနှင့်အညီ ဆောင်ရွက်သည့် အာဏာပိုင် သို့တည်းမဟုတ် သူတစ်ဦးတစ်ယောက်သည် သာမန်အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များကို လည်းကောင်း၊ ပစ္စည်းနှင့် စပ်လျဉ်းသည့်အကျိုးခံစားမှုကို လည်းကောင်း၊ ရန်သူကို နှိမ်နှင်းသည့် စစ်ဆင်မှုထမြောက်အောင်မြင်စွာ ဆောင်ရွက်ရန် ကိစ္စနှင့် လျော်ညီစွာ နည်းနိုင်သမျှ နည်းသည့် အနှောင့် အယှက်သာ ဖြစ်စေရမည်။

၁၀။ အက်ဥပဒေအရ အရေးယူမှုကို ကာကွယ်ခြင်း

(၁) ဤအက်ဥပဒေဖြင့် ဖြစ်စေ၊ ဤ အက်ဥပဒေအရဖြစ်စေ အပ်နှင်းထားသည့်အာဏာကို သုံးစွဲလျက် ချမှတ်သော အမိန့် သည် မခိုင်လုံဟုမည်သည့် တရားရုံးတွင်မျှ ငြင်းဆိုပိုင်ခွင့်မရှိစေရ။

(၂) ဤအက်ဥပဒေဖြင့် ဖြစ်စေ၊ ဤအက်ဥပဒေအရဖြစ်စေ အပ်နှင်းသည့်အာဏာကို သုံးစွဲသည့်အနေဖြင့် အရာရှိ သို့တည်း မဟုတ် အာဏာပိုင်တစ်ဦးဦးက အမိန့်ကို လက်မှတ်ထိုး၍ ထုတ်ဆင့်လျှင် ထိုအမိန့်ကို ထိုအရာရှိက သို့တည်းမဟုတ် ထို အာဏာပိုင်က ထုတ်ဆင့်သည်ဟု တရားရုံးကသက်သေခံအက်ဥပဒေ အဓိပ္ပါယ်သဘောအရ ယူဆရမည်။

၁၁။ သာမန်အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များကို အနှောင့်အယှက် နည်းနိုင်သမျှ နည်းစေခြင်း

(၁) ဤအက်ဥပဒေနှင့်အညီ သဘောရိုးဖြင့် ပြုလုပ်သည့် သို့တည်းမဟုတ် ပြုလုပ်ရန် ကြံရွယ်သည့် အပြုအမူ တစ်ခုခု အတွက် မည်သူ့ကိုမျှ တရားမမှုဖြစ်စေ၊ ရာဇဝတ်မှုဖြစ်စေ၊ အခြားမှုခင်းဖြစ်စေ စွဲဆိုခြင်းမပြုရ။

(၂) ဤအက်ဥပဒေနှင့်အညီပြုလုပ်သည့် သို့တည်းမဟုတ် ပြုလုပ်ရန်ကြံရွယ်သည့် အပြုအမူတစ်ခုခု ကြောင့် ပျက်စီးနစ်နာသည့်အတွက် သို့တည်းမဟုတ် ပျက်စီးနစ်နာရန် အကြောင်းရှိသည့်အတွက် ပြည်ထောင်စု မြန်မာနိုင်ငံတွင် တရားမမှုဖြစ်စေ၊ အခြားမှုခြင်းဖြစ်စေ စွဲဆိုခြင်းမပြုရ။

Footnote

[ပင်ရင်း- ၁၉၉၇ ခုနှစ်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ထုတ်ဝေသည့် ၁၉၅၆ ခုနှစ် အက်ဥပဒေများနှင့် နည်းဥပဒေများစာအုပ်မှ ကူးယူတင်ပြသည်။]

THE MYANMAR TERRITORIAL FORCE ACT.

[ပြင်ဆင်ရန်]

THE MYANMAR TERRITORIAL FORCE ACT.

[ Amendment : 18.06.1989 ]

1.* * * *

Definitions.

2. In this Act, unless there is anything repugnant in the subject or context,- “enrolled” means enrolled or re-enrolled in the Myanmar Territorial Force under this Act;

  • * * *

“non-commissioned officer” means a person holding non-commissioned rank in the Myanmar Territorial Force, and includes an acting non-commissioned officer;

  • * * *; and

“prescribed” means prescribed by rules made under this Act. <Amendment 18.06.1989>

Constitution of Myanmar Territorial Force.

3. There shall be raised and maintained in the manner hereinafter provided a force to be designated the Myanmar Territorial Force:

Provided that the President of the Union shall establish all or any of the branches of the Force as circumstances may permit from time to time. <Amendment 18.06.1989>

Constitution and disbandment of units.

4. (1) The President of the Union may constitute one or more corps or units of the Myanmar Territorial Force and may disband or reconstitute any corps or unit so constituted.

(2) The president of the Union may constitute for any town or group of towns one or more urban corps or units of the Myanmar Territorial Force, to be recruited from persons residing in or near such town or towns, and may disband or reconstitute any corps or unit so constituted.

(3) The President of the Union may constitute a University Corps consisting of one or more units of the Territorial Force, for the appointment thereto of students of, and other persons connected with University of Rangoon or colleges affiliated thereto, and may disband or reconstitute any unit so constituted. <Amendment 18.06.1989>

4A. * * * *

Enrolment.

5. (1) [Any citizen of Myanmar] may offer himself for enrolment in the Myanmar Territorial Force, and any such person who satisfies the prescribed conditions may be enrolled in the prescribed manner for such period, not exceeding six years, as may be prescribed.

(2) An applicant for enrolment may apply to be enrolled for service in any particular branch, corps or unit constituted for the place within which he for the time being resides. <Amendment 18.06.1989>

  • * * *

Appointment to corps or unit.

6. (1) Every person enrolled shall without unnecessary delay be appointed in the prescribed manner to a corps or unit constituted under section 4 for the place in which he for the time being resides.

(2) Any person who has been enrolled for service in any particular branch, corps or unit shall be appointed to a corps or unit of that branch or to that corps or unit, as the case may be.

Transfer and attachment.

7. (1) Any person appointed to a corps or unit under section 6 may be transferred, whether on disbandment of the corps or unit or otherwise, to another corps or unit of the Myanmar Territorial Force, in such manner as may be prescribed.

(2) Nothing contained in sub-section (1) shall be deemed to authorise the transfer without his own consent of any person enrolled to a corps or unit constituted for a place other than that in which he for the time being resides, or of a person enrolled for service in a particular branch to a corps or unit of another branch, or of a person enrolled for service in a particular corps or unit to any other corps or unit.

(3) Any person enrolled may be attached at his own request to any corps or unit of the Myanmar Territorial Force or to any regular forces. <Amendment 18.06.1989>

Change of residence.

7A. (1) Any enrolled person who leaves his place for the time being and thereby leaves the place in which the corps or unit in which he is serving is constituted shall, if he does not intend to return to that place, notify the prescribed authority in that place of his change of residence.

(2) If such person having intended to return does not return within three months, he shall notify the prescribed authority as aforesaid immediately on the expiry of that period.

(3) The prescribed authority on being notified of a change of residence under sub-section (1) or sub-section (2) may, subject to the provisions of section 7, transfer such person from the corps or unit in which he is serving to another corps or unit.

Discharge.

8. Every person enrolled shall be entitled to receive his discharge from the Myanmar Territorial Force on the expiration of the period for which he was enrolled, and any such person may, prior to the expiration of that period, be discharged from the said Force by such authority and subject to such conditions as may be prescribed, and shall be so discharged on a recommendation of the Advisory Committee in this behalf:

Provided that no person enrolled who is for the time being engaged in military service under the provisions of this Act shall be entitled to receive his discharge before the termination of such service. <Amendment 18.06.1989>

Liability to serve and perform military service.

9. (1) Every person enrolled shall, subject to such conditions as may be prescribed, be bound to serve in any corps or unit of the Myanmar Territorial Force to which he has been appointed or transferred or is for the time being attached, and shall be subject to all rules and regulations that may be made under this Act relating to such corps or unit.

(2) Every person enrolled who has attained the age of eighteen years shall be liable to perform military service-

(a) when called out with any portion of the Myanmar Territorial Force by an order of the senior military officer present either to act in support of the civil power or to provide guards which, in the opinion of such officer, are essential; or

(b) when any portion of the Myanmar Territorial Force to which he belongs has been embodied to support or supplement [the Myanmar Forces ]in the event of an emergency by a notification directing such embodiment issued by the President of the Union and published in the Gazette; or

(c) when attached at his own request to any regular forces:

Provided that nothing in this sub-section shall apply to persons enrolled in a University Corps. <Amendment 18.06.1989>

Territorial limits of liability to and duration of military service.

10. (1) No person embodied under section 9 shall be required to perform military service beyond the limits of the Union of Myanmar save under a general or special order of the President of the Union.

(2) Any portion of the Myanmar Territorial Force which, having been called out or embodied under section 9, is performing military service shall be replaced by regular troops or otherwise as soon as circumstances permit, and shall not be required to perform such servicer after such replacement has been effected to the satisfaction of the senior military officer in charge or after the cancellation of the order or notification under clause (a) or (b), as the case may be, of section 9.

11. (1) * * * *

(2) Every [commissioned officer] of the Myanmar Territorial Force, when doing duty as such officer, shall be subject to the Myanmar Army Act, and the rules and regulations made thereunder, whereupon the said Act, rules and regulations shall apply to him as if he held the same rand in [the Myanmar Forces] as he holds for the time being in the said Force, subject to the terms of his commission and the orders of the President of the Union.

(3) Every non-commissioned officer and man of the Myanmar Territorial Force,-

(a) when called out or embodied for military service under section 9,

(b) when attached to , or otherwise acting as part of, or with, any regular force, or

(c) when embodied for, or otherwise undergoing, military training in the prescribed manner,

shall be subject to the Myanmar Army Act, and the rules and regulations made there-under, whereupon the said Act, rules and regulations shall apply to him as if he held the same rank in [the Myanmar Forces] as he holds for the time being in the said Force, subject to the orders of the President of the Union:

Provided that the said Act, rules and regulations shall, in their application to such non-commissioned officers and men when embodied for or otherwise undergoing military training, be modified to such extent and in such manner as may be prescribed:

Provided further that non-commissioned officers and men of an urban corps or unit, when undergoing military training without having been embodied for that purpose, and non-commissioned officers and men of a University Corps when undergoing training, shall, in respect of such training, be subject only to such disciplinary and other rules as may be prescribed.

(4) Where an offence punishable under the Myanmar Army Act, or, as the case may be, under that Act as modified under sub-section (3), has been committed by any person whilst subject to that Act under the provisions of this section, such person may be taken into and kept in military custody and tried and punished for such offence, although he has ceased to be so subject as aforesaid, in like manner as he might have been taken into and kept in military custody, tried or punished, if he had continued to be so subject:

Provided that no such person shall be kept in military custody after he has ceased to belong to the Myanmar Territorial Force, unless he has been taken into or kept in military custody on account of the offence before the date on which he ceased so to belong; nor shall he be kept in military custody or be tried or punished for the offence after the expiry of two months from that date, unless his trial has already commenced before such expiry. <Amendment 18.06.1989>

Summary trial and punishments.

11A. In addition to, or in substitution for, any punishment or punishments to which he may be liable under the Myanmar Army Act, [any commissioned officer,] non-commissioned officer or man of the Myanmar Territorial Force, not being a member of a University Corps, may be punished, either by a criminal Court or summarily by order of the preseribed authority, for any offence under that Act, with fine which may extend to fifty rupees, to be recovered in such manner and by such authority as may be prescribed:

Provided that no fine shall be summarily inflicted by order of the prescribed authority in any case in which the accused claims to be tried by a criminal Court:

Provided further that no Court inferior to that of a Magistrate of the first class shall try any offence made punishable by or under this Act. <Amendment 18.06.1989>

Presumption as to certain documents.

11B. Where [any commissioned officer,] non-commissioned officer or man of the Myanmar Territorial Force is required, by or in pursuance of any rule, regulation or order made under this Act, to attend at any place, a certificate purporting to be signed by the prescribed officer, stating that the person so required to attend failed to do so in accordance with such requirement, shall, without proof of the signature or appointment of such officer, be evidence of the matters stated therein. <Amendment 18.06.1989>

Advisory Committees.

12. (1) The President of the Union shall constitute a Central Advisory Committee to advise him on matters connected with the Territorial Force and a Unit Advisory Committee for each unit.

(2) * * * *

(3) The constitution, powers and procedure of the Advisory Committees shall be such as may be prescribed.

Power to make rules.

13. (1) The President of the Union may, after previous publication, make rules to carry out the purposes of this Act.

(2) In particular, and without prejudice to the generality of the foregoing powers, such rules may-

(a) prescribe the manner in which, the period for which and the conditions subject to which, persons may be enrolled under section 5;

(b) prescribe the manner in which persons enrolled may be appointed to corps and units under section 6 or transferred under section 7 or section 7A;

(c) prescribe the authorities by which and the conditions subject to which persons enrolled may be discharged under section 8;

(d) prescribe preliminary and periodical military tranining, compulsory and voluntary, for any persons or class of persons enrolled and provide for the embodiment of any corps or unit for that purpose;

(e) prescribe the military or other obligations to which members of a University Corps shall be liable when undergoing military training and provide generally for the maintenance of discipline in such cases;

(f) provide for the medical examination of persons offering themselves for enrolment under section 5;

(g) provide for and regulate the remuneration, allowances, gratuities or compensation (if any) to be paid to any person or class of persons enrolled or to their dependants; and

(h) provide for any other matter which under this Act is to be or may be prescribed.

(3) All rules made under this Act shall be published in the Gazette, and on such publication shall have effect as if enacted in this Act.

Power to make regulations.

14. (1) The General Officer Commanding the Forces in the Union of Myanmar may make regulations consistent with this Act and the rules made thereunder providing generally for all details connected with the organisation and personnel of the Myanmar Territorial Force and for the duties, military training, clothing, equipment, allowances and leave of persons enrolled.

(2) In particular, and without prejudice to the generality of the foregoing power, such regulations may specify the courses of training or instruction to be followed by any person or class of persons enrolled. <Amendment 18.06.1989>

Certain persons subject to this Act to be deemed part of the Myanmar Army for certain purposes.

15. For the purposes of sections 128, 130 and 131 of the Code of Criminal Procedure, all [commissioned officers,] non-commissioned officers and men of the Myanmar Territorial Force who have been appointed to a corps or unit shall be deemed to be [commissioned officers,] non-commissioned officers and soldiers, respectively, of [the Myanmar Army.] <Amendment 18.06.1989>

Exemption from local taxation.

16. No person shall be liable to pay any municipal or other tax in respect of any horse, bicycle, motor-bicycle, motor car, or other means of conveyance which he is authorised by regulations made under section 14 to maintain in his capacity as a member of the Myanmar Territorial Force. <Amendment 18.06.1989>

Footnote

[ပင်ရင်း- The Burma Code Volume (II) မှ ကူးယူတင်ပြသည်။]


စကားရပ်များပြောင်းလဲသတ်မှတ်သည့်ဥပဒေ (၁၉၈၉ ခုနှစ်)

[ပြင်ဆင်ရန်]

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့

စကားရပ်များပြောင်းလဲသတ်မှတ်သည့်ဥပဒေ

(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၅/၈၉)

၁၃၅၁ ခုနှစ်၊ နယုန်လဆန်း ၁၅ ရက်

( ၁၉၈၉ ခုနှစ်၊ ဇွန်လ ၁၈ ရက်)

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို စကားရပ်များပြောင်းလဲ သတ်မှတ်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သည့် တည်ဆဲဥပဒေများပါ “Union of Burma” ဆိုသည့် စကားရပ်အစား “Union of Myanmar” ဆိုသည့် စကားရပ်ကို လည်းကောင်း၊ “Burma” သို့မဟုတ် “Burman” သို့မဟုတ် “Burmese” ဆိုသည့် စကားရပ်အစား “Myanmar” ဆိုသည့် စကားရပ်ကိုလည်းကောင်း ထည့်သွင်းရမည်။

၃။ (က) အင်္ဂလိပ်ဘာသာဖြင့် လက်ရှိရေးသား သုံးစွဲလျက်ရှိသည့် ပြည်နယ်၊ တိုင်း၊ မြို့နယ်စု၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သို့မဟုတ် ကျေးရွာတစ်ခုခု၏ အမည်အခေါ်အဝေါ်ကို လည်းကောင်း၊ မြစ်၊ ချောင်း၊ တော၊ တောင် သို့မဟုတ် ကျွန်း တစ်ခုခု၏ အမည်အခေါ်အဝေါ်ကို လည်းကောင်း၊ မြန်မာအသံထွက်နှင့် ကိုက်ညီအောင်အင်္ဂလိပ်ဘာသာဖြင့် ပြင်ဆင်ရေးသားရန် လိုအပ်လျှင် အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ပြင်ဆင်သတ်မှတ်နိုင်သည်၊

(ခ) ပုဒ်မခွဲ (က) အရ အစိုးရအဖွဲ့က ထုတ်ပြန်သော အမိန့်ကြော်ငြာစာတွင် ပါရှိသည့် အမည်တစ်ခုခု သည် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သည့် တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် ပါရှိနေလျှင် ယင်းအမည်ကို အဆိုပါအမိန့်ကြော်ငြာစာတွင် အင်္ဂလိပ်ဘာသာဖြင့် ပြင်ဆင်ရေးသားထားသည့်အတိုင်း ပြင်ဆင်ပြီးဖြစ် သည်ဟု မှတ်ယူရမည်။

Footnote

[ပင်ရင်း- ပြည်ထောင်စုမြန်မာနိုင်ငံတော် ၁၉၈၉ ခုနှစ် ဥပဒေများ၊ နည်းဥပဒေများစာအုပ်မှ ကူးယူတင်ပြသည်။]

မာရှယ်လော တရားစီရင်ရေး ၁/၈၉

[ပြင်ဆင်ရန်]

ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့

(မာရှယ်လော (Martial Law) အမိန့်အမှတ် ၁/ ၈၉ အရ စစ်တိုင်းမှူးများအား တရားစီရင်ရေး ဆိုင်ရာအာဏာအပ်နှင်းခြင်း)

မာရှယ်လော (Martial Law) အမိန့်အမှတ် ၂/ ၈၉

ရန်ကုန်မြို့၊ ၁၃၅၁ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်

(၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်)

၁။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့စွဲပါ မာရှယ် လော (Martial Law) အမိန့်အမှတ် ၁/၈၉ အရ သက်ဆိုင်ရာ စစ်တိုင်းမှူးများသည် တရားစီရင်ရေး ဆိုင်ရာ မာရှယ်လော (Martial Law) အာဏာကိုကျင့်သုံးရာတွင် ပြစ်မှုကျူးလွန်သူများကို တည်ဆဲဥပ ဒေအရ ဖွဲ့စည်းထားသော တရားရုံးဖြင့် ဖြစ်စေ၊ မိမိတို့က ဖွဲ့စည်းထားသော စစ်ခုံရုံးများဖြင့်ဖြစ်စေ ကြားနာ စစ်ဆေးစီရင်စေနိုင်သည်။

၂။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ထုတ်ပြန်ထားသော အမိန့်ကိုဖြစ်စေ၊ အစိုးရအဖွဲ့ က ထုတ်ပြန်ထားသော အမိန့်ကိုဖြစ်စေ၊ သက်ဆိုင်ရာ စစ်တိုင်းမှူးက ထုတ်ပြန်သော အမိန့်ကိုဖြစ်စေ အာဏာဖီဆန်သော အမှုများကို စစ်ခုံရုံးဖြင့်သာ ကြားနာစစ်ဆေးစီရင်စေရမည်။

၃။ တည်ဆဲဥပဒေများတွင် မည်သို့ပင်ပါရှိစေကာမူ စစ်ခုံရုံးကပြစ်မှုထင်ရှား စီရင်ပါက အောက်ပါပြစ် ဒဏ် တစ်မျိုးမျိုးကို ချမှတ်ရမည်-

(က) သေဒဏ်၊

(ခ) တစ်သက်တစ်ကျွန်းဒဏ်၊

(ဂ) သုံးနှစ်အောက်မလျော့သော အလုပ်နှင့် ထောင်ဒဏ်သို့မဟုတ် သုံးနှစ်အောက် မလျော့သော အလုပ် နှင့် ထောင်ဒဏ်အပြင် ငွေဒဏ်။

၄။ စစ်ခုံရုံးများသည် ပြစ်မှုဆိုင်ရာ ပြစ်မှုများကို အကျဉ်းနည်းဖြင့် စစ်ဆေးစီရင်နိုင်သည်။

၅။ စစ်ခုံရုံးများသည် ပြစ်မှုများကို အကျဉ်းနည်းဖြင့် ကြားနာစစ်ဆေးရာတွင် အောက်ပါလုပ်ပိုင်ခွင့်များ ရှိသည်-

(က) မလိုအပ်သော သက်သေများကို ပယ်ခြင်း၊

(ခ) လိုအပ်သော သက်သေများကို ခေါ်ယူစစ်ဆေးခြင်း၊

(ဂ) ပြစ်မှုကျူးလွန်ကြောင်း အထောက်အထား ပေါ်လွင်ထင်ရှားလျှင် တရားလိုပြသက်သေများကို ဆက်လက်စစ်ဆေးခြင်းမပြုဘဲ စွဲချက်တင်ခြင်း၊

(ဃ) ကြားနာစစ်ဆေးပြီးသော သက်သေများကို ပြန်ခေါ်ယူ၍ ကြားနာစစ်ဆေးရန် ငြင်းပယ်ခြင်း၊

(င) စစ်ခုံရုံးအဖွဲ့ဝင် ပြောင်းလဲမှုကို အကြောင်းပြု၍ စစ်ဆေးဆဲ ပြစ်မှုကို အစမှပြန်စစ်ရန် တောင်းဆို သည်ကို ငြင်းပယ်ခြင်း။

၆။ စစ်ခုံရုံးက ချမှတ်သော ဆုံးဖြတ်ချက်များနှင့် စီရင်ချက်များသည် အပြီးအပြတ်ဖြစ်စေရမည်။ သို့ရာ တွင် သေဒဏ် သို့မဟုတ် တစ်သက်တစ်ကျွန်း ထောင်ဒဏ်စီရင်ပါက ထိုသို့စီရင်ခြင်းသည် သက်ဆိုင်ရာ စစ်တိုင်းမှူးက အတည်ပြုချက်ရရှိမှသာ အတည်ဖြစ်သည်။

၇။ စစ်ခုံရုံးက ထောင်ဒဏ်သုံးနှစ် စီရင်ပါက ထိုသို့စီရင်ခြင်းနှင့် စပ်လျဉ်း၍ ရက်ပေါင်း (၃၀)အတွင်း သက်ဆိုင်ရာ စစ်တိုင်းမှူးထံ ပြင်ဆင်မှု တင်သွင်းနိုင်သည်။

၈။ စစ်ခုံရုံးက သေဒဏ် သို့မဟုတ် တစ်သက်တစ်ကျွန်းဒဏ် သို့မဟုတ် သုံးနှစ်ထက်ကျော်သော ပြစ်ဒဏ် ကိုစီရင်ပါက ထိုသို့စီရင်ခြင်းနှင့်စပ်လျဉ်း၍ ရက်ပေါင်း (၃၀) အတွင်း ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ထံ ပြင်ဆင်မှု တင်သွင်းနိုင်သည်။

၉။ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည် စစ်ခုံရုံးက ချမှတ်သော ဆုံးဖြတ်ချက်၊ စီရင်ချက်၊ ပြစ်ဒဏ်တို့ နှင့် စပ်လျဉ်း၍ မိမိသဘောအလျောက် လိုအပ်သလို ပြင်ဆင်နိုင်သည်။

၁၀။ အပိုဒ် ၆ အရ စစ်တိုင်းမှူးသည် စစ်ခုံရုံးကချမှတ်သော ဆုံးဖြတ်ချက်၊ စီရင်ချက်တို့ကို အတည်ပြု ခြင်းနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့်များကို ကျင့်သုံးရာတွင်လည်းကောင်း၊ အပိုဒ်မ ၈ အရ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)သည် ပြင်ဆင်မှုနှင့်ပတ်သက်၍ လုပ်ပိုင်ခွင့်များကို ကျင့်သုံးရာတွင်လည်းကောင်း အောက်ပါလုပ်ပိုင်ခွင့်များရှိသည်-

(က) ပြစ်မှုထင်ရှား စီရင်ခြင်းကို အတည်ပြုခြင်း၊

(ခ) ပြစ်မှုထင်ရှား စီရင်ခြင်းကို ပယ်ဖျက်ခြင်း၊

(ဂ) ပြစ်ဒဏ်ကို လျှော့ပေါ့စေခြင်း၊

(ဃ) ပြစ်ဒဏ်ကို ပို၍နိမ့်သော ပြစ်ဒဏ် အမျိုးအစားသို့ လျှော့ပေါ့ပြောင်းလဲခြင်း။

၁၁။ အပိုဒ် ၇ အရ စစ်တိုင်းမှူးသည် ပြင်ဆင်မှုနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့်များကို ကျင့်သုံးရာတွင် လည်းကောင်း၊ အပိုဒ်မ ၉ အရ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)သည် ပြင်ဆင်မှုနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့်များကို ကျင့်သုံးရာတွင်လည်းကောင်း အောက်ပါလုပ်ပိုင်ခွင့်များရှိသည်-

(က) ပြစ်မှုထင်ရှား စီရင်ခြင်းကို အတည်ပြုခြင်း၊

(ခ) ပြစ်မှုထင်ရှား စီရင်ခြင်းကို ပယ်ဖျက်ခြင်း၊

(ဂ) ပြစ်ဒဏ်ကို လျှော့ပေါ့စေခြင်း၊

(ဃ) ပြစ်ဒဏ်ကို ပို၍နိမ့်သော ပြစ်ဒဏ် အမျိုးအစားသို့ လျှော့ပေါ့ပြောင်းလဲခြင်း၊

(င) ပြစ်ဒဏ်ကို တိုးမြှင့်ခြင်း။

(ပုံ)စောမောင် ဗိုလ်ချုပ်ကြီး ဥက္ကဋ္ဌ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့

စစ်ဘက်ရာထူးနှင့် အဆင့်အခေါ်အဝေါ်များသုံးစွဲခြင်းကိုကန့်သတ်သည့်ဥပဒေ (၁၉၈၉ ခုနှစ်)

[ပြင်ဆင်ရန်]

ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့

စစ်ဘက်ရာထူးနှင့် အဆင့်အခေါ်အဝေါ်များသုံးစွဲခြင်းကိုကန့်သတ်သည့်ဥပဒေ

(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၂၆/၈၉)

ရန်ကုန်မြို့၊ ၁၃၅၁ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်

(၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်)

[ ပြင်ဆင် : 07.10.2014 ]

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည်၊ အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို စစ်ဘက်ရာထူးနှင့် အဆင့်အခေါ်အဝေါ်များ သုံးစွဲခြင်းကို ကန့်သတ်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်းအဓိပ္ပာယ်သက်ရောက်စေ ရမည် -

(က) စစ်ဘက်ရာထူးအခေါ်အဝေါ် ဆိုသည်မှာ တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် သတ်မှတ်သုံးစွဲ သည့်ရာထူးအခေါ်အဝေါ်ကို ဆိုသည်။

(ခ) စစ်ဘက်အဆင့်အခေါ်အဝေါ် ဆိုသည်မှာ တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် သတ်မှတ်သုံး စွဲသည့် အဆင့်အခေါ်အဝေါ်ကို ဆိုသည်။

(ဂ) တပ်မတော်အငြိမ်းစား ဆိုသည်မှာ တပ်မတော်အငြိမ်းစားလစာနှင့် ဆုကြေးစည်းမျဉ်းဥပဒေအရ အငြိမ်းစားလစာကိုဖြစ်စေ၊ မစွမ်းမသန်မှုအငြိမ်းစားလစာကိုဖြစ်စေ ခံစားခွင့်ရရှိပြီးသူကို ဆိုသည်။ ယင်းစကားရပ်တွင် စစ်မှုထမ်းစဉ် ကွယ်လွန်သူနှင့် အငြိမ်းစားယူပြီးနောက် ကွယ်လွန်သူလည်း ပါဝင်သည်။

အခန်း (၂)

စစ်ဘက်အဆင့်အခေါ်အဝေါ်များသုံးစွဲခြင်း

၃။ တပ်မတော်အငြိမ်းစားတစ်ဦးသည် -

(က) စစ်ဘက်အမှုထမ်းဆောင်ချိန်တွင် နောက်ဆုံးရရှိခဲ့သော စစ်ဘက်အဆင့်အခေါ်အဝေါ်ကို မိမိအမည်နှင့် ယှဉ်တွဲ၍ အသုံးပြုပါက ယင်းစစ်ဘက် အဆင့်ခေါ်အဝေါ်ကို မိမိအမည်၏ရှေ့၌ထားပြီး အငြိမ်းစားဟူသော စကားရပ်ကိုကွင်းစကွင်းပိတ်ဖြင့် မိမိအမည်၏နောက်၌ထား၍ ခေါ်ဝေါ်သုံးစွဲနိုင် သည်၊

(ခ) ပုဒ်မခွဲ (က) အရ ခေါ်ဝေါ်သုံးစွဲသည့်အခါ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့ကို ချီးမြှင့်အပ်နှင်းခြင်းခံရသူဖြစ်ပါက ယင်းဘွဲ့အမည်ကို စစ်ဘက်အဆင့်အခေါ်အဝေါ်၏နောက် မိမိအမည်၏ရှေ့၌ ထား၍ခေါ်ဝေါ်သုံးစွဲရမည်၊

(ဂ) အထက်ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) အရ မိမိ၏အမည်ကို သုံးစွဲရာတွင် “ဦး” ဆိုသည့်စကားရပ်ကို ထည့်သွင်းသုံးစွဲခြင်းမပြုရ။ <ပြင်ဆင် 07.10.2014>

အခန်း (၃)

တားမြစ်ချက်

၄။ တပ်မတော် (ကြည်း၊ ရေ၊ လေ) တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော စစ်မှုထမ်းများအနက် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် စစ်ဘက်အဆင့် အခေါ်အဝေါ်ကို လည်းကောင်း၊ အငြိမ်းစားဟူသော စကားရပ်ကိုလည်းကောင်း မိမိအမည်နှင့် ယှဉ်တွဲ၍ သုံးစွဲခြင်းမပြုရ -

(က) စစ်မှုထမ်းခြင်းမှ နုတ်ပယ်ခြင်းခံရသူ၊

(ခ) စစ်မှုထမ်းခြင်းမှ ထုတ်ပစ်ခြင်းခံရသူ၊

(ဂ) ရှုတ်ချ၍ အမြဲတမ်းထုတ်ပစ်ခြင်းခံရသူ၊

(ဃ) စစ်မှုထမ်းသက် ဆုကြေးသာရရှိသူ။

၅။ တပ်မတော်အငြိမ်းစားတစ်ဦးသည် ဤကိစ္စအလို့ငှာ ကာကွယ်ရေးဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်ထားသော ပြစ်မှုတစ်ရပ်ရပ်ဖြင့် သက်ဆိုင်ရာတရားရုံးက ပြစ်မှုထင်ရှားတွေ့ရှိ၍ ထောင်ဒဏ် စီရင်ခြင်းခံရလျှင် ပုဒ်မ ၃ ပါ အခွင့်အရေးကို သုံးစွဲခွင့် မရှိစေရ။

၆။ မည်သူမဆို စစ်မှုထမ်းဆောင်ချိန်က တာဝန်ယူခဲ့သော စစ်ဘက်ရာထူးအခေါ်အဝေါ်ကို မိမိ အမည်နှင့်ယှဉ်တွဲ၍ သုံးစွဲခြင်းမပြုရ။

အခန်း (၄)

ပြစ်ဒဏ်

၇။ မည်သူမဆိုပုဒ်မ ၄၊ ပုဒ်မ ၅ နှင့် ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ငါးနှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးထောင်အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်။

အခန်း (၅)

အထွေထွေ

၈။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် နိုင်ငံတော်ကချီးမြှင့်သည့်ဂုဏ်ထူးဆောင် ဘွဲ့ကိုဖြစ်စေ၊ ဂုဏ်ထူး ဆောင်တံဆိပ်ကိုဖြစ်စေ၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ကိုဖြစ်စေ ချီးမြှင့်အပ်နှင်းခြင်းခံရသော သို့မဟုတ် လွတ်လပ်ရေးမော်ကွန်းဝင်အဖြစ် အသိအမှတ်ပြုခြင်း ခံရသော တပ်မတော်အငြိမ်းစားတစ်ဦးက သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့်အညီ ယင်းဘွဲ့တံဆိပ်အမည်ကိုသော်လည်းကောင်း၊ လွတ်လပ် ရေး မော်ကွန်းဝင်အဆင့်ကိုသော်လည်းကောင်း မိမိအမည်နှင့်တွဲ၍ သုံးစွဲခြင်းနှင့် သက်ဆိုင်ခြင်းမရှိစေရ။

၉။ ဤဥပဒေအရ အရေးယူရန်လိုအပ်လျှင် ကာကွယ်ရေးဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ဖြင့်သာ တရားစွဲဆိုခြင်းပြုရမည်။

၁၀။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာနသည်-

(က) လိုအပ်ပါက နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) လိုအပ်ပါက အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။ <ပြင်ဆင် 07.10.2014>

(ပုံ) စောမောင် ဗိုလ်ချုပ်ကြီး ဥက္ကဋ္ဌ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့

တပ်မတော်ဆိုင်ရာသယ်ယူပို့ဆောင်ရေးအသုံးပြုခြင်းဥပဒေ (၂၀၁၀ ခုနှစ်)

[ပြင်ဆင်ရန်]

ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

တပ်မတော်ဆိုင်ရာသယ်ယူပို့ဆောင်ရေးအသုံးပြုခြင်းဥပဒေ

(နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်၊ ၃၀/၂၀၁၀)

၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်

(၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်)

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည်အောက်ပါဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို တပ်မတော်ဆိုင်ရာသယ်ယူပို့ဆောင်ရေးအသုံးပြုခြင်းဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသောစကားရပ်များသည် အောက်ဖော်ပြပါအတိုင်းအဓိပ္ပာယ်သက်ရောက်စေရမည်-

(က) လမ်းဆိုသည်မှာ လမ်းနှင့်တံတားအသုံးပြုခြင်းဆိုင်ရာဥပဒေအရ လုပ်ထုံးလုပ်နည်းဖြင့် သတ်မှတ်ထား သော လမ်းနှင့် ယင်းလမ်း၏နယ်နိမိတ် သို့မဟုတ် လမ်းမကြီးနှင့် ယင်းလမ်းမကြီး၏နယ်နိမိတ်ကိုဆိုသည်။

(ခ) တံတားဆိုသည်မှာ လမ်းနှင့်တံတားအသုံးပြုခြင်းဆိုင်ရာဥပဒေအရ လုပ်ထုံးလုပ်နည်းဖြင့် သတ်မှတ်သော တံတားကို ဆိုသည်။

(ဂ) ရေဆိပ်ဆိုသည်မှာ ပင်လယ်ဆိပ်ခံတံတား၊ သင်္ဘောကပ်ရန်တံတား၊ ဆိပ်ကမ်း၊ ဆိပ်ခံတံတား၊ ရေယာဉ်ဆိုက်ကပ်ရန် သတ်မှတ်ထားသော နေရာကို ဆိုသည်။

(ဃ) ယာဉ်ဆိုသည်မှာ စက်စွမ်းအားဖြင့်ဖြစ်စေ၊ စွမ်းအင်တစ်မျိုးမျိုးဖြင့်ဖြစ်စေ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတွင် မောင်းနှင်သွားလာသည့်ယာဉ် တစ်မျိုးမျိုးကို ဆိုသည်။

(င) အသုံးပြုခဆိုသည်မှာ သတ်မှတ်ထားသော အခွန်အကောက်ငွေ၊ သတ်မှတ်သည့်နှုန်းထား၊ ငှားရမ်းခ၊ အခကြေးငွေနှင့် တောင်းဆိုသည့် စရိတ်စကတို့ကို ဆိုသည်။

(စ) စစ်မှုထမ်းဆိုသည်မှာ တပ်မတော်အရာထမ်း၊ အမှုထမ်းအားလုံးကို ဆိုသည်။

၃။ အောက်ဖော်ပြပါလူပုဂ္ဂိုလ်များ၊တိရစ္ဆာန်များနှင့်ပစ္စည်းများသည် သယ်ယူပို့ဆောင်ရေးအသုံးပြုခြင်းဆိုင်ရာ အသုံးပြုခ ပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရှိရမည်-

(က) လူပုဂ္ဂိုလ်များ

(၁) စစ်မှုထမ်းများ၊

(၂) တပ်မတော်၏အစိတ်အပိုင်းတစ်ခုခုက တာဝန်ပေးအပ်ခြင်းခံရသူများ၊

(၃) တပ်မတော်၏အစိတ်အပိုင်းတစ်ခုခုတွင် အမှုထမ်းရွက်နေသူများ၊

(၄) တပ်မတော်၏အစိတ်အပိုင်းတစ်ခုခုနှင့် လိုက်ပါလာကြသူများ၊

(၅) စစ်မှုထမ်း၏ မိသားစုဝင်များ၊

(၆) စစ်ဘက်အစောင့်အရှောက်နှင့် ခေါ်ဆောင်လာသော အချုပ်သားများ။

(ခ) တိရစ္ဆာန်များ

(၁) တပ်မတော်ပိုင်သော သို့မဟုတ် တပ်မတော်က အသုံးပြုသော ဝန်တင်တိရစ္ဆာန်များနှင့် ခွေးများ၊

(၂) စစ်မှုထမ်းများကို ကျွေးမွေးရန်အတွက် သယ်ဆောင်လာသည့် တိရစ္ဆာန်အားလုံး။

(ဂ) ပစ္စည်းများ

(၁) နိုင်ငံတော်ပိုင်၊တပ်မတော်ပိုင် သို့မဟုတ် စစ်မှုထမ်းပိုင် ပစ္စည်းများ၊

(၂) တပ်မတော်ပိုင် ယာဉ်တစ်မျိုးမျိုး၊

(၃) တပ်မတော်အတွက် ငှားရမ်းအသုံးပြုသော ယာဉ်တစ်မျိုးမျိုး။

၄။ ပုဒ်မ ၃ ပါ လူပုဂ္ဂိုလ်များကသော်လည်းကောင်း၊ တိရစ္ဆာန်များနှင့် ပစ္စည်းများကိုသော်လည်းကောင်း တာဝန်အရဖြစ်စေ၊ လေ့ကျင့်ရေးသင်တန်းများအတွက်ဖြစ်စေ ရေဆိပ်၊ လေဆိပ်၊ ကားဂိတ်၊ ဘူတာရုံနှင့် ယင်းတို့၏ပရိဝုဏ် နယ်မြေများ၊ လမ်း နှင့်တံတားများ၊ ကူးတို့ရေယာဉ်များ အသုံးပြုခြင်းတို့အတွက် အသုံးပြုခ ကောက်ခံခြင်းမပြုရ။

၅။ ပုဒ်မ ၃ ပါ လူပုဂ္ဂိုလ်၊ တိရစ္ဆာန်နှင့်ပစ္စည်းများ လိုက်ပါသယ်ဆောင်လာသည့်ယာဉ်သည် တပ်မတော်ပိုင် သို့မဟုတ် တပ်မတော် အတွက် ငှားရမ်းအသုံးပြုသည့် ယာဉ်မဟုတ်ပါက သတ်မှတ်ထားသည့် အသုံးပြုခ ပေးဆောင်ရမည်။

၆။ ပုဒ်မ ၄ ပါ နေရာများ၌ နိုင်ငံတော်ပိုင်၊ တပ်မတော်ပိုင် သို့မဟုတ် စစ်မှုထမ်းပိုင်ပစ္စည်းများအား တပ်အစီ အစဉ်ဖြင့် ယာဉ်ပေါ်တင်ခြင်း၊ ယာဉ်ပေါ်မှ ချခြင်းကိုပြုလုပ်ရာတွင် မည်သည့်အခွန်အခမျှ ကောက်ခံခြင်းမပြုရ။

၇။ မည်သူမဆို ပုဒ်မ ၄ သို့မဟုတ် ပုဒ်မ ၆ကို ဆန့်ကျင်၍ အသုံးပြုခကောက်ခံကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူ ကို သုံးလ ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမည်။

၈။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များကို ထုတ် ပြန်နိုင်သည်။

၉။ The Tolls (Army) Act. ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

(ပုံ)သန်းရွှေ ဗိုလ်ချုပ်မှူးကြီး ဥက္ကဋ္ဌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

နိုင်ငံတော်ကာကွယ်ရေးအဆောက်အအုံနှင့် လုပ်ငန်းများဥပဒေ (၂၀၁၀ ခုနှစ်)

[ပြင်ဆင်ရန်]

ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ

နိုင်ငံတော်ကာကွယ်ရေးအဆောက်အအုံနှင့် လုပ်ငန်းများဥပဒေ

( နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်၊ ၃၁/၂၀၁၀)

၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်

(၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်)

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

[ပြင်ဆင်ရန်]

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို နိုင်ငံတော်ကာကွယ်ရေး အဆောက်အအုံနှင့် လုပ်ငန်းများ ဥပဒေဟုခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) မြေ ဆိုသည်မှာ မြေနှင့်မြေမှဖြစ်ထွန်းပေါ်ပေါက်သည့် အကျိုးခံစားခွင့်များနှင့် မြေ၌တွဲလျက် တည်ရှိနေသည့်အရာများ သို့မဟုတ် မြေ၌တွဲလျက်တည်ရှိနေသည့် မည်သည့်အရာတွင်မဆို အမြဲစွဲကပ်ထားသည့် အရာများကို ဆိုသည်။

(ခ) အကျိုးသက်ဆိုင်သူ ဆိုသည်မှာ ဤဥပဒေအရ မြေကိုအသုံးပြုခွင့်နှင့် အကျိုးခံစားခွင့်အပေါ် ကန့်သတ် ချက်များ ချမှတ်ခြင်းကြောင့် ပေးလျော်ရမည့် လျော်ကြေးအား တောင်းဆိုပိုင်ခွင့်ရှိသူများကို ဆိုသည်။ ယင်း စကားရပ်တွင် မြေနှင့်စပ်လျဉ်း၍ မိမိရမြဲဖြစ်သော အကျိုးခံစားခွင့်များ ရရှိထားသူလည်း ပါဝင်သည်။

(ဂ) တပ်မှူး ဆိုသည်မှာ ကာကွယ်ရေးအဆောက်အအုံ သို့မဟုတ် လုပ်ငန်းတစ်ရပ်အား ကွပ်ကဲနေသူကို ဆိုသည်။

(ဃ) ကောလိပ်တော်အရာရှိ ဆိုသည်မှာ ဤဥပဒေအရမြေနှင့် အခွန်ကိစ္စလုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင် သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး/ အုပ်ချုပ်ရေးအရာရှိကို ဆိုသည်။

အခန်း(၂)

[ပြင်ဆင်ရန်]

ကန့်သတ်ချက်များ ချမှတ်ခြင်း

၃။ (က) နိုင်ငံတော်ကာကွယ်ရေးအဆောက်အအုံ သို့မဟုတ် လုပ်ငန်း၏အနီးဝန်းကျင်ရှိ မြေတွင်ဖြစ်စေ၊ နိုင်ငံတော်ကာကွယ်ရေး အဆောက်အအုံ သို့မဟုတ် လုပ်ငန်းအတွက် အသုံးပြုရန် သို့မဟုတ် ရယူရန် ရည်ရွယ်သည့် အနီးဝန်းကျင်ရှိ မြေတွင်ဖြစ်စေ၊ အဆောက်အအုံနှင့် အခြားဆောက်လုပ်မှုများ မရှိစေရေးအတွက် အသုံးပြုခြင်းနှင့် အကျိုးခံစားခြင်းအပေါ် ကန့်သတ်ချက်များ ချမှတ်ရန် လိုအပ်သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထင်မြင်ယူဆသည့်အခါ ယင်းကိစ္စအတွက် ကြေညာချက် ထုတ်ပြန်ရမည်။

(ခ) ပုဒ်မခွဲ(က)အရ ထုတ်ပြန်သည့် ကြေညာချက်ကို မြန်မာနိုင်ငံပြန်တမ်းတွင် ထုတ်ပြန်ကြေညာရမည်။ ထို့အပြင် ၆ လက်မ ၁ မိုင် စကေးထက်မငယ်သော မြေပုံကြမ်းတွင် မြေတည်ရှိရာခရိုင် သို့မဟုတ် အခြား နယ်မြေအပိုင်းအခြားကို ဖော်ပြရမည့် အပြင် ပုဒ်မ ၆တွင် ရည်ညွှန်းထားသော နယ်နိမိတ်ကို ဖော်ပြရမည်။

(ဂ) ကောလိပ်တော်အရာရှိသည် ယင်းကြေညာချက်ပါ အကြောင်းအရာကို သက်ဆိုင်ရာနယ်မြေရှိ သင့်လျော် သည့် နေရာများတွင် အများပြည်သူသိရှိရန် နို့တစ်စာထုတ်ပြန်ကြေညာရမည်။

၄။ ပုဒ်မ ၃ အရ ထုတ်ပြန်သောကြေညာချက်သည် သက်ဆိုင်ရာမြေတွင် အဆောက်အအုံများနှင့် အခြား အတား အဆီးများရှိပါက ယင်းတို့မှအပ နောက်ထပ်အဆောက်အအုံနှင့် အတားအဆီးများ ထပ်မံဆောက်လုပ်ခြင်း၊ ထားရှိခြင်းမပြုရန် လိုအပ်ကြောင်းဖော်ပြသည့် အပြီးသတ်သက်သေခံချက် ဖြစ်စေရမည်။

၅။ ကောလိပ်တော်အရာရှိသည် အထက်ပါအတိုင်း ဆောင်ရွက်ခြင်းကြောင့် နစ်နာဆုံးရှုံးမှုအတွက် ပေးလျော်ရန် လိုအပ်သည့် လျော်ကြေးအားလုံးကို အကျိုးသက်ဆိုင်သူအား ပေးလျော်ရမည် သို့မဟုတ် ပေးလျော်ရန် ကမ်းလှမ်း ရမည်။

အခန်း(၃)

[ပြင်ဆင်ရန်]

နိုင်ငံတော်ကာကွယ်ရေးအဆောက်အအုံ သို့မဟုတ် လုပ်ငန်းနှင့် ဆက်စပ်နေသောနယ်မြေများနှင့် စပ်လျဉ်း၍ တားမြစ်ချက်

၆။ အစိုးရအဖွဲ့သည် ပုဒ်မ ၃၊ ပုဒ်မခွဲ (ဂ)အရ ကောလိပ်တော်အရာရှိက နို့တစ်စာထုတ်ပြန်သည့် နေ့ရက်မှစ၍ အဆိုပါမြေ နှင့်စပ်လျဉ်း၍ လိုအပ်ပါက အောက်ပါကန့်သတ်ချက်တစ်ခုခုကို ကြေညာနိုင်သည်-

(က) နိုင်ငံတော်ကာကွယ်ရေးအဆောက်အအုံရှိရာ မြေကွက်၏ နယ်နိမိတ်မှ ကိုက် ၂၀၀၀ အထိ ကွာဝေးသည့် နယ်နိမိတ်အတွင်းတွင်-

(၁) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ စာဖြင့်သဘောတူညီချက်အရ ဆောင်ရွက်ခြင်းမှအပ မြေပြင်တွင် မည်သည့်ပြောင်းလဲခြင်းကိုသော်လည်းကောင်း၊ မြေပြင်ပေါ်ရှိမည်သည့်အဆောက်အအုံ၊ နံရံ၊ တာ သို့မဟုတ် အခြားဆောက်လုပ်မှုအရာကိုမျှ ပြုပြင်ထိန်းသိမ်းခြင်း၊ တည်ဆောက်ခြင်း၊ တိုးချဲ့ဆောက်လုပ်ခြင်း၊ သို့မဟုတ် ပြောင်းလဲခြင်းကိုသော်လည်းကောင်း၊ မပြုရကြောင်း၊

(၂) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏စာဖြင့် သဘောတူညီချက်အရ ဆောင်ရွက်ခြင်းမှအပ မည်သည့် သစ်သား၊ မြေကြီး၊ ကျောက်တုံး ကျောက်ခဲ၊ အုတ်၊ ကျောက်စရစ်၊ သဲ သို့မဟုတ် အခြားအရာကိုမျှ ဆင့်စီ ထားခြင်း၊ သိုလှောင် ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် စုဆောင်းခြင်းမပြုရကြောင်း၊

(၃) စစ်ဘက်ဆိုင်ရာအာဏာပိုင်၏ ကွပ်ကဲမှုအောက်ရှိ မြေနှင့်သက်ဆိုင်သည့် ကိစ္စရပ်တွင်တပ်မှူးက ဤကိစ္စ အလို့ငှာ နည်းလမ်းတကျ လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသည့် ပြည်သူ့ဝန်ထမ်းကိုယ်တိုင်က ဆောင်ရွက်ခြင်းနှင့် အခြားကိစ္စရပ်တွင် ယင်း၏ ကြီးကြပ်မှုဖြင့် တပ်မှူး၏ သဘောတူညီချက်အရ ကောလိပ်တော်အရာရှိက ဆောင်ရွက်ခြင်းတို့မှအပ အခြားတစ်နည်းနည်းဖြင့် မြေတိုင်းတာခြင်း မပြုရကြောင်း၊

(ခ) နိုင်ငံတော်ကာကွယ်ရေးအဆောက်အအုံ သို့မဟုတ် လုပ်ငန်းရှိရာမြေကွက်၏ နယ်နိမိတ်မှ ကိုက် ၁၀၀၀ ထိ ကွာဝေးသည့် နယ်နိမိတ်အတွင်းတွင်-

(၁) ပုဒ်မခွဲ (က)ပါ ကန့်သတ်ချက်များကို မပြုရကြောင်း၊

(၂) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏စာဖြင့် သဘောတူညီချက်အရ ဆောင်ရွက်ခြင်းမှအပ မြေပေါ်တွင် ခိုင်ခံ့သည့် ပစ္စည်းများဖြင့် တည်ဆောက်သည့် မည်သည့်အဆောက်အအုံ၊ နံရံ၊ တာ သို့မဟုတ် အခြား ဆောက်လုပ်မှုကိုမျှ ပြုပြင်ထိန်းသိမ်းခြင်း သို့မဟုတ် ဆောက်လုပ်ခြင်း မပြုရကြောင်း၊

(၃) သစ်ပင်တန်း ခြံစည်းရိုးများ၊ သစ်ပင်တန်းများ သို့မဟုတ် သစ်ပင်အုပ်များ သို့မဟုတ် သစ်သီးခြံများကို ပြုပြင်ထိန်းသိမ်းခြင်း၊ စိုက်ပျိုးခြင်း၊ တိုးချဲ့ခြင်း သို့မဟုတ် ပြောင်းလဲခြင်း မပြုရကြောင်း၊

(ဂ) နိုင်ငံတော်ကာကွယ်ရေးအဆောက်အအုံ သို့မဟုတ် လုပ်ငန်းရှိရာမြေကွက်၏ နယ်နိမိတ်မှ ကိုက် ၅၀၀အထိ ကွာဝေးသည့် နယ်နိမိတ်အတွင်းတွင်-

(၁) ပုဒ်မခွဲ (က)နှင့် (ခ) တို့ပါ ကန့်သတ်ချက်များကို မပြုရကြောင်း၊

(၂) သက်ဆိုင်ရာတပ်မှူး၏စာဖြင့် သဘောတူညီချက်အရ ယာယီခြံစည်းရိုးငယ်များ ပြုလုပ်ခြင်းမှအပ မြေပြင် တွင် မည်သည့်အဆောက်အအုံ သို့မဟုတ် အခြားဆောက်လုပ်မှုကိုဖြစ်စေ၊ မြေအောက်တွင်မည်သည့်တူးဖော်မှု သို့မဟုတ် အဆောက်အအုံ သို့မဟုတ် အခြားဆောက်လုပ်မှုကိုဖြစ်စေ ပြုပြင်ထိန်းသိမ်းခြင်း သို့မဟုတ် ဆောက်လုပ်ခြင်း မပြုရကြောင်း။

အခန်း(၄)

မြေကို အမှတ်အသားပြုလုပ်ခြင်း၊ တိုင်းတာခြင်း၊ မှတ်ပုံတင်ခြင်းနှင့် အသေးစိတ်ပုံရေးဆွဲခြင်း

၇။ ပုဒ်မ ၆ အရ အစိုးရအဖွဲ့က ကြေညာချက်ထုတ်ပြန် ပြီးလျှင်ပြီးချင်း ကောလိပ်တော်အရာရှိသည် သက်ဆိုင်ရာ မြေကို အမှတ်အသားပြုစေခြင်း၊ တိုင်းတာစေခြင်း၊ မှတ်ပုံတင်စေခြင်း၊ အဆောက်အအုံ၊ သစ်ပင်နှင့်အခြား အတားအဆီး အားလုံးကို သတ်မှတ်ချက်များနှင့်အညီ ရေးဆွဲစေခြင်း ပြုရမည်။

အခန်း(၅)

[ပြင်ဆင်ရန်]

ပြစ်မှုနှင့်ပြစ်ဒဏ်များ

၈။ မည်သူမဆို ပုဒ်မ ၆ အရ ကြေညာသည့် ကန့်သတ်ချက်တစ်ရပ်ရပ်ကို တမင်ဆန့်ကျင်ခြင်းပြုကြောင်း သော်လည်းကောင်း၊ ပုဒ်မ ၇ အရ ဆောင်ရွက်နေသူတစ်ဦးဦးကို တမင်တားဆီးပိတ်ပင်ခြင်းသော်လည်းကောင်း၊ ပုဒ်မ ၇ အရ ဆောင်ရွက်သည့်လုပ်ငန်း သို့မဟုတ် မြေမျက်နှာပြင်ကို တမင်ဖျက်ဆီးခြင်း၊ တမင်ထိခိုက်နစ်နာစေ ခြင်း၊ တမင်ပြောင်းလဲခြင်း သို့မဟုတ် အခြားနည်းဖြင့် တမင်နှောင့်ယှက်ခြင်းပြုကြောင်းသော်လည်းကောင်း၊ ဤဥပဒေအရထုတ်ပြန်သော နည်းဥပဒေများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းသော် လည်းကောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်လ ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်ဖြစ်ပြီး ယင်းပြစ်မှုကို ဆက်လက် ကျူးလွန်ပါက ဆက်လက်ကျူးလွန်သော နေ့အသီးသီးအတွက် တစ်ရက်လျှင် ငွေဒဏ် ကျပ် ၁၅၀၀၀စီ ထပ်မံ ကျခံရမည်။ ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သောပစ္စည်းများကို ဖယ်ရှားရခြင်းကြောင့် ကျသင့်သော ကုန်ကျစရိတ်များ ကို တရားရုံးက ဒဏ်ငွေအရ ကောက်ခံသည့်နည်းလမ်းအတိုင်း ကောက်ခံနိုင်သည်။

အခန်း(၆)

[ပြင်ဆင်ရန်]

အထွေထွေ

၉။ ကောလိပ်တော်အရာရှိသည် ဤဥပဒေအရ ညွှန်ကြားထားသော သို့မဟုတ် ခွင့်ပြုထားသော မည်သည့် ကိစ္စကိုမဆို ဆောင်ရွက်ရာတွင် တမင်တားဆီးခြင်းခံရလျှင်ဖြစ်စေ၊ နှောင့်ယှက်ခြင်းခံရလျှင်ဖြစ်စေ၊ လိုအပ်သည့် အကူအညီကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ ရယူဆောင်ရွက်နိုင်သည်။

၁၀။ ဤဥပဒေအရပြုလုပ်သော မည်သည့်ဆုံးဖြတ်ချက် သို့မဟုတ် သဘောတူညီချက်ကိုမျှ တံဆိပ်ခေါင်းခွန် စည်းကြပ်ခြင်း မပြုရ။ ထို့ပြင် အဆိုပါဆုံးဖြတ်ချက် သို့မဟုတ် သဘောတူညီချက်တစ်ရပ်ရပ်အရ တောင်းဆိုသူ မည်သူ့ကိုမဆို ယင်းကို မိတ္တူတစ်စောင်ကူး ယူရန်အတွက် အခကြေးငွေပေးဆောင်ရန် တာဝန်မရှိစေရ။

၁၁။ ပုဒ်မ ၅ အရ ကောလိပ်တော်အရာရှိက ပေးအပ်သည့်လျော်ကြေးငွေနှင့်စပ်လျဉ်း၍-

(က) ကောလိပ်တော်အရာရှိ၏ ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး/ အုပ်ချုပ်ရေးအရာရှိထံသို့ အယူခံနိုင်သည်။

(ခ) ပုဒ်မခွဲ(က)အရ အယူခံခြင်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး/အုပ်ချုပ်ရေးအရာရှိက ချမှတ်သောဆုံးဖြတ်ချက်ကို မကျေနပ်သူသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ အယူခံဝင်ခွင့်ရှိသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် ပြည်ထဲရေးဝန်ကြီး၏ သဘောတူညီချက်ဖြင့် ဆုံးဖြတ်ချက်ချမှတ်ရမည်ဖြစ်ပြီး ယင်း ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။

၁၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်လည်းကောင်း၊ လိုအပ်သော လုပ်ထုံး လုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များကိုလည်းကောင်း ထုတ်ပြန်နိုင်သည်။

၁၃။ The Works of Defence Act, 1903 ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

(ပုံ)သန်းရွှေ ဗိုလ်ချုပ်မှူးကြီး ဥက္ကဋ္ဌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

ပြည်သူ့စစ်မှုထမ်းဥပဒေ (၂၀၁၀ ခုနှစ်)

[ပြင်ဆင်ရန်]

ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ

ပြည်သူ့စစ်မှုထမ်းဥပဒေ

(နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၂၇/၂၀၁၀)

၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်

(၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်)

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး နှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိ သဖြင့် ယင်းတာဝန်ကို ထမ်းဆောင် နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်နိုင်ရန် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အောက်ပါ ဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

[ပြင်ဆင်ရန်]

အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ (က) ဤဥပဒေကို ပြည်သူ့စစ်မှုထမ်းဥပဒေဟု ခေါ်တွင်စေရမည်။

(ခ) ဤဥပဒေသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌက အမိန့်ကြော်ငြာစာ ဖြင့် သတ်မှတ်သည့် နေ့ရက်တွင် စတင် အာဏာတည်ရမည်။

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရ မည်။

(က) ပြည်သူ့စစ်မှုထမ်း ဆိုသည်မှာ ဤဥပဒေအရ စစ်မှုထမ်းဆောင်သည့် နိုင်ငံသားကို ဆိုသည်။

(ခ) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း ဆိုသည်။

(ဂ) တပ်မတော်စက်မှုလက်မှုပညာသည် ဆိုသည်မှာ တပ်မတော်တွင်အမှုထမ်းလျက်ရှိသော ဝန်ထမ်း များအနက် ကာကွယ်ရေး ဌာနကောင်စီ အမိန့်ဖြင့် သတ်မှတ်သော ပညာသည် အုပ်စုဝင်ဇယား၌ ပါဝင်သည့် စက်မှုလက်မှုပညာ ကျွမ်းကျင်သူကို ဆိုသည်။

(ဃ) ကျွမ်းကျင်သူ ဆိုသည်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တက်မြောက်သူ သို့မဟုတ် အခြား အတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်း နေသူများကို ဆိုသည်။

(င) မိသားစုဝင် ဆိုသည်မှာ မိဘ၊ ခင်ပွန်း သို့မဟုတ် ဇနီး၊ သားသမီး၊ ညီအစ်ကို မောင်နှမကို ဆိုသည်။

(စ) သာသနာ့ဝန်ထမ်း ဆိုသည်မှာ အောက်ပါတို့ကို ဆိုသည်-

(၁) ဗုဒ္ဓဘာသာအတွက်ဖြစ်လျှင်၊ ဗုဒ္ဓသာသနာဝန်ကို အစဉ်ထမ်းရွက်နေသော သာသနာနွယ်ဝင် လက်မှတ် ကိုင်ဆောင် ထားသည့် ရဟန်း၊ သာမဏေ နှင့် သီလရှင်၊

(၂) ခရစ်ယာန်ဘာသာအတွက်ဖြစ်လျင် သာသနာဝန်ထမ်းဆောင်ရန် အဓိကအားဖြင့် မိမိကိုယ်ကို ဆက်ကပ်ပြီးသောပုဂ္ဂိုလ်ဟု သက်ဆိုင်ရာ ခရစ်ယာန် အသင်းတော်ကြီးများ (Churches) က အသိအမှတ်ပြု၍ သိက္ခာပေးထားခြင်း ခံရသောပုဂ္ဂိုလ်၊

(၃) ဟိန္ဒူဘာသာအတွက်ဖြစ်လျှင် စံယာစီ၊ မဟန့် သို့တည်းမဟုတ် ဟိန္ဒူဘုန်းတော်ကြီး။

(ဆ) ပညာသင်ကြားနေသူ ဆိုသည်မှာ အစိုးရကဖွင့်လှစ်ထားသော သို့မဟုတ် အသိအမှတ် ပြုထားသော တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့်ကျောင်းများတွင် ပညာသင်ကြားနေသူများကို ဆိုသည်။

အခန်း (၂)

[ပြင်ဆင်ရန်]

ပြည်သူ့စစ်မှုထမ်းရန်ကာလ

၃။ ပြည်သူ့စစ်မှုထမ်းရန်ကာလကို အောက်ပါအတိုင်းသတ်မှတ်သည်-

(က) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းကို (၂၄)လ ထက်မပိုသည့် ကာလ အပိုင်းအခြား အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။

(ခ) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားများအနက် တပ်မတော် စက်မှုလက်မှု ပညာသည်များအဖြစ် အမှုထမ်းရန် ဆင့်ခေါ်ခြင်း ခံရသူများကို (၃၆) လထက် မပိုသည့် ကာလ အပိုင်းအခြားအတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။

(ဂ) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော ကျွမ်းကျင်သူများအား (၃၆) လထက်မပိုသည့် ကာလ အပိုင်းအခြား အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်။

၄။ နိုင်ငံတော်တွင် အရေးပေါ် အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို (၅)နှစ်အထိ တိုးမြှင့် သတ်မှတ်နိုင်သည်။

၅။ ပြည်သူ့စစ်မှုထမ်း၏ စစ်မှုထမ်းသည့်ကာလကို ရေတွက်ရာ၌ စစ်မှုထမ်းဆောင်နေချိန်အတွင်း ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေအရ စစ်တရားရုံးဖြင့် မဟုတ်ဘဲ အခြားနည်းဖြင့် ချမှတ်သော ပြစ်ဒဏ်ကာလကိုလည်းကောင်း၊ စစ်တရားရုံးကဖြစ်စေ၊ နယ်ဘက်တရားရုံးကဖြစ်စေ စစ်ဆေး အပြစ် ပေးသော ပြစ်ဒဏ်ကာလကိုလည်းကောင်း ထည့်သွင်း ရေတွက်ခြင်း မပြုရ။

အခန်း (၃)

[ပြင်ဆင်ရန်]

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ

၆။ အစိုးရအဖွဲ့ သို့မဟုတ် ယင်းက အာဏာအပ်နှင်းထားသော အဖွဲ့အစည်းသည် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းရမည်။

၇။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့သည်-

(က) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့၊ ခရိုင်အဖွဲ့နှင့် မြို့နယ်အဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။

(ခ) ပြည်သူ့စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းခံရသူများအား ဆေးစစ်ဆေးခြင်းကို တပ်မတော် ဆေးစစ်ဆေး ရေး ဘုတ်အဖွဲ့များဖြင့် ဆောင်ရွက်ရမည်။

၈။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် မိမိရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုတွင် နေထိုင်သော နိုင်ငံသားများအနက် ဒီဇင်ဘာလ ၃၁ရက်နေ့တွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူများ၏ စာရင်းကို ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး မြို့နယ်အဖွဲ့သို့ သတ်မှတ်ချက်များနှင့် အညီ နှစ်စဉ် ဇန်နဝါရီလ ၁ ရက်နေ့ အရောက် ပြုစုပေးပို့ရမည်။

၉။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးမြို့နယ်အဖွဲ့သည်-

(က) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ နိုင်ငံသားတိုင်းအားဆင့်ခေါ်၍ မှတ်ပုံတင်ထားရမည်။ ယင်းသို့ မှတ်ပုံတင် ထားခြင်းအတွက် မှတ်ပုံတင်လက်မှတ် ထုတ်ပေးရမည်။

(ခ) မှတ်ပုံတင်လက်မှတ် လက်ဝယ်ရရှိထားပြီးသော စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူကို ဆေးစစ်ရန်အတွက် ဆင့်ခေါ်နိုင်သည်။

၁၀။ (က) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးမြို့နယ်အဖွဲ့၏ ပြည်သူ့စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းခံရသူသည် ဆင့်ခေါ်ရေး အမိန့်စာ၌ ဖော်ပြထားသော တပ် သို့မဟုတ် ဌာနသို့ သတ်မှတ်ကာလအတွင်း မပျက်မကွက် သတင်းပို့ရမည်။

(ခ) ဤဥပဒေနှင့်စပ်လျဉ်းသည့် ကိစ္စတစ်ခုခုအတွက် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ တစ်ဦးဦးထံသို့ ပေးပို့သော ဆင့်ခေါ်ရေးအမိန့်စာကို သက်ဆိုင်ရာပုဂ္ဂိုလ်ထံသို့ ပေးပို့ရမည်။ အကယ်၍ ယင်းပုဂ္ဂိုလ်ကိုမတွေ့ရှိပါက အတူနေမိသားစုဝင် တစ်ဦးဦး၏ လက်ဝယ်သို့ သက်သေတစ်ဦး၏ ရှေ့မှောက်တွင် ပေးအပ်ရမည်။ ထိုဆင့်ခေါ်ရေး အမိန့်စာသည် စစ်မှုထမ်းရမည့်သူသို့ တိုက်ရိုက်ပေး ပြီးဖြစ်သကဲ့သို့ မှတ်ယူရမည်။

၁၁။ နိုင်ငံသားတစ်ဦးသည် ယင်းအားပြည်သူ့စစ်မှုထမ်း အဖြစ် လက်ခံခွင့်ပြုသည့် နေ့မှစ၍ ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေကို လိုက်နာရမည်။

၁၂။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးမြို့နယ်အဖွဲ့သည်-

(က) စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ တစ်ဦးအား စစ်မှုထမ်းရန် ဆင့်ခေါ်ရာတွင် ဆင့်ခေါ်ခြင်းခံရသူက မိမိအားစစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့် ပြုရန်ဖြစ်စေ၊ စစ်မှုထမ်းရမည့် ကာလအပိုင်းအခြားကို လျော့ပေါ့ပေးရန်ဖြစ်စေ၊ သီးခြားဖော်ပြထားသော ကာလအပိုင်းအခြားအထိ ရွှေ့ဆိုင်းရန်ဖြစ်စေ အကြောင်းပြချက်များ ဖော်ပြလျက် လျှောက်လွှာ ဖြင့် ရေးသားတင်ပြလာပါက အောက်ပါအချက်များအား စုံစမ်းစစ်ဆေးရမည်-

(၁) ကိုယ်ရေးအချက်အလက်များ မှန်ကန်မှုရှိ/မရှိ၊

(၂) အကြောင်းပြချက်များသည် မှန်ကန်ခိုင်လုံမှုရှိ/မရှိ၊

(၃) စာရွက်စာတမ်းအထောက်အထားနှင့် ထောက်ခံချက်များ ပြည့်စုံစွာပူးတွဲတင်ပြခြင်းရှိ/မရှိ။

(ခ) လျှောက်လွှာပါ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှုမရှိလျှင် ဖြစ်စေ၊ စာရွက်စာတမ်း၊ အထောက်အထားနှင့် ထောက်ခံချက်များ လိုအပ်ပါလျက် ပူးတွဲတင်ပြခဲ့ခြင်း မရှိလျှင်ဖြစ်စေ လျှောက်လွှာတင်ပြသူထံ ပြန်လည် တောင်းခံရယူ ရမည်။

(ဂ)ပုဒ်မခွဲ (က)နှင့် (ခ) ပါ ဆောင်ရွက်ရမည့် ကိစ္စများ ဆောင်ရွက်ပြီးစီးပါက ဆင့်ခေါ်ခြင်းခံရသူ၏ လျှောက်လွှာနှင့်အတူလျှောက်ထားသူ၏ တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့၏ ဆေးစစ်ဆေး တွေ့ရှိချက်၊ မိမိ၏စိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်တို့ကို ပူးတွဲလျက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးခရိုင်အဖွဲ့သို့ ဆက်လက်တင်ပြရမည်။

(ဃ) မြို့နယ်အတွင်းရှိ စစ်မှုထမ်းဆောင်ရန် သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူများအား စာရင်းပြုစု ၍ အထက်ဌာန အဆင့်ဆင့်သို့ တင်ပြရမည်။

၁၃။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးခရိုင် အဖွဲ့သည် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးမြို့နယ်အဖွဲ့မှ တင်ပြလာသော လျှောက်လွှာများ အပေါ်တွင် မိမိ၏ သဘောထားမှတ်ချက်ပြုလျက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့သို့ ဆက်လက်တင်ပြရမည်။

၁၄။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့သည် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးခရိုင် အဖွဲ့မှ တင်ပြလာသောလျှောက်လွှာများအပေါ် မိမိ၏သဘောထားမှတ်ချက် ပြုလျက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့သို့ ဆက်လက်တင်ပြရမည်။

၁၅။ (က) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဖွဲ့မှ တင်ပြလာသော ဆင့်ခေါ်ခြင်းခံရသူများ၏ လျှောက်လွှာများကို စိစစ်ရာတွင် အောက်ပါ အချက်များနှင့် အကျုံးဝင်သော ပုဂ္ဂိုလ်များအား ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်သည်-

(၁) ယာယီအားဖြင့်စစ်မှုထမ်းနိုင်မည့် ကျန်းမာရေးအဆင့်မမီကြောင်း သက်ဆိုင်ရာတပ်မတော် ဆေးစစ်ရေးဘုတ်အဖွဲ့၏ ထောက်ခံချက်ရရှိထားသူများ၊

(၂) နိုင်ငံ့ဝန်ထမ်းများ၊

(၃) ပညာသင်ကြားနေသူများ၊

(၄) အခြားပြုစုစောင့်ရှောက်မည့်သူ မရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ၊

(၅) မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှုခံယူနေသူများ၊

(၆) ထောင်ဒဏ်ကျခံနေသူများ။

(ခ) ပုဒ်မခွဲ(က)ပါပုဂ္ဂိုလ်များသည် မိမိတို့အား ခွင့်ပြုထားသည့် ယာယီ ရွှေ့ဆိုင်းခွင့်ကာလများကို စစ်မှုထမ်းရမည့် အသက်အရွယ် ကျော်လွန်စေကာမှု သတ်မှတ်ထားသော ပြည်သူ့ စစ်မှုထမ်းဆောင်ရန် ကာလကို ပြည့်မီအောင် ထမ်းဆောင်ရမည်။

အခန်း (၄)

[ပြင်ဆင်ရန်]

ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ

၁၆။ ပြည်သူ့စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းဆောင်နေစဉ်အတွင်း တပ်မတော်တွင် သတ်မှတ်ထားသည့် အဆင့်အလိုက် လစာနှင့် စရိတ်အတိုင်း ခံစားခွင့်ရရှိစေရမည်။

၁၇။ ပြည်သူ့စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းကာလအတွင်း သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း များရှိခဲ့လျှင် တာဝန် ဝတ္တရားထမ်းဆောင်ခြင်းနှင့် အကျုံးဝင်ပါက တပ်မတော်တွင် သတ်မှတ်ထားသော ခံစားခွင့်များ ရရှိစေရမည်။

၁၈။ (က) ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသောနိုင်ငံ့ဝန်ထမ်းတစ်ဦးအား ယင်းတာဝန် ထမ်းဆောင်နေသည့် ကာလကို တာဝန်ချိန်အဖြစ် သတ်မှတ်သည်။

(ခ) ပုဒ်မ ၃ နှင့် ၄ ပါ ပြည်သူ့စစ်မှုထမ်းကာလပြီးဆုံးသော အလုပ်သမား တစ်ဦးအား မူလ ထမ်း ဆောင်ခဲ့သော အလုပ်အကိုင် သို့မဟုတ် အလားတူ အလုပ်အကိုင်တွင် သတ်မှတ်ထားသည့်အတိုင်း အလုပ်ရှင်က ခန့်ထားရမည်။

၁၉။ ပုဒ်မ ၃ အရ သတ်မှတ်ထားသောကာလ ပြည့်သည်အထိ ပြည်သူ့စစ်မှုထမ်းဆောင်ပြီးသူ တစ်ဦးသည် မိမိသဘော ဆန္ဒအ​လျောက် တပ်မတော်သို့ ဝင်ရောက် အမှုထမ်းလိုပါက သတ်မှတ်ထား သည့် စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ စစ်မှုထမ်းခွင့်ပြုနိုင်သည်။

၂၀။ ပါရဂူဘွဲ့ရသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူများနှင့် အခါအားလျော်စွာ သတ်မှတ်သည့် အရည်အချင်းနှင့် ပြည့်စုံသူများကို အရေးပေါ်ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်နိုင် သည်။

အခန်း(၅)

[ပြင်ဆင်ရန်]

စစ်စည်းရုံးခြင်း

၂၁။ (က) နိုင်ငံတော်၏ ဒေသအချို့တွင်လည်းကောင်း၊ နိုင်ငံတော်တဝှမ်းလုံးတွင် လည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေး နှင့်လုံခြုံရေးအတွက် အရေးပေါ် အခြေအနေ ပေါ်ပေါက်လျှင် နိုင်ငံတော် အစိုးရသည်၊ စစ်မှုထမ်းရန် အရွယ်ရောက်သူ အားလုံးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ၊ ပြည်သူ့စစ်မှု ထမ်းတာဝန် ထမ်းဆောင်ပြီးသူအားလုံးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ သင့်လျော်သည့်ဒေသ၌ စစ်စည်းရုံး ခြင်းအမိန့် ထုတ်ဆင့်နိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ အမိန့်ထုတ်ဆင့်သောအခါ ဆင့်ခေါ်ခြင်းခံရသူများသည် သက်ဆိုင်ရာ ဆင့်ခေါ်ရေး အဖွဲ့များသို့ သတ်မှတ်သည့် ကာလအတွင်းတွင် သတင်းပို့ရမည်။ ဆင့်ခေါ်ရေးအဖွဲ့များက စေလွှတ် သောတပ် သို့မဟုတ် ဌာနများသို့ သွားရောက်၍ စစ်မှုထမ်းကြရမည်။

(ဂ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သည် ဆင့်ခေါ်ခြင်းခံရသူ နိုင်ငံသားတစ်ဦးအား လုပ်ငန်းလိုအပ်ချက်အရ ယင်း၏ လုပ်ကိုင်ဆဲ အလုပ်တွင် ဆက်လက်လုပ်ကိုင်နေစေရန် ညွှန်ကြား နိုင်သည်။

အခန်း (၆)

[ပြင်ဆင်ရန်]

ပြည်သူ့စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ပြုခြင်း

၂၂။ အောက်ပါ ပုဂ္ဂိုလ်များသည် ပြည်သူ့စစ်မှုထမ်းရမည့်တာဝန်မှ ကင်းလွတ်စေရမည်-

(က) သာသနာ့ဝန်ထမ်းများ၊

(ခ) အိမ်ထောင်သည်အမျိုးသမီးများ (အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်း ပါဝင်သည်)၊

(ဂ) ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ၊

(ဃ) တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူ ဖြစ်ကြောင်း သတ်မှတ် ထားသူများ၊

(င) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ။

အခန်း (၇)

[ပြင်ဆင်ရန်]

ပြစ်မှုနှင့်ပြစ်ဒဏ်များ

၂၃။ မည်သူမဆိုအောက်ဖော်ပြပါ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုတခုခုကို ခိုင်လုံသော အကြောင်းပြချက်မရှိပဲ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပို သော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်-

(က) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးမြို့နယ်အဖွဲ့က ပုဒ်မ ၉၊ ပုဒ်မခွဲ (က) အရ မှတ်ပုံတင်ရန်အတွက် ဆင့်ခေါ်ချိန်တွင် လာရောက်သတင်းပို့ရန် ပျက်ကွက်ခြင်း၊

(ခ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးမြို့နယ်အဖွဲ့က ပုဒ်မ ၉၊ ပုဒ်မခွဲ (ခ)အရ ဆေးစစ်ရန်အတွက် ဆင့်ခေါ်ချိန်တွင်လာရောက် သတင်းပို့ရန် ပျက်ကွက်ခြင်း၊

(ဂ) ဆေးစစ်ခြင်းအောင်မြင်သော်လည်း ပုဒ်မ ၁၀ အရ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးမြို့နယ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် ဆင့်ခေါ်ချိန်တွင် လာရောက်သတင်းပို့ရန် ပျက်ကွက်ခြင်း၊

(ဃ) ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ခ)အရ စစ်စည်းရုံးခြင်း အမိန့်ထုတ်ဆင့်ချိန်တွင် မိမိအတွက် ကြိုတင် သတ်မှတ်ပေးထားသော တပ် သို့မဟုတ် ဌာနသို့ သွားရောက်သတင်းပို့ရန် ပျက်ကွက်ခြင်း၊

(င) ဤဥပဒေအရ မိမိဖော်ပြရမည့် အကြောင်းအရာတစ်ခုခုနှင့် စပ်လျဉ်း၍ မမှန်မကန်ဖော်ပြခြင်း။

(စ) ပြည်သူ့စစ်မှုထမ်းရန် ကာလပြီးဆုံးသော မိမိ၏ အလုပ်သမားအား ပုဒ်မ ၁၈၊ ပုဒ်မခွဲ (ခ) အရ အလုပ်ခန့်ထားရန် ပျက်ကွက်ခြင်း။

၂၄။ မည်သူမဆိုစစ်မှုထမ်းဆောင်ခြင်းမှ တိမ်းရှောင်လွှဲဖယ်လိုသည့်အကြံဖြင့် အောက်ပါပြစ်မှု တစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်-

(က) မိမိကျန်းမာရေးအဆင့်အတန်းကို နိမ့်ကျစေလိုသောအကြံဖြင့် မိမိကိုယ်ကို အနာရောဂါ စွဲကပ်ဟန်ဆောင်ခြင်း၊

(ခ) မသန်မစွမ်းဟန်ဆောင်ခြင်း၊

(ဂ) မိမိကိုယ်ကို ရောဂါစွဲကပ်စေရန်လည်းကောင်း၊ မသန်မစွမ်း ဖြစ်စေရန်လည်းကောင်း ပြုလုပ်ခြင်း၊

(ဃ) မိမိ၏ အနာရောဂါကိုဖြစ်စေ၊ မသန်မစွမ်းခြင်းကိုဖြစ်စေ၊ ပျောက်ကင်းအာင် မကုသဘဲ တမင်နှောင့်နှေး ကြန့်ကြာ စေရန် လည်းကောင်း၊ ပိုမိုဆိုးရွားလာစေရန်လည်းကောင်း ပြုခြင်း၊

(င) မိမိအလိုအလျောက် မိမိကိုယ်ကို အနာတရဖြစ်စေရန် ပြုခြင်း၊

(စ) အခြားနည်းများဖြင့် ပြုလုပ်ခြင်း။

၂၅။ ဤဥပဒေအရ ဆောင်ရွက်ရသော နိုင်ငံဝန်ထမ်းတစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းဝင် တစ်ဦးဦးသည် မိမိတာဝန်ကို မရိုးမဖြောင့်သော သဘောဖြင့်ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအားသုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၂၆။ မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို အားပေးကူညီကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၂၇။ ပုဒ်မ ၂၃ ပါ ပြစ်မှုကိုကျူးလွန်ကြောင်းစွဲဆိုသည့် အမှုတွင် ယင်းပျက်ကွက်မှုများနှင့် စပ်လျဉ်း၍ ခိုင်လုံသော အကြောင်းပြချက် ရှိကြောင်း သက်သေထင်ရှား ပြသရန်တာဝန်သည် တရားခံအပေါ်၌ ကျရောက်စေရမည်။

၂၈။ နိုင်ငံသားတစ်ဦးသည် ပုဒ်မ ၂၃ နှင့် ၂၄ ပါ ပြဋ္ဌာန်းချက်များကိုဖောက်ဖျက်ကျူးလွန်မှု အတွက် ပြစ်မှုဆိုင်ရာ ပြစ်ဒဏ် ထင်ရှားစီရင်ခြင်း ခံရပြီး ဖြစ်စေကာမှု ဤဥပဒေအရ ပြည်သူ့စစ်မှုထမ်း ဆောင်ခြင်းမှ ကင်းလွတ်ခွင့်မရှိစေရ။

အခန်း (၈)

[ပြင်ဆင်ရန်]

အထွေထွေ

၂၉။ နိုင်ငံတော်အစိုးရသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို နည်းလမ်းတကျနှင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သော အဖွဲ့နှင့် ကော်မတီများကို ဖွဲ့စည်းတာဝန်ပေးနိုင်သည်။

၃၀။ ဤဥပဒေပုဒ်မ ၂၆ ပါ ပြစ်မှုကို ရဲအရေးပိုင်သော ပြစ်မှုအဖြစ်သတ်မှတ်သည်။

၃၁။ ဥပဒေစည်းမျဉ်း စည်းကမ်းနှင့်အညီ မိမိတာဝန်ကို သဘောရိုးဖြင့် ဆောင်ရွက်သော အဖွဲ့အစည်း တစ်ရပ်ရပ် သို့မဟုတ် အဖွဲ့အစည်းဝင် တစ်ဦးဦး၏ လုပ်ဆောင်ချက်သည် ပြစ်မှုကြောင်းအရ လည်းကောင်း၊ တရားမကြောင်းအရ လည်းကောင်း တာဝန်မရှိစေရ။

၃၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကာကွယ်ရေးဝန်ကြီး ဌာနသည် လိုအပ်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြား ချက်များကို ထုတ်ပြန်နိုင်သည်။

၃၃။ ၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်းအက်ဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

(ပုံ)သန်းရွှေ ဗိုလ်ချုပ်မှူးကြီး ဥက္ကဋ္ဌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများနှင့် သေဆုံးသော သို့မဟုတ် ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ရေးဥပဒေ (၂၀၁၂ ခုနှစ်)

[ပြင်ဆင်ရန်]

မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများနှင့် သေဆုံးသော သို့မဟုတ် ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ရေးဥပဒေ

(၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၈။)

၁၃၇၃ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်

(၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်)

နိဒါန်း

နိုင်ငံတော်ကာကွယ်ရေးအတွက် သက်စွန့်တာဝန်ထမ်းဆောင်ရန် တပ်မတော်သို့ ဝင်ရောက်၍ စစ်မှုထမ်းဆောင်ခဲ့ကြပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်စဉ် မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများနှင့် သေဆုံးသော သို့မဟုတ် ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

[ပြင်ဆင်ရန်]

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများနှင့် သေဆုံးသော သို့မဟုတ် ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ရေးဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေ ရမည်-

(က) မသန်မစွမ်းဖြစ်သွားသူ ဆိုသည်မှာ တန်းပြည့်စစ်မှုထမ်းချိန်တွင် စစ်မှုထမ်းဆောင်ခြင်းနှင့် အကျုံးဝင်သည့် အကြောင်းတစ်ခုခုကြောင့် ကိုယ်၊ စိတ်အင်္ဂါအစိတ်အပိုင်း၊ တစ်ခုခုချို့ယွင်းသွားသော သို့မဟုတ် စစ်မှုထမ်းဆောင်ခြင်းကြောင့် ပိုမိုဆိုးဝါးလာသည်ဟု အကြောင်းပြ၍ ရသည့် မသန်မစွမ်း ဖြစ်သွားသော တပ်မတော်သားတစ်ဦးဦးကို ဆိုသည်။

(ခ) သေဆုံးသူ ဆိုသည်မှာ တန်းပြည့်စစ်မှုထမ်းချိန်တွင် စစ်မှုထမ်းဆောင်ခြင်းနှင့် အကျုံးဝင်သည့် အကြောင်းတစ်ခုခုကြောင့် သေဆုံးသော တပ်မတော်သားတစ်ဦးဦးကို ဆိုသည်။

(ဂ) ကျဆုံးသူ ဆိုသည်မှာ တိုက်ပွဲကြောင့် ကျဆုံးသော တပ်မတော်သားတစ်ဦးဦးကို ဆိုသည်။

(ဃ) တန်းပြည့်စစ်မှုထမ်းချိန် ဆိုသည်မှာ ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို လိုက်နာရသူတစ်ဦး နှင့် သက်ဆိုင်စေရာ၌ အောက်ပါအတိုင်း ထိုသူ ပါဝင်ဆောင်ရွက်နေသည့်အချိန်ကို ဆိုလိုသည်-

(၁) ရန်သူနှင့် ပြိုင်ဆိုင်တိုက်ပွဲဆင်နွှဲနေသော တပ်ဖွဲ့တစ်ဖွဲ့တွင် တွဲဖက်ထားသည့်အချိန် သို့တည်းမဟုတ် ပါဝင်သည့်အချိန် သို့တည်းမဟုတ်၊

(၂) ရန်သူက လုံးဝသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသသော်လည်းကောင်း သိမ်းပိုက်ထားသော တိုင်းပြည်တစ်ပြည်၌ဖြစ်စေ၊ နေရာတစ်ခု၌ဖြစ်စေ၊ တိုက်ပွဲဆင်နွှဲနေသည့်အချိန် သို့တည်းမဟုတ် ယင်းကဲ့သို့သော တိုင်းပြည်တစ်ပြည်သို့ဖြစ်စေ၊ နေရာတစ်ခုသို့ဖြစ်စေ စစ်ချီတက်ရာ၌ ပါဝင်သည့် အချိန် သို့တည်းမဟုတ်၊

(၃) နိုင်ငံခြားနိုင်ငံတစ်ခုကို သိမ်းပိုက်ထားသောတပ်ဖွဲ့တစ်ဖွဲ့တွင် တွဲဖက်ထားသည့်အချိန် သို့တည်း မဟုတ် ပါဝင်သည့်အချိန်။

(င) ထောက်ပံ့စောင့်ရှောက်မှု ဆိုသည်မှာ မသန်မစွမ်းဖြစ်သွားသူကိုသော်လည်းကောင်း၊ သေဆုံးသူ သို့မဟုတ် ကျဆုံးသူ၏မှတ်တမ်းဝင် အမွေခံဇနီး သို့မဟုတ် ခင်ပွန်း သို့မဟုတ် သားသမီးကိုသော်လည်း ကောင်း နိုင်ငံတော်က စီစဉ်ပေးသောနေရာရှိ ခြံမြေနှင့် နေထိုင်ရန်အိမ် သို့မဟုတ် တိုက်ခန်းကို ဆိုသည်။

(စ) အခွင့်ရအာဏာပိုင် ဆိုသည်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဤကိစ္စအလို့ငှာ တာဝန် ပေးအပ် ထားသည့် အရာရှိကြီးတစ်ဦးဦးကို ဆိုသည်။

(ဆ) ကျေနပ်လောက်အောင်တာဝန်ထမ်းဆောင်မှု ဆိုသည်မှာ တပ်မတော်အက်ဥပဒေကို လိုက်နာရသူ တစ်ဦးသည် ၎င်း၏အကျင့်စာရိတ္တမှတ်တမ်းတွင် တစ်ဆက်တည်း စပ်မှုထမ်းသက် သုံးနှစ်အတွင်းစစ် တရားရုံးတစ်ခုခုဖြင့် ပြစ်ဒဏ်စီရင်ခံရခြင်းမရှိသည်အထိ တာဝန်ထမ်းဆောင်ခဲ့မှုကို ဆိုသည်။

အခန်း (၂)

[ပြင်ဆင်ရန်]

မသန်မစွမ်းသူများအတွက် ထောက်ပံ့စောင့်ရှောက်မှု

၃။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးသည် မသန်မစွမ်းဖြစ်သွားသူအား ဆေးခုံအဖွဲ့ဖြင့် ဖွဲ့စည်းစစ်ဆေးပြီး မသန်မစွမ်းမှုရာခိုင်နှုန်းကို သတ်မှတ်ရမည်။

၄။ မသန်မစွမ်းဖြစ်သွားသူတစ်ဦးသည် မသန်မစွမ်းမှုရာခိုင်နှုန်း ၆၀ နှင့်အထက် သတ်မှတ်ခံရပြီးတပ် မတော်တွင် ကျေနပ်လောက်အောင် တာဝန်ထမ်းဆောင်ခဲ့သည်ဟု အခွင့်ရအာဏာပိုင်ကသော်လည်း ကောင်း၊ အခွင့်ရအာဏာပိုင်က အာဏာအပ်နှင်းထားသည့်အဖွဲ့ကသော်လည်းကောင်း သတ်မှတ်ခြင်း ခံရပါက ထောက်ပံ့စောင့်ရှောက်မှုကို ခံစားခွင့်ရှိသည်။

အခန်း (၃)

[ပြင်ဆင်ရန်]

သေဆုံးသူ သို့မဟုတ် ကျဆုံးသူများအတွက် ထောက်ပံ့စောင့်ရှောက်မှု

၅။ သေဆုံးသူသို့မဟုတ် ကျဆုံးသူတစ်ဦးသည် တပ်မတော်တွင် ကျေနပ်လောက်အောင် တာဝန်ထမ်း ဆောင်ခဲ့သည်ဟု အခွင့်ရအာဏာပိုင်ကသော်လည်းကောင်း၊ အခွင့်ရအာဏာပိုင်က အာဏာအပ်နှင်းထား သည့်အဖွဲ့ကသော်လည်းကောင်း သတ်မှတ်ခြင်းခံရပါက ယင်း၏မှတ်တမ်းဝင် အမွေခံဇနီး သို့မဟုတ် ခင်ပွန်း သို့မဟုတ် သားသမီးသည် ထောက်ပံ့စောင့်ရှောက်မှုကို ခံစားခွင့်ရှိသည်။

အခန်း (၄)

[ပြင်ဆင်ရန်]

ထောက်ပံ့စောင့်ရှောက်မှုခံစားခွင့်မရှိခြင်း

၆။ (က) ပုဒ် ၄ အရ ထောက်ပံ့စောင့်ရှောက်မှုခံစားခွင့်ရှိသူသည် တည်ဆဲဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း၊ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီး ထောင်ဒဏ်ငါးနှစ်နှင့်အထက်ချမှတ်ခံရပါကထောက်ပံ့ စောင့်ရှောက်မှု ခံစားခွင့်မရှိစေရ၊

(ခ) ပုဒ်မ ၅ အရ ထောက်ပံ့စောင့်ရှောက်မှုခံစားခွင့်ရှိသူသည် တည်ဆဲဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီးထောင်ဒဏ်သုံးနှစ်နှင့်အထက် ချမှတ်ခံရပါက ထောက်ပံ့ စောင့်ရှောက်မှုကို ခံစားခွင့်မရှိစေရ။

၇။ ဤဥပဒေပုဒ်မ ၄ သို့မဟုတ် ပုဒ်မ ၅ ပါထောက်ပံ့စောင့်ရှောက်မှုခံစားခွင့်ရှိသူသည် မြန်မာနိုင်ငံသား အဖြစ်မှ နိုင်ငံခြားသားအဖြစ်သို့ ကူးပြောင်းခဲ့လျှင် ထောက်ပံ့စောင့်ရှောက်မှုကို ခံစားခွင့်မရှိစေရ။

အခန်း (၅)

[ပြင်ဆင်ရန်]

အထွေထွေ

၈။ ကာကွယ်ရေးဝန်ကြီးဌာနသည် ဤဥပဒေအရ ခံစားခွင့်ရှိသူများ ထောက်ပံ့စောင့်ရှောက်မှုရရှိနိုင်ရေး အတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြရမည်။

၉။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာန သည်-

(က) လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ထုတ်ပြန်နိုင်သည်။

(ခ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဘောတူညီချက်ဖြင့် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန် နိုင်ငံတော်သမ္မတ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဥပဒေ (၁၉၈၉ ခုနှစ်)

[ပြင်ဆင်ရန်]

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဥပဒေ

(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်၊ ၁၇/၈၉)

၁၃၅၁ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက်

(၁၉၈၉ ခုနှစ် ၊ ဩဂုတ်လ ၁၀ ရက်)

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

[ပြင်ဆင်ရန်]

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ်သက်ရောက် စေရမည်-

(က) စစ်မှုထမ်းဟောင်းအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းထားသော မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့အဆင့်ဆင့်ကို ဆိုသည်၊

(ခ) စစ်မှုထမ်းဟောင်း ဆိုသည်မှာ မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ကာလတွင်ဖြစ်စေ၊ လွပ်လပ်ရေး ကြိုးပမ်းစဉ် ကာလတွင်ဖြစ်စေ၊ လွတ်လပ်ရေးရပြီးကာလတွင်ဖြစ်စေ အသီးသီး ဖွဲ့စည်းတည်ထောင်ခဲ့သည့် စစ်တပ် သို့မဟုတ်တပ်မတော်တစ်မျိုးမျိုးတွင် တပ်မတော်သားအဖြစ် ပါဝင်ထမ်းဆောင်ခဲ့သူများ ကိုဆိုသည်၊

(ဂ) အဖွဲ့ဝင် ဆိုသည်မှာ စစ်မှုထမ်းဟောင်းအဖွဲ့၏ အဖွဲ့ဝင်အဖြစ် ဗဟိုအမှုဆောင်အဖွဲ့က အသိအမှတ်ပြုပြီးသူကို ဆိုသည်၊

(ဃ) ဗဟိုကောင်စီ ဆိုသည်မှာ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီကို ဆိုသည်၊

(င) ဗဟိုကောင်စီဝင် ဆိုသည်မှာ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီဝင်တစ်ဦးဦးကို ဆိုသည်၊

(စ) ဗဟိုအမှုဆောင်အဖွဲ့ ဆိုသည်မှာ စစ်မှုထမ်းဟောင်းအဖွဲ့၏ ဗဟိုအမှုဆောင်အဖွဲ့ကို ဆိုသည်၊

(ဆ) စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ် ဆိုသည်မှာ ဗဟိုကောင်စီနှင့် ဗဟိုအမှုဆောင်အဖွဲ့ နှစ်ရပ်ပေါင်းကို ဆို သည်၊

(ဇ) ပြည်နယ်၊ တိုင်းကြီးကြပ်ရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဗဟိုအမှုဆောင်အဖွဲ့က ဖွဲ့စည်းပေးသည့် ပြည်နယ် သို့မဟုတ် တိုင်းကြီးကြပ်ရေးအဖွဲ့ အသီးသီးကိုဆိုသည်၊ ယင်းစကားရပ်တွင် ပြည်နယ် သို့မဟုတ် တိုင်းကြီးကြပ်ရေးအဖွဲ့ခွဲများလည်း ပါဝင်သည်၊

(ဈ) မြို့နယ်စုကြီးကြပ်ရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဗဟိုအမှုဆောင်အဖွဲ့က ဖွဲ့စည်းပေးသည့် မြို့နယ်စု ကြီးကြပ်ရေးအဖွဲ့ အသီးသီးကို ဆိုသည်၊

(ည) မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ မြို့နယ်အလိုက်ဖွဲ့စည်းသော စစ်မှုထမ်းဟောင်းအဖွဲ့ အသီးသီးကို ဆိုသည်၊

(ဋ) မြို့နယ်အမှုဆောင်အဖွဲ့ ဆိုသည်မှာ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၏ အမှုဆောင်အဖွဲ့ အသီးသီးကို ဆိုသည်၊

(ဌ) ညီလာခံဆိုသည်မှာ စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံကို ဆိုသည်၊

(ဍ) နှစ်ပတ်လည်အစည်းအဝေး ဆိုသည်မှာ ဗဟိုကောင်စီနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ အသီးသီး၏ နှစ်ပတ်လည် အစည်းအဝေးကို ဆိုသည်။

အခန်း(၂)

[ပြင်ဆင်ရန်]

ရည်ရွယ်ချက်နှင့် အခြေခံလုပ်ငန်းစဉ်

၃။ စစ်မှုထမ်းဟောင်းအဖွဲ့ကို အောက်ပါရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားရှိသည်-

(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုရေး၊ စီးပွားရေး တန်းတူပြိုင်တူ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်၊

(ခ) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင် တပ်မတော်၏အရန်အင်အားအဖြစ် တာဝန်သိသိဖြင့် ပါဝင်ဆောင်ရွက်ရန်၊

(ဂ) စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ စည်းလုံးညီညွှတ်စွာဖြင့် အချင်းချင်းအပြန်အလှန် အကူအညီပေးရန်၊

(ဃ) နိုင်ငံတော်အကျိုးပြုလုပ်ငန်းများတွင် စုစည်းညီညွှတ်စွာဖြင့် ပါဝင်ဆောင်ရွက်ရန်။

၄။ စစ်မှုထမ်းဟောင်းအဖွဲ့၏ အခြေခံလုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ပုဒ်မ ၃ ပုဒ်မခွဲ (က)ပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊

(ခ) အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများ၊ နိုင်ငံတော်အကျိုးပြုလုပ်ငန်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရန်၊

(ဂ) စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သက်သာချောင်ချိရေးနှင့် လူမှုရေးကိစ္စရပ်များတွင် ကူညီဆောင်ရွက်ပေးရန်၊

(ဃ) စစ်မှုထမ်းဟောင်းအဖွဲ့ဝင် အချင်းချင်း ချစ်ကြည်ရင်းနှီးရေး၊ ကူညီရိုင်းပင်းရေးနှင့် စည်းလုံးညီညွှတ်ရေးကို ရှေးရှုဆောင်ရွက်ရန်၊

(င) စစ်မှုထမ်းဟောင်းအဖွဲ့များ၏ စီးပွားရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊

(စ) စစ်မှုထမ်းဟောင်းများ၏ ကောင်းသော အစဉ်အလာများကို ထိန်းသိမ်း၍ နောင်လာနောက်သားများအား နမူနာကောင်း ပြနိုင်ရေးနှင့် ပြန့်ပွားရေးကို ရှေးရှုဆောင်ရွက်ရန်၊

(ဆ) စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ အသိပညာတိုးပွားရေးနှင့် အရည်အသွေးမြင့်မားလာစေရေးကို ရှေးရှု ဆောင်ရွက်ရန်။

အခန်း(၃)

[ပြင်ဆင်ရန်]

အဖွဲ့ဝင်ဖြစ်ခြင်းနှင့် အဖွဲ့ဝင်အဖြစ်မှ ရပ်စဲခြင်း

၅။ အောက်ပါအချက်များနှင့်ကိုက်ညီသူ စစ်မှုထမ်းဟောင်းများသည် မိမိဆန္ဒအလျောက် စစ်မှုထမ်း ဟောင်းအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ရန် သတ်မှတ်ထားသော နည်းလမ်းအတိုင်း လျှောက်ထားနိုင် သည်-

(က) ပုဒ်မ ၂ ပုဒ်မခွဲ(ခ)တွင် အဓိပ္ပာယ်ဖော်ပြထားသော စစ်မှုထမ်းဟောင်းဖြစ်ခြင်း၊

(ခ) ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ဗဟိုကောင်စီနှင့် ဗဟိုအမှုဆောင်အဖွဲ့က အခါအားလျော်စွာ ထုတ်ပြန် သည့်လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းချက်များနှင့် ညွှန်ကြားချက်များကို လိုက်နာရန် ကတိပြုသူဖြစ် ခြင်း၊

(ဂ) စစ်မှုထမ်းဟောင်းအဖွဲ့က ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ထမ်းဆောင်ရန် ကတိပြုသူဖြစ် ခြင်း၊

(ဃ) နိုင်ငံရေးပါတီတစ်ခုခုတွင် ပါတီဝင်မဟုတ်သူဖြစ်ခြင်း၊

(င) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသည့် သို့မဟုတ် နိုင်ငံတော် အားလက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်သည့် အသင်းအဖွဲ့တစ်ခုခု၏ အသင်းဝင်ဖြစ်သူ သို့မဟုတ် အသင်းဝင်ဖြစ်ခဲ့ဖူးသူ မဟုတ်ခြင်း။

၆။ ပုဒ်မ ၅ ပုဒ်မခွဲ (ခ)၊ (ဂ)၊ (ဃ)၊ (င) ပါပြဋ္ဌာန်းချက်များနှင့် ကိုက်ညီလျှင် တပ်မတော်အိမ်ထောင်စုဝင် အငြိမ်းစားလစာဆက်ခံ ခံစားခွင့်ရှိသူများသည် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်အဖြစ် လျှောက်ထားနိုင်သည်။

၇။ (က) ဤဥပဒေ မပြဋ္ဌာန်းမီက ဖွဲ့စည်းထားသော စစ်မှုထမ်းဟောင်းအဖွဲ့၏ အဖွဲ့ဝင်များသည် ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့် ညီညွှတ်လျှင် အဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိရမည်၊

(ခ) ပုဒ်မ ၆ အရ လျှောက်ထားပြီးနောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခြင်းခံရ သူသည် တပ်မတော်အိမ်ထောင်စုဝင် အငြိမ်းစားလစာခံစားခွင့် ကုန်ဆုံးပြီးနောက်တွင်လည်း စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်ခွင့်ရှိစေရမည်။

၈။ အောက်ပါ အချက်တစ်ရပ်ရပ်ပေါ်ပေါက်လျှင် အဖွဲ့ဝင်တစ်ဦးဦးသည် အဖွဲ့ဝင်အဖြစ်မှ ရပ်စဲပြီး ဖြစ်စေ ရမည်-

(က) နုတ်ထွက်ခွင့်ရရှိခြင်း၊

(ခ) ပုဒ်မ ၅ ပုဒ်မခွဲ (ဃ) သို့မဟုတ် ပုဒ်မခွဲ (င)ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းကြောင်း စိစစ် တွေ့ရှိရ ခြင်း၊

(ဂ) ဗဟိုအမှုဆောင်အဖွဲ့က ထုတ်ပြန်ထားသည့် စည်းကမ်းနှင့် ကျင့်ဝတ်များကို ဖောက်ဖျက်သဖြင့် အဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ်ရန် ဆုံးဖြတ်ခံရခြင်း၊

(ဃ) နိုင်ငံခြားသို့ အပြီးအပိုင်ထွက်ခွာသွားခြင်း၊

(င) သေဆုံးခြင်း။

အခန်း(၄)

[ပြင်ဆင်ရန်]

ဖွဲ့စည်းခြင်း

၉။ စစ်မှုထမ်းဟောင်းများနှင့် ပတ်သတ်၍ ဤဥပဒေအရ ဖွဲ့စည်းသော မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ တစ်ဖွဲ့သာရှိရမည်။

၁၀။ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ကို ဗဟိုကောင်စီနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဟူ၍ အဆင့်နှစ်ဆင့်ဖြင့် ဖွဲ့စည်းရမည်။

၁၁။ (က) စစ်မှုထမ်းဟောင်းအဖွဲ့အဆင့်ဆင့်ကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွဲ့စည်းနိုင်ရန် စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ ကို ၅ နှစ်လျှင် တစ်ကြိမ် ပုံမှန်ကျင်းပရမည်။

(ခ) လိုအပ်ပါက အထူးညီလာခံကို ကျင်းပနိုင်သည်၊ ညီလာခံသို့ အောက်ပါ ညီလာခံ ကိုယ်စားလှယ်များ တက်ရောက်ရမည်-

(၁) လက်ရှိဗဟိုကောင်စီဝင်များ၊

(၂) ညီလာခံကိုယ်စားလှယ်ဦးရေ သတ်မှတ်ချက်နှင့်အညီ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ပေးအပ်သော စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊

(၃) မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌများနှင့် မြို့နယ်အသီးသီးမှ ညီလာခံကိုယ်စားလှယ် ဦးရေ သတ်မှတ်ချက်နှင့်အညီ ရွေးချယ်စေလွှတ်သော ကိုယ်စားလှယ်များ၊

(ဂ) ပုဒ်မခွဲ(ခ)အရ ညီလာခံသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်ဦးရေ၏ ၇၅ ရာခိုင်နှုန်း တက်ရောက်လျှင် ညီလာခံ အထမြောက်သည်။

၁၂။ စစ်မှုထမ်းဟောင်းအဖွဲ့၏ နာယကများကို ညီလာခံက ၅ နှစ်လျှင် တစ်ကြိမ် တင်မြှောက်ရမည်။ ယင်းနာယကများ၏ သက်တမ်းသည် ညီလာခံသက်တမ်းနှင့်အညီ ဖြစ်ရမည်။

၁၃။ (က) ညီလာခံက ဗဟိုကောင်စီဝင်ဦးရေကို သတ်မှတ်ပေးရမည်၊

(ခ) ဗဟိုကောင်စီဝင်များကို ညီလာခံက သတ်မှတ်သည့် ဦးရေအတိုင်း ၅ နှစ်လျှင်တစ်ကြိမ် ရွေးကောက် တင်မြှောက်ရမည်၊

(ဂ) ဗဟိုကောင်စီသည် နှစ်ပတ်လည်ပုံမှန်အစည်းအဝေးများကို ကျင်းပရမည့်အပြင် လိုအပ်ပါက အထူးအစည်းအဝေးများကိုလည်း ကျင်းပနိုင်သည်။

၁၄။ ဗဟိုကောင်စီဝင်အားလုံး၏ ၇၅ ရာခိုင်နှုန်းက သဘောတူလျှင် ညီလာခံ၏ သက်တမ်းကို-

(က) လျှော့ပေါ့သတ်မှတ်နိုင်သည် သို့မဟုတ်

(ခ) တစ်နှစ်ထက်မပိုသော ကာလအထိ တိုးမြှင့်သတ်မှတ်နိုင်သည်။

၁၅။ (က) ဗဟိုအမှုဆောင်အဖွဲ့ကို ဗဟိုကောင်စီက ရွေးကောက်တင်မြှောက်သော အဖွဲ့ဝင်များဖြင့် ၅ နှစ်လျှင် တစ်ကြိမ် သတ်မှတ်ချက်နှင့်အညီ ဖွဲ့စည်းရမည်-

(ခ) ဗဟိုအမှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌ ၁ ဦး၊ ဒုတိယဥက္ကဋ္ဌ ၂ ဦး၊ အတွင်းရေးမှူး ၁ ဦး၊ တွဲဖက်အတွင်းရေးမှူး ၂ ဦး၊ ဘဏ္ဍာရေးမှူး ၁ ဦးနှင့် စစ်ဆေးရေးမှူး ၁ ဦးတို့ကို ဗဟိုအမှုဆောင် အဖွဲ့ဝင်များက မိမိတို့အနက်မှ ရွေးကောက်တင်မြှောက်ရမည်၊

(ဂ) ဗဟိုအမှုဆောင်အဖွဲ့တွင် ပုဒ်မခွဲ(က)အရ ရွေးကောက်တင်မြှောက်သော ဗဟိုကောင်စီဝင်များအပြင် သတ်မှတ်ချက်နှင့်အညီ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ပေးအပ်သော တပ်မတော်အရာရှိများကိုလည်း ရာထူးအလျောက် အဖွဲ့ဝင်များအဖြစ် ထည့်သွင်း ဖွဲ့စည်းရမည်။

၁၆။ ဗဟိုအမှုဆောင်အဖွဲ့သည် ဗဟိုကောင်စီဝင်များပါဝင်သော ပြည်နယ်၊ တိုင်းကြီးကြပ်ရေးအဖွဲ့များကို ပြည်နယ်နှင့် တိုင်းအလိုက် လည်းကောင်း၊ မြို့နယ်စု ကြီးကြပ်ရေးအဖွဲ့များကို မြို့နယ်စုအလိုက် လည်းကောင်း ဖွဲ့စည်းရမည်။ ယင်းသို့ဖွဲ့စည်းရာတွင် ဗဟိုကောင်စီဝင် မလုံလောက်ပါက ညီလာခံကိုယ်စားလှယ်များကို ထည့်သွင်းဖွဲ့စည်းနိုင်သည်။ ထို့ပြင် သတ်မှတ်ချက်နှင့်အညီ တိုင်းစစ်ဌာနချုပ်များက တာဝန်ပေးအပ်သော တပ်မတော်အရာရှိများကိုလည်း ထည့်သွင်းဖွဲ့စည်းရမည်။

၁၇။ မြို့နယ်တစ်ခုတွင် အဖွဲ့ဝင် ၃၀ နှင့်အထက်ရှိလျှင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ကို ဖွဲ့စည်းနိုင်သည်။

၁၈။ (က) မြို့နယ်အမှုဆောင်အဖွဲ့ကို သတ်မှတ်ချက်နှင့်အညီ ရွေးကောက်တင်မြှောက်သော စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များဖြင့် ၅ နှစ် လျှင် တစ်ကြိမ် ဖွဲ့စည်းရမည်၊

(ခ) မြို့နယ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းပုံနှင့် အမှုဆောင်အဖွဲ့ဝင် ဦးရေတို့ကို ဗဟိုအမှုဆောင်အဖွဲ့က မြို့နယ်အလိုက် သတ်မှတ်ပေးရမည်၊

(ဂ) မြို့နယ်အမှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး ၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး နှင့် စစ်ဆေးရေးမှူး တို့ကို မြို့နယ်အမှုဆောင်အဖွဲ့ဝင်များက မိမိတို့အနက်မှ ရွေးကောက်တင်မြှောက်ရမည်။

၁၉။ (က) မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့သည် နှစ်ပတ်လည်အစည်းအဝေးကို နှစ်စဉ်ကျင်းပရမည်။ လိုအပ်ပါက အထူးအစည်းအဝေးများကိုလည်း ကျင်းပနိုင်သည်၊

(ခ) မြို့နယ်အတွင်း အမြဲနေထိုင်သူ အဖွဲ့ဝင်တိုင်းသည် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည်၊

(ဂ) မြို့နယ်အတွင်း အမြဲနေထိုင်သူ အဖွဲ့ဝင်ဦးရေ၏ ၇၅ ရာခိုင်နှုန်းတက်ရောက်လျှင် နှစ်ပတ်လည်အစည်းအဝေး အထမြောက်သည်။ အကယ်၍ အဖွဲ့ဝင်ဦးရေ ၇၅ ရာခိုင်နှုန်းတက်ရောက်ခြင်း မရှိပါက အစည်းအဝေးကို ရက်သတ္တပတ်တစ်ပတ်ထက်မကျော်စေဘဲ ရွှေ့ဆိုင်း၍ ထပ်မံကျင်းပပြုလုပ်ရမည်။ ယင်းထပ်မံကျင်းပပြုလုပ်သော အစည်းအဝေးတွင် အဖွဲ့ဝင်ဦးရေ ၇၅ ရာခိုင်နှုန်း တက်ရောက်ခြင်း မရှိစေကာမူ အစည်းအဝေးအထမြောက်သည်။

၂၀။ စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံကိုယ်စားလှယ်၊ ဗဟိုကောင်စီ၊ ဗဟိုအမှုဆောင်အဖွဲ့နှင့် မြို့နယ်အမှုဆောင် အဖွဲ့တို့၏ သက်တမ်းသည်လည်းကောင်း၊ ပြည်နယ်၊ တိုင်းကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်စု ကြီးကြပ်ရေးအဖွဲ့ တို့၏ သက်တမ်းသည်လည်းကောင်း ညီလာခံသက်တမ်းနှင့်အညီ ဖြစ်စေရမည်။

အခန်း(၅)

[ပြင်ဆင်ရန်]

တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၂၁။ ညီလာခံ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ဗဟိုကောင်စီက တင်သွင်းသော အစီရင်ခံစာများ၊ ဘဏ္ဍာရေးအခြေအနေရှင်းတမ်းများနှင့် ရှေ့လုပ်ငန်းစဉ် များကို ဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်း၊ ဆုံးဖြတ်ခြင်း၊

(ခ) ဗဟိုကောင်စီကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးကောက်တင်မြှောက်ခြင်း၊

(ဂ) စစ်မှုထမ်းဟောင်းအဖွဲ့နှင့် ပတ်သတ်သော စည်းရုံရေး၊ လှုံ့ဆော်ပညာပေးရေး၊ စည်းကမ်းထိန်းသိမ်း ရေး၊ သက်သာချောင်ချိရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေးကိစ္စများကို အတည်ပြုခြင်း၊ ဆုံးဖြတ်ခြင်း၊

(ဃ) အခြားလိုအပ်သော စစ်မှုထမ်းဟောင်းရေးရာကိစ္စများကို ဤဥပဒေနှင့်အညီ ဆုံးဖြတ်ခြင်း။

၂၂။ ဗဟိုကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ညီလာခံကို တာဝန်ခံ၍ ဆောင်ရွက်ခြင်း၊

(ခ) ဗဟိုအမှုဆောင်အဖွဲ့ကို သတ်မှတ်ချက်နှင့်အညီ ဖွဲ့စည်းပေးခြင်း၊

(ဂ) စစ်မှုထမ်းဟောင်းအဖွဲ့၏ စည်းရုံးရေး၊ လှုံ့ဆော်ပညာပေးရေး၊ စည်းကမ်းထိန်းသိမ်းရေး၊ သက်သာချောင်ချိရေး၊ စီးပွားရေး၊ ဘဏ္ဍာရေးကိစ္စများနှင့် စပ်လျဉ်း၍ မူချမှတ်ခြင်း၊ ဆုံးဖြတ်ခြင်း၊

(ဃ) ဗဟိုကောင်စီအစည်းအဝေးသို့ ဗဟိုအမှုဆောင်အဖွဲ့က တင်သွင်းသော အစီရင်ခံစာများ၊ ဘဏ္ဍာရေး အခြေအနေနှင့် ရှင်းတမ်းများကို ဆွေးနွေးခြင်း၊ ပြင်ဆင်ခြင်းနှင့် အတည်ပြုခြင်း၊

(င) စစ်မှုထမ်းဟောင်းအဖွဲ့အဆင့်ဆင့်က အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊

(စ) ဗဟိုအမှုဆောင်အဖွဲ့က တင်ပြသော လုပ်ထုံးလုပ်နည်းများကို ကာကွယ်ရေးဝန်ကြီးဌာနသို့ တင်ပြ နိုင်ရန် စိစစ်ဆုံးဖြတ်ခြင်း၊

(ဆ) အယူခံလွှာများကို ကြားနာခြင်း၊ စစ်ဆေးခြင်းနှင့် ဆုံးဖြတ်ခြင်း။

၂၃။ ဗဟိုအမှုဆောင်အဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ဗဟိုကောင်စီကို တာဝန်ခံ၍ ဆောင်ရွက်ခြင်း၊

(ခ) ဗဟိုကောင်စီက ချမှတ်သော လုပ်ငန်းစဉ်များနှင့် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

(ဂ) အဖွဲ့ဝင်အဖြစ် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ပေးခြင်း၊

(ဃ) ပြည်နယ်၊ တိုင်းကြီးကြပ်ရေးအဖွဲ့များနှင့် မြို့နယ်စုကြီးကြပ်ရေးအဖွဲ့များကို ဖွဲ့စည်းပေးခြင်း၊ ယင်းတို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးခြင်း၊

(င) လိုအပ်သော လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းပေးခြင်းနှင့် ယင်းတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ခွဲဝေ သတ်မှတ်ပေးခြင်း၊

(စ) မြို့နယ်အမှုဆောင်အဖွဲ့များက ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းများကို စိစစ်ခြင်း၊ လမ်းညွှန်ခြင်း၊

(ဆ) ပြည်နယ်၊ တိုင်းကြီးကြပ်ရေးအဖွဲ့များ၊ မြို့နယ်စုကြီးကြပ်ရေးအဖွဲ့များနှင့် မြို့နယ်အမှုဆောင်အဖွဲ့ များ ကို လမ်းညွှန်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊

(ဇ) ပြည်နယ်နှင့် တိုင်းအလိုက် ဗဟိုကောင်စီတွင် ပါဝင်ရမည့် ဗဟိုကောင်စီဝင်ဦးရေကို သတ်မှတ်ပေးခြင်း၊

(ဈ) မြို့နယ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းပုံနှင့် အမှုဆောင်အဖွဲ့ဝင်ဦးရေကို သတ်မှတ်ပေးခြင်း၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၏ အခြေခံအဖွဲ့အစည်းများကို သတ်မှတ်ချက်နှင့်အညီ လိုအပ်သလို ဖွဲ့စည်းခြင်း၊ ယင်းတို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးခြင်း၊

(ည) ဤဥပဒေပါ ကိစ္စအလို့ငှာ အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် ပတ်သတ်သော ပြစ်မှုများကို သတ်မှတ်ခြင်း၊

(ဋ) ဤဥပဒေအရ လိုအပ်သော လုပ်ထုံးလုပ်နည်းများကို ရေးဆွဲပြီး ဗဟိုကောင်စီ၏ အတည်ပြုချက်ဖြင့် ကာကွယ်ရေးဝန်ကြီးဌာနသို့ တင်ပြခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အတည်ပြုချက်ရရှိပါက လုပ်ထုံးလုပ်နည်း များကို ထုတ်ပြန်ခြင်း၊

(ဌ) ညီလာခံနှင့် ဗဟိုကောင်စီအစည်းအဝေးများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင်းပနိုင်ရေးအတွက် တာဝန်ယူ ဆောင်ရွက်ခြင်း၊

(ဍ) လိုအပ်သော ညွှန်ကြားချက်များကို အခါအားလျော်စွာ ထုတ်ပြန်ခြင်း၊

(ဎ) စည်းကမ်းအရ အရေးယူရန်ကိစ္စများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်း၊

(ဏ) တူညီသော ရည်ရွယ်ချက်ရှိသည့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း။

၂၄။ ဗဟိုအမှုဆောင်အဖွဲ့သည် အောက်ပါအချက်တစ်ရပ်ရပ်ပေါ်ပေါက်လာသည့်အခါတွင် ယာယီမြို့နယ် အမှုဆောင်အဖွဲ့ တစ်ရပ်ရပ်ကို ဖွဲ့စည်း၍ ဤဥပဒေပါ မြို့နယ်အမှုဆောင်အဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်စေရန် တာဝန်ပေးအပ်နိုင်သည်-

(က) မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့တစ်ရပ်ရပ်သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်တည်ရှိရန် မဖြစ်နိုင်လျှင်၊

(ခ) မြို့နယ်အမှုဆောင်အဖွဲ့ကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွဲ့စည်းရန် မဖြစ်နိုင်လျှင်။

၂၅။ ပြည်နယ်၊ တိုင်းကြီးကြပ်ရေးအဖွဲ့များနှင့် မြို့နယ်စုကြီးကြပ်ရေးအဖွဲ့များသည် ဗဟိုအမှုဆောင်အဖွဲ့က သတ်မှတ်ပေးသော တာဝန် နှင့် လုပ်ပိုင်ခွင့်များအရ ဗဟိုအမှုဆောင်အဖွဲ့ကို တာဝန်ခံ၍ ဆောင်ရွက်ရမည်။

၂၆။ မြို့နယ်အမှုဆောင်အဖွဲ့၏ တာဝန် နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ဗဟိုအမှုဆောင်အဖွဲ့ နှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ကို တာဝန်ခံ၍ ဆောင်ရွက်ခြင်း၊

(ခ) ဗဟိုကောင်စီနှင့် ဗဟိုအမှုဆောင်အဖွဲ့က ချမှတ်သော လုပ်ငန်းရပ်များနှင့် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

(ဂ) အဖွဲ့ဝင်အဖြစ် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ မိမိ၏ သဘောထားမှတ်ချက်နှင့်တကွ ဗဟိုအမှုဆောင် အဖွဲ့သို့ တင်ပြခြင်း၊

(ဃ) မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့က လုပ်ကိုင်ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်ခြင်း၊ ဗဟိုအမှုဆောင်အဖွဲ့၏ ခွင့်ပြုချက်ရယူရန် သတ်မှတ်ထားသည့် လုပ်ငန်းများကို ဗဟိုအမှုဆောင်အဖွဲ့၏ ခွင့်ပြုချက်ရယူဆောင်ရွက်ခြင်း၊ ယင်း၏ ဆောင်ရွက်ချက်များကို ဗဟိုအမှုဆောင်အဖွဲ့သို့ တင်ပြခြင်း၊

(င) လိုအပ်သော လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းပေးခြင်းနှင့် ယင်းတို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ခွဲဝေ သတ်မှတ်ပေးခြင်း၊

(စ) ပြည်နယ်၊ တိုင်းကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်စုကြီးကြပ်ရေးအဖွဲ့တို့၏ ကြီးကြပ်မှုကို ခံယူဆောင်ရွက်ခြင်း၊

(ဆ) နှစ်ပတ်လည်အစည်းအဝေးများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင်းပနိုင်ရေးအတွက် တာဝန်ယူ ဆောင်ရွက်ခြင်း၊

(ဇ) အဖွဲ့ဝင်ကြေးနှင့် လစဉ်ကြေးများကို သတ်မှတ်သည့် နည်းလမ်းအတိုင်း ကောက်ခံခြင်း၊

(ဈ) ဗဟိုအမှုဆောင်အဖွဲ့က ပေးအပ်သော အခြားတာဝန်များကို ဆောင်ရွက်ခြင်း။

၂၇။ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ နှစ်ပတ်လည်အစည်းအဝေးတွင် အောက်ပါတို့ကို ဆောင်ရွက်ရမည်-

(က) မြို့နယ်အမှုဆောင်အဖွဲ့က တင်သွင်းသော အစီရင်ခံစာများ၊ ဘဏ္ဍာရေးအခြေအနေ ရှင်းတမ်းများကို ဆွေးနွေးခြင်း၊ ပြင်ဆင်ခြင်းနှင့် အတည်ပြုခြင်း၊

(ခ) ၅ နှစ်မြောက်သော နှစ်ပတ်လည်အစည်းအဝေးတွင် ပုဒ်မခွဲ (က)ပါ ကိစ္စရပ်များအပြင် စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံကိုယ်စားလှယ် ရွေးချယ်ခြင်းနှင့် မြို့နယ်အမှုဆောင်အဖွဲ့ဝင်များ ရွေးချယ်ခြင်း။

၂၈။ အောက်ပါအချက် တစ်ရပ်ရပ်ပေါ်ပေါက်သည့်အခါ ဗဟိုကောင်စီဝင်၊ ဗဟိုအမှုဆောင်အဖွဲ့ဝင်၊ ညီလာခံ ကိုယ်စားလှယ်၊ မြို့နယ်အမှုဆောင်အဖွဲ့ဝင်၊ ပြည်နယ်၊ တိုင်းကြီးကြပ်ရေးအဖွဲ့ဝင် သို့မဟုတ် မြို့နယ်စု ကြီးကြပ်ရေးအဖွဲ့ဝင် တစ်ဦးဦးအား ပေးအပ်ထားသော တာဝန်ကို ရုပ်သိမ်းပြီး ဖြစ်စေရမည်-

(က) နုတ်ထွက်ခွင့်ရရှိခြင်း၊

(ခ) အဖွဲ့ဝင်အဖြစ်မှ ရပ်စဲခြင်း၊

(ဂ) တာဝန်ပေးအပ်ထားသော အဖွဲ့အစည်းက တာဝန်ပေးအပ်ထားခြင်းကို ပြန်လည်ရုပ်သိမ်းခြင်း၊

(ဃ) အကျင့်စာရိတ္တပျက်ပြားရာရောက်သည်ဟု ဤကိစ္စအလို့ငှာ ဗဟိုအမှုဆောင်အဖွဲ့က သတ်မှတ်ကြေညာထား သော ပြစ်မှုတစ်ရပ်ရပ်ဖြင့် တရားရုံး၏ ပြစ်မှုထင်ရှားစီရင်ခံရခြင်း၊

(င) သေဆုံးခြင်း။

အခန်း(၆)

[ပြင်ဆင်ရန်]

စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခွင့်

၂၉။ စစ်မှုထမ်းဟောင်းအဖွဲ့သည့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်။ ယင်းသို့ လုပ်ကိုင်ဆောင်ရွက်ရာတွင် စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ကဖြစ်စေ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့က ဖြစ်စေ သီးခြားလုပ်ကိုင်ဆောင်ရွက်ခဲ့လျှင် စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်၏ ရပိုင်ခွင့်၊ ပေးရန်တာဝန်တို့သည် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ အသီးသီး၏ ရပိုင်ခွင့်၊ ပေးရန်တာဝန်တို့နှင့် တသီးတခြားစီ ဖြစ်စေရမည်။

၃၀။ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ တစ်ရပ်ရပ်၏ ကိုယ်ပိုင်ရင်းနှီးငွေဖြင့် လုပ်ကိုင်ဆောင်ရွက်သည့် စီးပွားရေး လုပ်ငန်းကို စာရင်းရှင်းလင်းဖျက်သိမ်းရန် လိုအပ်လာလျှင် ဗဟိုအမှုဆောင်အဖွဲ့က စာရင်းရှင်းလင်းဖျက်သိမ်း စေရန် အမိန့်ချမှတ်နိုင်သည်။ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းများဖြင့် သတ်မှတ် ရမည်။

အခန်း(၇)

[ပြင်ဆင်ရန်]

ရန်ပုံငွေထိန်းသိမ်းခြင်းနှင့် စာရင်းအင်းစစ်ဆေးခြင်း

၃၁။ (က) စစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ်နှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့အသီးသီးသည် မိမိအဖွဲ့ပိုင် ရန်ပုံငွေဖြင့် ရပ်တည်ရမည်။ သို့ရာတွင် အစိုးရထံမှ အထောက်အပံ့များ၊ ချေးငွေများနှင့် အခြားအထောက်အပံ့ များကို ရယူနိုင်သည်၊

(ခ) စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်နှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ အသီးသီးသည် မိမိအဖွဲ့အမည်ဖြင့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို ပိုင်ဆိုင်ခွင့်ရှိသည်။

၃၂။ စစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ်နှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့အသီးသီးပိုင် ရန်ပုံငွေများကို လုပ်ထုံး လုပ်နည်းများတွင် သတ်မှတ်ထားသည့်အတိုင်း စီမံခန့်ခွဲရမည်။

၃၃။ စစ်မှုထမ်းဟောင်းအဖွဲ့အဆင့်ဆင့်၏ စာရင်းအင်းများကို စနစ်တကျထားရှိနိုင်ရန်နှင့် စစ်ဆေးခြင်း ပြုနိုင် ရန် အလို့ငှာ-

(က) စီးပွားရေးလုပ်ငန်းလုပ်ကိုင်ပါက နှစ်စဉ်နည်းလမ်းတကျ စာရင်းစစ်ဆေးရမည်၊

(ခ) လိုအပ်သည့်အခါ စစ်မှုထမ်းဟောင်းအဖွဲ့တစ်ရပ်ရပ်သည် စာရင်းစစ်ချုပ်ရုံး သို့မဟုတ် ယင်းရုံး လက်အောက်ရှိ သက်ဆိုင်ရာ စာရင်းရုံး၏ အကူအညီကိုတောင်းခံနိုင်သည်၊

(ဂ) ဗဟိုအမှုဆောင်အဖွဲ့သည် လိုအပ်သည့်အခါ စစ်မှုထမ်းဟောင်းအဖွဲ့တစ်ရပ်ရပ်၏ စာရင်းအင်းများကို စစ်ဆေးပေးရန် စာရင်းစစ်ချုပ်ရုံး သို့မဟုတ် ယင်းရုံးလက်အောက်ရှိ သက်ဆိုင်ရာ စာရင်းရုံး၏ အကူအညီကို တောင်းခံနိုင်သည်။

အခန်း(၈)

[ပြင်ဆင်ရန်]

တားမြစ်ချက်နှင့်ပြစ်ဒဏ်

၃၄။ မည်သူမျှ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ကဲ့သို့ အလားတူ အဖွဲ့အစည်းမျိုးကို ယှဉ်ပြိုင်ဖွဲ့စည်းခြင်း မပြုရ။

၃၅။ မည်သူမဆို ပုဒ်မ ၃၄ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်လျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ် နှစ်နှစ်မှ အများဆုံး ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်ငါးထောင်မှ အများဆုံး ကျပ်တစ်သောင်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်။

အခန်း(၉)

[ပြင်ဆင်ရန်]

အထွေထွေ

၃၆။ စစ်မှုထမ်းဟောင်းအဖွဲ့သည် ကိုယ်ပိုင်အမည်၊ အလံနှင့် တံဆိပ်တို့ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ် ဆက်ခံ ဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်၊တရားစွဲခံနိုင်ခွင့်ရှိစေရမည်။

၃၇။ အဖွဲ့ဝင်တို့ လိုက်နာရမည့် စည်းကမ်းများ၊ ကျင့်ဝတ်များသည်လည်းကောင်း၊ စည်းကမ်းနှင့်ကျင့်ဝတ် ဖောက်ဖျက်သူအဖွဲ့ဝင်အား စုံစမ်းအရေးယူခြင်းဆိုင်ရာ ကိစ္စများသည်လည်းကောင်း လုပ်ထုံးလုပ်နည်းများတွင် သတ်မှတ်သည့်အတိုင်း ဖြစ်စေရမည်။

၃၈။ ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ ပထမအကြိမ် ညီလာခံမကျင်းပမီကာလအတွင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဆောင်ရွက်ရန်ရှိသည်များကို ဤဥပဒေမပြဋ္ဌာန်းမီက ဖွဲ့စည်းထားသည့် စစ်မှုထမ်းဟောင်း အဖွဲ့၊ ဗဟိုဦးစီးအဖွဲ့၊ ဗဟိုအမှုဆောင်ကော်မတီ၊ မြို့နယ်အမှုဆောင်ကော်မတီတို့က ဆောင်ရွက်ရမည်။

၃၉။ ဤဥပဒေအရ ဖွဲ့စည်းသည့် စစ်မှုထမ်းဟောင်းအဖွဲ့ အဆင့်ဆင့်သည် ဤဥပဒေမပြဋ္ဌာန်းမီက ဖွဲ့စည်းထားသော စစ်မှုထမ်းဟောင်းအဖွဲ့ အဆင့်ဆင့်ပိုင် ရန်ပုံငွေများကိုလည်းကောင်း၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများကို လည်းကောင်း၊ ရပိုင်ခွင့်နှင့် ပေးရန် တာဝန်များကိုလည်းကောင်း အသီးသီး ဆက်ခံရမည်။

၄၀။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်ရန် ဗဟိုအမှုဆောင်အဖွဲ့သည်-

(က) လိုအပ်သော လုပ်ထုံးလုပ်နည်းများကို ကာကွယ်ရေးဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်၊

(ခ) လိုအပ်သော ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

(ပုံ) စောမောင် ဗိုလ်ချုပ်ကြီး ဥက္ကဋ္ဌ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့

ရေယာဉ်များလက်နက်တပ်ဆင်မှုတားမြစ်ရေးဥပဒေ (၂၀၁၀ ခုနှစ်)

[ပြင်ဆင်ရန်]

ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

ရေယာဉ်များလက်နက်တပ်ဆင်မှုတားမြစ်ရေးဥပဒေ

(နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်၊ ၂၉/၂၀၁၀)

၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်

(၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်)

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် အောက်ပါဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ရေယာဉ်များလက်နက်တပ်ဆင်မှုတားမြစ်ရေးဥပဒေ ဟုခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော စကားရပ်များသည် အောက်ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) ရေယာဉ်ဆိုသည်မှာ ရေပေါ်တွင်သွားလာရပ်တည်နိုင်ရန်ဖြစ်စေ၊ ရေပေါ်တွင်ပေါ်နိုင်စွမ်းရှိရန်ဖြစ်စေ၊ ရေ အောက်တွင် ငုပ်လျှိုးသွားလာရပ်တည်နိုင်ရန်ဖြစ်စေ ရည်ရွယ်လျက်လုံးလုံးလျားလျားသော်လည်းကောင်း၊ တစ်စိတ် တစ်ပိုင်းသော်လည်းကောင်း တည်ဆောက်ထားသည့် စက်တပ် သို့မဟုတ် စက်မဲ့ယာဉ်၊ ရေပြင်ကို တစ်နည်းနည်းဖြင့် အသုံးပြုသွားလာနိုင်သည့် သို့မဟုတ် ရေပေါ်ရှပ်ပြေးနိုင်သည့်ယာဉ်နှင့် ရေပြင်ကိုအသုံးပြု၍ ဆင်းသက်ပျံသန်းနိုင် သည့် ရေယာဉ်ပျံတို့ကို ဆိုသည်။

(ခ) လက်နက်ဆိုသည်မှာ မည်သည့်ရေယာဉ်တွင်မဆိုတင်ဆောင်၊ တပ်ဆင်ပစ်လွှတ်နိုင်သည့် စစ်လက်နက် ပစ္စည်းများ၊ ယင်းတို့နှင့် ဆက်စပ်ပစ္စည်းများနှင့် ထိန်းချုပ်မှုစနစ်များကို ဆိုသည်။ ယင်းစကားရပ်တွင် ရေပေါ်၊ ရေအောက်၊ မြေပြင်နှင့် ဝေဟင်ရှိပစ်မှတ် များကို ပစ်ခတ်နိုင်သည့် သေနတ်၊ စက်အမြောက်၊ အမြောက်၊ ပဲ့ထိန်းဒုံး၊ ဒုံးပျံ၊ ရေမြှုပ်ဗုံး၊ ရေမြှုပ်ဒုံး၊ တိုပီဒို၊ မိုင်းများ၊ ယင်းတို့ နှင့် ဆက်စပ်ပစ္စည်းများလည်း ပါဝင်သည်။

၃။ (က) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ခွင့်ပြုချက်မရှိဘဲ မည်သူမျှ စစ်ရေယာဉ်ကိုတည်ဆောက်ခြင်း၊ ရေယာဉ်ကို စစ်ရေ ယာဉ်အဖြစ် ပြောင်းလဲခြင်း သို့မဟုတ် လက်နက်တပ်ဆင်ခြင်းမပြုလုပ်ရ။

(ခ) ရေယာဉ်ကို လက်ဝယ်ရှိသူတစ်ဦးသည် သိလျက်နှင့် စစ်ရေယာဉ်အဖြစ်အသုံးပြုရန် အလို့ငှာ မည်သည့် သက်ရှိသက်မဲ့ပစ္စည်းကိုမျှ လက်သင့်ခံခြင်း သို့မဟုတ် တစ်နေရာမှတစ်နေရာသို့ ပို့ဆောင်ပေးခြင်း မပြုလုပ်ရ။

၄။ မည်သူမဆို ပုဒ်မ ၃ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း သို့မဟုတ် ပြစ်မှုကျူးလွန်ရန် အားထုတ် ကြောင်း သို့မဟုတ် ပြစ်မှုကျူးလွန်ခြင်းကို အားပေးကူညီကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁၀နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှုကျူးလွန်ခြင်းနှင့် သက်ဆိုင်သည့် ရေယာဉ်နှင့် ရေယာဉ်ပေါ်ရှိ ပစ္စည်းအားလုံးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

၅။ ဤဥပဒေပါလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ စစ်ဘက် အာဏာ ပိုင်က တာဝန်အပ်နှင်းခြင်းခံရသော အရာရှိတစ်ဦးသည် မည်သည့်ရေယာဉ်၊ ရေယာဉ် ဆောက်လုပ်ရာ နေရာ သို့မဟုတ် သင်္ဘောကျင်းကိုမဆို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၀၁၊ ၁၀၂ နှင့် ၁၀၃ တို့ပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဝင်ရောက်ရှာဖွေနိုင်ခွင့်ရှိသည်။

၆။ ဤဥပဒေအရ တရားစွဲဆိုတင်ပို့သော ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် သက်သေခံပစ္စည်းသည် တရားရုံးရှေ့သို့ တင်ပို့ရန် မလွယ်ကူသော ပစ္စည်းဖြစ်ပါက ယင်းသက်သေခံပစ္စည်းကို တရားရုံးရှေ့သို့ တင်ပို့ရန်မလိုဘဲ မည်ကဲ့သို့ ထိန်းသိမ်းထားကြောင်း အစီရင်ခံစာကို သက်ဆိုင်ရာအခြားစာရွက်စာတမ်းများ၊ အထောက်အထားများနှင့်အတူ တင်ပြနိုင်သည်။ ယင်းသို့တင်ပြခြင်းကို တရားရုံးရှေ့သို့ သက်သေခံပစ္စည်း တင်ပြဘိသကဲ့သို့ မှတ်ယူကာ သက်ဆိုင်ရာတရားရုံးက ဥပဒေနှင့်အညီ စီမံခန့်ခွဲခြင်းပြုနိုင်သည်။

၇။ ရေယာဉ်တစ်စင်းသည် စစ်ရေယာဉ်အဖြစ်တည်ဆောက်ထားခြင်း၊ စစ်ရေယာဉ်အဖြစ်ပြောင်းလဲခြင်း၊ သို့မဟုတ် လက်နက်တပ်ဆင် ထားခြင်းရှိ မရှိတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာတပ်မတော်အရာရှိတစ်ဦးဦး၏ အစီရင်ခံချက် သည် တရားဝင်သက်သေခံချက် ဖြစ်စေရမည်။

၈။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာနသည် လိုအပ် သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင် သည်။

၉။ The Naval Armament Act ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

(ပုံ) သန်းရွှေ ဗိုလ်ချုပ်မှူးကြီး ဥက္ကဋ္ဌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

အရန်တပ်ဖွဲ့ဥပဒေ (၂၀၁၀ ခုနှစ်)

[ပြင်ဆင်ရန်]

ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

အရန်တပ်ဖွဲ့ဥပဒေ

(နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်၊ ၂၈/၂၀၁၀)

၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်

(၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်)

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက် သည်။

အခန်း(၁)

[ပြင်ဆင်ရန်]

အမည်နှင့်စတင်အာဏာတည်ခြင်း

၁။ (က) ဤဥပဒေကို အရန်တပ်ဖွဲ့ဥပဒေဟု ခေါ်တွင်စေရမည်။

(ခ) ဤဥပဒေသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် စတင်အာဏာတည်ရမည်။

အခန်း(၂)

[ပြင်ဆင်ရန်]

အရန်တပ်ဖွဲ့ဝင်

၂။ စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းခြင်းမှနုတ်ထွက်ခွင့် သို့မဟုတ် အငြိမ်းစားယူခွင့်ရရှိသည့် နေ့ရက်မှ စ၍ ငါးနှစ်အထိ အရန်တပ်ဖွဲ့တွင် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်။

၃။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်မှုထမ်းခြင်းမှ မိမိဆန္ဒအလျောက်နုတ်ထွက်သော သို့မ ဟုတ် အငြိမ်းစားယူသော စစ်မှုထမ်းတစ်ဦးအား အရန်တပ်ဖွဲ့ဝင်အဖြစ် ခန့်အပ်နိုင်သည်။

၄။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လေ့ကျင့်ရေးအတွက်ဖြစ်စေ၊ အရေးပေါ်အခြေအနေများအ တွက် ဖြစ်စေ၊ စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်ခြင်းခံရသော ပုဒ်မ ၂ ပါစစ်မှုထမ်းဆောင်ရန်တာဝန်ရှိသူ အား တပ်မတော်၌ တာဝန်ထမ်းဆောင်စဉ်က ခွင့်ပြု ခဲ့သောနောက်ဆုံးအဆင့်နှင့် စစ်ဝတ်စုံတို့ကို သုံးစွဲ ခွင့်ပြုနိုင်သည်။

၅။ အရန်တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် အရန်တပ်ဖွဲ့ဝင်တစ်ဦး၏ တာဝန်ထမ်းဆောင်မှုအပေါ်မူတည်၍ ယင်း၏ရာထူးနှင့်အဆင့်ကို တိုး မြှင့်ခြင်း သို့မဟုတ် လျှော့ချခြင်းပြုနိုင်သည်။

၆။ အရန်တပ်ဖွဲ့ဝင် တစ်ဦးသည် တပ်မတော်မှရရှိသော အငြိမ်းစားလစာအပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သတ်မှတ်သော အကျိုးခံစားခွင့်များကိုလည်း ခံစားနိုင်သည်။

၇။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အရန်တပ်ဖွဲ့ဝင်တစ်ဦးအား နိုင်ငံတော်အကျိုးငှာ ဆက်လက် တာဝန်ပေးအပ်ရန်လိုအပ်လျှင် ပုဒ်မ ၂ ပါကာလထက် ကျော်လွန်၍ တာဝန်ပေးအပ်နိုင်သည်။

အခန်း(၃)

[ပြင်ဆင်ရန်]

ပြစ်မှုနှင့်ပြစ်ဒဏ်

၈။ အခွင့်ရစစ်ဘက်အာဏာပိုင်က လေ့ကျင့်ရေးအတွက်ဖြစ်စေ၊ အရေးပေါ် အခြေအနေများအတွက်ဖြစ် စေ၊ စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်ခြင်းခံရသော ပုဒ်မ ၂ ပါစစ်မှုထမ်းဆောင်ရန်တာဝန်ရှိသူသည် သတ် မှတ်ထားသော နေရာသို့ သတ်မှတ်ထားသော အချိန် အတွင်း သတင်းပို့ရမည်။

၉။ ပုဒ်မ ၈ အရ သတင်းပို့ရန်တာဝန်ရှိသူသည် သတ်မှတ်ထားသောနေရာသို့ သတ်မှတ်ထားသော အ ချိန်အတွင်း လုံလောက်သော အကြောင်းပြချက်မရှိဘဲ သတင်းပို့ရန်ပျက်ကွက်ကြောင်း တရားရုံးက ပြစ် မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပို သော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

အခန်း(၄)

[ပြင်ဆင်ရန်]

အထွေထွေ

၁၀။ အရန်တပ်ဖွဲ့၏ကုန်ကျစရိတ်များကို နိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံရမည်။

၁၁။ အရန်တပ်ဖွဲ့ဝင်တစ်ဦးသည် ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို လိုက်နာရမည်။

၁၂။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာန သည် လိုအပ်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက် များကို ထုတ်ပြန်နိုင်သည်။

၁၃။ The Myanmar Reserve Forces Act ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

(ပုံ) သန်းရွှေ ဗိုလ်ချုပ်မှူးကြီး ဥက္ကဌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

တပ်မြို့စည််ပင်သာယာရေးဥပဒေ(၂၀၁၀ ခုနှစ်)

[ပြင်ဆင်ရန်]

တပ်မြို့စည်ပင်သာယာရေးဥပဒေ ကို အခန်း (၁၄)ခန်း နှင့် ပုဒ်မ (၁၄၁) ပါဝင်သည်။

တပ်မြို့များ တပ်ရင်းတပ်ဖွဲ့ အများအပြား အခြေစိုက်၍ တပ်မြို့စည်ပင်သာယာရေးကော်မတီဖြင့် ဖွဲ့စည်း အုပ်ချုပ်သော တပ်မြို့များလည်း ရှိသည်။ ၎င်းတို့မှာ-

မာတိကာ

[ပြင်ဆင်ရန်]

- သမိုင်း

၁။ အမည် နှင့် အဓိပ္ပာယ်ဖော်ပြချက်

၂။ တပ်မြို့ သတ်မှတ်ခြင်းနှင့် ဖျက်သိမ်းခြင်း

၃။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့ ဖွဲ့စည်းခြင်း

၄။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့၏လုပ်ငန်းတာဝန်များ

၅။ တပ်မြို့ ရငွေ၊ သုံးငွေနှင့် ပစ္စည်းများ

၆။ အခွန်စည်းကြပ်ခြင်း

၇။ ကန်ထရိုက်စာချုပ်များ

၈။ ဈေးများ၊ သားသတ်ရုံများနှင့် လုပ်ငန်းလုပ်ကိုင်ခွင့်များ

၉။ ပြည်သူများအန္တရာယ်ကင်းစေမှုနှင့် အနှောင့်အယှက်ကင်းလွတ်စေမှုကိစ္စများ

၁၀။ အဆောက်အအုံများ၊ လမ်းများ၊ စည်းရိုး၊ သစ်ပင်များနှင့် စပ်လျဉ်း၍ ကြီးကြပ်ရေး

၁၁။ တပ်မြို့ကျန်းမာသန့်ရှင်းရေး

၁၂။ လုပ်ပိုင်ခွင့်များ၊ လုပ်ထုံးလုပ်နည်းများ၊ ပြစ်ဒဏ်နှင့် အယူခံခြင်းများ

၁၃။ နည်းဥပဒေနှင့်စည်းကမ်းဥပဒေများ

၁၄။ အထွေထွေ

သမိုင်း

[ပြင်ဆင်ရန်]
State Peace and Development Council
နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ
အတိုကောက်SPDC
ယခင်အဖွဲ့အစည်းနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့
ဆက်ခံသည့် အဖွဲ့အစည်းအစိုးရ တင်မြှောက်
ဖွဲ့စည်းခြင်း၁၈ စက်တင်ဘာ ၁၉၈၈
ပြိုကွဲချိန်၃၀ မတ် ၂၀၁၁
အမျိုးအစားစစ်တပ်
ဌာနချုပ်ရန်ကုန်
တည်နေရာ
ဥက္ကဋ္ဌ
သန်းရွှေ(ဗိုလ်ချုပ်မှူးကြီး)
ဒုတိယ ဥက္ကဋ္ဌ
မောင်အေး(ဒုတိယ ဗိုလ်ချုပ်မှူးကြီး)
နှီးနွယ်အဖွဲ့အစည်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
Politics and government of Burma.

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (အတိုကောက် SPDC သို့မဟုတ် မြန်မာဘာသာဖြင့် န အ ဖ) သည် ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် မြန်မာ စစ်အစိုးရ၏ တရားဝင်အမည်ဖြစ်သည်။ နအဖ သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး ကောင်စီ (နဝတ) ( SLORC) ဟု မူလအစက သိရှိထားခဲ့သည်။ နဝတ သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) (BSPP) ၏ အခန်းကဏ္ဍကို အစားထိုးပြောင်းလဲထားပြီး၊ အပေါ်ယံကသာ အဓိကပြောင်းထားခြင်းဖြစ်သည်။ ၁၉၉၇ တွင် နဝတ ကို ဖျက်သိမ်းပြီး၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) (SPDC)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

နအဖ တွင် ဌာနကြီးများနှင့် ဒေသဆိုင်ရာစစ်တိုင်းကြီးများ၏ တပ်မှူးကြီးများ ပါဝင်ကြသည်။ စစ်အာဏာပိုင်အဖွဲ့၏ အဖွဲ့ဝင် ၁၁ ဦးသည် အစိုးရဝန်ကြီးများအဖွဲ့ထက် အာဏာကိုပို၍ သုံးနိုင်ခွင့်ရှိသည်။ စစ်အာဏာပိုင်အဖွဲ့၏ အချို့သောအဖွဲ့ဝင်များသည် ဝန်ကြီးများအဖွဲ့၏ ဝန်ကြီးရာထူးများကိုလည်းယူထားသည်။ အများ၏ထင်မြင်ယူဆချက်တွင် စစ်တိုင်းမှူးများသည် ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် များများစားစားရရှိခြင်းကို ပျော်ရွှင်နှစ်သက်ကြသည်။ အစိုးရသည်တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်သော မဆလ ၏ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စံနစ်မှ နောက်ဆုတ်ထားသော်လည်း၊ လူ့အခွင့်အရေးချိုးဖေါက်မှု စွပ်စွဲချက်များ အများအပြားရှိ နေသည်။ အစိုးရသည် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ထားပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့သည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ

တပ်မြို့စည်ပင်သာယာရေးဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်၊ ၃၂ / ၂၀၁၀) ၁၃၇၂ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက် (၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်) နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အမည် နှင့် အဓိပ္ပာယ်ဖော်ပြချက်

[ပြင်ဆင်ရန်]

အခန်း(၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို တပ်မြို့စည်ပင်သာယာရေး ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏တပ်မတော်ကို ကွပ်ကဲ အုပ်ချုပ်သည့် အကြီးအကဲကို ဆိုသည်။

(ခ) တပ်မြို့ ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း တပ်မတော် (ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များ အခြေစိုက်နေထိုင်သော နေရာနှင့် တပ်ဖွဲ့များ အသုံးပြုရန် လိုအပ်သည့် နေရာများကို ဤဥပဒေအရ တပ်မြို့အဖြစ်သတ်မှတ်သည့် နယ်မြေ ကိုဆိုသည်။

(ဂ) တပ်မြို့စည်ပင်သာယာရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ တပ်မြို့ကိစ္စများစီမံခန့်ခွဲအုပ်ချုပ်ရန် ဖွဲ့စည်းထား သော အဖွဲ့ ကိုဆိုသည်။

(ဃ) တပ်နယ်မှူး ဆိုသည်မှာ တပ်နယ်တစ်ခုတွင် တပ်ရင်း၊ တပ်ဖွဲ့များကို အခါအားလျော်စွာ ကြီးကြပ် ကွပ်ကဲရန် တိုင်းမှူး သို့မဟုတ် သက်ဆိုင်ရာ စစ်ဌာနချုပ်ကခန့်ထားသော တပ်မတော်အရာရှိကိုဆိုသည်။

(င) ဥက္ကဋ္ဌ ဆိုသည်မှာ တပ်မြို့စည်ပင်သာယာရေးအဖွဲ့အား ကြီးကြပ် အုပ်ချုပ်သူကိုဆိုသည်။

(စ) အတွင်းရေးမှူး ဆိုသည်မှာ တပ်မြို့အုပ်ချုပ်ရေးကိစ္စများအား အဖွဲ့ဥက္ကဋ္ဌ၏ စီမံကွပ်ကဲမှုဖြင့် တာဝန်ယူဆောင်ရွက်ရသူကို ဆိုသည်။

(ဆ) ကျန်းမာရေးအရာရှိ ဆိုသည်မှာ တပ်မြို့ကျန်မားရေးကိစ္စများ အတွက် တာဝန်ပေးအပ်ခြင်းခံရသော တပ်မတော်ဆေး အရာရှိ သို့မဟုတ် မြို့နယ်ကျန်းမာရေးအရာရှိ ဆေးမှူးကို ဆိုသည်။

(ဇ) လမ်း ဆိုသည်မှာ လမ်းနှင့် တံတားအသုံးပြုခြင်းဆိုင်ရာဥပဒေအရ လုပ်ထုံးလုပ်နည်းဖြင့် သတ်မှတ်ထားသော လမ်းနှင့်ယင်း လမ်း၏ နယ်နိမိတ် သို့မဟုတ် လမ်းမကြီးနှင့် ယင်းလမ်းမကြီး၏ နယ်နိမိတ်ကို ဆိုသည်။

(ဈ) ဈေး ဆိုသည်မှာ တပ်မြို့စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တပ်မြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် နယ်မြေ အတွင်းရှိ ပြည်သူများအတွက် သား၊ ငါး၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ သက်ရှိတိရစ္ဆာန်များ သို့မဟုတ် အခြားစားသောက် ကုန်နှင့် ကုန်ပစ္စည်းများကို ရောင်းချသည့် နေရာကိုဆိုသည်။

(ည) တပ်မြို့ဈေး ဆိုသည်မှာ တပ်မြို့စည်ပင်သာယာရေးအဖွဲ့၏ စီမံခန့်ခွဲမှုအောက်၌ ရှိသော ဈေးကို ဆိုသည်။

(ဋ) သားသတ်ရုံ ဆိုသည်မှာ လူအများစားသုံးရန် အသားကို တပ်မြို့စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရောင်းချရန် အလို့ငှာ တိရစ္ဆာန်များကိုသတ်ရာတွင် အသုံးပြုသည့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ပိုင်နေရာကို ဆိုသည်။

(ဌ) တပ်မြို့သားသတ်ရုံ ဆိုသည်မှာ တပ်မြို့စည်ပင်သာယာရေးအဖွဲ့၏ စီမံခန့်ခွဲမှုအောက်၌ ရှိသော သားသတ်ရုံကို ဆိုသည်။

(ဍ) အဆောက်အအုံ ဆိုသည်မှာ မည်သည့်ဆောက်လုပ်ရေးပစ္စည်းဖြင့် မဆို ယာယီ သို့မဟုတ် အမြဲတမ်း ဆောက်လုပ်သည့် အိမ်၊ တိုက်၊ တဲ၊ တစ်ဖက်ယပ်၊ အမိုးပါရှိသော အခြားအဆောက်အအုံ သို့မဟုတ် ယင်းတို့၏ အစိတ်အပိုင်းကို ဆိုသည်။ ယင်းစကားရပ်တွင် အဆောက်အအုံနံရံ၊ မြေထိန်းနံရံ၊ အကာအရံ၊ ဝင်းတံခါး၊ ခြံစည်းရိုး၊ ဝင်းထရံ၊ ဇာတ်ခုံ၊ တိုင်၊ ကျားထောက် သို့မဟုတ် အဆောက်အအုံ၏ အကြမ်းထည်လည်း ပါဝင်သည်။

(ဎ) ပေါင်းစပ်နံရံ ဆိုသည်မှာ ပိုင်ရှင်သီးခြားဖြစ်သည့် အဆောက်အအုံ နှစ်ခုအကြားတွင် ခွဲခြားနေထိုင်အသုံးပြုရန် ပေါင်းစပ် ကာရံ ထားသည့် နံရံကိုဆိုသည်။

(ဏ) ရေပေးရေးလုပ်ငန်း ဆိုသည်မှာ တပ်မြို့အတွင်း ရေပေးရန် ကိစ္စတွင်သုံးသည့်ချောင်း၊ မြောင်း၊ အင်း၊ အိုင်၊ ရေတွင်း၊ ရေကန်၊ ရေစုပ်စက်၊ ရေသယ်ကား၊ ရေဘုံဘိုင်နှင့် ရေပြွန်တို့အပါအဝင် ရေပေးရန်ကိစ္စတွင်သုံးသည့် စက်ကိရိယာ၊ မြေ၊ အဆောက်အအုံ၊ တံတားနှင့် အခြားပစ္စည်းများကို ဆိုသည်။

(တ) မွေးမြူရေးလုပ်ငန်း ဆိုသည်မှာ တိရစ္ဆာန်များ မွေးမြူခြင်း၊ ထုတ်လုပ်ခြင်း၊ သားဖောက်ခြင်း၊ သိုလှောင်ခြင်း၊ သုတေသနပြု ခြင်း၊ ရောင်းချခြင်းနှင့် နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းတို့ကို ဆိုသည်။

(ထ) နေထိုင်သူ ဆိုသည်မှာ တပ်မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် နယ်မြေအတွင်း နေထိုင်သူ သို့မဟုတ် အလုပ်လုပ် ကိုင်နေသူ သို့မဟုတ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုပိုင်ဆိုင်သူ သို့မဟုတ် လက်ဝယ်ရှိသူကိုဆိုသည့် အပြင် အကယ်၍ အငြင်းအခုံ ဖြစ်ပွား ခဲ့လျှင် နေထိုင်သူဖြစ်ကြောင်းသက်ဆိုင်ရာ တရားရုံးက အဆုံးအဖြတ်ပေးခြင်း ခံရသူကိုဆိုသည်။

(ဒ) လက်ဝယ်ရှိသူ ဆိုသည်မှာ ပိုင်ရှင်အပါအဝင် မြေနှင့် အဆောက်အအုံတွင် နေထိုင်အသုံးပြုသူကို ဆိုသည်။

(ဓ) ကူးစက်တတ်သောရောဂါ ဆိုသည်မှာ လူတစ်ဦးမှ တစ်ဦးသို့လည်းကောင်း၊ တိရစ္ဆာန်မှ လူသို့လည်းကောင်း၊ သွေးနှင့် သွေးထွက်ပစ္စည်းများမှတစ်ဆင့် လူသို့လည်းကောင်း၊ လူ့အသုံးအ​ဆောင်ပစ္စည်းများမှတစ်ဆင့် လူသို့လည်းကောင်း၊ အစားအသောက်မှတစ်ဆင့် လူသို့လည်းကောင်း၊ ခြင်၊ ယင်၊ လှေးစသည့် ပိုးမွှားကောင် များမှတစ်ဆင့် လူသို့လည်းကောင်း၊ ကူးစက်တတ်သောရောဂါကို ဆိုသည်။ ယင်းစကားရပ်တွင် ကျန်းမာရေး ဝန်ကြီးဌာနက အခါအားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ကူးစက်တတ်သော ရောဂါအဖြစ်သတ်မှတ် သည့် ကူးစက်ရောဂါများလည်း ပါဝင်သည်။

(န) နှောင့်ယှက်မှု ဆိုသည်မှာ လူ၏ အာရုံခံစားမှု၊ အသက်အိုးအိမ် စည်းစိမ်နှင့် ကျန်းမာရေးတို့ကို ထိခိုက်နစ်နာ စေမည့် ပြုလုပ်မှုနှင့် ပျက်ကွက်မှုများကို ဆိုသည်။

(ပ) ဘီးတပ်ယာဉ် ဆိုသည်မှာ မော်တော်ကား၊ မီးရထား၊ မော်တော် ဆိုင်ကယ်နှင့် စက်ဘီး၊ ဆိုက်ကားနှင့် လက်တွန်းလှည်းအပါအဝင် ဘီးတပ်ထားသော သယ်ယူပို့ဆောင်ရေး ယာဉ်များကို ဆိုသည်။

(ဖ) အိမ် ဆိုသည်မှာ စစ်မှုထမ်းတစ်ဦးနေထိုင်ရန် သို့မဟုတ် စစ်ဘက် ရိပ်သာတစ်ခုပြုလုပ်ရန် သင့်လျော်သော အဆောက်အအုံကိုဆိုသည်။ ယင်းစကားရပ်တွင် အဆောက်အအုံနှင့် ဆက်စပ်နေသော မြေနှင့် အဆောက်အအုံ များလည်း ပါဝင်သည်။

(ဗ) စစ်ဘက်အရာရှိ ဆိုသည်မှာ တပ်မတော် (ကြည်း၊ ရေ၊ လေ) တာဝန်များအရ တပ်နယ်တစ်ခု၌ တာဝန် ထမ်းဆောင်နေသော ပြန်တမ်းဝင်အရာရှိ သို့မဟုတ် အရာခံဗိုလ်ကို ဆိုသည်။ ယင်းစကားရပ်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အမိန့်စာဖြင့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များအလို့ငှာ တပ်နယ်ရုံးနှင့် တပ်မတော်ဌာန တစ်ခုခုတွင် အရာရှိတာဝန်ထမ်း​ဆောင်နေ သူ လည်းပါဝင်သည်။

(ဘ) ပိုင်ရှင် ဆိုသည်မှာ တပ်မြို့အတွင်းရှိ အဆောက်အအုံ သို့မဟုတ် မြေကွက်ပိုင်ဆိုင်သူကို ဆိုသည်။ ယင်း စကားရပ်တွင် အဆောက်အအုံ သို့မဟုတ် မြေကွက်ကို အငှားချထားခြင်းကိစ္စ၌ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ် ဖြင့်ဖြစ်စေ၊ ယုံမှတ် အပ်နှံခံရသူ အဖြစ်ဖြင့်ဖြစ်စေ အိမ်လခ သို့မဟုတ် မြေငှားခကို လက်ခံရရှိနေသူ သို့မဟုတ် ရရှိထိုက်သူတို့လည်း ပါဝင်သည်။

တပ်မြို့ သတ်မှတ်ခြင်းနှင့် ဖျက်သိမ်းခြင်း

[ပြင်ဆင်ရန်]

အခန်း(၂)

တပ်မြို့သတ်မှတ်ခြင်း နှင့် ဖျက်သိမ်းခြင်း

၃။ အစိုးရအဖွဲ့သည် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ မြန်မာနိုင်ငံအတွင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့ များ အခြေစိုက်သောနေရာနှင့် တပ်ဖွဲ့များအသုံးပြုရန် လိုအပ်သည့်နေရာများကို နယ်နိမိတ်သတ်မှတ်၍ တပ်မြို့ အဖြစ် သတ်မှတ်နိုင်သည်။ ထို့ပြင် တပ်မြို့အဖြစ်မှပယ်ဖျက်ခြင်းနှင့်ခွဲထုတ်ခြင်းများပြုလုပ်နိုင်သည်။

၄။ (က) အစိုးရအဖွဲ့သည် အမိန့်ပြန်တမ်းထုတ်ပြန်၍ တပ်မြို့နှင့်ဆက်စပ်လျက်ရှိသည့်မည်သည့် ဒေသ၊ ရပ်ကွက်၊ ကျေးရွာကိုမဆို တပ်မြို့နယ်နိမိတ်သို့ထည့်သွင်းရန်သော်လည်းကောင်း၊ တပ်မြို့တွင်ပါဝင်သည့် မည်သည့် ဒေသ၊ ရပ်ကွက်၊ကျေးရွာကိုမဆို ယင်းတပ်မြို့မှခွဲထုတ်ရန်သော်လည်းကောင်း ရည်ရွယ်ကြောင်းထုတ်ပြန်ကြေညာနိုင် သည်။

(ခ) တပ်မြို့သို့မဟုတ် ဒေသ၊ ရပ်ကွက်၊ ကျေးရွာတွင် နေထိုင်သူမည်သူမဆို ပုဒ်မခွဲ (က) အရ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာနှင့်စပ်လျဉ်း၍ယင်းအမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့မှ ရက်သတ္တပတ် ၆ ပတ်အတွင်း အစိုးရ အဖွဲ့သို့ ကန့်ကွက်စာ တင်သွင်းနိုင်သည်။

(ဂ) ပုဒ်မခွဲ (က) အရ အမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့မှ ရက်သတ္တပတ် ၆ ပတ် ကုန်ဆုံးသောအခါ အစိုးရ အဖွဲ့သည် ကန့်ကွက်ချက်မရှိလျှင်လည်းကောင်း၊ ပုဒ်မခွဲ (ခ) အရ ကန့်ကွက်စာ တင်သွင်းခြင်းရှိလျှင် ယင်း ကန့်ကွက်ချက်ကို စုံစမ်း စစ်ဆေး ဆုံးဖြတ်ပြီးနောက်လည်းကောင်း ယင်းထုတ်ပြန်သည့် အမိန့်ကြော်ငြာစာနှင့် စပ်လျဉ်းသော ဒေသ၊ ရပ်ကွက်၊ ကျေးရွာဖြစ်စေ၊ ယင်း၏တစ်စိတ်တစ်ဒေသကိုဖြစ်စေ တပ်မြို့အတွင်း ထည့်သွင်း နိုင်သည် သို့မဟုတ် တပ်မြို့မှ ခွဲထုတ်နိုင်သည်။

၅။ ပုဒ်မ ၄ အရ အမိန့်ကြော်ငြာစာထုတ်ပြန်၍ တပ်မြို့အတွင်း ထည့်သွင်းခြင်း ခံရသော ဒေသ၊ ရပ်ကွက်၊ ကျေးရွာသည်တည်ဆဲဥပဒေများ၊နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် အကျုံးဝင်သည့်အပြင် ဤဥပဒေပါ ညွှန်ကြားချက်များကိုလည်း လိုက်နာရမည်။

၆။ (က) ပုဒ်မ ၃ အရ အမိန့်ကြော်ငြာစာထုတ်ပြန်၍ တပ်မြို့အဖြစ် သတ်မှတ်သည့် နယ်မြေတစ်ခုလုံးကို တပ်မြို့ အဖြစ်မှ ရပ်စဲရန် လိုအပ်လျှင် အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

(၁) တပ်မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုဖြစ်စေ၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းကို ဖြစ်စေ စာရင်းအင်းနှင့်တကွ လွှဲပြောင်းနိုင်ရန် ကာကွယ်ရေးဝန်ကြီးဌာန၏အမိန့်တောင်းခံ၍ သက်ဆိုင်ရာ ရုံး၊ ဌာနသို့လွှဲအပ်ခြင်း၊

(၂) ရရန်၊ပေးရန်ကြွေးမြီများကို စာရင်းအင်းနှင့်တကွကာကွယ်ရေးဝန်ကြီးဌာန၏အမိန့်တောင်းခံ၍ သက်ဆိုင်ရာ ရုံး၊ ဌာနသို့လွှဲအပ်ခြင်း၊

(၃) ဖျက်သိမ်းမိန့်သတ်မှတ်သည့်နေ့အထိ တပ်မြို့စည်ပင် သာယာရေးအဖွဲ့ပိုင်ငွေများကို စာရင်းဇယားပြုလုပ်၍ နိုင်ငံတော် အစိုးရ၏ ဘဏ္ဍာရန်ပုံငွေစာရင်းသို့ သက်ဆိုင်ရာ ခေါင်းစဉ်ဖြင့် အပ်နှံခြင်း။

(ခ) ပုဒ်မ ၃ အရ တပ်မြို့တွင် ပါဝင်သော ဒေသ၊ ရပ်ကွက်၊ ကျေးရွာ သို့မဟုတ် ယင်း၏ တစ်စိတ်တစ်ဒေသကို တပ်မြို့အဖြစ်မှ ပယ်ဖျက်ခဲ့လျှင် ယင်းနှင့်သက်ဆိုင်သည်တို့ကိုလည်း ပုဒ်မခွဲ (က) နှင့်အညီ ဆောင်ရွက်ရမည်။

တပ်မြို့စည်ပင်သာယာရေးအဖွဲ့ ဖွဲ့စည်းခြင်း

[ပြင်ဆင်ရန်]

အခန်း(၃)

တပ်မြို့စည်ပင်သာယာရေးအဖွဲ့ ဖွဲ့စည်းခြင်း

၇။ တပ်မြို့တိုင်းတွင် တပ်မြို့စည်ပင်သာယာရေးအဖွဲ့တစ်ခုစီကို ဖွဲ့စည်းရမည်။ ယင်းအဖွဲ့ဖွဲ့စည်းခွင့်၊ ပြင်ဆင်ဖွဲ့စည်းခွင့်၊ ရုပ်သိမ်းခွင့် တို့နှင့် စပ်လျဉ်း၍ စစ်ထောက်ချုပ်မှ တစ်ဆင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သဘောတူညီချက်ကိုရယူ ဆောင်ရွက်ရမည်။

၈။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့၏ အမည်ရှေ့တွင် သက်ဆိုင်ရာဒေသ အမည်ကိုဖော်ပြရမည်။ ယင်းအဖွဲ့တွင် ရုံးတံဆိပ်တစ်ခုရှိရမည်ဖြစ်ပြီး ရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့် မရွှေ့မပြောင်းနိုင်သောပစ္စည်းများကိုလက်ဝယ် ရယူခွင့်၊ ပိုင်ဆိုင်ခွင့်၊ ပဋိညာဉ် စာချုပ်ချုပ် ဆိုပိုင်ခွင့်ရှိရမည်။ ထို့ပြင် ယင်း၏အမည်ဖြင့် တရားစွဲဆိုနိုင်ခွင့်၊ တရားစွဲဆို ခံနိုင်ခွင့်ရှိသည်။

၉။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-

(က) တပ်နယ်မှူး ၊ ဥက္ကဋ္ဌ (ခ) တပ်မြို့အတွင်းရှိတပ်မတော် (ကြည်း၊ ရေ၊ လေ)မှအရာရှိတစ်ဦး၊ အဖွဲ့ဝင် (ဂ) တပ်မတော်ဆေးတပ်ဖွဲ့မှအရာရှိ(ဆေးမှူး)တစ်ဦး၊ အဖွဲ့ဝင် (ဃ) တပ်မတော်အင်ဂျင်နီယာတပ်မှ အင်ဂျင်နီယာအရာရှိ တစ်ဦး၊ အဖွဲ့ဝင် (င) တိုင်းမှူးမှ ရွေးချယ်သူ အတွင်းရေးမှူး

၁၀။ ပုဒ်မ ၉ ပါ အဖွဲ့ဝင်များ၏ အမည်စာရင်းကို သက်ဆိုင်ရာတိုင်းမှူးမှ ရွေးချယ်၍ စစ်ထောက်ချုပ်မှတစ်ဆင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သို့ တင်ပြခန့်အပ်ရမည်။

တပ်မြို့စည်ပင်သာယာရေးအဖွဲ့၏လုပ်ငန်းတာဝန်များ

[ပြင်ဆင်ရန်]

အခန်း(၄)

တပ်မြို့စည်ပင်သာယာရေးအဖွဲ့၏လုပ်ငန်းတာဝန်များ

၁၁။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့သည် အောက်ပါလုပ်ငန်းတာဝန်များ ဆောင်ရွက်ရမည်-

(က) တပ်မြို့မြေများကို တည်ဆဲဥပဒေများနှင့်အညီ စီမံခန့်ခွဲခြင်း၊

(ခ) ဤဥပဒေအရ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ညှိနှိုင်းဆုံးဖြတ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

(ဂ) နှစ်စဉ်ရသုံးမှန်းခြေငွေစာရင်းများကို အတည်ပြုခြင်း၊

(ဃ) တပ်မြို့အတွင်း အခွန်များစည်းကြပ်နိုင်ရန်ညှိနှိုင်းခြင်း၊ အခွန်နှုန်းထားများ သတ်မှတ်ပေးခြင်း၊

(င) အခွန်ငွေများတိုးတက်မှုကို အခါအားလျော်စွာ ပြန်လည်သုံးသပ်ခြင်း၊

(စ) အခြားဒေသန္တရ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ကိစ္စများ ဆောင်ရွက်ခြင်း၊

(ဆ) တပ်မြို့စည်ပင်သာယာရေးအဖွဲ့သို့ ပေးအပ်ထားသော ပစ္စည်းများကို ဤဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေ များနှင့်အညီ စီမံခန့်ခွဲခြင်းနှင့် ထိန်းသိမ်းခြင်း၊

(ဇ) တပ်မြို့အတွင်း လမ်းသစ်များဖောက်လုပ်ရန်နှင့် ၎င်းနှင့် ဆက်စပ်လျက်ရှိသော အဆောက်အအုံများ၊ အဝန်း အဝိုင်းများ ပြုလုပ်နိုင်ရေးအတွက် မြေများသိမ်းယူရန် လိုအပ်သော အစီအမံ ပြုလုပ်ခြင်း၊

(ဈ) ပန်းဥယျာဉ်များ၊ ကလေးကစားကွင်းများ၊ ရုံးများ၊ မွေးမြူရေး လုပ်ငန်းများ၊ သောက်ရေ၊ ရေတွင်း၊ ရေကန်များနှင့်အများပြည်သူများအတွက်အသုံးဝင်မည့်အခြားလုပ်ငန်းဆောင်တာများတည်ထောင်ခြင်း၊ ဆောက် လုပ်ခြင်း၊ ထိန်းသိမ်းခြင်းအတွက် စီမံကိန်းများပြုလုပ်ခြင်း၊

(ည) ကျန်းမာရေးနှင့် မညီညွတ်သော ရပ်ကွက်များကို ပြုပြင်ရန် အစီအမံများ ပြုလုပ်ခြင်း၊

(ဋ) တပ်မြို့စည်ပင်သာယာရေးအတွက် ဤဥပဒေပါ အခြားလုပ်ငန်း တာဝန်များကို ဆောင်ရွက်ခြင်း။

၁၂။ ဥက္ကဋ္ဌသည် အောက်ဖော်ပြပါ လုပ်ငန်းများကို စီစဉ်ဆောင်ရွက်ရမည်-

(က) မိမိကိုယ်တိုင်နှင့်အဖွဲ့ဝင်များအား တပ်မြို့စည်ပင်သာယာရေးအဖွဲ့က ကိုင်တွယ်ကျင့်သုံး အကောင်အထည် ဖော်ရမည့် ဥပဒေ၊နည်းဥပဒေများနှင့်လုပ်ထုံးလုပ်နည်းများကိုကျွမ်းကျင်အောင် ဆည်းပူးလေ့လာဆောင်ရွက်ခြင်း၊

(ခ) အများပြည်သူစုဝေးရာနေရာများနှင့် သွားလာရာ လမ်းများတွင် လျှပ်စစ်မီးရရှိရန် ဆောင်ရွက်ပေးခြင်း၊

(ဂ) အများပြည်သူအား ကျန်းမာရေးကိုထိခိုက်စေပြီး ဘေးအန္တရာယ်ဖြစ်စေသည့် လုပ်ငန်းများ လုပ်ကိုင်ကူးသန်း ရောင်းဝယ်ရာ တွင် လိုက်နာရမည့် စည်းကမ်းများ သတ်မှတ်ခြင်း၊

(ဃ) လူအများ အန္တရာယ်မဖြစ်စေရန် လမ်းများနှင့် အများပြည်သူဆိုင်ရာနေရာများတွင် မလိုလားအပ်သည့် အတားအဆီးများ၊ ဘေးအန္တရာယ် မကင်းသည့် အဆောက်အအုံများနှင့် နေရာများကို ကင်းလွတ် လုံခြုံအောင် ပြုလုပ်ခြင်း နှင့် ဖယ်ရှားခြင်း၊

(င) သုသာန်အတွက် မြေများသိမ်းယူထားရှိခြင်း၊ ယင်းမြေများကို ပြောင်းလဲခြင်း၊ စည်းကမ်း သတ်မှတ်ခြင်း၊

(စ) လမ်းများ၊ လမ်းကူးတံတားများ၊ ဈေးများ၊ သားသတ်ရုံများ၊ အိမ်သာများ၊ ရေမြောင်းများနှင့် အညစ် အကြေးပြွန်များ စသည့်တို့ကို ဆောက်လုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း၊

(ဆ) လမ်းဝဲယာနှင့် အများပြည်သူဆိုင်ရာနေရာများတွင် သစ်ပင်စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်း၊

(ဇ) လူအများသောက်သုံးရန် သန့်ရှင်းသောရေရရှိရေးအတွက် ဆောင်ရွက်ခြင်း၊ သောက်သုံးရန်ရေကိုမညစ် ညမ်းစေရန် ကာကွယ်တားဆီးခြင်းနှင့် မသန့်ရှင်းသောရေကို သုံးစွဲခြင်းမှ တားဆီးခြင်း၊

(ဈ) ဖွား၊ သေစာရင်း မှတ်ပုံတင်ခြင်း၊

(ည) မီးလောင်မှုဖြစ်ပွားလျှင် ငြိမ်းသတ်ခြင်းနှင့် အသက်အိုးအိမ် ပစ္စည်းများကို ကာကွယ်စောင့်ရှောက်ခြင်း၊

(ဋ) တပ်မြို့စည်ပင်သာယာရေးအဖွဲ့ထံ အပ်နှံ ထုတ်ပေးပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ခြင်း၊

(ဌ) တပ်မြို့အတွက် မြေတိုင်းတာခြင်းနှင့် စစ်ဆေးခြင်း၊

(ဍ) ကူးစက်တတ်သောရောဂါဖြစ်ပွားပါက လိုအပ်သည့် အကူအညီများ ပေးခြင်း၊

(ဎ) တပ်မြို့တွင် နေထိုင်ကြသော အများပြည်သူ၏ ကျန်းမာရေး၊ လုံခြုံရေးနှင့်သက်သာ ချောင်ချိရေးတို့အတွက် ပိုမိုထိ ရောက်မည့် နည်းလမ်းများဖြင့် ဆောင်ရွက်ခြင်း၊

(ဏ) အမှိုက်နှင့် အညစ်အကြေးများစွန့်ပစ်ရန် သင့်လျော်သည့်နေရာများ သတ်မှတ် ထားရှိစေခြင်း၊ ယင်းသတ်မှတ် နေရာသို့ သယ်ယူစွန့်ပစ်စေခြင်း။

(တ) ကာကွယ်ရေးဝန်ကြီးဌာနက ခွင့်ပြုထားသော တပ်မြို့စည်ပင်သာယာရေးဆိုင်ရာ အထူးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊

(ထ) တပ်မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် ရန်ပုံငွေအခြေအနေကို လေးလ တစ်ကြိမ်နှင့် နှစ်ချုပ်ငွေစာရင်းကို တစ်နှစ်တစ်ကြိမ် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်သို့ တင်ပြ အစီရင်ခံခြင်း၊ ငွေစာရင်းနှင့် ပစ္စည်းစာရင်းများကို သက်ဆိုင်ရာ အထက်ဆင့် အရာရှိကြီးများ၏ စစ်ဆေးမှုကိုခံယူခြင်း၊

(ဒ) ဤဥပဒေအရသော်လည်းကောင်း၊ အခြားတည်ဆဲဥပဒေအရသော်လည်းကောင်း ပေးအပ်သောတာဝန် ဝတ္တရားများကို ထမ်းဆောင်ခြင်း။

၁၃။ အတွင်းရေးမှူးသည် အောက်ပါ လုပ်ငန်းတာဝန်ဝတ္တရားများ ဆောင်ရွက်ရမည်-

(က) မိမိကိုယ်တိုင်နှင့် အဖွဲ့ဝင်များအား တပ်မြို့စည်ပင်သာယာရေးအဖွဲ့က ကိုင်တွယ်ကျင့်သုံး အကောင်အထည်ဖော်ရမည့် ဥပဒေ၊နည်းဥပဒေများနှင့်လုပ်ထုံးလုပ်နည်းများကိုကျွမ်းကျင်အောင်ဆည်းပူးလေ့လာ ဆောင်ရွက်ခြင်း၊

(ခ) ဤဥပဒေအရ မိမိအား အပ်နှင်းထားသောတာဝန်ဝတ္တရားများကို ဆောင်ရွက်ခြင်း၊

(ဂ) တပ်မြို့စည်ပင်သာယာရေးအဖွဲ့က ဆုံးဖြတ်ချက်ချထားသောလုပ်ငန်းများနှင့် ဥက္ကဋ္ဌကပေးအပ်သည့် လုပ်ငန်းတာဝန် များကို ဆောင်ရွက်ခြင်း၊

(ဃ) သာမန်အားဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဥက္ကဋ္ဌထံမှ ခွင့်ပြုမိန့် ရယူဆောင်ရွက်ရန်ဖြစ်သော်လည်း အများပြည်သူအကျိုးငှာ သို့မဟုတ် လုံခြုံရေးအတွက် အရေးတကြီးဆောင်ရွက်ရန်လိုအပ်ပါကမည်သည့်လုပ်ငန်း ကိုမဆို ချက်ချင်းလုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းနှင့် ယင်းသို့ဆောင်ရွက်ရာတွင်ကုန်ကျစရိတ်ကို တပ်မြို့ဘဏ္ဍာငွေမှ ကျခံသုံးစွဲ၍ အရေးယူဆောင်ရွက်သည့်အမှုကိစ္စကို အကျိုးအကြောင်းနှင့်တကွ ဥက္ကဋ္ဌထံ အမြန်တင်ပြခြင်း၊

(င) အခွန်စည်းကြပ်ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ရသော အဆောက်အအုံများနှင့် မြေများ၏သန့်ရှင်းရေးကို တာဝန်ယူ၍ အခမဲ့ ဆောင်ရွက်ပေးခြင်း၊

(စ) ငွေစာရင်းနှင့်ပစ္စည်းစာရင်းများကို လစဉ်ရေးဆွဲ၍ ဥက္ကဋ္ဌနှင့် စာရင်းစစ်အဖွဲ့သို့ တင်ပြ၍ အစစ်ဆေးခံခြင်း။

တပ်မြို့ ရငွေ၊ သုံးငွေနှင့် ပစ္စည်းများ

[ပြင်ဆင်ရန်]

အခန်း(၅)

တပ်မြို့ ရငွေ၊ သုံးငွေနှင့် ပစ္စည်းများ

၁၄။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့သည် မိမိတို့၏ ဘဏ္ဍာငွေအပေါ် ရပ်တည်၍ လုပ်ငန်းများကို မိမိတို့၏ ဘဏ္ဍာငွေအစီအစဉ်ဖြင့် ဆောင်ရွက်ကြရမည်။

၁၅။ (က) တပ်မြို့စည်ပင်သာယာရေးအဖွဲ့၏ ရငွေနှင့်သုံးငွေအတွက် ဥက္ကဋ္ဌသည် နှစ်စဉ်နိုင်ငံတော်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေတွင် ဖော်ပြထားသည့် ရငွေတို့ကို စီမံ ကြီးကြပ် ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံ ခန့်ခွဲခြင်းပြုရမည်။ ထို့ပြင် တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ၏လုပ်ငန်း လိုအပ်ချက်အရ အစိုးရအဖွဲ့က သတ်မှတ်ပေးသောရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းများကိုလည်းဆောင်ရွက် ရမည်။

(ခ) ဥက္ကဋ္ဌသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုမိမိလက်အောက်ရှိလုပ်ငန်းဆိုင်ရာပုဂ္ဂိုလ်အသီးသီး အား လွှဲအပ် ဆောင်ရွက်စေနိုင်သည်။

(ဂ) ရငွေများကို စီမံကြီးကြပ် ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း နှစ်စဉ်နိုင်ငံတော်၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေ များ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် ရမည်။

၁၆။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့သည် လုပ်ငန်းလုပ်ကိုင်ရန်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော်လည်း ကောင်းလိုအပ်သည့်ငွေကို ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေအစိုးရအဖွဲ့၏ ခွင့်ပြုချက် ရယူဆောင်ရွက် နိုင်သည်။

၁၇။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့သည်မိမိတို့နှင့်သက်ဆိုင်သောတည်ဆဲဥပဒေများ၊နည်းဥပဒေများ၊ စည်းမျဉ်း များ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များအရ ခွင့်ပြုထားသော အခွန်အကောက်အမျိုးအစားများကို သာ ကောက်ခံနိုင်သည်။

၁၈။ (က) တပ်မြို့စည်ပင်သာယာရေးအဖွဲ့၏ ရငွေများမှာ အောက်ပါတို့ ဖြစ်သည်-

(၁) ဤဥပဒေအရဖြစ်စေ၊ ဤဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေများ သို့မဟုတ် စည်းမျဉ်းဥပဒေအရ ဖြစ်စေ ရသောဝင်ငွေများ၊

(၂) တပ်မြို့အတွင်းကျူးလွန်သည့် ပြစ်မှုအတွက် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖြစ်စေ၊ နိုင်ငံတော်အစိုးရ၏ အမိန့်အရ ဖြစ်စေရရှိသည့် ဒဏ်ကြေးငွေများ၊

(၃) တပ်မြို့ဘဏ္ဍာငွေသို့ ပေးသွင်းရမည်ဟုထည့်သွင်းဖော်ပြထားသောမည်သည့်ညွှန်ကြားချက်အရ မဆိုရရှိသည့် ငွေများ၊

(၄) တည်ဆဲဥပဒေပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ ကောက်ခံရသည့်ဒဏ်ငွေများကို တပ်မြို့ဘဏ္ဍာငွေသို့ ပေးသွင်း ရမည်ဟု အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ရရှိသောငွေများ။

(ခ) တပ်မြို့စည်ပင်သာယာရေးအဖွဲ့၏ရငွေများကို အနီးဆုံးသောမြန်မာ့စီးပွားရေးဘဏ်တွင် အပ်နှံထားခြင်းနှင့် ထုတ်ယူခြင်းတို့ကို ပြုလုပ်ရမည်။

၁၉။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့က သိမ်းယူထားသည့် သို့မဟုတ် စီမံပြုလုပ်ထားသည့် သို့မဟုတ် ထိန်းသိမ်း ထားသည့် အောက်ပါပစ္စည်းများသည် တပ်မြို့ပိုင်ပစ္စည်းများဖြစ်စေရမည်။ ၎င်းတို့ကို တပ်မြို့စည်ပင်သာယာရေး အဖွဲ့၏ ညွှန်ကြားမှု၊ အုပ်ချုပ်မှု၊ ကွပ်ကဲမှုအောက်တွင် ထားရှိရမည်-

(က) ဈေးများ၊ သားသတ်ရုံများ၊ မြေဩဇာရုံများ၊ မိလ္လာရုံများနှင့် အဆောက်အအုံများ၊

(ခ) အများပြည်သူတို့အတွက် ရေသိုလှောင်ခြင်း သို့မဟုတ် ရေပေးရေး လုပ်ငန်းများ၊

(ဂ) တံတားများ၊ အဆောက်အအုံများ၊ စက်ပစ္စည်းများ၊ ယင်းတို့နှင့် သက်ဆိုင်သော ကိရိယာတန်ဆာပလာများ၊

(ဃ) အညစ်အကြေးပြွန်များ၊ရေမြောင်းများ၊လမ်းကူးတံတားများ၊ချောင်းမြောင်းများ၊ ယင်းတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းများနှင့် ပစ္စည်းကိရိယာများ၊

(င) တပ်မြို့စည်ပင်သာယာရေးအဖွဲ့မှ သိမ်းယူထားသည့် အညစ်အကြေးများ၊ ပြာများ၊ ကျွဲ နွားတိရစ္ဆာန်ချေး အစရှိသည်များ၊

(စ) တပ်မြို့အတွင်းရှိ လမ်းများ၊ အဆောက်အအုံများနှင့် စိုက်ပျိုးထားသည့် သစ်ပင်များ၊

(ဆ) နိုင်ငံတော်အစိုးရက တပ်မြို့စည်ပင်သာယာရေးအဖွဲ့သို့ လွှဲပြောင်းပေးသည့် မြေနှင့် အခြားပစ္စည်းများ။

၂၀။ ဥက္ကဋ္ဌသည် တပ်မြို့ဘဏ္ဍာငွေများကို မိမိအားအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်နှင့်အညီ အောက်ပါဦးစားပေး အစီအစဉ် အတိုင်းသုံးစွဲရမည်-

(က) ပေးရန်ရှိသည့် ကြွေးမြီများ၊

(ခ) အမှုထမ်း၊ အရာထမ်းများအတွက် လစာနှင့် စရိတ်များ၊

(ဂ) ဤဥပဒေနှင့် နည်းဥပဒေများအရလည်းကောင်း၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရလည်းကောင်း ပေးချေရန် ပြဋ္ဌာန်း သတ်မှတ်ထားသောစရိတ်များ။

အခွန်စည်းကြပ်ခြင်း

[ပြင်ဆင်ရန်]

အခန်း(၆)

အခွန်စည်းကြပ်ခြင်း

၂၁။ ကာကွယ်ရေးဝန်ကြီးဌာနသည် စည်ပင်သာယာရေးအဖွဲ့များဥပဒေအရ လည်းကောင်း၊ တည်ဆဲဥပဒေများ အရလည်းကောင်း စည်းကြပ်နိုင်သောအခွန်ကို အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ တပ်မြို့များတွင်လည်း စည်းကြပ် နိုင်ခွင့်ရှိသည်။

၂၂။ ကာကွယ်ရေးဝန်ကြီးဌာနသည်-

(က) ပုဒ်မ ၂၁ အရ မည်သည့် အခွန်ကိုမဆို စည်းကြပ်ရန် ရည်ရွယ်ချက်ရှိပါက အမိန့်ကြော်ငြာစာဖြင့် သော်လည်းကောင်း၊ အခြားသင့်လျော်သည့်နည်းလမ်းဖြင့်သော်လည်းကောင်း ထုတ်ပြန်ကြေညာနိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ ထုတ်ပြန်ကြေညာသည့် ကြော်ငြာစာတိုင်းတွင် အောက်ပါအကြောင်းအရာများပါရှိရမည်-

(၁) စည်းကြပ်ရန် ရည်ရွယ်သည့်အခွန်၊

(၂) အခွန်စည်းကြပ်ရမည့် ပစ္စည်းအမျိုးအမည်၊

(၃) စည်းကြပ်မည့် အခွန်နှုန်းထား။

၂၃။ တပ်မြို့တွင် နေထိုင်သူမည်သူမဆို ပုဒ်မ ၂၂၊ ပုဒ်မခွဲ (က) အရ ထုတ်ပြန် ကြေညာသည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ယင်းကြေညာချက်အားလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း ကန့်ကွက်လိုပါက စာဖြင့် ရေးသား ၍ ကာကွယ်ရေးဝန်ကြီးထံသို့ တင်သွင်းနိုင်သည်။

၂၄။ ကာကွယ်ရေးဝန်ကြီးဌာနသည် ပုဒ်မ ၂၃ အရ တင်သွင်းသော ကန့်ကွက်ချက်ကို စိစစ်ပြီး မူလကြေညာထား သည့်အတိုင်းသော်လည်းကောင်း၊ ပြင်ဆင်၍သော်လည်းကောင်း စည်းကြပ်ကောက်ခံ ခွင့်ပြုနိုင်သည်။

၂၅။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့တွင် အောက်ပါအခွန်အမျိုးအစားများကို စည်းကြပ်ကောက်ခံရန် သတ်မှတ်သည်-

(က) ပစ္စည်းခွန်၊

(ခ) ရေခွန်၊

(ဂ) မီးခွန်၊

(ဃ) သန့်ရှင်းရေးခွန်၊

(င) ဈေးကောက်နှင့် ဆိုင်ခန်းငှားခများ၊

(စ) သားသတ်လိုင်စင်ကြေးများ၊

(ဆ) ရောင်းဝယ်ရေးလုပ်ငန်းလိုင်စင်များ၊

(ဇ) ဘီးခွန်များ၊

(စျ) အထူးအစီအစဉ်အရ ဆောင်ရွက်ပေးရသော သန့်ရှင်းရေးခွန်များ၊

(ည) ပြပွဲ၊ ဇာတ်ပွဲ၊ ရုပ်ရှင်၊ ဗွီဒီယို၊ ကာရာအိုကေ၊ အင်တာနက်ကဖေး(Internet Cafe) စသည့်တို့၏လိုင်စင်ကြေး များ။

၂၆။ ပုဒ်မ ၂၅ အရ စည်းကြပ်ခွင့်ပြုသော အခွန်အခ(လိုင်စင်ကြေးအပါအဝင်) တို့ကို စည်းကြပ်သည့်နည်းစနစ်၊ ကောက်ခံမည့်နည်းစနစ်၊ အခွန်နှုန်းထားလျော့ပေါ့ခွင့်၊ ကင်းလွတ်ခွင့်၊ အခွန်စည်းကြပ်မှုအတွက် အယူခံခြင်း ကိစ္စသည်များအတွက် တပ်မြို့ စည်ပင်သာယာရေးအဖွဲ့က သင့်လျော်သော စည်းကမ်းဥပဒေများ ထုတ်ပြန်ရမည်။

အခွန်စည်းကြပ်ရေးနှင့် စပ်လျဉ်းသည့်အထူးပြဋ္ဌာန်းချက်များ

၂၇။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့သည် စည်ပင်သာယာရေးအဖွဲ့များဥပဒေပါ အခွန်စည်းကြပ်ခြင်း၊ကောက်ခံ ခြင်းဆိုင်ရာ နည်းလမ်းများနှင့်အညီ ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

၂၈။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့သည် တပ်မြို့အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ တည်းခိုရန် အဆောက်အအုံ၊ ရိပ်သာ သို့မဟုတ် မည်သည့်ကိစ္စအတွက်မဆို အသုံးပြုသည့်အဆောက်အအုံ သို့မဟုတ် မြေများကို သန့်ရှင်းရေး ဆောင်ရွက်ပေးရန်အလို့ငှာ အထူးနှုန်းသတ်မှတ်၍ စီမံဆောင်ရွက်ပေးနိုင်သည်။ ဥက္ကဋ္ဌသည် ယင်းသို့ဆောင်ရွက် ပေးရမည့်လုပ်ငန်းအတွက် ကုန်ကျမည့် ခန့်မှန်းခြေစရိတ်ကို ကြိုတင်လျာထားပြီး ယင်းသို့ စီမံဆောင်ရွက် ပေးရသည့်အတွက် လုပ်ဆောင်ခငွေ ပေးဆောင်မည့်သူနှင့် စာချုပ်ချုပ်ဆိုနိုင်သည်။

၂၉။ (က) ဥက္ကဋ္ဌသည် ပုဒ်မ ၂၈ အရ စက်ရုံ၊ အလုပ်ရုံ၊ တည်းခိုရန် အဆောက်အအုံ၊ ရိပ်သာ သို့မဟုတ် မြေများကို သန့်ရှင်းရေး ဆောင်ရွက်သောအထူးနှုန်းသတ်မှတ်၍ စီမံဆောင်ရွက်ပေးခဲ့လျှင် ယင်းအဆောက်အအုံနှင့်မြေကို တပ်မြို့ အတွင်းတွင် သန့်ရှင်း ရေးခွန် စည်းကြပ်ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုရမည်၊

(ခ) အောက်ပါအဆောက်အအုံနှင့် မြေများတွင် အမှိုက်၊ ပလတ်စတစ်၊ ရေဆိုးနှင့် အညစ်အကြေးများ သန့်ရှင်း​ရေးအတွက် တပ်မြို့ စည်ပင်သာယာရေးအဖွဲ့က အခမဲ့ဆောင်ရွက်ပေးရမည်။ သို့သော်ပစ္စည်းခွန်၊ ရေခွန်၊ မီးခွန်နှင့် သန့်ရှင်းရေး အခွန်စည်းကြပ် ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုရမည်-

(၁) ပညာရေးအတွက် အသုံးပြုသည့်အဆောက်အအုံများ၊ ပြည်သူ့စာကြည့်တိုက်များ၊ ကစားကွင်းများ၊ အများပြည်သူများ အခမဲ့ အသုံးပြုနိုင်သည့် ဇရပ်များ၊

(၂) ဘုရားဝတ်ပြုရန် သီးသန့်သတ်မှတ်ထားသော နေရာများ၊

(၃) အလှူခံငွေဖြင့် ဖွင့်လှစ်ထိန်းသိမ်းထားသော ဆေးရုံနှင့် ဆေးပေးခန်းများ၊

(၄) သုသာန်မြေနေရာများ၊

(၅) တပ်မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် အဆောက်အအုံများနှင့် မြေများ၊

(၆) အများပြည်သူအကျိုးငှာ အသုံးပြုသော အစိုးရပိုင် အဆောက်အအုံနှင့် မြေများ။

၃၀။ (က) ဥက္ကဋ္ဌသည် ဤဥပဒေအရ အခွန်စည်းကြပ်ခြင်းခံရသူက ပေးရန်ရှိသည့် အခွန်အခများကို သော်လည်းကောင်း၊ တစ်စိတ် တစ်ဒေသကိုသော်လည်းကောင်း ပေးဆောင်နိုင်ခြင်း မရှိဟု ယူဆလျှင် တစ်ကြိမ်လျှင် တစ်နှစ်ထက်မပိုသောကာလ အတွက် အခွန်များကို ကင်းလွတ်ခွင့်ပြုနိုင်သည်။ သို့ရာတွင် ယင်းကင်းလွတ်ခွင့်သည် တိုင်းမှူး၏ အတည်ပြုချက်ရရှိမှသာ အတည်ဖြစ်စေရမည်၊

(ခ) အခွန်စည်းကြပ်ခြင်းခံရသူထံမှ အခွန်ကြွေးများကို ဤဥပဒေအရ နည်းလမ်းရှိသရွေ့တောင်းခံသော်လည်း မရရှိလျှင် ၎င်းအခွန်များ လျော်ပစ်ခွင့်ကို အောက်ပါအတိုင်းခွင့်ပြုနိုင်သည်-

(၁) တိုင်းမှူးသည် တစ်ကြိမ်လျှင် ကိစ္စတစ်ရပ်အတွက် ငွေကျပ်ငါးသောင်းအထိ၊

(၂) စစ်ထောက်ချုပ်သည် တစ်ကြိမ်လျှင် ကိစ္စတစ်ရပ်အတွက် ငွေကျပ်တစ်သိန်းအထိ။

၃၁။ ကာကွယ်ရေးဝန်ကြီးဌာနသည် ဤဥပဒေအရစည်းကြပ်သော မည်သည့် အခွန်ကိုမဆို တစ်စိတ်တစ်ဒေသကို သော်လည်း ကောင်း၊ အပြည့်အဝကို သော်လည်းကောင်း ပေးဆောင်ခြင်းမှ အမိန့်ပြန်တမ်းထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုနိုင်သည်။ သို့မဟုတ် ပစ္စည်း၏တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း၊ အားလုံးကိုသော် လည်းကောင်း အခွန်စည်းကြပ်ခြင်းမှ ကင်းလွတ်ခွင့်ပြု နိုင်သည်။

၃၂။ (က) ဥက္ကဋ္ဌသည် အခွန်ထမ်းကပေးဆောင်ရမည့် အခွန်နှင့်စပ်လျဉ်း၍ စစ်ထောက်ချုပ်၏ ကြိုတင်ခွင့်ပြုချက်ရယူလျက် ယင်းအခွန်ထမ်းနှင့် နှစ်ဦးသဘောတူ စေ့စပ်ညှိနှိုင်းနိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ နှစ်ဦးသဘောတူစေ့စပ်ညှိနှိုင်းထားသည့် ငွေကို အခွန်ထမ်းကပေးဆောင်ခြင်း မရှိလျှင် မြေခွန်မပြေ ကျန်ငွေ ဖြစ်ဘိသကဲ့သို့ ကောက်ခံရမည်။

၃၃။ ဤဥပဒေအရထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ စည်းမျဉ်းဥပဒေများ၊ စည်းကမ်းဥပဒေများကို လိုက်နာ၍ အခွန်အခ စည်းကြပ်ကောက်ခံရာတွင် အခွန်ထမ်း၏အမည် သို့မဟုတ် ဝတ္ထုပစ္စည်းအကြောင်းအရာ သို့မဟုတ် အခွန်စည်းကြပ်မှုနှုန်းထား မှားယွင်းခဲ့သည်ရှိသော် အခွန်ထမ်းသည် ယင်းမှားယွင်းမှုကို အကြောင်းပြု၍ အခွန်ထမ်းဆောင် ရန် ငြင်းပယ်ခြင်းမပြုရ။ သို့သော် ယင်းမှားယွင်းမှုကို ဥက္ကဋ္ဌထံတင်ပြလျှင် ဥက္ကဋ္ဌသည်အဖွဲ့၏ သဘောတူညီချက်ဖြင့် ဥပဒေ နှင့်အညီ ပြင်ဆင်ပေးနိုင်သည်။ယင်းပြင်ဆင်ချက်အရ ပေးသွင်းထားသော ငွေများအနက် ပိုငွေများကို သက်ဆိုင်သူအား ပြန်လည် ထုတ်ပေးရမည်။

၃၄။ ဤဥပဒေအရ ငွေတောင်းနို့တစ်စာ သို့မဟုတ် ပစ္စည်းဖမ်းဝရမ်းစာ သို့မဟုတ် ယင်းနှင့် သက်ဆိုင်သည့်အခြား ဆောင် ရွက်မှုများတွင် ပုံစံချို့ယွင်းချက်ရှိယုံမျှဖြင့် တရားမဝင်ဟု မယူဆရ။ ယင်းဝရမ်းနှင့်အညီ ဆောင်ရွက်သူကို ပိုင်နက်ကျူး လွန်သူဟု မမှတ်ယူရ။ ထိုသို့ဝရမ်းဖြင့် ဆောင်ရွက်ရာတွင် မှားယွင်းမှုကြောင့် နစ်နာမှုရှိခဲ့လျှင် နစ်နာသူသည် လျော်ကြေးရရန် သက်ဆိုင်ရာတရားရုံးတွင် တရားစွဲဆို တောင်းယူ ခွင့်ရှိသည်။

ကန်ထရိုက်စာချုပ်များ

[ပြင်ဆင်ရန်]

အခန်း(၇)

ကန်ထရိုက်စာချုပ်များ

၃၅။ ဤဥပဒေပါ ပြဋ္ဌာန်းချက်အရ ဥက္ကဋ္ဌသည် လိုအပ်သော ကန်ထရိုက်စာချုပ်ကို ချုပ်ဆိုဆောင်ရွက်ပိုင်ခွင့်ရှိသည်။

၃၆။ စာချုပ်ချုပ်ဆိုရာတွင် အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

(က) တန်ဖိုးငွေ ကျပ်ငါးသိန်းအထိရှိသော ကန်ထရိုက်စာချုပ်များကို ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့်ချုပ်ဆိုနိုင်သည်။

(ခ) တန်ဖိုးငွေ ကျပ်ငါးသိန်းအထက်ရှိသော ကန်ထရိုက်စာချုပ်များကို တပ်မြို့စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ချုပ်ဆို နိုင်သည်။

(ဂ) ကန်ထရိုက်စာချုပ်များကို သက်ဆိုင်ရာ ဘဏ္ဍာရေးခွင့်ပြုငွေရှိမှသာ ချုပ်ဆိုရမည်။

၃၇။ ချုပ်ဆိုသောစာချုပ်များကို အောက်ပါအတိုင်းဆောင်ရွက်ရမည်-

(က) တန်ဖိုးငွေ ကျပ်ငါးသိန်းအထိရှိသော ကန်ထရိုက်စာချုပ်များကို အတွင်းရေးမှူးက ဥက္ကဋ္ဌကိုယ်စား လက်မှတ်ရေးထိုး၍ ချုပ်ဆိုနိုင်သည်။ ဥက္ကဋ္ဌက ထပ်ဆင့်လက်မှတ် ရေးထိုးရမည်၊

(ခ) တန်ဖိုးငွေ ကျပ်ငါးသိန်းအထက်ရှိသော ကန်ထရိုက်စာချုပ်များကို ဥက္ကဋ္ဌက ကိုယ်တိုင်လက်မှတ်ရေးထိုးချုပ်ဆိုရမည်။ အသိသက်သေအဖြစ် အတွင်းရေးမှူးက လက်မှတ်ရေးထိုးရမည်၊

(ဂ) စာချုပ်၏ စာမျက်နှာတိုင်းတွင် တပ်မြို့စည်ပင်သာယာရေးအဖွဲ့၏ ရုံးတံဆိပ်ရိုက်နှိပ်ရမည်။

ဈေးများ၊ သားသတ်ရုံများနှင့် လုပ်ငန်းလုပ်ကိုင်ခွင့်များ

[ပြင်ဆင်ရန်]

အခန်း(၈)

ဈေးများ၊ သားသတ်ရုံများနှင့် လုပ်ငန်းလုပ်ကိုင်ခွင့်များ

၃၈။ ဥက္ကဋ္ဌသည်-

(က) တပ်မြို့ဈေးနှင့်တပ်မြို့သားသတ်ရုံကို သင့်လျော်သည့် အရေအတွက်အတိုင်း စီမံပြုလုပ်ထိန်းသိမ်းနိုင်သည်။ ရောင်းဝယ် ဖောက်ကားသူများအသုံးပြုရန် ဈေးဆိုင်များ၊ ဆိုင်ခန်းများ၊ တဲများ၊ တိရစ္ဆာန်ခြံများ စသည်တို့ကို အထူးစီမံဆောင်ရွက်ခြင်း နှင့်ထိန်းသိမ်းခြင်းတို့ကိုပြုလုပ်နိုင်သည်။ယင်းဈေးတွင်ကုန်ပစ္စည်းများချိန်တွယ်ရန်အလို့ငှာစက်ကိရိယာများ၊ အလေးချိန်ခွင်၊ တင်းတောင်း စသည်တို့ကို စီမံဆောင်ရွက်ထားနိုင်သည်။ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို အရည်အသွေးညံ့ဖျင်း အောင် ဆောင်ရွက်မှုကို တားမြစ်ပိတ်ပင်ခြင်းနှင့် အရေးယူခြင်းများ ပြုလုပ်နိုင်သည်။

(ခ) အခြားသားသတ်ရုံများတွင် တိရစ္ဆာန်များကိုသတ်ဖြတ်ပြီး တပ်မြို့အတွင်းသို့ ယူဆောင်လာလျှင် ဤဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်သည်။

(ဂ) လိုအပ်ပါက ကြေညာချက်ထုတ်ပြန်၍ တပ်မြို့ဈေး သို့မဟုတ် တပ်မြို့သားသတ်ရုံတစ်ခုလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း ပိတ်ထားနိုင်သည်။

၃၉။ တပ်မြို့အတွင်း-

(က) တပ်မြို့စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ တိရစ္ဆာန် သို့မဟုတ် ပစ္စည်းကို ရောင်းချခြင်း သို့မဟုတ် ရောင်းချရန် ခင်းကျင်းထားခြင်း မပြုလုပ်ရ။

(ခ) ပုဒ်မခွဲ (က) ပါပြဋ္ဌာန်းချက်ကို ကျုးလွန်သူနှင့် ရောင်းချရန် ခင်းကျင်းထားသည့် တိရစ္ဆာန်များသို့မဟုတ် ပစ္စည်းများကို ဥက္ကဋ္ဌက တာဝန်ပေးအပ်ထားသော အရာရှိ သို့မဟုတ် အမှုထမ်းများက ယင်းနေရာမှ ဖယ်ရှားနိုင်သည်။

၄၀။ တပ်မြို့ဈေး သို့မဟုတ် တပ်မြို့သားသတ်ရုံတွင် ကောက်ခံရမည့် ဆိုင်ခွန်ဆိုင်ခနှင့် အခြားအခွန်အခများစာရင်းကိုလည်း ကောင်း၊ တပ်မြို့ဈေးနှင့် တပ်မြို့သားသတ်ရုံအသုံးချခြင်းနှင့်စပ်လျဉ်း၍ စည်းကမ်းချက်များကိုလည်းကောင်းမြင်သာသည့် နေရာတွင် ကပ်ထားရမည်။

၄၁။ တပ်မြို့ဈေးနှင့် တပ်မြို့သားသတ်ရုံမှ တစ်ပါး အခြားနေရာများကို စျေးနှင့် သားသတ်ရုံအဖြစ် အသုံးမပြုရ။ သို့ရာတွင် ဤ ပြဋ္ဌာန်းချက်သည် အောက်ပါတိရစ္ဆာန်များသတ်ဖြတ်ခြင်းနှင့် မသက်ဆိုင်စေရ-

(က) နယ်ဘက်အုပ်ချုပ်ရေးဆိုင်ရာမှ အမိန့်ကြိုတင်ရယူပြီး ဆင်ယင်ကျင်းပသောပွဲလမ်း အခမ်းအနားများအတွက် အတွင်းရေးမှူးက သတ်မှတ်ပေးထားသော စည်းကမ်းချက်များနှင့်အညီ တိရစ္ဆာန်များကို သတ်ဖြတ်ခြင်း၊

(ခ) ဥက္ကဋ္ဌ၏ခွင့်ပြုချက်ဖြင့်အတွင်းရေးမှူးက အမိန့်ထုတ်ပြန်၍ ဘာသာထုံးစံဓလေ့နှင့်အညီ ပြုလုပ်ရန် သို့မဟုတ် စစ်သည်များစားသောက်ရန် သီးခြားသတ်မှတ်ထားသည့်နေရာများတွင် တိရစ္ဆာန်များကို သတ်ဖြတ်ခြင်း။

၄၂။ မည်သူမဆို ပုဒ်မ ၄၁ ပါ တားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ပြီး ဈေး သို့မဟုတ် သားသတ်ရုံဖွင့်လှစ်အသုံးပြုခဲ့လျှင် ထိုသူကို ကျပ်ငါးသောင်းထက်မပိုသော ငွေဒဏ်အထိချမှတ်နိုင်သည်။ ဆက်လက်ကျူးလွန်လျှင်၎င်းအား ဆက်လက်ကျူးလွန် သည့်နေ့ရက်များအတွက် တစ်နေ့လျှင် ငွေဒဏ်အနည်းဆုံးကျပ် ၁၀၀၀မှ အများဆုံးကျပ်ငါးသောင်းအထိ ထပ်မံချမှတ်နိုင် သည်။

၄၃။ ဥက္ကဋ္ဌသည် တပ်မြို့စည်ပင်သာယာရေးအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါကိစ္စများအတွက် စည်းကမ်းချက်များကို ထုတ်ပြန်နိုင်သည်-

(က) ဈေး သို့မဟုတ် သားသတ်ရုံကို ဖွင့်လှစ်နိုင်သည့် နေ့ရက်နှင့်အချိန်၊

(ခ) ဈေး နှင့် သားသတ်ရုံများ၏ စနစ်ပုံစံ၊ လေဝင်လေထွက်ပေါက်၊ ရေစီးမြောင်းနှင့် ၎င်းတို့ကို ဆောက်လုပ်ရာတွင် အသုံးပြုမည့် ပစ္စည်းများကို သတ်မှတ်ခြင်း၊

(ဂ) ဈေး၊ သားသတ်ရုံနှင့်စပ်ဆိုင်သည့်မြေ၊အဆောက်အအုံတို့ကိုသန့်ရှင်းစင်ကြယ်ရန်နှင့်ရောဂါကင်းရှင်းရန် စီမံထားစေခြင်း၊ အမှိုက်များနှင့် အညစ်အကြေးများကို သုတ်သင်ရှင်းလင်းစေခြင်း၊ ရေကောင်းရေသန့် သိုလှောင်ထားစေခြင်း၊ အများအသုံးပြု သည့် အိမ်သာများ၊ ကျင်ငယ်စွန့်သည့် နေရာများကိုအလုံအလောက် စီမံထားစေခြင်းနှင့် သန့်ရှင်းအောင် အမြဲဆေးကြော စေခြင်း၊

(ဃ) သားသတ်ရုံတွင် တိရစ္ဆာန်များကို ခြံလှောင်သည့်နည်းလမ်း၊

(င) တိရစ္ဆာန်များကို သတ်ဖြတ်ရမည့် နည်းလမ်း၊

(စ) သတ်ဖြတ်ရန်ယူဆောင်လာသည့် တိရစ္ဆာန်များကို အနာရောဂါ ရှိခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ လူတို့စားသုံးရန်မသင့်ကြောင်း စစ်ဆေးတွေ့ရှိရလျှင် ၎င်းတိရစ္ဆာန်ကိုသတ်ဖြတ်ခွင့် ငြင်းပယ်ခြင်း၊ အခြားနည်းလမ်းဖြင့် စီမံခန့်ခွဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်း၊

(ဆ) အနာရောဂါကြောင့်ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ လူတို့စားသုံးရန် မသင့်ကြောင်း သတ်ဖြတ်ပြီးမှ သိရသည့် အသားများကိုဖျက်ဆီးခြင်း။

၄၄။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့သည်-

(က) အဝတ်လျှော်လုပ်ငန်း လုပ်ကိုင်သူတို့ အလုပ်လုပ်ကိုင်နိုင်ရန် သင့်လျော်သည့်နေရာများကို စီမံသတ်မှတ်ပေး နိုင်သည်။ ၎င်းနေရာများကို အသုံးပြုသည့်အတွက် သင့်လျော်သည့် အခကြေးငွေများကို စည်းကြပ်တောင်းဆိုနိုင်သည်။

(ခ) ကြော်ငြာစာထုတ်ပြန်ပြီး သတ်မှတ်ထားသောနေရာမှအပ အခြားနေရာများတွင် အဝတ်လျှော်လုပ်ငန်းလုပ်ကိုင်သူများ အဝတ်လျှော်ခြင်းမပြုလုပ်ရန်တားမြစ်နိုင်သည်။ သို့ရာတွင် မည်သူမဆိုမိမိလက်ရှိနေထိုင်သည့်နေရာ၌ မိမိ၏အဝတ် အစားများ လျှော်ဖွပ်ခြင်းနှင့် မသက်ဆိုင်စေရ။

(ဂ) ပုဒ်မခွဲ (ခ) အရ ထုတ်ပြန်သည့် ကြော်ငြာစာတွင်ပါရှိသည့် တားမြစ်ချက်အား ကျူးလွန်သူကို ကျပ် ၂၀၀၀ ထက်မပိုသော ဒဏ်ကြေးငွေချမှတ်နိုင်သည်။

၄၅။ (က) တပ်မြို့အတွင်း အောက်ပါလုပ်ငန်းများကို ခွင့်ပြုလိုင်စင်မရှိဘဲ လုပ်ကိုင်ခြင်းမပြုရ-

(၁) ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ ကြက်၊ ငှက်၊ ဘဲ စသည့် တိရစ္ဆာန် တို့ကို စီးပွားဖြစ် မွေးမြူခြင်း၊

(၂) အထက်ပါ တိရစ္ဆာန်ထွက်ပစ္စည်းများကို စီးပွားဖြစ် ရောင်းချခြင်း၊

(၃) အခြားကုန်စိမ်း၊ ကုန်ခြောက်ကို စီးပွားဖြစ်ရောင်းချခြင်း၊

(၄) မုန့်ပဲသရေစာ စီးပွားဖြစ်ရောင်းချခြင်း၊

(၅) သစ်၊ ဝါး၊ ဓနိ၊ သက်ကယ်စသော မီးလောင်လွယ်သည့် အိမ်ဆောက်ပစ္စည်းများရောင်းချခြင်း၊

(၆) ပုဂ္ဂလိကဆေးကုသရေးအတွက် ဆေးခန်းဖွင့်လှစ်ခြင်း၊

(၇) မီးအန္တရာယ်ဖြစ်စေသော ရေနံ၊ ရေနံဆီ၊ ဓာတ်ဆီ၊ဒီဇယ်စသည့် လောင်စာဆီရောင်းချခြင်း၊

(၈) ဗွီဒီယိုရုံ၊ ကာရာအိုကေဆိုင်၊ အင်တာနက်ကဖေး (Internet Cafe ရုံများ)၊ ဆိုင်များဖွင့်လှစ်ခြင်း။

(ခ) ပုဒ်မခွဲ (က) အရ ထုတ်ပေးသည့် ခွင့်ပြုလိုင်စင်များမှာ တစ်နှစ် အတွက်သာ အတည်ဖြစ်စေရမည်။

(ဂ) ပုဒ်မခွဲ (က) ပါလုပ်ငန်းများမှာ လူအများမနှစ်သက်ဖွယ် သို့မဟုတ် ဘေးဥပဒ်အန္တရာယ်ဖြစ်ဖွယ်မရှိလျှင် ဥက္ကဋ္ဌသည် သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုလိုင်စင် ထုတ်ပေးနိုင်သည်။

၄၆။ ပုဒ်မ ၄၅ အရထုတ်ပေးသည့် ခွင့်ပြုလိုင်စင်တွင် လိုင်စင်ရသူအတွက် ရောင်းဝယ်လုပ်ကိုင်ခွင့်ရသည့် နေရာ၊ ရပ်ကွက်၊ လူ အများစားသုံးရန် ကုန်ပစ္စည်း အမျိုးအမည်၊ သွားလာသယ်ယူရမည့် အချိန်နာရီနှင့် နည်းလမ်းများသတ်မှတ်ပါရှိရမည်။

၄၇။ ခွင့်ပြုလိုင်စင်ထုတ်ပေးသောလုပ်ငန်းကြောင့် သက်ဆိုင်ရာရပ်ကွက်တွင်အများပြည်သူငြိုငြင်ဖွယ် ဖြစ်ကြောင်း သို့မဟုတ် အသက်နှင့်ကျန်းမာရေးကိုသော်လည်းကောင်း၊ ပစ္စည်းများကိုသော်လည်းကောင်း အန္တရာယ်ဖြစ်စေကြောင်းသိရှိပါက ဥက္ကဋ္ဌသည် လိုင်စင်ရရှိသူအား ယင်းနေရာရပ်ကွက်တွင် ဆက်လက်လုပ်ကိုင်ခြင်းမပြုရန် သို့မဟုတ် ယင်း၏ လုပ်ငန်းကို ဘေးအန္တရာယ်မရှိ သည်အထိ ပြုပြင်စေရန် ညွှန်ကြားနိုင်သည်။

၄၈။ မည်သူမဆို ခွင့်ပြုလိုင်စင်လိုအပ်သည့်လုပ်ငန်းကို ခွင့်ပြုလိုင်စင်မရှိဘဲ လုပ်ကိုင်လျှင်သော်လည်းကောင်း၊ ခွင့်ပြုလိုင်စင် ယာယီရပ်ဆိုင်းထားစဉ် လုပ်ကိုင်လျှင်သော်လည်းကောင်း၊ ခွင့်ပြုလိုင်စင် ပယ်ဖျက်ပြီးနောက် ဆက်လက်လုပ်ကိုင်ဆောင်ရွက် လျှင်သော်လည်းကောင်း၊ ပုဒ်မ ၄၇ အရ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိလျှင်သော်လည်းကောင်း တပ်မြို့ စည်ပင်သာယာ ရေးအဖွဲ့သည် ထိုသူကို ငွေဒဏ်ကျပ် ငါးသောင်း ထက်မပိုသော ဒဏ်ကြေးငွေ ချမှတ်နိုင်သည်။ အကယ်၍ ပြစ်မှုကိုဆက်လက် ကျူးလွန်လျှင် ဆက်လက် ကျူးလွန်သည့်နေ့အသီးသီးအတွက် တစ်ရက်လျှင် ကျပ် ၁၀၀၀ ထက်မပိုသော ဒဏ်ကြေးငွေ ချမှတ်နိုင်သည်။

၄၉။ မည်သူမဆို တပ်မြို့အတွင်း လူအများအတွက် နို့နှင့်အသားစားသုံးရန် မွေးမြူထားသော တိရစ္ဆာန်များကို အန္တရာယ် ဖြစ်စေတတ်သည့် အစာများကျွေးမွေးလျှင် သို့မဟုတ် စားကျက်မချရန် တားမြစ်ထားသောနေရာတွင် တိရစ္ဆာန်များကို စား ကျက်ချလျှင် ထိုသူကို ကျပ် တစ်သောင်း ထက်မပိုသော ငွေဒဏ်ချမှတ်နိုင်သည်။

၅၀။ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကျန်းမာရေးအရာရှိသို့မဟုတ် ဤကိစ္စအလို့ငှာ ဥက္ကဋ္ဌက စာဖြင့် တာဝန်ပေးအပ်ခြင်း ခံရသော အမှုထမ်းသည် တပ်မြို့အတွင်း ဈေးအဆောက်အအုံ၊ ဈေးဆိုင်၊ ဈေးခန်း နှင့် အခြားနေရာများကိုစစ်ဆေးရန် အချိန်အခါမရွေး ဝင်ရောက်နိုင်သည်။ လူအများစားသုံးရန် ရောင်းချသော တိရစ္ဆာန်နှင့် စားသောက်ဖွယ်ရာများ၊ ဆေးဝါး ပြုလုပ်ရန် ရည်ရွယ်သည့် ဝတ္ထုပစ္စည်းများ၊ ယင်းကိစ္စများအတွက် အသုံးပြုသည့် အလေးတင်းတောင်း၊ ချိန်ခွင်၊ ကတ္တား၊ အိုး၊ ခွက် စသည့် ကိရိယာတန်ဆာပလာများကို ကြည့်ရှုစစ်ဆေးနိုင်သည်။ ထို့ပြင် သားသတ်ရုံအတွင်းရှိ တိရစ္ဆာန်နှင့် အရာဝတ္ထု ပစ္စည်းများကိုလည်း ကြည့်ရှု စစ်ဆေးနိုင်သည်။

ပြည်သူများအန္တရာယ်ကင်းစေမှုနှင့် အနှောင့်အယှက်ကင်းလွတ်စေမှုကိစ္စများ

[ပြင်ဆင်ရန်]

အခန်း (၉)

ပြည်သူများအန္တရာယ်ကင်းစေမှုနှင့် အနှောင့်အယှက်ကင်းလွတ်စေမှုကိစ္စများ

၅၁။ မည်သူမဆို အောက်ပါပြစ်မှုတစ်ခုခုကျူးလွန်လျှင် ကျပ်တစ်သောင်းထက် မပိုသော ငွေဒဏ်ချမှတ်နိုင်သည်-

(က) တပ်မြို့အတွင်း လမ်း သို့မဟုတ် အများပြည်သူနှင့် သက်ဆိုင်သော မည်သည့်နေရာတွင်မဆို-

(၁) မိမိကိုယ်ခန္ဓာတွင်စွဲကပ်လျက်ရှိသော ရောဂါ သို့မဟုတ် ချို့ယွင်းနေသော ကိုယ်အင်္ဂါအစိတ်အပိုင်းနှင့် အနာဒဏ်ရာ များကို လှစ်ဖော်ပြသအလှူခံခြင်း သို့မဟုတ် တောင်းရမ်းခြင်း၊

(၂) သား၊ ငါးများကို ဖုံးကွယ်ခြင်းမပြုဘဲ လူမြင်ကွင်းတွင် သယ်ဆောင်ခြင်း၊

(၃) ခွင့်ပြုချက်မရှိသောနေရာ၌ မော်တော်ကား၊ ဆိုင်ကယ်၊ ဆိုက္ကား၊ စက်ဘီးများရပ်ထားခြင်း၊ တိရစ္ဆာန်များကို ချည်နှောင်ထား ခြင်း သို့မဟုတ် လှည်းများကိုစုရုံးထားခြင်း၊

(၄) မိလ္လာ သို့မဟုတ် အခြားသော အနံ့အသက်ဆိုးများ ထွက်နေသည့် ပစ္စည်းနှင့် အမှိုက်များ သိမ်းဆည်းရာတွင် စည်းမဲ့ကမ်းမဲ့ ပြုလုပ်ခြင်းဖြင့် ဖိတ်စင်ခြင်း သို့မဟုတ် ဖိတ်စင်သည်ကို သုတ်သင်ရှင်းလင်းရန် ပျက်ကွက်ခြင်း၊

(၅) ခွင့်ပြုမိန့်မရရှိဘဲ အဆောက်အအုံအထိမ်းအမှတ် တစ်စုံတစ်ရာ၊ တိုင်၊ နံရံ၊ ခြံစည်းရိုး၊ သစ်ပင် သို့မဟုတ် ဝတ္ထုပစ္စည်း တစ်စုံတစ်ခုပေါ်တွင် ကြော်ငြာ သို့မဟုတ် အခြားမှတ်တမ်း အမှတ်အသားများကပ်ခြင်း၊

(၆) ခွင့်ပြုမိန့်မရရှိဘဲ အဆောက်အအုံအထိမ်းအမှတ် တစ်စုံတစ်ရာ၊ တိုင်၊ နံရံ၊ ခြံစည်းရိုး၊ သစ်ပင်နှင့် ဝတ္ထုပစ္စည်း တစ်စုံတစ်ခုကို အသွင်သဏ္ဌာန် ပျက်ယွင်းစေရန် ပြုလုပ်ခြင်း၊

(၇) ဤဥပဒေအရ ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့်ထားရှိသော ကြော်ငြာများကို အမိန့်မရဘဲ ပြောင်းရွှေ့ခြင်း၊ ဖျက်ဆီးခြင်း၊ ပျက်စီး အောင်ပြုလုပ်ခြင်း၊

(၈) တပ်မြို့စည်ပင်သာယာရေးအဖွဲ့က ဆောက်လုပ်ထိန်းသိမ်းထားရှိသော လူသွားစင်္ကြံ၊ ​ရေမြောင်း၊ ရေစီးမြောင်း၊ လမ်းဘေးခင်းကျောက်ပြားများနှင့် အခြားလမ်းနှင့် သက်ဆိုင်သည့် ဝတ္ထုပစ္စည်းများကို ခွင့်ပြုမိန့်မရရှိဘဲ နေရာရွှေ့ပြောင်း ခြင်း၊ ပျက်စီးစေခြင်း၊ ပုံသဏ္ဌာန်ပြောင်းလဲစေခြင်း သို့မဟုတ် လမ်းမီးတိုင်၊ တပ်ဝင်လမ်း ညွှန်တိုင်များ၊ မီးသတ်ခေါင်း သို့မဟုတ် ရေတိုင်ကီများ ပျက်စီးချို့ယွင်း အောင်ပြုလုပ်ခြင်း သို့မဟုတ် အများပြည်သူအကျိုးငှာ ထွန်းထားသောမီးကို ငြိမ်းသတ်ခြင်း၊ ပျက်စီးစေခြင်း၊

(၉) လူသေအလောင်းကို ပတ်ဝန်းကျင်​တွင်နေထိုင်ကြသူများ သို့မဟုတ် လမ်းသွားလမ်းလာများအား အနှောင့်အယှက် ဖြစ်စေမည့် သယ်ယူမှုပြုလုပ်ခြင်း၊

(၁၀) အနာရောဂါကူးစက်ခြင်းမဖြစ်စေရန်နှင့် ကျန်းမာရေးကို ထိခိုက်ခြင်းမဖြစ်စေရန် လူသေအလောင်းကို သေသပ်စွာ သယ်ယူမှု မပြုခြင်း၊

(၁၁) လူသေအလောင်းများကို သတ်မှတ်ထားသော အချိန်နှင့်နေရာတွင် သင်္ဂြိုဟ်မှုမပြုခြင်း၊

(၁၂) မိလ္လာ၊ အညစ်အကြေးနှင့် အမှိုက်များကို သတ်မှတ်ပေးထားသော အချိန်တွင်သယ်ယူမှုမပြုခြင်း သို့မဟုတ် သတ်မှတ် ထားသော ပုံစံနှင့်မကိုက်ညီသည့် ယာဉ်နှင့်သယ်ယူခြင်း သို့မဟုတ် သယ်ယူချိန်တွင် လုံခြုံစွာဖုံးအုပ်မှုမရှိခြင်း၊

(ခ) မိလ္လာနှင့် အညစ်အကြေးများကို တားမြစ်ထားသောလမ်းများမှ သယ်ယူခြင်း၊

(ဂ) တပ်မြို့အတွင်းအမှိုက်၊ ပလတ်စတစ်၊ အညစ်အကြေးနှင့် ပစ္စည်းများကို စည်းကမ်းမဲ့စွာ စွန့်ပစ်ခြင်း သို့မဟုတ် စုပုံခြင်း၊

(ဃ) မိမိနေထိုင်သည့်အဆောက်အအုံ သို့မဟုတ် မြေပေါ်တွင် ကျွဲ၊ နွား၊ ဆင်၊ မြည်း၊ လား၊ သိုး၊ ဆိတ် သို့မဟုတ် ဝက်သေပါက သေဆုံးပြီး သုံးနာရီအတွင်း သို့မဟုတ် ညအချိန်တွင် သေဆုံးပါက နေထွက်ချိန်မှ သုံးနာရီအတွင်း-

(၁) အတွင်းရေးမှူး သို့မဟုတ် ဤကိစ္စအတွက် ခန့်ထားသော အရာရှိထံတိရစ္ဆာန် အသေကောင်ကို ရှင်းလင်းနိုင်ရေးအတွက် သတင်းပို့ရန်ပျက်ကွက်ခြင်း၊ (၂) အထက်ပါအတိုင်း သတင်းပို့ပြီး ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး၏ ညွှန်ကြားချက်များအရ ဖယ်ရှားရှင်းလင်းပစ်ရန် ပျက်ကွက်ခြင်း၊ (င) ဥက္ကဋ္ဌ၏ ခွင့်ပြုမိန့်မရရှိဘဲ သို့မဟုတ် ခွင့်ပြုမိန့်ပါလိုက်နာရမည့် စည်းကမ်းချက်များနှင့် မညီညွတ်ဘဲ မိလ္လာ၊ နောက်ချေး၊ မြေဩဇာ အမှိုက်များနှင့် အနံ့အသက်ထွက်နေသည့် ပစ္စည်းများကို သိုလှောင်ထားခြင်း၊

(စ) အိမ်သာအဖြစ်သတ်မှတ်ထားခြင်းမရှိသည့်နေရာတွင်စည်းကမ်းမဲ့စွာကျင်ကြီးကျင်ငယ်စွန့်ခြင်း၊

(ဆ) ယာဉ်များကိုလမ်းပိတ်ရပ်ထားခြင်း၊လမ်းပြောင်းပြန်မောင်းနှင်ခြင်း၊

(ဇ) တပ်မြို့နယ်နိမိတ်အတွင်း လမ်းနှင့်အများပြည်သူဝင်ထွက်သွားလာသည့်နေရာများတွင် တိရစ္ဆာန်များကိုစည်းကမ်းမဲ့ လွှတ်ထားခြင်း သို့မဟုတ် ငုတ်စိုက်ချည်နှောင်ထားခြင်း။

ခွေးများထိန်းသိမ်းရေး

၅၂။ (က) ဥက္ကဋ္ဌသည် တပ်မြို့အတွင်းရှိသော ခွေးများမှတ်ပုံတင်ရေးနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များကို သတ်မှတ်ရာတွင် အောက်ပါအချက်များ ပါဝင်စေရမည်-

(၁) တပ်စခန်းအသီးသီးတွင် မွေးမြူထားရှိသော ခွေးများအား သက်ဆိုင်ရာတပ်စခန်းများတွင် မှတ်ပုံတင်စာရင်း သွင်းထား စေခြင်း၊ (၂) မှတ်ပုံတင်ပြီးသော ခွေးတိုင်းကို ပိုင်ရှင်က လည်ပတ်ပတ်ပေးထားစေခြင်း၊ (၃) မှတ်ပုံတင်စာရင်းသွင်းထားခြင်းမပြုရသော ခွေး သို့မဟုတ် လည်ပတ်တပ်ဆင် ထားခြင်းမရှိသော ခွေးများကို တပ်မြို့ စည်ပင်သာယာရေးအဖွဲ့က သုတ်သင်ရှင်းလင်းစေခြင်း၊ (၄) တပ်မြို့စည်ပင်သာယာရေးအဖွဲ့ရုံးတွင် မှတ်ပုံတင်ထားသော ခွေးတိုင်းကို ပိုင်ရှင်မှ ခွေးရူးရောဂါကာကွယ်ရေးအတွက် လိုအပ်သည့် ဆေးကို နှစ်စဉ်ထိုးစေခြင်း၊ (၅) တပ်မြို့စည်ပင်သာယာရေးအဖွဲ့က ခွေးရူးရောဂါ စွဲကပ်နေသည်ဟု ခိုင်လုံစွာယူဆသော ခွေး၊ ယင်းခွေး အကိုက်ခံရသော အခြားခွေးနှင့် တိရစ္ဆာန်များကို သုတ်သင်စေခြင်း သို့မဟုတ် သတ်မှတ်ပေးထားသော ကာလအပိုင်းအခြားအတွင်း ထိန်းသိမ်း ထားစေခြင်း၊ (၆) ပိုင်ရှင်မဲ့ခွေးများကို တပ်မြို့စည်ပင်သာယာရေးအဖွဲ့က သုတ်သင်စေခြင်း၊ (ခ) ပုဒ်မခွဲ (က) အရ ခွေးသို့မဟုတ် တိရစ္ဆာန်ကို သုတ်သင်ခြင်း ပြုလုပ်ပါက မည်သည့်လျော်ကြေးမျှ တောင်းဆိုပိုင်ခွင့် မရှိစေရ။

၅၃။ မည်သည့်ခွေးပိုင်ရှင် သို့မဟုတ် ခွေးထိန်းကျောင်းသူကိုမဆို အောက်ပါ ပြုလုပ်မှုတစ်ခုခုကို ကျူးလွန်လျှင် ကျပ် ၅၀၀၀ ထက်မပိုသော ငွေဒဏ်ချမှတ်နိုင်သည်-

(က) မိမိ၏ခွေးအားပါးချုပ်မဲ့၊ နှောင်ကြိုးမဲ့ယူဆောင်လာ၍ ယင်းခွေးသည် လူတစ်ဦးတစ်ယောက်အား အနှောင့်အယှက် ပြုခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် ကိုက်ခြင်း၊

(ခ) ခွေးရူးရောဂါ ဖြစ်ပွားချိန်တွင် ခွေးအားပါးချုပ်မဲ့၊ နှောင်ကြိုးမဲ့ လွှတ်ထားခြင်းမပြုရန် ကြော်ငြာစာထုတ်၍ တားမြစ် ခြင်းကို ဖောက်ဖျက်ခြင်း။

ယာဉ်စည်းကမ်း

၅၄။ တပ်မြို့အတွင်းလမ်းပေါ်တွင် ယာဉ်အမျိုးမျိုးမောင်းနှင်ခြင်း၊ ယာဉ်ဖြင့် သွားလာခြင်း သိုမဟုတ် ယာဉ်တန်းဖြင့် သွားလာခြင်းပြုရာတွင် မော်တော်ယာဉ် ဥပဒေနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ၏ သတ်မှတ်ချက် များကို လိုက်နာရမည်။

မီး​ဘေးကာကွယ်ရေးကိစ္စများ

၅၅။ ဥက္ကဋ္ဌသည်-

(က) တပ်မြို့အတွင်းသတ်မှတ်ပေးထားသည့်နေရာ၌ တဲအိမ်များ၊ အခြားအဆောက်အအုံများ၏ အမိုးများနှင့် ပြင်ပနံရံများကို ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်းပြုလုပ်ရာတွင် သက်ငယ်၊ ဖျာ၊ သစ်ရွက်များ သို့မဟုတ် မီးတောက်လောင် လွယ်သောပစ္စည်းများ ဖြင့် မလုပ်ရဟု အမိန့်ကြော်ငြာစာဖြင့် ညွှန်ကြားနိုင်သည်။ ယင်းသို့ညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်သူအား လိုအပ်သလို ပြုပြင်ရန်စာဖြင့် ညွှန်ကြားနိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ အမိန့်ကြော်ငြာစာမထုတ်မီ တပ်မြို့အတွင်း သက်ငယ်၊ ဖျာ၊ သစ်ရွက်များ သို့မဟုတ် မီးလောင်လွယ်စေ သော ပစ္စည်းများဖြင့် ဆောက်လုပ်ထားသည့်အမိုး သို့မဟုတ် နံရံပါရှိသော အဆောက်အအုံ၏ ပိုင်ရှင်အား အဆိုပါအမိုး သို့မဟုတ် နံရံကိုသတ်မှတ်ပေးထားသည့် အချိန်ကာလအတွင်း ဖျက်သိမ်းရန်ညွှန်ကြားနိုင်သည်။

၅၆။ ဥက္ကဋ္ဌသည် အသက်ဘေးအန္တရာယ်နှင့် ပစ္စည်းဆုံးရှုံးမှုကို ကာကွယ်ရေးအတွက် လောင်စာဆီအမျိုးမျိုး သိုလှောင်ခြင်း၊ ထင်းများ၊ မြက်ခြောက်၊ ကောက်ရိုးနှင့် အခြားမီးလောင်လွယ်သော ဝတ္ထုပစ္စည်းများ စည်းကမ်းမဲ့ စုဆောင်းခြင်း၊ စုပုံခြင်းအပြင် တပ်မြို့ရှိ မည်သည့်နေရာတွင်မဆို ခွင့်ပြုချက်မရှိဘဲ အစောင့်အရှောက်မဲ့ မီးရှို့ခြင်းများကို တားမြစ်ကြောင်း အများပြည်သူသိရှိ စေရန် ကြော်ညာချက်ထုတ်နိုင်သည်။

၅၇။ မည်သူမျှ ဥက္ကဋ္ဌက စာဖြင့်ခွင့်ပြုထားသော ပွဲလမ်းသဘင် သို့မဟုတ် ဧည့်ခံပွဲများမှအပ တပ်မြို့အတွင်း မည်သည့်လမ်း၊ မည် သည့်နေရာတွင်မဆို တည်ရှိသော အဆောက်အအုံအနီးတွင် သို့မဟုတ် အများပြည်သူဆိုင်ရာ နေရာတွင် မီးဘေး အန္တရာယ်ဖြစ် စေနိုင်သည့် မီးထွန်းညှိခြင်းမပြုလုပ်ရ။

၅၈။ မည်သူမျှ ဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရရှိဘဲ တပ်မြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ရုပ်ပုံ၊ ကားချပ်များ ပြသခြင်း၊ ရုပ်ရှင်၊ ဇာတ်သဘင်၊ ကဇာတ်ပြသခြင်း၊ ကာရာအိုကေ၊ တီဗွီ သို့မဟုတ် ဗွီဒီယိုပြခြင်းမပြုလုပ်ရ။

၅၉။ မည်သူမဆို ပုဒ်မ ၅၇ နှင့် ၅၈ တို့ပါတားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် ထိုသူကို ကျပ် နှစ်သောင်း ထက်မပိုသော ငွေဒဏ် ချမှတ်နိုင်သည်။ အကယ်၍ ပြစ်မှုကို ဆက်လက်ကျူးလွန်လျှင် ဆက်လက်ကျူးလွန်သည့်နေ့ အသီးသီး အတွက် တစ်ရက်လျှင် ကျပ် ၁၀၀၀ ထက်မပိုသော ငွေဒဏ်ချမှတ်နိုင်သည်။

၆၀။ ပုဒ်မ ၉ အရ ဥက္ကဋ္ဌဖြစ်သော တပ်နယ်မှူး၏ခွင့်ပြုချက်ဖြင့်ပြုလုပ်သော တပ်များဖျော်ဖြေရေးအတွက် ရုပ်ရှင်၊ ဇာတ်၊ ပြဇာတ်၊ ပြပွဲခင်းကျင်းပြသခြင်းတို့သည် ပုဒ်မ ၅၈ အရ တားမြစ်ချက်နှင့် သက်ဆိုင်ခြင်းမရှိစေရ။ ပွဲလမ်းပြီးတိုင်း အမှိုက်၊ ပလတ်စတစ်များကို ချက်ချင်းရှင်းလင်းအောင် သန့်ရှင်းရေးပြုလုပ်ရမည်။

၆၁။ မည်သူမဆို တပ်မြို့နယ်နိမိတ်အတွင်း ဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရဘဲ အောက်ပါပြုလုပ်မှုတစ်ခုခုကိုပြုလုပ်လျှင် ထိုသူကို ကျပ် ၅၀၀၀ ထက်မပိုသော ငွေဒဏ်ချမှတ်နိုင်သည်-

(က) မီးကျည်၊ မီးပန်းများနှင့် ဗြောက်အိုး ပြုလုပ်ခြင်း၊ သိုလှောင် ထားရှိခြင်းနှင့် ရောင်းဝယ်ခြင်း၊

(ခ) မီးရှူး၊ မီးပန်းလွှတ်ခြင်း၊ မီးကျည်များပစ်ဖောက်ခြင်း၊ ဗြောက်အိုးပစ်ဖောက်ခြင်း၊

(ဂ) မီးပုံးပျံများလွှတ်ခြင်း၊

၆၂။ ဥက္ကဋ္ဌသည် တပ်မြို့တွင်းရှိ အများပြည်သူအား အနှောင့်အယှက်ဖြစ်စေနိုင်သော သို့မဟုတ် အသက်ဘေးအန္တရာယ် ဖြစ်စေနိုင်သည့် ပျက်စီးနေသော အဆောက်အအုံ၊ ရေတွင်း၊ ရေကန်၊ ရေအိုင်၊ ကမ်းပါးနှင့် သစ်ပင်စသည်များကို အမြန်ပြင်ဆင်ရန် သို့မဟုတ် ဖယ်ရှားရန် သင့်သည်ဟုယူဆပါက အမြန်ပြင်ဆင်ရန် သို့မဟုတ် ဖယ်ရှားရန် ပိုင်ရှင်အားစာဖြင့် ညွှန်ကြားနိုင်သည်။ ထို့ပြင် ယင်းတို့ရှိနေခြင်းကြောင့် ဘေးအန္တရာယ်ချက်ချင်း ကျရောက်ဖွယ်ရာရှိသည်ဟု ယူဆပါက အများပြည်သူအား ယင်းအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် အမြန်ဆုံး အရေးယူ ဆောင်ရွက်ရမည်။

၆၃။ ဥက္ကဋ္ဌသည် တပ်နယ်အတွင်းရှိ အသုံးမပြုသည့် ပိုင်ရှင်ရှိကွက်လပ်များပေါ်တွင် လောင်းကစားခြင်းနှင့် ဒုစရိုက်မှုများ မပြု လုပ်နိုင်ရန်အလို့ငှာ ယင်းမြေကွက်များကို ကာရံထားစေရန် အချိန်ကန့်သတ်ပေး၍ စာဖြင့်ညွှန်ကြားရမည်။

အဆောက်အအုံများ၊ လမ်းများ၊ စည်းရိုး၊ သစ်ပင်များနှင့် စပ်လျဉ်း၍ ကြီးကြပ်ရေး

[ပြင်ဆင်ရန်]

အခန်း(၁၀)

အဆောက်အအုံများ၊ လမ်းများ၊ စည်းရိုး၊ သစ်ပင်များနှင့် စပ်လျဉ်း၍ ကြီးကြပ်ရေး

၆၄။ မည်သူမဆိုတပ်မြို့အတွင်း အဆောက်အအုံတစ်ခုခုကို အသစ် ဆောက်လုပ်ခြင်း၊ တိုးချဲ့ဆောက်လုပ်ခြင်း၊ အကြီးစား သို့မဟုတ် အသေးစားပြင်ဆင်ခြင်း၊ ပုံစံပြောင်းလဲခြင်း သို့မဟုတ် ခြံစည်းရိုးကာရံခြင်း၊ ဖြိုဖျက်ခြင်း၊ အဆောက်အအုံ ဆောက်လုပ် ရန် မြေပြုပြင်ခြင်း၊ အုတ်မြစ်အတွက်တူးဖော်ခြင်းနှင့် အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းအတွက် လိုအပ်သည့် အခြားသော ပြင်ဆင်ခြင်း၊ ဆောင်ရွက်ခြင်းများဆောင်ရွက်လိုပါက ဥက္ကဋ္ဌထံ စာဖြင့်လျှောက်ထားရမည်။

၆၅။ ပုဒ်မ ၆၄ အရ လျှောက်ထားရာတွင် အောက်ပါအချက်များပါရှိရမည်-

(က) လျှောက်ထားရသည့် အကြောင်းရင်း၊

(ခ) ထုတ်ပြန်ထားသည့် စည်းကမ်းချက်နှင့်အညီ လိုအပ်ချက်များ၊

(ဂ) အဆောက်အအုံသစ်ဆောက်လုပ်ရန်ဖြစ်ပါက အဆောက်အအုံပုံစံ။

၆၆။ (က) ဥက္ကဋ္ဌသည် အဆောက်အအုံဆောက်လုပ်ရန် လျှောက်ထားချက်နှင့် စပ်လျဉ်း၍ ခွင့်ပြုနိုင်သည် သို့မဟုတ် ငြင်းပယ်နိုင်သည်။ အကြောင်းအရာအားလုံးသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသသော်လည်းကောင်း သင့်လျော်သည့် အောက်ပါအချက်များနှင့်အညီ ဆောက်လုပ်စေရန် ခွင့်ပြုနိုင်သည်-

(၁) အဆောက်အအုံရှေ့တွင် မြေကွက်လပ် သို့မဟုတ် လမ်းချန်လှပ်ထားခြင်း၊

(၂) အဆောက်အအုံပတ်လည်တွင် လေဝင်လေထွက် လွယ်ကူစေရန်၊ သန့်ရှင်းရေးပြုလုပ် နိုင်ရန်နှင့် မီးဘေးကာကွယ်မှု ပြုလုပ်နိုင်ရန် နေရာချန်လှပ်ထားခြင်း၊

(၃) အဆောက်အအုံ၏ လေဝင်လေထွက်ပေါက်စီမံချက်၊ အခန်းများ၏ အနည်းဆုံး ကုဗပေ၊ ဧရိယာ၊ အဆောက်အအုံ၏ အထပ် အရေအတွက်နှင့် အထပ်တစ်ထပ်စီ၏ အမြင့်သတ်မှတ်ခြင်း၊

(၄) မြောင်း၊ အိမ်သာ၊ ကျင်ငယ်စွန့်ရာနေရာ၊ အညစ်အကြေးထည့်ရန် ပစ္စည်းများထားရှိရမည့်နေရာနှင့် အမှိုက်ကျင်း နေရာသတ် မှတ်ထားရှိခြင်း၊

(၅) အဆောက်အအုံအုတ်မြစ်ချရာအနိမ့်အမြင့်နှင့်အကျယ်၊ အောက်ဆုံးထပ်အခင်း၏ အနိမ့်အမြင့် နှင့် ခိုင်ခံ့မှုသတ်မှတ်ခြင်း၊

(၆) အဆောက်အအုံ၏ တံစက်မြိတ်သည် လမ်းနယ်နိမိတ်ပေါ်သို့ ကျူးကျော်ခြင်း မရှိစေရန် သတ်မှတ်ခြင်း၊

(၇) မီးလောင်မှုဖြစ်ပွားပါက အဆောက်အအုံမှ အလွယ်တကူ ထွက်နိုင်ရေးအတွက် ထွက်ပေါက်ထားရှိရန် သတ်မှတ်ခြင်း၊

(၈) အဆောက်အအုံပြင်ပနံရံနှင့် အခန်းအတွက် ပေါင်းစပ်နံရံ၊ အခင်း၊ မီးဖိုနှင့် မီးဖိုခေါင်းတိုင်ဆောက်လုပ်ရေးအတွက် အသုံးပြုရန် ပစ္စည်းများနှင့် ဆောက်လုပ်ရန် စည်းကမ်းများသတ်မှတ်ခြင်း၊

(၉) လူများနေထိုင်ရန် သို့မဟုတ် ချက်ပြုတ်ရန် အဆောက်အအုံ အပေါ်ဆုံးထပ် အမိုး၊ အမြင့်နှင့်ဆင်ခြေလျှော သတ်မှတ်ခြင်း၊

(၁၀) အဆောက်အအုံသန့်ရှင်းရေးနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ သတ်မှတ်ခြင်း။

(ခ) ဥက္ကဋ္ဌသည် အဆောက်အအုံဆောက်လုပ်ခြင်းကြောင့် အခြားအဆောက်အအုံတစ်ခုကို ထိခိုက်ရန် အကြောင်းရှိလျှင်သော် လည်းကောင်း၊ နေထိုင်သူများအကျိုးငှာ အဆောက်အအုံများ ပြွတ်သိပ်ခြင်း မရှိစေရန်သော်လည်းကောင်း ဆောက်လုပ်ခွင့်ကို ငြင်းပယ်နိုင်သည်။ ထိုသို့ငြင်းပယ်ပါက အဆောက်အအုံဆောက်လုပ်လိုသူထံသို့ ငြင်းပယ်ရခြင်း အကြောင်းပြချက်ဖော်ပြ၍ ပြန်ကြားရမည်။

၆၇။ (က) အဆောက်အအုံဆောက်လုပ်ခွင့်ကို ငြင်းပယ်ခြင်းကြောင့်ဖြစ်စေ၊ ဤဥပဒေပုဒ်မ ၆၆၊ ပုဒ်မခွဲ (က) အရ ထုတ်ပြန်ခဲ့သော ညွှန်ကြားချက် တစ်စုံတစ်ခုကြောင့်ဖြစ်စေ ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုအတွက်လျော်ကြေးတောင်းဆိုပိုင်ခွင့် မရှိစေရ။

(ခ) ဆောက်လုပ်ခွင့်ပြုပြီးနောက် ဆောက်လုပ်ခြင်းကို ပုဒ်မ ၆၆၊ ပုဒ်မခွဲ (က) အရမဟုတ်ဘဲ အခြားတားမြစ်ခြင်းကြောင့် သော်လည်း ကောင်း၊ မိမိပိုင်မြေကို လမ်းမြေတွင် ထည့်သွင်းခဲ့ခြင်းကြောင့် သော်လည်းကောင်း၊ အမှန်တကယ်ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှု အတွက် တပ်မြို့စည်ပင်သာယာရေးအဖွဲ့ထံမှ လျော်ကြေးတောင်းဆိုပိုင်ခွင့်ရှိသည်။

၆၈။ (က) ဥက္ကဋ္ဌက ခွင့်ပြုခဲ့သော အဆောက်အအုံဆောက်လုပ်ရန် ခွင့်ပြုချက်သည် ယင်းခွင့်ပြုချက်ပါ နေ့မှစ၍ တစ်နှစ်တာ ကာလအတွက် သာအတည်ဖြစ်စေရမည်။

(ခ) အဆောက်အအုံဆောက်လုပ်ခွင့်ပြုချက်ရထားသူ သို့မဟုတ် တရားဝင် တောင်းဆိုပိုင်ခွင့် ရှိသူသည် ဆောက်လုပ်ခွင့်ရရှိပြီး သော အဆောက်အုံကို တစ်နှစ်တာကာလအတွင်း ခွင့်ပြုချက်ရရှိထားသည့် ပုံစံအတိုင်းအပြီး ဆောက်လုပ်ရမည်။

(ဂ) ခွင့်ပြုကာလကုန်ဆုံးသည့်တိုင် မဆောက်လုပ်ဖြစ်လျှင်ဖြစ်စေ၊ ဆောက်လုပ်၍ မပြီးသေးလျှင်ဖြစ်စေ ခွင့်ပြုချက်အသစ် ထပ်မံ တောင်းခံရယူပြီးမှသာလျှင် ဆက်လက် ဆောက်လုပ်ရမည်။

၆၉။ မည်သူမဆို အောက်ပါတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် ကျပ်ငါးသောင်းထက်မပိုသော ငွေဒဏ်ချမှတ်နိုင်သည်-

(က) ခွင့်ပြုချက်မရရှိဘဲ အဆောက်အအုံဆောက်လုပ်ခြင်း၊

(ခ) ပုဒ်မ ၆၆ ပါအချက်တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်ခြင်း၊

(ဂ) ခွင့်ပြုချက်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် အဆောက်အအုံကိုစတင်ဆောက်လုပ်ခြင်း သို့မဟုတ် ဆက်လက်ဆောက်လုပ် ခြင်း။

၇၀။ ဥက္ကဋ္ဌသည် ပုဒ်မ ၆၆ ပါအချက်များကို လိုက်နာခြင်းမရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံနှင့် စပ်လျဉ်း၍ မြေပိုင်ရှင် သို့မဟုတ် လက်ရှိနေထိုင်သူအား ဆောက်လုပ်နေသော အဆောက်အအုံ သို့မဟုတ် အဆောက်အအုံ၏ မည်သည့် အစိတ်အပိုင်းကိုမဆို လိုအပ်သလို ပြန်လည်ပြုပြင်ဆောက်လုပ်ရန် သို့မဟုတ် လုံးဝ ဖျက်သိမ်းရန် ညွှန်ကြားနိုင်သည်။

၇၁။ ဥက္ကဋ္ဌသည် အောက်ပါကိစ္စရပ်များကို သတ်မှတ်နိုင်သည်-

(က) တပ်မြို့အတွင်းအဆောက်အအုံဆောက်လုပ်ခွင့်ပြုရန်လျှောက်လွှာနှင့်အတူ ဆောက်လုပ်မည့်အဆောက်အအုံအကြောင်း အရာ ဖော်ပြချက်များနှင့် ပုံစံများကို ဥက္ကဋ္ဌထံသို့ ပေးပို့သည့်နည်းလမ်း၊

(ခ) သတ်မှတ်ထားသော နယ်မြေတွင် ဆောက်လုပ်ခွင့်ရှိသည့် အဆောက်အအုံ အမျိုးအစားနှင့် ပုံသဏ္ဌာန်၊

(ဂ) ဆောက်လုပ်မည့် အဆောက်အအုံ၏ အခန်းများအတွက် အနည်းဆုံး ကုဗပေဧရိယာ သတ်မှတ်ချက်များ၊

(ဃ) တပ်မြို့အတွင်းဆောက်လုပ်နိုင်မည့်အဆောက်အအုံပုံစံများ သို့မဟုတ် အသေးစိတ်ဖော်ပြချက်များအတွက် တပ်မြို့ စည်ပင်သာယာရေးအဖွဲ့သို့ ပေးဆောင်ရမည့် အခကြေးငွေသတ်မှတ်ချက်များ။

၇၂။ အဆောက်အအုံများ၏ အဖီအဆွယ်ဆင်ဝင်ကိစ္စများနှင့် စပ်လျဉ်း၍-

(က) တပ်မြို့အတွင်း အဆောက်အအုံပိုင်ရှင် သို့မဟုတ် လက်ရှိနေထိုင်သူသည် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရှိဘဲ အခြား အဆောက်အအုံ၊ အမိုး၊ လမ်း၊ မြောင်း၊ မိလ္လာ၊ ရေပြွန် သို့မဟုတ် ရေတူးမြောင်းပေါ်တွင် မိုးနေမည့်အစွန်း သို့မဟုတ် ဆင်ဝင်စွန်းထွက်နေခြင်း သို့မဟုတ် လမ်းပေါ်သို့ကျူးကျော်နေမည့် အမိုး၊ တံစက်မြိတ်အစွန်းများ ထားရှိခြင်းမပြုလုပ်ရ။

(ခ) ဥက္ကဋ္ဌသည် ယင်းအစွန်း သို့မဟုတ် ကျူးကျော်မှုကို ပြုပြင်ရန်၊ ဖယ်ရှားရန် ပိုင်ရှင် သို့မဟုတ် နေထိုင်သူအား စာဖြင့် ညွှန်ကြား နိုင်သည်။

(ဂ) ဥက္ကဋ္ဌသည် သတ်မှတ်ထားသော လမ်းအချို့ရှိ အဆောက်အအုံ၏ ပိုင်ရှင် သို့မဟုတ် နေထိုင်သူအား အဆောက်အအုံ၏ အထက်ထပ်တွင် အောက်ဆုံးအထပ်နံရံမှ သတ်မှတ်ပေးထားသည့်အကွာအဝေးနှင့် လမ်းမျက်နှာပြင်မှ အထက် သတ်မှတ်ပေး ထားသည့်အမြင့်တွင် အစွန်းထုတ်၍ အမိုးမပါဝရန်တာများ သို့မဟုတ် လသာဆောင်များကို ခြွင်းချက်အနေဖြင့် စစ်ဆေး ဆောက်လုပ်ခွင့် ပြုနိုင်သည်။

၇၃။ တပ်မြို့အတွင်းရှိ အများသုံးမိလ္လာပြွန်၊ ရေမြောင်း၊ လမ်းကူးပြွန်၊ ရေသွယ်မြောင်း၊ သို့မဟုတ် ရေပြွန်ပေါ်တွင် ဥက္ကဋ္ဌ၏ ခွင့်ပြု ချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်ခဲ့လျှင် ယင်းအဆောက်အအုံကို ဖျက်သိမ်းရန် သို့မဟုတ် သင့်လျော်သလို ပြုပြင်ရန် ဥက္ကဋ္ဌက ညွှန်ကြားနိုင်သည်။

၇၄။ ရေဆိုး၊ ရေစီးမြောင်းစသည်များဆောက်ရန် ကိစ္စများနှင့် စပ်လျဉ်း၍-

(က) ဥက္ကဋ္ဌသည်လမ်းတွင်ရှိ အဆောက်အအုံပိုင်ရှင် သို့မဟုတ် လက်ရှိနေထိုင်သူအား အဆောက်အအုံမှ မိုးရေများ စီးဆင်းနိုင် ရေးအတွက် ရေသွားလျှောက်များနှင့် ရေသယ်ပြွန်များကို ၎င်းတို့၏စရိတ်ဖြင့် တပ်ဆင်ရန် ညွှန်ကြားနိုင်သည်။

(ခ) အိမ်ဝင်း၊ လမ်းကြား သို့မဟုတ် အဆောက်အအုံများကြားရှိ လမ်းမြှောင်ကို ရေဝပ်ခြင်း၊ ရေအိုင်ခြင်းမှ ကာကွယ်ရန် ပြုပြင် ထိန်းသိမ်းစေနိုင်သည်။

၇၅။ (က) ဥက္ကဋ္ဌသည် တပ်မြို့အတွင်းရှိ လမ်းနှင့် မြေများပေါ်တွင် ပြည်သူ၏လုံခြုံမှုနှင့် လွယ်ကူစွာသွားလာမှုကို မထိခိုက်စေ မည့် စည်းကမ်းချက်များနှင့် အခကြေးငွေသတ်မှတ်ပြီး အောက်ပါကိစ္စရပ်များအတွက် ယာယီအသုံးပြုခွင့် ပေးနိုင်သည်-

(၁) အဆောက်အအုံဆောက်ရန် ပစ္စည်းစုပုံခြင်း၊

(၂) ယာယီလမ်းဖောက်လုပ်ခြင်း၊

(၃) ယာယီအဆောက်အအုံ ဆောက်လုပ်ခြင်း။

(ခ) ပုဒ်မခွဲ (က) အရ သတ်မှတ်သည့်စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင် ခွင့်ပြုချက်ကို ဥက္ကဋ္ဌက ပြန်လည် ရုပ်သိမ်းနိုင်သည်။

၇၆။ ဥက္ကဋ္ဌသည် လမ်းဖွင့်ခွင့်၊ ပိတ်ခွင့်တို့နှင့်စပ်လျဉ်း၍ အောက်ပါလုပ်ပိုင်ခွင့်များရှိသည်-

(က) သက်ဆိုင်ရာတိုင်းမှူး၏ ခွင့်ပြုချက်ဖြင့် မည်သည့်လမ်းကိုမဆို အမြဲတမ်းပိတ်ပင်ခြင်း သို့မဟုတ် ဖွင့်လှစ်ခြင်း၊

(ခ) တပ်မြို့အတွင်းရှိလမ်း သို့မဟုတ် လမ်း၏ တစ်စိတ်တစ်ဒေသကို ပြင်ဆင်ရန်ဖြစ်စေ၊ ရေစီးမြောင်း၊ ရေပေးဝေရေး လုပ်ငန်းနှင့် ဤဥပဒေအရ ပြုလုပ်ရမည့်တာဝန်များကို ဆောင်ရွက်ရန်ဖြစ်စေ အများသိစေရန် ကြေညာ၍ ယင်းလမ်းကို ယာယီပိတ်ထားခြင်း၊

(ဂ) ပုဒ်မခွဲ (ခ)ပါလုပ်ငန်းလုပ်ဆောင်ခြင်းကြောင့် အများပြည်သူ၏ အသက်အိုးအိမ်ပစ္စည်းများကို အန္တရာယ်ပြုနိုင်စရာ အကြောင်းရှိလျှင် လုံခြုံရေးအတွက် အတားအဆီးအကာအကွယ်များ ပြုလုပ်ပေးစေ ရမည့်အပြင် အဆိုပါ အတားအဆီး အကာ အကွယ်တွင် နေဝင်ချိန်မှ နေထွက်ချိန်အထိ လုံလောက်စွာ မီးထွန်းညှိပေးခြင်း၊

(ဃ) ပတ်ဝန်းကျင်ရှိ အဆောက်အအုံများနှင့် မြေကွက်ကို ကာကွယ်မှု ပြုလုပ်ပေးရမည့်အပြင် ယင်းအဆောက်အအုံများနှင့် မြေ သို့ဝင်ထွက် သွားလာနိုင်ရေးအတွက် သင့်လျော်သလို ဆောင်ရွက်ပေးခြင်း။

၇၇။ ဥက္ကဋ္ဌသည်-

(က) တပ်မြို့အတွင်းရှိ လမ်းတစ်ခုစီကို အမည်တစ်ခုစီပေးနိုင်သည်။

(ခ) တပ်မြို့အတွင်းရှိ အဆောက်အအုံများကို အိမ်နံပါတ် တပ်ဆင်စေရမည်။

(ဂ) မည်သူမဆို တပ်ဆင်ထားသော လမ်းအမည် သို့မဟုတ် အိမ်နံပါတ်ကို ဖျက်ဆီးခြင်း၊ ဆွဲဖြုတ်ခြင်း၊ ဖျောက်ဖျက်ခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် မူလရေးသားထားသော အမည် သို့မဟုတ် နံပါတ်အစားကွဲပြားခြားနားသည့် အမည် သို့မဟုတ် နံပါတ် တပ်ဆင်ခြင်းပြုလုပ်လျှင် ကျပ်တစ်သောင်းထက်မပိုသော ငွေဒဏ်ချမှတ်ခြင်း ခံရမည်။

၇၈။ ဥက္ကဋ္ဌသည် မြေပိုင်ရှင် သို့မဟုတ် လက်ရှိနေထိုင်သူအား အောက်ပါ အတိုင်းစာဖြင့် ညွှန်ကြားနိုင်သည်-

(က) နယ်နိမိတ်နံရံ၊ စည်းရိုးဝင်းခြံအကာအရံကို မသင့်လျော်ဟုယူဆလျှင် ဖယ်ရှားစေခြင်း၊

(ခ) နယ်နိမိတ်နံရံ၊ စည်းရိုးဝင်းခြံအကာအရံတို့၏ အတိုင်းအတာနှင့် ယင်းတို့ကို ဆောက်လုပ်ရာတွင် အသုံးပြုရမည့် ပစ္စည်းတို့ ကိုသတ်မှတ်ပေးခြင်း၊

(ဂ) ဆောက်လုပ်ထားသော နယ်နိမိတ်၊ နံရံ၊ ဝင်းခြံအကာအရံ၊ ခြံစည်းရိုးပင်များကို ထိန်သိမ်းပြုပြင်ထားစေခြင်း။

၇၉။ ဥက္ကဋ္ဌသည် တပ်မြို့အတွင်းရှိ ပုဂ္ဂလိကပိုင်ဝင်းခြံအတွင်းမှ အများပြည်သူအား ဘေးအန္တရာယ် ဖြစ်စေနိုင်သော သို့မဟုတ် တပ်မြို့သာယာလှပမှုကို ထိခိုက်စေနိုင်သော မည်သည့် သစ်ပင်ကိုမဆို သတ်မှတ်ထားသော နေ့ရက်အတွင်းအပြီး ရှင်းလင်း ဆောင်ရွက်ရန် ညွှန်ကြားနိုင်သည်။

၈၀။ မည်သူမဆို ဥက္ကဋ္ဌ၏ခွင့်ပြုချက်မရရှိဘဲ တပ်မြို့အတွင်းရှိ ပုဂ္ဂလိကပိုင် မဟုတ်သော မည်သည့်နေရာကိုမဆို တူးဖော်လျှင် ထိုသူကို ကျပ်နှစ်သောင်းထက် မပိုသော ငွေဒဏ်ချမှတ်နိုင်သည်။ ယင်းပြစ်မှုကို ဆက်လက်ကျူးလွန်နေလျှင် ကျူးလွန်သည့် ရက်အသီးသီးအတွက် တစ်ရက်လျှင်ကျပ် ၅၀၀၀ ထက်မပိုသော ငွေဒဏ် ချမှတ်နိုင်သည်။

၈၁။ တပ်မြို့အတွင်း ကျောက်၊ မြေ သို့မဟုတ် အခြားပစ္စည်းများ တူးဖော် သယ်ယူခြင်းသည် အများပြည်သူကို အနှောင့်အယှက် ဖြစ်စေသည် သို့မဟုတ် အန္တရာယ်ကျရောက်စေသည်ဟုယူဆလျှင် ဥက္ကဋ္ဌသည် အဆိုပါနေရာ၏ ပိုင်ရှင်၊ ငှားယူထားသူ သို့မဟုတ် နေထိုင်သူအား ထိုသို့ တူးဖော်ခြင်း၊ သယ်ယူခြင်းများကို ဆက်လက်လုပ်ဆောင်ခြင်း မပြုရန် စာဖြင့်တားမြစ်ခြင်း သို့မဟုတ် ဘေးအန္တရာယ်မှ လိုအပ်သလို အကာအကွယ်ပြုလုပ်စေရန် ညွှန်ကြားခြင်းကို ဆောင်ရွက်နိုင် သည်။

၈၂။ မည်သူမဆို ပုဒ်မ ၈၁ အရ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်လျှင် သို့မဟုတ် ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက် ခြင်း မပြုလျှင် ကျပ် နှစ်သောင်း ထက်မပိုသော ငွေဒဏ်ချမှတ်နိုင်သည်။

တပ်မြို့ကျန်းမာသန့်ရှင်းရေး

[ပြင်ဆင်ရန်]

အခန်း(၁၁)

တပ်မြို့ကျန်းမာသန့်ရှင်းရေး

၈၃။ တပ်မြို့အတွင်းရှိ သီးခြားသတ်မှတ် ဖော်ပြထားသောဒေသတွင် ကျန်းမာသန့်ရှင်းရေးအတွက် အောက်ပါအရာရှိများက အကြံပြုချက်နှင့်အတူ ဥက္ကဋ္ဌထံ အစီရင်ခံစာကို တင်ပြရမည်-

(က) တပ်မတော်မှ အသုံးပြုသော အဆောက်အအုံနှင့် မြေများအတွက် သက်ဆိုင်ရာတပ်မှူး သို့မဟုတ် တပ်နယ်မှူး၊

(ခ) တပ်မြို့စည်ပင်သာယာရေးအဖွဲ့မှ အစိုးရနယ်ဘက် ဌာနဆိုင်ရာများသို့ လွှဲပြောင်းပေးထားသော မြေများနှင့် ယင်းမြေပေါ် တွင် ဆောက်လုပ်ထားသော အဆောက်အအုံနှင့် မြေများအတွက် နယ်ဘက်ဌာနဆိုင်ရာတာဝန်ခံများ၊

(ဂ) တပ်မြို့ကျန်းမာသန့်ရှင်းရေးအတွက် တာဝန်ပေးခြင်းခံရသည့် တပ်မတော်ဆေးတပ်ဖွဲ့မှ အရာရှိ (ဆေးမှူး) သို့မဟုတ် မြို့နယ်ကျန်းမာရေးအရာရှိများ။

၈၄။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့မှ ဆောက်လုပ်ထိန်းသိမ်းရသော အများပြည်သူအသုံးပြုသည့် အိမ်သာများနှင့် ကျင်ငယ် စွန့်ရာနေရာများတွင် အမျိုးသားနှင့် အမျိုးသမီးများအတွက် သီးသန့်အခန်းများ ဆောက်လုပ်ရမည့်အပြင် ၎င်းတို့ အား အချိန်မှန် ဆေးကြောသန့်စင်ရေးနှင့် စနစ်တကျထားရှိရေးတို့အတွက် လိုအပ်သော သန့်ရှင်းရေးအမှုထမ်းများ ခန့်ထား ပေးရမည်။

၈၅။ အဆောက်အအုံ သို့မဟုတ် မြေကွက်ပိုင်ရှင်သည် အညစ်အကြေးများ သိမ်းဆည်းပေးရန် လျှောက်ထားလာလျှင် လိုအပ်သည့် အချိန်ကာလအတွက် အခနှုန်းထားများသတ်မှတ်ပြီး ဆောင်ရွက်ပေးနိုင်သည်။ ၎င်းကိစ္စအတွက် လျှောက် ထားခြင်းမရှိသော်လည်း လိုအပ်လျှင် ဥက္ကဋ္ဌက ၎င်းအားစာဖြင့် အကြောင်းကြား၍ သန့်ရှင်းရေးကို အခနှုန်းထား သတ်မှတ် ပြီး ဆောင်ရွက်ပေးနိုင်သည်။

၈၆။ (က) တပ်မြို့စည်ပင်သာယာရေးအဖွဲ့သည် အမှိုက်များ၊ အနံ့အသက် ဆိုးဝါးသော ပစ္စည်းများ၊ တိရစ္ဆာန်အသေကောင် များနှင့် ရေပုပ်ရေဆိုးများအတွက် ယာယီသိုလှောင်နိုင်ရန်နှင့် စွန့်ပစ်ရန် သင့်လျော်မည့်နေရာများကို သတ်မှတ်ပေးရမည်။

(ခ) ပုဒ်မခွဲ (က) တွင် ဖော်ပြပါရှိသည့် အညစ်အကြေးနှင့် စပ်လျဉ်း၍ မည်သည့်အချိန်တွင် မည်သို့သယ်ယူရမည်ဟူသော အကြောင်းအချက်များအပေါ်အခြေခံ၍ လမ်းပေါ်မှသယ်ဆောင်သွားခြင်း၊ စုပုံထားခြင်း သို့မဟုတ် ဖျက်ဆီးပစ်ခြင်းအစ ရှိသည်များကို ပြုလုပ်ရန် ဥက္ကဋ္ဌသည် ညွှန်ကြားချက်များထုတ်ပြန်နိုင်သည်။

(ဂ) အမှိုက်ထည့်ရန် ပစ္စည်းနှင့် အမှိုက်သိုလှောင်ရုံများ သို့မဟုတ် ယင်းနေရာများတွင် စုပုံထားသည့် အမှိုက်များသည် တပ်မြို့ စည်ပင်သာယာရေးအဖွဲ့၏ ပစ္စည်းဖြစ်ရမည်။

၈၇။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့သည် အကြောင်းကြားစာပေးပို့၍ တပ်မြို့ အတွင်းရှိ အဆောက်အအုံပိုင်ရှင် သို့မဟုတ် လက်ရှိနေထိုင်နေသူအား အောက်ပါကိစ္စရပ်များ ဆောင်ရွက်ရန်ညွှန်ကြားနိုင်သည်-

(က) မြေ သို့မဟုတ် အဆောက်အအုံနှင့် ဆက်စပ်နေသော အညစ်အကြေးတွင်းသည် အများပြည်သူအား အနှောင့်အယှက် ဖြစ်စေသည်ဟု ထင်မြင်ယူဆလျှင် ပိတ်စေခြင်း သို့မဟုတ် အသစ် ပြုလုပ်စေခြင်း၊

(ခ) မြေပေါ် သို့မဟုတ် အဆောက်အအုံအတွင်းစုပုံနေသောအညစ်အကြေးများထည့်ရန်ပုံးများကို သန့်ရှင်း စင်ကြယ်စွာထားရှိ စေခြင်း၊

(ဂ) အိမ်သာနှင့် ကျင်ငယ်စွန့်ရာနေရာမှ အနံ့အသက်ဆိုးဝါးသော ရေဆိုးများကို အများသုံးရေမြောင်းအတွင်းသို့ စီးဆင်း စိမ့်ဝင်မှု မရှိရန် ဆောင်ရွက်စေခြင်း၊

(ဃ) သန့်ရှင်းရေးအလုပ်သမားများ သယ်ယူနိုင်ရေးအတွက် သတ်မှတ်ထားသည့် အမှိုက်ပုံး သို့မဟုတ် နေရာတွင် အမှိုက် သရိုက်နှင့် အနံ့ဆိုးထွက်နေသည့် ပစ္စည်းများကို သတ်မှတ်ထားသည့်အချိန်အတွင်း စွန့်ပစ်စေခြင်း၊

(င) တပ်မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် ရေမြောင်းကို လွှဲပြောင်းခြင်း၊ ရေမြောင်းအသစ် ဖောက်လုပ်ခြင်း မပြုစေရန် ညွှန်ကြား ခြင်း၊

(စ) မိမိတို့ ပိုင်နက်အတွင်းမှ ရေမြောင်းအား သန့်ရှင်းစေရန် အချိန်သတ်မှတ်ပြီး လွှဲပြောင်းပြင်ဆင်စေခြင်း။

၈၈။ ကျန်းမာရေးအရာရှိက တပ်မြို့အတွင်းရှိ ကိုယ်ပိုင်ခြံဝင်းအတွင်းမှ ရေတွင်း၊ ရေကန်၊ ရေသိုလှောင်ကန် စသည်တို့သည် ခြင်များပေါက်ဖွားရာ နေရာများဖြစ်သည် သို့မဟုတ် အများပြည်သူကျန်းမာရေးအတွက် ထိခိုက်စေနိုင်သည်ဟု တင်ပြလျှင် ဥက္ကဋ္ဌသည် သက်ဆိုင်သူအား သတ်မှတ်သည့်အချိန်အတွင်း ယင်းရေတွင်း၊ ရေကန်စသည်တို့ကို မြေဖို့ခြင်း၊ ဖုံးဖိထား စေခြင်းနှင့် ရေကိုထုတ်ပစ်ခြင်းများ ပြုလုပ်စေရန် ညွှန်ကြားနိုင်သည်။

၈၉။ ဥက္ကဋ္ဌသည် တပ်မြို့အတွင်းရှိ အဆောက်အအုံ သို့မဟုတ် မြေပိုင်နှင့် လက်ရှိနေထိုင်သူအား အိမ်သာ၊ ကျင်ငယ်စွန့်ရန် နေရာ အမှိုက်ပုံး၊ အညစ်အကြေးတွင်း၊ အမှိုက်ထည့်ရန် ပစ္စည်းများကို သတ်မှတ်သည့်ပုံစံနှင့် လိုအပ်သည့်အရေအတွက် အတိုင်းထား ရှိရန် စာဖြင့်ညွှန်ကြားနိုင်သည်။

၉၀။ ဥက္ကဋ္ဌသည် တပ်မြို့အတွင်းတွင် အလုပ်သမား ငါးဦးထက်ပို၍ရှိသော လုပ်ငန်းရှင်များအားလည်းကောင်း၊ ဈေး၊ ကျောင်း၊ ရုပ်ရုင်ရုံသို့မဟုတ် အများပြည်သူအသုံးပြုနေသည့်နေရာကိုစီမံအုပ်ချုပ်သူအားလည်းကောင်း လိုအပ်သောအိမ်သာ၊ ကျင်ငယ်စွန့်ရာ နေရာများထားရှိရန်နှင့် ယင်းတို့ သန့်ရှင်းစင်ကြယ်ရေးအတွက် သတ်မှတ်အရေအတွက်အတိုင်း အလုပ်သမား ခန့်ထားစေရန် ညွှန်ကြားနိုင်သည်။

၉၁။ (က) ဥက္ကဋ္ဌသည် တပ်မြို့အတွင်းရှိအဆောက်အအုံများအား အောက်ပါအချက်များကြောင့်ကျန်းမာရေးနှင့် ညီညွတ်မှု မရှိဟုယူဆလျှင် အဖွဲ့ငယ်ဖွဲ့စည်း၍ စစ်ဆေးနိုင်သည်-

(၁) ကြပ်တည်းပြွတ်သိပ်စွာဆောက်လုပ်ထားခြင်း၊

(၂) ​ရေမြောင်းများစနစ်တကျဖောက်လုပ်မထားခြင်း၊

(၃) လေကောင်းလေသန့်မရခြင်း၊

(၄) အဆောက်အအုံများအကြား လမ်းများကျဉ်းမြောင်းခြင်း။

(ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းထားသည့် အဖွဲ့ငယ်တွင် အောက်ပါပုဂ္ဂိုလ်များ ပါဝင်ရမည်-

(၁) တပ်နယ်မှ ကိုယ်စားလှယ်အရှိတစ်ဦး၊

(၂) တပ်နယ်ကျန်းမာရေးအရာရှိ၊

(၃) ဆောက်လုပ်ရေး (အင်ဂျင်နီယာ) တပ်မှ အရာရှိတစ်ဦး၊

(၄) သက်ဆိုင်ရာမြို့နယ်အဆင့်မှ ကိုယ်စားလှယ်အရာရှိတစ်ဦး။

(ဂ) ပုဒ်မခွဲ (က) နှင့်(ခ) တို့အရ ဖွဲ့စည်းသောအဖွဲ့ငယ်သည် ဥက္ကဋ္ဌထံသို့ အဆောက်အဦများ၏ အခြေအနေနှင့် နေထိုင်သူများ အတွက် ကျန်းမာသန့်ရှင်းရေးအခြေအနေကို အစီရင်ခံတင်ပြရမည်။ ယင်းအစီရင်ခံစာတွင် နေထိုင်သူများနှင့် ပတ်ဝန်းကျင် အား ကျန်းမာရေးထိခိုက်နိုင်ဖွယ်ရာရှိမည်ဟုယူဆလျှင်အားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို ဖယ်ရှားပစ်ရန် သင့်သည်ဟု ဆောက်လုပ်ရေး(အင်ဂျင်နီယာ)တပ်မှ အရာရှိကထောက်ခံသည့် အဆောက်အအုံများ၊ လမ်းများ၊ ရေမြောင်းများကို မြေပုံ ပေါ်တွင် ပေါ်လွင်စွာဖော်ပြပြီး အစီရင်ခံစာနှင့်အတူတင်ပြရမည်။

(ဃ) ဥက္ကဋ္ဌသည် ပုဒ်မခွဲ (ဂ) အရ တင်ပြသည့်အစီခံစာရရှိသည့်အခါ ဖယ်ရှားသင့်သည်ဟု ယူဆသည့် အဆောက်အအုံများ၊ လမ်းများ၊ ရေမြောင်းများကို ဖယ်ရှားပေးရန် တပ်မြို့စည်ပင်သာယာရေးအဖွဲ့၏ သဘောတူညီချက်ဖြင့် ပိုင်ရှင်အားစာဖြင့် အကြောင်းကြားနိုင်သည်။ ယင်းသို့ဖယ်ရှားရသည့်အတွက် လျော်ကြေး သို့မဟုတ် ပြောင်းရွှေ့ဆောက်လုပ်ရသည့်ကုန်ကျ စရိတ် များကို တည်ဆဲ ဥပဒေစည်းမျဉ်းများအရပေးလျော်ရန် ဥက္ကဋ္ဌကဆောင်ရွက်ရမည်။

၉၂။ (က) တပ်မြို့အတွင်းရှိ အဆောက်အအုံ သို့မဟုတ် အဆောက်အအုံ၏ တစ်စိတ်တစ်ဒေသတွင် နေထိုင်သူ ဦးရေ ပြည့်ကျပ်နေသဖြင့် ကျန်းမာရေးကို ထိခိုက်နိုင်သည်ဟုယူဆလျှင် ဥက္ကဋ္ဌသည်လိုအပ်သော စစ်ဆေးမှုပြုလုပ်၍ ပိုင်ရှင် သို့မဟုတ် နေထိုင်သူအား တစ်လထက်မနည်းသော အချိန်အတွင်းနေထိုင်သူဦးရေ လျှော့ပေါ့သွားရန်အလို့ငှာ ငှားရမ်း နေထိုင်သူ၊ တည်းခိုနေထိုင်သူ၊ မှီတင်း နေထိုင်သူ ဦးရေမည်မျှ လျှော့ချပစ်ရန် စာဖြင့်အကြောင်းကြားနိုင်သည်။

(ခ) ပိုင်ရှင် သို့မဟုတ် နေထိုင်သူသည် ပုဒ်မခွဲ (က) အရ အကြောင်းကြားချက်ကို လိုက်နာဆောင်ရွက်ရန် လုံလောက်သော အကြောင်းပြချက်မရှိဘဲ ပျက်ကွက်လျှင် ယင်းအားကျပ် ၅၀၀၀ ထက်မပိုသော ငွေဒဏ်ချမှတ်နိုင်သည်။ ဆက်လက်၍ ပျက်ကွက် နေလျှင် ပျက်ကွက်သည့် ရက်အသီးသီးအတွက် တစ်ရက်လျှင် ငွေဒဏ်ကျပ် ၅၀၀ ချမှတ်နိုင်သည်။

၉၃။ တပ်မြို့အတွင်းရှိ အဆောက်အအုံတစ်ခုခုသည် ပျက်စီးယိုယွင်း နေသဖြင့် ကျန်းမာသန့်ရှင်းမှုမရှိဟု ဥက္ကဋ္ဌက ထင်မြင်လျှင် ပိုင်ရှင်အား သတ်မှတ်ပေးထားသော အချိန်အတွင်းပြင်ဆင် ပြောင်းလဲမှုများပြုလုပ်ရန် စာဖြင့် အကြောင်းကြား နိုင်သည်။ လူနေထိုင်ရန်သင့်လျော်စွာ ဆောင်ရွက်မှုများပြုလုပ်ပြီးမှသာ နေထိုင်ခွင့်ပြုရမည်။ အထက်ပါအတိုင်း စာဖြင့် အကြောင်းကြားရာတွင် ဖော်ပြထားသော အဆောက်အအုံပိုင်ရှင်သည် ပြင်ဆင်ပြောင်းလဲခြင်းမပြုတော့ဘဲ အဆောက်အအုံ အား လုံးဝဖျက်သိမ်းပစ်လျှင် ဤအကြောင်းကြားစာကို လိုက်နာဆောင်ရွက်သည်ဟု မှတ်ယူရမည်။

၉၄။ ဥက္ကဋ္ဌသည် တပ်မြို့အတွင်းရှိ အဆောက်အအုံ သို့မဟုတ် မြေနှင့် စပ်လျဉ်း၍ ကျန်းမာရေးကိုထိခိုက်နိုင်စေသည် အထိ ညစ်ညမ်းနေသည်ဟု ယူဆလျှင်ပိုင်ရှင် သို့မဟုတ် နေထိုင်သူအား သန့်ရှင်းရေးကို ၂၄ နာရီအတွင်း ဆောင်ရွက်ရန် စာဖြင့်အ ကြောင်းကြားနိုင်သည်။ ယင်းအကြောင်းကြားချက်တွင် ချုံနွယ်ပိတ်ပေါင်းများကိုပါ ခုတ်ထွင်ရှင်းလင်းပေးရန် ထည့်သွင်းဖော်ပြ နိုင်သည်။

၉၅။ သုသာန်မြေနှင့်စပ်လျဉ်း၍-

(က) တပ်မြို့စည်ပင်သာယာရေးအဖွဲ့သည် တပ်မြို့အတွင်းသင့်လျော်သည့် မြေနေရာကို သုသာန်မြေအဖြစ် သတ်မှတ်အသုံးပြု နိုင်သည်။

(ခ) တပ်မြို့စည်ပင်သာယာရေးအဖွဲ့သည် သုသာန်မြေတွင် လိုအပ်သည့်အစောင့်အလုပ်သမားများ ခန့်ထား ရမည်။

(ဂ) ဥက္ကဋ္ဌသည် သုသာန်မြေအတွက် လိုအပ်မည့်စည်းကမ်းများ သတ်မှတ်ကြေညာ ဆောင်ရွက်ရမည်၊

(ဃ) ပုဒ်မခွဲ (ဂ) ပါ ပြဋ္ဌာန်းချက်သည် တပ်မတော်စစ်သင်္ချိုင်းများနှင့်လည်းကောင်း၊ သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီနှင့် အဖွဲ့များက ကြီးကြပ်သော သုသာန်များနှင့်လည်းကောင်း သက်ဆိုင်ခြင်း မရှိစေရ။

၉၆။ ဥက္ကဋ္ဌသည် တပ်မြို့အတွင်းမှ လူသေအလောင်းများကို မြေမြှုပ်သင်္ဂြိုဟ်ရန်သို့မဟုတ် မီးသင်္ဂြိုဟ်ရန်သယ်ယူပို့ဆောင်ရ မည့်လမ်းကို ကြေညာ၍ သတ်မှတ်ပေးနိုင်သည်။

၉၇။ ကျန်းမာရေးအရာရှိ သို့မဟုတ် တပ်မြို့စည်ပင်သာယာရေးအဖွဲ့က တာဝန်ပေးအပ်ခြင်းခံရသူ၏ အမိန့်တစ်စုံ တစ်ရာမရှိဘဲ မည်သူမဆို လူသေအလောင်းများကို သေဆုံးပြီးနောက် ၇၂ နာရီထက်ကျော်၍ သင်္ဂြိုလ်ခြင်းမပြုဘဲ မထားရှိရ။ သေဆုံးသောရောဂါသည် ကူးစက်တတ်သော ရောဂါဖြစ်လျှင် သေဆုံးပြီးနောက် ၁၂နာရီအတွင်း မြှုပ်နှံခြင်း၊ မီးသင်္ဂြိုဟ်ခြင်း ပြုလုပ်ရမည်။ ဆင်းရဲနွမ်းပါးသော မိသားစုဖြစ်ပါက တပ်မြို့စည်ပင်သာယာရေးအဖွဲ့က စရိတ်ခံ၍ သင်္ဂြိုဟ်ပေးရမည်။

၉၈။ အောက်ပါပုဂ္ဂိုလ်များသည် တပ်မြို့အတွင်းရှိ ပြည်သူ့ဆေးရုံတွင် တက်ရောက်နေသော လူနာမှအပ အခြားသူတစ်ဦးဦး တွင် ကူးစက်တတ်သော ရောဂါဖြစ်ပွားနေကြောင်းကို ကျန်းမာရေးအရာရှိ သို့မဟုတ် တပ်မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ပေးအပ် ထားသူထံသို့ အမြန်ဆုံးသတင်းပို့ရမည်-

(က) အသက်မွေးဝမ်းကျောင်းမှုအတွက် ဆေးကုသည့် မှတ်ပုံတင် ဆရာဝန်များ၊

(ခ) ရောဂါဖြစ်ပွားသော လူနာရှိသည့်အိမ်၏ အိမ်ထောင်ဦးစီး သို့မဟုတ် အိမ်ထောင်ဦးစီး ကိုယ်တိုင်ရောဂါဝေဒနာခံစား နေရပါက အိမ်ရှိအရွယ်ရောက်ရှိပြီးသူတစ်ဦး၊

(ဂ) ရောဂါဖြစ်ပွားသူကို စောင့်ရှောက်နေရသူ။

၉၉။ ကျန်းမာရေးအရာရှိ သို့မဟုတ် တပ်မြို့စည်ပင်သာယာရေးအဖွဲ့က တာဝန်ပေးအပ်ခြင်းခံရသူသည် မည်သည့်အချိန် အခါမဆို ကူးစက်တတ်သော ရောဂါဖြစ်ပွားသူရှိသည်ဟု ယူဆရသော အဆောက်အအုံအတွင်းသို့ ဝင်ရောက်စစ်ဆေးနိုင် သည်။

၁၀၀။ တပ်မြို့အတွင်းအခြေအနေအတည်တကျမရှိဘဲ နေထိုင်သူမည်သူမဆို ကူးစက်တတ်သောရောဂါဖြစ်ပွားနေကြောင်း သိရှိ လျှင် ကျန်းမာရေးအရာရှိသို့မဟုတ် တပ်မြို့စည်ပင်သာယာရေး အဖွဲ့ကတာဝန် ပေးအပ်ခြင်းခံရသူသည် ထိုသူအား သက်ဆိုင်ရာ ဆေးရုံတင်ပို့ရန် ဆောင်ရွက်ပေးရမည်။ ယင်းလူနာသည် ကျန်းမာရေးအရာရှိ၏ ခွင့်ပြုချက်ရရှိမှသာ ဆေးရုံမှ ဆင်းရမည်။

၁၀၁။ (က) ကူးစက်တတ်သော ရောဂါရှိနေသူသည် သေချာစွာကုသကာကွယ်မှု ပြုလုပ်ခြင်းမရှိဘဲ အများပြည်သူသွားလာရာ နေရာများသို့ ဝင်ထွက်သွားလာခြင်းမပြုရ၊

(ခ) ကူးစက်တတ်သောရောဂါရှိသူ၏ အုပ်ထိန်းသူသည် ရောဂါရှိသူကို အများပြည်သူများအား ပြသခြင်းမပြုရ၊

(ဂ) ကူးစက်တတ်သော ရောဂါဖြစ်သူ၏ အသုံးအဆောင်ပစ္စည်းများကို ရောဂါပြန့်ပွားခြင်းမှ ကြိုတင်ကာကွယ်ခြင်းမပြုဘဲ ထပ်မံ သုံးစွဲခြင်းမပြုရ။

၁၀၂။ တပ်မြို့အတွင်း ကူးစက်တတ်သော ရောဂါရှိသည့်လူနာများကို တင်ဆောင်သည့် ယာဉ်များနှင့်စပ်လျဉ်း၍ ကျန်းမာရေး အရာရှိကဖြစ်စေ၊ တပ်မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ပေးအပ်သူကဖြစ်စေ စိတ်ကျေနပ်သည်အထိ ယာဉ်ပိုင်ရှင် သို့မဟုတ် ယာဉ်မောင်းသည် ၎င်းယာဉ်ကို ပိုးသတ်ဆေးများပက်ဖြန်း၍ သန့်စင်စေရန် ဆောင်ရွက်ပေးရမည်။

၁၀၃။ ကျန်းမာရေးအရာရှိ သို့မဟုတ် တပ်မြို့စည်ပင်သာယာရေးအဖွဲ့က တာဝန်ပေးအပ်ခြင်းခံရသူသည် ကူးစက်တတ်သော ရောဂါ မပြန့်ပွားစေရေးအတွက် ကူးစက်တတ်သောရောဂါဖြစ်ပွားသည့် အဆောက်အအုံတစ်ခုလုံးကို ဖြစ်စေ၊ တစ်စိတ် တစ်ဒေသကိုဖြစ်စေ ပိုးသတ်ဆေးပက်ဖြန်းသန့်စင်စေနိုင်သည်။

၁၀၄။ တပ်မြို့အတွင်း ကူးစက်တတ်သောရောဂါအန္တရာယ်ကျရောက်လျှင် သို့မဟုတ် ကျရောက်ရန် အကြောင်းဖြစ်ပေါ်လျှင် ဥက္ကဋ္ဌသည်-

(က) အထူးစီမံချက်များပြုလုပ်၍ ရောဂါကာကွယ်ရေးကို ဆောင်ရွက်နိုင်သည်။

(ခ) ကူးစက်တတ်သော ရောဂါဖြစ်ပွားခြင်း၊ ပျံ့ပွှားခြင်းမှကာကွယ်ရန် ဒေသန္တရ ညွှန်ကြားချက်များ ထုတ်ပြန်ကြေညာ နိုင်သည်။

၁၀၅။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့သည်-

(က) ကူးစက်တတ်သော ရောဂါပြန့်ပွားခြင်းကို ကာကွယ်ရေးအတွက် အဆောက်အအုံများကို ဖျက်သိမ်းရန်လိုအပ်သည်ဟု ယူဆလျှင် ကြိုတင်အကြောင်းကြားပြီး ဖျက်သိမ်းရန် အမိန့်ထုတ်ပြန်နိုင်သည်။

(ခ) ကူးစက်တတ်သော ရောဂါအန္တရာယ်ပြန့်ပွားနိုင်သည်ဟုယူဆရသော အဝတ်အထည်လူသုံးပစ္စည်းများကို သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ရောဂါကူးစက်မှုမရှိစေရန် ဆောင်ရွက်ခြင်းပြုနိုင်သည်။

(ဂ) အဆောက်အအုံနှင့် လူသုံးပစ္စည်းများကို သိမ်းယူခြင်း သို့မဟုတ် ဖျက်ဆီးခြင်းကြောင့် ဆုံးရှုံးမှုအတွက် သင်လျော်သည့်အ တိုင်း လျော်ကြေးပေးနိုင်သည်။

၁၀၆။ တပ်မြို့အတွင်းရှိ လူနှင့် တိရစ္ဆာန်တို့၏ အသက်ကိုလည်းကောင်း၊ အိုးအိမ်စည်းစိမ်ကိုလည်းကောင်း၊ အကြီးအကျယ် ပျက်စီးဆုံးရှုံးစေနိုင်သည့် ရောဂါအန္တရာယ်ကျရောက်နေချိန်၊ ကျရောက်မည်ဟုယူဆရချိန်တွင် သာမန်ဆောင်ရွက်ခြင်းဖြင့် အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်မလုံလောက်ဟု ထင်မြင်ယူဆပါက ဥက္ကဋ္ဌသည် ဤဥပဒေနှင့်တည်ဆဲဥပဒေများအရ အရေးပေါ်လုပ်ငန်းများကို ဆောင်ရွက်နိုင်သည်။

၁၀၇။ ပုဒ်မ ၁၀၄၊ ၁၀၅ နှင့် ၁၀၆ တို့တွင်ပါရှိသော ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် လိုအပ်ပါက ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်စေနိုင်သည်။

၁၀၈။ အတွင်းရေးမှူးသည် တပ်မြို့အတွင်းကူးစက်တတ်သောရောဂါဖြင့် တစ်ဦးဦးသေဆုံးလျှင် အောက်ပါအချက်များကို စာဖြင့် ညွှန်ကြားနိုင်သည်-

(က) လူသေအလောင်းကို တာဝန်ယူသူအား ယင်းအလောင်းကို ရင်ခွဲရုံသို့ပို့ဆောင်ရန်၊

(ခ) လူသေအလောင်းကို သေဆုံးသည့်နေရာမှ မြေမြှုပ်သင်္ဂြိုဟ်ရန် သို့မဟုတ် မီးသင်္ဂြိုဟ်ရန် သို့မဟုတ် ရင်ခွဲရုံသို့ ယူဆောင် ရန်မှအပ အခြားနေရာသို့ ရွှေ့ပြောင်းယူဆောင်ခြင်း မပြုရန်။

၁၀၉။ (က) ကျန်းမာရေးအရာရှိသည် တပ်မြို့အတွင်း နေထိုင်သည့် ကူးစက်တတ်သောရောဂါဖြစ်နေသည်ဟု ယုံကြည်ရသူ အား သတ်မှတ်ထားသောနေ့ရက်တွင် ဆေးရုံ သို့မဟုတ် အစိုးရ ဆေးပေးခန်းသို့သွားရောက်၍ စစ်ဆေးမှုခံယူရန်နှင့် သက်ဆိုင်ရာ ဆရာဝန်၏ခွင့်ပြုချက်မရရှိဘဲ ထွက်ခွာခြင်းမပြုရန်စာဖြင့် ညွှန်ကြားရမည်။ ဆေးရုံ သို့မဟုတ် အစိုးရ ဆေးပေးခန်းမှ ဆရာဝန်သည် ၎င်းအားကူးစက်တတ်သော ရောဂါရှိမရှိ ကျေနပ်သည်အထိ စစ်ဆေးမှုပြုလုပ်ရမည်။ သို့ရာတွင် ရောဂါလက္ခဏာ၊ လူနာ၏အခြေအနေနှင့် ၎င်း၏ပတ်ဝန်းကျင် အခြေအနေတို့ကို သုံးသပ်ပြီး ကျန်းမာရေး အရာရှိ သိုမဟုတ် ဆရာဝန်က ၎င်းအား ဆေးရုံသို့မဟုတ် ဆေးပေးခန်းသို့သွားရောက်ရန်မလိုသေးဟုယူဆလျှင် အိမ်တွင် စစ်ဆေးမှု ပြုလုပ်နိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ စစ်ဆေးမှုပြုလုပ်ရာတွင် ကူးစက်တတ်သော ရောဂါဖြစ်နေကြောင်းတွေ့ရှိပါက ကျန်းမာရေးအရာရှိ သို့မဟုတ် ဆရာဝန်သည် ထိုသူအား ဆေးရုံသို့တက်ရောက်၍ ရောဂါပျောက်ကင်းသည်အထိ ဆေးကုသမှုခံယူရန် ညွှန်ကြားနိုင်သည်။ သို့ရာတွင် ရောဂါလက္ခဏာ၊ လူနာ၏ အခြေအနေတို့နှင့် ၎င်း၏ပတ်ဝန်းကျင်အခြေအနေကို သုံးသပ်၍ ကျန်းမာရေးအရာရှိ သို့မဟုတ် ဆေးရုံမှ ဆရာဝန်သည် ၎င်းအား ဆေးရုံတွင်ထားရှိရန် မလိုဟုယူဆလျှင် ရောဂါနှင့် စပ်လျဉ်း၍ လုပ်ဆောင်ရမည့် အချက်များသို့မဟုတ် ညွှန်ကြားချက်များပေး၍ ဆေးရုံမှဆင်းစေနိုင်သည်။

၁၁၀။(က) ကူးစက်တတ်သောရောဂါစွဲကပ်သူ တစ်ဦးဦးသည် ပုဒ်မ ၁၀၉ အရ ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်ကိုမလိုက်နာဘဲ ဆေးရုံသို့မဟုတ် အစိုးရဆေးပေးခန်းသို့ တက်ရောက်ကုသရန်ငြင်းပယ်ကြောင်း သို့မဟုတ် ဆေးရုံ၊ အစိုးရဆေးပေးခန်းတွင် ကုသမှုခံယူနေစဉ် ဆရာဝန်၏ခွင့်ပြုမိန့်မရဘဲ ဆေးရုံ၊ ဆေးပေးခန်းမှ ဆင်းသွားကြောင်း အဆိုပါဆရာဝန်၏စာဖြင့်တိုင်တန်း ချက်ရရှိလျှင် တပ်နယ်မှူးသည်အဆိုပါကူးစက်တတ်သောရောဂါစွဲကပ်သူအား တပ်နယ်အတွင်းမှ ၂၄နာရီအတွင်း ထွက်ခွာစေရန် နှင့် ခွင့်ပြုမိန့်မရှိဘဲ ပြန်မဝင်ရန် စာဖြင့်ညွှန်ကြားနိုင်သည်။ ထို့ပြင်ထိုသူ သွားရောက်မည့်ဒေသရှိ ကျန်းမာရေးအရာရှိထံ ထိုသူ၏ ရောဂါအခြေအနေကို စာဖြင့်အသိပေးရမည်။

(ခ) ပုဒ်မခွဲ (က) အရ တားမြစ်ခြင်းခံရသူတစ်ဦးဦးသည် တပ်နယ်မှူး၏ စာဖြင့်ခွင့်ပြုမိန့်မရဘဲအခြားမည်သည့်တပ်မြို့သို့မျှ ဝင်ရောက်ခွင့်မရှိစေရ။

၁၁၁။ ဥက္ကဋ္ဌသည် တပ်မြို့အတွင်း၌ ကူးစက်တတ်သောရောဂါဖြစ်ပွားနေချိန်တွင် အများပြည်သူ၏အသက်အန္တရာယ်ကို ကာကွယ်ရန်လိုအပ်သည်ဟုယူဆလျှင် သွားလာရမည့်လမ်းများ သတ်မှတ်စီမံပေးနိုင်သည်။ ၎င်းကို အများသိစေရန် ကြေညာပေး ရမည်။

၁၁၂။ အညစ်အကြေးနှင့် အမှိုက်များသုတ်သင်ရှင်းလင်းရန် ဥက္ကဋ္ဌက ခန့်အပ်ထားသော သန့်ရှင်းရေး အလုပ်သမားတစ်ဦးဦး က လုံလောက်သည့် အကြောင်းပြချက်မရှိဘဲသော်လည်းကောင်း၊ တစ်လကြိုတင် အကြောင်းကြားခြင်းမရှိဘဲ သော် လည်းကောင်း အလုပ်မှနုတ်ထွက်လျှင် သို့မဟုတ် မိမိ၏အလုပ်ဝတ္တရားများကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ဆောင်ရွက်ရန်ပျက်ကွက်လျှင် သို့မဟုတ် ငြင်းပယ်လျှင် ဥက္ကဋ္ဌသည် တည်ဆဲအလုပ်သမားဥပဒေများနှင့်အညီ စစ်ဆေး ဆောင်ရွက်ခွင့်ရှိသည်။

လုပ်ပိုင်ခွင့်များ၊ လုပ်ထုံးလုပ်နည်းများ၊ ပြစ်ဒဏ်နှင့် အယူခံခြင်းများ

[ပြင်ဆင်ရန်]

အခန်း(၁၂)

လုပ်ပိုင်ခွင့်များ၊ လုပ်ထုံးလုပ်နည်းများ၊ ပြစ်ဒဏ်နှင့် အယူခံခြင်းများ

၁၁၃။ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး သို့မဟုတ် ဥက္ကဋ္ဌမှ တာဝန်ပေးအပ်ခြင်း ခံရသော သူသည် တပ်မြို့အတွင်းရှိ အဆောက်အအုံအတွင်းသို့ဖြစ်စေ၊ မြေနေရာ တွင်းသို့ဖြစ်စေ ကူညီသူအမှုထမ်းများနှင့်အတူ သို့မဟုတ် ၎င်းတို့မပါဘဲ ဤဥပဒေ၊ စည်းမျဉ်း ဥပဒေ၊ စည်းကမ်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းစစ်ဆေးခြင်း၊ တိုင်းတာခြင်း၊ တန်ဖိုးဖြတ် ခြင်း သို့မဟုတ် အလုပ်တစ်စုံတစ်ရာ လုပ်ကိုင်ခြင်းတို့အတွက် ဝင်ရောက်ပိုင်ခွင့်ရှိသည်။

၁၁၄။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် ငွေစာရင်းများကို သက်ဆိုင်ရာမြို့နယ်စာရင်းရုံးက စစ်ဆေးရမည်။

၁၁၅။ (က) ဥက္ကဋ္ဌသည် အောက်ပါကိစ္စရပ်များဆောင်ရွက်ရန် သာမန်သို့မဟုတ် အထူးအမိန့်ဖြင့် မည်သူ့ကိုမဆို တာဝန်ပေး အပ်နိုင်သည်-

(၁) တပ်မြို့အတွင်းအဆောက်အအုံတစ်ခုခုနှင့် မြေကွက်တစ်ခုခုရှိရေတွင်း၊ ရေမြောင်း၊ အိမ်သာ၊ ရေပုပ်တွင်း၊ ရေပြွန် ရေစီးလမ်းကြောင်းတို့ကို စစ်ဆေးခြင်းနှင့်လိုအပ်လျှင် ယင်းတို့မှ အနှောင့်အယှက်ဖြစ်ပေါ်စေမှုများကို ကာကွယ်ရန် သို့မဟုတ် ဖယ်ရှားရန် အတွက် မြေကို တူးလှန်စေခြင်း၊

(၂) တပ်မြို့အတွင်းဆောက်လုပ်နေသည့် လုပ်ငန်းများကို စစ်ဆေးစေခြင်း၊ မြေ အနိမ့်အမြင့် တိုင်းတာစေခြင်း သို့မဟုတ် တိုင်းတာသည့်ကိရိယာများကို ရွှေ့ပြောင်းခြင်း၊ စမ်းသပ်ခြင်း၊ စစ်ဆေးခြင်းနှင့် အသစ်လဲလှယ်ခြင်းများ ပြုလုပ်စေခြင်း။

(ခ) ပုဒ်မခွဲ (က) အရ စစ်ဆေးရာတွင် မြေကိုတူးလှန်ရန် လိုအပ်ပါက ယင်းသို့ဆောင်ရွက်သည့် ကုန်ကျစရိတ်ကို ပိုင်ရှင် သို့မဟုတ် လက်ဝယ်ထားရှိသူမှကျခံရမည်။

၁၁၆။ အတွင်းရေးမှူးသည် ကူညီသူအမှုထမ်းပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ တပ်မြို့အတွင်း တည်ဆောက်နေသည့် လုပ်ငန်းတစ်ခုကို ဝင်ရောက်စစ်ဆေးနိုင်သည်။

၁၁၇။ ဤဥပဒေအရ တာဝန်ပေးအပ်ခြင်းခံရသူသည် တပ်မြို့အတွင်းရှိ ပုဂ္ဂလိကပိုင် နေရာတစ်ခုအတွင်းဝင်ရန် လိုအပ်သည်ဟုယူဆပါက ပိုင်ရှင်သို့မဟုတ် လက်ဝယ်ထားရှိသူမရှိခိုက် သို့မဟုတ် ရှိလျက်နှင့် ဝင်းတံခါး သို့မဟုတ် အခြားအတား အဆီးများကို ဖွင့်ပေးရန်ငြင်းဆိုပါက သက်ဆိုင်ရာရပ်ကွက်တာဝန်ရှိသူ လူကြီးနှစ်ဦးနှင့်အတူ အတားအဆီးများကို ဖယ်ရှား၍ ဝင်ရောက်နိုင်သည်။

၁၁၈။ ဥက္ကဋ္ဌက တာဝန်ပေးထားသည့် သူတစ်ဦးဦး၏ လုပ်ငန်းဆောင်ရွက်မှုကို နှောင့်ယှက်တားဆီးခြင်း သို့မဟုတ် ပြုလုပ်လျှင် ထိုသူကို ကျပ်တစ်သောင်းထက် မပိုသောငွေဒဏ်ချမှတ်နိုင်သည်။

၁၁၉။ အကြောင်းကြားစာနှင့်စပ်လျဉ်း၍-

(က) ဤဥပဒေအရ တစ်စုံတစ်ရာလုပ်ကိုင်ဆောင်ရွက်ရန် အချိန်ကန့်သတ်ပေးထားခြင်းမရှိပါက ယင်းအကြောင်းကြားစာ သို့မဟုတ် အမိန့်စာတွင် သင့်လျော်သည့် အချိန်ကန့်သတ်ပေးရမည်။

(ခ) အကြောင်းကြားစာနှင့် အမိန့်စာများကို ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးကလက်မှတ်ရေးထိုး ထုတ်ပြန်ရမည်။

(ဂ) ယင်းအကြောင်းကြားစာ သို့မဟုတ် အမိန့်စာကို သက်ဆိုင်ရာ ပုဂ္ဂိုလ်ထံသို့ ပေးပို့ရမည်။ အကယ်၍ ယင်းပုဂ္ဂိုလ်ကို မတွေ့ရှိပါ က အတူနေမိသားစုဝင်တစ်ဦးဦး၏ လက်ဝယ်သို့ သက်သေတစ်ဦး၏ ရှေ့မှောက်တွင်ပေးအပ်ရမည်။ အကယ်၍ သက်ဆိုင်ရာ ပုဂ္ဂိုလ်၏နေအိမ်တွင် နေထိုင်သူမရှိပါက ယင်းအကြောင်းကြားစာ သို့မဟုတ် အမိန့်စာကို အဆိုပါ နေအိမ်ရှေ့တွင်ကပ်ထားပြီး သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာရှိ အာဏာပိုင်အဖွဲ့အစည်း၏ အတည်ပြုချက်ကို ရယူရမည်။ ယင်းသို့ဆောင်ရွက်သော အကြောင်းကြားစာ သို့မဟုတ် အမိန့်စာသည် သက်ဆိုင်ရာပုဂ္ဂိုလ်ထံသို့ တိုက်ရိုက် ပေးပြီးဖြစ်သကဲ့သို့ မှတ်ယူရမည်။

၁၂၀။ ဤဥပဒေအရ တစ်ဦးတစ်ယောက်ထံသို့ အမည်တပ်ပေးပို့ရမည့် အကြောင်းကြားစာမဟုတ်ဘဲ အများသိသာစေရန် ဝေငှ ရန်အကြောင်းကြားစာဖြစ်ပါက အဆိုပါ အကြောင်းကြားစာကို တပ်မြို့စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ကြော်ငြာ သင်ပုန်း၌ ကပ်ထားခြင်း၊ သတင်းစာတွင် ထည့်သွင်းကြေညာခြင်း သို့မဟုတ် ဥက္ကဋ္ဌ၏ ညွှန်ကြားချက်အရ ဆောင်ရွက်ခြင်း ဖြင့် လုံလောက်စွာ ဆောင်ရွက်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်။

၁၂၁။ ဤဥပဒေအရ ထုတ်ပြန်သောအကြောင်းကြားစာ သို့မဟုတ် အမိန့်စာကိုလိုက်နာဆောင်ရွက်ရန် ပျက်ကွက်သူအား ပျက်ကွက်မှုအတွက် ပြစ်ဒဏ်ကျခံပြီးဖြစ်စေကာမူ ဥက္ကဋ္ဌသည် ၎င်းအားစာဖြင့်အကြောင်းကြားလျက်ညွှန်ကြားချက်အရ လိုက်နာ ဆောင်ရွက်ရန်ရှိသည်တို့ကို ဆက်လက်ဆောင်ရွက်စေရမည်။

၁၂၂။ အခွန်အခများရရှိရေးနှင့်စပ်လျဉ်းသည့် စည်းကမ်းချက်များအပြင် ဤဥ​ပဒေအလို့ငှာ ဥက္ကဋ္ဌသည် တရားဝင် ရသင့်ရထိုက်သောအခွန်အခ သို့မဟုတ် ကြွေးမြီကို မြေခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့ တောင်းခံရယူရမည်။

၁၂၃။ မည်သူမဆို ဤဥပဒေအရ ပြစ်မှုအတွက် ပြစ်ဒဏ်သတ်မှတ်ထားခြင်းမရှိသော ကိစ္စရပ်တွင် အကြောင်းကြားစာ သို့မဟုတ် အမိန့်စာများကိုလိုက်နာရန် ပျက်ကွက်လျှင် သို့မဟုတ် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်လျှင် ထိုသူကို ကျပ်၅၀၀၀ ထက်မပိုသော ငွေဒဏ်ချမှတ်နိုင်သည်။ ဆက်လက်ကျူးလွန်လျှင် ကျူးလွန်သည့်ရက်အသီးသီးအတွက် တစ်ရက် လျှင် ငွေဒဏ် ကျပ် ၅၀၀ ထပ်မံချမှတ်နိုင်သည်။

၁၂၄။ ဤဥပဒေအရ ခွင့်ပြုလိုင်စင်ရရှိထားသူ သို့မဟုတ် ထိုသူ၏ တရားဝင်ကိုယ်စားလှယ်သည် ခွင့်ပြုလိုင်စင်ပါ စည်းကမ်း ချက်များကို ဖောက်ဖျက်လျှင် ဥက္ကဋ္ဌသည် ခွင့်ပြုလိုင်စင်ကိုပယ်ဖျက်ခြင်း သို့မဟုတ် အချိန်ကန့်သတ်၍ ရပ်ဆိုင်းခြင်း ပြုနိုင်သည်။

၁၂၅။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် ပစ္စည်းပျက်စီးမှုနှင့်စပ်လျဉ်း၍ အပြစ်ပေးခံရသူတစ်ဦးသည် ပျက်စီးမှု တန်ဖိုးကို ပေးလျော်ရမည်။ အကယ်၍ တန်ဖိုးနှင့်စပ်လျဉ်း၍အငြင်းပွားသော် စီရင်ချက်ချမှတ် အပြစ်ပေးခဲ့သည့်တရားရုံးက လျော်ကြေး ငွေကို သတ်မှတ်ဆုံးဖြတ်ပေးရမည်။ ယင်းလျော်ကြေးငွေကို ပေးဆောင်ရန် ပျက်ကွက်လျှင်တရားရုံးက တရားမကျင့်ထုံး ဥပဒေနှင့်အညီ ဝရမ်းထုတ်ပြီး ထိုသူပိုင်ပစ္စည်းကို သိမ်းယူရောင်းချခြင်းဖြင့် ရယူရမည်။

၁၂၆။ ဤဥပဒေအရ ကျုးလွန်သော ပြစ်မှုတစ်ခုခုအတွက် ပြစ်မှုကျူးလွန်ပြီးနောက် တစ်နှစ်အတွင်း သက်ဆိုင်ရာ တရားရုံး တွင် တရားစွဲဆိုခြင်းမရှိခဲ့လျှင် အဆိုပါ ပြစ်မှုအတွက် မည်သည့်တရားရုံးတွင်မျှ စစ်ဆေးစီရင်ခြင်း မရှိစေရ။

၁၂၇။ ပုဒ်မ ၉ အရ ဖွဲ့စည်းသော တပ်မြို့စည်ပင်သာယာရေးအဖွဲ့တွင် ခန့်အပ်ခြင်း ခံ​ရသော ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင် များ သို့မဟုတ် အရာထမ်း၊ အမှုထမ်းများအား ဤဥပဒေနှင့်အညီ ဆောင်ရွက်သည့်လုပ်ငန်းများကို သဘောရိုးဖြင့် ဆောင်ရွက်ခြင်း အတွက် မည်သည့်တရားရုံးတွင်မျှ ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ တရားစွဲဆိုခြင်း မပြုစေရ။

၁၂၈။ ဥက္ကဋ္ဌက ချမှတ်သည့်အမိန့်ကို မကျေနပ်သူသည် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးထံတွင် ရက် ၉၀ အတွင်း လည်းကောင်း၊ မြို့နယ်တရားသူကြီးက ချမှတ်သည့်စီရင်ချက်အမိန့်ကို သက်ဆိုင်ရာ အဆင့်မြင့်တရားရုံးတွင် ရက်၃၀ အတွင်း လည်းကောင်း အယူခံဝင်နိုင်သည်။

၁၂၉။ ပုဒ်မ ၁၂၈ အရ အယူခံလျှောက်ထားချက်ကို စာဖြင့်ရေးသားပြီး ဥက္ကဋ္ဌ သို့မဟုတ် မြို့နယ်တရားသူကြီးက ချမှတ်သည့် အမိန့်စာ မိတ္တူနှင့်တကွ ပူးတွဲတင်သွင်းရမည်။

၁၃၀။ (က) ဥက္ကဋ္ဌက ထုတ်ဆင့်လိုက်သော အမိန့်တစ်စုံတစ်ရာကို တရားရုံးတစ်ခုခုမှပယ်ဖျက်ခဲ့သော် ထိုသို့ ပယ်ဖျက် သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း ဥက္ကဋ္ဌသည် တစ်ဆင့်မြင့်သည့် တရားရုံးသို့ စီရင်ချက်ပြင်ဆင်ပေးရန် လျှောက်ထား နိုင်သည်၊

(ခ) ဤအခန်းတွင် ပါရှိသည့်အယူခံအတွက် ပြဋ္ဌာန်းချက်များသည် ဤပုဒ်မအရ တင်သွင်းသည့် ပြင်ဆင်မှု လျှောက်လွှာ များနှင့်လည်း အကျုံးဝင်သည်။

၁၃၁။ ပုဒ်မ ၁၃၀ အရ ဆောင်ရွက်ခြင်းမှတစ်ပါး ဤဥပဒေပါအခြားကိစ္စများတွင် အယူခံအာဏာပိုင်၏ စီရင်ချက်သည် အပြီး အပြတ်ဖြစ်စေရမည်။

နည်းဥပဒေနှင့်စည်းကမ်းဥပဒေများ

[ပြင်ဆင်ရန်]

အခန်း(၁၃)

နည်းဥပဒေနှင့်စည်းကမ်းဥပဒေများ

၁၃၂။ (က) ကာကွယ်ရေးဝန်ကြီးဌာနသည် ဤဥပဒေပါပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်ရန် လိုအပ်သော နည်းဥပဒေ များကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်လည်းကောင်း၊ လိုအပ်သောလုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့်ညွှန်ကြားချက် များကို လည်းကောင်း ထုတ်ပြန်နိုင်သည်။

(ခ) ပုဒ်မခွဲ (က) ဖြင့် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ အထူးသဖြင့် အောက်ပါ ကိစ္စများ အတွက် နည်းဥပဒေများထုတ်ပြန်နိုင်သည်-

(၁) တပ်မြို့အတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေကို အသုံးပြုရေးအတွက် ခွင့်ပြုအမိန့် လျှောက်ထားရာ၌ မည်သူထံသို့ မည်သည့်နည်းဖြင့် လျှောက်ထားရန်ကိစ္စ၊

(၂) အဆိုပါ ခွင့်ပြုမိန့်ကို ချမှတ်နိုင်သူနှင့် ခွင့်ပြုမိန့်တွင်ပါဝင်ရမည့် စည်းကမ်းချက်များကိစ္စ။

၁၃၃။ ဥက္ကဋ္ဌသည် တပ်မြို့စည်ပင်သာယာရေးအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါအကြောင်းအရာ အားလုံးအတွက် ဖြစ်စေ၊ တစ်စိတ်တစ်ဒေသအတွက် ဖြစ်စေ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်-

(က) မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်း၊

(ခ) ကာကွယ်ဆေးထိုးခြင်း၊

(ဂ) အခွန်အခနှင့် အကောက်များစည်းကြပ်ကောက်ခံခြင်း၊

(ဃ) လမ်းများပေါ်တွင် နေဝင်မှနေထွက်ချိန်အတွင်းရပ်ထားသော၊ မောင်းနှင်သော သို့မဟုတ် ဆွဲယူသွားသော ယာဉ်များတွင် မည်ကဲ့သို့ မီးထွန်းထားရန် သတ်မှတ်ခြင်း၊

(င) တပ်မြို့အတွင်း ပိုင်ရှင်မပါဘဲလွှတ်ထားသော တိရစ္ဆာန်များကို ဖမ်းဆီးထိန်းသိမ်းခြင်း၊

(စ) မီးဘေးအန္တရာယ်ကာကွယ်ခြင်းနှင့် မီးငြိမ်းသတ်ခြင်း၊

(ဆ) အဆောက်အအုံဆောက်လုပ်ရာတွင်ပါဝင်သော အလုပ်သမားနှင့် အများပြည်သူ၏ လုံခြုံရေးအတွက် စည်းကမ်းချက် များ သတ်မှတ်ခြင်း၊

(ဇ) ဤဥပဒေတွင် ဖော်ပြထားခြင်းမရှိသော အဆောက်အအုံဆောက်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ရေမြောင်းများ၊ လေဝင်လေထွက်ပေါက်များ၊ ရေပိုက်များ၊ အိမ်သာများ၊ ကျင်ငယ်စွန့်ရာနေရာများ၊ ရေပုပ်တွင်းများနှင့် အခြားရေပုပ်ရေဆိုး ထုတ်ရာ မြောင်းများကိုဆေးကြောသုတ်သင်ခြင်းနှင့် ပြင်ဆင်ခြင်းများအတွက် စည်းကမ်းချက်များသတ်မှတ်ခြင်း၊

(ဈ) ရေမြောင်းအတွင်း၊ ညစ်ညမ်းသော ရေနှင့်အခြားအနံ့အသက်ဆိုးဝါးသောရေ သို့မဟုတ် ပိတ်ဆို့နိုင်သော ပစ္စည်းများ စွန့်ပစ်မှု ကိုတားမြစ်ခြင်း၊

(ည) အများပြည်သူကျန်းမာရေးအား အန္တရာယ်ပြုနိုင်ဖွယ်ရာရှိသော တိရစ္ဆာန်များထားရှိခြင်းအတွက်စည်းကမ်းချက်များ သတ်မှတ်ခြင်း၊

(ဋ) လူသေအလောင်းများကိုစနစ်တကျမြှုပ်နှံခြင်း၊ သုသာန်နေရာများ သတ်မှတ်ခြင်းနှင့် အသုံးပြုခြင်းအတွက် အခကြေးငွေ ရယူရေး စည်ကမ်းချက်များသတ်မှတ်ခြင်း၊

(ဌ) လမ်းများနှင့် အဆောက်အအုံများတွင် ရောင်းချရန် ကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ စည်းကမ်းချက်များ သတ်မှတ်ခြင်း၊

(ဍ) စခန်းချရာနေရာများ၊ တိရစ္ဆာန်ထောင်များ၊ အဝတ်အထည် လျှော်ဖွပ်ရာနေရာများ၊ တည်းခိုခန်းနှင့် ရိပ်သာများ၊ အသင်းပိုင် အဆောက်အအုံများ၊ စားသောက်ဆိုင်များ၊ အဖျော်ယမကာဆိုင်များ အပြင်အများသုံးအပန်းဖြေကွင်းများ၊ ပွဲလမ်းသဘင်နှင့် အများသုံးနေရာများကို ကြပ်မတ်ကွပ်ကဲခြင်းနှင့် လိုက်နာရမည့် စည်းကမ်းချက်များသတ်မှတ်ခြင်း၊

(ဎ) အဖျော်ယမကာနှင့် အစားအသောက်များ ပြုလုပ်ရောင်းချခြင်းတို့အတွက်အသုံးပြုသည့် အဆောက်အအုံတွင် လေဝင် လေထွက် အလင်းရောင်ရရှိမှု၊ ဆေးကြောသုတ်သင်ရှင်းလင်းခြင်း၊ ရေထုတ်မြောင်းများ ဖောက်လုပ်ခြင်းနှင့် ရေရရှိရေး အတွက် လိုက်နာရမည့်စည်းကမ်းချက်များ သတ်မှတ်ခြင်း၊

(ဏ) ဤဥပဒေအရ ထုတ်ပေးထားသော ခွင့်ပြုလိုင်စင်များတွင် လိုက်နာရမည့်စည်းကမ်းချက်များသတ်မှတ်ထားရှိခြင်း၊

(တ) ဘေးအန္တရာယ်ဖြစ်စေတတ်သော သို့မဟုတ် အနံ့အသက် ဆိုးဝါးသော ပစ္စည်းရောင်းဝယ်ဖောက်ကားမှုပြုလုပ်သည့် နေရာ များကို သန့်ရှင်းစင်ကြယ်စွာထားရှိစေရန် သို့မဟုတ် အဆိုပါလုပ်ငန်း ဆောင်တာများမှ ဖြစ်ပေါ်စေသည့် သို့မဟုတ် ဖြစ်နိုင်သည့် အနံ့အသက်ဆိုးဝါးမှု သို့မဟုတ် အန္တရာယ်ပြုမှုများကို နည်းနိုင်သည်ထက် နည်းစေရန် ကြီးကြပ် ဆောင်ရွက်ခြင်း၊

(ထ) တပ်မြို့အတွင်းရှိမည်သည့်မြေနေရာတွင်မဆို ဝင်းခြံ၊ အကာအရံ၊ တဲ၊ နေရာ သို့မဟုတ် အခြား ယာယီအဆောက်အအုံ ဆောက်လုပ်ခြင်းအတွက် စည်းကမ်းသတ်မှတ်ခြင်း၊

(ဒ) အဆောက်အအုံများဆောက်လုပ်ရာတွင် လမ်းများအကွက်ချ ဖောက်လုပ်ရေးအတွက် မြေနေရာချန်လှပ်ထားရန် စည်းကမ်း သတ်မှတ်ခြင်းနှင့် တားမြစ်ခြင်း၊

(ဓ) အများပြည်သူအသုံးပြုရန် သတ်မှတ်ထားသော ဥယျာဉ်ပန်းခြံများ၊ မြေနေရာများနှင့် စပ်လျဉ်း၍ စည်းကမ်းချက်များ သတ်မှတ်ခြင်း၊

(န) လမ်းများ၊ အများပြည်သူအသုံးပြုသည့်မြေနေရာနှင့် ဆက်စပ် ပေါက်ရောက်လျက်ရှိသော သစ်ပင်များ၊ ပန်းပင်များ၊ မြက်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊

(ပ) တိရစ္ဆာန်စားကျက်များအတွက် စည်ကမ်းချက်များသတ်မှတ်ခြင်း၊

(ဖ) အများသုံးရေချိုးဆိပ်များ၊ အဝတ်အထည်များလျှော်ဖွပ်ရန် နေရာ၊ ယင်းနေရာများအသုံးပြုခြင်းနှင့် စပ်လျဉ်း၍ စည်းကမ်း ချက်များ သတ်မှတ်ခြင်း၊

(ဗ) ကြော်ငြာစာများ၊ ကြော်ငြာသင်ပုန်းများအတွက် နေရာသတ်မှတ်ပေးခြင်းအပြင် စိုက်ထူမည့် ကြော်ငြာသင်ပုန်းနှင့် လမ်းမှတ် တိုင်အနေအထားအရွယ်အစား၊ ပုံသဏ္ဌာန်များအတွက် စည်းကမ်းချက်သတ်မှတ်ခြင်း၊

(ဘ) ကုန်ပစ္စည်းများကို အတိုင်းအတာဖြင့်သော်လည်းကောင်း၊ အလေးချိန်ဖြင့်သော်လည်းကောင်း ရောင်းချရန် နည်းလမ်း များသတ်မှတ်ပေးခြင်း၊

(မ) တပ်မြို့အတွင်းအောက်ပါတို့အတွက် လိုင်စင်ယူစေခြင်း-

(၁) ကုန်ပစ္စည်းများထမ်းပိုးသယ်ယူပို့ဆောင်သူများ၊

(၂) တိရစ္ဆာန်များ အငှားလိုက်သူများ၊

(၃) ယာဉ်များ၊ လှေများ သို့မဟုတ် အခြားသယ်ယူပို့ဆောင်သော ယာဉ်ပိုင်သူများ သို့မဟုတ် မောင်းနှင်သူများ သို့မဟုတ် တိရစ္ဆာန်များကို ထားရှိ ငှားရမ်းစားသူများ။

(ယ) ပုဒ်မခွဲ (မ) အရ ထုတ်ပေးသည့် လိုင်စင်အတွက် လိုင်စင်ခသတ်မှတ်ခြင်း၊ လိုင်စင်များထုတ်ပေးခြင်း၊ လိုင်စင်များ ပြင်ဆင်ခြင်း၊ ခေတ္တရပ်ဆိုင်းခြင်း သို့မဟုတ် ပြန်လည်ရုပ်သိမ်းခြင်း၊

(ရ) ကုန်ပစ္စည်းများ ထမ်းပိုးသယ်ယူပို့ဆောင်ပေးရသူများ၊ ကုန်ပစ္စည်းများ ပို့ဆောင်ပေးရသော တိရစ္ဆာန်များ၊ ယာဉ်များနှင့် အခြားသယ်ယူပို့ဆောင်ပေးရသော ယာဉ်များအတွက် ပေးဆောင်ရမည့် အခကြေးငွေများ သတ်မှတ်ပေးခြင်း၊

(လ) ပြည်သူ့ကျန်းမာရေး၊ရောဂါကာကွယ်ရေး၊ အများပြည်သူလုံခြုံရေးနှင့် သက်သာချောင်ချိရေးလုပ်ဆောင်မှုများအတွက် စည်းကမ်းသတ်မှတ်ခြင်း၊

(ဝ) တပ်မြို့အတွင်းရှိမြေ သို့မဟုတ် အဆောက်အအုံပိုင်ရှင်များသည် တပ်မြို့အတွင်းနေထိုင်ခြင်း မပြုလျှင်သော်လည်း ကောင်း၊ တပ်မြို့ပြင်ပသို့ ယာယီခရီးသွားလျှင်သော်လည်းကောင်း စည်းကမ်းချက်များသတ်မှတ်ခြင်း၊

(သ) တပ်မြို့အတွင်းမှ ကူးစက်ပြန့်ပွားတတ်သော ရောဂါများမပြန့်ပွားစေရန် ကာကွယ်တားဆီးခြင်းနှင့် ကူးစက်တတ်သော ရောဂါများဖြစ်နေသော တိရစ္ဆာန်များကိုတပ်မြို့အတွင်းတွင် ခွဲခြားထားရှိစေခြင်း သို့မဟုတ် ဖယ်ရှားပစ်စေခြင်း၊

(ဟ) တပ်မြို့အတွင်းရှိမြင်းဇောင်းများ၊ နွားတင်းကုပ်များ၊ သိုးများ၊ ဆိတ်များနှင့် ကြက်များထားရှိရန်အသုံးပြုသော အဆောက်အအုံများအတွက် စည်းကမ်းချက်များသတ်မှတ်ခြင်း၊

(ဠ) တပ်မြို့အတွင်းခရာနှင့် အချက်ပေးသော ဥဩများကို အသုံးပြုခြင်း၊ အသံချဲ့စက်များ၊ တီဗွီ၊ ဗွီဒီယို၊ ကာရာအိုကေရုံများ အသုံးပြုခြင်းအတွက် စည်းကမ်းချက်များသတ်မှတ်ခြင်း၊

(အ) ဤဥပဒေအရ တပ်မြို့အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်းသည့် စည်းကမ်းချက်များ သတ်မှတ်ခြင်း။

၁၃၄။ ဥက္ကဋ္ဌက ပုဒ်မ ၁၃၃ အရ ထုတ်ပြန်သော အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိသူအား စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်အဖြစ် အောက်ပါအတိုင်း ဒဏ်ကြေးငွေတပ်ရိုက်နိုင်ကြောင်း စည်းကမ်းချက်တွင် ထည့်သွင်းဖော်ပြနိုင်သည်-

(က) ကျပ်တစ်သောင်းထက်မပိုသော ငွေဒဏ်၊

(ခ) ကျပ်တစ်သောင်းထက်မပိုသော ငွေဒဏ်အပြင် ယင်းပြစ်မှုကို ဆက်လက်ကျူးလွန်သည့်ရက်အသီးသီးအတွက် တစ်ရက်လျှင် ကျပ် ၁၀၀၀ ထက်မပိုသော ငွေဒဏ်။

၁၃၅။ ဤဥပဒေအရ ပြုလုပ်သည့် နည်းဥပဒေများကို မြန်မာနိုင်ငံပြန်တမ်းတွင် ထည့်သွင်းမည်။ ယင်းအမိန့်၊ ညွှန်ကြားချက်များကို တပ်မြို့စည်ပင်သာယာရေး အဖွဲ့ရုံးတွင် မိတ္တူတစ်စောင်စီထားရှိ၍ တပ်မြို့အတွင်း နေထိုင်ကြသူ မည်သူကိုမဆို ကြည့်ရှုခွင့် ပေးရမည်။

အထွေထွေ

[ပြင်ဆင်ရန်]

အခန်း(၁၄)

အထွေထွေ

၁၃၆။ ဤဥပဒေအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို ဥက္ကဋ္ဌခွင့်သွားနေစဉ် တိုင်းမှူး၏ အစီအစဉ်အရ အတွင်းရေးမှူး သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦးက ဥက္ကဋ္ဌ၏တာဝန်ကိုလည်းကောင်း၊ အတွင်းရေးမှူး ခွင့်သွားနေစဉ် ဥက္ကဋ္ဌ၏ ယာယီအစီအစဉ်အရ အဖွဲ့ဝင်တစ်ဦးဦးက အတွင်းရေးမှူး၏ တာဝန်ကိုလည်းကောင်း ထမ်းဆောင်ရန်ဖြစ်သည်။

၁၃၇။ ဤဥပဒေအရ ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များ၊ အကြောင်းကြားစာများ၊ ထုတ်ပေးသည့်လိုင်စင်များနှင့် အခြားစာရွက်စာတမ်းများသည် ပုံစံအားဖြင့် မှားယွင်းချွတ်ချော်မှုရှိစေကာမူ တရားဝင်သည်ဟုမှတ်ယူရမည်။

၁၃၈။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့၏ ပြေစာ၊ လျှောက်လွှာပုံစံ၊ နှိုးဆော်စာ၊ အမိန့်စာ သို့မဟုတ် ရုံးတွင်းရှိ မှတ်ပုံတင်စာအုပ် တစ်အုပ်တွင် မည်သည့်ရေးသွင်းချက်၏ မိတ္တူကိုမဆို ဝတ္တရားအရ ကိုင်တွယ်မှတ်တမ်းတင် ရသူ သို့မဟုတ် ဤကိစ္စအလို့ငှာ ဥက္ကဋ္ဌ၏ တာဝန်ပေးခြင်းခံရသူက မှန်ကန်ကြောင်း သက်သေခံလက်မှတ် ရေးထိုးထားခဲ့လျှင် ယင်းမိတ္တူမှန်သည်ဆိုခဲ့သည့် ယင်းစာတမ်းအမှတ်အသားသည် သက်သေခံဝင်သည်ဟုမှတ်ယူရမည်။ ယင်းစာရွက် စာတမ်း သို့မဟုတ် ရေးသွင်းချက်နှင့်စပ် လျဉ်း၍ တရားရုံသို့ သက်သေခံအဖြစ်တင်ပြရာတွင် မူရင်းစာရွက်စာတမ်း သို့မဟုတ် ရေးသွင်းချက်ကို တင်ပြသကဲ့သို့ မိတ္တူမှန် ကိုသက်သေခံအဖြစ် လက်ခံခွင့်ရှိရမည်။

၁၃၉။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့၏ အရာထမ်း၊ အမှုထမ်းသည် ဥက္ကဋ္ဌနှင့် မသက်ဆိုင်သည့် မည်သည့်တရားမမှုတွင် မဆို မှတ်ပုံတင်စာအုပ် သို့မဟုတ် စာရွက်စာတမ်းတွင် ပါရှိသည့်အကြောင်းအရာများကို ဤဥပဒေပုဒ်မ ၁၃၈ အရ မိတ္တူမှန် ထုတ်ပေးခြင်းဖြင့် ပြီးစီးနိုင်သည့်ကိစ္စတွင် ယင်းမူရင်းမှတ်ပုံတင်စာအုပ်၊ မူရင်းစာရွက်စာတမ်းများကို တင်ပြခြင်းမပြုရ။ ထို့ပြင် မည်သည့်အကြောင်းအရာ သို့မဟုတ် ရေးသားချက်ကိုဟုတ်မှန်ကြောင်း သက်သေခံရန်တရားရုံး၏ ဆင့်ခေါ်ချက်မှ တစ်ပါး သက်သေအဖြစ်ပါဝင်ခြင်း မပြုရ။

၁၄၀။ ဤဥပဒေအရ တပ်မြို့စည်ပင်သာယာရေးအဖွဲ့များနှင့် ဥက္ကဋ္ဌများအား မြို့ပြစည်ပင်သာယာရေးနှင့် မြို့ပြစည်ပင်သာ ယာရေးအဖွဲ့၏ လုပ်ပိုင်ခွင့်ရရှိသူများအဖြစ် မှတ်ယူရမည်။

၁၄၁။ The Cantonments Act. နှင့် The Cantonments (House Accommodation)Act. တို့ကို ဤဥပဒေဖြင့် ရုပ်သိမ်း လိုက်သည်။

(ပုံ) သန်းရွှေ ဗိုလ်ချုပ်မှူးကြီး ဥက္ကဋ္ဌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ

၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေ

[ပြင်ဆင်ရန်]

၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ ကို [၁၉၅၉ ခုနှစ်၊ အက်ဥပဒေအမှတ် ၄၃။] ဖြစ်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဦးဝင်းမောင် (ခ) မန်းဝင်းမောင် ၊ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်။ ရန်ကုန်မြို့၊ ၁၃၂၁ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်။ (၁၉၅၉ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်။) လက်မှတ်ရေထိုးပြီး အမိန့်အရ ပါစိန်၊ နိုင်ငံတော်သမ္မတ၏ အတွင်းဝန် ထုတ်ပြန်ခဲ့ပါသည်။

ပြင်ဆင်ခြင်း

[ပြင်ဆင်ရန်]

တပ်မတော် အက်ဥပဒေ ကို

  1. ဦးဝင်းမောင် ၊ သမ္မတ ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်။ ၁၉၆၀ ခုနှစ်
  2. ဦးဝင်းမောင် ၊ သမ္မတ ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်။ ၁၉၆၁ ခုနှစ်
  3. ဗိုလ်နေဝင်း၊ ဥက္ကဋ္ဌ၊ နိုင်ငံတော် တော်လှန်ရေးကောင်စီ။ ၁၉၆၂ ခုနှစ်
  4. စောမောင် ဗိုလ်ချုပ်ကြီး ဥက္ကဋ္ဌ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ။ ၁၉၈၉ ခုနှစ်
  5. သန်းရွှေ ဗိုလ်ချုပ်မှူးကြီး ဥက္ကဋ္ဌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ။ ၂၀၁၀ ခုနှစ်
  6. ဝင်းမြင့် နိုင်ငံတော်သမ္မတ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ။ ၂၀၂၀ ခုနှစ်

၁၉၆၀ ခုနှစ်၊ တပ်မတော်(ပြင်ဆင်ချက်)အက်ဥပဒေ။

[၁၉၆၀ ပြည့်နှစ်၊ အက်ဥပဒေအမှတ် ၂၃။]

ဦးဝင်းမောင်၊ နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် ။

ရန်ကုန်မြို့၊ ၁၃၂၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် (၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာလ ၅ ရက်)

အမိန့်အရ သာထက် နိုင်ငံတော် သမ္မတ၏ အတွင်းဝန်

၁၉၆၁ ခုနှစ်၊ တပ်မတော်(ပြင်ဆင်ချက်)အက်ဥပဒေ။

[၁၉၆၁ ခုနှစ်၊ အက်ဥပဒေ အမှတ် ၃၉။]

ဦးဝင်းမောင်၊ နိုင်ငံတော်သမတ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်။

ရန်ကုန်မြို့ ၊ ၁၃၂၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်။ (၁၉၆၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်။)

အမိန့်အရ၊ သာထက်၊ နိုင်ငံတော်သမတ၏ အတွင်းဝန်။ [အမှတ် ၈၉]

တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့

၁၉၆၂ ခုနှစ်၊ တပ်မတော် အက်ဥပဒေကို ပြင်သည့် ဥပဒေ။

[၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီဥပဒေအမှတ် ၁၁။] 

ဗိုလ်နေဝင်း၊ ဥက္ကဋ္ဌ၊ နိုင်ငံတော် တော်လှန်ရေးကောင်စီ။

၁၃၂၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်။ (၁၉၆၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်။)

အမိန့်အရ၊ ဒု-ဗိုလ်မှူးကြီး ကိုကို၊ အတွင်းဝန် ၊ နိုင်ငံတော် တော်လှန်ရေးအစိုးရအဖွဲ့။

၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

[နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၃/၈၉]

ရန်ကုန်မြို့၊ ၁၃၅၁ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် (၁၉၈၉ ခုနှစ်၊ မေလ ၁၀ ရက်)

(ပုံ)စောမောင် ဗိုလ်ချုပ်ကြီး ဥက္ကဋ္ဌ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့

၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ

(နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၂၅/၂၀၁၀)

၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက် (၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်)

(ပုံ) သန်းရွှေ ဗိုလ်ချုပ်မှူးကြီး ဥက္ကဋ္ဌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ

(၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၂။)

၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် (၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၆ ရက်)

(ပုံ) ဝင်းမြင့် နိုင်ငံတော်သမ္မတ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိဒါန်း နှင့် အဓိပ္ပာယ်

[ပြင်ဆင်ရန်]

၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ။

[၁၉၅၉ ခုနှစ်၊ အက်ဥပဒေအမှတ် ၄၃။]

[ ပြင်ဆင် : 05.09.1960, 05.10.1961, 20.06.1962, 10.05.1989, 04.11.2010 ]

အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။

အခဏ်း ၁။

နိဒါန်း။ အမည်နှင့် စတင် အာဏာတည်သည့် နေ့ရက်။

၁။ ။ (၁) ဤအက်ဥပဒေကို၊ ၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေဟု ခေါ်တွင်စေရမည်။

(၂) ဤအက်ဥပဒေသည်၊ နိုင်ငံတော်သမတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာတည်ရမည်။

ဤအက်ဥပဒေကို လိုက်နာရသူများ။

၂။ ။ (၁) အောက်တွင်ဖေါ်ပြထားသူများသည်၊ မည်သည့်နေရာအရပ်၌မဆို ရောက်ရှိနေစေကာမူ၊ ဤအက်ဥပဒေကို လိုက်နာကြရမည်။

(က) တပ်မတော်တွင် အမှုထမ်းနေကြသော အရာရှိများ၊

(ခ) ဤအက်ဥပဒေအရ စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသောသူများ၊

(ဂ) မြန်မာနိုင်ငံတပ်မတော် (ကြည်း)အက်ဥပဒေ (The Burma Army Act)၊ သို့တည်းမဟုတ် ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံတပ်မတော်(ရေ) (စည်းကမ်း) အက်ဥပဒေ[The Burma Naval (Discipline) Act,1947]၊ သို့တည်းမဟုတ်၊ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံတပ်မတော်(လေ) (စည်းကမ်း) အက်ဥပဒေ [The Burma Air Force (Discipline) Act, 1947] ကို၊ ဤအက်ဥပဒေအာဏာတည်အံ့ဆဲဆဲကာလက လိုက်နာရသူများ၊ ထို့ပြင်

(ဃ) အခြားနည်းအားဖြင့် စစ်ဘက်ဥပဒေကို လိုက်နာရသည် မဟုတ်စေကာမူ တန်းပြည့်စစ်မှုထမ်းချိန် ၌၊ စစ်စခန်းတွင်၊ စစ်ချီနေသည့်အခါတွင်၊ သို့တည်းမဟုတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဤကိစ္စအလို့ငှါ အမိန့်ကြော်ငြာစာဖြင့် သီးခြားသတ်မှတ်ထားပြီးဖြစ်သော နယ်စပ်စစ်စခန်း တခုခုတွင်၊ တပ်မတော်၏အစိတ် အပိုင်းတခုခုက တာဝန်ပေးခြင်းခံရသူများ၊ သို့တည်းမဟုတ် ယင်းအစိတ်အပိုင်း တခုခုတွင်အမှုထမ်းရွက် နေရသူများ၊ သို့တည်းမဟုတ် ယင်းအစိတ်အပိုင်းတခုခုတွင် နောက်လိုက်နောက်ပါဖြစ်ကြသူများ၊ သို့တည်းမဟုတ် ယင်းအစိတ်အပိုင်းတခုခုနှင့် လိုက်ပါလာကြသူများ။

(၂) ပုဒ်မခွဲ(၁)၊ အပိုဒ်(က)၊ (ခ)၊ သို့တည်းမဟုတ် (ဂ)အရ ဤအက်ဥပဒေကို လိုက်နာရသူတိုင်းသည်၊ မိမိ၏စစ်မှုထမ်းခြင်းရပ်စဲလိုက်သည်အထိ၊ နည်းလမ်းတကျ အငြိမ်းစားပေးလိုက်သည်အထိ၊ ထွက်ခွင့် ပေးလိုက်သည်အထိ၊ နုတ်ပယ်လိုက်သည်အထိ၊ အမြဲတမ်းထုတ်ပစ်လိုက်သည်အထိ၊ သို့တည်းမဟုတ် ရှုတ်ချ၍ အမြဲတမ်းထုတ်ပစ်လိုက်သည်အထိ၊ ဤအက်ဥပဒေကို လိုက်နာလျက်ရှိရမည်။ <ပြင်ဆင် 04.11.2010>

အဓိပ္ပါယ်ဖေါ်ပြချက်များ။

၃။ ။ ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ၊ မဆန့်ကျင်လျှင်-

(က) “တန်းပြည့်စစ်မှုထမ်းချိန်”ဆိုသည်မှာ၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးနှင့် သက်ဆိုင်စေရာ ၌၊ အောက်ပါအတိုင်း၊ ထိုသူပါဝင်ဆောင်ရွက်နေသည့်အချိန်ကို ဆိုလိုသည်။

(၁) ရန်သူနှင့်ပြိုင်ဆိုင် တိုက်ပွဲဆင်နွှဲနေသော တပ်ဖွဲ့တဖွဲ့တွင်၊ တွဲဘက်ထားသည့်အချိန်၊ သို့တည်း မဟုတ် ပါဝင်သည့်အချိန်၊ သို့တည်းမဟုတ်
(၂) ရန်သူက လုံးဝသော်၎င်း၊ တစိတ်တဒေသသော်၎င်း၊ သိမ်းပိုက်ထားသော တိုင်းပြည်တပြည်၌ ဖြစ်စေ၊ နေရာတခု၌ဖြစ်စေ၊ တိုက်ပွဲဆင်နွှဲနေသည့်အချိန်၊ သို့တည်းမဟုတ် ယင်းကဲ့သို့သော တိုင်းပြည် တပြည်သို့ဖြစ်စေ၊ နေရာတခုသို့ဖြစ်စေ၊ စစ်ချီတက်ရာ၌ ပါဝင်သည့်အချိန်၊ သို့တည်းမဟုတ်
(၃) နိုင်ငံခြားနိုင်ငံတခုကို သိမ်းပိုက်ထားသော တပ်ဖွဲ့တဖွဲ့တွင် တွဲဘက်ထားသည့်အချိန်၊ သို့တည်း မဟုတ် ပါဝင်သည့်အချိန်။

(ခ) “လေယာဉ်”ဆိုသည့်စကားရပ်တွင် လေယာဉ်ပျံများ၊ ဓါတ်ပုံးပျံများ၊ လေတံခွန်ဓါတ်ပုံးပျံများ၊ လေသင်္ဘောများ၊ စက်မဲ့လေယာဉ်များ၊ သို့တည်းမဟုတ် အခြားပျံသန်းရေး စက်ယန္တရားများပါဝင်သည်။

(ဂ) “လေယာဉ်ပစ္စည်း”ဆိုသည့် စကားရပ်တွင် လေယာဉ်နှင့်စပ်လျဉ်း၍ အသုံးပြုသောစက်များ၊ တပ်ဆင်ထားသောပစ္စည်းများ၊ သေနတ်များ၊ ကိရိယာများ၊ ချိန်ခွက်များ၊ သို့တည်းမဟုတ် တန်ဆာ ပလာများ၊ လေယာဉ်၏အတက်ပစ္စည်းများနှင့် အကူပစ္စည်းများ၊ ထို့ပြင် လေယာဉ်ပျံများပျံသန်းနိုင်ရန် စွမ်းအားပေးရေးအတွက် အသုံးပြုသော ဓါတ်ဆီ၊ စက်ဆီနှင့် အခြားအရာဝတ္ထုများ ပါဝင်သည်။

(ဃ) “လေကြောင်းအချက်ပြ”ဆိုသည်မှာ၊ အလံဖြင့်ဖြစ်စေ၊ မြေပြင်မှ အချက်ပြခြင်းဖြင့်ဖြစ်စေ၊ မီးရောင်ဖြင့်ဖြစ်စေ၊ လေညွှန်းကိရိယာဖြင့်ဖြစ်စေ၊ အခြားနည်းတခုခုဖြင့်ဖြစ်စေ၊ လေယာဉ်ကိုလမ်းညွှန် ပြရေးအတွက် ရည်စူးပြုလုပ်သော အချက်ပြခြင်းကိုဆိုလိုသည်။

(င) “နယ်ဘက်ပြစ်မှု”ဆိုသည်မှာ၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကျူးလွန်သည့်ပြစ်မှုဖြစ်လျှင်၊ ရာဇဝတ်တရားရုံးတရုံးက စစ်ဆေးစီရင်နိုင်သော ပြစ်မှုကိုဆိုလိုသည်။

(စ) “နယ်ဘက်အကျဉ်းထောင်”ဆိုသည်မှာ၊ အကျဉ်းထောင်များ အက်ဥပဒေအရသော်၎င်း၊ တည်ဆဲ အခြားတရားဥပဒေ တခုခုအရသော်၎င်း၊ မည်သည့်ရာဇဝတ်အကျဉ်းသားကိုမဆို၊ ချုပ်ထားရန်အသုံး ပြုသော အကျဉ်းထောင်တခုခု၊ သို့တည်းမဟုတ် နေရာတခုခုကို ဆိုလိုသည်။

(ဆ) “တပ်မှူး”ဆိုသည်မှာ၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးနှင့်ပတ်သက်၍ သုံးနှုန်းထားသည့် အခါ၊ ထိုသူပါရှိသော၊ သို့တည်းမဟုတ် ထိုသူအားတွဲဘက်ထားသော တပ်ကိုသော်၎င်း၊ ခွဲထုတ်တပ်ကို သော်၎င်း၊ အခါအားလျော်စွာ ကွပ်ကဲနေသောအရာရှိကို၊ သို့တည်းမဟုတ် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က “တပ်မှူး”ဟု သီးခြားသတ်မှတ်လိုက်သော အရာရှိတဦးဦးကို ဆိုလိုသည်။

(ဇ) “တပ်အဖွဲ့”ဆိုသည်မှာ၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်အားလုံး၊ သို့တည်းမဟုတ် တခုခု၏ ကိစ္စ များအတွက် တပ်အဖွဲ့တဖွဲ့ဟုသတ်မှတ်ထားသော ဤအက်ဥပဒေကို လိုက်နာရသည့် သီးခြားလူစုတစု ကို ဆိုလိုသည်။

(ဈ) “စစ်တရားရုံး”ဆိုသည်မှာ၊ ဤအက်ဥပဒေအရ ရုံးထိုင်သော စစ်တရားရုံးကို ဆိုလိုသည်။

(ည) “စစ်ဘက်အယူခံတရားရုံး”ဆိုသည်မှာ၊ ဤအက်ဥပဒေ၏ အခဏ်း ၁၇ အရ၊ ဖွဲ့စည်းအပ်သော စစ်ဘက် အယူခံတရားရုံးကို ဆိုလိုသည်။

(ဋ) “ရာဇဝတ်တရားရုံး”ဆိုသည်မှာ၊ ပြည်ထောင်စုမြန်မာနိုင်ငံတွင်းရှိ သာမန်ရာဇဝတ်မှု တရားစီရင် သောရုံးကို ဆိုလိုသည်။

(ဌ) “တပ်မတော်”ဆိုသည်မှာ၊ တပ်မတော် (ကြည်း)၊ တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)တို့ကို ဆိုလိုသည်။

(ဍ) “ဌာန”ဆိုသည့်စကားရပ်တွင် ဌာနတခု၏အစိတ်အပိုင်းတခုခု၊ သို့တည်းမဟုတ် ဌာနခွဲတခုခုပါဝင် သည်။

(ဎ) “ရန်သူ”ဆိုသည့်စကားရပ်တွင် လက်နက်ကိုင်စစ်ပုန်ကန်မှု ပြုသူအားလုံး၊ လက်နက်ကိုင်သူပုန် အားလုံး၊ လက်နက်ကိုင်ရုန်းရင်းဆန်ခတ်မှုပြုသူအားလုံး၊ ရေကြောင်း၊ လေကြာင်း၊ ဓါးပြအားလုံးအပြင်၊ စစ်ဘက်ဥပဒေကို လိုက်နာရသူတဦး၏ အရေးယူခြင်းခံရမည့်၊ မည်သည့်လက်နက်စွဲကိုင်သူမဆိုပါဝင် သည်။

(ဏ) “စစ်ဘက်”ဆိုသည့်စကားရပ်သည် တပ်မတော်တခုလုံး၊ သို့တည်းမဟုတ် တပ်မတော်၏ အစိတ် အပိုင်းတခုခုကို ရည်ညွှန်းသည်ဟု အဓိပ္ပါယ်ကောက်ယူရမည်။

(တ) “စစ်ဘက်အချုပ်”ဆိုသည်မှာ၊ တပ်မတော်ထုံးတမ်းအတိုင်း တဦးတယောက်သောသူအား ဖမ်းဆီးထားခြင်း၊ သို့တည်းမဟုတ် အချုပ်နှင့်ထားခြင်းကို ဆိုလိုသည်။

(ထ) “စစ်ဘက်အကျဉ်းထောင်”ဆိုသည်မှာ၊ ပုဒ်မ ၁၈၀ ပါ ပြဋ္ဌာန်းချက်များအရ၊ ထားရှိသောစစ်ဘက်အကျဉ်းထောင်ကို ဆိုလိုသည်။ ထို့ပြင်ထိုစကားရပ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမိန့်ကြော်ငြာစာဖြင့် အခါအားလျော်စွာထုတ်ပြန်ကျေညာသည့် စစ်ဘက်အကျဉ်းထောင်လည်းပါဝင်သည်။

(ဒ) “စစ်ဘက်ဆု”ဆိုသည့်စကားရပ်တွင် လုပ်သက်ရှည်အတွက်သော်၎င်း၊ စာရိတ္တကောင်းအတွက် သော်၎င်း၊ ပေးသောဆုကြေးတခုခု၊ သို့တည်းမဟုတ် နှစ်စဉ်ဆုကြေးတခုခု၊ စာရိတ္တကောင်း လစာတခုခု အပြင်၊ အခြား မည်သည့်စစ်ဘက်ဆုငွေမဆို ပါဝင်သည်။

(ဓ) “အကြပ်”ဆိုသည်မှာ၊ တပ်မတော်တွင် အကြပ်အဆင့် လက်ရှိဖြစ်သောသူကို ဆိုလိုသည်။ ထို့ပြင် ထိုစကားရပ်တွင် ခေတ္တအကြပ်များလည်း ပါဝင်သည်။

(န) “ပြစ်မှု”ဆိုသည်မှာ၊ ဤအက်ဥပဒေအရ၊ ပြစ်ဒဏ်ချမှတ်ထိုက်သည့် ပြုလုပ်မှုတခုခု၊ သို့တည်း မဟုတ် ပျက်ကွက်မှုတခုခုကို ဆိုလိုသည်။ ထို့ပြင် ထိုစကားရပ်တွင် နယ်ဘက်ပြစ်မှုလည်း ပါဝင်သည်။

(ပ) “အရာရှိ”ဆိုသည်မှာ၊ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ပြီးသော၊ အစိုးရပြန်တမ်းတွင် ထုတ်ပြန် ပြီးသော၊ သို့တည်းမဟုတ် တပ်မတော်၏တပ်တခုခုတွင် ပြန်တမ်းဝင်အရာရှိ တဦးအဖြစ်ဖြင့် လစာရရှိ နေသောသူကို ဆိုလိုသည်။

(ဖ) “သတ်မှတ်သည်”ဆိုသည်မှာ၊ ဤအက်ဥပဒေအရ၊ ပြုသည့်နည်းဥပဒေများဖြင့် သတ်မှတ်ခြင်းကို ဆိုလိုသည်။

(ဗ) ပယ်ဖျက်

(ဘ) “ဌာနမှူး” ဆိုသည်မှာ စစ်ဘက်အယူခံဌာန၏ ဌာနမှူးကိုဆိုသည်။

(မ) “စစ်ဘက်အယူခံတရားရုံးနည်းဥပဒေများ”ဆိုသည်မှာ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဘောတူညီချက်ဖြင့်၊ နိုင်ငံတော်တရားရုံးချုပ်က ပြုသော စစ်ဘက်အယူခံတရားရုံးနည်းဥပဒေများကို ဆိုလိုသည်။

(ယ) “အထက်အရာရှိ”ဆိုသည့်စကားရပ်တွင် ဤအက်ဥပဒေကို လိုက်နာရသူတဦးနှင့် ပတ်သက်၍ သုံးနှုန်းထားသည့်အခါ အရာခံဗိုလ်နှင့် အကြပ်တို့ပါဝင်သည်။

(ရ) “တပ်”ဆိုသည့်စကားလုံးတွင်-

(၁) သီးခြားဖွဲ့စည်းပုံဇယား ခွင့်ပြုရရှိထားသော၊ အရာရှိများနှင့် အရာရှိမဟုတ်သူများ ပါဝင်သည့် အဖွဲ့အစည်းတခုခုနှင့်
(၂) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်တတပ်ဟုသီးခြားဖေါ်ပြထားပြီး၊ ဤအက်ဥပဒေကိုလိုက်နာရသူအားလုံး၊ သို့တည်းမဟုတ် အချို့ပါဝင်သည့် အခြားသီးခြားအဖွဲ့အစည်း တခုခုပါဝင်သည်။

(လ) “အရာခံဗိုလ်”ဆိုသည်မှာ၊ တပ်မတော်တွင် အရာခံဗိုလ်တဦးအဖြစ် ခန့်ထားသော၊ သို့တည်း မဟုတ် အရာခံဗိုလ်တဦးအဖြစ် လစာရရှိနေသောသူကို ဆိုလိုသည်။

(ဝ) “စခန်း၌ဖြစ်စေ၊ နေထိုင်ရာနေရာ၌ဖြစ်စေ၊ ရှိသည့်တပ်ကြွေးမြီများနှင့် အခြားကြွေးမြီများ” ဆိုသည့် စကားရပ်တွင်၊ စစ်ဘက်ကြွေးမြီများဖြစ်သော အောက်ပါတို့နှင့်စပ်လျဉ်းသည့် ကျသင့်ငွေ၊ သို့တည်းမဟုတ် ကြိုတင်ပေးငွေအတွက် ပေးဆပ်ရမည့်ငွေပါဝင်သည်။

(၁) နေထိုင်ရာနေရာ။
(၂) ရိပ်သာ၊ တီးဝိုင်း၊ တို့ပြင် တပ်အခြားငွေစာရင်း။
(၃) သေဆုံးသူ၏ သုံးလအတွက် လစာနှင့်ညီမျှသည့် ငွေထက်မပိုသည့်ပြင်၊ ထိုသူမသေမီက တဆယ့် ရှစ်လအတောအတွင်း ပေးဆပ်ရမည်ဖြစ်သည့် စစ်ဘက်အဝတ်အစား၊ အဆောင်အယောင်နှင့် ကိရိယာ တန်ဆာပလာ။

(သ) “ကိုယ်စားဆောင်ရွက်ခွင့်လက်မှတ်” ဆိုသည့်စကားရပ်တွင် သူတဦးအား သေဆုံးသူ၏ သေတမ်းစာ အတည်ပြုသူသော်၎င်း၊ အမွေထိန်းသော်၎င်း၊ ဖြစ်စေသည့်၊ သို့တည်းမဟုတ် သေဆုံးသူ၏ ကြွေးမြီဆပ်ပြီး ကျန်ရှိသည့်အမွေပစ္စည်းများကို လက်ခံရန်ဖြစ်စေ၊ ရယူရန်ဖြစ်စေ၊ အာဏာလွှဲအပ်သည့် သေတမ်းစာအတည်ပြုလက်မှတ်၊ သေတမ်းစာပူးတွဲပါသော၊ သို့တည်းမဟုတ် ပူးတွဲမပါသော အမွေထိန်း ခန့်စာ၊ ထိုပြင် အမွေဆက်ခံရန် သက်သေခံလက်မှတ်စာပါဝင်သည်။

(ဟ) “ကိုယ်စားဆောင်ရွက်သူ”ဆိုသည်မှာ၊ ကိုယ်စားဆောင်ရွက်ခွင့် လက်မှတ်ရသူ တဦးဦးကိုဆိုလို သည်။ သို့ရာတွင် ထိုစကားရပ်တွင် အမွေထိန်းမင်းကြီး မပါဝင်ချေ။

(ဠ) “စုံစမ်းစစ်ဆေးရေးခုံရုံး”ဆိုသည်မှာ၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများနှင့်အညီ ဖွဲ့စည်း သည့် စုံစမ်းစစ်ဆေးရေးခုံရုံးကို ဆိုလိုသည်။

(အ) ရာဇသတ်ကြီးတွင် အဓိပ္ပါယ်ဖေါ်ပြထားပြီးဖြစ်၍ အထက်တွင်အဓိပ္ပါယ်ဖေါ်ပြမထားသော၊ ဤ အက်ဥပဒေတွင် သုံးနှုန်းထားသည့်စကားလုံးနှင့် စကားရပ်အားလုံး၏အဓိပ္ပါယ်သည်၊ ထိုရာဇသတ်ကြီး တွင် ဖေါ်ပြထားသော အဓိပ္ပါယ်များအတိုင်းဖြစ်သည်ဟု မှတ်ယူရမည်။

<ပြင်ဆင် 05.09.1960, 20.06.1962, 04.11.2010>

အက်ဥပဒေ နှင့် သက်ဆိုင်စေခြင်း

[ပြင်ဆင်ရန်]

အခဏ်း ၂။

ဤအက်ဥပဒေနှင့်သက်ဆိုင်စေခြင်း။

တပ်မတော်၏ ကွပ်ကဲမှုအောက်ရှိအချို့သောတပ်ဖွဲ့များနှင့် ဤအက်ဥပဒေ သက်ဆိုင်စေခြင်း။

၄။ ။ (၁) ဤအက်ဥပဒေရှိ ပြဋ္ဌာန်းချက်အားလုံးသည်၊ သို့တည်းမဟုတ် တခုခုသည် တပ်မတော်၏ ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့တခုခုနှင့် သက်ဆိုင် ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမိန့်ကြော်ငြာစာဖြင့် ကျေညာနိုင်သည်။

(၂) ယင်းသို့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ကျေညာသည့်အခါ၊ ထိုသို့သက်ဆိုင်စေသည့် ဤအက်ဥပဒေရှိ ပြဋ္ဌာန်းချက်များသည်၊ ဤအက်ဥပဒေနှင့် ယင်းသို့သက်ဆိုင်စေသော တပ်ဖွဲ့တွင်ပါဝင်သူများ၊ အခါအား လျော်စွာ၊ ရရှိထားသောအဆင့်နှင့်တူညီသည့် အဆင့်ကိုတပ်မတော်တွင် ရရှိထားသော ဤအက်ဥပဒေကို လိုက်နာကြရသူများအပေါ် အကျိုးသက်ရောက်သကဲ့သို့၊ ပြဋ္ဌာန်းချက်များသည်၊ ထိုတပ်ဖွဲ့တွင် ပါဝင်သူ များအပေါ် အကျိုးသက်ရောက်စေရမည်။ ထို့ပြင်ပုဒ်မ ၂၊ ပုဒ်မခွဲ(၁)၏ အပိုဒ်(ဃ)အရ၊ ဤအက်ဥပဒေ ကို လိုက်နာရသူများအပေါ် အကျိုးသက်ရောက်သကဲ့သို့ အဆိုပါတပ်ဖွဲ့တခုခု၏ အစိတ်အပိုင်းတခုခုက တာဝန်ပေးခြင်းခံရသူများ၊ သို့တည်းမဟုတ် ယင်းအစိတ်အပိုင်းတခုခုတွင် ပါဝင်အမှုထမ်းရွက်နေရသူများ၊ သို့တည်းမဟုတ် ယင်းအစိတ်အပိုင်းတခုခုတွင် နောက်လိုက်နောက်ပါဖြစ်ကြသူများ၊ သို့တည်း မဟုတ် ယင်းအစိတ်အပိုင်းတခုခုနှင့် လိုက်ပါလာကြသူများအပေါ်လည်း အကျိုးသက်ရောက်စေရမည်။

(၃) ဤအက်ဥပဒေရှိ ပြဋ္ဌာန်းချက်တခုခုသည်၊ ထိုတပ်ဖွဲ့တခုခုအပေါ် အကျိုးသက်ရောက်နေစဉ်၊ ထိုပြဋ္ဌာန်းချက်များ အကျိုးသက်ရောက်ခြင်းကြောင့် သုံးစွဲဆောင်ရွက်ရမည့် စီရင်ပိုင်ခွင့်အာဏာ၊ အခြား အာဏာများ၊ သို့တည်းမဟုတ် တာဝန်ဝတ်တရားတခုခုကို မည်သည့်အာဏာပိုင်က ထိုတပ်ဖွဲ့နှင့် စပ်လျဉ်း၍ သုံးစွဲဆောင်ရွက်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမိန့်ကြော်ငြာစာဖြင့် ညွှန်ကြားနိုင်သည်။ ထို့ပြင် အခါအားလျော်စွာ ထိုတပ်ဖွဲ့နှင့်သက်ဆိုင်သည့် ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကို ရပ်ဆိုင်းထားနိုင်သည်။ <ပြင်ဆင် 04.11.2010>

အချို့ကိစ္စရပ်များတွင် အဆင့်နှင့်စပ်လျဉ်းသော အထူးပြ ဋ္ဌာန်းချက်။

၅။ ။ (၁) ပုဒ်မ ၂၊ ပုဒ်မခွဲ(၁)၏ အပိုဒ်(ဃ) အရ၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးအားဖြစ်စေ၊ လူအမျိုးအစားတမျိုးတစားအားဖြစ်စေ၊ အရာရှိများ၊ အရာခံဗိုလ်များ၊ သို့တည်းမဟုတ် အကြပ်များအ ဖြစ်၊ ထိုအက်ဥပဒေကိုလိုက်နာရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမိန့်ကြော်ငြာစာဖြင့် ညွှန်ကြားနိုင်သည့် ပြင်၊ ထိုသူတဦးဦးနှင့်ပတ်သက်၍ အလားတူညွှန်ကြားချက်တရပ်ပေးရန်နှင့် ထိုညွှန်ကြားချက်ကို ပယ်ဖျက်ရန်အရာရှိတဦးဦးအား အခွင့်အာဏာအပ်နှင်းနိုင်သည်။

(၂) အရာရှိများ၊ အရာခံဗိုလ်များနှင့် အကြပ်များမှတပါး၊ ဤအက်ဥပဒေကို လိုက်နာရသူအားလုံးသည်၊ ပုဒ်မခွဲ(၁) အရ၊ ထုတ်ပြန်ထားသောအမိန့်ကြော်ငြာစာ၊ သို့တည်းမဟုတ် ညွှန်ကြားချက်တရပ်နှင့်သက် ဆိုင်သူများမဟုတ်ပါက၊ အကြပ်တဦး၏ အဆင့်အောက်နိမ့်သော အဆင့်ရှိသူများဖြစ်သည်ဟုမှတ်ယူရ မည်။ <ပြင်ဆင် 04.11.2010>

ပုဒ်မ ၂၊ ပုဒ်မခွဲ(၁)၏ အပိုဒ်(ဃ)အရ စစ်ဘက် ဥပဒေကို လိုက်နာရသူများ၏ တပ်မှူး။

၆။ ။ (၁) ပုဒ်မ ၂၊ ပုဒ်မခွဲ (၁) ၏ အပိုဒ်(ဃ) အရ၊ ဤအက်ဥပဒေကို လိုက်နာရသူတိုင်းသည်၊ မိမိအား တွဲဘက်ထားသောတပ်အဖွဲ့ကို၊ ဌာနကို၊ တပ်ကို၊ ရေယာဉ်ကို၊ အဖွဲ့အစည်းကို၊ သို့တည်းမဟုတ် ခွဲထုတ်တပ်ကို ကွပ်ကဲသောတပ်မှူး၏ လက်အောက်တွင်ရှိသည်ဟု၊ ဤအက်ဥပဒေ၏ ကိစ္စများအတွက် မှတ်ယူရမည့်ပြင်၊ မိမိအား တပ်အဖွဲ့၊ ဌာန၊ တပ်၊ ရေယာဉ်၊ အဖွဲ့အစည်း၊ သို့တည်းမဟုတ် ခွဲထုတ်တပ် တခုခုသို့ တွဲဘက်၍မထားခဲ့လျှင်၊ မိမိအမှုထမ်းရွက်လျက်ရှိမည့်တပ်ဖွဲ့ကို၊ အခါအားလျော်စွာ၊ ကွပ်ကဲရ သောအရာရှိက၊ ထိုအချိန်တွင် မိမိ၏တပ်မှူးဖြစ်သည်ဆိုသည့် အရာရှိတဦးဦး၏ လက်အောက်တွင်ဖြစ် စေ၊ သတ်မှတ်ထားသော အခြားအရာရှိတဦးဦး၏ လက်အောက်တွင်ဖြစ်စေ၊ ယင်းသို့ အရာရှိတဦးကို၊ တပ်မှူးဖြစ်သည်ဟုဆိုထားခြင်း၊ သို့တည်းမဟုတ် သတ်မှတ်ထားခြင်းမရှိလျှင်၊ တပ်ဖွဲ့ကိုကွပ်ကဲသော အဆိုပါအရာရှိ၏ လက်အောက်တွင်ရှိသည်ဟု မှတ်ယူရမည်။

(၂) တပ်ဖွဲ့တခုကို ကွပ်ကဲနေသောအရာရှိတဦးသည်၊ တဦးတယောက်သောသူအား၊ ထိုသူရှိသော နေရာတွင် ထိုသူကိုကွပ်ကဲနိုင်သည်လည်းဖြစ်၍၊ အဆင့်လည်းပို၍မြင့်သော အရာရှိတဦးဦးရှိလျှင်၊ ထိုသူ ၏အဆင့်အောက်နိမ့်သော အရာရှိတဦး၏ လက်အောက်တွင်မထားရ။ <ပြင်ဆင် 04.11.2010>

အချို့ ကိစ္စရပ်များ အတွက် အာဏာများ သုံးစွဲမည့် အရာရှိများ။

၇။ ။ ဤပုဒ်မတွင် အမည်သီးခြားဖေါ်ပြမထားသည့်ပြင်၊ တပ်မတော် (ကြည်း)အတွက်ဖြစ်ပါက၊ တပ်မဟာ/စစ်ဗျူဟာအဖွဲ့ (အခြေချ) အောက်မငယ်ဟု၎င်း၊ တပ်မတော်(ရေ)၊ သို့တည်းမဟုတ် တပ်မတော်(လေ)အတွက်ဖြစ်ပါက၊ တပ်မဟာ/စစ်ဗျူဟာအဖွဲ့ (အခြေချ) (တပ်မတော် (ကြည်း)) နှင့်တူညီသောအဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် အဖွဲ့အစည်းအောက်မငယ်ဟု၎င်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထင်မြင်ယူဆသောစစ်ဘက်အဖွဲ့အစည်းတခုခုကို ကွပ်ကဲနေသည့်အရာရှိ၏လက်အောက်တွင်၊ ဤအက်ဥပဒေကို လိုက်နာရသူများအမှုထမ်းရွက်နေကြသည့်အခါတိုင်း၊ တပ်မတော် (ကြည်း)အတွက်ဖြစ်ပါက၊ တပ်တော်များ၊ တပ်မ ကြီး/ တိုင်းစစ် ဌာနချုပ်များ၊ တပ်မ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်များနှင့် တပ်မဟာ/စစ်ဗျူဟာအဖွဲ့ (အခြေချ)များကိုကွပ်ကဲသော အရာရှိများက၎င်း၊ တပ်မတော်(ရေ)၊ သို့တည်းမဟုတ် တပ်မတော်(လေ) အတွက်ဖြစ်ပါက၊ တပ်မတော် (ကြည်း) ရှိတပ်တော်၊ တပ်မ ကြီး/ တိုင်းစစ် ဌာနချုပ်၊ တပ်မ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် သို့တည်းမဟုတ် တပ်မဟာ/စစ်ဗျူဟာအဖွဲ့ (အခြေချ)နှင့်တူညီသော အဖွဲ့အစည်းများကိုကွပ်ကဲသော အရာရှိများက၎င်း၊ ဤအက်ဥပဒေအရ၊ သုံးစွဲနိုင်သောအာဏာများကို ထိုသူများနှင့်ပတ်သက်၍ မည်သည့်အရာရှိက သုံးစွဲရမည်ဟု၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတ်မှတ်နိုင်သည်။ <ပြင်ဆင် 04.11.2010>

တန်းပြည့် စစ်မှုထမ်းနေကြသူများဟု ကျေညာရန် အာဏာ။

၈။ ။ ပုဒ်မ ၃၊ အပိုဒ်ခွဲ(က)တွင် မည်သို့ပင်ပါရှိစေကာမူ၊ ဤအက်ဥပဒေကို လိုက်နာရသူ တဦးဦးအား ဖြစ်စေ၊ လူတမျိုးတစားအားဖြစ်စေ၊ ထိုသူများအမှုထမ်းလျက်ရှိမည့် နယ်တခုခုကိုရည်ညွှန်း၍သော်၎င်း၊ ဤအက်ဥပဒေ၏၊ သို့တည်းမဟုတ် အခါအားလျော်စွာ တည်ဆဲအခြားတရားဥပဒေ တရပ်ရပ်၏ ပြဋ္ဌာန်း ချက်တခုခုကို ရည်ညွှန်း၍သော်၎င်း၊ ဤအက်ဥပဒေ၏အဓိပ္ပါယ်အရ၊ တန်းပြည့်စစ်မှုထမ်း ရွက်နေကြ သူများအဖြစ် မှတ်ယူရမည်ဟု၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမိန့်ကြော်ငြာစာဖြင့် ကျေညာနိုင်သည်။ <ပြင်ဆင် 04.11.2010>

ပြန်တမ်းဝင်အရာရှိ

[ပြင်ဆင်ရန်]

အခဏ်း ၃။

ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းနှင့် စစ်မှုထမ်းအဖြစ် စာရင်းသွင်းခြင်း။

ပြန်တမ်းဝင်အရာရှိ အဖြစ်ခန့်အပ်ခြင်း။

၉။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်၊ မည်သူကိုမဆို တပ်မတော်တွင် ပြန်တမ်းဝင်အရာရှိတဦးအဖြစ် ခန့်အပ် နိုင်သည်။ <ပြင်ဆင် 04.11.2010>

နိုင်ငံခြားသားများ စစ်မှုထမ်းအဖြစ် စာရင်းသွင်းနိုင်ခွင့် မရှိခြင်း။

၁၀။ ။ ပြည်ထောင်စုနိုင်ငံသားမဟုတ်လျှင်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဘောတူညီချက်စာမရရှိဘဲ၊ မည့်သူ့ကိုမျှ တပ်မတော်တွင် စစ်မှုထမ်းအဖြစ် စာရင်းမသွင်းရ။ <ပြင်ဆင် 04.11.2010>

အမျိုးသမီးများ စစ်မှုထမ်းအဖြစ် စာရင်းသွင်းနိုင်ခွင့်၊ သို့တည်းမဟုတ် အလုပ်လုပ်နိုင် ခွင့်ရှိခြင်း။

၁၁။ ။ ဤကိစ္စအလို့ငှါ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမိန့်ကြော်ငြာစာဖြင့် သီးခြားဖေါ်ပြသည့်၊ တပ်မတော်၏ တပ်အဖွဲ့၊ ဌာန၊ ဌာနခွဲ၊ သို့တည်းမဟုတ် တပ်မတော်၏ အစိတ်အပိုင်းတခုခု၌ တစိတ်တဒေသ ပါဝင်နေသော၊ သို့တည်းမဟုတ် တွဲဘက်ထားသောအခြားအဖွဲ့တွင် အမျိုးသမီးများ စစ်မှုထမ်းအဖြစ် စာရင်း သွင်းနိုင်ခွင့်ဖြစ်စေ၊ အလုပ်လုပ်ကိုင်နိုင်ခွင့်ဖြစ်စေ ရှိရမည်။ <ပြင်ဆင် 04.11.2010>

စစ်မှုထမ်းအဖြစ် စာရင်းသွင်းရေး အရာရှိ မျက်မှောက်တွင် လိုက်နာရန် နည်းလမ်း။

၁၂။ ။ သတ်မှတ်ထားသော စစ်မှုထမ်းအဖြစ် စာရင်းသွင်းရေး အရာရှိမျက်မှောက်သို့ စစ်မှုထမ်းအဖြစ် စာရင်းသွင်းလိုသူတဦးဦးရောက်ရှိသည့်အခါ၊ ထိုအရာရှိက စစ်မှုထမ်းလိုက်နာရမည့် စည်းကမ်းချက်များ ကို ထိုသူအားဘတ်၍ရှင်းပြရမည်၊ သို့တည်းမဟုတ် မိမိ၏မျက်မှောက်တွင် ဘတ်ပြစေပြီးရှင်းပြစေရ မည်။ ထို့ပြင် စစ်မှုထမ်းအဖြစ်စာရင်းသွင်းရန် သတ်မှတ်ထားသည့်ပုံစံတွင် ဖေါ်ပြထားသော မေးခွန်း များကို ထိုသူအားမေးမြန်းရမည်။ ထို့ပြင် အဆိုပါမေးခွန်းတခုခုနှင့်စပ်လျဉ်း၍ မဟုတ်မမှန်သော အဖြေ တရပ်ကို ထိုသူကမေးလျှင်၊ ဤအက်ဥပဒေအရ၊ ပြစ်ဒဏ်ချမှတ်ခြင်းခံရမည်ဟု ထိုသူအား သတိပေးပြီး အဆိုပါမေးခွန်းတခုစီအတွက် ထိုသူ၏အဖြေကိုရေးမှတ်ရမည်၊ သို့တည်းမဟုတ် ရေးမှတ်စေရမည်။

စစ်မှုထမ်း အဖြစ် စာရင်းသွင်းနည်း။

၁၃။ ။ ပုဒ်မ ၁၂ ၏ ပြဋ္ဌာန်းချက်များအတိုင်းလိုက်နာဆောင်ရွက်ပြီး၊ စစ်မှုထမ်းအဖြစ် စာရင်းသွင်းလို သူသည်၊ မေးခွန်းများကိုပြည့်စုံစွာနားလည်၍၊ စစ်မှုထမ်းလိုက်နာရမည့် စည်းကမ်းချက်များကို သဘော တူသည်ဟု စစ်မှုထမ်းအဖြစ် စာရင်းသွင်းရေးအရာရှိက ကြေနပ်လျှင်၊ ထို့ပြင် စာရင်းသွင်းခြင်းကို ငြင်းပယ်ရန် အကြောင်းမရှိဟုထင်မြင်လျှင်၊ စစ်မှုထမ်းအဖြစ်စာရင်းသွင်းရန်ပုံစံတွင် မိမိကိုယ်တိုင်က လက်မှတ်ရေးထိုး၍ ထိုသူအားလည်း လက်မှတ်ရေးထိုးစေပြီးနောက်၊ ထိုသူကိုစစ်မှုထမ်းအဖြစ်စာရင်း သွင်းပြီးဖြစ်သည်ဟု မှတ်ယူရမည်။

စစ်မှုထမ်းအဖြစ် စာရင်းသွင်းခြင်း ခိုင်လုံမှု။

၁၄။ ။ စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသူတဦးအနေနှင့် သုံးလမျှ စစ်ဘက်လစာကိုရရှိနေပြီးလျှင်၊ မည်သည့်တပ်အဖွဲ့၊ ဌာန၊ တပ်၊ သို့တည်းမဟုတ် ရေယာဉ်၏ လူစာရင်းတွင်မဆို ပါရှိနေသူတိုင်းကို နည်းလမ်းတကျ စစ်မှုထမ်းအဖြစ်စာရင်းသွင်းပြီးဖြစ်သည်ဟု မှတ်ယူရမည်။ ထို့ပြင် ထိုသူစစ်မှုထမ်း အဖြစ် စာရင်းသွင်းရာ၌ နည်းလမ်းမကျခြင်း အကြောင်းပြချက်တခုခု၊ သို့တည်းမဟုတ် တရားဥပဒေနှင့် ဆန့်ကျင်ခြင်း အကြောင်းပြချက်တခုခု၊ သို့တည်းမဟုတ် အခြားမည်သည့် အကြောင်းပြချက်ကိုမဆို၊ အခြေပြုပြီး ထိုသူ၌ ထွက်ခွင့်တောင်းဆိုပိုင်ခွင့်မရှိစေရ။ ထို့ပြင် အဆိုပါသုံးလအတွင်း၊ ထိုသူကထွက်ခွင့် တောင်းဆိုလျှင်၊ ထိုတောင်းဆိုချက်နှင့်အညီ ၎င်းအား ထွက်ခွင့်ပေးလိုက်သည့်အချိန်တိုင်အောင်၊ အဆိုပါ နည်းလမ်းမကျခြင်းအကြောင်းပြချက်၊ သို့တည်းမဟုတ် တရားဥပဒေနှင့်ဆန့်ကျင်ခြင်းအကြောင်းပြ ချက်၊ သို့တည်းမဟုတ် အခြားအကြောင်းပြချက်တခုခုသည်၊ ဤအက်ဥပဒေအရ စစ်မှုထမ်းအဖြစ် စာ ရင်းသွင်းထားပြီးသူတဦးဖြစ်နေသည့် ထိုသူ၏အခြေအနေကိုမထိခိုက်စေရ၊ သို့တည်းမဟုတ် ထိုသူထွက် ခွင့်မရမီပြုလုပ်ခဲ့သော၊ သို့တည်းမဟုတ် ထိုသူ့အပေါ်အရေးယူခဲ့သောမည်သည့် ဆောင်ရွက်ချက်၊ ပြုလုပ် ချက်၊ သို့တည်းမဟုတ် အရာသည်၊ အဆိုပါအကြောင်းပြချက်တခုခုကြောင့် မပျက်ပြယ်စေရ။ <ပြင်ဆင် 04.11.2010>

သစ္စာပြုခြင်း။

သစ္စာပြုရသူများ။

၁၅။ ။ အောက်ပါသူများသည် သစ္စာပြုကြရမည်။

(က) တိုက်ပွဲဝင် စစ်မှုထမ်းများအဖြစ် စာရင်းသွင်းပြီးသူအားလုံး၊

(ခ) အကြပ်၊ သို့တည်းမဟုတ် ခေတ္တအကြပ်အဖြစ် ရွေးချယ်ခြင်းခံရသူအားလုံး၊

(ဂ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတ်မှတ်သည့် စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသော အခြားသူအားလုံး။ <ပြင်ဆင် 04.11.2010>

သစ္စာပြုနည်း။

၁၆။ ။ (၁) သစ္စာပြုရမည်ဖြစ်သော သူတဦးသည်၊ တာဝန်ဝတ်တရားထမ်းဆောင်ရန် သင့်တော်သည်ဟု သတင်းပို့ခြင်းခံရသည့်အခါဖြစ်စေ၊ သတ်မှတ်ထားသော အစမ်းခန့်အချိန်ကာလပြီးဆုံးသည့်အခါဖြစ်စေ၊ ထိုသူ၏ တပ်အဖွဲ့ရှေ့မှောက်တွင်သော်၎င်း၊ ထိုတပ်အဖွဲ့၏ အစိတ်အပိုင်းရှေ့မှောက်တွင်သော်၎င်း၊ ထိုသူ ၏ဌာန၊ တပ်၊ သို့တည်းမဟုတ် ရေယာဉ်မှ တက်ရောက်နိုင်သမျှသော သူများ၏ရှေ့မှောက်တွင်သော်၎င်း၊ သတ်မှတ်သည့်မူအတိုင်း ထိုသူ၏တပ်မှူးကကျမ်းသစ္စာဖြစ်စေ၊ ကတိသစ္စာဖြစ်စေ၊ ပြုစေရမည်၊ သို့ တည်းမဟုတ် သတ်မှတ်ထားသည့်မူအတိုင်း၊ သတ်မှတ်ထားသည့် အခြားပုဂ္ဂိုလ်တဦးဦးက ထိုသူအား ကျမ်း သစ္စာဖြစ်စေ၊ ကတိသစ္စာဖြစ်စေ၊ ပြုစေရမည်။

(၂) ဤပုဒ်မအရ သတ်မှတ်သည့်ကျမ်းသစ္စာ၊ သို့တည်းမဟုတ် ကတိသစ္စာမူတွင် သစ္စာပြုရမည့်သူသည်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို၊ မိမိ၏အသက်စွန့်၍ပင် ထိန်းသိမ်းစောင့်ရှောက်ပါမည်ဟူ၍၎င်း၊ တပ်မတော်တွင် ဝင်ရောက်အမှုထမ်းရွက်၍ ကုန်းကြောင်းခရီးဖြင့်ဖြစ်စေ၊ ရေကြောင်းခရီးဖြင့်ဖြစ်စေ၊ လေကြောင်းခရီးဖြင့်ဖြစ်စေ၊ မည်သည့်နေရာအရပ်သို့မဆို အမိန့်ပေးသည့်အတိုင်း မိမိ၏အသက်စွန့်၍ ပင် သွားမည်ဟူ၍၎င်း၊ မိမိကိုအုပ်ချုပ်သော အထက်အရာရှိတဦးဦး၏ အမိန့်အားလုံးကို၊ မိမိ၏ အသက်စွန့်၍ပင် နာခံပါမည်ဟူ၍၎င်း၊ ကတိပြုချက်ပါရှိရမည်။

(၃) စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသူတဦးသည်၊ ဤပုဒ်မအရ ဆောင်ရွက်ရန်ညွှန်ကြားသည့်အတိုင်း ကျမ်းသစ္စာ၊ သို့တည်းမဟုတ် ကတိသစ္စာပြုပြီးကြောင်းကို၊ ထိုသူ၏စစ်မှုထမ်းအဖြစ် စာရင်းသွင်းပုံစံ တွင် ရေးသွင်းပြီးနောက်၊ ယင်းသို့ရေးသွင်းပြီးကြောင်းကို ကျမ်းသစ္စာ၊ သို့တည်းမဟုတ် ကတိသစ္စာ ပြုစေသည့်အရာရှိက ဟုတ်မှန်ကြောင်းလက်မှတ်ရေးထိုးရမည်။ <ပြင်ဆင် 04.11.2010>

စည်းကမ်းချက်များ

[ပြင်ဆင်ရန်]

အခဏ်း ၄။

စစ်မှုထမ်းခြင်းဆိုင်ရာ စည်းကမ်းချက်များ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်မှုထမ်းခြင်းကိုရပ်စဲခြင်း

၁၇။ ။ ဤအက်ဥပဒေပါ ပြဋ္ဌာန်းခြင်းများနှင့်၎င်း၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေ၊ သို့တည်းမဟုတ် စည်းမျဉ်းဥပဒေများနှင့်၎င်း၊ မဆန့်ကျင်စေဘဲ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးအား စစ်မှုထမ်းခြင်းမှအမြဲတမ်းထုတ်ပစ်နိုင်သည်၊ သို့တည်းမဟုတ် နုတ်ပယ်နိုင် သည်။ <ပြင်ဆင် 04.11.2010>

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အခြားအရာရှိများက အမြဲတမ်းထုတ်ပစ်ခြင်း နုတ်ပယ်ခြင်း၊ သို့တည်းမဟုတ် လျှော့ချခြင်း။

၁၈။ (၁) ပယ်ဖျက်

(၂) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်၊ အရာခံဗိုလ်တဦးဦး၊ သို့တည်းမဟုတ် အကြပ်တဦးဦးအား ပို၍နိမ့် သောအတန်းသို့ဖြစ်စေ၊ ပို၍နိမ့်သောအဆင့်သို့ဖြစ်စေ၊ တပ်သားအဆင့်သို့ဖြစ်စေ၊ လျှော့ချနိုင်သည်။

(၃) တပ်မတော် (ကြည်း)အတွက်ဖြစ်ပါက၊ တပ်မဟာ/စစ်ဗျူဟာအဖွဲ့ (အခြေချ)အောက်မငယ်သောအဖွဲ့အစည်းကို၊ တပ်မတော်(ရေ)၊ သို့တည်းမဟုတ် တပ်မတော်(လေ) အတွက် ဖြစ်ပါက၊ တပ်မဟာ/စစ်ဗျူဟာအဖွဲ့ (အခြေချ) (တပ်မတော် (ကြည်း))နှင့် တူညီသည်ဟု သတ်မှတ်ထားသည့် အဖွဲ့အစည်းအောက် မငယ်သော အဖွဲ့အစည်းကို ကွပ်ကဲသည့် အရာရှိတဦးသည်၊ သို့တည်းမဟုတ် သတ်မှတ်ထားသော အခြားအရာရှိတဦးသည်၊ အရာရှိတဦးမှတပါး မိမိကွပ်ကဲရသူတဦးဦးကို၊ စစ်မှုထမ်းခြင်းမှ အမြဲတမ်းထုတ်ပစ်နိုင်သည်၊ သို့တည်းမဟုတ် နုတ်ပယ်နိုင်သည်။

သို့ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှတပါး၊ အခြားအရာရှိတဦးဦးသည်၊ အရာခံဗိုလ် (ပဌမတန်း) တဦး ကို စစ်မှုထမ်းခြင်းမှ အမြဲတမ်းမထုတ်ပစ်ရ၊ သို့တည်းမဟုတ် မနုတ်ပယ်ရ။

(၄) ပုဒ်မခွဲ(၃)တွင် ဖေါ်ပြပြီးသော အရာရှိတဦးဦးသည်၊ မိမိကွပ်ကဲရသော အရာခံဗိုလ်တဦးဦးအား၊ သို့တည်းမဟုတ် အကြပ်တဦးဦးအား၊ ပို၍နိမ့်သောအတန်းသို့ဖြစ်စေ၊ ပို၍နိမ့်သောအဆင့်သို့ဖြစ်စေ၊ တပ်သားအဆင့်သို့ဖြစ်စေ၊ လျှော့ချနိုင်သည်။

သို့ရာတွင် တပ်သားအဆင့်သို့ လျှော့ချထားသော အရာခံဗိုလ်တဦးအား၊ ၎င်း၏ဆန္ဒနှင့်ဆန့်ကျင်လျက် တပ်သားအဖြစ်ဖြင့် စစ်မှုမထမ်းစေရ။

(၅) ခေတ္တအကြပ်တဦး၏ တပ်မှူးသည်၊ ထိုအကြပ်ကို အကြပ်တဦးအဖြစ် ၎င်း၏အမြဲတမ်းအဆင့်သို့၊ သို့တည်းမဟုတ် ထိုအကြပ်၌ တပ်သားအဆင့်ထက်မြင့်သော အမြဲတမ်းအဆင့်မရှိလျှင်၊ တပ်သားအဆင့် သို့ ပြန်လည်ဆင်းသက်ရန် အမိန့်ပေးနိုင်သည်။

(၆) ဤအက်ဥပဒေရှိပြဋ္ဌာန်းချက်များနှင့်၎င်း၊ ဤအက်ဥပဒေအရ ပြုသည့်နည်းဥပဒေ၊ သို့တည်းမဟုတ် စည်းမျဉ်းဥပဒေများနှင့်၎င်း၊ မဆန့်ကျင်စေဘဲ ဤပုဒ်မနှင့်အပ်နှင်းထားသောအာဏာများကိုသုံးစွဲရမည်။ <ပြင်ဆင် 10.05.1989,04.11.2010>

၁၉။ ။ ပယ်ဖျက် <ပြင်ဆင် 04.11.2010>

အငြိမ်းစားပေးခြင်း၊ သို့တည်းမဟုတ် ထွက်ခွင့်ပေးခြင်း။

၂၀။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးအား၊ သတ်မှတ်ထားသည့်အာဏာပိုင်က သတ်မှတ်ထား သည့်နည်းလမ်းအရ စစ်မှုထမ်းခြင်းမှ အငြိမ်းစားယူခွင့်၊ သို့တည်းမဟုတ် ထွက်ခွင့်ပေးနိုင်သည်။

စစ်မှုထမ်းခြင်းကိုရပ်စဲရာတွင် ပေးရမည့်လက်မှတ်။

၂၁။ ။ စစ်မှုထမ်းခြင်းမှ အမြဲတမ်းထုတ်ပစ်ခြင်း၊ နုတ်ပယ်ခြင်း၊ ထွက်ခွင့်ပေးခြင်း၊ သို့တည်းမဟုတ် အငြိမ်းစားပေးခြင်းခံရသည့် စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသောသူတိုင်းအား-

(က) ထိုသူ၏စစ်မှုထမ်းခြင်းကို ရပ်စဲသောအခွင့်အာဏာ၊

(ခ) ထိုသို့ရပ်စဲခြင်း၏ အကြောင်းရင်း၊

(ဂ) တပ်မတော်တွင် ထိုသူစစ်မှုထမ်းခဲ့သည့် အချိန်ကာလ၊

တို့ကိုဖေါ်ပြထားသော လက်မှတ်တစောင်ကို ထိုသူ၏တပ်မှူးကပေးအပ်ရမည်။

ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပြင်ပတွင်ရောက်ရှိနေသောအခါ ထွက်ခွင့်ပေးခြင်း၊ သို့တည်းမဟုတ် အမြဲတမ်းထုတ်ပစ်ခြင်း။

၂၂။ ။ (၁) စစ်မှုထမ်းအဖြစ် စာရင်းသွင်းခြင်းဆိုင်ရာ စည်းကမ်းချက်များအရ၊ ထွက်ခွင့်ရထိုက်သူဖြစ်၍၊ ထိုကဲ့သို့ ထွက်ခွင့်ရထိုက်သောအခါ၊ သို့တည်းမဟုတ် ထွက်ခွင့်ယူရန် အခွင့်ရအာဏာပိုင်က အမိန့်ချမှတ် ခြင်းခံရသူဖြစ်၍၊ ထိုကဲ့သို့ထွက်ခွင့်ယူရန် အမိန့်ချမှတ်ခြင်းခံရသောအခါ၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပြင်ပ၌ စစ်မှုထမ်းရွက်နေရသဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံသို့ ပြန်ပို့ရန်တောင်းခံသော၊ ဤအက်ဥပဒေ အရ စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသူတဦးဦးအား ထွက်ခွင့်မပေးမီ၊ ပြည်ထောင်စုမြန်မာနိုင်ငံသို့ ဆောလျင်နိုင်သမျှဆောလျင်စွာ ပြန်ပို့ရမည်။

(၂) စစ်မှုထမ်းခြင်းမှ အမြဲတမ်းထုတ်ပစ်ခြင်းခံရ၍၊ ထိုကဲ့သို့ အမြဲတမ်းထုတ်ပစ်ခြင်းခံရသည့်အခါ၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပြင်ပတွင်စစ်မှုထမ်းရွက်နေရသော ဤအက်ဥပဒေအရ စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသူတဦးဦးအား၊ ပြည်ထောင်စုမြန်မာနိုင်ငံသို့ ဆောလျင်နိုင်သမျှဆောလျင်စွာပြန်ပို့ရမည်။

သို့ရာတွင် ထိုသူတဦးဦးအား အမြဲတမ်းထုတ်ပစ်ဒဏ်နှင့် အခြားပြစ်ဒဏ်တခုခုကို ပူးတွဲ၍ ချမှတ်သော အခါ၊ ထိုအခြားပြစ်ဒဏ်ကိုသော်၎င်း၊ တကျွန်းပို့ဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ ချမှတ်သောအခါ၊ ထိုပြစ်ဒဏ်၏ တစိတ်တဒေသကိုသော်၎င်း၊ ပြည်ထောင်စုမြန်မာနိုင်ငံသို့ ထိုသူအားပြန်မပို့မီ၊ ကျခံစေနိုင် သည်။

(၃) ဤပုဒ်မ၏ ကိစ္စများအတွက် “အမြဲတမ်းထုတ်ပစ်ခြင်း”ဆိုသည့် စကားရပ်တွင် “နုတ်ပယ်ခြင်း” လည်းပါဝင်ရမည်။

ခံစားခွင့်

[ပြင်ဆင်ရန်]

အခဏ်း ၅။

စစ်မှုထမ်းခြင်းဆိုင်ရာ ကျေးဇူးခံစားခွင့်များ။

နုတ်ယူခွင့်ပြုသည့်ငွေများကိုသာ လစာနှင့်စရိတ်များမှနုတ်ရန်။

၂၃။ ။ ဤအက်ဥပဒေကို လိုက်နာရသူတိုင်းသည်၊ တည်ဆဲစည်းမျဉ်းဥပဒေတခုခုအရ၊ ဤအက်ဥပဒေကို လိုက်နာသူအဖြစ် ရသင့်ရထိုက်သော လစာနှင့်စရိတ်ငွေကို၊ ဤအက်ဥပဒေက၊ သို့တည်းမဟုတ် ဤ အက်ဥပဒေအရဖြစ်စေ၊ အခြားအက်ဥပဒေတခုခုက၊ သို့တည်းမဟုတ် အခြားအက်ဥပဒေ တခုခုအရ ဖြစ်စေ၊ နုတ်ယူခွင့်ပြုသည့်ငွေများမှတပါး၊ အခြားမည်သည့်ငွေကိုမျှ နုတ်ယူခြင်းမပြုဘဲပေးရမည်။

အရာရှိများမှတပါး၊ နစ်နာသောသူများ၏ ကာကွယ်ခွင့်၊ ရယူခွင့်။

၂၄။ ။ (၁) ဤအက်ဥပဒေကို လိုက်နာရသည့်အရာရှိမဟုတ်သူတဦးဦးသည်၊ မိမိအား အထက်အရာရှိ တဦးဦးက၊ သို့တည်းမဟုတ် အခြားအရာရှိတဦးဦးက မတရားပြုသည်ဟုမှတ်ယူပါက၊ ထိုသူမှာ၊ တပ် တခု၊ သို့တည်းမဟုတ် ခွဲထုတ်တပ်တခုသို့တွဲဘက်ထားသူမဟုတ်လျှင်၊ မိမိကိုကွပ်ကဲသော၊ သို့တည်း မဟုတ် အမိန့်ပေးနိုင်သောအရာရှိထံ တိုင်ကြားနိုင်သည်။ ထို့ပြင် ထိုသူမှာ၊ တပ်တခု၊ သို့တည်းမဟုတ် ခွဲထုတ်တပ်တခုသို့ တွဲဘက်ထားသူဖြစ်လျှင်၊ ထိုတပ်၊ သို့တည်းမဟုတ် ခွဲထုတ်တပ်ကို ကွပ်ကဲသော အရာရှိထံတိုင်ကြားနိုင်သည်။

(၂) တိုင်ကြားခြင်းခံရသောအရာရှိသည်၊ ပုဒ်မခွဲ (၁) အရ တိုင်ကြားချက်ကိုလက်ခံရမည့် အရာရှိဖြစ် သည့်အခါ၊ နစ်နာသူသည်၊ ထိုအရာရှိထက်တဆင့်မြင့်သော အထက်အရာရှိထံ တိုင်ကြားနိုင်သည်။

(၃) အဆိုပါတိုင်ကြားချက်ကို လက်ခံရရှိသောအရာရှိတိုင်းသည်၊ ထိုတိုင်ကြားသူအား အစွမ်းကုန်ကာ ကွယ်ပေးရန်အလို့ငှါ၊ ထိုတိုင်ကြားချက်နှင့်စပ်လျဉ်း၍ ပြည့်စုံနိုင်သမျှပြည့်စုံအောင် စုံစမ်းစစ်ဆေးရမည်၊ သို့တည်းမဟုတ် လိုအပ်လျှင်၊ ထိုတိုင်ကြားချက်ကို အထက်အာဏာပိုင်ထံသို့ တင်ပြရမည်။

(၄) အဆိုပါတိုင်ကြားချက်အသီးသီးကို၊ သက်ဆိုင်ရာအာဏာပိုင်က၊ အခါအားလျော်စွာ၊ သီးခြားဖေါ်ပြ သည့် နည်းလမ်းအတိုင်း တင်သွင်းရမည်။

(၅) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သက်ဆိုင်ရာအာဏာပိုင်က ပုဒ်မခွဲ(၂)အရ တိုင်ကြား ချက်အပေါ် ချမှတ်သော ဆုံးဖြတ်ချက် တစ်ခုခုကိုပြင်ဆင်နိုင်သည်။ သို့ရာတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ယင်းသို့ ပြင်ဆင်ခြင်းမပြုလျှင် သက်ဆိုင်ရာ အာဏာပိုင်၏ ဆုံးဖြတ်ချက်သည် အပြီး အပြတ်ဖြစ်စေရမည်။ <ပြင်ဆင် 10.05.1989, 04.11.2010>

နစ်နာသောအရာရှိ၏ ကာကွယ်ခွင့်၊ ရယူခွင့်။

၂၅။ ။ မည်သည့်အရာရှိမဆို၊ မိမိ၏တပ်မှူးက၊ သို့တည်းမဟုတ် အထက်အရာရှိတဦးဦးက၊ မိမိအား မတရားပြုသည်ဟုမှတ်ယူ၍၊ မိမိ၏တပ်မှူးထံနည်းလမ်းတကျလျှောက်ထားလျက်နှင့် မိမိ ရထိုက်သည်ဟုယူဆသော ကာကွယ်နိုင်၊ ရယူနိုင်ခွင့်ကိုမရရှိလျှင်၊ သက်ဆိုင်ရာအာဏာပိုင်က၊ အခါအားလျော်စွာ သီးခြားဖေါ်ပြထားသည့် နည်းလမ်းအတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တိုင်ကြားနိုင်သည်။ <ပြင်ဆင် 04.11.2010>

ဝရမ်းကပ်ခြင်းမှ လွတ်ကင်းခြင်း။

၂၆။ ။ တရားမရုံးကဖြစ်စေ၊ အခွန်တော်ရုံးကဖြစ်စေ၊ အခွန်တော်အရာရှိကဖြစ်စေ၊ ချမှတ်သည့်ဒီကရီ၊ သို့တည်းမဟုတ် အမိန့်ကိုအတည်ပြုရန်၊ ထိုရုံး၊ သို့တည်းမဟုတ် ထိုအရာရှိက ထုတ်ဆင့်သော ညွှန်ကြား ချက်အရ၊ ဤအက်ဥပဒေကို လိုက်နာရသူ၏ လက်နက်များ အဝတ်အစားများ၊ ပစ္စည်းကိရိယာတန်ဆာ ပလာများ၊ လိုအပ်သောအရာဝတ္ထုများ၊ သို့တည်းမဟုတ် ထိုသူတာဝန်ဝတ်တရား ဆောင်ရွက်ရန်အတွက် အသုံးပြုသောတိရစ္ဆာန်ကို သိမ်းယူဖမ်းဆီးခြင်းမပြုရ၊ သို့တည်းမဟုတ် ထိုသူ၏လစာနှင့် စရိတ်အား လုံး၊ သို့တည်းမဟုတ် တစိတ်တဒေသကို ဝရမ်းကပ်ခြင်းမပြုရ။

ကြွေးမြီအတွက် ဖမ်းဆီးခြင်းမှ လွတ်ကင်းခြင်း။

၂၇။ ။ (၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးသည်၊ တပ်မတော်တွင်ပါဝင်နေသမျှကာလပတ်လုံး၊ မည် သည့်တရားမရုံး၊ အခွန်တော်ရုံး၊ သို့တည်းမဟုတ် အခွန်တော်အရာရှိကမဆို ထုတ်ဆင့်သော အမိန့် ဆင့်စာတခုခုအရဖြစ်စေ၊ ထိုရုံး၊ သို့တည်းမဟုတ် ထိုအရာရှိ၏ အခွင့်အာဏာနှင့်အညီ၊ ထုတ်ဆင့်သော အမိန့်ဆင့်စာအရဖြစ်စေ၊ ကြွေးမြီအတွက်ဖမ်းဆီးခြင်း မခံထိုက်စေရ။

(၂) တပ်မတော်တွင်ပါဝင်နေသော ဤအက်ဥပဒေကို လိုက်နာရသူတဦးအား၊ ဤပုဒ်မပါ ပြဋ္ဌာန်းချက် များကိုဆန့်ကျင်လျက် ဖမ်းဆီးခြင်းနှင့်စပ်လျဉ်း၍၊ ထိုသူ၊ သို့တည်းမဟုတ် ထိုသူ၏အထက်အရာရှိ၏ တိုင်ကြားချက်ကို အဆိုပါတရားရုံး၏ တရားသူကြီး၊ သို့တည်းမဟုတ် အဆိုပါအခွန်တော်အရာရှိသည်၊ စစ်ဆေးမေးမြန်း၍ ကိုယ်တိုင်လက်မှတ်ရေးထိုးသောဝရမ်းအရ ထိုသူအားလွှတ်ပစ်နိုင်သည့်အပြင်၊ ထို တိုင်ကြားသူအား သင့်လျော်သောကုန်ကျစရိတ်များပေးရမည်ဟုလည်း အမိန့်ချမှတ်နိုင်သည်။ ထိုတိုင် ကြားသူသည်၊ အမိန့်ဆင့်စာရရှိသူအပေါ် ဒီကရီတရပ်ဖြင့်ချမှတ်ပေးသော ကုန်ကျစရိတ်များကို၊ ပြန် လည်ရယူနိုင်သည့် နည်းလမ်းအတိုင်း၊ ထိုကုန်ကျစရိတ်များကို ရယူနိုင်သည်။

(၃) အဆိုပါ ကုန်ကျစရိတ်များ ပြန်လည်ရရန်အတွက်၊ တိုင်ကြားသူက ရုံးခွန်တော်မပေးစေရ။

စစ်တရားရုံးတက်ရောက်ကြသူများ ဖမ်းဆီးခံရခြင်းမှလွတ်ကင်းခြင်း။

၂၈။ ။ (၁) စစ်တရားရုံးတရုံး၏ ဥက္ကဋ္ဌ၊ စစ်တရားရုံးတရုံး၏ အဖွဲ့ဝင်၊ စစ်ဥပဒေအရာရှိ၊ စစ်တရားရုံး တရုံး၏ မှုခင်းကိစ္စတခုခုတွင်ပါဝင်သည့် အမှုသည်၊ ထိုအမှုသည်၏ရှေ့နေ၊ ထိုအမှုသည်၏ကိုယ်စား လှယ်၊ သို့တည်းမဟုတ် စစ်တရားရုံးတရုံးသို့ တက်ရောက်ရန်ထုတ်ဆင့်သော သမ္မာန်စာတခုနှင့်အညီ လိုက်နာဆောင်ရွက်နေရသည့်သက်သေသည်၊ စစ်တရားရုံးသို့ တက်ရောက်ရန် သွားနေစဉ်သော်၎င်း၊ စစ်တရားရုံး တက်ရောက်နေစဉ်သော်၎င်း၊ စစ်တရားရုံးမှ ပြန်လာနေစဉ်သော်၎င်း၊ တရားမ၊ သို့တည်း မဟုတ် အခွန်တော်ဆိုင်ရာ အမိန့်ဆင့်စာအရ ဖမ်းဆီးခြင်းမခံထိုက်စေရ။

(၂) ထိုသူတဦးဦးအား၊ အဆိုပါအမိန့်ဆင့်စာတခုခုအရ ဖမ်းဆီးခဲ့လျှင် စစ်တရားရုံး၏အမိန့်အရ ထိုသူအား လွှတ်ပစ်နိုင်သည်။

အရံစစ်မှုထမ်းများ၏ ကျေးဇူးခံစားခွင့်များ။

၂၉။ ။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ အရံတပ်ဖွဲ့များတွင် ပါဝင်နေသူတိုင်းသည်၊ လေ့ကျင့်ရေးအတွက် ဖြစ်စေ၊ စစ်မှုထမ်းခြင်းအတွက်ဖြစ်စေ၊ ဆင့်ခေါ်ခြင်းခံရသည့်အခါ၊ သို့တည်းမဟုတ် လေ့ကျင့်နေဆဲ၊ သို့တည်းမဟုတ် စစ်မှုထမ်းနေဆဲအခါ၊ သို့တည်းမဟုတ် လေ့ကျင့်ရေးမှဖြစ်စေ၊ စစ်မှုထမ်းခြင်းမှဖြစ်စေ၊ ပြန်လာနေသောအခါ၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးအား၊ ပုဒ်မ ၂၆ နှင့် ၂၇ တို့က ပေးအပ်ထား သော ကျေးဇူးခံစားခွင့်အားလုံးကို ရထိုက်စေရမည်။

စစ်မှုထမ်းများ၏မှုခင်းကိစ္စတို့ကို ဦးစားပေးခြင်း။

၃၀။ ။ (၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးကဖြစ်စေ၊ ထိုသူ၏ကိုယ်စားဖြစ်စေ၊ တရားရုံးတခုခု သို့၊ ထိုတရားရုံးတွင်တရားမမှု၊ သို့တည်းမဟုတ် အခြားအမှုတခုခုကို စွဲဆိုရန်ဖြစ်စေ၊ ခုခံချေပရန်ဖြစ်စေ၊ ဆိုင်ရာစစ်ဘက်အာဏာပိုင်ထံမှ၊ ထိုသူအားခွင့်ရက်ပေးထားကြောင်း၊ သို့တည်းမဟုတ် ထိုအာဏာပိုင်ထံ ထိုသူက ခွင့်ရက်ရရန်တောင်းဆိုထားကြောင်း သက်သေခံလက်မှတ်တင်ပြ၍၊ ယင်းသို့ပေးထားသော၊ သို့တည်းမဟုတ် တောင်းဆိုထားသောခွင့်ရက်အတွင်း၊ ထိုတရားမမှု၊ သို့တည်းမဟုတ် အခြားအမှုကို ကြားနာစစ်ဆေး၍၊ အပြီးအပြတ်စီရင်ပေးရန် လျှောက်ထားလျှင်၊ ထိုသို့စစ်ဆေးစီရင်နိုင်စေခြင်းငှါ၊ ထိုတရားရုံးကဖြစ်မြောက်နိုင်သမျှ စီစဉ်ပေးရမည်။

(၂) ဆိုင်ရာစစ်ဘက်အာဏာပိုင်ကထုတ်ပေးသော သက်သေခံလက်မှတ်တွင်၊ ပေးထားသည့်ခွင့်ရက်၊ သို့တည်းမဟုတ် ပေးရန်ရည်ရွယ်သည့်ခွင့်ရက်၏ ပဌမနှင့်နောက်ဆုံးနေ့ရက်တို့ကို ဖေါ်ပြထားရမည်။ ထို့ပြင် ခွင့်ရက်ပေးလိုက်ရခြင်း၊ သို့တည်းမဟုတ် ခွင့်ရက်တောင်းဆိုထားခြင်းနှင့်စပ်လျဉ်းသော အမှု၏ အကြောင်းကိုလည်း ဖေါ်ပြထားရမည်။

(၃) ထိုသက်သေခံလက်မှတ် တခုခုတင်ပြခြင်းနှင့် စပ်လျဉ်း၍သော်၎င်း၊ မိမိ၏အမှုကိုဦးစားပေး၍ ကြားနာစစ်ဆေးရန်အတွက် ထိုသူကဖြစ်စေ၊ ထိုသူ၏ကိုယ်စားဖြစ်စေ၊ လျှောက်လွှာတင်သွင်းခြင်းနှင့် စပ်လျဉ်း၍သော်၎င်း၊ တရားရုံးသို့ရုံးခွန်တော်မပေးဆောင်စေရ။

(၄) ယင်းသို့၊ ပေးထားသည့်၊ သို့တည်းမဟုတ် ပေးရန်ရည်ရွယ်ထားသည့် အဆိုပါခွင့်ရက်အတွင်း တရားမမှု၊ သို့တည်းမဟုတ် အခြားအမှုကို ကြားနာစစ်ဆေး၍ အပြီးအပြတ်စီရင်ပေးရန် တရားရုံးက စီစဉ်မပေးနိုင်သည့်အခါ၊ ထိုသို့စီစဉ်မပေးနိုင်ခြင်း၏ အကြောင်းရပ်များကို ထိုတရားရုံးက ရေးမှတ်ရ မည်။ ထို့ပြင် ထိုသူကလျှောက်ထားလျှင်၊ ထိုရေးမှတ်ချက်၏မိတ္တူနှင့်စပ်လျဉ်း၍သော်၎င်း၊ ထိုရေးမှတ် ချက်၏မိတ္တူအတွက် လျှောက်လွှာနှင့်စပ်လျဉ်း၍သော်၎င်း၊ ထိုသူက မည်သည့်ကြေးငွေပေးဆောင်ခြင်း ကိုမျှမပြုစေရဘဲ ထိုသူအားထိုရေးမှတ်ချက်၏ မိတ္တူတစောင်ကိုပေးအပ်စေရမည်။

(၅) မည်သည့်ကိစ္စတွင်မဆို၊ အဆိုပါသက်သေခံလက်မှတ်ကို ပေးအပ်လိုက်သော စစ်ဘက်အာဏာပိုင် သည်၊ ထိုလက်မှတ်ကို ပေးနိုင်ခွင့်ရှိသူဟုတ်မဟုတ်ဟူသော ပြဿနာပေါ်ပေါက်လျှင်၊ ထိုပြဿနာကို၊ တပ်မတော် (ကြည်း)အတွက်ဖြစ်ပါက၊ တပ်မဟာ/စစ်ဗျူဟာအဖွဲ့ (အခြေချ) အောက်မငယ်သောအဖွဲ့အစည်းကို တပ်မတော်(ရေ)၊ သို့တည်းမဟုတ် တပ်မတော်(လေ)အတွက်ဖြစ်ပါက၊ တပ်မဟာ/စစ်ဗျူဟာအဖွဲ့ (အခြေချ) (တပ်မတော် (ကြည်း)) နှင့် တူညီသည်ဟု သတ်မှတ်ထားသည့် အဖွဲ့အစည်း အောက်မငယ်သော အဖွဲ့အစည်းကို ကွပ်ကဲသည့်အရာရှိတဦးထံ၊ သို့တည်းမဟုတ် သတ်မှတ်ထားသော အခြားအရာရှိတဦးဦးထံ ဆုံးဖြတ်ပေးရန် ထိုတရားရုံးကချက်ခြင်းလွှဲအပ်ရမည်။ ထိုအရာရှိ၏ ဆုံးဖြတ် ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။ <ပြင်ဆင် 04.11.2010>

အခြားတရားဥပဒေများက အပ်နှင်းထားသည့် အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များအတွက် ခြွင်းချက်။

၃၁။ ။ ဤအခဏ်း၏ အထက်ပါပုဒ်မများတွင် သီးခြားဖေါ်ပြထားသော အခွင့်အရေးများနှင့် ကျေးဇူးခံ စားခွင့်များသည်၊ တည်ဆဲအခြားတရားဥပဒေတခုခုက၊ ဤအက်ဥပဒေကို လိုက်နာရသူများအား၊ ယေဘုယျအားဖြင့် အပ်နှင်းထားသည့် အခြားအခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ဖြည့်စွက် ခြင်းသာဖြစ်စေရမည်၊ ယုတ်လျော့စေခြင်းမဖြစ်စေရ။

ပြစ်မှု ၃၂ - ၄၈

[ပြင်ဆင်ရန်]

အခဏ်း ၆။

ပြစ်မှုများ။

ရန်သူနှင့်သက်ဆိုင်သည့်ပြင် သေဒဏ်ထိုက်သင့်သောပြစ်မှုများ။

၃၂။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) မိမိအားလွှဲအပ်ထားသော၊ သို့တည်းမဟုတ် မိမိကာကွယ်ခုခံရန်တာဝန်ဝတ်တရားရှိသော မြို့စောင့် တပ်စခန်း၊ ခံတပ်၊ တာဝန်ကျနေရာ၊ နေရာ၊ ရေယာဉ်၊ သို့တည်းမဟုတ် ကင်းတခုခုကို ရှက်ဘွယ် ကောင်းစွာစွန့်ပစ်လျှင်၊ သို့တည်းမဟုတ် ပေးအပ်လျှင်၊ သို့တည်းမဟုတ် အဆိုပါပြုလုပ်မှုများအနက် ပြုလုပ်မှုတခုခုကို ကျူးလွန်ရန်တပ်မှူးတဦးဦးအားသော်၎င်း၊ အခြားသူတဦးဦးအားသော်၎င်း၊ အတင်း အကျပ်ပြုရန်ဖြစ်စေ၊ သွေးဆောင်ဖြားယောင်းရန်ဖြစ်စေ၊ မည်သည့်နည်းမျိုးကိုမဆို အသုံးပြုလျှင်၊ သို့တည်းမဟုတ်

(ခ) ရန်သူအပေါ် အရေးယူခြင်းမှရှောင်ကြဉ်ရန် စစ်ဘက်ဥပဒေကိုလိုက်နာရသူတဦးဦးအား အတင်း အကျပ်ပြုရန်ဖြစ်စေ၊ သွေးဆောင်ဖြားယောင်းရန်ဖြစ်စေ၊ ရန်သူအပေါ်အရေးယူရန် စိတ်ပျက်အောင် ဖြစ်စေ၊ မည်သည့်နည်းမျိုးကိုမဆို တမင်အသုံးပြုလျှင်၊ သို့တည်းမဟုတ်

(ဂ) ရန်သူ၏ရှေ့မှောက်တွင် မိမိ၏လက်နက်များ၊ ခဲယမ်းမီးကျောက်များ၊ သို့တည်းမဟုတ် ပစ္စည်း ကိရိယာတန်ဆာပလာများကို ရှက်ဘွယ်ကောင်းစွာစွန့်ပစ်လျှင်၊ သို့တည်းမဟုတ် မိမိသူရဲဘောနည်းခြင်း ကို ပြသရာရောက်သည့်အမူအရာဖြင့် မသင့်မလျော်ပြုလျှင်၊ သို့တည်းမဟုတ်

(ဃ) ရန်သူနှင့်ဖြစ်စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံအား လက်နက်စွဲကိုင်တိုက်ခိုက်သူတဦးဦးနှင့်ဖြစ်စေ၊ သစ္စာမဲ့စွာ စာပေးစာယူပြုလုပ်လျှင်၊ သို့တည်းမဟုတ် ထိုရန်သူကိုဖြစ်စေ၊ ထိုလက်နက်စွဲကိုင် တိုက်ခိုက် သူတဦးဦးကိုဖြစ်စေ၊ သစ္စာမဲ့စွာ သတင်းပေးဆက်သွယ်လျှင်၊ သို့တည်းမဟုတ်

(င) တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း၊ ရန်သူအားကြေးငွေ၊ လက်နက်များ၊ ခဲယမ်းမီးကျောက် များ၊ ပစ္စည်းများ၊ သို့တည်းမဟုတ် ထောက်ပံ့ပစ္စည်းများဖြင့် ကူညီလျှင်၊ သို့တည်းမဟုတ်

(စ) သစ္စာမဲ့စွာ၊ သို့တည်းမဟုတ် သူရဲဘောနည်းသဖြင့် ရန်သူထံစစ်ရပ်ဆိုင်းရေးအလံတခုကိုပို့လျှင်၊ သို့တည်းမဟုတ်

(ဆ) စစ်ဖြစ်သောအခါ၌သော်၎င်း၊ စစ်ဆင်ရေးတခုခုပြုနေစဉ်တွင်သော်၎င်း၊ တိုက်ပွဲ၊ စစ်စခန်း၊ မြို့စောင့်တပ်စခန်း၊ နေထိုင်ရာနေရာ၊ တပ်၊ နေရာ၊ သို့တည်းမဟုတ် ရေယာဉ်တွင် မဟုတ်မမှန်သော တပ်လှန့်မှုကို တမင်ဖြစ်စေလျှင်၊ သို့တည်းမဟုတ် စစ်ဖြစ်သောအခါ၌သော်၎င်း၊ စစ်ဆင်ရေးတခုခုပြုလုပ် နေစဉ်တွင်သော်၎င်း၊ တပ်လှန့်မှုကိုဖြစ်စေ၊ စိတ်ဓါတ်ကျဆင်းမှုကိုဖြစ်စေ၊ ဖန်တီးစေရန်ရည်စူးလျက် သတင်းများလွှင့်လျှင်၊ သို့တည်းမဟုတ်

(ဇ) တိုက်ပွဲဖြစ်ပွါးနေသည့်အခါတွင် နည်းလမ်းတကျ တာဝန်လွှဲပြောင်းပေးခဲ့ခြင်းမရှိဘဲဖြစ်စေ၊ ခွင့်မရ ရှိဘဲဖြစ်စေ၊ မိမိ၏တပ်မှူး၊ သို့တည်းမဟုတ် မိမိတာဝန်ကျနေရာ၊ ကင်း၊ စောင့်ကင်း၊ လှည့်ကင်း၊ သို့တည်းမဟုတ် အဖွဲ့ကိုစွန့်ခွါသွားလျှင်၊ သို့တည်းမဟုတ်

(ဈ) သုံ့ပန်းတဦးဖြစ်သွားပြီးသည့်အခါသော်၎င်း၊ ရန်သူ၏လက်တွင်းတွင် သုံ့ပန်းတဦးဖြစ်နေရသောအခါသော်၎င်း၊ မိမိအလိုအလျောက် ရန်သူနှင့်အတူအမှုထမ်းရွက်လျှင်၊ သို့တည်းမဟုတ် ရန်သူကို ကူပံ့လျှင်၊ သို့တည်းမဟုတ်

(ည) သုံ့ပန်းတဦးမဟုတ်သော ရန်သူတဦးကို သိလျက်နှင့်လက်သင့်ခံလျှင်၊ သို့တည်းမဟုတ် ကာကွယ်စောင့်ရှောက်လျှင်၊ သို့တည်းမဟုတ်

(ဋ) စစ်ဖြစ်စဉ်၊ သို့တည်းမဟုတ် တပ်လန့်နေစဉ်၊ ကင်းစောင့်နေရသောအခါဖြစ်စေ၊ ရေယာဉ်ပေါ်တွင် စောင့်ကြည့်နေရသောအခါဖြစ်စေ၊ တာဝန်ကျနေရာတွင်အိပ်ပျော်နေလျှင်၊ သို့တည်းမဟုတ် မူးယစ်နေလျှင်၊ သို့တည်းမဟုတ်

(ဌ) တပ်မတော်ရှိတပ်ဖွဲ့များ၏၊ သို့တည်းမဟုတ် ထိုတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသည့်တပ်ဖွဲ့ တခုခု၏၊ သို့တည်းမဟုတ် အဆိုပါတပ်ဖွဲ့များရှိ အစိတ်အပိုင်းတခုခု၏ အောင်မြင်မှုကို အန္တရာယ်ဖြစ်စေ ရန်ရည်စူးလျက်၊ မည်သည့်ပြုလုပ်မှုကိုမဆို သိလျက်နှင့်ပြုလျှင်၊ သို့တည်းမဟုတ်

(ဍ) မဟုတ်မမှန်သော လေကြောင်းအချက်ပြတခုခုကို သစ္စာမဲ့စွာအသုံးပြုလျှင်၊ သို့တည်းမဟုတ် လေကြောင်းအချက်ပြတခုခုကို ပြောင်းလဲလျှင်၊ သို့တည်းမဟုတ် နှောင့်ရှက်လျှင်၊ သို့တည်းမဟုတ်

(ဎ) စစ်ဆင်ရေးတခုခုကိုပြုလုပ်ရန် မိမိ၏အထက်အရာရှိက အမိန့်ပေးသည့်အခါဖြစ်စေ၊ အခြား တနည်းနည်းဖြင့် အမိန့်များရရှိပြီးသည့်အခါဖြစ်စေ၊ ထိုအမိန့်များကိုပြီးမြောက်အောင် ဆောင်ရွက်ရေး အတွက် မိမိတတ်စွမ်းသမျှ ကြိုးစားအားထုတ်ရန်သစ္စာမဲ့စွာ၊ သို့တည်းမဟုတ် ရှက်ဘွယ်ကောင်းစွာ ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(ဏ) တပ်မတော်၏ မည်သည့်စစ်သည်စုများ၊ တိုက်ပွဲဝင်စစ်မှုထမ်းများ၊ ရေယာဉ်များ၊ သို့တည်းမဟုတ် လေယာဉ်များကိုမဆို၊ သို့တည်းမဟုတ် ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်နေသော မည်သည့်တပ်ဖွဲ့များကိုမဆို၊ တိုက်ပွဲဖြစ်ပွါးနေသည့်အခါတွင်၊ ဖြစ်မြောက်နိုင်သမျှသော သက်သာစေမှု၊ ထောက်ပံ့ကူညီမှုများကို မပေးဘဲနေလျှင်၊ သို့တည်းမဟုတ်

(တ) တပ်မတော်ပိုင် မည်သည့်လေယာဉ်၊ ရေယာဉ်၊ တင့်ကား၊ အမြောက်၊ သို့တည်းမဟုတ် အခြားစစ်ပစ္စည်းကိုမဆို၊ ရန်သူကဖမ်းဆီးခြင်းဖြစ်စေ၊ ဖျက်ဆီးခြင်းဖြစ်စေ၊ ပြုနိုင်ရန် သစ္စာမဲ့စွာသော် ၎င်း၊ ရှက်ဘွယ်ကောင်းစွာသော်၎င်းပြုလျှင် စစ်တရားရုံးကပြစ်မှုထင်ရှား စီရင်သောအခါ၊ သေဒဏ်ဖြစ် စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့်လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ <ပြင်ဆင် 05.09.1960, 04.11.2010>

ရန်သူအတွက် သူလျှိုဖြစ်နေသည့်ပြင် သေဒဏ်ထိုက်သင့်သောပြစ်မှု။

၃၃။ ။ ရန်သူအတွက်သူလျှိုဖြစ်သူတဦးဦးသည်၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဖြစ်သည်ဟု မှတ်ယူရမည်။ ထို့ပြင် ထိုသူအား စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ထိုသူသည် သေဒဏ်ဖြစ် စေ၊ တကျွန်းပို့ဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည့်ပြင်၊ ငွေဒဏ်ချမှတ်ခြင်းလည်းခံရမည်။

ရန်သူနှင့်ပတ်သက်သည့်ပြင် သေဒဏ်မထိုက်သင့်သောပြစ်မှုများ။

၃၄။ ။ ဤအက်ဥပဒေကို လိုက်နာရသူ တဦးဦးသည်-

(က) ရှိသင့်သော ကြိုတင်စီမံမှုမရှိခြင်းကြောင့်သော်၎င်း၊ အမိန့်များကိုဖီဆန်ခြင်းကြောင့်သော်၎င်း၊ တာဝန်ဝတ်တရား တမင်ပေါ့လျော့ခြင်းကြောင့် သော်၎င်း၊ သုံ့ပန်းဖြစ်သွားလျှင်၊ သို့တည်းမဟုတ် သုံ့ပန်းဖြစ်သွားပြီးနောက်၊ တပ်မတော် သို့ပြန်၍လာနိုင်သည့်အခါတွင် ပြန်လာရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(ခ) ရှိသင့်သောအခွင့်အာဏာမရှိဘဲ၊ ရန်သူနှင့်စာပေးစာယူပြုလုပ်လျှင်၊ သို့တည်းမဟုတ် ရန်သူကို ဆက်သွယ်သတင်းပေးလျှင်၊ သို့တည်းမဟုတ် ယင်းသို့စာပေးစာယူပြုလုပ်ခြင်း တခုခုကိုသော်၎င်း၊ ဆက်သွယ်သတင်းပေးခြင်းတခုခုကိုသော်၎င်း၊ သိလျက်နှင့်မိမိ၏တပ်မှူးကိုဖြစ်စေ၊ အခြားအထက် အရာရှိကိုဖြစ်စေ၊ ချက်ခြင်းထုတ်ဖေါ်ပြောရန် တမင်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ် ပေါ့လျော့စွာ ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(ဂ) ရှိသင့်သော အခွင့်အာဏာမရှိဘဲ၊ ရန်သူထံစစ်ရပ်ဆိုင်းရေး အလံတခုကိုပို့လျှင်၊ သို့တည်းမဟုတ်

(ဃ) တပ်မတော်ပိုင် လေယာဉ်၊ ရေယာဉ်၊ တင့်ကား၊ အမြောက်၊ သို့တည်းမဟုတ် အခြားမည်သည့် ပစ္စည်းကိုမဆို၊ ရန်သူကဖမ်းဆီးခြင်းဖြစ်စေ၊ ဖျက်ဆီးခြင်းဖြစ်စေ၊ ပြုနိုင်ရန် ပေါ့လျော့စွာပြုလျှင်၊ သို့ တည်းမဟုတ်

(င) စစ်ဆင်ရေးတခုခုကိုပြုလုပ်ရန် မိမိ၏အထက်အရာရှိက အမိန့်ပေးသည့်အခါဖြစ်စေ၊ အခြားတနည်း နည်းဖြင့် အမိန့်များရရှိပြီးသည့်အခါဖြစ်စေ၊ ပေါ့လျော့ခြင်းကြောင့်၊ သို့တည်းမဟုတ် အခြားချွတ်ယွင်း ခြင်းကြောင့်၊ ထိုအမိန့်များကို ပြီးမြောက်အောင်ဆောင်ရွက်ရေးအတွက်၊ မိမိတတ်စွမ်းသမျှ ကြိုးစား အားထုတ်ရန်ပျက်ကွက်လျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တဆယ့်လေးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေ တွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ <ပြင်ဆင် 05.09.1960, 04.11.2010>

အခြားအချိန်များထက် တန်းပြည့်စစ်မှုထမ်းချိန်တွင် ပို၍ပြင်းထန်စွာပြစ်ဒဏ်ထိုက်သင့်သော ပြစ်မှုများ။

၃၅။ ။ဤအက်ဥပဒေကို လိုက်နာရသူ တဦးဦးသည်-

(က) အစောင့်အကြပ်အား အနိုင်အထက်ပြုမှုပြုလျှင်၊ သို့တည်းမဟုတ် ကင်းစောင့်တဦးအား၊ အနိုင် အထက်ပြုမှုပြုလျှင်၊ သို့တည်းမဟုတ် ကင်းစောင့်တဦးအား၊ ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှု ပြုလျှင်၊ သို့တည်းမဟုတ်

(ခ) ပစ္စည်းလုယက်ယူရန် မည်သည့်အိမ်၊ သို့တည်းမဟုတ် နေရာကိုမဆိုဖေါက်ထွင်းလျှင်၊ သို့တည်း မဟုတ်

(ဂ) ကင်းစောင့်နေရသောအခါဖြစ်စေ၊ ရေယာဉ်ပေါ်တွင်စောင့်ကြည့်နေရသောအခါဖြစ်စေ၊ မိမိ၏တာဝန် ကျနေရာတွင် အိပ်ပျော်နေလျှင်၊ သို့တည်းမဟုတ် မူးယစ်နေလျှင်၊ သို့တည်းမဟုတ်

(ဃ) ကင်းစောင့်နေရသောအခါဖြစ်စေ၊ အစောင့်ကျနေသောအခါဖြစ်စေ၊ မိမိအားစောင့်ရှောက်ရန် တာဝန်ပေးထားသော မည်သည့်ပစ္စည်းကိုမဆို လုယက်ယူလျှင်၊ သို့တည်းမဟုတ် တမင်ဖျက်ဆီးလျှင်၊ သို့တည်းမဟုတ် ပျက်စီးစေလျှင်၊ သို့တည်းမဟုတ်

(င) မိမိ၏အထက်အရာရှိထံမှ အမိန့်များမရရှိဘဲ၊ မိမိ၏ကင်း၊ စောင့်ကင်း၊ လှည့်ကင်း၊ သို့တည်း မဟုတ် တာဝန်ကျနေရာကိုစွန့်ခွါသွားလျှင်၊ သို့တည်းမဟုတ်

(စ) တိုက်ပွဲ၊ စစ်စခန်း၊ မြို့စောင့်တပ်စခန်း၊ နေထိုင်ရာနေရာ၊ တပ်၊ နေရာ၊ လေယာဉ် သို့တည်းမဟုတ် ရေယာဉ်တွင် မဟုတ်မမှန်သော တပ်လန့်မှုကိုဖြစ်စေလျှင်၊ သို့တည်းမဟုတ် တပ်လန့်မှုကိုသော်၎င်း၊ စိတ်ဓါတ်ကျဆင်းမှုကိုသော်၎င်း၊ ဖန်တီးစေရန်ရည်စူးလျက် သတင်းများလွှင့်လျှင်၊ သို့တည်းမဟုတ်

(ဆ) စကားဝှက်ကိုဖြစ်စေ၊ တုံ့ပြန်စကားဝှက်ကိုဖြစ်စေ၊ တုံ့ပြန်အချက်ပြကိုဖြစ်စေ၊ သိပိုင်ခွင့်မရှိသော သူတဦးဦးအားသိစေလျှင်၊ သို့တည်းမဟုတ် မိမိရရှိထားသည့်အတိုင်းမဟုတ်ဘဲ ကွဲလွဲသောစကားဝှက် တခုကိုဖြစ်စေ၊ တုံ့ပြန်စကားဝှက်တခုကိုဖြစ်စေ၊ တုံ့ပြန်အချက်ပြတခုကိုဖြစ်စေ၊ သိလျက်နှင့်ပေးလျှင်၊ သို့တည်းမဟုတ်

(ဇ) ရှိသင့်သော အခွင့်အာဏာမရှိဘဲ၊ လေကြောင်းအချက်ပြ သို့တည်းမဟုတ် ရေကြောင်းအချက်ပြတခုခုကို ပြောင်းလဲလျှင်၊ သို့တည်းမဟုတ် နှောင့်ရှက်လျှင်၊

တန်းပြည့်စစ်မှုထမ်းချိန်တွင်ကျူးလွန်ပါက၊ စစ်တရားရုံးကပြစ်မှုထင်ရှားစီရင်သောအခါ၊ တဆယ့်လေး နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေ ရမည်။ တန်းပြည့်စစ်မှုထမ်းချိန်မဟုတ်သည့်အချိန်တွင်ကျူးလွန်ပါက၊ စစ်တရားရုံးက ပြစ်မှုထင်ရှား စီရင်သောအခါ၊ ခုနှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ် ဖြစ်စေ၊ ထိုက်သင့်စေရမည်။ <ပြင်ဆင် 04.11.2010>

စစ်ပုန်ကန်မှု။

၃၆။ ။ဤအက်ဥပဒေကို လိုက်နာရသူ တဦးဦးသည်-

(က) တပ်မတော်တွင်သော်၎င်း၊ တပ်မတော်နှင့်ပူးပေါင်းဆောင်ရွက်နေသော တပ်ဖွဲ့တခုခုတွင်သော် ၎င်း၊ စစ်ပုန်ကန်မှုတခုခု စတင်ပြုလုပ်လျှင်၊ လှုံ့ဆော်လျှင်၊ ဖြစ်ပွါးစေလျှင် သို့တည်းမဟုတ် မည်သူနှင့်မဆိုပူးပေါင်းကြံစည်လျှင်၊ သို့တည်းမဟုတ်

(ခ) အဆိုပါစစ်ပုံကန်မှုတခုခုတွင်ပါဝင်လျှင်၊ သို့တည်းမဟုတ်

(ဂ) အဆိုပါစစ်ပုန်ကန်မှုတခုခုဖြစ်ပွါးရာတွင် ရှိနေလျက်နှင့် ထိုစစ်ပုန်ကန်မှုကိုနှိမ်နင်းရန် မိမိ၏ တတ်စွမ်းသမျှ ကြိုးစားအားထုတ်မှုကိုမပြုဘဲနေလျှင်၊ သို့တည်းမဟုတ်

(ဃ) အဆိုပါစစ်ပုန်ကန်မှု တခုခုရှိကြောင်းကိုသော်၎င်း၊ စစ်ပုန်ကန်မှုပြုရန်ကြံရွယ်ချက် တခုခုရှိ ကြောင်းကိုသော်၎င်း၊ ထိုပူးပေါင်းကြံစည်မှု တခုခုရှိကြောင်းကိုသော်၎င်း၊ သိလျက်နှင့်ဖြစ်စေ၊ ယုံကြည် ရန် အကြောင်းရှိလျက်နှင့်ဖြစ်စေ၊ မိမိ၏တပ်မှူးအား၊ သို့တည်းမဟုတ် အခြားအထက်အရာရှိအား ကြန့်ကြာမှုမရှိစေဘဲ သတင်းမပေးဘဲနေလျှင်၊ သို့တည်းမဟုတ်

(င) တပ်မတော်ဝင်တဦးဦးကို တာဝန်ဝတ်တရားမဆောင်ရွက်စေခြင်းငှါသော်၎င်း၊ နိုင်ငံတော်၏သစ္စာ တော်ကို ဖေါက်ဖျက်စေခြင်းငှါသော်၎င်း၊ သွေးဆောင်ရန်ကြိုးစားအားထုတ်လျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ သေဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ <ပြင်ဆင် 05.09.1960>

စစ်ပြေးမှုနှင့် စစ်ပြေးမှုကိုကူပံ့မှု။

၃၇။ ။ (၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ တန်းပြည့်စစ်မှုထမ်းချိန်တွင်ဖြစ်စေ၊ တန်းပြည့် စစ်မှုထမ်းရန်အမိန့်ရရှိပြီး ဖြစ်သည့်အချိန်တွင်ဖြစ်စေ၊ စစ်ပြေးမှုကျုးလွန်လျှင်၊ သို့တည်းမဟုတ် စစ်ပြေး မှုကျူးလွန်ရန် အားထုတ်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ သေဒဏ်ဖြစ်စေ၊ ဤ အက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ ထို့ပြင် ထိုသူသည်၊ ဆိုခဲ့သည့်အချိန်မဟုတ်သည့် အခြားအချိန်တွင် စစ်ပြေးမှုကျူးလွန်လျှင်၊ သို့တည်းမဟုတ် စစ်ပြေးမှု ကျူးလွန်ရန်အားထုတ်လျှင်၊ စစ်တရားရုံးကပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနှစ်နှစ်ထိထောင်ဒဏ်ဖြစ် စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

(၂) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ အဆိုပါစစ်ပြေးတဦးဦးအား သိလျက်နှင့်လက်သင့်ခံ လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ ထိုက်သင့်စေရမည်။

(၃) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ ဤအက်ဥပဒေကို လိုက်နာရသူတဦး စစ်ပြေးမှု ကျူးလွန်ကြောင်းကိုသော်၎င်း၊ စစ်ပြေးမှုကျူးလွန်ရန် အားထုတ်ကြောင်းကိုသော်၎င်း၊ သိလျက်နှင့် မိမိ၏ အထက်အရာရှိအားဖြစ်စေ၊ အခြားအထက်အရာရှိအားဖြစ်စေ၊ ချက်ခြင်းမတိုင်ကြားဘဲနေလျှင်၊ သို့တည်းမဟုတ် ထိုသူကို ဖမ်းဆီးရမိရန်အလို့ငှါ၊ မိမိဆောင်ရွက်နိုင်စွမ်းရှိသည့် ဆောင်ရွက်မှုတခုခုကို မဆောင်ရွက်ဘဲ နေလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ နှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ <ပြင်ဆင် 05.09.1960>

ခွင့်မဲ့ပျက်ကွက်မှု။

၃၈။ ။ ဤအက်ဥပဒေကို လိုက်နာရသူ တဦးဦးသည်-

(က) ခွင့်မဲ့ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(ခ) လုံလောက်သောအကြောင်းမရှိဘဲ၊ မိမိအားပေးသောခွင့်ရက်ထက်ပို၍နေလျှင်၊ သို့တည်းမဟုတ်

(ဂ) ခွင့်ရက်နှင့်နေစဉ်၊ မိမိပါဝင်သည့်တပ်၊ ခွဲထုတ်တပ်၊ ရေယာဉ်၊ သို့တည်းမဟုတ် ဌာနတခုခုအား တန်းပြည့်စစ်မှုထမ်းရန်အတွက် အမိန့်ပေးထားကြောင်းကို ဆိုင်ရာအာဏာပိုင်ထံမှ အကြောင်းကြားချက် ရရှိလျက်နှင့် လုံလောက်သောအကြောင်းမရှိဘဲ၊ ထို့ပြင် ကြန့်ကြာမှုမရှိဘဲ ပြန်လာရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(ဃ) ချိန်းဆိုထားသောအချိန်တွင် စစ်ရေးပြရာသို့သော်၎င်း၊ လေ့ကျင့်ခဏ်းအတွက်ဖြစ်စေ၊ တာဝန် ဝတ်တရားအတွက်ဖြစ်စေ၊ ချိန်းဆိုထားသောအချိန်တွင် ချိန်းဆိုထားသောနေရာသို့သော်၎င်း၊ လုံလောက် သောအကြောင်းမရှိဘဲ လာရောက်ရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(င) စစ်ရေးပြနေစဉ်ဖြစ်စေ၊ စစ်ချီတက်နေစဉ်ဖြစ်စေ၊ လုံလောက်သောအကြောင်းမရှိဘဲသော်၎င်း၊ မိမိ၏အထက်အရာရှိထံမှ ခွင့်မရရှိဘဲသော်၎င်း၊ ထိုစစ်ရေးပြခြင်း၊ သို့တည်းမဟုတ် ထိုစစ်ချီတက်ခြင်းမှ ထွက်ခွါလျှင်၊ သို့တည်းမဟုတ်

(စ) စစ်စခန်း၊ မြို့စောင့်တပ်စခန်း၊ သို့တည်းမဟုတ် မည်သည့်နေရာတွင်မဆိုရှိနေစဉ်၊ မိမိ၏ အထက် အရာရှိထံမှ ခွင့်ပြုလက်မှတ်ကိုသော်၎င်း၊ ခွင့်စာကိုသော်၎င်းမရရှိဘဲ၊ ယေဘုယျအမိန့်၊ ဒေသန္တရအမိန့်၊ သို့တည်းမဟုတ် အခြားအမိန့်တခုခု၊ အရပိုင်းခြားထားသည့် နယ်နိမိတ်အပ၌ဖြစ်စေ၊ တားမြစ်ထားသော နေရာတခုခု၌ဖြစ်စေ၊ တွေ့ရှိရလျှင်၊ သို့တည်းမဟုတ်

(ဆ) မည်သည့်ကျောင်း၊ သို့တည်းမဟုတ် သင်ကြားရာနေရာသို့မဆို တက်ရောက်ရန် နည်းလမ်းတကျ အမိန့်ပေးထားသောအခါ၊ မိမိ၏အထက်အရာရှိထံမှ ခွင့်မရရှိဘဲသော်၎င်း၊ လုံလောက်သောအကြောင်း မရှိဘဲသော်၎င်း၊ မတက်ရောက်ဘဲနေလျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ သုံးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ <ပြင်ဆင် 04.11.2010>

အထက်အရာရှိများအားရိုက်ပုတ်မှု၊ သို့တည်းမဟုတ် ခြိမ်းချောက်မှု။

၃၉။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ အထက်အရာရှိတဦးအား၊ အထက်အရာရှိဖြစ် ကြောင်း သိလျက်နှင့်ဖြစ်စေ၊ ယုံကြည်ရန်အကြောင်းရှိလျက်နှင့်ဖြစ်စေ၊ တန်းပြည့်စစ်မှုထမ်းချိန်တွင်၊ သို့တည်းမဟုတ် ထိုအထက်အရာရှိ တာဝန်ဝတ်တရားထမ်းဆောင်နေသည့်အချိန်တွင်၊ ရာဇဝတ်မကင်း သော၊ အနိုင်အထက်ပြုမှုကိုပြုလျှင်၊ သို့တည်းမဟုတ် လက်ရောက်မှုကျူးလွန်လျှင်၊ သို့တည်းမဟုတ် ခြိမ်းချောက်သောစကားပြောဆိုလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တဆယ့်လေးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရ မည်။ ထို့ပြင် ထိုသူသည်၊ အဆိုပါအထက်အရာရှိအား၊ တန်းပြည့်စစ်မှုထမ်းချိန်မဟုတ်သည့် အခြား အချိန်တွင်၊ သို့တည်းမဟုတ် တာဝန်ဝတ်တရားထမ်းဆောင်နေသည့် အချိန်မဟုတ်သည့် အခြားအချိန် တွင်၊ ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကိုပြုလျှင်၊ သို့တည်းမဟုတ် လက်ရောက်မှုကျူးလွန်လျှင်၊ သို့တည်းမဟုတ် ခြိမ်းချောက်သောစကားပြောဆိုလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက် သင့်စေရမည်။ ထို့ပြင်ထိုသူသည်၊ ဆိုခဲ့သည့်မည်သည့်အချိန်တွင်မဆို၊ အဆိုပါအထက်အရာရှိအား၊ စည်း ကမ်းဖီဆန်သော စကားပြောဆိုလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ငါးနှစ်ထိထောင် ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

အထက်အရာရှိကို ဖီဆန်မှု။

၄၀။ ။ (၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ မိမိ၏အထက်အရာရှိက ၎င်း၏တာဝန် ဝတ်တရားထမ်းဆောင်ရာ၌ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ကြေးနန်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ် စေ၊ ကိုယ်တိုင်ပေးသည့်၊ တရားဥပဒေနှင့်ညီသော အမိန့်တခုခုကို အာဏာတမင်ဖီဆန်ရာရောက်သော အမူအရာနှင့်ဖီဆန်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တဆယ့်လေးနှစ်အထိထောင် ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

(၂) ဤအက်ဥပဒေကို လိုက်နာသူတဦးဦးသည်၊ တန်းပြည့်စစ်မှုထမ်းချိန်တွင် မိမိ၏ အထက်အရာရှိက ပေးသည့် ဥပဒေနှင့်ညီသောအမိန့်တခုခုကိုဖီဆန်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တဆယ့်လေးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ ထို့ပြင် ထိုသူသည်၊ အဆိုပါပြစ်မှုကို တန်းပြည့်စစ်မှုထမ်းချိန် မဟုတ်သည့်အချိန် တွင် ကျူးလွန်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ငါးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

စည်းကမ်းဖီဆန်မှုနှင့် ဟန့်တားမှု။

၄၁။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) မည်သည့်ခိုက်ရန်ဖြစ်မှု၊ သတ်ပုတ်နှောင့်ရှက်မှု၊ သို့တည်းမဟုတ် ဗရုန်းသုံးကားဖြစ်မှုတွင်မဆို ပါဝင်နေလျက်နှင့် မိမိအောက်အဆင့်ပင်နိမ့်သော်လည်း မိမိအားဖမ်းဆီးခံရန် အမိန့်ပေးသောအရာရှိ တဦးဦးအား နာခံရန်ငြင်းပယ်လျှင်၊ သို့တည်းမဟုတ် ထိုအရာရှိအား ရာဇဝတ်မကင်းသော အနိုင် အထက်ပြုမှုကိုပြုလျှင်၊ သို့တည်းမဟုတ် လက်ရောက်မှုကျူးလွန်လျှင်၊ သို့တည်းမဟုတ်

(ခ) မိမိအား ဥပဒေနှင့်အညီ တဦးတယောက်သောသူ၏ လက်အောက်တွင်ချုပ်ထားရာ၌ ထိုသူသည်၊ ဤအက်ဥပဒေကို လိုက်နာရသူဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ထို့ပြင် မိမိ၏အထက်အရာရှိ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ထိုသူအား ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကိုပြုလျှင်၊ သို့တည်းမဟုတ် လက်ရောက်မှုကျူးလွန်လျှင်၊ သို့တည်းမဟုတ်

(ဂ) မိမိအားဖမ်းဆီးရန်သော်၎င်း၊ စောင့်ထိန်းရန်သော်၎င်း၊ တာဝန်ဝတ်တရားရှိသော အစောင့်အကြပ် တဦးအားခုခံလျှင်၊ သို့တည်းမဟုတ်

(ဃ) စစ်တန်းလျား၊ စစ်စခန်း၊ သို့တည်းမဟုတ် နေထိုင်ရန်နေရာမှ ခွင့်မဲ့ထွက်ခွါလျှင်၊ သို့တည်းမဟုတ်

(င) ယေဘုယျအမိန့်၊ ဒေသန္တရအမိန့်၊ သို့တည်းမဟုတ် အခြားအမိန့်တခုခုကို နာခံရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(စ) တပ်ထိန်းချုပ်ကိုသော်၎င်း၊ တပ်ထိန်းချုပ်၏ကိုယ်စား တရားဥပဒေအရ၊ ဆောင်ရွက်နေသော သူတဦးဦးကိုသော်၎င်း၊ ဟန့်တားလျှင်၊ သို့တည်းမဟုတ် တပ်ထိန်းချုပ်ကဖြစ်စေ၊ တပ်ထိန်းချုပ်၏ ကိုယ်စား တရားဥပဒေအရဆောင်ရွက်နေသော သူတဦးဦးကဖြစ်စေ၊ တာဝန်ဝတ်တရား၊ ထမ်းဆောင် ရာ၌ အကူအညီတောင်းဆိုသောအခါ၊ ကူညီရန်ငြင်းပယ်လျှင်၊ သို့တည်းမဟုတ်

(ဆ) တပ်ဖွဲ့များသို့ စားနပ်ရိက္ခာများဖြစ်စေ၊ ထောက်ပံ့ပစ္စည်းများဖြစ်စေ၊ ယူဆောင်လာသူတဦးဦးအား ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကိုပြုလျှင်၊ သို့တည်းမဟုတ် လက်ရောက်မှုကျူးလွန်လျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ အပိုဒ်(ဃ)နှင့်(င)တွင် သီးခြားဖေါ်ပြထားသော ပြစ်မှုများ ဖြစ်ပါက နှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထို့ပြင် အခြားအပိုဒ်များတွင် သီးခြားဖေါ်ပြထားသောပြစ်မှုများဖြစ်ပါက၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

လိမ်လည်လှည့်ဖျား၍ စစ်မှုထမ်းအဖြစ် စာရင်းသွင်းမှု။

၄၂။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) မိမိပါဝင်သောတပ်မှထွက်ခွင့်ကို နည်းလမ်းတကျ ရှေးဦးစွာမရယူခဲ့ဘဲ၊ ထိုတပ်တွင်သော်၎င်း၊ အခြားတပ်တခုခုတွင်သော်၎င်း၊ မြန်မာနိုင်ငံပြည်စောင့်တပ်အက်ဥပဒေ (The Burma Territorial Force Act) အရ ဖွဲ့စည်းထားသော တပ်တခုခုတွင်သော်၎င်း၊ စစ်မှုထမ်းအဖြစ် စာရင်းသွင်းလျှင်၊ သို့တည်းမဟုတ်

(ခ) တဦးတယောက်သောသူကို၊ ထိုသူစစ်ပြေးတဦးဖြစ်သည်ကို သိလျက်နှင့်ဖြစ်စေ ယုံကြည်ရန် အ ကြောင်းရှိလျက်နှင့်ဖြစ်စေ၊ စစ်မှုထမ်းအဖြစ် စာရင်းသွင်းရန်ဆောင်ရွက်ပေးလျှင်၊ သို့တည်းမဟုတ် ဆောင်ရွက်ပေးရန်အားထုတ်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ငါးနှစ်ထိထောင်ဒဏ် ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

စစ်မှုထမ်းအဖြစ် စာရင်းသွင်းရာ၌ မဟုတ်မမှန်ဖြေဆိုမှု။

၄၃။ ။ ဤအက်ဥပဒေကို လိုက်နာရပြီးဖြစ်သူတဦးဦးသည်၊ စစ်မှုထမ်းအဖြစ် စာရင်းသွင်းရန် စစ်မှုထမ်း အဖြစ် စာရင်းသွင်းရေးအရာရှိ၏ မျက်မှောက်သို့ရောက်ရှိသည့်အခါ၊ စစ်မှုထမ်းအဖြစ် စာရင်းသွင်းရန် သတ်မှတ်ထားသည့်ပုံစံတွင် ဖေါ်ပြထားသောမေးခွန်းတခုခုကို၊ မိမိအားထိုအရာရှိကမေးမြန်းရာ၌ မဟုတ်မမှန်သည့်အဖြေတရပ်ရပ်ကို၊ စစ်မှုထမ်းအဖြစ် စာရင်းသွင်းသည့်အချိန်တွင် တမင်ပေးခဲ့သည်ဟု တွေ့ရှိလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ငါးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေ တွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

မလျော်သော အပြုအမူပြုမှု။

၄၄။ ။အရာရှိတဦးဦး၊ သို့တည်းမဟုတ် အရာခံဗိုလ်တဦးဦးသည်၊ မိမိ၏ အဆင့်အတန်းနှင့်မလျော်သည့် ပြင် မိမိတွင်ရှိထိုက်သော အကျင့်စာရိတ္တနှင့်မလျော်သော နည်းအတိုင်းပြုမူလျှင်၊ စစ်တရားရုံးက ပြစ်မှု ထင်ရှား စီရင်သောအခါ-

ထိုသူမှာ အရာရှိတဦးဖြစ်ပါက ရှုတ်ချ၍ အမြဲတမ်းထုတ်ပစ်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊

ထိုသူမှာ အရာခံဗိုလ်တဦးဖြစ်ပါက အမြဲတမ်းထုတ်ပစ်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

ရှက်ဘွယ်ကောင်းသော အပြုအမူပြုမှု။

၄၅။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) ရက်စက်သော၊ သိက္ခာမဲ့သော၊ သို့တည်းမဟုတ် ဓမ္မတာနှင့်ဆန့်ကျင်သော အမျိုးအစားတခုဖြစ် သည့် ရှက်ဘွယ်ကောင်းသော၊ အပြုအမူတခုခုကိုပြုလျှင်၊ သို့တည်းမဟုတ်

(ခ) တာဝန်ဝတ်တရားလွှဲရှောင်ရန် မကျန်းမာဟန်ဆောင်လျှင်၊ သို့တည်းမဟုတ် မိမိကိုယ်တွင် အနာ ရောဂါသော်၎င်း၊ ချည့်နဲ့ခြင်းသော်၎င်း၊ ဖြစ်ပေါ်ဟန်ဆောင်လျှင်၊ သို့တည်းမဟုတ် ဖြစ်ပေါ်စေလျှင်၊ သို့တည်းမဟုတ် မိမိ၏ပျောက်ကင်းမှုကို တမင်ကြန့်ကြာစေလျှင်၊ သို့တည်းမဟုတ် မိမိ၏အနာရောဂါကို သော်၎င်း၊ ချည့်နဲ့ခြင်းသော်၎င်း၊ တမင်တိုးစေလျှင်၊ သို့တည်းမဟုတ်

(ဂ) မိမိကိုယ်တိုင်သော်၎င်း၊ အခြားသူသော်၎င်း၊ စစ်မှုထမ်းခြင်းအတွက် မသင့်တော်စေရန် အကြံဖြင့် မိမိအလိုအလျောက် မိမိကိုယ်ကိုဖြစ်စေ၊ ထိုသူကိုဖြစ်စေ နာကျင်စေလျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြ ထားသည့်လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

လက်အောက်ခံ စစ်မှုထမ်းတဦးကို ညှဉ်းပန်းနှိပ်စက်မှု။

၄၆။ ။ဤအက်ဥပဒေကို လိုက်နာရသူ တဦးဦးသည်၊ အဆင့်အားဖြင့်သော်၎င်း၊ ရာထူးအားဖြင့်သော်၎င်း၊ မိမိ၏ လက်အောက်ခံဖြစ်သော စစ်ဘက်ဥပဒေကို လိုက်နာရသူတဦးဦးအား ရိုက်ပုတ်လျှင်၊ သို့တည်း မဟုတ် အခြားနည်းဖြင့် ညှဉ်းပန်းနှိပ်စက်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနစ်နှစ် ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရ မည်။

မူးယစ်မှု။

၄၇။ ။ (၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ တာဝန်ဝတ်တရားဆောင်ရွက်နေသည့် အခါဖြစ်စေ၊ မဆောင်ရွက်နေသည့်အခါဖြစ်စေ၊ မူးယစ်နေလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သော အခါ ထိုသူမှာ အရာရှိတဦးဖြစ်ပါက ရှုတ်ချ၍ အမြဲတမ်းထုတ်ပစ်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုသူမှာ အရာရှိတဦးမဟုတ်ပါက၊ ပုဒ်မခွဲ (၂) ရှိ ပြဋ္ဌာန်း ချက်များနှင့် မဆန့်ကျင်စေဘဲ၊ နှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

(၂) တန်းပြည့်စစ်မှုထမ်းချိန်မဟုတ်သည့်အခါသော်၎င်း၊ တာဝန်ဝတ်တရားမဆောင်ရွက်နေသည့် အခါ သော်၎င်း၊ အရာရှိမှတပါး၊ အခြားသူတဦးသည်၊ မူးယစ်မှုတခုကို ကျူးလွန်ပါက၊ ထိုသူအား ချမှတ်သည့် ထောင်ဒဏ်သည်၊ ခြောက်လထက် မပိုစေရ။

ရှင်းလင်းချက်။ ။ သေရည်သေရက်တခုတည်း၏၊ သို့တည်းမဟုတ် ဆေးဘက်ဝင်ဝတ္ထုတခုတည်း၏ အာနိသင်ကြောင့်ဖြစ်စေ၊ သေရည်သေရက်၏၊ သို့တည်းမဟုတ် ဆေးဘက်ဝင်ဝတ္ထု၏ အာနိသင်နှင့် အခြားပတ်ဝန်းကျင်ကြောင်းချင်းရာ တခုခုပေါင်းစပ်ခြင်းကြောင့်ဖြစ်စေ၊ မိမိ၏တာဝန် ဝတ်တရားကိုသော်၎င်း၊ မိမိအားပေးအပ်တန်ရာသည့် တာဝန်ဝတ်တရား တခုခုကိုသော်၎င်း၊ ပေးအပ်ရန်အတွက် တဦးတယောက်သောသူသည်၊ မသင့်မတော်ဖြစ်လျှင်၊ သို့တည်းမဟုတ် ဣန္ဒြေသိက္ခာမဲ့သော နည်းဖြင့်သော်၎င်း၊ တပ်မတော်၏ဂုဏ်ကို ထိခိုက်နစ်နာစေတန်ရာသည့် နည်းတမျိုးမျိုး ဖြင့်သော်၎င်း၊ တဦးတယောက်သောသူသည်ပြုမူလျှင်၊ ဤပြစ်မှုပါ ကိစ္စများအလို့ငှါ၊ ထိုသူ၌ မူးယစ်မှုအတွက် အပြစ်ရှိသည်။ <ပြင်ဆင် 05.09.1960, 05.10.1961>

အချုပ်နှင့်ထားသူ လွတ်ပြေးမှု။

၄၈။ ။ ဤအက်ဥပဒေလိုက်နာသူ တဦးဦးသည်-

(က) ကင်း၊ စောင့်ကင်း၊ လှည့်ကင်း၊ သို့တည်းမဟုတ် တာဝန်ကျနေရာတခုကို ကွပ်ကဲနေသောအခါ၊ တမင်ဖြစ်စေ၊ ယုတ္တိတန်သော အကြောင်းမရှိဘဲနှင့်ဖြစ်စေ၊ မိမိစောင့်ထိန်းရန်လွှဲအပ်ထားသူ တဦးဦးကို ဆိုင်ရာအခွင့်အာဏာမရရှိဘဲလွှတ်ပစ်လျှင်၊ သို့တည်းမဟုတ် မိမိထံနည်းလမ်းတကျ လွှဲအပ်သောသူ တဦးဦးကိုဖြစ်စေ၊ အကျဉ်းသားတဦးဦးကိုဖြစ်စေ လက်ခံရန်ငြင်းပယ်လျှင်၊ သို့တည်းမဟုတ်

(ခ) မိမိအားစောင့်ထိန်းရန်လွှဲအပ်ထားသော၊ သို့တည်းမဟုတ် မိမိစောင့်ထိန်းရန်တာဝန်သော်၎င်း၊ စောင့်ကြပ်ရန်တာဝန်သော်၎င်း၊ ရှိသောသူတဦးဦးအား တမင်ဖြစ်စေ၊ ယုတ္တိတန်သော အကြောင်းမရှိဘဲနှင့်ဖြစ်စေ၊ လွတ်ပြေးစေလျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တမင်ပြုသောပြုမှုဖြစ်ပါက တဆယ့်လေးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေတမင်ပြုသော ပြုမှုမဟုတ်ပါက နှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ <ပြင်ဆင် 05.09.1960>

၄၈-က။ ဤအက်ဥပဒေကို လိုက်နာရသူတစ်ဦးဦးသည်-

(က) မိမိအားစောင့်ထိန်းရန်လွှဲအပ်ထားသော သို့မဟုတ် မိမိက စောင့်ထိန်းရန် သို့မဟုတ် စောင့်ကြပ်ရန် တာဝန်ရှိသော ပြစ်ဒဏ်ကျအကျဉ်းသား သို့မဟုတ် ဥပဒေအရ ချုပ်နှောင်ထားသော အချုပ်သားကို အခြားသူတစ်ဦးနှင့် လူစားထိုးလဲလှယ်လျှင် သို့မဟုတ်

(ခ) ယင်းသို့ လူစားထိုးလဲလှယ်ခြင်းကို ခွင့်ပြုလျှင် သို့မဟုတ် လက်သင့်ခံလျှင်စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ တစ်ဆယ့်လေးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖော်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ ထိုက်သင့်စေရမည်။ <ပြင်ဆင် 04.11.2010>

ပြစ်မှု ၄၉ - ၆၃

[ပြင်ဆင်ရန်]

ဖမ်းဆီးခြင်း၊ သို့တည်းမဟုတ် ချုပ်နှောင်ထားခြင်းနှင့်စပ်လျဉ်း၍ နည်းလမ်းမကျမှု။

၄၉။ ။ ဤအက်ဥပဒေကို လိုက်နာရသူ တဦးဦးသည်-

(က) စစ်ဆေးစီရင်ခြင်းမပြုဘဲ၊ တဦးတယောက်သောသူအား အကြောင်းမဲ့ဖမ်းဆီးထားလျှင်၊ သို့တည်း မဟုတ် ချုပ်နှောင်ထားလျှင်၊ သို့တည်းမဟုတ် ထိုသူ၏အမှုကိုစုံစမ်းစစ်ဆေးရန်အတွက် ဆိုင်ရာအာဏာ ပိုင်ထံတင်ပြရန် ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(ခ) တဦးတယောက်သောသူအား၊ စစ်ဘက်အချုပ်သို့လွှဲအပ်ပြီးသည့်နောက် ဖမ်းဆီးခြင်းခံရသူအား ချုပ်ထားရန် လွှဲအပ်ခြင်းခံရသော အရာရှိကိုဖြစ်စေ၊ အခြားသူကိုဖြစ်စေ၊ ထိုသို့လွှဲအပ်ချိန်တွင်သော်၎င်း၊ ဆောလျင်နိုင်သမျှ ဆောလျင်စွာသော်၎င်း၊ မည်သည့်နည်းနှင့်မဆို၊ ထိုသို့လွှဲအပ်ပြီးသည့်နောက် နှစ်ဆယ့် လေးနာရီအတွင်း ယင်းသို့အချုပ်ခံရသူအပေါ် စွဲဆိုထားသောပြစ်မှု၏ အကြောင်းအရာကို ရေးသားပြီး၊ မိမိကိုယ်တိုင်လက်မှတ်ရေးထိုး၍ ပေးအပ်ရန်ယုတ္တိတန်သော အကြောင်းမရှိဘဲ၊ ပျက်ကွက်လျှင်၊ စစ် တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ နှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထား သည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ <ပြင်ဆင် 05.09.1960>

အချုပ်မှထွက်ပြေးမှု။

၅၀။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ မိမိအားတရားဥပဒေအရ ချုပ်ထားရာမှထွက်ပြေး လျှင်၊ သို့တည်းမဟုတ် ထွက်ပြေးရန်အားထုတ်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ငါးနှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက် သင့်စေရမည်။

ပစ္စည်းနှင့်စပ်လျဉ်းသည့် ပြစ်မှုများ။

၅၁။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) ပြည်ထောင်စုနိုင်ငံ အစိုးရပိုင်သော၊ သို့တည်းမဟုတ် ပြည်နယ်အစိုးရပိုင်သော၊ သို့တည်းမဟုတ် စစ်ဘက်ရိပ်သာ၊ တီးဝိုင်း၊ သို့တည်းမဟုတ် အဖွဲ့အစည်းတခုခုပိုင်သော၊ သို့တည်းမဟုတ် စစ်ဘက်ဥပဒေ ကို လိုက်နာရသူတဦးဦးပိုင်သောပစ္စည်းတခုခုကို ခိုးယူလျှင်၊ သို့တည်းမဟုတ်

(ခ) အဆိုပါပစ္စည်းတခုခုကို၊ မရိုးမဖြောင့်သောသဘောဖြင့် အလွဲသုံးစားပြုလျှင်၊ သို့တည်းမဟုတ် မိမိ၏ပစ္စည်းအဖြစ်သို့ ပြောင်းလွှဲခြင်းပြုလျှင်၊ သို့တည်းမဟုတ်

(ဂ) အဆိုပါပစ္စည်းတခုခုနှင့်စပ်လျဉ်း၍၊ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖေါက်ဖျက်မှုကိုကျူး လွန်လျှင်၊ သို့တည်းမဟုတ်

(ဃ) အပိုဒ်(က)၊ (ခ) နှင့် (ဂ) အရဖြစ်သော ပြစ်မှုများအနက် ပြစ်မှုတခုခုနှင့်စပ်လျဉ်းသော ပစ္စည်း တခုခုကို၊ ထိုပြစ်မှုကျူးလွန်ကြောင်းသိလျက်နှင့်ဖြစ်စေ၊ ယုံကြည်ရန်အကြောင်းရှိလျက်နှင့်ဖြစ်စေ၊ မရိုး မဖြောင့်သော သဘောဖြင့်လက်ခံလျှင်၊ သို့တည်းမဟုတ် ဆက်လက်ထားရှိလျှင်၊ သို့တည်းမဟုတ်

(င) မိမိအားယုံကြည်အပ်နှံထားသော၊ ပြည်ထောင်စုနိုင်ငံအစိုးရ၏၊ သို့တည်းမဟုတ် ပြည်နယ်အစိုးရ ၏ ပစ္စည်းတခုခုကို တမင်ဖျက်ဆီးလျှင်၊ သို့တည်းမဟုတ် ပျက်စီးစေလျှင်၊ သို့တည်းမဟုတ်

(စ) လိမ်လည်လှည့်ဖျားလိုသော အကြံဖြင့်ဖြစ်စေ၊ တဦးတယောက်သောသူအား မတရားရယူစေရန် အကြံဖြင့်ဖြစ်စေ၊ မတရားဆုံးရှုံးစေရန် အကြံဖြင့်ဖြစ်စေ၊ အခြားမည်သည့်အရာကိုမဆိုပြုလျှင်

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြ ထားသည့်လျော့သော ပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

၅၁-က။ ဤအက်ဥပဒေကို လိုက်နာရသူတစ်ဦးဦးသည်-

(က) လက်နက်၊ ခဲယမ်းမီးကျောက်များကိုခိုးယူခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ တရားမဝင် သယ်ယူ ပို့ဆောင်ခြင်း၊ လဲလှယ်ခြင်း၊ ဥပဒေအရ လက်ခံပိုင်ခွင့်မရှိသူကိုပေးအပ်ခြင်း သို့တည်းမဟုတ်

(ခ) နိုင်ငံတော်အား နစ်နာဆုံးရှုံးစေရန် ကြံရွယ်ချက်ဖြင့် နိုင်ငံတော်၏လက်နက်ခဲယမ်းမီးကျောက်များ ကို ဖျက်ဆီးခြင်း၊ ပျက်စီးစေခြင်း သို့တည်းမဟုတ်

(ဂ) ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) တို့ပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန်အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း သို့တည်းမဟုတ် အားပေးကူညီခြင်းပြုလျှင် စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ သေဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖော်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ ထိုက်သင့်စေရမည်။ <ပြင်ဆင် 04.11.2010>

ချောက်လှန့်တောင်းယူမှုနှင့် တရားမဲ့ပြုမှု။

၅၂။ ။ဤအက်ဥပဒေကိုလိုက်နာရသူတဦးဦးသည်-

(က) ချောက်လှန့်တောင်းယူမှုကို ကျူးလွန်လျှင်၊ သို့တည်းမဟုတ်

(ခ) ဆိုင်ရာအခွင့်အာဏာမရရှိဘဲ၊ သူတဦးဦးထံမှကြေးငွေ၊ စားနပ်ရိက္ခာများ၊ သို့တည်းမဟုတ် တခုခု ဆောင်ရွက်ပေးရန် အတင်းအကျပ်၊ တောင်းဆိုလျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

ပစ္စည်းကိရိယာတန်ဆာပလာများ ထုခွဲမှု။

၅၃။ ။ ဤအက်ဥပဒေကိုလိုက်နာရသူတဦးဦးသည်-

(က) မိမိအသုံးပြုရန်မိမိအား၊ ထုတ်ပေးထားသော၊ သို့တည်းမဟုတ် မိမိအားယုံကြည်အပ်နှံထားသော ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရပိုင်၊ သို့တည်းမဟုတ် ပြည်နယ်အစိုးရပိုင်ပစ္စည်းတခုခုကို ထုခွဲလျှင်၊ သို့တည်းမဟုတ် ထိုသို့ထုခွဲရာတွင်ပါဝင်လျှင်၊ သို့တည်းမဟုတ်

(ခ) ပေါ့လျော့မှုကြောင့် အပိုဒ်(က) တွင် ဖေါ်ပြထားသောပစ္စည်းတခုခုပျောက်ဆုံးလျှင်၊ သို့တည်းမဟုတ်

(ဂ) မိမိအားချီးမြှင့်ထားသောဆုတံဆိပ်၊ သို့တည်းမဟုတ် ဘွဲ့တံဆိပ်တခုခုကိုရောင်းလျှင်၊ ပေါင်နှံလျှင်၊ ဖျက်ဆီးလျှင်၊ သို့တည်းမဟုတ် ပုံသဏ္ဌာန်ဖျက်လျှင် စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ အပိုဒ် (က) တွင်သီးခြားဖေါ်ပြထားသော ပြစ်မှုအတွက်ဖြစ်ပါက၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက် ဥပဒေတွင် ဖေါ်ပြထားသည့်လျော့သောပြစ်ဒဏ်ဖြစ်စေ၊ အခြားအပိုဒ်များတွင် သီးခြားဖေါ်ပြထားသော ပြစ်မှုအတွက်ဖြစ်ပါက၊ ငါးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သော ပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

ပစ္စည်းကိုပျက်စီးစေမှု။

၅၄။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) ပြည်ထောင်စုနိုင်ငံအစိုးရပိုင်သော၊ သို့တည်းမဟုတ် ပြည်နယ်အစိုးရပိုင်သော၊ သို့တည်းမဟုတ် စစ်ဘက်ရိပ်သာ၊ တီးဝိုင်း၊ သို့တည်းမဟုတ် အဖွဲ့အစည်းတခုခုပိုင်သော၊ သို့တည်းမဟုတ် စစ်ဘက်ဥပဒေ ကို လိုက်နာရသူတဦးဦးပိုင်သော၊ သို့တည်းမဟုတ် တပ်မတော်နှင့်အတူအမှုထမ်းရွက်နေသည့်၊ သို့တည်း မဟုတ် တပ်မတော်သို့ တွဲဘက်ထားခြင်းခံရသည့် သူတဦးဦးပိုင်သော၊ ပစ္စည်းတခုခုကိုဖျက်ဆီးလျှင်၊ သို့တည်းမဟုတ် ပျက်ဆီးစေလျှင်၊ သို့တည်းမဟုတ်

(ခ) ပြည်ထောင်စုနိုင်ငံအစိုးရ၏၊ သို့တည်းမဟုတ် ပြည်နယ်အစိုးရ၏ပစ္စည်းတခုခုကို မီးဖြင့်ပျက်စီး နစ်နာစေခြင်း၊ သို့တည်းမဟုတ် ပျက်ပြုန်းခြင်းဖြစ်စေသော ပြုလုပ်မှုတခုခုကိုပြုလျှင်၊ သို့တည်းမဟုတ်

(ဂ) ပြည်ထောင်စုနိုင်ငံအစိုးရကဖြစ်စေ၊ ပြည်နယ်အစိုးရကဖြစ်စေ၊ မိမိအားယုံကြည်အပ်နှံထားသော မည်သည့် တိရစ္ဆာန်ကိုမဆိုသတ်ဖြတ်လျှင်၊ နာကျင်စေလျှင်၊ ထုခွဲလျှင်၊ ညှဉ်းပန်းနှိပ်စက်လျှင်၊ သို့တည်း မဟုတ် ဆုံးရှုံးစေလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တမင်ပြုသောပြုမှုဖြစ်ပါက၊ တဆယ့်လေးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ လုံလောက်သောအကြောင်းမရှိဘဲ ပြုသောပြုမှုဖြစ်ပါက၊ ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေ တွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

မဟုတ်မမှန် စွပ်စွဲမှု။

၅၅။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) စွပ်စွဲချက်တခုကို မဟုတ်မမှန်ကြောင်းသိလျက်နှင့်ဖြစ်စေ၊ ယုံကြည်ရန်အကြောင်းရှိလျက်နှင့်ဖြစ် စေ၊ စစ်ဘက်ဥပဒေကို လိုက်နာရသူတဦးဦးအား၊ ထိုသို့မဟုတ်မမှန်စွပ်စွဲလျှင်၊ သို့တည်းမဟုတ်

(ခ) ပုဒ်မ ၂၄၊ သို့တည်းမဟုတ် ပုဒ်မ ၂၅ အရ၊ တိုင်ကြားချက်တခုပြုရာ၌၊ စစ်ဘက်ဥပဒေကို လိုက်နာရသူတဦးဦး၏ အကျင့်စာရိတ္တထိခိုက်သော ထွက်ဆိုချက်တခုခုကို၊ ထိုထွက်ဆိုချက် မဟုတ်မမှန် ကြောင်း သိလျက်နှင့်ဖြစ်စေ၊ ယုံကြည်ရန်အကြောင်းရှိလျက်နှင့်ဖြစ်စေ၊ ပြုလျှင်၊ သို့တည်းမဟုတ် အရေး ပါသောအကြောင်းခြင်းရာများကို သိလျက်နှင့်တမင်ဖုံးကွယ်ထားလျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ငါးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

မဟုတ်မမှန်ဖေါ်ပြမှုနှင့် အစိုးရစာတမ်းအမှတ်အသားများကို မဟုတ်မမှန်ပြုမှု။

၅၆။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) မိမိပြုလုပ်ထားသော၊ သို့တည်းမဟုတ် မိမိလက်မှတ်ရေးထိုးထားသော၊ အစီရင်ခံစာ၊ ပြန်တမ်း၊ စာရင်း၊ သက်သေခံလက်မှတ်၊ စာအုပ်၊ သို့တည်းမဟုတ် အခြားစာတမ်းအမှတ်အသားတွင်ဖြစ်စေ၊ မိမိမှာတိကျမှန်ကန်ခြင်းကိုစိစစ်ရန် တာဝန်ဝတ်တရားရှိသည့် ၎င်းတို့တွင်ပါရှိသော အကြောင်းအရာများ တွင်ဖြစ်စေ၊ မဟုတ်မမှန်သော၊ သို့တည်းမဟုတ် လိမ်လည်လှည့်ဖြားသော ထွက်ဆိုချက်တခုခုကို သိလျက်နှင့်ပြုလျှင်၊ သို့တည်းမဟုတ် ထိုထွက်ဆိုချက်တခုခုကို ပြုရာ၌ပါဝင်လျှင်၊ သို့တည်းမဟုတ်

(ခ) အပိုဒ် (က) ၌ ဖေါ်ပြထားသော စာတမ်းအမှတ်အသားတမျိုးမျိုးတွင် လိမ်လည်လှည့်ဖြားလိုသော အကြံဖြင့် တခုခုကိုပြုလုပ်ရန်သိလျက်နှင့် ပျက်ကွက်လျှင်၊ သို့တည်းမဟုတ် တခုခုကိုပြုလုပ်ရန် ပျက်ကွက်ရာ၌ပါဝင်လျှင်၊ သို့တည်းမဟုတ်

(ဂ) ထိန်းသိမ်းထားရန်ဖြစ်စေ၊ တင်ပြရန်ဖြစ်စေ၊ မိမိ၏တာဝန်ဝတ်တရားဖြစ်သော စာတမ်းအမှတ် အသားတခုခုကို သိလျက်နှင့် သူတဦးဦးနစ်နာစေရန်အကြံဖြင့်၊ သို့တည်းမဟုတ် သိလျက်နှင့် သူတဦးဦး ကို လိမ်လည်လှည့်ဖြားလိုသောအကြံဖြင့် ဖုံးကွယ်ထားလျှင်၊ ဘတ်၍မရအောင်ပြုလုပ်လျှင်၊ ပြောင်းလဲ လျှင်၊ သို့တည်းမဟုတ် ဖျောက်ဖျက်လျှင်၊ သို့တည်းမဟုတ်

(ဃ) ကိစ္စတရပ်ရပ်နှင့်စပ်လျဉ်း၍၊ ဖွင့်ဟဖေါ်ပြရန်ရာထူးအလျောက် မိမိ၌တာဝန်ဝတ်တရားရှိရာတွင်၊ သိလျက်နှင့်မဟုတ်မမှန် ဖွင့်ဟဖေါ်ပြလျှင်၊ သို့တည်းမဟုတ်

(င) မဟုတ်မမှန်သည်လည်းဖြစ်သည့်ပြင်၊ မဟုတ်မမှန်ကြောင်း မိမိသိသည်လည်းဖြစ်သော၊ သို့တည်း မဟုတ် ယုံကြည်သည်လည်းဖြစ်သော၊ သို့တည်းမဟုတ် ဟုတ်မှန်သည်ဟုမိမိယုံကြည်ခြင်း မရှိသည် လည်းဖြစ်သော ထွက်ဆိုချက်တခုဖြင့်သော်၎င်း၊ စာအုပ်၊ သို့တည်းမဟုတ် မှတ်တမ်းတခုခုတွင် မဟုတ် မမှန်သောရေးသွင်းချက်တရပ်ကို ပြုလုပ်ခြင်းဖြင့်သော်၎င်း၊ ယင်းသို့ မဟုတ်မမှန်ရေးသွင်းချက်တရပ်ကို အသုံးပြုခြင်းဖြင့်သော်၎င်း၊ မဟုတ်မမှန်သော ထွက်ဆိုချက်တခုပါရှိသည့် စာတမ်းအမှတ်အသား တခုခု ကို ပြုလုပ်ခြင်းဖြင့်သော်၎င်း၊ ဟုတ်မှန်သော ရေးသွင်းချက်တခု၊ သို့တည်းမဟုတ် ဟုတ်မှန်သောထွက်ဆို ချက်တခုပါရှိသော စာတမ်းအမှတ်အသားတခုပြုလုပ်ရန် ပျက်ကွက်ခြင်းဖြင့်သော်၎င်း၊ မိမိအတွက် ဖြစ်စေ၊ အခြားသူတဦးဦးအတွက်ဖြစ်စေ၊ အငြိမ်းစားလစာ၊ လစာ၊ စရိတ်၊ သို့တည်းမဟုတ် အကျိုးခံစား ခွင့်၊ သို့တည်းမဟုတ် ကျေးဇူးခံစားခွင့်တခုခုကို ရယူလျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

ကွက်လပ်ချန်၍လက်မှတ်ထိုးမှုနှင့် အစီရင်ခံရန်ပျက်ကွက်မှု။

၅၇။ ။ ဤအက်ဥပဒေကိုလိုက်နာသူတဦးဦးသည်-

(က) လစာ၊ လက်နက်များ၊ ခဲယမ်းမီးကျောက်၊ ပစ္စည်းကိရိယာ တန်ဆာပလာများ၊ အဝတ်အစား၊ ထောက်ပံ့ပစ္စည်းများ၊ သို့တည်းမဟုတ် ပစ္စည်းများ၊ သို့တည်းမဟုတ် ပြည်ထောင်စုနိုင်ငံအစိုးရ၏၊ သို့တည်းမဟုတ် ပြည်နယ်အစိုးရ၏ ပစ္စည်းတခုခုနှင့်စပ်လျဉ်းသော စာတမ်းအမှတ်အသားတခုခုကို လက်မှတ်ရေးထိုးရာတွင် အရေးပါသောအစိတ်အပိုင်းတခုခုအတွက် မှန်ကန်ကြောင်း မိမိ၏လက်မှတ် သည်၊ ထောက်ခံချက်ဖြစ်ပါလျက်နှင့် လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့် ထိုအရေးပါသော အစိတ် အပိုင်းတခုခုကို မဖြည့်စွက်ဘဲချန်လှပ်၍ထားလျှင်၊

(ခ) ပြုလုပ်ရန်သော်၎င်း၊ ပေးပို့ရန်သော်၎င်း၊ မိမိ၌တာဝန်ဝတ်တရားရှိသော အစီရင်ခံစာ၊ သို့တည်း မဟုတ် ပြန်တမ်းတခုခုကိုပြုလုပ်ရန်ဖြစ်စေ၊ ပေးပို့ရန်ဖြစ်စေ၊ ငြင်းပယ်လျှင်၊ သို့တည်းမဟုတ် ပြစ်ဒဏ် ခံထိုက်သော ပေါ့လျော့မှုဖြင့်ပျက်ကွက်လျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

စစ်တရားရုံးများနှင့်စပ်လျဉ်းသော ပြစ်မှုများ။

၅၈။ ။ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) စစ်တရားရုံးတရုံးသို့ သက်သေတဦးအဖြစ်ဖြင့် တက်ရောက်ရန် သမ္မာန်စာဖြစ်စေ၊ အမိန့်စာဖြစ်စေ၊ နည်းလမ်းတကျ ချအပ်ခြင်းခံရလျက်၊ တမင်သော်၎င်း၊ ယုတ္တိတန်သော အကြောင်းမရှိဘဲသော်၎င်း၊ တက်ရောက်ရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(ခ) ကျမ်းသစ္စာဖြစ်စေ၊ ကတိသစ္စာဖြစ်စေ၊ ပြုရန်စစ်တရားရုံးက တရားဥပဒေနှင့်အညီ ခိုင်းသည်ကို ငြင်းပယ် လျှင်၊ သို့တည်းမဟုတ်

(ဂ) မိမိ၏အာဏာ၊ သို့တည်းမဟုတ် ကြီးကြပ်အုပ်ချုပ်မှုအတွင်းရှိသော စာတမ်း အမှတ်အသားတခုကို တင်ပြရန်သော်၎င်း၊ ပေးအပ်ရန်သော်၎င်း၊ စစ်တရားရုံးတရုံးက တရားဥပဒေနှင့်အညီ ခိုင်းသည်ကို ငြင်းပယ် လျှင်၊ သို့တည်းမဟုတ်

(ဃ) သက်သေတဦးအဖြစ်ဖြင့် တရားဥပဒေအရ ဖြေဆိုရန်တာဝန်ရှိသော မေးခွန်းတခုခုကိုဖြေဆိုရန် ငြင်းပယ်လျှင်၊ သို့တည်းမဟုတ်

(င) စော်ကားသော၊ သို့တည်းမဟုတ် ခြိမ်းချောက်သောစကားကို အသုံးပြုခြင်းအားဖြင့်သော်၎င်း၊ စစ်တရားရုံးတရုံး၏ မှုခင်းကိစ္စများတွင် ဝင်ရောက်နှောင့်ရှက်ခြင်း၊ သို့တည်းမဟုတ် နှောင့်ရှက်ခြင်း တခုခုကို ဖြစ်စေခြင်းအားဖြင့်သော်၎င်း၊ ထိုစစ်တရားရုံးကိုမထီလေးစားပြုလျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ သုံးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ <ပြင်ဆင် 05.09.1960>

မဟုတ်မမှန်သက်သေခံမှု။

၅၉။ ။ ဤအက်ဥပဒေကိုလိုက်နာရသူတဦးဦးသည်၊ စစ်တရားရုံးတရုံးရှေ့တွင်၊ သို့တည်းမဟုတ် အဖွဲ့ တခုခုရှေ့တွင်၊ သို့တည်းမဟုတ် ဤအက်ဥပဒေအရ ကျမ်းသစ္စာတိုက်ရန် အာဏာရရှိထားသော အရာရှိ ရှေ့တွင်ရောက်ရှိနေသောမှုခင်းကိစ္စများ၌ မိမိသည်၊ သက်သေတဦးအဖြစ်ဖြင့်သော်၎င်း၊ စကားပြန်တဦး အဖြစ်ဖြင့် သော်၎င်း၊ တရားဥပဒေအရ ကျမ်းသစ္စာကျိန်ဆိုပြီးပါလျက်နှင့် မဟုတ်မမှန်ဟုမိမိသိသော၊ သို့တည်းမဟုတ် ဟုတ်မှန်သည်ဟု မိမိယုံကြည်ခြင်းမရှိသော၊ မှုခင်းကိစ္စများတွင် အရေးပါသော ထွက်ဆိုချက်တခုကိုပြုလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ ခုနစ်နှစ်ထိထောင်ဒဏ် ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

တရားဥပဒေနှင့် ဆန့်ကျင်၍ လစာကိုဆိုင်းထားမှု။

၆၀။ ။ အရာရှိ၊ အရာခံဗိုလ်၊ သို့တည်းမဟုတ် အကြပ်တဦးဦးသည်၊ ဤအက်ဥပဒေကို လိုက်နာရသူတဦး ၏လစာကို လက်ခံထားပြီးသည့်နောက်၊ ထိုလစာကို အချိန်ကျရောက်သည့်အခါ၊ တရားဥပဒေနှင့် ဆန့်ကျင်၍မပေးဘဲ၊ ဆိုင်းထားလျှင်၊ သို့တည်းမဟုတ် ပေးရန်ငြင်းပယ်လျှင်၊ စစ်တရားရုံးက ပြစ်မှု ထင်ရှားစီရင်သောအခါ၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့်လျော့ သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

ပျံသန်းရေးနှင့် လေယာဉ်ဆိုင်ရာပြစ်မှုများ။

၆၁။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) ပြည်ထောင်စုနိုင်ငံအစိုးရပိုင် လေယာဉ်၊ သို့တည်းမဟုတ် လေယာဉ်ပစ္စည်းကို၊ တမင်သော်၎င်း၊ ယုတ္တိတန်သော အကြောင်းမရှိဘဲသော်၎င်း၊ ပျက်စီးနစ်နာစေလျှင်၊ ဖျက်ဆီးလျှင်၊ သို့တည်းမဟုတ် ဆုံးရှုံးစေလျှင်၊ သို့တည်းမဟုတ်

(ခ) အဆိုပါပျက်စီးနစ်နာမှု၊ ဖျက်ဆီးမှု၊ သို့တည်းမဟုတ် ဆုံးရှုံးမှုဖြစ်စေတန်ရာသောပြုလုပ်မှု၊ သို့တည်းမဟုတ် ပေါ့လျော့မှု တခုခုကိုကျူးလွန်လျှင်၊ သို့တည်းမဟုတ်

(ဂ) ပြည်ထောင်စုနိုင်ငံအစိုးရပိုင်လေယာဉ်၊ သို့တည်းမဟုတ် လေယာဉ်ပစ္စည်းကို တရားဥပဒေနှင့် ညီသော အခွင့်အာဏာမရှိဘဲထုခွဲလျှင်၊ သို့တည်းမဟုတ်

(ဃ) ပျံသန်းရာတွင် သော်၎င်း၊ လေယာဉ်ကို အသုံးပြုရာတွင်သော်၎င်း၊ လေယာဉ်၊ သို့တည်းမဟုတ် လေယာဉ်ပစ္စည်းနှင့် စပ်လျဉ်း၍သော်၎င်း၊ သူတဦးဦးအား၊ အသက်ဆုံးရှုံးမှု၊ သို့တည်းမဟုတ် ကိုယ်အင်္ဂါ နာကျင်မှု ဖြစ်စေသော၊ သို့တည်းမဟုတ် ဖြစ်စေတန်ရာသော ပြုလုပ်မှု၊ သို့တည်းမဟုတ် ပေါ့လျော့မှုတခုခုကို ကျူးလွန်လျှင်၊ သို့တည်းမဟုတ်

(င) စစ်ဖြစ်နေစဉ်တွင် ပြည်ထောင်စုနိုင်ငံအစိုးရပိုင် လေယာဉ်ကို တမင်ဖြစ်စေ၊ သင့်လျော်သော အကြောင်းမရှိဘဲဖြစ်စေ၊ ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ ကြားနေတိုင်းပြည်တပြည်ကသော်၎င်း၊ ကြားနေ တိုင်းပြည်တပြည်၏ အမိန့်အရသော်၎င်း၊ သိမ်းယူခြင်းခံရစေလျှင်၊ သို့တည်းမဟုတ် ကြားနေတိုင်းပြည် တပြည်တွင် ဖျက်ဆီးခြင်းခံရစေလျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တမင်ပြုသော ပြုမှုဖြစ်ပါက တဆယ့်လေးနှစ်ထိထောင် ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့်လျော့သော ပြစ်ဒဏ်ဖြစ်စေ၊ တမင်ပြုသောပြုမှုမဟုတ် ပါက၊ ငါးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ <ပြင်ဆင် 05.09.1960>

၆၁-က။ အစိုးရပိုင်လေယာဉ်ကို အပိုင်စီးရန် ကြံရွယ်ချက်ဖြင့်ဤအက်ဥပဒေကို လိုက်နာရသူတစ်ဦးဦး သည် လေယာဉ်မှူးအား ခြိမ်းခြောက်ခြင်း သို့မဟုတ် ပြစ်မှုမကင်းသော အနိုင်အထက်ပြုခြင်းဖြင့် တစ် နေရာမှတစ်နေရာသို့ မောင်းနှင်စေလျှင်သော် လည်းကောင်း၊ ဤအက်ဥပဒေကို လိုက်နာရသူ လေယာဉ် မှူးသည် တစ်နေရာမှတစ်နေရာသို့ မောင်းနှင်လျှင်သော်လည်းကောင်း စစ်တရားရုံးကပြစ်မှုထင်ရှားစီရင်သောအခါ သေဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖော်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ ထိုက်သင့်စေရမည်။ <ပြင်ဆင် 04.11.2010>

ပျံသန်းရေးနှင့် လေယာဉ်ဆိုင်ရာ အခြားပြစ်မှုများ။

၆၂။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) ပြည်ထောင်စုနိုင်ငံအစိုးရပိုင် လေယာဉ်၊ သို့တည်းမဟုတ် လေယာဉ်ပစ္စည်းနှင့်စပ်လျဉ်းသော သက်သေခံလက်မှတ်တခုခုကို တိကျမှန်ကန်ကြောင်း သေချာစွာမစီစစ်ဘဲ လက်မှတ်ရေးထိုးလျှင်၊ သို့တည်းမဟုတ်

(ခ) ပြည်ထောင်စုနိုင်ငံအစိုးရပိုင်လေယာဉ်တစီး၏ လေသူရဲဖြစ်သည်တွင်၊ မြေပြင်မှ လေယာဉ်ထွက်ခွါ နေစဉ်၊ သို့တည်းမဟုတ် မြေပြင်သို့လေယာဉ်သက်ဆင်းနေစဉ်၊ သို့တည်းမဟုတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သီးခြားဖေါ်ပြထားသော အခြားအကြောင်း အချက်များတွင်မှအပ၊ လေယာဉ်ကိုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သီးခြားဖေါ်ပြထားသည့် အမြင့်အောက်နိမ့်၍ပျံသန်းလျှင်၊ သို့တည်းမဟုတ်

(ဂ) ပြည်ထောင်စုနိုင်ငံအစိုးရပိုင်လေယာဉ်တစီး၏ လေသူရဲဖြစ်သည်တွင်၊ သူတဦးဦးအား မလိုလား အပ်သော စိတ်ငြိုငြင်ခြင်းဖြစ်စေသော၊ သို့တည်းမဟုတ် စိတ်ငြိုငြင်ခြင်းဖြစ်စေတန်ရာသော ပျံသန်းခြင်း မျိုးဖြင့် ထိုလေယာဉ်ကိုပျံသန်းလျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ နှစ်နှစ်ထိထောင် ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ <ပြင်ဆင် 10.05.1989>

လေယာဉ်မှူး၏ တရားဥပဒေနှင့်ညီသော အမိန့်ကိုဖီဆန်မှု။

၆၃။ ။ မည်သည့်အဆင့်မဆိုရှိသည့် ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) လေယာဉ်တစီးအတွင်းရှိစဉ်၊ ထိုလေယာဉ်၏ လေယာဉ်မှူးမှာ၊ ဤအက်ဥပဒေကို လိုက်နာရသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ လေယာဉ်ပျံသန်းရေးနှင့်သော်၎င်း၊ ထိန်းသိမ်းရေးနှင့်သော်၎င်း၊ လုံခြုံမှုနှင့်သော်၎င်း၊ သက်ဆိုင်သည့်ကိစ္စအားလုံးနှင့်စပ်လျဉ်း၍ ထိုလေယာဉ်မှူးကပေးသော တရား ဥပဒေနှင့်ညီသည့် အမိန့်တခုခုကိုဖီဆန်လျှင်၊ သို့တည်းမဟုတ်

(ခ) အခြားလေယာဉ်တစီးက ဆွဲသွားရသော စက်မဲ့လေယာဉ်တစီး၏ လေယာဉ်မှူးဖြစ်သည်တွင်၊ ဆွဲသည့်လေယာဉ်မှူးမှာ၊ ဤအက်ဥပဒေကို လိုက်နာရသူဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ အထက်ဆိုခဲ့ပြီးသော ကိစ္စအားလုံးနှင့်စပ်လျဉ်း၍ ထိုလေယာဉ်မှူးကပေးသော တရားဥပဒေနှင့်ညီသည့် အမိန့်တခုခုကိုဖီဆန်လျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တဆယ့်လေးနှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေ တွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

ပြစ်မှု ၆၄ - ၇၂

[ပြင်ဆင်ရန်]

ရေယာဉ်များနှင့်စပ်လျဉ်းသော ပြစ်မှုများ။

၆၄။ ။ (၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ တပ်မတော်ပိုင်၊ သို့တည်းမဟုတ် တပ်မတော် ကအသုံးပြုသောရေယာဉ်ကို၊ ဘေးအန္တရာယ်မကင်းအောင်ပြုလုပ်သဖြင့်၊ သို့တည်းမဟုတ် ဘေး အန္တရာယ်မကင်းအောင်ဖြစ်စေသဖြင့်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တမင်ပြုသောပြစ်မှု ဖြစ်ပါက တဆယ့်လေးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့်လျော့သောပြစ် ဒဏ်ဖြစ်စေ၊ တမင်ပြုသောပြစ်မှုမဟုတ်ပါက၊ ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

(၂) ရေယာဉ်များ၊ သို့တည်းမဟုတ် ရေယာဉ်များကိုခြံရံစောင့်ကြပ်ခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းတို့အတွက် တာဝန်ပေးအပ်ခြင်းခံရသော ရေယာဉ်တစင်း၏ အရာရှိတဦးဖြစ်သည့်၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) တာဝန်ဝတ်တရားကို ဆောင်ရွက်ရန်ကိစ္စအလို့ငှါ ရရှိသောညွှန်ကြားချက်များနှင့်အညီ မိမိ၏ တာဝန်ဝတ်တရားကို ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်ရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(ခ) အခြားမည်သည့်ကိစ္စကိုမျှ လွှဲပြောင်းဆောင်ရွက်ခြင်းမပြုဘဲ၊ မိမိခြံရံစောင့်ကြပ်သော ရေယာဉ်များ နှင့်ကုန်စည်များကို ကာကွယ်ခုခံရန် ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(ဂ) တိုက်ခိုက်ခြင်းခံရပါက၊ အဆိုပါရေယာဉ်များနှင့် ကုန်စည်များကို ကာကွယ်ခုခံပြီး တိုက်ခိုက်ရန် ငြင်းပယ်လျှင်၊ သို့တည်းမဟုတ်

(ဃ) မိမိခြံရံစောင့်ကြပ်လာသော အဆိုပါရေယာဉ်များကို၊ ဘေးအန္တရာယ်မကင်းအောင် သူရဲဘောနည်းစွာစွန့်ခွါသွားလျှင်၊ သို့တည်းမဟုတ် အကာအကွယ်မရှိဘဲထားလျှင်၊ သို့တည်းမဟုတ်

(င) စောင့်ရှောက်ရန် မိမိအားအပ်နှံထားသော ရေယာဉ်များ၊ သို့တည်းမဟုတ် ရေယာဉ်များကို ခြံရံစောင့်ကြပ်ခြင်းအတွက် ကုန်သည်၊ သို့တည်းမဟုတ် ရေယာဉ်မှူးတဦးဦးထံမှငွေ၊ သို့တည်းမဟုတ် အခြားဆုလာဘ်တခုခုကိုတောင်းဆိုလျှင်၊ သို့တည်းမဟုတ် အတင်းအကြပ် တောင်းယူလျှင်၊ သို့တည်းမဟုတ်

(စ) အဆိုပါ ရေယာဉ်များ၏ ရေယာဉ်သားများ၊ သို့တည်းမဟုတ် ရေယာဉ်မှူးများကိုဖြစ်စေ၊ အဆိုပါ ရေယာဉ်များ၏ ရေယာဉ်သားများ၊ သို့တည်းမဟုတ် ရေယာဉ်မှူးများကိုဖြစ်စေ၊ အလွဲအသုံးပြုလျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ သေဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည့်ပြင်၊ တရားလွှတ်တော်က ရေကြောင်းစီရင်ပိုင်ခွင့်အာဏာ သုံးစွဲလျက်၊ စီရင်ဆုံးဖြတ်သည့် လျော်ကြေးကိုလည်း၊ ကုန်သည်များ၊ ပိုင်ရှင်များနှင့်အခြားသူများအား ပေးရမည်။

(၃) ဤအက်ဥပဒေကိုလိုက်နာရသူ ရေယာဉ်မှူးတဦးဦးသည်၊ မိမိရေယာဉ်သုံးရန်သာဖြစ်သော ကုန်စည်များ၊ အရောင်းအဝယ်ကုန်စည်များမှအပ၊ သို့တည်းမဟုတ် ဆိုင်ရာပိုင်ရှင်များအတွက်မပျက်စီးရန် ထိန်းသိမ်းထားရမည့် ကုန်သည်တဦးဦးပိုင်ကုန်စည်များ၊ အရောင်းအဝယ် ကုန်စည်များမှ အပ၊ သို့တည်းမဟုတ် ဆိုင်ရာပိုင်ရှင်များအတွက် မပျက်စီးရန်ထိန်းသိမ်းထားရမည့် ပင်လယ်ပြင်တွင်ဖြစ်စေ၊ ရေယာဉ်ဆိပ်တွင်ဖြစ်စေ၊ ချောင်းတွင်းတွင်ဖြစ်စေ၊ ဆိပ်ကမ်းတွင်ဖြစ်စေ၊ ပျက်စီးသွားသည့် ရေယာဉ်ပေါ်တွင်သော်၎င်း၊ ဘေးအန္တရာယ်ရောက်မည့်ဆဲဆဲဖြစ်သော ရေယာဉ်ပေါ်တွင်သော်၎င်း၊ ရှိသည့်ကုန်စည်များ၊ အရောင်းအဝယ်ကုန်စည်များမှအပ၊ သို့တည်းမဟုတ် မည်သည့်အချိန်တွင်မဆို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကဖြစ်စေ၊ မိမိအထက်အရာရှိကဖြစ်စေ၊ ရေယာဉ်ပေါ်တွင် ယူဆောင်ရန်သော်၎င်း၊ လက်ခံရန်သော်၎င်း၊ မိမိအားအမိန့်ပေးသည့်ကုန်စည်များ၊ အရောင်းအဝယ်ကုန်စည်များမှအပ၊ မိမိရေယာဉ်ပေါ်တွင် အခြားမည်သည့်ကုန်စည်များ၊ အရောင်းအဝယ်ကုန်စည်များကိုမဆိုလက်ခံလျှင်၊ သို့တည်းမဟုတ် လက်ခံရန် ခွင့်ပြုလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ အမြဲတမ်းထုတ်ပစ်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

(၄) ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဦးသည်-

(က) သုံ့ပန်းပစ္စည်းအဖြစ်ဖြင့် ဖမ်းဆီးထားသော ရေယာဉ်တစင်းပေါ်တွင်တွေ့ရှိသော စာရွက်စာတမ်းများ၊ ရေယာဉ်ငှါးစာချုပ်များ၊ ရေယာဉ်ကုန်တင်တန်ဆာများ၊ နိုင်ငံကူးလက်မှတ်များနှင့်အခြားမည်သည့် စာတမ်းအမှတ်အသားကိုမဆို ထိန်းသိမ်းထားရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(ခ) သုံ့ပန်းပစ္စည်းဖြစ်သည့် အဆိုပါရေယာဉ်ကို ယူဆောင်သွားရမည့် ရေယာဉ်၏ ရေယာဉ်မှူး ဖြစ်သည်တွင်၊ ရေကြောင်းစီရင်ပိုင်ခွင့်အာဏာရှိ တရားလွှတ်တော်သို့သော်၎င်း၊ အဆိုပါသုံ့ပန်းပစ္စည်းမျာကို တရားဥပဒေနှင့်အညီ ဖမ်းဆီးခြင်းဟုတ်၊ မဟုတ် ဆုံးဖြတ်ရန် အာဏလွှဲအပ်ထား သည့်တရားရုံး၊ သို့တည်းမဟုတ် အမှုအရေးလွှဲအပ်ခံရသူအရာရှိများထံသို့သော်၎င်း၊ ထိုရုံးများ၊ သို့တည်းမဟုတ် အရာရှိများက ကြည့်ရှုစစ်ဆေးရန်၊ အသုံးချရန်နှင့် တရားဥပဒေအရဆက်လက်ဆောင်ရွက်ရန် ထိုစာရွက်စာတမ်းများ၊ ရေယာဉ်ငှါးစာချုပ်များ၊ ရေယာဉ်ကုန်တင်တန်ဆာများ၊ နိုင်ငံကူးလက်မှတ်များနှင့် အခြားစာတမ်းအမှတ်အသား မူရင်းအလုံးစုံကို လိမ်လည်လှည့်ဖြားမှုမရှိဘဲ တပ်မတော်(ရေ)သက်ဆိုင်ရာတို့မှ တဆင့်ပို့ရန် ပျက်ကွက်ခဲ့လျှင်၊

စစ်ရုံးကပြစ်မှုထင်ရှားစီရင်သောအခါ၊ အမြဲတမ်းထုတ်ပစ်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည့်ပြင်၊ ဖမ်းဆီးရမိသည့်ပစ္စည်းထဲမှ မိမိ၏ဝေစုကို သိမ်းယူခြင်းနှင့် ဆုံးရှုံးခြင်းလည်း ခံထိုက်စေရမည်။

(၅) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) ရေကြောင်းစီရင်ပိုင်ခွင့် အာဏာသုံးစွဲလျက်၊ တရားလွှတ်တော်က တရားဥပဒေနှင့်အညီ သုံ့ပန်းပစ္စည်းဟုတ်ကြောင်း စီရင်ဆုံးဖြတ်ခြင်းမပြုမီ၊ မည်သည့်ငွေ၊ သို့တည်းမဟုတ် ကုန်စည်ကိုမဆို၊ ၎င်းတို့ ၏ ပိုမိုလုံခြုံမှုအတွက် လိုအပ်သည်မဟုတ်ဘဲနှင့်၊ သို့တည်းမဟုတ် ပြည်ထောင်စုနိုင်ငံအစိုးရ အသုံးပြုနေသော ရေယာဉ်တစင်းအတွက် အသုံးပြုရန်လိုအပ်သည်မဟုတ်ဘဲနှင့် သုံ့ပန်းပစ္စည်းထဲမှ၊ သို့တည်းမဟုတ် သုံ့ပန်းပစ္စည်းအဖြစ် ဖမ်းဆီးထားသောရေယာဉ်ထဲမှ ထုတ်ယူလျှင်၊ သို့တည်းမဟုတ်

(ခ) ရေကြောင်းစီရင်ပိုင်ခွင့်အာဏာသုံးစွဲလျက်၊ တရားလွှတ်တော်က တရားဥပဒေနှင့်အညီ သုံ့ပန်းပစ္စည်း ဖြစ်ကြောင်း စီရင်ဆုံးဖြတ်ပေးရန်အတွက် ဖမ်းဆီးရမိခြင်း၏ အကြောင်းအရာအပြည့်အစုံကို ယူဆောင်၍ မလာဘဲနေလျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှား စီရင်သောအခါ၊ ခုနစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည့်ပြင်၊ ဖမ်းဆီးရမိသည့်ပစ္စည်းထဲမှ၊ မိမိ၏ဝေစုကို သိမ်းယူခြင်းနှင့် ဆုံးရှုံးခြင်းလည်း ခံထိုက်စေရမည်။

(၆) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ သုံ့ပန်းပစ္စည်းအဖြစ် ဖမ်းဆီးထားသော ရေယာဉ်၊ သို့တည်းမဟုတ် ရေယာဉ်ပေါ်ရှိ အရာရှိ၊ ရေယာဉ်သား၊ သို့တည်းမဟုတ် အခြားသူတဦးဦးကို လုယက်လျှင်၊ ရိုက်နှက်လျှင်၊ နှိပ်စက်ညှဉ်းဆဲလျှင်၊ သို့တည်းမဟုတ် ထိုအရာရှိ၊ ရေယာဉ်သား၊ သို့တည်းမဟုတ် အခြားသူ၏ အဝတ်အစားကို ဆွဲချွတ်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

(၇) ပြည်ထောင်စုနိုင်ငံ အစိုးရအသုံးပြုသောရေယာဉ်တစင်းကို ကွပ်ကဲသောအရာရှိဖြစ်သည့်၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) ရန်သူနှင့်အတူပူးပေါင်းကြံစည်ပြီး ရေယာဉ်၊ ကုန်စည်များ၊ သို့တည်းမဟုတ် အရာဝတ္ထုတခုခုကို သုံ့ပန်းပစ္စည်းအဖြစ်ယူလျှင်၊ သို့တည်းမဟုတ်

(ခ) သုံ့ပန်းပစ္စည်းအဖြစ်ဖြင့် ဖမ်းဆီးထားသော ရေယာဉ်၊ ကုန်စည်များ၊ သို့တည်းမဟုတ် အရာဝတ္ထုတခုခုကို ရွေးယူစေရန်၊ သူတဦးဦးနှင့် တရားဥပဒေနှင့်ဆန့်ကျင်လျက် သဘောတူလျှင်၊ သို့တည်းမဟုတ်

(ဂ) သုံ့ပန်းပစ္စည်းအဖြစ်ဖြင့် ဖမ်းဆီးထားသော ရေယာဉ်၊ ကုန်စည်များ၊ သို့တည်းမဟုတ် အရာ ဝတ္ထုတခုခုကို ရွေးယူရန်အတွက် တရားဥပဒေနှင့်ဆန့်ကျင်လျက် သဘောတူညီထားချက်နှင့်အညီ၊ သို့တည်းမဟုတ် အခြားနည်းဖြင့် ပူးပေါင်းကြံစည်ပြုလုပ်ထားခြင်းနှင့်အညီ၊ လက်လွှတ်လိုက်လျှင်၊ သို့တည်းမဟုတ် ပြန်အပ်လိုက်လျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

(၈) ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဦးသည်၊ သုံ့ပန်းပစ္စည်းအဖြစ် ဖမ်းဆီးထားသည့်၊ သို့တည်းမဟုတ် စစ်မက်ဘက်ပြိုင်ခြင်း၏ အခွင့်အရေးတခုခုကိုသုံးစွဲ၍ဖြစ်စေ၊ ရေကြောင်း ဓါးပြတိုက်ခြင်းဆိုင်ရာ၊ သို့တည်းမဟုတ် လူကုန်ကူးခြင်းဆိုင်ရာ၊ သို့တည်းမဟုတ် အကောက်တော်ဆိုင်ရာ အက်ဥပဒေ တခုခုအရဖြစ်စေ၊ တားဆီးထားသည့် ရေယာဉ်တစင်းပေါ်ရှိ၊ သို့တည်းမဟုတ် ရေယာဉ်ပိုင် မည်သည့် အရာဝတ္ထုကိုမဆို၊ အလွဲသုံးစားပြုလုပ်ရန်အကြံဖြင့် အချို့အဝက်ကို ဖေါက်၍နုတ်ယူလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည့်ပြင်၊ ဖမ်းဆီးရမိသည့်ပစ္စည်းထဲမှ မိမိ၏ဝေစုကို သိမ်းယူခြင်းနှင့်ဆုံးရှုံးခြင်းလည်း ခံထိုက်စေရမည်။ <ပြင်ဆင် 05.09.1960, 04.11.2010>

၆၄-က။ အစိုးရပိုင်ရေယာဉ်အား အပိုင်စီးရန်ကြံရွယ်ချက်ဖြင့် ဤအက်ဥပဒေကို လိုက်နာရသူတစ်ဦး ဦးသည် ရေယာဉ်မှူးအား ခြိမ်းခြောက်ခြင်း သို့မဟုတ် ပြစ်မှုမကင်းသော အနိုင်အထက်ပြုခြင်းဖြင့် တစ် နေရာမှတစ်နေရာသို့ မောင်းနှင်စေလျှင်သော်လည်းကောင်း၊ ဤအက်ဥပဒေကို လိုက်နာရသူရေယာဉ်မှူး သည် တစ်နေရာမှတစ်နေရာသို့ မောင်းနှင်လျှင်သော်လည်းကောင်း၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင် သောအခါသေဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖော်ပြထားသော လျော့သောပြစ်ဒဏ်ဖြစ်စေ ထိုက်သင့်စေရမည်။ <ပြင်ဆင် 04.11.2010>

စည်းကမ်းဖေါက်ဖျက်မှု။

၆၅။ ။ ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဦးသည်၊ ဤအက်ဥပဒေတွင် သီးခြားဖေါ်ပြမထား သော်လည်း စံနစ်တကျရှိခြင်းနှင့် စစ်စည်းကမ်းကိုထိခိုက်သော ပြုလုပ်မှုကိုပြုလျှင်၊ သို့တည်းမဟုတ် စံနစ်တကျရှိခြင်းနှင့် စစ်စည်းကမ်းထိခိုက်အောင်ပျက်ကွက်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင် သောအခါ၊ ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ် ဖြစ်စေ၊ ထိုက်သင့်စေရမည်။

အထွေထွေပြစ်မှုများ။

၆၆။ ။ ဤအက်ဥပဒေကိုလိုက်နာရသူတဦးဦးသည်-

(က) တာဝန်ကျနေရာတခုကို ကွပ်ကဲနေရစဉ်ဖြစ်စေ၊ စစ်ချီနေစဉ်ဖြစ်စေ၊ မိမိလက်အောက်ရှိ တဦး တယောက်သောသူက အခြားသူတဦးဦးအားရိုက်နှက်သည်၊ သို့တည်းမဟုတ် အခြားနည်းဖြင့်ညှဉ်းပန်း သည်၊ သို့တည်းမဟုတ် ဘိနှိပ်ချုတ်ချယ်သည်၊ သို့တည်းမဟုတ် ပွဲဈေးတခုခုကိုသော်၎င်း၊ ဈေးတခုခုကို သော်၎င်း၊ နှောင့်ရှက်သည်၊ သို့တည်းမဟုတ် ရုန်းရင်းဆန်ခတ်မှုကိုသော်၎င်း၊ ကျော်နင်းမှုကိုသော်၎င်း ကျူးလွန်သည်ဟု တိုင်ကြားချက်တရပ်ကိုရရှိလျက်နှင့် နစ်နာသူကို ထိုက်သင့်သောကြေနပ်မှုရရှိအောင် ပြုလုပ်ရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ် ဆိုင်ရာအာဏာပိုင်ထံ အမှုကို အစီရင်ခံရန် ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(ခ) ကိုးကွယ်ဝတ်ပြုသောနေရာတခုခုကို ယုတ်ညံ့စေခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ သူတဦး ဦး၏ ဘာသာသာသနာကိုတမင်စော်ကားလျှင်၊ သို့တည်းမဟုတ် သူတဦးဦး၏ဘာသာရေးစိတ်ကို တမင် နာကြည်းစေလျှင်၊ သို့တည်းမဟုတ်

(ဂ) မိမိကိုယ်ကို မိမိသတ်ရန်အားထုတ်၍ ထိုသို့အားထုတ်ရာတွင် ထိုပြစ်မှုကျူးလွန်ရန် ရှေ့ရှုသော ပြုလုပ်မှုတခုခုကိုပြုလျှင်၊ သို့တည်းမဟုတ်

(ဃ) အရာခံဗိုလ်အောက် အဆင့်ရှိသူဖြစ်လျက်၊ တာဝန်ဝတ်တရားမထမ်းဆောင်သည့်အခါ၊ ဆိုင်ရာ အခွင့်အာဏာမပါရှိဘဲ၊ တပ်၊ သို့တည်းမဟုတ် စစ်စခန်း၊ လေယာဉ် သို့တည်းမဟုတ် ရေယာဉ်အတွင်းတွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ၊ ရိုင်ဖယ်၊ စစ်ဓါးလွယ်၊ သို့တည်းမဟုတ် ရန်မူနိုင်သောအခြားလက်နက်ကို ကိုင်ဆောင် လျှင်၊ သို့တည်းမဟုတ်

(င) သူတဦးဦး၏စစ်မှုထမ်းအဖြစ် စာရင်းသွင်းရေးကိုဆောင်ရွက်ပေးရန်၊ သို့တည်းမဟုတ် စစ်မှုထမ်း နေသူတဦးဦးအတွက် ခွင့်ရက်ရရေးကိုသော်၎င်း၊ ရာထူးတိုးမြှင့်ရေးကိုသော်၎င်း၊ အခြားကျေးဇူးတခုခု ကိုသော်၎င်း၊ အခြားလိုက်လျောမှုတခုခုကိုသော်၎င်း၊ ဆောင်ရွက်ပေးရန်အတွက် ရည်ရွယ်ချက်အဖြစ်ဖြင့် ဖြစ်စေ၊ ဆုလာဘ်အဖြစ်ဖြင့်ဖြစ်စေ၊ တံစိုးတခုခုကို မိမိအတွက်သော်၎င်း၊ သူတပါးအတွက်သော်၎င်း၊ တိုက်ရိုက်၊ သို့တည်းမဟုတ် သွယ်ဝိုက်၍လက်ခံလျှင်၊ သို့တည်းမဟုတ် ရယူလျှင်၊ သို့တည်းမဟုတ် လက်ခံရန်သဘောတူလျှင်၊ သို့တည်းမဟုတ် ရယူရန်အားထုတ်လျှင်၊ သို့တည်းမဟုတ်

(စ) မိမိစစ်မှုထမ်းနေသော တိုင်းပြည်တွင် ယာယီ၊ သို့တည်းမဟုတ် အမြဲနေထိုင်သူတဦးဦး၏ ပစ္စည်းကို သော်၎င်း၊ ကိုယ်ကိုသော်၎င်း၊ ထိခိုက်စေသော ပြစ်မှုတခုခုကိုကျူးလွန်လျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ <ပြင်ဆင် 04.11.2010>

အားထုတ်မှု။

၆၇။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ ပုဒ်မ ၃၂ မှ ၆၆ ထိ၊ ထိုပုဒ်မ နှစ်ခုလုံး အပါအဝင် ဖြစ်သော ပုဒ်မများတွင်သီးခြားဖေါ်ပြထားသော ပြစ်မှုများအနက် ပြစ်မှုတခုခုကို ကျူးလွန်ရန် အားထုတ်၍ ထိုသို့အားထုတ်ရာတွင် ပြစ်မှုကျူးလွန်ခြင်းသို့ရှေ့ရှုသော ပြုလုပ်မှုတခုခုကိုပြုလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ အဆိုပါအားထုတ်မှုအတွက် ပြစ်ဒဏ်ချမှတ်ရန် ဤ အက်ဥပဒေက အတိအလင်းပြဋ္ဌာန်းခြင်းမပြုသည့်အခါ၊

ကျူးလွန်ရန်အားထုတ်သည့် ပြစ်မှုသည်၊ သေဒဏ်စီရင်ထိုက်သည့် ပြစ်မှုဖြစ်ပါက၊ တဆယ့်လေးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရ မည်။

ကျူးလွန်ရန် အားထုတ်သည့် ပြစ်မှုသည်၊ ထောင်ဒဏ်စီရင်ထိုက်သည့် ပြစ်မှုဖြစ်ပါက ထိုပြစ်မှုအတွက် သတ်မှတ်သည့် အများဆုံး ထောင်ဒဏ်ကာလ၏တဝက်ထိ ထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ် ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

ကျူးလွန်ပြီးဖြစ်သောပြစ်မှုကို အားပေးကူညီမှု။

၆၈။ ။ ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဦးသည်၊ ပုဒ်မ ၃၂ မှ ၆၆ ထိ၊ ထိုပုဒ်မနှစ်ခုလုံး အပါအဝင် ဖြစ်သော ပုဒ်မများတွင် သီးခြားဖေါ်ပြထားသောပြစ်မှုများအနက် ပြစ်မှုတခုခုကျူးလွန်ခြင်းကို အားပေး ကူညီလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ထိုအားပေးကူညီခြင်းခံရသော ပြုလုပ်မှုအထ မြောက်ခဲ့ရာတွင်၊ အားပေးကူညီခြင်းအတွက် ပြစ်ဒဏ်ကို၊ ဤအက်ဥပဒေက အတိအလင်း ပြဋ္ဌာန်းထား ခြင်းမရှိပါက၊ ကျူးလွန်ခဲ့သော ပြစ်မှုရင်းအတွက် ပြဋ္ဌာန်းထားသည့်ပြစ်ဒဏ် ထိုက်သင့်စေရမည်။

သေဒဏ်ထိုက်သင့်သော်လည်း ကျူးလွန်ခြင်းအထမမြောက်သည့်ပြစ်မှုကို အားပေးကူညီမှု။

၆၉။ ။ ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဦးသည်၊ ပုဒ်မ ၃၂၊ ၃၃၊ ၃၆၊ ၃၇ (၁) ၅၁-က၊ ၆၁-က၊ ၆၄-က နှင့် ၆၄ (၂) အရ၊ သေဒဏ် ထိုက်သင့်သော ပြစ်မှုတခုခုကိုကျူးလွန်ရန် အားပေးကူညီလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှား စီရင်သောအခါ၊ထိုပြစ်မှုကျူးလွန်ခြင်းအထမမြောက်ခဲ့ရာတွင်၊ ထိုအားပေးကူညီမှုအတွက် ဤအက် ဥပဒေက ပြစ်ဒဏ်အတိအလင်းပြဋ္ဌာန်းထားခြင်းမရှိပါက တဆယ့်လေးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤ အက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ <ပြင်ဆင် 04.11.2010>

ထောင်ဒဏ် ထိုက်သင့်သော်လည်း ကျူးလွန်ခြင်း အထမမြောက်သည့် ပြစ်မှုကို အားပေးကူညီမှု။

၇၀။ ။ ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဦးသည်၊ ပုဒ်မ ၃၂ မှ ၆၆ ထိ၊ ထိုပုဒ်မ နှစ်ခုလုံး အပါအဝင် ဖြစ်သော ပုဒ်မများတွင် သီးခြားဖေါ်ပြထား၍၊ ထောင်ဒဏ် ထိုက်သင့်သောပြစ်မှုတခုခုကို ကျူးလွန်ရန် အားပေးကူညီလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ထိုပြစ်မှုကျူးလွန်ခြင်းအထမမြောက် ခဲ့ရာတွင်၊ ထိုအားပေးကူညီမှုအတွက် ဤအက်ဥပဒေက ပြစ်ဒဏ်အတိအလင်းပြဋ္ဌာန်းထားခြင်းမရှိပါ က၊ ထိုပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် အများဆုံးထောင်ဒဏ်၏ တဝက်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက် ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

နယ်ဘက်ပြစ်မှုများ။

၇၁။ ။ ပုဒ်မ ၇၂ ပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၊ သို့တည်းမဟုတ် ပြင်ပရှိ မည်သည့်နေရာတွင်မဆို၊ နယ်ဘက်ပြစ်မှု တခုခုကိုကျူးလွန်လျှင်၊ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတခုကိုကျူးလွန်သည်ဟု မှတ်ယူရမည်။ ထို့ပြင် ဤပုဒ်မအရ၊ ထိုပြစ်မှုအတွက်၊ စွဲချက်တင်ခြင်းခံရပါက၊ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခြင်း ခံရ မည့်ပြင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ-

(က) ထိုပြစ်မှုသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၊ တည်ဆဲတရားဥပဒေတခုခုအရ သေဒဏ်၊ သို့တည်းမဟုတ် တကျွန်းပို့ဒဏ်ချမှတ်နိုင်သောပြစ်မှုတခုဖြစ်ပါက၊ ကြိမ်ဒဏ်မှအပ၊ အဆိုပါတရားဥပဒေ က ထိုပြစ်မှုအတွက် ပြဋ္ဌာန်းထားသော ပြစ်ဒဏ်အပြင် ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သော ပြစ်ဒဏ်လည်း ထိုက်သင့်စေရမည်။ ထို့ပြင်

(ခ) အခြားပြစ်ဒဏ်ထိုက်သင့်သည့် ပြစ်မှုတခုခုအတွက်ဖြစ်ပါက၊ ကြိမ်ဒဏ်မှအပ၊ ပြည်ထောင်စုမြန်မာ နိုင်ငံအတွင်း တည်ဆဲတရားဥပဒေက ထိုပြစ်မှုအတွက်ပြဋ္ဌာန်းထားသောပြစ်ဒဏ်တခုခုဖြစ်စေ၊ ခုနစ်နှစ် ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရ မည်။

စစ်တရားရုံးဖြင့်မစစ်ဆေးနိုင်သော နယ်ဘက်ပြစ်မှုများ။

၇၂။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးသည်၊ စစ်ဘက်ဥပဒေကို မလိုက်နာရသူတဦးအား၊ လူသတ်မှုကိုသော်၎င်း၊ ထိုသို့မလိုက်နာရသူတဦးအား၊ လူသတ်မှုမမြောက်သော ရာဇဝတ်ပြစ်ဒဏ် ထိုက်သည့် လူသေမှုကိုသော်၎င်း၊ ထိုသို့မလိုက်နာရသူတဦးအား၊ မုဒိမ်းမှုကိုသော် ၎င်း၊ ကျူးလွန်ခြင်းမှာ-

(က) တန်းပြည့်စစ်မှုထမ်းချိန်တွင်၊ သို့တည်းမဟုတ်

(ခ) ပြည်ထောင်စု မြန်မာနိုင်ငံပြင်ပရှိ နေရာတခုခုတွင်၊ သို့တည်းမဟုတ်

(ဂ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမိန့်ကြော်ငြာစာဖြင့်၊ ဤကိစ္စအလို့ငှါ၊ သီးခြားဖေါ်ပြထားသော နယ်စပ် စစ်စခန်းတွင်၊ ကျူးလွန်ခြင်းမဟုတ်လျှင်၊ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတခုခုက ကျူးလွန်သည်ဟု မမှတ်ယူရ။ ထို့ပြင် ထိုပြစ်မှုကျူးလွန်သူအား စစ်တရားရုံးက စစ်ဆေးစီရင်ခြင်းလည်းမပြုရ။ <ပြင်ဆင် 05.09.1960, 04.11.2010>

ပြစ်ဒဏ်များ

[ပြင်ဆင်ရန်]

အခဏ်း ၇။

ပြစ်ဒဏ်များ။

စစ်တရားရုံးများကချမှတ်နိုင်သော ပြစ်ဒဏ်များ။

၇၃။ ။ ဤအက်ဥပဒေကို လိုက်နာရသူများသည်၊ မိမိတို့ကျူးလွန်သည့် ပြစ်မှုများအတွက်၊ စစ်တရားရုံး များက ပြစ်မှုထင်ရှားစီရင်သောအခါ၊ အောက်ပါအချိုးအစားအတိုင်း ပြစ်ဒဏ်ထိုက်သင့်စေရမည်။

(က) သေဒဏ်။

(ခ) တသက်တကျွန်းဒဏ်၊ သို့တည်းမဟုတ် ခုနစ်နှစ်အောက်မလျော့သော တကျွန်းပို့ဒဏ်။

(ဂ) တဆယ့်လေးနှစ်ထက်မပိုသော အလုပ်ကြမ်းနှင့်၊ သို့တည်းမဟုတ် အလုပ်မဲ့ထောင်ဒဏ်။

(ဃ) အရာရှိများအတွက်ဖြစ်ပါက ရှုတ်ချ၍ အမြဲတမ်းထုတ်ပစ်ဒဏ်။

(င) စစ်မှုထမ်းခြင်းမှ အမြဲတမ်းထုတ်ပစ်ဒဏ်။

(စ) အရာခံဗိုလ်များအတွက်ဖြစ်ပါက၊ ပို၍နိမ့်သောအဆင့်၊ ပို၍နိမ့်သောအတန်း၊ ၎င်းတို့၏အဆင့် စာရင်းတွင် ပို၍နိမ့်သောနေရာ၊ သို့တည်းမဟုတ် တပ်သားအဆင့်သို့လျော့ချဒဏ်။ ထို့ပြင် အကြပ်များ အတွက်ဖြစ်ပါက၊ ပို၍နိမ့်သောအဆင့်၊ သို့တည်းမဟုတ် တပ်သားအဆင့်သို့လျော့ချဒဏ်။ သို့ရာတွင် တပ်သားအဆင့်သို့ လျော့ချထားသော အရာခံဗိုလ်တဦးအား၊ ၎င်း၏ဆန္ဒနှင့်ဆန့်ကျင်လျက် တပ်သား အဖြစ်ဖြင့် စစ်မှုမထမ်းစေရ။

(ဆ) အရာရှိများ၊ အရာခံဗိုလ်များနှင့် အကြပ်များအတွက်ဖြစ်ပါက၊ အဆင့်သက်တမ်းလျှော့ဒဏ်၊ ထို့ပြင် အဆင့်တိုးမြှင့်ရေးသည်၊ စစ်မှုထမ်းသက်တမ်းပေါ်တွင် အမှီပြုရသူများဖြစ်ပါက၊ အဆင့်တိုးမြှင့် ရေးကိစ္စအတွက်၊ ၎င်းတို့၏စစ်မှုထမ်းသက်အားလုံး၊ သို့တည်းမဟုတ် တစိတ်တဒေသကို ဆုံးရှုံးစေသည့် ဒဏ်။

(ဇ) လစာတိုးမှုကိစ္စအတွက်သော်၎င်း၊ အငြိမ်းစားလစာအတွက်သော်၎င်း၊ အခြားသတ်မှတ်ထား သော ကိစ္စတရပ်ရပ်အတွက်သော်၎င်း၊ စစ်မှုထမ်းသက်လျှော့ဒဏ်။

(ဈ) အရာရှိများ၊ အရာခံဗိုလ်များနှင့် အကြပ်များအတွက်ဖြစ်ပါက၊ ပြင်းထန်စွာပြစ်တင်ရှုတ်ချဒဏ်၊ သို့တည်းမဟုတ် ပြစ်တင်ရှုတ်ချဒဏ်။

(ည) တန်းပြည့်စစ်မှုထမ်းချိန်တွင် ကျူးလွန်သောပြစ်မှုတခုအတွက်ဖြစ်ပါက၊ သုံးလထက်မပိုသော လစာနှင့် စရိတ်များကို ဖြတ်တောက်ဒဏ်။

(ဋ) ရှုတ်ချ၍ အမြဲတမ်းထုတ်ပစ်ဒဏ်၊ သို့တည်းမဟုတ် စစ်မှုထမ်းခြင်းမှ အမြဲတမ်းထုတ်ပစ်ဒဏ် ချမှတ်ခံရသူ တဦးအတွက်ဖြစ်ပါက၊ ယင်းသို့ရှုတ်ချ၍ အမြဲတမ်းထုတ်ပစ်ဒဏ်၊ သို့တည်းမဟုတ် စစ်မှု ထမ်းခြင်းမှ အမြဲတမ်းထုတ်ပစ်ဒဏ်ခံရချိန်တွင်၊ ထိုသူအားပေးရန်ကျန်ရှိနေသော လစာနှင့်စရိတ်များ အပြင်၊ အစိုးရထံမှ ထိုသူရထိုက်သော အခြားငွေအားလုံးသိမ်းယူရန်။

(ဌ) ထိုသူအား ပြစ်မှုထင်ရှား စီရင်ခြင်းခံရသည့် ပြစ်မှုကြောင့် ဆုံးရှုံးကြောင်း၊ သို့တည်းမဟုတ် ပျက်စီး နစ်နာကြောင်း ထင်ရှားသက်သေခံချက်ရှိသော ဆုံးရှုံးခြင်း၊ သို့တည်းမဟုတ် ပျက်စီးနစ်နာခြင်းတခုခု အတွက် လျော်ပေးပြီးသည်အထိ လစာနှင့်စရိတ်များ ရပ်စဲဒဏ်။

စစ်တရားရုံးက လွှဲပြောင်းချမှတ်နိုင်သော ပြစ်ဒဏ်များ။

၇၄။ ။ပုဒ်မ ၃၂ မှ ၇၀ ထိ၊ ထိုပုဒ်မနှစ်ခုလုံး အပါအဝင်ဖြစ်သော ပုဒ်မများတွင် သီးခြားဖေါ်ပြထားသော ပြစ်မှုများအနက်၊ ပြစ်မှုတခုခုကျူးလွန်သည့် ဤအက်ဥပဒေကို လိုက်နာရသူတဦးအား၊ ပြစ်မှုထင်ရှား စီရင်ရာတွင်၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ ပြစ်မှုအမျိုးအစားနှင့် အကြီး အငယ်ကိုထောက်ထားပြီး၊ ထိုပြစ်မှုအတွက်စီရင်နိုင်သည်ဟု အဆိုပါပုဒ်မများတွင် ဖေါ်ပြထားသော သီးခြားပြစ်ဒဏ်ကိုဖြစ်စေ၊ ထိုပြစ်ဒဏ်အစား ပုဒ်မ ၇၃ တွင်ဖေါ်ပြထားသော အချိုးအစားအောက်ပို၍ လျော့သောပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်တခုခုကိုဖြစ်စေ၊ စစ်တရားရုံးက ချမှတ်နိုင်သည်။

စုပေါင်းချမှတ်နိုင်သော ပြစ်ဒဏ်များ။

၇၅။ ။ စစ်တရားရုံးတရုံးသည်၊ ချမှတ်လိုက်သည့် ပြစ်ဒဏ်တခုအပြင်၊ ပုဒ်မ ၇၃ ၏ အပိုဒ်(ဃ)၊ သို့တည်းမဟုတ် အပိုဒ် (င) တွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်နှင့် ထိုပုဒ်မ၏ အပိုဒ်(စ)မှ (ဌ) အထိ ဖြစ်သော အပိုဒ်များတွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်တခုဖြစ်စေ၊ တခုထက် ပို၍ဖြစ်စေ၊ ပူးပေါင်းပြီးချမှတ်နိုင်သည်။ ထို့ပြင် စစ်တရားရုံးတရုံးသည်၊ အခြားပြစ်ဒဏ်တခုမချမှတ် စေကာမူ၊ ပုဒ်မ ၇၃ ၏ အပိုဒ်(ဃ)၊ သို့တည်းမဟုတ် အပိုဒ် (င) တွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်နှင့် ထိုပုဒ်မ၏ အပိုဒ် (စ) မှ (ဌ) အထိဖြစ်သော အပိုဒ်များတွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်တခုဖြစ်စေ၊ တခုထက်ပို၍ဖြစ်စေ၊ ပူးပေါင်းပြီးချမှတ်နိုင်သည်။

အရာရှိများအတွက် ရှုတ်ချ၍ အမြဲတမ်းထုတ်ပစ်ဒဏ်။

၇၆။ ။ အရာရှိတဦးအား၊ ပုဒ်မ ၇၃ ၏ အပိုဒ်(က)မှ (ဂ) အထိဖြစ်သော အပိုဒ်များတွင် သီးခြားဖေါ်ပြ ထားသောပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်တခုခုမချမှတ်မီ၊ ရှုတ်ချ၍ အမြဲတမ်း ထုတ်ပစ်ဒဏ်ချမှတ်ရ မည်။

စစ်မြေပြင် ပြစ်ဒဏ်။

၇၇။ ။ စစ်တရားရုံးသည် အမျိုးသမီးတဦးမှတပါး၊ အရာခံဗိုလ်အဆင့်အောက်နိမ့်သော ဤအက်ဥပဒေကို လိုက်နာရသည့် အခြားသူတဦးဦးအား၊ တန်းပြည့်စစ်မှုထမ်းချိန်တွင် ပြစ်မှုတခုခုကိုကျူးလွန်သည့်အတွက်၊ စစ်မြေပြင်ပြစ်ဒဏ်ဟု၊ သတ် မှတ်ထားသည့်၊ ပြစ်ဒဏ်တခုခုချမှတ်နိုင်သည်။ စစ်မြေပြင်ပြစ်ဒဏ်သည်၊ လူကိုချုတ်ချယ်ခြင်းမျိုး၊ သို့တည်းမဟုတ် အလုပ်ကြမ်းမျိုးဖြစ်သော ပြစ်ဒဏ်ဖြစ်စေရမည်။ သို့သော်လည်း အသက်ကိုသော်၎င်း၊ ကိုယ်အင်္ဂါကိုသော်၎င်း၊ ထိခိုက်စေသည့်ပြစ်ဒဏ်မျိုးမဖြစ်စေရ။ ထို့ပြင် အဆိုပါ စစ်မြေပြင်ပြစ်ဒဏ်တွင်၊ ရိုက်နှက်ဆုံးမခြင်း မပါဝင်စေရ။ <ပြင်ဆင် 05.10.1961, 04.11.2010>

ပြစ်ဒဏ်များ အချိုးအစားတွင် စစ်မြေပြင်ပြစ်ဒဏ်၏ နေရာ။

၇၈။ ။ ပြစ်ဒဏ်လျော့ပေါ့ပြောင်းလွှဲခြင်းကိစ္စအတွက် စစ်မြေပြင်ပြစ်ဒဏ်သည်၊ ပုဒ်မ ၇၃ ရှိ သီးခြား ဖေါ်ပြထားသော ပြစ်ဒဏ်များအချိုးအစားတွင် အမြဲတမ်းထုတ်ပစ်ဒဏ်အောက် ကပ်လျက်ရှိသည်ဟု မှတ်ယူရမည်။

အရာခံဗိုလ်၊ သို့တည်းမဟုတ် အကြပ်တဦးအားချမှတ်သော အချို့ပြစ်ဒဏ်များ၏ အကျိုးသက် ရောက်ခြင်း။

၇၉။ ။ စစ်တရားရုံးတရုံးက တကျွန်းပို့ဒဏ်၊ ထောင်ဒဏ်၊ စစ်မြေပြင်ပြစ်ဒဏ်၊ သို့တည်းမဟုတ် စစ်မှု ထမ်းခြင်းမှ အမြဲတမ်းထုတ်ပစ်ဒဏ် ချမှတ်ခြင်းခံရသော အရာခံဗိုလ်၊ သို့တည်းမဟုတ် အကြပ်တဦး သည်၊ တပ်သားအဆင့်သို့လည်း လျော့ချခြင်းခံရသည်ဟု မှတ်ယူရမည်။

တန်းပြည့်စစ်မှုထမ်းချိန်တွင် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူတဦးကို တပ်သားအဆင့်တွင် ဆက်လက်ထားရှိခြင်း။

၈၀။ ။ စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသူတဦးဦးအား၊ တန်းပြည့်စစ်မှုထမ်းချိန်တွင် စစ်တရားရုံးက အမြဲတမ်းထုတ်ပစ်ဒဏ်ဖြစ်စေ၊ တကျွန်းပို့ဒဏ်ကို၊ သို့တည်းမဟုတ် ထောင်ဒဏ်ကို အမြဲတမ်းထုတ်ပစ် ဒဏ်နှင့် ပူးပေါင်းလျက်ဖြစ်စေ၊ မပူးပေါင်းဘဲဖြစ်စေ၊ ချမှတ်သည့်အခါ၊ သတ်မှတ်ထားသော အရာရှိက၊ ထိုသူကို တပ်သားအဆင့်တွင် ဆက်လက်စစ်မှုထမ်းရန် ညွှန်ကြားနိုင်သည်။ ထို့ပြင် တကျွန်းပို့ဒဏ်ကို ဖြစ်စေ၊ ထောင်ဒဏ်ကိုဖြစ်စေ၊ ချမှတ်ခဲ့လျှင်၊ ယင်းသို့တပ်သားအဖြစ်နှင့် စစ်မှုထမ်းသည့်ကာလကို ထိုသူ ကျခံရသော တကျွန်းပို့ဒဏ်၊ သို့တည်းမဟုတ် ထောင်ဒဏ်၏တစိတ်တဒေသအဖြစ်ဖြင့် ရေတွက်ရမည်။

စစ်တရားရုံးဖြင့်မဟုတ်ဘဲ၊ အခြားနည်းဖြင့် ချမှတ်သောပြစ်ဒဏ်များ။

၈၁။ ။ ဤအက်ဥပဒေကို လိုက်နာရသူများကျူးလွန်သော သတ်မှတ်ထားသည့် ပြစ်မှုများနှင့်စပ်လျဉ်း၍၊ စစ်တရားရုံးဖြင့် စစ်ဆေး စီရင်ခြင်းမပြုဘဲ၊ ပုဒ်မ ၈၂၊ ၈၅၊ ၈၆ နှင့် ၈၇ တို့တွင် ဖေါ်ပြထားသည့် နည်းလမ်းအတိုင်း ပြစ်ဒဏ်များကို ချမှတ်နိုင်သည်။ <ပြင်ဆင် 05.10.1961>

အရာရှိနှင့် အရာခံဗိုလ်မဟုတ်သူများအား ချမှတ်နိုင်သော ပြစ်ဒဏ်များ။

၈၂။ ။ ပုဒ်မ ၈၃ ပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ တပ်မှူးတဦးသည်၊ သို့တည်းမဟုတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သီးခြားဖေါ်ပြသော အခြားအရာရှိတဦးသည်၊ သတ်မှတ်ထားသည့် ပြစ်မှုတခုခု ကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသည်လည်း ဖြစ်၍၊ အရာရှိ၊ သို့တည်းမဟုတ် အရာခံဗိုလ်လည်းမဟုတ်သော ဤအက်ဥပဒေကို လိုက်နာရသူတဦး အား၊ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း စစ်ဆေးစီရင်၍၊ အောက်ပါပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ် တခုခုကိုသော်၎င်း၊ တခုထက်ပို၍သော်၎င်း၊ သတ်မှတ်ထားသည့်အထိ ချမှတ်နိုင်သည်။

(က) စစ်ဘက်အချုပ်တွင် နှစ်ဆယ့်ရှစ်ရက်ထိ ထောင်ဒဏ်။

(ခ) စစ်တန်းလျားများတွင်၊ သို့တည်းမဟုတ် ရေယာဉ်တွင် နှစ်ဆယ့်ရှစ်ရက်ထိ လိုင်းချုပ်။

(ဂ) (၁) အပိုကင်းတာဝန်များ၊ သို့တည်းမဟုတ် အပိုတာဝန်များ။

(၂) အပိုအလုပ်၊ သို့တည်းမဟုတ် အပိုစစ်ရေးပြခြင်းများ။

သို့ရာတွင် အဆိုပါတာဝန်များ၊ သို့တည်းမဟုတ် စစ်ရေးပြခြင်းများသည်၊ အရေအတွက်အားဖြင့် တဆယ့်လေးကြိမ်ထက် မပိုစေရ။

(ဃ) ရာထူးသဘော သက်ဝင်သည့်အဆင့်အတန်းကို ဖြုတ်ပစ်ခြင်း၊ နှစ်ဆယ့်ရှစ်ရက်အတွက်ထက်မပိုသော အရည်အချင်းလစာကို ဖြတ်တောက် ခြင်း၊ ထို့ပြင် အကြပ်များအတွက်ဖြစ်ပါက၊ ခေတ္တအဆင့်ကို ဖြုတ်ပစ်ခြင်း။

(င) မည်သည့် လတလတွင်မဆို၊ တဆယ့်လေးရက်အတွက်ထိ လစာနှင့်ညီမျှသော ငွေဒဏ်။

(စ) ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခြင်း၊ သို့တည်းမဟုတ် ပြစ်တင်ရှုတ်ချခြင်း။

(ဆ) ပုဒ်မ ၉၃ ၏ အပိုဒ်(ဆ)အရ၊ ဒဏ်အဖြစ်လစာနှင့် စရိတ်များဖြတ်တောက်ခြင်း။

(ဇ) တန်းပြည့်စစ်မှုထမ်းနေသူတဦးအတွက်ဖြစ်ပါက၊ သတ်မှတ်ထားသော စစ်မြေပြင်ပြစ်ဒဏ်တမျိုး မျိုးကို နှစ်ဆယ့်ရှစ်ရက်ထိ။ <ပြင်ဆင် 05.10.1961, 04.11.2010>

ပုဒ်မ ၈၂ အရ ချမှတ်နိုင်သောပြစ်ဒဏ်များကို ကန့်သတ်ခြင်း။

၈၃။ ။ (၁) ပုဒ်မ ၈၂ ပါ ပြစ်ဒဏ်ချမှတ်ရာတွင် စစ်မြေပြင်ပြစ်ဒဏ်ကို ထိုပုဒ်မ၏ (က) နှင့် (ခ)တွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်တခုခုနှင့်သော်၎င်း၊ နှစ်ခုစလုံးနှင့်သော်၎င်း၊ ပူးပေါင်းချမှတ်ခြင်းမပြုရ။

(၂) အဆိုပါ ပုဒ်မ၏ အပိုဒ်(က)၊ (ခ) နှင့် (ဂ)တို့တွင် သီးခြားဖေါ်ပြထားသည့် ပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်နှစ်ခုသော်၎င်း၊ နှစ်ခုထက်ပို၍သော်၎င်း၊ ချမှတ်ခဲ့ပါက၊ အပိုဒ်(က) တွင် သီးခြားဖေါ်ပြထား သည့် ပြစ်ဒဏ်ကျခံပြီးမှသာလျှင်၊ အပိုဒ်(ခ)၊ သို့တည်းမဟုတ် အပိုဒ်(ဂ) တွင် သီးခြားဖေါ်ပြထားသည့် ပြစ်ဒဏ်ကို စတင်ကျခံစေရမည်။

(၃) သူတဦးအား၊ အဆိုပါ အပိုဒ်(က) နှင့် (ခ) များတွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်များကို ပေါင်း စပ်၍ချမှတ်သည့်အခါ၊ သို့တည်းမဟုတ် အဆိုပါပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်တခုကျခံနေရသည့်အခါ၊ စုစုပေါင်းပြစ်ဒဏ်သည်၊ နှစ်ဆယ့်ရှစ်ရက်ထက်မပိုစေရ။

(၄) အပြစ်ပေးခံရသော ပြစ်မှုကို ကျူးလွန်ချိန်တွင် အကြပ်အဆင့်ရှိသူ တစ်ဦးဦးအားအဆိုပါ ပုဒ်မ၏ အပိုဒ်(က)၊ (ခ)၊ (ဂ) (၂) နှင့် (ဇ) တို့တွင် သီးခြားဖော်ပြထားသောပြစ်ဒဏ်များကို မချမှတ်ရ။

အသက်တဆယ့်ခြောက်နှစ်အောက် ဖြစ်သောသူများဖြစ်ပါက၊ အဆိုပါပုဒ်မ၏ အပိုဒ်(က) နှင့် (ဃ) မှ (ဇ) အထိဖြစ်သော အပိုဒ်များတွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်များကို မချမှတ်ရ။ ထို့ပြင် အဆိုပါ ပုဒ်မ၏ အပိုဒ်(ခ) နှင့် (ဂ) တွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်များကို၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သီးခြားသတ်မှတ်ပေးထားသည်အထိ၊ ကန့်သတ်ချမှတ်ရမည်။ အဆိုပါ ပုဒ်မ၏ အပိုဒ် (ဇ) တွင် သီးခြား ဖေါ်ပြထားသောပြစ်ဒဏ်ကို၊ အမျိုးသမီးများအပေါ်တွင် မချမှတ်ရ။

(၅) အကြပ်အဆင့်အောက် နိမ့်သောအဆင့်ရှိသူ တဦးဦးအား၊ အဆိုပါ ပုဒ်မ၏ အပိုဒ် (စ) တွင် သီးခြား ဖေါ်ပြထားသော ပြစ်ဒဏ်ကိုမချမှတ်ရ။ <ပြင်ဆင် 05.10.1961,10.05.1989, 04.11.2010>

ပုဒ်မ ၈၂ တွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်များအပြင် ချမှတ်နိုင်သောပြစ်ဒဏ်များ။

၈၄။ ။ ပုဒ်မ ၈၂ တွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်တခုခုနှင့် ပူးပေါင်း၍ သော်၎င်း၊ ပြစ်ဒဏ်တခုခုမပါဘဲသော်၎င်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပုဒ်မ ၈၂ အရ ချမှတ်နိုင်သော အခြားပြစ်ဒဏ်များနှင့် ထိုအခြားပြစ်ဒဏ်များကို မည်ရွေ့ မည်မျှအထိ ချမှတ်နိုင်သည်ကို သီးခြားဖေါ်ပြနိုင်သည်။ <ပြင်ဆင် 10.05.1989, 04.11.2010>

တပ်မဟာ/စစ်ဗျူဟာအဖွဲ့ (အခြေချ)မှူးများနှင့် အခြားအရာရှိများက အရာရှိများနှင့်အရာခံ ဗိုလ်များအား ချမှတ်နိုင်သော ပြစ်ဒဏ်များ။

၈၅။ ။ တပ်မတော် (ကြည်း)အတွက်ဖြစ်ပါက၊ တပ်မဟာ/စစ်ဗျူဟာအဖွဲ့ (အခြေချ) အောက်မငယ်သော အဖွဲ့အစည်းကို၊ တပ်မတော်(ရေ)၊ သို့တည်းမဟုတ် တပ်မတော်(လေ) အတွက်ဖြစ်ပါက၊ တပ်မဟာ/စစ်ဗျူဟာအဖွဲ့ (အခြေချ) (တပ်မတော် (ကြည်း)) နှင့် တူညီသည်ဟု သတ်မှတ်ထားသည့် အဖွဲ့ အစည်းအောက်မငယ်သော အဖွဲ့အစည်းကို ကွပ်ကဲသည့် အရာရှိတဦး၊ သို့တည်းမဟုတ် သတ်မှတ်ထားသော အခြားအရာရှိတဦးဦးက၊ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း၊ သတ်မှတ်ထားသည့် ပြစ်မှုတခုခု ကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသည့် ဗိုလ်မှူးအဆင့်အောက်နိမ့်သည့် အရာရှိတဦးအား၊ သို့တည်းမဟုတ် အရာခံဗိုလ်တဦးအား စစ်ဆေးစီရင်၍၊ အောက်ပါပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်တခုကိုသော်၎င်း၊ တခုထက်ပို၍သော်၎င်း၊ ချမှတ်နိုင်သည်။

(က) ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခြင်း၊ သို့တည်းမဟုတ် ပြစ်တင်ရှုတ်ချခြင်း။

(ခ) ထိုသူအား ပြစ်မှုထင်ရှားစီရင်ခြင်းခံရသည့်ပြစ်မှုကြောင့် ဆုံးရှုံးကြောင်း၊ သို့တည်းမဟုတ် ပျက်စီး နစ်နာကြောင်း ထင်ရှားသက်သေခံချက် ရှိသောဆုံးရှုံးခြင်း၊ သို့တည်းမဟုတ်ပျက်စီးနစ်နာခြင်း တခုခု အတွက် လျော်ပေးပြီးသည်အထိ လစာနှင့်စရိတ်များ ရပ်စဲဒဏ်။ <ပြင်ဆင် 05.10.1961, 04.11.2010>

တပ်မမှူးနှင့်အခြားအရာရှိများက အရာရှိများနှင့် အရာခံဗိုလ်များအား ချမှတ်နိုင်သောပြစ်ဒဏ်များ။

၈၆။ ။ တပ်မတော် (ကြည်း)အတွက်ဖြစ်ပါက၊ တပ်မအောက်မငယ်သော အဖွဲ့အစည်းကို ကွပ်ကဲသည့်အရာရှိတဦး၊ တပ်မတော်(ရေ)၊ သို့တည်းမဟုတ် တပ်မတော်(လေ) အတွက်ဖြစ်ပါက၊ စစ်တရားရုံးချုပ် ဖွဲ့စည်းနိုင်ခွင့် အာဏာ အပ်နှင်းခြင်းခံရသော အရာရှိတဦး၊ သို့တည်းမဟုတ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သီးခြားဖေါ်ပြသည့် အခြားအရာရှိသည်၊ သတ်မှတ်ထားသည့် ပြစ်မှုတခုခု ကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသည့် ဒုတိယဗိုလ်မှူးကြီးအဆင့်အောက်နိမ့်သော အရာရှိတဦးအား၊ သို့တည်းမဟုတ် အရာခံဗိုလ်တဦးအား၊ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း စစ်ဆေးစီရင်၍ အောက်ပါပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်တခုကိုသော်၎င်း၊ တခုထက်ပို၍သော်၎င်း၊ ချမှတ်နိုင် သည်။

(က) အဆင့်သက်တမ်းလျှော့ဒဏ်၊ သို့တည်းမဟုတ် မိမိ၏အဆင့် တိုးမြှင့်ရေးသည်၊ စစ်မှုထမ်းသက် ပေါ်တွင်အမှီပြုရသောသူဖြစ်ပါက၊ တဆယ့်နှစ်လထက်မပိုသော စစ်မှုထမ်းသက်ကို အဆင့်တိုးမြှင့်ရေး ကိစ္စအတွက်လျှော့ဒဏ်။

သို့ရာတွင် ပြစ်ဒဏ်မချမှတ်မီ တရားခံသည်၊ စစ်တရားရုံးဖြင့် စစ်ဆေးစီရင် ခြင်းကို ရွေးချယ်နိုင်သည်။

(ခ) မည်သည့်လ တလတွင်မဆို၊ တဆယ့်လေးရက်အတွက်ထိ လစာနှင့်ညီမျှသော ငွေဒဏ်။

(ဂ) ပြင်းထန်စွာ ပြစ်တင်ရှုတ်ချဒဏ်၊ သို့တည်းမဟုတ် ပြစ်တင်ရှုတ်ချဒဏ်။

(ဃ) ထိုသူအားပြစ်မှုထင်ရှား စီရင်ခြင်းခံရသည့်ပြစ်မှုကြောင့် ဆုံးရှုံးကြောင်း၊ သို့တည်းမဟုတ် ပျက်စီးနစ်နာကြောင်းထင်ရှား သက်သေခံ ချက်ရှိသောဆုံးရှုံးခြင်း၊ သို့တည်းမဟုတ် ပျက်စီးနစ်နာခြင်းတခုခုအတွက် လျော်ပေးပြီးသည်အထိ လစာနှင့်စရိတ်များ ရပ်စဲဒဏ်။ <ပြင်ဆင် 05.10.1961, 10.05.1989, 04.11.2010>

တပ်မှူးများက အရာခံဗိုလ်များအား ချမှတ်နိုင်သောပြစ်ဒဏ်များ။

၈၇။ ။ တပ်မှူးတဦး၊ သို့တည်းမဟုတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သီးခြားဖေါ်ပြသည့် အခြားအရာရှိသည်၊ သတ်မှတ်ထားသည့် ပြစ်မှုတခုခု ကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသည့် အရာခံဗိုလ်တဦးအား၊ သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း စစ်ဆေးစီရင်၍ ပြစ်မှုထင်ရှား စီရင်ခြင်းခံရသည့် ပြစ်မှုကြောင့် ဆုံးရှုံးကြောင်း၊ သို့တည်းမဟုတ် ပျက်စီးနစ်နာကြောင်း၊ ထင်ရှားသက်သေခံချက်ရှိသော ဆုံးရှုံးခြင်း၊ သို့တည်းမဟုတ် ပျက်စီးနစ်နာခြင်း တခုခုအတွက် လျော်ပေးပြီး သည်အထိ လစာနှင့်စရိတ်များ ရပ်စဲဒဏ်ချမှတ်နိုင်သည်။ <ပြင်ဆင် 05.10.1961, 10.05.1989, 04.11.2010>

အမှုတွဲများ ပို့ပေးခြင်း။

၈၈။ ။ ပုဒ်မ ၈၅၊ ၈၆ နှင့် ၈၇ တို့အနက်၊ ပုဒ်မ တခုခုအရ ပြစ်ဒဏ်ချမှတ်လိုက်သည့်အမှုတိုင်းတွင်၊ ပြစ်ဒဏ်ချမှတ်သောအရာရှိသည်၊ အမှုတွဲ၏ တာဝန်ခံမိတ္တူမှန်များကို၊ ပုဒ်မ ၉၀ တွင် အဓိပ္ပါယ်ဖေါ်ပြ ထားသော စစ်ဘက်အထက်အာဏာပိုင်ထံ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်းပေးပို့ရမည်။

အမှုတွဲများကို ပြန်လည်သုံးသပ်ခြင်း။

၈၉။ ။ ပုဒ်မ ၈၂၊ ၈၅၊ ၈၆ နှင့် ၈၇ တို့အနက်၊ ပုဒ်မတခုခုအရ ချမှတ်လိုက်သည့် ပြစ်ဒဏ်တခုခုသည်၊ တရားဥပဒေနှင့်မညီ၊ တရားမမျှတ၊ သို့တည်းမဟုတ် များလွန်းသည်ဟု ပုဒ်မ ၉၀ တွင် အဓိပ္ပါယ်ဖေါ်ပြ ထားသော စစ်ဘက်အထက်အာဏာပိုင် တဦးကယူဆလျှင်၊ အဆိုပါ အာဏာပိုင်သည် ထိုပြစ်ဒဏ်ကို ဖျက်သိမ်း၊ ပြောင်းလဲ၊ သို့တည်းမဟုတ် လျှော့ပစ်နိုင်သည့်ပြင်၊ ထိုအမှု၏ အဖြစ်အပျက် အကြောင်းခြင်းရာများနှင့် သင့်လျော်မည့် အခြားညွှန်ကြားချက်တရပ်ကိုလည်း ပြုလုပ်နိုင်သည်။ <ပြင်ဆင် 05.10.1961>

စစ်ဘက် အထက်အာဏာပိုင်။

၉၀။ ။ ပုဒ်မ ၈၈ နှင့် ၈၉ တို့၏ ကိစ္စအလို့ငှါ၊ “စစ်ဘက်အထက်အာဏာပိုင်”ဆိုသည်မှာ-

(က) တပ်မှူးတဦးက ချမှတ်သောပြစ်ဒဏ်များအတွက်ဖြစ်ပါက၊ ထိုတပ်မှူး၏ အထက်အရာရှိတဦးဦး၊ သို့တည်းမဟုတ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သီးခြားဖေါ်ပြသည့် အခြားအရာရှိကိုဆိုလိုသည်။

(ခ) အခြားအာဏာပိုင်တဦးဦးက ချမှတ်သော ပြစ်ဒဏ်များအတွက်ဖြစ်ပါက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ သို့တည်းမဟုတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သီးခြားဖေါ်ပြသည့် အခြားအရာရှိ ကို ဆိုလိုသည်။ <ပြင်ဆင် 05.10.1961, 10.05.1989, 04.11.2010>

စုပေါင်းငွေဒဏ်များ။

၉၁။ ။ (၁) တပ်၊ တပ်ခွဲ၊ သို့တည်းမဟုတ် အလားတူတပ်တခု၏ ပစ္စည်းကိရိယာတန်ဆာပလာတွင် ပါဝင်သည့် လက်နက်တခုခုသော်၎င်း၊ လက်နက်တခု၏ အစိတ်အပိုင်းတခုခုသော်၎င်း၊ ပျောက်ဆုံးသည့် အခါဖြစ်စေ၊ ခိုးယူခြင်းခံရသည့်အခါဖြစ်စေ၊ တပ်မတော် (ကြည်း) အတွက်ဖြစ်ပါက၊ တပ်မဟာ/စစ်ဗျူဟာအဖွဲ့ (အခြေချ) အောက်မငယ်သော အဖွဲ့အစည်းကို၊ တပ်မတော်(ရေ)၊ သို့တည်းမဟုတ် တပ်မတော်(လေ)အတွက်ဖြစ်ပါက၊ တပ်မဟာ/စစ်ဗျူဟာအဖွဲ့ (အခြေချ) (တပ်မတော် (ကြည်း)) နှင့် တူညီသည်ဟု သတ်မှတ်ထားသည့် အဖွဲ့အစည်းအောက် မငယ်သောအဖွဲ့အစည်းကို ကွပ်ကဲသည့်အရာ ရှိ၊ သို့တည်းမဟုတ် သတ်မှတ်ထားသော အခြားအရာရှိတဦးဦးသည်၊ စုံစမ်းရေးခုံရုံးတခု၏ အစီရင် ခံချက်ကိုရယူပြီးနောက်၊ အဆိုပါတပ်ရှိအရာခံဗိုလ်များ၊ အကြပ်များနှင့်တပ်သားများအား၊ သို့တည်း မဟုတ် အဆိုပါပျောက်ဆုံးမှုအတွက်သော်၎င်း၊ ခိုးမှုအတွက်သော်၎င်း၊ တာဝန်ရှိသည်ဟု၊ မိမိထင်မြင် ယူဆသောသူဟူသမျှအား စုပေါင်းငွေဒဏ် ချမှတ်နိုင်သည်။

(၂) အဆိုပါဒဏ်ငွေကို၊ ပေးဆောင်ရမည့်သူတဦးချင်း၏ လစာပေါ်မူတည်သည့် ရာခိုင်နှုန်းအဖြစ်ဖြင့်၊ ပေးစေရမည်။ <ပြင်ဆင် 04.11.2010>

ဒဏ်အဖြစ်ဖြင့်ငွေနုတ်ယူခြင်းများ

[ပြင်ဆင်ရန်]

အခဏ်း ၈။

ဒဏ်အဖြစ်ဖြင့်ငွေနုတ်ယူခြင်းများ။

အရာရှိများ၏ လစာနှင့်စရိတ်ထဲမှ ငွေနုတ်ယူခြင်းများ။

၉၂။ ။ အရာရှိများ၏ လစာနှင့်စရိတ်များထဲမှ ဒဏ်အဖြစ်ဖြင့် အောက်ပါငွေများ နုတ်ယူနိုင်သည်။

(က) အရာရှိတဦးသည်၊ ခွင့်မဲ့ပျက်ကွက်သဖြင့်၊ ကျေနပ်ဘွယ်ကောင်းသော ထုချေချက်တရပ်ကို၊ မိမိ၏ တပ်မှူးအားပေးပြီးသည့်ပြင်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ထိုထုချေချက်ကို လက်ခံသည့် ကိစ္စမျိုးမှတပါး ထိုအရာရှိ ခွင့်မဲ့ပျက်ကွက်သည့် ရက်အသီးသီးအတွက် ရသင့်သောလစာနှင့် စရိတ်အားလုံး။

(ခ) အရာရှိတဦးသည်၊ ပြစ်မှုတခုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရပြီးသည့်နောက်၊ ရာဇဝတ်တရားရုံးက၊ သို့တည်းမဟုတ် စစ်တရားရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၈၅ အရဖြစ်စေ၊ ပုဒ်မ ၈၆ အရဖြစ်စေ၊ အာဏာ သုံးစွဲနိုင်သောအရာရှိတဦးက၊ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်၊ ထိုပြစ်မှုအတွက် ထိုအရာရှိအချုပ်ခံနေရ သည့်၊ သို့တည်းမဟုတ် ရာထူးမှခေတ္တချထားခြင်းခံနေရသည့် ရက်အသီးသီးအတွက် ကျန်ရှိနေသေး သည့် လစာနှင့် စရိတ်အားလုံး။

(ဂ) တရားဥပဒေနှင့်ဆန့်ကျင်လျက် လက်ရှိထားသော၊ သို့တည်းမဟုတ် တရားဥပဒေနှင့် ဆန့်ကျင် လျက် ပေးရန်ငြင်းပယ်ခဲ့သော၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦး၏လစာအတွက် လျော်ပေးရန် လိုအပ်သည့်ငွေ။

(ဃ) ပြစ်မှုတခုကျူးလွန်သဖြင့်၊ အရာရှိတဦးအား ပြစ်မှုထင်ရှားသည်ဟုစီရင်သော စစ်တရားရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၈၅ အရ ဖြစ်စေ၊ ပုဒ်မ ၈၆ အရဖြစ်စေ၊ အာဏာသုံးစွဲနိုင်သော အရာရှိတဦးက၊ ထိုပြစ်မှုကျူးလွန်ခြင်းကြောင့် ဖြစ်ပေါ်ရသည့် စရိတ်စကများ၊ ဆုံးရှုံးခြင်း၊ ပျက်စီးနစ်နာခြင်း၊ သို့တည်း မဟုတ် ဖျက်ဆီးခြင်းအတွက် ဆုံးဖြတ်သည့်လျော်ကြေးကို ပေးရန်လိုအပ်သည့်ငွေ။

(င) စစ်တရားရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၈၅ အရဖြစ်စေ၊ ပုဒ်မ ၈၆ အရဖြစ်စေ၊ အာဏာသုံးစွဲနိုင်သည့် အရာရှိတဦးက သိမ်းယူ စေရန်၊ သို့တည်းမဟုတ် ရပ်စဲစေရန် အမိန့်ချမှတ်သောလစာနှင့် စရိတ်အားလုံး။

(စ) ရာဇဝတ်တရားရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၇၁ အရ စီရင်ပိုင်ခွင့် အာဏာသုံးစွဲနိုင်သည့် စစ်တရားရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၈၆ အရ အာဏာသုံးစွဲနိုင်သော အရာရှိတဦးက ချမှတ်သည့် ဒဏ်ငွေကို ပေးဆောင်ရန်လိုအပ်သည့်ငွေ။

(ဆ) လုပ်သင့်လုပ်ထိုက်သော စုံစမ်းစစ်ဆေးခြင်းပြုလုပ်ပြီးသည့်နောက်၊ အရာရှိမှ မတရားပြုလုပ်မှုကြောင့်ဖြစ်စေ၊ ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ ဖြစ်ပေါ်ရသည်ဟု၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယူဆသောပြည်သူပိုင်ပစ္စည်း၊ သို့တည်းမဟုတ် တပ်ရင်းပိုင်ပစ္စည်း ဆုံးရှုံးခြင်း၊ ပျက်စီးနစ်နာခြင်း၊ သို့တည်းမဟုတ် ဖျက်ဆီး ခြင်းအတွက် လျော်ပေးရန်လိုအပ်သည့်ငွေ။

(ဇ) အရာရှိတဦးသည်၊ တပ်မှရန်သူ့ထံသို့ ထွက်ပြေးသည်ဟု၊ သို့တည်းမဟုတ် ရန်သူ၏ လက်တွင်းသို့ ကျရောက်နေစဉ် ရန်သူနှင့်အတူ အမှုထမ်းရွက်သည်၊ သို့တည်းမဟုတ် ရန်သူ၏အမိန့်များကို ခံယူသည်ဟု၊ သို့တည်းမဟုတ် ရှိသင့်သောကြိုတင်စီမံမှု မရှိခြင်းကြောင့်သော်၎င်း၊ ထင်ရှားသက်သေခံချက်ရှိသော အမိန့်ဖီဆန်မှုကြောင့်သော်၎င်း၊ တာဝန်ဝတ်တရားဆောင်ရွက်ရန် တမင်ပျက်ကွက်မှုကြောင့်သော်၎င်း၊ သုံ့ပန်းဖြစ် သွားသည်ဟု၊ သို့တည်းမဟုတ် သုံ့ပန်းဖြစ်သွားပြီးနောက်၊ မိမိစစ်မှုထမ်းရွက်ရေးအတွက် ပြန်၍လာနိုင်သည့်အခါတွင် ပြန်လာရန်ပျက်ကွက်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ သို့တည်းမဟုတ် ဤကိစ္စအလို့ငှါ သတ်မှတ်ထားသော အရာရှိတဦးဦးက ဖွဲ့စည်းသော စုံစမ်းစစ်ဆေးရေးခုံရုံး တခုကယူဆလျှင်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏အမိန့်အရ သိမ်းယူရမည့် ထိုအရာရှိ၏ လစာနှင့်စရိတ်အားလုံး။

(ဈ) အရာရှိတဦး၏ မယားစရိတ်၊ သို့တည်းမဟုတ် အရာရှိတဦး၏ တရားဝင်ကလေး၊ သို့တည်းမဟုတ် တရားမဝင်သောကလေး၏ စရိတ်အတွက်၊ သို့တည်းမဟုတ် အဆိုပါမယားကိုဖြစ်စေ၊ ကလေးကိုဖြစ်စေ၊ နိုင်ငံတော်ကပေးသော ကူညီထောက်ပံ့မှုတခုခု၏ ကုန်ကျစရိတ်အတွက်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏၊ သို့တည်းမဟုတ် ဤကိစ္စအလို့ငှါ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆောင်ရွက်ရန်လွှဲအပ်ထားသော အရာရှိတဦးဦး၏ အမိန့်အရ ပေးရမည့်လိုအပ်သည့်ငွေ။ <ပြင်ဆင် 05.09.1960, 05.10.1961, 10.05.1989, 04.11.2010>

အရာရှိမဟုတ်သူများ၏ လစာနှင့်စရိတ်များထဲမှ ငွေနုတ်ယူခြင်းများ။

၉၃။ ။ ပုဒ်မ ၉၆ ပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ အရာရှိတဦးမှတပါး ဤအက်ဥပဒေကို လိုက်နာရသော အခြားသူတဦး၏ လစာနှင့်စရိတ်များထဲမှ ဒဏ်အဖြစ်ဖြင့် အောက်ပါငွေများကို နုတ်ယူ နိုင်သည်။

(က) တပ်မှထွက်ပြေးခြင်းကြောင့်သော်၎င်း၊ ခွင့်မဲ့ပျက်ကွက်ခြင်းကြောင့်သော်၎င်း၊ သုံ့ပန်းတဦး အဖြစ် ဖြင့်သော်၎င်း၊ ပျက်ကွက်သည့်ရက်အသီးသီးအတွက်၊ ထို့ပြင်ရာဇဝတ်တရားရုံးကဖြစ်စေ၊ စစ်တရားရုံး ကဖြစ်စေ၊ ပုဒ်မ ၈၂ အရ အာဏာသုံးစွဲနိုင်သည့် အရာရှိတဦးကဖြစ်စေ၊ ချမှတ်သောတကျွန်းပို့ဒဏ်၊ ထောင်ဒဏ်၊ သို့တည်းမဟုတ် ထိုအရာရှိကဖြစ်စေ၊ စစ်တရားရုံးကဖြစ်စေ၊ ချမှတ်သောစစ်မြေပြင် ပြစ်ဒဏ်ခံရသည့် ရက်အသီးသီးအတွက် လစာနှင့်စရိတ်အားလုံး။

(ခ) အရာရှိမဟုတ်သူတဦးသည်၊ ပြစ်မှုတခုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရပြီးသည့်နောက်၊ ရာဇဝတ် တရားရုံးက၊ သို့တည်းမဟုတ် စစ်တရားရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၈၂ အရ၊ အာဏာသုံးစွဲနိုင်သော အရာရှိတဦးက ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်၊ ထိုပြစ်မှုအတွက် ထိုအရာရှိမဟုတ်သူ အချုပ်ခံနေရ သည့် ရက်အသီးသီးအတွက် ကျန်ရှိနေသေးသည့်လစာနှင့် စရိတ်အားလုံး။

(ဂ) အရာရှိမဟုတ်သူတဦး၏ ဖျားနာမှုသည်၊ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတခုခုကို ထိုသူကျူး လွန်ခြင်းကြောင့်ဖြစ်ပေါ်သည်ဟု၊ ထိုသူအား ဆေးကုပေးသောဆေးဘက်အရာရှိက သက်သေခံလျှင်၊ ထိုသူဆေးရုံတက်နေရသည့် ရက်အသီးသီးအတွက် လစာနှင့်စရိတ်အားလုံး။

(ဃ) အရာရှိမဟုတ်သူတဦး၏ ဖျားနာမှုသည်၊ ထိုသူ၏အကျင့်ပျက်ပြားမှု၊ သို့တည်းမဟုတ် ဆင်ခြင် ခြင်းကင်းမဲ့မှုကြောင့်ဖြစ်ပေါ်သည်ဟု၊ ထိုသူအားဆေးကုပေးသော ဆေးဘက်အရာရှိက သက်သေခံလျှင်၊ ထိုသူဆေးရုံတက်နေရသည့် ရက်အသီးသီးအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ သို့တည်းမဟုတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သီးခြားဖေါ်ပြသည့် အရာရှိကချမှတ်သောအမိန့်အရ သီးခြားဖေါ်ပြသည့်ငွေ။

(င) စစ်တရားရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၈၂၊ ၈၅၊ ၈၆ နှင့် ၈၇ တို့အနက် ပုဒ်မ တခုခုအရ၊ အာဏာ သုံးစွဲနိုင်သည့် အရာရှိတဦးက သိမ်းယူစေရန်၊ သို့တည်းမဟုတ် ရပ်စဲစေရန် အမိန့်ချမှတ်သော လစာနှင့် စရိတ်အားလုံး။

(စ) အရာရှိမဟုတ်သူတဦးကို ရန်သူ့ထံမှ ပြန်လည်ရရှိသည့်နေ့ရက်နှင့် ရန်သူက သုံ့ပန်းအဖြစ် ဖမ်းဆီးထားစဉ်၊ သို့တည်းမဟုတ် ထိုသူရန်သူ့လက်တွင်းရှိနေစဉ်၊ ၎င်း၏အပြုအမူကြောင့် စစ်မှုထမ်း ခြင်းမှ ၎င်းအား အမြဲတမ်းထုတ်ပစ်ခြင်းခံရသည့် နေ့ရက်အကြားရှိ ရက်အသီးသီးအတွက် လစာနှင့် စရိတ်အားလုံး။

(ဆ) ပြည်ထောင်စုနိုင်ငံအစိုးရ၊ သို့တည်းမဟုတ် ပြည်နယ်အစိုးရအား စရိတ်စကများ ကုန်ကျအောင် ဖြစ်စေ၊ ဆုံးရှုံးအောင်ဖြစ်စေ၊ ပြုလုပ်သည့်အတွက်၊ သို့တည်းမဟုတ် အဆောက်အအုံတခုခုကို၊ သို့တည်း မဟုတ် ပစ္စည်းတခုခုကို ပျက်စီးနစ်နာအောင်ဖြစ်စေ၊ ပျက်ပြုန်းအောင်ဖြစ်စေ၊ ပြုလုပ်သည့်အတွက် တပ်မှူးကချမှတ်သည့် လျော်ကြေးကိုပေးရန် လိုအပ်သည့်ငွေ။

(ဇ) ရာဇဝတ်တရားရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၇၁ အရ၊ စီရင်ပိုင်ခွင့် အာဏာသုံးစွဲနိုင်သော စစ်တရား ရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၈၂ အရဖြစ်စေ၊ ပုဒ်မ ၉၁ အရဖြစ်စေ၊ အခွင့်အာဏာသုံးစွဲနိုင်သည့် အရာရှိတဦးက ချမှတ်သည့်ဒဏ်ငွေကို ပေးဆောင်ရန် လိုအပ်သည့်ငွေ။

(ဈ) အရာရှိမဟုတ်သူတဦး၏ မယားစရိတ်၊ သို့တည်းမဟုတ် အရာရှိမဟုတ်သူတဦး၏ တရားဝင်သော ကလေး၊ သို့တည်းမဟုတ် တရားမဝင်သော ကလေး၏စရိတ်အတွက်၊ သို့တည်းမဟုတ် အဆိုပါမယားကို ဖြစ်စေ၊ ကလေးကိုဖြစ်စေ၊ ပြည်ထောင်စုနိုင်ငံ အစိုးရကပေးသော ကူညီထောက်ပံ့မှုတခုခု၏ ကုန်ကျ စရိတ်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏၊ သို့တည်းမဟုတ် သတ်မှတ်ထားသော အရာရှိတဦးဦး၏ အမိန့် အရ ပေးရမည့်လိုအပ်သည့်ငွေ။ <ပြင်ဆင် 05.09.1960, 10.05.1989>

ခွင့်မဲ့ပျက်ကွက်ခြင်း၏၊ သို့တည်းမဟုတ် အချုပ်နှင့်နေရခြင်း၏ အချိန်ကာလတွက်စစ်နည်း။

၉၄။ ။ ပုဒ်မ ၉၃၊ အပိုဒ်(က)နှင့် (ခ)တို့၏ ကိစ္စများအလို့ငှါ-

(က) ခွင့်မဲ့ပျက်ကွက်ခြင်း၊ သို့တည်းမဟုတ် အချုပ်နှင့်နေရခြင်းသည် လုံးဝအားဖြင့် တရက်အတွင်း တွင်ဖြစ်စေ၊ တစိတ်တဒေသအားဖြင့် တရက်အတွင်းနှင့် တစိတ်တဒေသအားဖြင့် အခြားတရက်အတွင်း တွင်ဖြစ်စေ၊ တဆက်တည်း ခြောက်နာရီသော်၎င်း၊ ခြောက်နာရီထက်ပို၍သော်၎င်း၊ မကြာမြင့်ဘဲ မည်သူ့ ကိုမျှ တရက်အတွက် ခွင့်မဲ့ပျက်ကွက်သည်၊ သို့တည်းမဟုတ် အချုပ်နှင့်နေရသည်ဟု မယူဆရ။

(ခ) တဦးတယောက်သောသူသည်၊ တရက်အောက်လျော့၍ ခွင့်မဲ့ပျက်ကွက်သဖြင့်၊ သို့တည်းမဟုတ် အချုပ်နှင့်နေရသဖြင့် စစ်ဘက်တာဝန်ဝတ်တရားတခုခုကို ပြီးမြောက်အောင်မဆောင်ရွက်နိုင်ရာ၊ ထိုတာဝန်ဝတ်တရားကို အခြားသူတဦးကဆောင်ရွက်ရလျှင်၊ အဆိုပါခွင့်မဲ့ပျက်ကွက်ခြင်းကိုဖြစ်စေ၊ အချုပ်နှင့်နေရခြင်းကိုဖြစ်စေ၊ တရက်ခွင့်မဲ့ပျက်ကွက်ခြင်း၊ သို့တည်းမဟုတ် အချုပ်နှင့်နေရခြင်းဟု ရေတွက်နိုင်သည်။

(ဂ) တဆက်တည်း တဆယ့်နှစ်နာရီဖြစ်စေ၊ တဆယ့်နှစ်နာရီထက် ပို၍ဖြစ်စေ၊ ခွင့်မဲ့ပျက်ကွက်ခြင်း၊ သို့တည်းမဟုတ် အချုပ်နှင့်နေရခြင်း၏ တစိတ်တဒေသကျရောက်သည့် ရက်တိုင်းကို တရက်လုံး အတွက် ခွင့်မဲ့ပျက်ကွက် ခြင်း၊ သို့တည်းမဟုတ် အချုပ်နှင့်နေရခြင်းဟု ရေတွက်နိုင်သည်။

(ဃ) ည ၁၂ နာရီအချိန်မတိုင်မီ အစပြု၍၊ ည ၁၂ နာရီကျော်လွန်ပြီးသည့် နောက်တွင် အဆုံးသတ်သော ခွင့်မဲ့ပျက်ကွက်ခြင်း ကာလအပိုင်းအခြားကို၊ သို့တည်းမဟုတ် ထောင်ဒဏ်ကို တရက်အဖြစ် ရေတွက်နိုင် သည်။

စစ်ဆေးစီရင်နေစဉ် လစာနှင့်စရိတ်များ။

၉၅။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးသည်၊ ပြစ်မှုတခုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသဖြင့်၊ အချုပ်ခံနေရသည့်၊ သို့တည်းမဟုတ် ရာထူးမှခေတ္တချထားခြင်းခံရသည့်အခါ၊ ထိုစွပ်စွဲခြင်းနှင့် စပ်လျဉ်း ၍ စစ်ဆေးစီရင်ခြင်း မပြီးပြတ်ဘဲရှိနေဆဲတွင်၊ ထိုသူ၏ လစာနှင့်စရိတ်များအနက် တစ်ဝက်ထက်မပိုသောငွေကို မပေးသေးဘဲဆိုင်းထားရန်၊ သတ်မှတ်ထားသောအရာရှိက ညွှန်ကြားနိုင်သည်။ <ပြင်ဆင် 04.11.2010>

ငွေနုတ်ယူခြင်းအချို့ကို ကန့်သတ်ခြင်း။

၉၆။ ။ပုဒ်မ ၉၃ ၏ အပိုဒ် (င) နှင့် (ဆ) မှ (ဈ) အထိ အပိုဒ်များအရ၊ တဦးတယောက်သောသူ၏ လစာ နှင့်စရိတ်များထဲမှ နုတ်ယူသည့်စုစုပေါင်းငွေသည်၊ ထိုသူအား အမြဲတမ်းထုတ်ပစ်ဒဏ် ချမှတ်သည့် အခါမှတပါး၊ မည်သည့်လတွင်မဆို၊ ထိုလအတွက် လစာနှင့်စရိတ်များ၏ တဝက်မပိုစေရ။

တဦးတယောက်သောသူရသင့်သည့် အစိုးရငွေမှနုတ်ယူခြင်း။

၉၇။ ။ သူတဦးဦး၏လစာနှင့် စရိတ်များထဲမှ၊ ဤအက်ဥပဒေအရ နုတ်ယူခွင့်ပြုသောငွေကို၊ ထိုငွေ ပြန်လည်ရယူတောင်းခံနိုင်သည့် အခြားနည်းတခုခုကို မထိခိုက်စေဘဲ၊ အငြိမ်းစားလစာထဲမှတပါး၊ ထိုသူရထိုက်သည့် အစိုးရငွေတခုခုထဲမှ နုတ်ယူနိုင်သည်။

သုံ့ပန်းတဦး၏အပြုအမူကို စုံစမ်းစစ်ဆေးနေစဉ် ထိုသူ၏လစာနှင့် စရိတ်များ။

၉၈။ ။ဤအက်ဥပဒေကို လိုက်နာရသူတဦးသည်၊ ရန်သူ၏ဖမ်းဆီးခြင်းကိုခံရစဉ်၊ သို့တည်းမဟုတ် ရန်သူ၏လက်တွင်းကျရောက်နေစဉ်၊ မိမိ၏အပြုအမူကို၊ ဤအက်ဥပဒေအရဖြစ်စေ၊ အခြားတရားဥပဒေ တခုခုအရဖြစ်စေ၊ စုံစမ်းစစ်ဆေးရမည့်အခါ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သော်၎င်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာလွှဲအပ်သော အရာရှိတဦးဦးကသော်၎င်း၊ အဆိုပါ စုံစမ်းစစ်ဆေးခြင်းမပြီးပြတ်မီ၊ ထိုသူ၏ လစာနှင့်စရိတ်များ၏ တစ်ဝက်ထက်မပိုသောငွေကို မပေးသေးဘဲ ဆိုင်းထားရန် အမိန့်ချမှတ်နိုင်သည်။ <ပြင်ဆင် 10.05.1989, 04.11.2010>

နုတ်ယူငွေများလျှော့ခြင်း။

၉၉။ ။ ဤအက်ဥပဒေ၏ ခွင့်ပြုချက်အရ၊ လစာနှင့်စရိတ်များထဲမှ နုတ်ယူခြင်းတခုခုကို၊ အခါအားလျော် စွာ၊ သတ်မှတ်ထားသည့်အာဏာပိုင်က၊ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း၊ သတ်မှတ်ထားသရွေ့ လျှော့နိုင်သည်။

နုတ်ယူငွေအနက် လျှော့ငွေထဲမှ သုံ့ပန်းအားမှီခိုနေသူများအတွက် စရိတ်ထောက်ခြင်း။

၁၀၀။ ။ ပုဒ်မ ၉၂၊ အပိုဒ် (ဇ) အရဖြစ်စေ၊ ပုဒ်မ ၉၃၊ အပိုဒ် (က) အရဖြစ်စေ၊ လစာနှင့်စရိတ်များ သိမ်းယူခြင်းခံရသည်ဖြစ်၍၊ ပုဒ်မ ၉၉ အရ လျှော့ခွင့်ရသည်လည်းဖြစ်သော၊ သုံ့ပန်းများဖြစ်ကြရသည့်၊ ဤအက်ဥပဒေကို လိုက်နာရသူအားလုံးနှင့်စပ်လျဉ်း၍၊ သတ်မှတ်ထားသောအာဏာပိုင်များသည်၊ ထို လစာနှင့်စရိတ်များထဲမှ၊ ထိုသူများအပေါ် မှီခိုနေသူများအတွက်၊ သင့်လျော်သော ထောက်ပံ့ကြေးငွေကို ပေးနိုင်စေရမည်။ ထို့ပြင် ထိုသို့ထောက်ပံ့ကြေးငွေပေးလျှင်၊ ဆိုခဲ့သည့်လျှော့ခြင်းသည်၊ ထောက်ပံ့ကြေး ငွေနုတ်ပြီး ကျန်ရှိနေသောလစာ၊ စရိတ်များနှင့်သာ သက်ဆိုင်သည်ဟု မှတ်ယူရမည်။

သုံ့ပန်းအား မှီခိုနေသူများအတွက် ထိုသုံ့ပန်း၏လစာနှင့် စရိတ်များထဲမှ စရိတ်ထောက်ခြင်း။

၁၀၁။ ။ သုံ့ပန်းတဦးဖြစ်သော၊ သို့တည်းမဟုတ် ပျောက်နေသော၊ ဤအက်ဥပဒေကို လိုက်နာရသူ တဦးဦးအပေါ် မှီခိုနေရသူများအတွက်၊ သတ်မှတ်ထားသော အာဏာပိုင်များက၊ ထိုသုံ့ပန်း၏ လစာနှင့် စရိတ်များထဲမှ တဝက်အောက် မလျော့သောငွေကို၊ ထောက်ပံ့ကြေးငွေအဖြစ် ပေးနိုင်စေရမည်။

တဦးတယောက်သောသူအား သုံ့ပန်းတဦးဖြစ်သည်ဟု မှတ်ယူရမည့်ကာလအပိုင်းအခြား။

၁၀၂။ ။ ပုဒ်မ ၁၀၀ နှင့် ၁၀၁ တို့၏ကိစ္စများအလို့ငှါ၊ တဦးတယောက်သောသူအား ပုဒ်မ ၉၈ တွင် ရည်ညွှန်းထားသည့်အတိုင်း၊ ထိုသူ၏အပြုအမူကို စုံစမ်းစစ်ဆေးခြင်းပြီးဆုံးသည်အထိ၊ သုံ့ပန်းတဦး ဆက်လက်ဖြစ်နေသည်ဟု မှတ်ယူရမည့်ပြင်၊ အဆိုပါအပြုအမူကြောင့် စစ်မှုထမ်းခြင်းမှ ထိုသူအား ရှုတ်ချ၍ အမြဲတမ်းထုတ်ပစ်လျှင်ဖြစ်စေ၊ အမြဲတမ်းထုတ်ပစ်လျှင်ဖြစ်စေ၊ ထိုသို့ရှုတ်ချ၍ အမြဲတမ်း ထုတ်ပစ်သည့်၊ သို့တည်းမဟုတ် အမြဲတမ်းထုတ်ပစ်သည့်အချိန်အထိ၊ ထိုသူသည်၊ သုံ့ပန်းတဦးဆက်လက် ဖြစ်နေသည်ဟုလည်း မှတ်ယူရမည်။

ပြစ်မှုကျူးလွန်သူများကို ချုပ်ထားခြင်း

[ပြင်ဆင်ရန်]

အခဏ်း ၉။

ဖမ်းဆီးခြင်းနှင့် စစ်ဆေးစီရင်ခြင်းမပြုမီ မှုခင်းကိစ္စဆောင်ရွက်ခြင်း။

ပြစ်မှုကျူးလွန်သူများကို ချုပ်ထားခြင်း။

၁၀၃။ ။ (၁) ပြစ်မှုတခုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသော၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးကို၊ စစ်ဘက်အချုပ်နှင့် ထားနိုင်သည်။

(၂) အဆိုပါသူတဦးဦးကို စစ်ဘက်အချုပ်နှင့်ထားရန် အထက်အရာရှိတဦးဦးက အမိန့်ပေးနိုင်သည်။

(၃) အရာရှိတဦးသည်၊ ခိုက်ရန်ဖြစ်မှု၊ သတ်ပုတ်နှောင့်ရှက်မှု၊ သို့တည်းမဟုတ် ဗရုန်းသုံးကားဖြစ်မှုတွင် ပါဝင်သောအရာရှိတဦးဦးကို အဆင့်အားဖြင့် မိမိထက်ပို၍မြင့်သူဖြစ်စေကာမူ၊ စစ်ဘက်အချုပ်နှင့်ထား ရန် အမိန့်ပေးနိုင်သည်။

ချုပ်ထားခြင်းနှင့်စပ်လျဉ်း၍ တပ်မှူး၏တာဝန်ဝတ်တရား။

၁၀၄။ ။ (၁) တပ်မှူးတိုင်းသည်၊ ပြစ်မှုတခုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသော မိမိကွပ်ကဲရသူ တဦးတယောက်ကို အချုပ်နှင့်ထားကြောင်း မိမိအားသတင်းပို့ပြီးသည့်နောက်၊ ပြည်သူ့အကျိုးကို ထောက်ထားရခြင်းကြောင့်၊ နှစ်ဆယ့်လေးနာရီအတွင်း စုံစမ်းစစ်ဆေးခြင်းပြုလုပ်ရန် မဖြစ်နိုင်ဟု မိမိယူ ဆသည့်အခါမှတပါး၊ ထိုစွပ်စွဲချက်ကို မစုံစမ်းမစစ်ဆေးဘဲ၊ နှစ်ဆယ့်လေးနာရီထက်ပို၍၊ ထိုသူကိုအချုပ် နှင့် မထားရန်ဂရုစိုက်ရမည်။

(၂) တပ်မှူးသည်၊ နှစ်ဆယ့်လေးနာရီထက် ကျော်လွန်ပြီးချုပ်ထားခြင်းခံရသူတိုင်း၏ ကိစ္စကို၎င်း၊ ထိုသို့ နှစ်ဆယ့်လေးနာရီထက်ပို၍ ချုပ်ထားရခြင်း၏အကြောင်းပြချက်ကို၎င်း၊ စွပ်စွဲခြင်းခံရသူအား စစ်ဆေး စီရင်ရေးအတွက်၊ တိုင်းစစ်တရားရုံးတခုဖွဲ့စည်းပေးရန် လျှောက်ထားခြင်းခံရမည့် အရာရှိထံ အစီရင်ခံရမည်။

(၃) ပုဒ်မခွဲ(၁)တွင် သီးခြားဖေါ်ပြထားသော နှစ်ဆယ့်လေးနာရီကို ရေတွက်ရာ၌၊ အစိုးရရုံးပိတ်ရက်များကို ချန်လှပ်ထားရမည်။

(၄) ပယ်ဖျက် <ပြင်ဆင် 04.11.2010>

အချုပ်နှင့်ထားခြင်းနှင့်စစ်တရားရုံးဖွဲ့စည်းခြင်း စပ်ကြားရှိအချိန်ကာလ။

၁၀၅။ ။ ပုဒ်မ ၁၀၃တွင် ဖေါ်ပြထားသည့်အတိုင်း ချုပ်ထားခြင်းခံနေရသူဖြစ်သည့်ပြင်၊ တန်းပြည့်စစ်မှု ထမ်းနေရသူလည်းမဟုတ်သော သူတဦးဦးအား စစ်ဆေးစီရင်ရန်အတွက် စစ်တရားရုံး တရုံးဖွဲ့စည်းစေ ရန် အမိန့်မပေးသေးဘဲ ရှစ်ရက်ထက်ပို၍ အချုပ်ခံနေရသည့်အမှုတိုင်းတွင်၊ ထိုသူ၏တပ်မှူးက၊ ကြန့် ကြာရသည့်အကြောင်းများပါရှိသည့် အထူးအစီရင်ခံချက်တခုကို သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း ပေးပို့ရမည့်ပြင်၊ စစ်တရားရုံးအဖွဲ့ဝင်များ ရုံးထိုင်ရန် စုဝေးရောက် ရှိသည်အထိ၊ သို့တည်းမဟုတ် ထိုပြစ်မှုကို၊ ပုဒ်မ ၈၂၊ ၈၅ ၈၆ နှင့် ၈၇ တို့အနက်၊ ပုဒ်မတခုခုအရ အရေးယူပြီးသည်အထိ၊ သို့တည်းမဟုတ် ထိုသူကိုအချုပ်မှလွှတ်သည်အထိ၊ အလားတူအစီရင်ခံချက်တခုကိုလည်း ရှစ်ရက်တကြိမ်ပေးပို့ရမည်။ <ပြင်ဆင် 05.10.1961>

နယ်ဘက်အာဏာပိုင်များက ဖမ်းဆီးခြင်း။

၁၀၆။ ။ မည်သည့်အခါမဆို၊ ရာဇဝတ်တရားသူကြီး၊ သို့တည်းမဟုတ် ရဲအရာရှိတဦးဦး၏ အာဏာ ပိုင်နက်အတွင်း၊ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတခုခုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသည့် ဤ အက်ဥပဒေကို လိုက်နာရသူတဦးဦးရှိနေလျှင်၊ ထိုရာဇဝတ်တရားသူကြီး၊ သို့တည်းမဟုတ် ရဲအရာရှိ သည်၊ ထိုသူအားဖမ်းဆီးရေးနှင့် စစ်ဘက်အချုပ်သို့ လက်ရောက်အပ်ရေးအတွက် ထိုသူ၏ တပ်မှူး လက်မှတ်ရေးထိုးသော တောင်းဆိုစာတစောင်ကို ရရှိသောအခါ၌၊ ထိုအရေးများတွင်ကူညီရမည်။

စစ်ပြေးများကို ဖမ်းဆီးခြင်း။

၁၀၇။ ။ (၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ တပ်မှထွက်ပြေးလျှင်၊ ထိုသူပါဝင်သည့် တပ်အဖွဲ့၊ ဌာန၊ တပ်၊ ရေယာဉ်၊ သို့တည်းမဟုတ် ခွဲထုတ်တပ်၏တပ်မှူးက၊ ထိုစစ်ပြေးကိုဖမ်းဆီးရန် အကူအညီပေးနိုင်မည်ဟုယူဆသည့်၊ နယ်ဘက်အာဏာပိုင်များထံ၊ ထိုတပ်မှထွက်ပြေးကြောင်း စာရေး အကြောင်းကြားရမည်။ အဆိုပါအာဏာပိုင်များသည်၊ ထိုအကြောင်းကြားစာရသည့်အခါ၊ အဆိုပါ စစ်ပြေးအား ဖမ်းဆီးရန်အတွက် ရာဇဝတ်တရားသူကြီးက ဖမ်းဆီးရန်ဝရမ်းထုတ်ထားသူ တဦးဖြစ်ဘိ သကဲ့သို့ အရေးယူရမည့်ပြင်၊ ဖမ်းဆီးရမိသောအခါ၊ ထိုသူကို စစ်ဘက်အချုပ်သို့လက်ရောက်အပ်ရမည်။

(၂) ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဖြစ်သည်ဟု ယုံကြည်ရန်အကြောင်းရှိပြီး၊ စစ်ပြေးတဦး၊ သို့တည်းမဟုတ် အခွင့်အာဏာမပါဘဲ ခရီးသွားနေသူတဦးဖြစ်သည်ဟုလည်း ယုံကြည်ရန်အကြောင်းရှိ သော သူတဦးဦးကို၊ ရဲအရာရှိတဦးဦးက ဝရမ်းမရှိဘဲဖမ်းဆီးနိုင်သည့်ပြင်၊ တရားဥပဒေနှင့်အညီ အရေး ယူရန် အနီးဆုံးရာဇဝတ် တရားသူကြီးရှေ့မှောက်သို့ ကြန့်ကြာမှုမရှိဘဲ၊ ထိုသူကိုခေါ်လာရမည်။ <ပြင်ဆင် 04.11.2010>

ခွင့်မဲ့ပျက်ကွက်ခြင်းကို စုံစမ်းစစ်ဆေးခြင်း။

၁၀၈။ ။ (၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ ရရှိသင့်သောအခွင့်အာဏာမရရှိဘဲ၊ နှစ်ဆယ့် တရက်မျှ၊ မိမိ၏တာဝန်ဝတ်တရားဆောင်ရွက်ရန် ပျက်ကွက်သည့်အခါ၊ စုံစမ်းစစ်ဆေးရေး ခုံရုံးတခုကို ဆောလျင်နိုင်သမျှဆောလျင်စွာ ဖွဲ့စည်းစေရမည်။ ထို့ပြင် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း၊ ထိုခုံရုံးက သက်သေများကို ကျမ်းသစ္စာသော်၎င်း၊ ကတိသစ္စာသော်၎င်း၊ ပြုစေပြီးနောက်၊ ထိုသူ၏ ခွင့်မဲ့ ပျက်ကွက်မှုနှင့် ထိုသူအားအပ်နှံထားသော အစိုးရပိုင်ပစ္စည်းများ၊ သို့တည်းမဟုတ် လက်နက်များ၊ ခဲယမ်းမီးကျောက်များ၊ ပစ္စည်းကိရိယာတန်ဆာပလာများ၊ အဝတ်အစား၊ သို့တည်းမဟုတ် လိုအပ်သော ပစ္စည်းများလျော့၍နေခြင်း တခုခုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရမည်။ ထို့နောက် အဆိုပါခွင့်မဲ့ပျက် ကွက်ခြင်းသည်၊ ရရှိသင့်သောအခွင့်အာဏာမရှိဘဲ၊ သို့တည်းမဟုတ် အခြားလုံလောက်သောအကြောင်း မရှိဘဲ၊ ပျက်ကွက်ခြင်းဖြစ်သည်ဟုကျေနပ်ပါက၊ ထိုခုံရုံးသည်၊ အဆိုပါခွင့်မဲ့ပျက်ကွက်ခြင်းနှင့် ခွင့်မဲ့ပျက် ကွက်ခြင်း၏ ကာလအပိုင်းအခြားအပြင်၊ ပစ္စည်းလျော့နေခြင်းရှိလျှင်၊ အဆိုပါပစ္စည်းလျော့နေခြင်းကိုပါ ကျေညာရမည်။ ထို့နောက် ထိုသူပါဝင်သော တပ်အဖွဲ့၊ တပ်၊ သို့တည်းမဟုတ် ရေယာဉ်ကို ကွပ်ကဲသည့် အရာရှိက၊ ထိုတပ်အဖွဲ့၊ တပ်၊ သို့တည်းမဟုတ် ရေယာဉ်၏ စစ်တရားရုံး မှတ်တမ်းစာအုပ်တွင် ထိုကျေညာချက်ကို ရေးသွင်းရမည်။

(၂) ခွင့်မဲ့ပျက်ကွက်သည်ဟု ကျေညာခြင်းခံရသူသည်၊ ယင်းသို့ကျေညာပြီးသည့်နောက် လာ၍ဖမ်းဆီး ခြင်းမခံလျှင်၊ သို့တည်းမဟုတ် ထိုသူအားဘမ်း၍မရလျှင်၊ ဤအက်ဥပဒေ၏ ကိစ္စများအလို့ငှါ၊ စစ်ပြေး တယောက်ဖြစ်သည်ဟု မှတ်ယူရမည်။ <ပြင်ဆင် 04.11.2010>

တပ်ထိန်းချုပ်။

၁၀၉။ ။ (၁) တပ်ထိန်းချုပ်များကို၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကသော်၎င်း၊ သတ်မှတ်ထားသော အရာရှိတဦးဦးကသော်၎င်း၊ ခန့်အပ်နိုင်သည်။

(၂) တပ်ထိန်းတဦး၏ တာဝန်ဝတ်တရားများသည်၊ ပြစ်မှုတခုခုအတွက် အချုပ်နှင့်ထားသူများကို စောင့်ထိန်းရန်၎င်း၊ စည်းကမ်းနှင့်စံနစ်တကျရှိမှုကို ထိန်းသိမ်းရန်၎င်း၊ တပ်မတော်တွင် ပါဝင်အမှုထမ်း ရွက်နေကြသော၊ သို့တည်းမဟုတ် တွဲဘက်ထားသောသူများက အဆိုပါစည်းကမ်းနှင့် စံနစ်တကျရှိမှု ဖေါက်ဖျက်ခြင်းကို တားမြစ်ရန်၎င်း၊ ဖြစ်သည်။

(၃) တပ်ထိန်းတဦးသည်၊ ပြစ်မှုတခုကိုကျူးလွန်သော၊ သို့တည်းမဟုတ် ပြစ်မှုတခုနှင့်စွပ်စွဲခြင်း ခံရသော၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးကို မည်သည့်အခါမဆိုဖမ်းဆီးပြီးနောက်၊ စစ်ဆေး စီရင်ရန်အတွက် ချုပ်ထားနိုင်သည့်အပြင်၊ စစ်တရားရုံးကသော်၎င်း၊ ပုဒ်မ ၈၂ အရ အခွင့်အာဏာသုံးစွဲ နိုင်သည့် အရာရှိတဦးကသော်၎င်း၊ ချမှတ်သည့်ပြစ်ဒဏ်စီရင်ခြင်းနှင့်အညီ ကျခံရမည့်ပြစ်ဒဏ်တခုခု အကျိုးသက်ရောက်အောင်ဆောင်ရွက်နိုင်သည်။ သို့သော်လည်း တပ်ထိန်းချုပ်တဦးသည်၊ မိမိ၏အခွင့် အာဏာကိုသုံးစွဲပြီး မည်သည့်ပြစ်ဒဏ်ကိုမျှမပေးရ။

သို့ရာတွင်အရာရှိမဟုတ်သူတပ်ထိန်းတဦးသည်၊ အရာရှိတဦးကို အခြားအရာရှိတဦး၏ အမိန့်အရမှ တပါး၊ မဖမ်းဆီးရ၊ သို့တည်းမဟုတ် ချုပ်မထားရ။ <ပြင်ဆင် 10.05.1989, 04.11.2010>

စစ်တရားရုံးများ

[ပြင်ဆင်ရန်]

အခဏ်း ၁၀။

စစ်တရားရုံးများ။

စစ်တရားရုံး အမျိုးအစားများ။

၁၁၀။ ။ ဤအက်ဥပဒေ၏ ကိစ္စများအလို့ငှါ၊ အောက်ပါအတိုင်း၊ စစ်တရားရုံး လေးမျိုးရှိရမည်။

(က) စစ်တရားရုံးချုပ်၊

(ခ) တိုင်းစစ်တရားရုံး၊

(ဂ) အကျဉ်းစစ်တရားရုံးချုပ်နှင့်

(ဃ) တပ်တွင်းစစ်တရားရုံး။

စစ်တရားရုံးချုပ်ဖွဲ့စည်းရန်အာဏာ။

၁၁၁။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကဖြစ်စေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က၊ ဤကိစ္စအလို့ငှါ၊ အမိန့်စာဖြင့် အာဏာ အပ်နှင်းထားသော အရာရှိတဦးဦးကဖြစ်စေ၊ စစ်တရားရုံးချုပ်တခုကို ဖွဲ့စည်းနိုင်သည်။ <ပြင်ဆင် 10.05.1989, 04.11.2010>

တိုင်းစစ်တရားရုံး ဖွဲ့စည်းရန်အာဏာ။

၁၁၂။ ။ စစ်တရားရုံးချုပ်တခုဖွဲ့စည်းရန် အာဏာရရှိထားသော အရာရှိတဦးကဖြစ်စေ၊ ထိုအရာရှိ တဦးဦးက၊ ဤကိစ္စအလို့ငှါ၊ အမိန့်စာဖြင့် အာဏာအပ်နှင်းထားသော အရာရှိတဦးဦးကဖြစ်စေ၊ တိုင်းစစ်တရားရုံးတရုံးကို ဖွဲ့စည်းနိုင်သည်။

ပုဒ်မ ၁၁၁ နှင့် ၁၁၂ အရ၊ ထုတ်ပေးသော အမိန့်စာတွင်ပါဝင်သည့် အကြောင်းအရာများ။

၁၁၃။ ။ ပုဒ်မ ၁၁၁၊ သို့တည်းမဟုတ် ပုဒ်မ ၁၁၂ အရ၊ ထုတ်ပေးသော အမိန့်စာတွင် ထိုအမိန့်စာကို ထုတ်ပေးသောအရာရှိက သင့်တော်မည်ဟုထင်သည့် ကန့်သတ်ချက်များ၊ ခြွင်းချက်များ၊ သို့တည်း မဟုတ် စည်းကမ်းချက်များ ပါဝင်နိုင်သည်။

အကျဉ်းစစ်တရားရုံးချုပ် ဖွဲ့စည်းရန်အာဏာ။

၁၁၄။ ။ အောက်ပါအာဏာပိုင်များမှာ အကျဉ်းစစ်တရားရုံးချုပ်တခုကို ဖွဲ့စည်းရန်အာဏာရှိရမည်။

(က) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က၊ ဤကိစ္စအလို့ငှါ၊ အမိန့်တရပ်ဖြင့် အာဏာအပ်နှင်းထားသော အရာရှိတဦး၊

(ခ) တန်းပြည့်စစ်မှုထမ်းချိန်တွင်၊ စစ်မြေပြင်၌ တပ်ဖွဲ့များကိုကွပ်ကဲနေသည့် အရာရှိ၊ သို့တည်းမဟုတ် ထိုအရာရှိက ဤကိစ္စအလို့ငှါ၊ အာဏာအပ်နှင်းထားသည့် အရာရှိတဦး၊

(ဂ) စစ်စည်းကမ်းနှင့် စစ်ဘက်လတ်တလော လိုအပ်ခြင်းများကို ထိုက်သင့်သလို ထောက်ထား၍၊ ပြစ်မှု တမှုကို စစ်တရားရုံးချုပ်တခုဖြင့် စစ်ဆေးစီရင်ရန်မဖြစ်နိုင်ဟု ထင်မြင်ယူဆသည့်အခါ၊ တန်းပြည့်စစ်မှု ထမ်းချိန်တွင် တပ်မတော်၏ ခွဲထုတ်ထားသော အစိတ်အပိုင်းတခုခုကို ကွပ်ကဲနေသည့်အရာရှိတဦး။ <ပြင်ဆင် 10.05.1989, 04.11.2010>

စစ်တရားရုံးချုပ်တွင် ပါဝင်သူများ။

၁၁၅။ ။ စစ်တရားရုံးချုပ်တခုတွင် ငါးဦးအောက်မနည်းသော အရာရှိများပါဝင်ရမည်။ ထိုအရာရှိ အသီးသီးသည်၊ ပြန်တမ်းဝင်အရာရှိအဖြစ်ဖြင့် အနည်းဆုံးသုံးနှစ်အမှုထမ်းရွက်ပြီးသူ ဖြစ်ရမည့်ပြင်၊ ထိုအရာရှိများအနက်၊ အနည်းဆုံး လေးဦးသည်၊ ဗိုလ်ကြီးအဆင့်ရှိသူများဖြစ်ရမည်။ <ပြင်ဆင် 04.11.2010>

တိုင်းစစ်တရားရုံးတွင် ပါဝင်သူများ။

၁၁၆။ ။ တိုင်းစစ်တရားရုံးတရုံးတွင် သုံးဦးအောက်မနည်းသောအရာရှိများပါဝင်ရမည်။ ထိုအရာရှိအသီး သီးသည်၊ ပြန်တမ်းဝင်အရာရှိအဖြစ်ဖြင့် အနည်းဆုံးနှစ်နှစ်အမှုထမ်းရွက်ပြီးသူဖြစ်ရမည်။

အကျဉ်းစစ်တရားရုံးချုပ်တွင် ပါဝင်သူများ။

၁၁၇။ ။ အကျဉ်းစစ်တရားရုံးချုပ်တခုတွင်၊ သုံးဦးအောက်မနည်းသော အရာရှိများပါဝင်ရမည်။

စစ်တရားရုံးများတွင် ပါဝင်သူများ။

၁၁၈။ ။ စစ်တရားရုံးချုပ်၊ တိုင်းစစ်တရားရုံး၊ သို့တည်းမဟုတ် အကျဉ်းစစ်တရားရုံးချုပ်အသီးသီးတွင်၊ တရားခံသည် တပ်မတော် (ကြည်း)မှ ဖြစ်လျှင်၊ အဖွဲ့ဝင်အများသည် တပ်မတော် (ကြည်း)မှဖြစ်ရမည်။ တရားခံသည် တပ်မတော်(ရေ) မှဖြစ်လျှင်၊ အဖွဲ့ဝင်များသည် တပ်မတော်(ရေ)မှ ဖြစ်ရမည်။ တရားခံသည် တပ်မတော်(လေ)မှဖြစ်လျှင်၊ အဖွဲ့ဝင်များသည် တပ်မတော်(လေ)မှဖြစ်ရမည်။ <ပြင်ဆင် 04.11.2010>

တပ်တွင်းစစ်တရားရုံး။

၁၁၉။ ။ (၁) တပ်တွင်း စစ်တရားရုံးတရုံးတွင်၊ အောက်ပါအရာရှိများရုံးထိုင်နိုင်သည်။

(က) တပ်မတော် (ကြည်း)အတွက်ဖြစ်လျှင် တပ်အဖွဲ့၊ တပ်၊ ဌာန၊ သို့တည်းမဟုတ် ခွဲထုတ်တပ်တခုခု၏တပ်မှူး။

(ခ) တပ်မတော်(ရေ) အတွက်ဖြစ်လျှင် ရေတပ်စခန်းဌာနချုပ်၊ ရေယာဉ် ၊ တပ်၊ တပ်မတော်(ရေ)စခန်း၊ သို့တည်းမဟုတ် တပ်မတော်(ရေ) စခန်းခွဲတခုခု၏ တပ်မှူး။

(ဂ) တပ်မတော်(လေ)အတွက်ဖြစ်လျှင် လေတပ်စခန်းဌာနချုပ်၊ တပ်မတော်(လေ)စခန်း၊ တပ်၊ သို့တည်းမဟုတ် ခွဲထုတ်တပ်တခုခု၏တပ်မှူး။

(ဃ) တွဲဘက်ထား၍ အမှုထမ်းရွက်နေကြသည့်၊ ဤအက်ဥပဒေကိုလိုက်နာရသော အကြပ်နှင့် တပ်သားများကို ကွပ်ကဲနေသော၊ သို့တည်းမဟုတ် အမိန့်ပေးနိုင်သော အပိုဒ်(က)၊ (ခ)၊ သို့တည်းမဟုတ် အပိုဒ် (ဂ) တွင် ဖေါ်ပြထားသည့် တပ်မှူးတဦးဦး။

(၂) တပ်တွင်း စစ်တရားရုံးအသီးသီးတွင် စစ်ဆေးစီရင်ခြင်းပြုလုပ်သည့် အရာရှိတဦးတည်းသာ ပါဝင်ရမည်။ သို့သော်လည်း အခြားအရာရှိနှစ်ဦးသည်၊ မှုခင်းကိစ္စ ဆောင်ရွက်ချက်များတလျှောက်လုံး တွင် တက်ရောက်ရမည်။ ထိုသို့တက်ရောက်သော အရာရှိနှစ်ဦးအား၊ ကျမ်းသစ္စာဖြစ်စေ၊ ကတိသစ္စာဖြစ် စေ၊ မပြုစေရ။ <ပြင်ဆင် 04.11.2010>

စစ်တရားရုံးများဖျက်သိမ်းခြင်း။

၁၂၀။ ။ (၁) စစ်ဆေးစီရင်ခြင်း စတင်ပြီးသည့်နောက်၊ စစ်တရားရုံးတရုံးတွင်ပါဝင်သည့် အဖွဲ့ဝင်ဦးရေ သည်၊ အနည်းဆုံးတရားဝင်ဦးရေအောက်လျော့သွားလျှင်၊ ထိုစစ်တရားရုံးကို ဖျက်သိမ်းရမည်။

သို့ရာတွင် စစ်တရားရုံးချုပ်ဖွဲ့စည်းသည့်အရာရှိက အနည်းဆုံးတရားဝင်ဦးရေပြည့်ရန် အဖွဲ့ဝင်အသစ် များကို ခန့်အပ်သည့်ပြင် စစ်တရားရုံး၏ မူလအဖွဲ့ဝင်သုံးဦးလည်း စစ်ဆေးစီရင်ခြင်းတလျှောက်လုံးတွင် ကျန်ရှိနေသမျှကာလပတ်လုံး ဤပုဒ်မခွဲပါပြဋ္ဌာန်းချက်များသည် စစ်တရားရုံးချုပ်တခုနှင့် မသက်ဆိုင် စေရ။ ထို့ပြင် အဖွဲ့ဝင်သစ်တဦးဦးသည်၊ ကျမ်းသစ္စာဖြစ်စေ၊ ကတိသစ္စာဖြစ်စေ၊ ပြုပြီးသောအခါ၊ တရားခံ၊ တရားလို ဘက်မှလိုက်ပါသူများ၊ တရားခံဘက်မှလိုက်ပါသူများနှင့် စစ်ဥပဒေအရာရှိ၏ရှေ့တွင် ယခင်က စစ်ဆေးမေးမြန်းပြီးသည့် သက်သေတဦးစီ၏ ရေးမှတ်ထားပြီးသက်သေခံချက်ကို စစ်တရားရုံး အား ဘတ်ပြပြီးနောက်၊ စစ်ဆေးစီရင်ခြင်းကို ဆက်လက်ပြုလုပ်နိုင်သည်။

(၂) ဆုံးဖြတ်ချက်မချမှတ်မီ၊ တရားခံဖျားနာသောကြောင့် ဆက်လက်စစ်ဆေးစီရင်ရန် မဖြစ်နိုင်လျှင်၊ စစ်တရားရုံးကို ဖျက်သိမ်းရမည်။

(၃) စစ်တရားရုံး ဖွဲ့စည်းသည့်အရာရှိသည်၊ စစ်ဘက်လတ်တလော လိုအပ်ခြင်းများ၊ သို့တည်းမဟုတ် စစ်စည်းကမ်းအရ လိုအပ်ခြင်းများကြောင့်၊ ထိုစစ်တရားရုံးဆက်လက် ရုံးထိုင်ရန်မဖြစ်နိုင်၊ သို့တည်း မဟုတ် မသင့်လျော် ဟု ထင်မြင်လျှင်၊ အဆိုပါစစ်တရားရုံးကို ဖျက်သိမ်းနိုင်သည်။

(၄) ဤပုဒ်မအရ စစ်တရားရုံးကို ဖျက်သိမ်းသည့်အခါ၊ တရားခံကို ထပ်မံစစ်ဆေးစီရင်နိုင်သည်။

စစ်တရားရုံးချုပ်နှင့် အကျဉ်းစစ်တရားရုံးချုပ်တို့၏ အာဏာများ။

၁၂၁။ ။ စစ်တရားရုံးချုပ်၊ သို့တည်းမဟုတ် အကျဉ်းစစ်တရားရုံးချုပ်မှာ ဤအက်ဥပဒေအရ ပြစ်ဒဏ် ချမှတ်ထိုက်သည့် ပြစ်မှုတခုခုအတွက် ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးအား စစ်ဆေးစီရင်ရန်နှင့် ဤအက်ဥပဒေကခွင့်ပြုသည့် ပြစ်ဒဏ်တခုခုချမှတ်ရန် အာဏာရှိရမည်။

တိုင်းစစ်တရားရုံးများ၏ အာဏာများ။

၁၂၂။ ။ တိုင်းစစ်တရားရုံးမှာ ဤအက်ဥပဒေအရ ပြစ်ဒဏ်ချမှတ်ထိုက်သည့် ပြစ်မှုတခုခုအတွက် အရာရှိမှတပါး၊ ဤအက်ဥပဒေကို လိုက်နာရသော အခြားသူတဦးဦးအား စစ်ဆေးစီရင်ရန်နှင့် သေဒဏ်၊ တကျွန်းပို့ဒဏ်၊ သို့တည်းမဟုတ် နှစ်နှစ်ထက်ပိုသော ထောင်ဒဏ်မှတပါး ဤအက်ဥပဒေက ခွင့်ပြုသည့် အခြားပြစ်ဒဏ်တခုခုကိုချမှတ်ရန် အာဏာရှိရမည်။

သို့ရာတွင် တိုင်းစစ်တရားရုံးတရုံးသည်၊ အရာခံဗိုလ်တဦးအား ထောင်ဒဏ်မချမှတ်ရ။

တပ်တွင်းစစ်တရားရုံးများ၏ အာဏာများ။

၁၂၃။ ။ (၁) တပ်တွင်းစစ်တရားရုံးသည်၊ ပုဒ်မခွဲ (၂) ပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ ဤအက်ဥပဒေအရ ပြစ်ဒဏ်ချမှတ်ထိုက်သော မည်သည့် ပြစ်မှုကိုမဆို စစ်ဆေးစီရင်နိုင်သည်။

(၂) တပ်တွင်းစစ်တရားရုံးသည်၊ အမြန်အရေးယူရန်အရေးကြီးသော အကြောင်းလည်းမရှိသည့်ပြင်၊ စစ် စည်းကမ်းကိုထိခိုက်နစ်နာမှုလည်းမရှိလျှင်၊ ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသောသူအား စစ်ဆေး စီရင်ရန်အတွက် တိုင်းစစ်တရားရုံး၊ သို့တည်းမဟုတ် တန်းပြည့်စစ်မှုထမ်းချိန်တွင် အကျဉ်းစစ်တရား ရုံးချုပ် ဖွဲ့စည်းနိုင်သည့် အခွင့်အာဏာရအရာရှိထံ အမှုကိုတင်ပြနိုင်သည့်အခါ၊ ထိုသို့တင်ပြခြင်းမပြုဘဲ၊ ပုဒ်မ ၃၂၊ ၃၃၊ ၃၆၊ ၆၄(၂) ၃၇(၁) တန်းပြည့် စစ်မှုထမ်းချိန်တွင်စစ်ပြေးမှု၊ ၅၁-က၊ ၆၁-က၊ ၆၄-ကနှင့် ၇၁ တို့အနက် ပုဒ်မ တခုခုအရ ပြစ်ဒဏ်ချမှတ်ထိုက်သည့် ပြစ်မှုတခုခု၊ သို့တည်းမဟုတ် တပ်တွင်းစစ်တရားရုံး၊ ရုံးထိုင်နေသည့် အရာရှိအပေါ် ကျူးလွန်သောပြစ်မှုတခုခုကို စစ်ဆေးစီရင်ခြင်းမပြုရ။

(၃) တပ်တွင်းစစ်တရားရုံးသည်၊ အရာရှိ၊ သို့တည်းမဟုတ် အရာခံဗိုလ်မှတပါး ထိုတပ်တွင်း စစ်တရား ရုံး၊ ရုံးထိုင်နေသည့်အရာရှိ၏ ကွပ်ကဲခြင်းခံနေရသော ဤအက်ဥပဒေကို လိုက်နာရသော အခြားသူတဦး ဦးအား စစ်ဆေးစီရင်နိုင်သည်။

(၄) တပ်တွင်းစစ်တရားရုံးသည်၊ သေဒဏ်၊ သို့တည်းမဟုတ် တကျွန်းပို့ဒဏ်၊ သို့တည်းမဟုတ် ပုဒ်မခွဲ (၅)တွင် သီးခြားဖေါ်ပြထားသော ကန့်သတ်ချက်ထက်ပိုသည့် ထောင်ဒဏ်မှတပါး၊ ဤအက်ဥပဒေအရ၊ ချမှတ်နိုင်သည့် အခြားပြစ်ဒဏ်တခုခုကို ချမှတ်နိုင်သည်။

(၅) တပ်တွင်းစစ်တရားရုံး၊ ရုံးထိုင်သည့်အရာရှိသည်၊ ဗိုလ်မှူးအဆင့်အောက်မနိမ့်သော အဆင့်ရှိသူ ဖြစ်လျှင်၊ ပုဒ်မခွဲ (၄) တွင် ရည်ညွှန်းသည့်ကန့်သတ်ချက်သည် ထောင်ဒဏ်တနှစ်၊ ထို့ပြင် အဆိုပါအရာရှိ သည်၊ ဗိုလ်မှူးအဆင့်အောက်နိမ့်သော အဆင့်ရှိသူဖြစ်လျှင်၊ ပုဒ်မခွဲ (၄) တွင် ရည်ညွှန်းသည့်ကန့်သတ် ချက်သည် ထောင်ဒဏ်သုံးလဖြစ်ရမည်။ <ပြင်ဆင် 04.11.2010>

ဒုတိယအကြိမ် စစ်ဆေးစီရင်ခြင်းကို တားမြစ်ပိတ်ပင်ခြင်း။

၁၂၄။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးအား၊ စစ်တရားရုံးကဖြစ်စေ၊ ရာဇဝတ်တရားရုံးက ဖြစ်စေ၊ ပြစ်မှုတခုအတွက် တရားသေလွှတ်လိုက်သည့်အခါ၊ သို့တည်းမဟုတ် ပြစ်မှုထင်ရှားစီရင်လိုက် သည့်အခါ၊ သို့တည်းမဟုတ် ပုဒ်မ ၈၂၊ ၈၅၊ ၈၆ နှင့် ၈၇ တို့အနက်၊ ပုဒ်မတခုခုအရ အရေးယူပြီးသည့် အခါ၊ ထိုသူကို ထိုပြစ်မှုအတွက် စစ်တရားရုံးဖြင့် ထပ်မံ၍စစ်ဆေးစီရင်ခြင်းမပြုရ၊ သို့တည်းမဟုတ် အဆိုပါပုဒ်မများအရ အရေးယူခြင်းမပြုရ။

ရှင်းလင်းချက်။ ။ စစ်တရားရုံးချုပ်၊ တိုင်းစစ်တရားရုံး၊ သို့တည်းမဟုတ် အကျဉ်းစစ်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကိုအတည်မပြုသေးသမျှ၊ ထိုဆုံးဖြတ်ချက်သည်ခိုင်လုံခြင်းမရှိ၊ ထိုသို့ ခိုင်လုံခြင်းမရှိသော ကြောင့် တရားခံအား တရားသေလွှတ်သည်၊ သို့တည်းမဟုတ် ပြစ်မှုထင်ရှားစီရင်သည်ဟုမဆိုရ။

စစ်ဆေးစီရင်ခြင်းဆိုင်ရာ ကာလစည်းကမ်းသတ်။

၁၂၅။ ။ (၁) ပုဒ်မခွဲ(၂)တွင် ပြဋ္ဌာန်းသည့်အတိုင်းမှတပါး၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးအား ပြစ်မှုကျူးလွန်သည့်နေ့ရက်မှ သုံးနှစ်ကုန်ဆုံးသည့်အခါ၊ ထိုပြစ်မှုအတွက် စစ်တရားရုံးဖြင့် စစ်ဆေး စီရင်ခြင်းကို စတင်မပြုလုပ်ရ။

(၂) ပုဒ်မခွဲ (၁) ပါ ပြဋ္ဌာန်းချက်များသည်၊ စစ်ပြေးမှု၊ သို့တည်းမဟုတ် လိမ်လည်လှည့်ဖျား၍ စစ်မှုထမ်း အဖြစ် စာရင်းသွင်းမှု၊ သို့တည်းမဟုတ် ပုဒ်မ ၃၆ တွင် ဖေါ်ပြထားသည့်ပြစ်မှုများအနက် ပြစ်မှုတခုခုကို စစ်ဆေးစီရင်ခြင်းနှင့် မသက်ဆိုင်စေရ။

(၃) ပုဒ်မခွဲ (၁) တွင် ဖေါ်ပြထားသည့် ကာလအပိုင်းအခြားကို တွက်စစ်ရာတွင် ထိုသူပြစ်မှုကျူးလွန်ပြီး သည့်နောက် သုံ့ပန်းတယောက်ဖြစ်နေသည့်၊ သို့တည်းမဟုတ် ရန်သူ၏နယ်မြေတွင် ရောက်ရှိနေသည့်၊ သို့တည်းမဟုတ် ဖမ်းဆီးခြင်းကိုရှောင်တိမ်းနေသည့်၊ သို့တည်းမဟုတ် ဖမ်းဆီးထားခြင်းကိုဖြစ်စေ၊ ရာထူးမှ ခေတ္တချထားခြင်းကိုဖြစ်စေ၊ ခံနေရစဉ် ဆေးရုံတက်ရသည့်၊ ကာလကို ထည့်သွင်းတွက်စစ်ခြင်း မပြုရ။

(၄) လိမ်လည်လှည့်ဖျား၍ စစ်မှုထမ်းအဖြစ် စာရင်းသွင်းသည့်ပြစ်မှု၊ သို့တည်းမဟုတ် တန်းပြည့်စစ်မှု ထမ်းချိန်မဟုတ်သည့်အခါတွင် စစ်ပြေးမှုကျူးလွန်သူတဦးသည်၊ အရာရှိမဟုတ်သည့်ပြင်၊ ထိုပြစ်မှု ကျူးလွန်ပြီးသည့်နောက်၊ တပ်မတော်၏အစိတ်အပိုင်းတခုခုတွင်၊ သုံးနှစ်အောက်မနည်း၊ စံနမူနာပြု လောက်အောင်လည်း တဆက်တည်းအမှုထမ်းရွက်ခဲ့လျှင်၊ ထိုသူအား၊ ထိုပြစ်မှုအတွက် စစ်ဆေးစီရင် ခြင်းကို စတင်မပြုလုပ်ရ။

ပြစ်မှုကျူးလွန်ပြီးနောက် ဤအက်ဥပဒေကို လိုက်နာရသူအဖြစ်မှ ရပ်စဲသွားသူ၏တာဝန်။

၁၂၆။ ။ (၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ ဤအက်ဥပဒေပါပြစ်မှုတခုကို ကျူးလွန်ပြီး နောက်၊ ဤအက်ဥပဒေကို လိုက်နာရသူအဖြစ်မှ ရပ်စဲပြီးဖြစ်သော်လည်း၊ ထိုသူကို ထိုပြစ်မှုအတွက် စစ်ဘက်အချုပ် နှင့်ထားနိုင်သည့်ပြင်၊ ဤအက်ဥပဒေကို ဆက်လက်လိုက်နာနေရဘိသကဲ့သို့၊ ထိုသူအား စစ်ဆေးစီရင်၍ ပြစ်ဒဏ်ချမှတ်နိုင်သည်။

(၂) ဤအက်ဥပဒေကို လိုက်နာရသူအဖြစ်မှ ရပ်စဲပြီးသည့်နောက် ခြောက်လအတွင်း၊ ထိုသူအား စစ်ဆေးစီရင်ခြင်းစတင်မပြုလုပ်လျှင်၊ ထိုသူအား ပြစ်မှုတခုအတွက် စစ်ဆေးစီရင်ခြင်းမပြုလုပ်ရ။

သို့ရာတွင် ဤပုဒ်မခွဲပါ ပြဋ္ဌာန်းချက်များသည်၊ စစ်ပြေးမှုကိုဖြစ်စေ၊ လိမ်လည်လှည့်ဖျား၍ စစ်မှုထမ်း အဖြစ် စာရင်းသွင်းသည့်ပြစ်မှုကိုဖြစ်စေ၊ ပုဒ်မ ၃၆ တွင် ဖေါ်ပြထားသော ပြစ်မှုများအနက်၊ ပြစ်မှုတခုခု ကိုဖြစ်စေ၊ ကျူးလွန်သောထိုသူတဦးအား စစ်ဆေးစီရင်ခြင်းနှင့်မသက်ဆိုင်စေရ၊ သို့တည်းမဟုတ် ရာဇဝတ်တရားရုံးအပြင်၊ စစ်တရားရုံးကလည်း စစ်ဆေးစီရင်နိုင်သောပြစ်မှုတခုကို စစ်ဆေးစီရင်ရန် ရာဇဝတ်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာကို မထိခိုက်စေရ။

(၃) ဤအက်ဥပဒေကို လိုက်နာရသူတဦးအား၊ စစ်တရားရုံးက တကျွန်းပို့ဒဏ်၊ သို့တည်းမဟုတ် ထောင် ဒဏ်ချမှတ်သောအခါ၊ ထိုသူသည် ရှုတ်ချ၍အမြဲတမ်းထုတ်ပစ်ဒဏ်ဖြစ်စေ၊ စစ်မှုထမ်းခြင်းမှ အမြဲတမ်း ထုတ်ပစ်ဒဏ်ဖြစ်စေ၊ ကျခံရစေကာမူ၊ သို့တည်းမဟုတ် အခြားတနည်းနည်းဖြင့်၊ ဤအက်ဥပဒေကို လိုက်နာရသူအဖြစ်မှ ရပ်စဲသွားပြီဖြစ်စေကာမူ ထိုသူတကျွန်းပို့ဒဏ်၊ သို့တည်းမဟုတ် ထောင်ဒဏ်ကျခံ ရသည့်ကာလအတွင်း ဤအက်ဥပဒေသည်၊ ထိုသူနှင့်သက်ဆိုင်စေရမည့်ပြင်၊ ထိုသူသည်၊ ဤအက်ဥပဒေ ကို လိုက်နာရသူ ဆက်လက်ဖြစ်နေဘိသကဲ့သို့၊ ထိုသူအားအချုပ်နှင့် ထားနိုင်သည်၊ ရွှေ့ပြောင်းနိုင်သည်၊ ထောင်ချနိုင်သည်၊ ထို့ပြင် ပြစ်ဒဏ်ချမှတ်နိုင်သည်။

(၄) ဤအက်ဥပဒေကို လိုက်နာရသူတဦးအား၊ စစ်တရားရုံးက သေဒဏ်ချမှတ်သောအခါ၊ ထိုပြစ်ဒဏ် ကို ဆောင်ရွက်ပြီးသည်အထိ၊ ဤအက်ဥပဒေသည်၊ ထိုသူနှင့်သက်ဆိုင်စေရမည်။

စစ်ဆေးစီရင်သည့်နေရာ။

၁၂၇။ ။ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတခုခုကိုကျူးလွန်သည့်၊ ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဦးအား၊ မည်သည့်နေရာတွင်မဆို၊ အဆိုပါပြစ်မှုအတွက် စစ်ဆေးစီရင်၍ ပြစ်ဒဏ်ချမှတ်နိုင်သည်။

ရာဇဝတ်တရားရုံးကိုဖြစ်စေ၊ စစ်တရားရုံးကိုဖြစ်စေ၊ ရွေးချယ်ခြင်း။

၁၂၈။ ။ ရာဇဝတ်တရားရုံးနှင့် စစ်တရားရုံးမှာ၊ ပြစ်မှုတခုနှင့်စပ်လျဉ်း၍ စီရင်ပိုင်ခွင့်အာဏာ အသီးသီး ရှိနေသောအခါ၊ ထိုမှုခင်းကိစ္စကို မည်သည့်တရားရုံးကစစ်ဆေးစီရင်ရမည်ဟု၊ တရားခံအား၊ စစ်ဆေး ရန်အတွက်၊ စစ်တရားရုံးချုပ်ဖွဲ့စည်းနိုင်သည့် အခွင့်အာဏာရအရာရှိ၊ သို့တည်းမဟုတ် သတ်မှတ်ထား သည့် အခြားအရာရှိက မိမိ၏သဘောအတိုင်းဆုံးဖြတ်ပေးနိုင်သည်။ ထို့ပြင် ထိုအရာရှိသည် ထိုမှုခင်း ကိစ္စကို၊ စစ်တရားရုံးက စစ်ဆေးစီရင်ရမည်ဟု ဆုံးဖြတ်လျှင်၊ တရားခံအား စစ်ဘက်အချုပ်နှင့်ထားရ မည်ဟု၊ မိမိ၏သဘောအတိုင်းညွှန်ကြားနိုင်သည်။

ပြစ်မှုကျူးလွန်သူကို လက်ရောက်ပေးအပ်ရန် ရာဇဝတ်တရားရုံးက တောင်းဆိုနိုင်သည့်အာဏာ။

၁၂၉။ ။ (၁) စီရင်ပိုင်ခွင့်အာဏာရရှိထားသော ရာဇဝတ်တရားရုံးသည်၊ စွပ်စွဲထားသော ပြစ်မှုတခုခုနှင့် စပ်လျဉ်းသည့် မှုခင်းကိစ္စကို၊ မိမိရုံးတွင်ပင်စွဲဆိုရမည်ဟု ထင်မြင်ယူဆသည့်အခါ၊ ပြစ်မှုကျူးလွန်သူကို၊ အနီးဆုံးရာဇဝတ်တရားသူကြီးထံ တရားဥပဒေနှင့်အညီ ဆက်လက်အရေးယူရန် လက်ရောက်ပေးအပ် ခြင်းကိုဖြစ်စေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြခြင်းကိစ္စမပြီးပြတ်မီ၊ မှုခင်းကိစ္စဆောင်ရွက်ချက်များ ရွှေ့ဆိုင်းထားခြင်းကိုဖြစ်စေ၊ ပုဒ်မ ၁၂၈ တွင်ရည်ညွှန်းထားသည့် အရာရှိအား၊ ၎င်း၏ သဘောအတိုင်း ဆောင်ရွက်ရန်၊ ထိုရာဇဝတ်တရားရုံးက နို့တစ်စာဖြင့်တောင်းဆိုနိုင်သည်။

(၂) အဆိုပါကိစ္စတိုင်းတွင်၊ ထိုအရာရှိသည်၊ တောင်းဆိုချက်အရ၊ လိုက်နာဆောင်ရွက်လျက် ပြစ်မှု ကျူးလွန်သူကို လက်ရောက်ပေးအပ်ရမည်၊ သို့တည်းမဟုတ် မှုခင်းကိစ္စ စွဲဆိုရမည့်ရုံး ရွေးချယ်ရေး ပြဿနာကိုဆုံးဖြတ်ရန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ချက်ခြင်းတင်ပြရမည်။ ထိုသို့တင်ပြသည့် ကိစ္စနှင့် စပ်လျဉ်း၍၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။

(၃) ဤအက်ဥပဒေကို လိုက်နာရသည့် တရားခံတဦးသည်၊ ရာဇဝတ်တရားရုံးတွင် စစ်ဆေးစီရင်ခြင်းကို ခံနေရသောအခါ၊ သို့တည်းမဟုတ် ထိုတရားခံအား စစ်ဆေးစီရင်ရမည့်ရုံး အမျိုးအစားနှင့်စပ်လျဉ်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆုံးဖြတ်ချက်မချရသေးမီ၊ ထိုတရားခံကို စစ်ဘက်အချုပ်နှင့်ထားနိုင်သည်။ စစ်ဆေးသည့်တရားရုံးက၊ ထိုတရားခံကိုခေါ်လာရမည်ဟု တောင်းဆိုသည့်အခါ၊ ထိုတရားရုံးရှေ့မှောက် သို့ပို့ရမည်။ <ပြင်ဆင် 04.11.2010>

၁၃၀။ ။ ပယ်ဖျက် <ပြင်ဆင် 04.11.2010>

စစ်တရားရုံးများလိုက်နာရမည့်ကျင့်ထုံး

[ပြင်ဆင်ရန်]

အခဏ်း ၁၁။

စစ်တရားရုံးများလိုက်နာရမည့်ကျင့်ထုံး။

ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော အရာရှိ။

၁၃၁။ ။ စစ်တရားရုံးချုပ်၊ တိုင်းစစ်တရားရုံး၊ သို့တည်းမဟုတ် အကျဉ်းစစ်တရားရုံးချုပ်တွင် ပါဝင်သည့် အဖွဲ့ဝင် များအနက်၊ ဝါအရင့် ဆုံးအဖွဲ့ဝင်သည် ထိုစစ်တရားရုံး၏ ဥက္ကဋ္ဌဖြစ်ရမည်။

စစ်ဥပဒေအရာရှိ။

၁၃၂။ ။ စစ်တရားရုံးချုပ် အသီးသီးတွင်၊ စစ်ဥပဒေအရာရှိတဦးပါဝင်ရမည့်ပြင်၊ တိုင်းစစ်တရားရုံး အသီးသီး၊ သို့တည်းမဟုတ် အကျဉ်းစစ်တရားရုံးချုပ်အသီးသီးတွင်လည်း စစ်ဥပဒေအရာရှိ တဦးပါဝင် နိုင်သည်။ ထိုစစ်ဥပဒေအရာရှိသည်၊ စစ်ဥပဒေချုပ်ရုံးမှ အရာရှိတဦးသော်၎င်း၊ အဆိုပါအရာရှိတဦးကို မရနိုင်လျှင်၊ စစ်ဥပဒေချုပ်ကဖြစ်စေ၊ ဒုတိယစစ်ဥပဒေချုပ်တဦးဦးကဖြစ်စေ၊ သဘောတူသည့် သင့်တော် သူတဦးဦးသော်၎င်း၊ ဖြစ်ရမည်။ <ပြင်ဆင် 04.11.2010>

ကန့်ကွက်ခြင်း။

၁၃၃။ ။ (၁) စစ်တရားရုံးချုပ်၊ တိုင်းစစ်တရားရုံး၊ သို့တည်းမဟုတ် အကျဉ်းစစ်တရားရုံးချုပ်ဖြင့် စစ်ဆေးစီရင်သည့်အခါတိုင်း၊ စစ်တရားရုံး၊ ရုံးထိုင်လျှင်ထိုင်ခြင်း၊ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သောအရာရှိ နှင့် အဖွဲ့ဝင်များ၏အမည်များကို တရားခံအားဘတ်ပြရမည်။ ထိုသို့ဘတ်ပြပြီးသောအခါ၊ ထိုစစ်တရား ရုံးတွင် ပါဝင်ရုံးထိုင်နေသော အရာရှိတဦးဦး၏ စစ်ဆေးစီရင်ချက်ကို ကန့်ကွက်လို၊ မလို တရားခံအား မေးမြန်းရမည်။ ထို့ပြင် ပုဒ်မ ၁၂၀ ၏ ပုဒ်မခွဲ(၁)အရ၊ အဖွဲ့ဝင်အသစ် တဦးဦးခန့်အပ်လျှင်၊ ထိုသို့ခန့်အပ် ပြီးနောက် စစ်တရားရုံးချုပ်ရုံးထိုင်လျှင်ထိုင်ခြင်း ထိုအဖွဲ့ဝင်အသစ်တဦးနှင့်စပ်လျဉ်း၍လည်း ဤနည်း လမ်းအတိုင်း လိုက်နာဆောင်ရွက်ရမည်။

(၂) အဆိုပါအဖွဲ့ဝင်အရာရှိတဦးဦးအား တရားခံကကန့်ကွက်လျှင်၊ တရားခံ၏ကန့်ကွက်ချက်နှင့် ကန့် ကွက်ခံရသောအရာရှိ၏ ချေပချက်တို့ကိုကြားနာ၍၊ ရေးမှတ်ရမည်။ ထို့ပြင်ကန့်ကွက်ခံရသော အရာရှိ ၏မျက်ကွယ်တွင်၊ ကျန်ရှိနေသောအဖွဲ့ဝင် အရာရှိများက ကန့်ကွက်ချက်နှင့်စပ်လျဉ်း၍ ဆုံးဖြတ် ရမည်။

(၃) မဲပေးပိုင်ခွင့်ရှိသော အဖွဲ့ဝင်အရာရှိများ၏ ဦးရေတဝက်ကဖြစ်စေ၊ တဝက်ထက်ပိုသော အဖွဲ့ဝင် အရာရှိများကဖြစ်စေ၊ ကန့်ကွက်ချက်ကိုထောက်ခံမဲပေးလျှင်၊ ကန့်ကွက်ချက်ကိုလက်ခံရမည်။ ထိုအခါ၊ ကန့်ကွက်ခံရသောအဖွဲ့ဝင်သည် နုတ်ထွက်ရမည်။ ထို့နောက်တရားခံ၏ ကန့်ကွက်နိုင်သည့် အခွင့်အရေး ကို မထိခိုက်စေဘဲ၊ လစ်လပ်သည့်နေရာတွင် အခြားအရာရှိတဦးအား၊ သတ်မှတ်ထားသည့် နည်းလမ်း အတိုင်း ခန့်အပ်နိုင်သည်။

(၄) ကန့်ကွက်ခြင်းမပြုလုပ်သည့်အခါတွင်ဖြစ်စေ၊ ကန့်ကွက်ခြင်းပြုလုပ်ပြီးကန့်ကွက်ခြင်းကို ပယ် လိုက်သည့် အခါတွင်ဖြစ်စေ၊ ကန့်ကွက်ချက်ကိုလက်ခံသဖြင့်၊ နုတ်ထွက်သွားသောအရာရှိတဦး၏ နေရာတွင်၊ အခြားအရာရှိတဦးကိုခန့်အပ်ပြီး၊ ထိုအရာရှိအားကန့်ကွက်ခြင်းမပြုလုပ်သည့်အခါ၊ သို့တည်း မဟုတ် ပြုလုပ်သည့်ကန့်ကွက်ချက်ကို လက်မခံသည့်အခါတွင်ဖြစ်စေ၊ စစ်တရားရုံးသည်၊ စစ်ဆေးစီရင် ခြင်းကို ဆက်လက်ဆောင်ရွက်ရမည်။

အဖွဲ့ဝင်၊ စစ်ဥပဒေအရာရှိနှင့်သက်သေတို့ ကျမ်းသစ္စာပြုခြင်း။

၁၃၄။ ။ (၁) ပုဒ်မ ၁၂၀ နှင့် ပုဒ်မ ၁၃၃ တို့တွင် ပြဋ္ဌာန်းထားသည့်အတိုင်းမှတပါး၊ စစ်တရားရုံးတရုံး၏ အဖွဲ့ဝင်အသီးသီးနှင့် စစ်ဥပဒေအရာရှိသည်၊ စစ်ဆေးစီရင်ခြင်းကိုမစမီ၊ ကျမ်းသစ္စာကိုဖြစ်စေ၊ ကတိ သစ္စာကိုဖြစ်စေ၊ ပြုရမည်။

(၂) စစ်တရားရုံးတွင် သက်သေခံသူအသီးသီးအား၊ သတ်မှတ်ထားသည့်အတိုင်း ကျမ်းသစ္စာကိုဖြစ်စေ၊ ကတိသစ္စာကိုဖြစ်စေ၊ နည်းလမ်းတကျ ပြုစေပြီးမှ စစ်မေးရမည်။

(၃) သက်သေသည်၊ အသက်တဆယ့်နှစ်နှစ်အောက် ကလေးတယောက်ဖြစ်သည့်ပြင်၊ အမှန်ထွက်ဆိုရ မည့် တာဝန်ဝတ်တရားကိုနားလည်စေကာမူ၊ ကျမ်းသစ္စာ၏သဘောကိုသော်၎င်း၊ ကတိသစ္စာ၏သဘော ကိုသော်၎င်း၊ နားမလည်ဟု စစ်တရားရုံးက ထင်မြင်ယူဆသောအခါ၊ ပုဒ်မခွဲ(၂)ပါ ပြဋ္ဌာန်းချက်များ ကို လိုက်နာဆောင်ရွက်ခြင်းမပြုရ။

အဖွဲ့ဝင်များကမဲပေးခြင်း။

၁၃၅။ ။ (၁) ပုဒ်မခွဲ (၂) နှင့် (၃) တို့၏ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ စစ်တရားရုံးသည်၊ ဆုံးဖြတ်ချက်တခုကို တဝက်ထက်ပိုသည့် မဲများအရချမှတ်ရမည်။ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ဖြစ်စေ၊ ပြစ်ဒဏ်ချမှတ်ချက်နှင့်စပ်လျဉ်း၍ဖြစ်စေ၊ မဲအရေအတွက် တူညီနေသည့်အခါ၊ စစ်တရားရုံး၏ ဆုံးဖြတ် ချက်သည်၊ တရားခံကို သက်သာခွင့်ပေးသည့် ဆုံးဖြတ်ချက်ဖြစ်စေရမည်။

(၂) စစ်တရားရုံးချုပ်သည်၊ အဖွဲ့ဝင်အနည်းဆုံးသုံးပုံနှစ်ပုံ၏ သဘောတူညီချက်ကို မရရှိဘဲ၊ သေဒဏ် မချမှတ်ရ။

(၃) အကျဉ်းစစ်တရားရုံးချုပ်သည်၊ အဖွဲ့ဝင်အားလုံး၏ သဘောတူညီချက်ကို မရရှိဘဲ၊ သေဒဏ်မချ မှတ်ရ။

(၄) ကန့်ကွက်ချက်၊ သို့တည်းမဟုတ် ဆုံးဖြတ်ချက်၊ သို့တည်းမဟုတ် ပြစ်ဒဏ်ချမှတ်ချက်နှင့် စပ်လျဉ်း သည့်ကိစ္စမှအပ၊ အခြားကိစ္စများတွင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့်အရာရှိ၌၊ အနိုင်မဲပေးပိုင်ခွင့်ရှိရမည်။

သက်သေခံနှင့်စပ်လျဉ်းသည့် ယေဘုယျဥပဒေ။

၁၃၆။ ။ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ သက်သေခံအက်ဥပဒေ (The Evidence Act) သည်၊ စစ်တရားရုံး တရုံးတွင် စစ်ဆေးစီရင်သည့် မှုခင်းကိစ္စအားလုံးနှင့် သက်ဆိုင်စေ ရမည်။ <ပြင်ဆင် 05.09.1960>

တရားခံ၏ သက်သေခံချက်။

၁၃၇။ ။ ပြစ်မှုတခုဖြင့် စွဲဆိုခြင်းခံရသူသည်၊ တဦးတည်းစွဲဆိုခြင်းခံရသည်ဖြစ်စေ၊ အခြားသူတဦးနှင့်၊ သို့တည်းမဟုတ် အခြားသူများနှင့် ပူးတွဲ၍စွဲဆိုခြင်းခံရသည်ဖြစ်စေ၊ ထိုပြစ်မှုဆိုင်ရာ စစ်ဆေးစီရင် မှုတွင် မိမိအတွက် ကိုယ်တိုင်သက်သေခံရန် အရည်အချင်းရှိသူဖြစ်ရမည်။ ထိုသူ၏ သက်သေခံချက်ကို၊ ထိုသူနှင့်ပူးတွဲ၍ စစ်ဆေးစီရင်ခြင်းခံရသူတဦးအပေါ်တွင်ဖြစ်စေ၊ အများအပေါ်တွင်ဖြစ်စေ၊ အသုံးပြုနိုင် သည်။

သို့ရာတွင်-

(က) တရားခံက မိမိသဘောအတိုင်း သက်သေခံလိုသောအခါမှတပါး၊ အခြားအခါများ