မာတိကာသို့ ခုန်သွားရန်

ညောင်လေးပင်မြို့နယ်

ဝီကီပီးဒီးယား မှ
ညောင်လေးပင်မြို့နယ်
မြို့နယ်
ညောင်လေးပင်ခရိုင်အတွင်း တည်နေရာ
ညောင်လေးပင်ခရိုင်အတွင်း တည်နေရာ
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ပဲခူး
ခရိုင်​ညောင်​လေးပင်
မြို့နယ်ရုံးစိုက်ရာမြို့ညောင်လေးပင်မြို့
လူဦးရေ (၂၀၁၄)[]၁၉၉,၄၈၃
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ညောင်လေးပင်မြို့နယ်သည် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[] ညောင်လေးပင်မြို့နယ်တွင် ညောင်လေးပင်မြို့မဒေါက်မြို့နှင့် ပြွန်တန်ဆာမြို့ပိန်းဇလုပ်မြို့ တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ညောင်လေးပင်မြို့ ဖြစ်သည်။ ညောင်လေးပင်မြို့နယ်သည် ပဲခူးတိုင်းအရှေ့ခြမ်း၏ အလယ်ဗဟိုအကျဆုံးနေရာတွင် တည်ရှိနေသည်။ ထို့ပြင် ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း၏ ပို့ဆောင်ဆက်သွယ်ရေးအချက်အချာမြို့ကြီးများစာရင်းတွင်ပါဝင်သည်။ ညောင်လေးပင်မြို့နယ်သည် ညောင်လေးပင်ခရိုင်၏ ရုံးစိုက်ရာမြိုလည်းဖြစ်သည်။

ညောင်လေးပင်မြို့နယ်သည် အမှတ်(၁) ပြည်ထောင်စုအဝေးပြေးလမ်းမကြီး (ရန်ကုန်-တောင်ငူ-မန္တလေး အဝေးပြေးလမ်းမကြီး) မိုင်တိုင်အမှတ် (၈၈ မိုင်/၀ ဖာလုံ) မှ စတင်၍ မိုင်တိုင်အမှတ် (၁၀၉ မိုင်/၀ ဖာလုံ) အထိ ၂၁ မိုင် ပါဝင်သည်။

ညောင်လေးပင်မြို့နယ်၏ မြောက်ဘက်တွင် ကျောက်တံခါးမြို့နယ်(ညောင်လေးပင်အနောက်မြို့နယ်)၊ အရှေ့ဘက်တွင် ရွှေကျင်မြို့နယ်၊ အနောက်ဘက်နှင့် တောင်ဘက်တွင် ဒိုက်ဦးမြို့နယ်၊ ဝေါမြို့နယ်တို့ဖြင့် ဝန်းရံထားသည်။ အရှေ့ဘက် ၁၅ မိုင်ခန့်တွင် ရှမ်းရိုးမတောင်တန်းများ၊ အနောက်ဘက်တွင် ပဲခူးရိုးမတောင်တန်းများ တည်ရှိသည်။

ဒေသသမိုင်းအကျဉ်း

[ပြင်ဆင်ရန်]

ညောင်လေးပင်မြို့သည် မည်သူမည်ဝါ တည်ထောင်ခဲ့သည်ကို ခိုင်လုံသော အထောက်အထား မတွေ့ရှိရသေးသော်လည်း ရှေးဟောင်းတဘောင်အရ မြန်မာသက္ကရာဇ် ၁၁၁၇ ခုနှစ် (ကုန်းဘောင်ခေတ်ထက် ၂ နှစ်ခန့်နောက်ကျသောကာလ) တွင် တည်ထောင်ခဲ့သည်ဟု ယူဆကြပါသည်။ မြို့၏သမိုင်းကြောင်းသည် အနီးရှိ ပုဇွန်မြောင်းရွာနှင့် များစွာဆက်နွှယ်နေပြီး မင်းတုန်းမင်းလက်ထက်က မြင်းကွန်းမြင်းခုံတိုင်အရေးတွင် ပါဝင်ခဲ့သော တပ်မှူးတစ်ဦး တိမ်းရှောင်လာရာမှ စေတီပုထိုးများ တည်ထားခဲ့ခြင်း သို့မဟုတ် အနောက်ဘက်လွန်မင်း သန်လျင်သို့ ချီတက်စဉ် ရိက္ခာဖြည့်တင်းရာမှ ကျန်ရစ်ခဲ့သော စစ်သားများက အိုးလုပ်ငန်းဖြင့် အခြေချခဲ့ခြင်းဟူသော ယူဆချက်များ ရှိနေပါသည်။

သမိုင်းအထောက်အထားများအရ ဟံသာဝတီခေတ်တွင် ညောင်လေးပင်ဟူ၍ မပေါ်ပေါက်သေးဘဲ ၁၉၁၁ ခုနှစ် မြို့ပြဥပဒေအရမှသာ ရပ်ကွက် ၈ ခုဖြင့် မြို့အဖြစ် စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး၊ နောက်ပိုင်း ၁၉၇၂ ခုနှစ်တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ အမိန့်အရ ရပ်ကွက် ၅ ခုအဖြစ် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

တည်နေရာနှင့်အကျယ်အဝန်း

[ပြင်ဆင်ရန်]

ညောင်လေးပင်မြို့နယ်သည် မြောက်လတ္တီတွဒ် ၁၆ဒီဂရီ ၅၉ မိနစ်နှင့် ၁၈ဒီဂရီ ၁၂မိနစ်၊ အရှေ့လောင် ဂျီတွဒ် ၉၆ဒီဂရီ ၃၆မိနစ်နှင့် ၉၆ဒီဂရီ ၅၃မိနစ်တွင်တည်ရှိသည်။ အရှေ့မှအနောက်သို့(၂၁)မိုင်နှင့် တောင်မှ မြောက်သို့(၂၀)မိုင် ရှည်လျားပါသည်။ ညောင်လေးပင်မြို့ နယ်နှင့် မြို့တို့၏ဧရိယာစတုရန်းမိုင်မှာ

ညောင်လေးပင်မြို့- ၂.၀၁၄
ပြွန်တန်ဆာမြို့- ၀.၅၈၅
မဒေါက်မြို့- ၀.၅၃၁
ပိန်းဇလုပ်မြို့- ၀.၆၉၀
မြို့ဧရိယာစတုရန်းမိုင် ၁၀.၀၃မိုင်၊ ကျေးရွာအုပ်စုဧရိယာ စတုရန်းမိုင် ၂၇၂.၈၁မိုင်၊ မြို့နယ်ဧရိယာစတုရန်းမိုင် ၂၈၂.၈၄မိုင် တို့ဖြစ်သည်။

ပညာရေး

[ပြင်ဆင်ရန်]

ညောင်လေးပင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံပညာအလယ်တန်းကျောင်းများ၊ အခြေခံပညာမူလတန်းကျောင်း များစွာ ရှိသည်။ ထင်ရှားသော အခြေခံပညာအထက်တန်းကျောင်းများမှာ-

  1. အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ညောင်လေးပင်မြို့
  2. အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ညောင်လေးပင်မြို့
  3. အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပြွန်တန်ဆာမြို့
  4. အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပြွန်တန်ဆာမြို့
  5. လင်းရောင်သစ် ကိုယ်ပိုင်အထက်တန်းကျောင်း၊ ပြွန်တန်ဆာမြို့ (တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီး၏ အောင်ချက်အကောင်းဆုံးကျောင်းများစာရင်းဝင်)

အခြေခံပညာအထကကျောင်းများ

[ပြင်ဆင်ရန်]
စဉ် ကျောင်းအမည် တည်နေရာ
အထက(၁) ညောင်လေးပင် မြို့မ(၂) ညောင်လေးပင်
အထက(၂) ညောင်လေးပင် မြို့မ(၅) ညောင်လေးပင်
အထက(၁) ပြွန်တန်ဆာ မြို့မ(၄) ပြွန်တန်ဆာ
အထက(၂) ပြွန်တန်ဆာ မြို့မ(၃) ပြွန်တန်ဆာ
အထက (ပုဇွန်မြောင်း) ဆွဲဒလွဲ ကျေးရွာအုပ်စု
အထက (မဒေါက်) မြို့မ(၁) မဒေါက်
အထက (ပိန်းဇလုပ်) မြို့မ(၂) ပိန်းဇလုပ်
အထက (ကျောင်းရွာ) ဂျောင်းတာ ကျေးရွာအုပ်စု
အထက (ဇီးကုန်းကြီး) ဇီးကုန်းကြီး ကျေးရွာအုပ်စု
၁၀ အထက တော်ဝိ တော်ဝိ ကျေးရွာအုပ်စု
၁၁ အထက ချောင်းရင်း ချောင်းရင်း ကျေးရွာအုပ်စု
၁၂ အထက ပြင်ရေကြီး ပြင်ရေကြီး ကျေးရွာအုပ်စု
၁၃ အထက ရေတွင်းကုန်း ရေတွင်းကုန်း ကျေးရွာအုပ်စု
၁၄ အထက အောင်းကြီး လှည်းဆိပ် ကျေးရွာအုပ်စု


အထကခွဲကျောင်းများ

[ပြင်ဆင်ရန်]
စဉ် ကျောင်းအမည် တည်နေရာ
အထက(ခွဲ) ညောင်လေးပင် မြို့မ(၁) ညောင်လေးပင်
အထက(ခွဲ) သံတံတား သံတံတား ကျေးရွာအုပ်စု
အထက(ခွဲ) ငါးပြေမ ဂျို့ပင် ကျေးရွာအုပ်စု
အထက(ခွဲ) ဈေးပိုင်း မြို့မ(၂) မဒေါက်
အထက(ခွဲ) ဘိုင်းဒါး ဝဲဝန်း ကျေးရွာအုပ်စု
အထက(ခွဲ) ကဒါး လှည်းဆိပ် ကျေးရွာအုပ်စု

အလကကျောင်း (၁၃) ကျောင်း၊ အလက(ခွဲ)ကျောင်း (၂၃) ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၆၉) ကျောင်း၊ အမကကျောင်း (၁၀) ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၄) ကျောင်း၊ စုစုပေါင်း ပညာရေးကျောင်းပေါင်းများစွာ တည်ရှိပါသည်။

ကျန်းမာရေး

[ပြင်ဆင်ရန်]

ညောင်လေးပင်မြို့နယ်တွင် ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများပေါများသောကြောင့် ပဲခူးတိုင်းဒေသကြီး(အရှေ့) တွင် ပဲခူးမြို့နယ် တောင်ငူမြို့နယ် တို့ပြီးရင် တတိယ ကျန်းမာရေးအဆင့်အတန်းအမြင့်မားဆုံးမြို့နယ်ဖြစ်သည်။

  1. ညောင်လေးပင်ပြည်သူ့ဆေးရုံ၊ ညောင်လေးပင်မြို့
  2. ပြွန်တန်ဆာတိုက်နယ်ဆေးရုံ၊ ပြွန်တန်ဆာမြို့
  3. ပိန်းဇလုတ်တိုက်နယ်ဆေးရုံ၊ ပိန်းဇလုတ်မြို့
  4. မဒေါက်တိုက်နယ်ဆေးရုံ၊ မဒေါက်မြို့
  5. ရွှေရည်လင်းအထူးကုဆေးရုံကြီး၊ ညောင်လေးပင်မြို့
  6. ဝင်းအထူးကုဆေးရုံကြီး၊ ညောင်လေးပင်မြို့
  7. သီတဂူစက္ခုဒါနမျက်စိဆေးရုံကြီး၊ ညောင်လေးပင်မြို့
  8. ဇီဝိတဒါနသံဃာ့ဆေးရုံ၊ ညောင်လေးပင်မြို့

ညောင်လေးပင်မြို့နယ်တွင် ပါဝင်သည့် မြို့များ

[ပြင်ဆင်ရန်]
  1. ညောင်လေးပင်မြို့ (Nyaung Lay Pin)
  2. ပြွန်တန်ဆာမြို့ (Pyuntsa)
  3. မဒေါက်မြို့ (Madauk)
  4. ပိန်းဇလုတ်မြို့ (Pain Za Loke)

ဆက်လက် ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၁၆။
  2. "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)