စဉ့်ကိုင်မြို့နယ်

ဝီကီပီးဒီးယား မှ
စဉ့်ကိုင်မြို့နယ်
မန္တလေးတိုင်းအတွင်းရှိ မြို့နယ်
Skyline of စဉ့်ကိုင်မြို့နယ်
ကျောက်ဆည်ခရိုင်အတွင်းတည်နေရာ
ကျောက်ဆည်ခရိုင်အတွင်းတည်နေရာ
စဉ့်ကိုင်မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
စဉ့်ကိုင်မြို့နယ်
စဉ့်ကိုင်မြို့နယ်
မြန်မာနိုင်ငံတွင်းရှိ တည်နေရာ
ကိုဩဒိနိတ်: 21°43′0″N 96°6′0″E / 21.71667°N 96.10000°E / 21.71667; 96.10000ကိုဩဒိနိတ်: 21°43′0″N 96°6′0″E / 21.71667°N 96.10000°E / 21.71667; 96.10000
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေး
ခရိုင်ကျောက်ဆည်
မြို့နယ်ရုံးစိုက်ရာမြို့စဉ့်ကိုင်မြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)
ဧရိယာကုဒ်(များ)၀၆၆[၁]

စဉ့်ကိုင်မြို့နယ် သည် မန္တလေးတိုင်းဒေသကြီးကျောက်ဆည်ခရိုင် တွင်ပါဝင်သည့် မြို့နယ်ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ စဉ့်ကိုင်မြို့ ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

စဉ့်ကိုင်မြို့နယ်တွင် ရှေးဟောင်းသုတေသန၏တွေ့ရှိချက်များအရ ကျောက်ခေတ်ယဉ်ကျေးမှုကိုတွေ့ရှိရပြီး နောက်ပိုင်းတွင် ပဒေသရာဇ်တို့၏ လက်အောက်တွင်ရှိခဲ့သည်။ အနော်ရထာမင်းမတိုင်မီတွင် မွန်၊ပလောင်၊ဝ၊ဗမာတိုင်းရင်းသားများ နေထိုင်ခဲ့ကြသည်။ အင်းဝခေတ် ဇော်ဂျီ၅ခရိုင်တွင် ပါဝင်ခဲ့သည်။ လက်ရှိ စဉ့်ကိုင်မြို့နယ်သည် ယခင် ဆဌဂံကုန်းဟုခေါ်ခဲ့သည်။ စဉ့်ကိုင်မြို့နယ်၏ တောင်ဘက် (၁)မိုင်ခန့်အကွာတွင် စဉ့်ကိုင်ကြီးရွာ ရှိပြီး ရာဇဝင်များအရ ငစဉ့်ကိုင်ဟုခေါ်ခဲ့ရာမှ အင်္ဂလိပ်တို့လက်ထက်တွင် 'င'ကိုဖြုတ်ကာ စဉ့်ကိုင်ဘူတာကို တည်ဆောက်ဖွင့်လှစ်ပြီး ဘူတာအနီးတွင် စဉ့်ကိုင်မြို့ကို တည်ခဲ့သည်။[၂]

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၃၉မိနစ်နှင့် ၂၁ဒီဂရီ ၅၁မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၅၇မိနစ်နှင့် ၉၆ဒီဂရီ ၁၆မိနစ် အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၁၃မိုင်၊ တောင်မှမြောက်သို့ ၁၅မိုင်ရှိပြီး ၁၇၃.၁၈စတုရန်းမိုင် ကျယ်ဝန်းသည်။[၂]

နယ်နိမိတ်[ပြင်ဆင်ရန်]

စဉ့်ကိုင်မြို့နယ်၏ အရှေ့ဘက်နှင့် တောင်ဘက်တွင် ကျောက်ဆည်မြို့နယ်၊ အနောက်ဘက်တွင် တံတားဦးမြို့နယ်၊မြောက်ဘက်တွင် ဒုဌဝတီမြစ်ခြားကာ အမရပူရမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်တို့တည်ရှိသည်။

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

ပင်လယ်ရေမျက်နှာပြင်အထက် ၂၆၀ပေတွင် တည်ရှိပြီး မြို့နယ်အတွင်းအမြင့်ဆုံးတောင်မှာ ကိန္နရာတောင်ဖြစ်ပြီး ပေ၂၀၀၀မြင့်သည်။ စဉ့်ကိုင်မြို့နယ်၏ အရှေ့ဘက်နှင့် တောင်ဘက်တွင် ရှမ်းရိုးမတောင်တန်း၏ တောင်စွယ်များ တည်ပြီး အခြားဒေသများမှာ ညီညာပြန့်ပြူးသော လွင်ပြင်ဒေသများဖြစ်သည်။ မြို့နယ်အတွင်းတွင် ဒုဌဝတီမြစ်သည် အရှေ့မှ အနောက်သို့ ဖြတ်သန်းစီးဆင်းနေသည်။ ပန်းလောင်မြစ်၊ ဇော်ဂျီမြစ်တို့သည် တောင်မှမြောက်သို့ စီးဆင်းကာ ဒုဌဝတီမြစ်အတွင်း စီးဝင်သည်။ စွန်ရဲအင်း၊မင်းလှကန်တို့မှာလည်း ထင်ရှားလှသည်။

လူဦးရေ[ပြင်ဆင်ရန်]

စဉ့်ကိုင်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ကရင်၊ချင်း၊ရခိုင်၊မွန်၊ကချင် လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်နှင့် ခရစ်ယာန်ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။[၂]

စီးပွားရေး[ပြင်ဆင်ရန်]

စဉ့်ကိုင်မြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးအသင့်အတင့်ကောင်းမွန်သော မြို့နယ်ဖြစ်သည်။ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးကို အဓိကထား၍ လုပ်ကိုင်ကြသည်။ အဓိကအားဖြင့် စပါးမြေပဲ၊နှမ်း၊နေကြာ၊မြေပဲ၊ပဲတီစိမ်း၊ပဲစင်းငုံ၊ဝါ၊ကြံ၊အစေ့ထုတ်ပြောင်းတို့ စိုက်ပျိုးသည်။ မြို့နယ်၏ အဓိကထုတ်ကုန်မှာ ဆန်၊ စပါးဖြစ်ကာ မန္တလေးမြို့သို့ အများဆုံး တင်ပို့ရောင်းချသည်။ ပုဂ္ဂလိကစက်ရုံ ၂ရုံ၊ အလုပ်ရုံ၁၂ရုံ၊အိမ်တွင်းစက်မှုလုပ်ငန်း ၂၆၆ခုကျော်ရှိသည်။ [၂]

စိုက်ပျိုး​ရေးလုပ်ငန်းများ

ဈေးများ[ပြင်ဆင်ရန်]

  • မြို့မဈေး
  • ပလိပ်ဈေး

ပို့ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

မြို့နယ်အတွင်း ရန်ကုန်-မန္တလေး ရထားလမ်းဖြတ်သန်းသွားသည်။ ရန်ကုန်-မန္တလေးလမ်းမှာလည်း ၃.၆မိုင်ခန့် ဖြတ်သန်းသွားသည်။

ပညာရေး[ပြင်ဆင်ရန်]

အဆင့်မြင့်ပညာ[ပြင်ဆင်ရန်]

အခြေခံပညာ[ပြင်ဆင်ရန်]

အထက[ပြင်ဆင်ရန်]

အထက်တန်းကျောင်း ၄ကျောင်းရှိသည်။

  • အထက စဉ့်ကိုင်
  • အထက ပလိပ်ကျင်း
  • အထက ဘယ်လင်း
  • အထက ဟင်းငူ
  • အထက ဆည်ရွာ

အထက(ခွဲ)/အလက[ပြင်ဆင်ရန်]

  • အလက (ထ(ခွဲ)) စွန်ရဲ
  • အလက (ထ(ခွဲ)) ဧည့်ပြ
  • အလက (ထ(ခွဲ)) ကြက်မျှား
  • အလက (ထ(ခွဲ)) ထန်းတော
  • အလက (ထ(ခွဲ)) ရွာဘို
  • အလက (ထ(ခွဲ)) မုံပင်
  • အလက ပလိပ်စက်ရုံမြေ

အမက[ပြင်ဆင်ရန်]

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၀၀ကျောင်းရှိသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

ဆေးရုံများ[ပြင်ဆင်ရန်]

  • မြို့နယ်ဆေးရုံ
  • တိုက်နယ်ဆေးရုံ

ထင်ရှားသောနေရာများ[ပြင်ဆင်ရန်]

ဘာသာရေး[ပြင်ဆင်ရန်]

  • ရွှေကျီးနား
  • ဖားလင်ပိုး
  • ပေါ်တော်မူ
  • ကံကြီးမ
  • မြွေဘုရား

အခြား[ပြင်ဆင်ရန်]

  • ပလိပ်ယဉ်ကျေးမှုဇုန်
  • မက္ခရာယဉ်ကျေးမှုဇုန်

ကိုးကား[ပြင်ဆင်ရန်]

  1. Myanmar Telephone Area Codes။ 16 June 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 March 2019 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ စဉ့်ကိုင်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။[လင့်ခ်သေ]