ပုဇွန်တောင်မြို့နယ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ပုဇွန်တောင်မြို့နယ်
ပုဇွန်တောင်မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပုဇွန်တောင်မြို့နယ်
ပုဇွန်တောင်မြို့နယ်
ပုဇွန်တောင်မြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°47′0″N 96°10′0″E / 16.78333°N 96.16667°E / 16.78333; 96.16667ကိုဩဒိနိတ်: 16°47′0″N 96°10′0″E / 16.78333°N 96.16667°E / 16.78333; 96.16667
Country  မြန်မာ
တိုင်း ရန်ကုန်
မြို့ ရန်ကုန်
မြို့နယ် ပုဇွန်တောင်
စာပို့သင်္ကေတ ၁၁၁၇၁

တည်နေရာ[ပြင်ဆင်ရန်]

ပုဇွန်တောင်မြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့တောင်အရပ်တွင် တည်ရှိသည်။ ပုဇွန်တောင်မြို့နယ်၏ အနောက်ဘက်နှင့် တောင်ဘက်တွင် ဗိုလ်တထောင်မြို့နယ်၊ အနောက်မြောက်ဘက်တွင် မင်္ဂလာ‌တောင်ညွန့်မြို့နယ်၊ တောင်ဘက်တွင် သကေတမြို့နယ်နှင့် အရှေ့ဘက်တွင် ပုဇွန်တောင်ချောင်းတို့ တည်ရှိသည်။ ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်ကို မဟာဗန္ဓုလတံတားဖြင့် ဆက်သွယ်ထားသည်။

ခေါ်တွင်ပုံ[ပြင်ဆင်ရန်]

ပုဇွန်တောင်ဟု အမည်ခေါ်တွင်ပုံမှာ မွန်ဘာသာ (ပသုန်ဍိုင်-ပဇုန်ဒေး)=ကုန်းငါးကုန်း(ညောင်ကုန်း၊ ပေတောကုန်း၊ မလွှကုန်း၊ မအူကုန်း၊ ပိန္နဲကုန်း) ရှိသော အရပ်ဟု အဓိပ္ပါယ်ရသည်။ [၁] ပုဇွန်တောင် - မသုန်-ငါး၊ ဒိုဝ်-တောင်ကုန်းငယ် (တောင်ငါးလုံး)[၂] ပုဇွန်တောင်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၁၀)ခု၊ အစိုးရ မူလတန်းကျောင်း (၉) ကျောင်း၊ အလယ်တန်းကျောင်း (၃) ကျောင်း၊ အထက်တန်းကျောင်း (၄) ကျောင်းနှင့် ပြည်သူ့ဆေးရုံ (၁) ရုံရှိသည်။ ပုစွန်တောင်ဈေးနှင့် ရေကျော်ဈေးတို့မှာ ပုဇွန်တောင်မြို့နယ်ရှိ အဓိကကျသော ဈေးကြီးများဖြစ်သည်။

ထင်ရှားသော အဆောက်အဦးများ[ပြင်ဆင်ရန်]

ဗြိတိသျှများ ရေးဆွဲခဲ့သည့် မြို့တည်ဆောက်ရေးစီမံကိန်းတွင် ပုဇွန်တောင်မြို့နယ်သည် အရှေ့ဘက်အကျဆုံးအပိုင်း ဖြစ်ခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပုဇွန်တောင်မြို့နယ်ရှိ အချို့အဆောက်အဦးများကို ဗိသုကာအရအထင်ကရရှိသော အဆောက်အဦးများအဖြစ် သတ်မှတ်ထားသည်။

အမည် အမျိုးအစား လိပ်စာ မှတ်ချက်
မဟာဗိသျှနုဟိန္ဒူဘုရားကျောင်း ဟိန္ဒူဘုရားကျောင်း ၁၃၇-၁၃၉၊ ၅၁လမ်း
မက်သဒစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၂၅၆၊ ဗိုလ်မြတ်ထွန်းလမ်း
ရွှေဘုန်းပွင့်ဘုရား ဘုရား ဦးရွှေဂုံလမ်း
ရန်ကုန်အရှေ့ ဆန်းနီဗလီ ဗလီ ၇၃၊ အနော်ရထာလမ်း

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်မြတ်မွန်(ဆူးလေ)၏ မြို့ရိုး/ခံတပ်ကြောင့် သမိုင်းတွင်ခဲ့တဲ့မြို့နယ်
  2. မြန်မာသမိုင်း နိဒါန်း - ဒေါက်တာ သန်းထွန်း