ဟားခါးမြို့နယ်
ဟားခါးမြို့နယ် | |
---|---|
ချင်းပြည်နယ်အတွင်းရှိ မြို့နယ် | |
ဟားခါးခရိုင်အတွင်းတည်နေရာ (အနီ) | |
ဟားခါးမြို့နယ် တည်နေရာ | |
ကိုဩဒိနိတ်: 22°38′43.9476″N 93°36′18.129″E / 22.645541000°N 93.60503583°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ချင်း |
ခရိုင် | ဟားခါး |
မြို့နယ်ရုံးစိုက်ရာမြို့ | ဟားခါးမြို့ |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၄၈,၃၅၂[၁] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ဟားခါးမြို့နယ် သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဟားခါးခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ဟားခါးမြို့ ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဟားခါးမြို့ကို စတင်တည်ထောင်ခဲ့သော လိုင်မီး(ချင်း)တို့သည် တိဗက်-မြန်မာနွယ်များဖြစ်ကြပြီး တရုတ်ပြည် အနောက်မြောက်ဘက်နှင့် တိဗက်ပြည်အရှေ့ဘက်တို့မှ ဆင်းသက်လာသည်။ ချင်းလူမျိုးနွယ်စုတို့သည် အေဒီ ၁၄၀၀ ခန့်တွင် ဖိုင်လဲင်ဇောလ်ဟု ခေါ်သောအရပ်သို့ စတင်ရောက်ရှိလာခဲ့သည်။ အစပထမက ဟားခါး(Halkha)ဟုခေါ်ခဲ့ရာမှ ယခုအခါ ဟားခါး(Hakha)ဟု ခေါ်ဝေါ်ခဲ့သည်။ ၁၈၉၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် မြို့အုပ်ချုပ်ရေးရုံး ဖွင့်လှစ်၍ နယ်ပိုင်ဝန်ထောက် ရုံးစိုက်ခဲ့သည်။ ၁၉၆၅ ခုနှစ် မေလ ၅ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တိုင်းခွဲ(၂) ရုံးကို ဟားခါးမြို့သို့ ပြောင်း၍ဖွင့်လှစ်ပြီး ဖလမ်းမြို့ရှိ တိုင်းမင်းကြီးရုံးကိုလည်း ဟားခါးမြို့သို့ ပြောင်းကာဖွင့်လှစ်ခဲ့သည်။ ၁၉၆၆ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ဟားခါးမြို့၌ ချင်းရေးရာဦးစီးအဖွဲ့ရုံးစိုက်ခဲ့ပြီး ချင်းဝိသေသတိုင်း၏ မြို့တော်ဖြစ်လာခဲ့သည်။[၂]
ပထဝီဝင်အနေအထား
[ပြင်ဆင်ရန်]မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၀၁ မိနစ်နှင့် ၂၂ ဒီဂရီ ၅၀ မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၂ မိနစ်နှင့် ၉၄ ဒီဂရီ ၄၅ မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၃၆မိုင်၊ တောင်မှမြောက်သို့ ၄၅မိုင်ရှိပြီး ၁၆၀၈ စတုရန်းမိုင် ကျယ်ဝန်းသည်။[၃]
နယ်နိမိတ်
[ပြင်ဆင်ရန်]ဟားခါးမြို့နယ်၏ အရှေ့ဘက်တွင် မကွေးတိုင်းဒေသကြီးရှိ ဂန့်ဂေါမြို့နယ်၊ တောင်ဘက်တွင် မတူပီမြို့နယ်၊ အနောက်ဘက်တွင် ထန်တလန်မြို့နယ်နှင့် မြောက်ဘက်တွင် ဖလမ်းမြို့နယ်များ တည်ရှိသည်။
မြေမျက်နှာသွင်ပြင်
[ပြင်ဆင်ရန်]ပင်လယ်ရေမျက်နှာပြင်အထက် ၆၁၂၀ ပေအထက်တွင် တည်ရှိသည်။ ပေ ၃၀၀၀ နှင့် ၈၀၀၀ ကျော်မြင့်သည့် တောင်ကုန်းတောင်စွယ်များ တည်ရှိသည်။ သီမြစ် (ခ)ဘွေနူးမြစ်သည် မြို့နယ်အတွင်း မြောက်မှတောင်သို့ စီးဆင်းနေသည်။ တောင်ကျချောင်း ပေါများပြီး ဟားခါးမြို့၏အရှေ့ဘက်ရှိ ဒေါင်ဗားချောင်းတွင် ရေအားလျှပ်စစ်ထုတ်လုပ်သည်။
လူဦးရေ
[ပြင်ဆင်ရန်]ဟားခါးမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ဗမာနှင့် မွန်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။
စီးပွားရေး
[ပြင်ဆင်ရန်]ဟားခါးမြို့နယ်သည် ချင်းပြည်နယ်အတွင်းရှိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားနည်းသော မြို့နယ်ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ဒေသထွက်ကုန် ထွက်ရှိမှု အားနည်းခြင်းတို့ကြောင့် ဖြစ်သည်။
ဈေးများ
[ပြင်ဆင်ရန်]- ဟားခါးမြို့မဈေး
လမ်းပန်းဆက်သွယ်ရေး
[ပြင်ဆင်ရန်]ဟားခါးမြို့နယ်တွင် ရဟတ်ယာဉ်ကွင်း ၂ကွင်းရှိသည်။ ရန်ကုန်၊ မန္တလေးနှင့် ကလေးမြို့များသို့ ခရီးသည်တင်ယာဉ်များရှိသည်။
ပညာရေး
[ပြင်ဆင်ရန်]အဆင့်မြင့်ပညာ
[ပြင်ဆင်ရန်]- ဟားခါးကောလိပ်
- ဟားခါးပညာရေးကောလိပ်
- ဟားခါး နည်းပညာကောလိပ်
အခြေခံပညာ
[ပြင်ဆင်ရန်]အထက
[ပြင်ဆင်ရန်]အထက်တန်းကျောင်း ၁၄ကျောင်းရှိသည်။
- အထက ၁
- အထက ၂
- အထက ၃
- အထက ၄
- အထက ဆူရ်ခွား
- အထက ချွန်ကျုံး
အထက(ခွဲ)/အလက
[ပြင်ဆင်ရန်]- အလက (ထ(ခွဲ)) မြို့ဟောင်း
- အလက (ထ(ခွဲ)) ဆတ္တား
- အလက (ထ(ခွဲ)) ဈေးသစ်
- အလက နှီရ်လောန်း
- အလက ဇိုခွား
- အလက ဒါအိုချိမ်း
- အလက လုံရန်း
- အလက သီနမ်း
- အလက သီဖူးလ်
- အလက ဘုံဇုံး
- အလက ဘွန်လုံး
- အလက လောက်လုံ
အမက
[ပြင်ဆင်ရန်]မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၇၄ ကျောင်းရှိသည်။
ကျန်းမာရေး
[ပြင်ဆင်ရန်]ဆေးရုံများ
[ပြင်ဆင်ရန်]- ခုတင် (၂၀၀) ပြည်သူ့ဆေးရုံကြီး
- ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ
ကိုးကား
[ပြင်ဆင်ရန်]- ↑ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၁။
- ↑ ဟားခါးမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedflt
ဤ ချင်းပြည်နယ် ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |