ပန်းဘဲတန်းမြို့နယ်
ပုံပန်းသွင်ပြင်
ပန်းဘဲတန်းမြို့နယ် | |
---|---|
ကျောက်တံတားခရိုင်အတွင်း တည်နေရာ | |
ရန်ကုန်မြို့အတွင်း တည်နေရာ | |
ပန်းဘဲတန်းမြို့နယ် တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 16°46′49″N 96°9′20″E / 16.78028°N 96.15556°Eကိုဩဒိနိတ်: 16°46′49″N 96°9′20″E / 16.78028°N 96.15556°E | |
Country | မြန်မာ |
တိုင်းဒေသကြီး | ရန်ကုန် |
ခရိုင် | ကျောက်တံတား |
စာပို့သင်္ကေတ | ၁၁၁၄၃ |
ပန်းဘဲတန်းမြို့နယ်သည် ရန်ကုန်မြို့လယ်၏အလယ်ပိုင်းတွင် တည်ရှိသည်။ ရန်ကုန်မြို့၏အကြီးဆုံးဈေးများဖြစ်သောဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် သိမ်ကြီးဈေးတို့သည် ပန်းဘဲတန်းမြို့နယ်တွင် တည်ရှိသည်။ ရပ်ကွက်ပေါင်း (၁၁)ခုရှိသည်။ ပန်းဘဲတန်းမြို့နယ်၏အရှေ့ဘက်တွင် ကျောက်တံတားမြို့နယ်၊ တောင်ဘက်တွင် ဆိပ်ကမ်းမြို့နယ်နှင့် ရန်ကုန်မြစ်၊ အနောက်ဘက်တွင် လသာမြို့နယ်နှင့် မြောက်ဘက်တွင် ဒဂုံမြို့နယ်တို့ တည်ရှိသည်။ ပန်းဘဲတန်းမြို့နယ်တွင် မူလတန်းကျောင်း (၃)ကျောင်း၊ အလယ်တန်းကျောင်း (၂)ကျောင်းနှင့် အထက်တန်းကျောင်း (၃)ကျောင်းတို့ တည်ရှိသည်။
ထင်ရှားသော အဆောက်အဦးများ
[ပြင်ဆင်ရန်]ပန်းဘဲတန်းမြို့နယ်သည် ဗြိတိသျှလက်ထက်ထဲက မူလပထမ မြို့စီမံကိန်းတွင် ပါဝင်ခဲ့သောကြောင့် ကိုလိုနီခေတ် အဆောက်အအုံများစွာ တည်ရှိသည်။ အောက်ဖော်ပြပါအဆောက်အဦးများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။
အမည် | အမျိုးအစား | လိပ်စာ | မှတ်ချက် |
---|---|---|---|
အ.ထ.က(၂)ပန်းဘဲတန်း | ကျောင်း | ၁၂၄-၁၄၂၊ (ရွှေတိဂုံဘုရားလမ်း) | |
ဗိုလ်ချုပ်အောင်ဆန်းဈေး | ဈေး | ဗိုလ်ချုပ်အောင်ဆန်းလမ်း | |
ဂုလမ်အာလစ် မာစ်ဂျစ်ဝါဖ် ဗလီ | ဗလီ | ၆၂-၆၄၊ လမ်းမတော်လမ်း | |
ယခင် အိန္ဒိယအသက်အာမခံလုပ်ငန်း အဆောက်အအုံ | ရုံး | ၆၅၄၊ ကုန်သည်လမ်းနှင့် ရွှေဘုံသာလမ်းထောင့် | |
နအူဆာရီပူရီ ဗလီ | ဗလီ | ၂၈၁၊ ရွှေဘုံသာလမ်း | |
ဆာတီဆန်နီဂျမာ ဗလီ | ဗလီ | ၁၄၉၊ ရွှေဘုံသာလမ်း |
ကိုးကား
[ပြင်ဆင်ရန်]ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- Yangon City Website Archived 25 May 2012 at the Wayback Machine.