ချောင်းဦးမြို့နယ်

ဝီကီပီးဒီးယား မှ
ချောင်းဦးမြို့နယ်
မြို့နယ်
ချောင်းဦးမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ချောင်းဦးမြို့နယ်
ချောင်းဦးမြို့နယ်
မြန်မာနိုင်ငံတွင်း တည်နေရာပြမြေပုံ
ကိုဩဒိနိတ်: 22°17′N 95°27′E / 22.283°N 95.450°E / 22.283; 95.450ကိုဩဒိနိတ်: 22°17′N 95°27′E / 22.283°N 95.450°E / 22.283; 95.450
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
ခရိုင်မုံရွာခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ချောင်းဦးမြို့
လူဦးရေ (၂၀၁၄)[၁]၁၀၅,၉၅၅
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ချောင်းဦးမြို့နယ်သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်ရှိ မြို့နယ်တစ်မြို့ ဖြစ်သည်။[၂] မြို့နယ်ရုံးစိုက်ရာမြို့မှာ ချောင်းဦးမြို့ ဖြစ်သည်။

ဆင်ဖြူရှင်တံတား
ဆင်ဖြူရှင်တံတား

အိမ်နီးချင်းမြို့နယ်များ/နယ်နိမိတ်ထိစပ်မြို့နယ်များ[ပြင်ဆင်ရန်]

အရှေ့ဘက်တွင် မြင်းမူမြို့နယ်၊ တောင်ဘက်တွင် မြောင်မြို့နယ်၊ အနောက်ဘက်တွင် ဆားလင်းကြီးမြို့နယ်နှင့် မြောက်ဘက်တွင် မုံရွာမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။

မြို့နယ်တွင်း[ပြင်ဆင်ရန်]

ကျေးရွာများ[ပြင်ဆင်ရန်]

မြို့နယ်တွင်း၌ ကျေးရွာပေါင်း (၇၃)ရွာ ရှိသည်။ ၎င်းတို့မှာ-

3

မြို့နယ်အဝှမ်း သမိုင်းဝင်ရွာများ[ပြင်ဆင်ရန်]

ချောင်းဦးမြို့နယ်အဝှမ်း ကျေးရွာများ၊ ရပ်ကွက်များနှင့် ဘုန်းတော်ကြီးကျောင်းများကဲ့သို့သော သမိုင်းဝင်နေရာများ မြောက်မြားစွာရှိသည်။ ၎င်းတို့အနက်၊ ဥပမာအားဖြင့် နွယ်ခွေ၊ ပဲပြစ်တော၊ ခင်မွန်၊ အမြင့်နှင့် မှန်ချိုကျေးရွာများဖြစ်သည်။

အမြင့်ရွာ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အမြင့်ရွာ

ရှေးဟောင်းသမိုင်းဝင် ရွာတစ်ရွာဖြစ်သည်။ အင်းဝနှင့် ကုန်းဘောင်မင်းများလက်ထက်တွင် ထင်ရှားသော မြို့ပြတစ်ခုဖြစ်သည်။ အင်းဝခေတ်တွင် အင်းဝဘုရင်များနှင့် တပ်မတော်များအတွက် အရေးပါအရာရောက်ခဲ့သော မြို့ကြီးတစ်မြို့ ဖြစ်ခဲ့သည်။ အင်းဝဘုရင် မင်းကြီးစွာစော်ကဲသည် မင်းမဖြစ်ခင်က အမြင့်မြို့စားဖြစ်သည်။ ကုန်းဘောင်မင်းများ အုပ်စိုးစဉ် အမြင့်မြို့ဝန် မင်းလက်ဖဝါးသည် ထင်ရှားသည်။ ရဟန္တာဆရာတော် အရှင်နန္ဒာသီရိသည် အမြင့်မြို့ဟောင်းကျေးရွာတွင် ဖွားမြင်တော်မူသည်။ ရှေးဟောင်းသမိုင်းဝင် ဘုရားပုထိုး၊ ဘုန်းကြီးကျောင်းများနှင့် အထောက်အထားများ စုဝေးနေသည့် ရွာဖြစ်သည်။

သမိုင်းဝင် မြို့ပေါ်ရပ်ကွက်များ[ပြင်ဆင်ရန်]

ချောင်းဦးမြို့တွင် ရှေးဟောင်းသမိုင်းဝင် မြို့ပေါ်ရပ်ကွက်များရှိသည်။ ဥပမာအားဖြင့် ဆံတော်စွဲ၊ အရှေ့မအုပ်၊ အနောက်မအုပ်၊ ရဲလှေရပ်ကွက်များ ထင်ရှားသည်။ ၎င်းရပ်ကွက်များသည် သမိုင်းအားဖြင့် ကျန်စစ်မင်းနှင့် ပတ်သက်ဆက်နွယ်နေသည်။

သမိုင်းဝင်ကျောင်းတော်ကြီးများ[ပြင်ဆင်ရန်]

မြို့နယ်အဝှမ်း ရှေးဟောင်းသမိုင်းဝင် ဘုန်းတော်ကြီးကျောင်းများနှင့် စေတီပုထိုးများရှိသည်။ မြို့ပေါ်ရပ်ကွက်များတွင်လည်း ကျန်စစ်မင်း တည်ထားကိုးကွယ်ခဲ့သော စေတီပုထိုးများရှိသည်။ ဥပမာအားဖြင့် မန်ကျည်းတောကျောင်းတိုက်ရှိ ဝင်္ခယစေတီတော်၊ ထီးလှိုင်ရှင်ကျောင်းရှိ ထီးလှိုင်ရှင်စေတီတော်တို့ဖြစ်သည်။ မြို့နယ်အဝှမ်း အခြား ရှေးဟောင်းသမိုင်းဝင် ဘုရားပုထိုးစေတီ၊ ကျောင်းတော်များလည်း ရှိနေပေသေးသည်။ အချို့သော ရှေးဟောင်းကျောင်းတော်ကြီးများမှာ အသစ်ပြန်လည်တည်ဆောက်ကြသဖြင့် ရှေးဟောင်း ရှေးမူလက်ရာများ ပျောက်ကွယ်နေပြီး၊ ထိန်းသိမ်းရန်လိုအပ်နေပြီဖြစ်သည်။ ထို့အတူ ဘုရားပုထိုး စေတီတော်များကိုလည်း ရှေးမူလက်ရာမပျက်သာ ပြန်လည်ပြုပြင်သင့်သည်။

ထင်ရှားသောနေရာများ[ပြင်ဆင်ရန်]

  • ချောင်းဦးမြို့နယ်၊ နွယ်ခွေရွာအရှေ့ဘက် နွယ်ခွေတောင်တန်းပေါ်ရှိ ကိုးဆယ့်ကိုးရေထွက်
  • အမြင့်မြို့ဟောင်း / အမြင့်ရွာ
  • မြတ်ဗုဒ္ဓလက်တော်ရာ ကိုယ်တော်ပျောက် မြတ်စွာဘုရား(လက်တော်ရာဘုရား)
  • နွယ်ခွေတောင်တန်း၊ နွားကျောင်းသားကျောက်စေတီ
  • ချောင်းဦးမြို့၊ ရတနာကြငှာန်းရွှေဂူမြတ်စွာဘုရားကြီး
  • ချောင်းဦးမြို့၊ မန်ကျည်းတောကျောင်းတိုက်၊ ဝင်္ခယစေတီတော်
  • ချောင်းဦးမြို့၊ ရွှေပြည်သာ ဓမ္မစကြာဘုရား
  • ချောင်းဦးမြို့နယ်၊ ကျောက်မြင်းတောင် သာသနာ့နယ်မြေ
  • ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာ၊ ရွှေစည်းခုံစေတီတော်နှင့် မင်းကျောင်း
  • ချောင်းဦးမြို့နယ်၊ အမြင့်ရွာ၊ ဘုရားပုထိုးစေတီတော်များနှင့် မြို့သစ်ကျောင်း
  • ဆင်ဖြူရှင်တံတား
  • နွယ်ခွေဆည်
  • ပေါက်အင်း

ချောင်းဦးမြို့နယ်ဖွား ထင်ရှားပုဂ္ဂိုလ်ကြီးများ[ပြင်ဆင်ရန်]

  • စစ်ကြိုခေတ်(လွတ်လပ်ရေးတိုက်ပွဲခေတ်ဦး)၊ အမျိုးသားလွတ်လပ်ရေးအာဇာနည် ဆရာတော်ဦးဝိစာရ(ချောင်းဦးမြို့နယ်၊ အမြင့်မြို့အပိုင်၊ အနိမ့်ကိုးရွာအပါအဝင် ကမ်းနိမ့်ရွာဇာတိ)
  • အိုးဝမေဂ္ဂဇင်းတွင် ခွေးသရမ်းကြီးလွတ်နေပြီဆောင်းပါးကို ရေးသားခဲ့သူ ချောင်းဦးမြို့နယ်၊ အမြင့်မြို့တိုက်နယ်သား သောတာပန်ရွာဇာတိ ဆရာဦးညိုမြ (အမြင့်မြို့ဟောင်း / အမြင့်ရွာ)
  • (ယခင် ချောင်းဦးမြို့နယ်။ ယခု မုံရွာမြို့နယ်) ညောင်ဖြူပင်ရွာဇာတိ လယ်တီပဏ္ဍိတ ဦးမောင်ကြီး

ချောင်းဦးမြို့နယ်တွင်း ထူးခြားထင်ရှားမှု[ပြင်ဆင်ရန်]

  • မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီး ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာတွင် လာရောက်စာပေသင်ကြားခြင်း၊
  • ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငယ်စဉ် စာပေလာရောက်သင်ယူခြင်း၊
  • မြို့နယ်အတွင်း ဒေသတော်တော်များများ ရှေးဟောင်းသမိုင်းများနှင့် ဆက်နွယ်နေခြင်း၊ အထူးသဖြင့် ကျန်စစ်မင်းနှင့်ဆက်နွယ်ခြင်း
  • မြတ်ဗုဒ္ဓ မန္တလေးတောင်မှအပြန် ဒေသစာရီခရီးကြွချီတော်မူခဲ့ရာ ဒေသဖြစ်ခြင်း၊ တစ်ဆူတည်းသော မြတ်ဗုဒ္ဓ၏လက်တော်ရာရှိခြင်း

စီးပွားရေး[ပြင်ဆင်ရန်]

  • လယ်ယာစိုက်ပျိုးရေး
  • ကူးသန်းရောင်းဝယ်မှု
  • သယ်ယူပို့ဆောင်ရေးလုပ်ငန်း
  • သင်တန်းကျောင်း/ဘော်ဒါ (ပညာရေး)

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၃။
  2. "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)