လွိုင်ကော်မြို့နယ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
လွိုင်ကော်‌မြို့နယ်
မြို့နယ်
Skyline of လွိုင်ကော်‌မြို့နယ်
လွိုင်ကော်‌မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
လွိုင်ကော်‌မြို့နယ်
လွိုင်ကော်‌မြို့နယ်
လွိုင်ကော်မြို့နယ် တည်နေရာ
ကိုဩဒိနိတ်: 19°40′27″N 97°12′34″E / 19.67417°N 97.20944°E / 19.67417; 97.20944ကိုဩဒိနိတ်: 19°40′27″N 97°12′34″E / 19.67417°N 97.20944°E / 19.67417; 97.20944
နိုင်ငံ  မြန်မာ
ပြည်နယ် ကယားပြည်နယ်
ခရိုင် လွိုင်ကော်‌ခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ လွိုင်ကော်မြို့
ဧရိယာ
 • မြို့နယ် ၂၃၀.၉၁ စတုရန်းမိုင် (၅၉၈.၀၆ စတုရန်းကီလိုမီတာ)
ပင်လယ်ရေ မျက်နှာပြင်အမြင့် ၂၉၅၀ ပေ (၉၀၀ မီတာ)
လူဦးရေ (စက်တင်ဘာ ၂၀၁၇)[၁]
 • မြို့နယ် ၁၁၈,၆၈၃
 • သိပ်သည်းမှု ၅၁၀/sq mi (၂၀၀/km)
 • မြို့ပေါ် ၅၇,၄၃၃
 • ကျေးလက် ၆၁,၂၅၀
 • ဒေသခံလူမျိုးများ ကယား (၃၈.၄၅%)
ဗမာ (၂၉.၇၆%)
ရှမ်း (၂၄.၅၃%)
ကရင် (၃.၄၇%)
ချင်း (၀.၃၁%)
ရခိုင် (၀.၂၇%)
မွန် (၀.၂၅%)
ကချင် (၀.၁၂%)
 • ကိုးကွယ်မှု ဗုဒ္ဓခရစ်ယာန်အစ္စလာမ်ဟိန္ဒူ
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+6:30)

လွိုင်ကော်မြို့နယ် သည် မြန်မာနိုင်ငံကယားပြည်နယ်လွိုင်ကော်ခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ လွိုင်ကော်မြို့ ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၈၃၈ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်) တွင် ဦးသီရိ က သီရိဒေါရွာအဖြစ် တောင်ကွဲတောင်အနီးတွင် စတင်တည်ထောင်ခဲ့သည်။ ရှမ်းဘာသာစကားဖြင့် လွိုင်ခေါ် ဟု ခေါ်ဝေါ်ခဲ့ပြီး လွိုင် မှာ တောင်၊ ခေါ် မှာ တကွဲတပြားစီ ဟု အဓိပ္ပာယ်ရသည်။ လွိုင်ခေါ်မှ လွယ်ကော်၊ လွိုင်ကော်ဟူ၍ ဖြစ်ပေါ်လာခဲ့သည်။

၁၉၇၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် လွိုင်ကော်မြို့နယ်ကို ရပ်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၁၂ ခု၊ ကျေးရွာ ၁၂၇ ရွာဖြင့် ဖွဲ့စည်းခဲ့သည်။ လက်ရှိအချိန်တွင် လွိုင်ကော်မြို့နယ်တွင် ရပ်ကွက် ၁၉ ခု၊ ကျေးရွာအုပ်စု ၁၂ ခုနှင့် ကျေးရွာပေါင်း ၁၂၃ ရွာ ပါဝင်သည်။[၁]

ပထဝီဝင်[ပြင်ဆင်ရန်]

တည်နေရာအကျယ်အဝန်း[ပြင်ဆင်ရန်]

လွိုင်ကော်မြို့နယ်သည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၁၄ မိနစ်နှင့် ၂၀ ဒီဂရီ ၅၉ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၀၇ မီနစ်နှင့် ၉၇ ဒီဂရီ ၂၂ မိနစ်အကြားတွင် တည်ပြီး အကျယ်အဝန်းမှာ ၅၉၈.၀၆ စတုရန်းမိုင် (၁,၅၄၉.၀ စတုရန်း ကီလိုမီတာ) ဖြစ်သည်။[၂]

နယ်နိမိတ်[ပြင်ဆင်ရန်]

လွိုင်ကော်မြို့နယ်၏ အရှေ့ဘက်တွင် ရှားတောမြို့နယ်၊ အနောက်ဘက်တွင် ဒီမောဆိုးမြို့နယ်၊ တောင်ဘက်တွင် ဘော်လခဲမြို့နယ်၊ မြောက်ဘက်တွင် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့ဖြင့် ထိစပ်လျက်ရှိသည်။[၂]

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

လွိုင်ကော်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့်ပေ ၂၉၅၀ အထက်တွင် တည်ရှိသည်။ လွိုင်ကော်မြို့နယ်သည် တောတောင်နှင့် သစ်တောများ များပြားပြီး မြေပြန့်လွင်ပြင် နည်းပါးသည်။ ထင်ရှားသော တောင်များမှာ သီရိမင်္ဂလာတောင်တော် (တောင်ကွဲ)၊ ရွှေတောင်၊ တောင်သုံးလုံး၊ မြကလပ်တောင်နှင့် ရွှေလက်ဝါးတောင်တို့ ဖြစ်သည်။[၁]

ရေဆင်း[ပြင်ဆင်ရန်]

လွိုင်ကော်မြို့နယ်အတွင်း စီးဆင်းလျက်ရှိသော ထင်ရှားသည့် မြစ်ချောင်းများမှာ ဘီလူးချောင်း၊ ပွန်ချောင်းတို့ဖြစ်သည်။ ဘီလူးချောင်းသည် အနောက်မှ အရှေ့ဘက်သို့ စီးဆင်းလျက်ရှိပြီး ရေချိုဖြစ်သဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေအဖြစ် သုံးစွဲသည်။[၁]

ရာသီဥတု[ပြင်ဆင်ရန်]

လွိုင်ကော်မြို့နယ်သည် အေးမြခြောက်သွေ့ပြီး သင့်တင့်မျှတသော ရာသီဥတု ရှိသည်။ အမြင့်ဆုံး အပူချိန်သည် ၃၇.၂ ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၅ ဒီဂရီ စင်တီဂရိတ် ဖြစ်သည်။[၁]

လူနေထိုင်မှု[ပြင်ဆင်ရန်]

လွိုင်ကော်မြို့နယ်၏ ၂၀၁၇ ခုနှစ် စက်တင်ဘာလကုန်အထိ လူဦးရေမှာ ၁၁၈,၆၈၃ ဦး ဖြစ်ပြီး ကယား၊ ဗမာနှင့် ရှမ်းလူမျိုး အများစု ဖြစ်သည်။[၁]

စီးပွားရေး[ပြင်ဆင်ရန်]

လွိုင်ကော်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းများ၊ အသေးစား စက်မှုလက်မှု လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြသည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

လွိုင်ကော်မြို့နယ်သည် ကုန်းလမ်း၊ ရေလမ်းကြောင်းများ ဆုံရာလမ်းမပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ လွိုင်ကော်မြို့တွင် လွိုင်ကော်လေဆိပ်နှင့် လွိုင်ကော်ဘူတာတို့ တည်ရှိသည်။[၁]

ပညာရေး[ပြင်ဆင်ရန်]

အဆင့်မြင့် ပညာသင်ကျောင်းများဖြစ်သော လွိုင်ကော်တက္ကသိုလ်ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)နည်းပညာတက္ကသိုလ်(လွိုင်ကော်) နှင့် ဆရာအတတ်သင်ကောလိပ် တို့သည် လွိုင်ကော်မြို့တွင် တည်ရှိသည်။ အခြေခံပညာကျောင်းများအနေဖြင့် အထက်တန်းကျောင်း ၁၁ ခု၊ အထက်တန်းကျောင်းခွဲ ၇ ခု၊ အလယ်တန်းကျောင်း ၆ ခု၊ အလယ်တန်းကျောင်းခွဲ ၆ ခု၊ မူလတန်းလွန်ကျောင်း ၁၅ ခု၊ မူလတန်းကျောင်း ၇၇ ခုနှင့် မူလတန်းကြိုကျောင်း ၃၅ ခု တည်ရှိသည်။[၁]

ကျန်းမာရေး[ပြင်ဆင်ရန်]

လွိုင်ကော်မြို့နယ်တွင် ပြည်နယ်ဆေးရုံ ၁ ခု၊ တိုက်နယ်ဆေးရုံ ၂ ခု၊ တိုက်နယ်ကျန်းမာရေးဌာန ၂ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၅ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၉ ခု တည်ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ၁.၈ ၁.၉ (အောက်တိုဘာ ၂၀၁၇) လွိုင်ကော်မြို့နယ် ဒေသဆိုင်ရာအချက်အလက်များ. လွိုင်ကော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန။ ၇ ဩဂုတ် ၂၀၁၈ တွင် ပြန်စစ်ပြီး 
  2. ၂.၀ ၂.၁ ၂.၂ လွိုင်ကော်မြို့နယ်၏ ဒေသန္တရအချက်အလက်များ။ ကယားပြည်နယ်အစိုးရအဖွဲ့။ ၇ ဩဂုတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။