ကောလင်းမြို့နယ်

ဝီကီပီးဒီးယား မှ
ကောလင်းမြို့နယ်
မြို့နယ်
ကောလင်းခရိုင်အတွင်းတည်နေရာ
ကောလင်းခရိုင်အတွင်းတည်နေရာ
စစ်ကိုင်းတိုင်းအတွင်း တည်နေရာ
စစ်ကိုင်းတိုင်းအတွင်း တည်နေရာ
ကောလင်းမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကောလင်းမြို့နယ်
ကောလင်းမြို့နယ်
မြန်မာနိုင်ငံတွင်း တည်နေရာပြမြေပုံ
ကိုဩဒိနိတ်: 23°47′N 95°41′E / 23.783°N 95.683°E / 23.783; 95.683ကိုဩဒိနိတ်: 23°47′N 95°41′E / 23.783°N 95.683°E / 23.783; 95.683
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
ခရိုင်ကောလင်းခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ကောလင်းမြို့
လူဦးရေ (၂၀၁၄)[၁]၁၄၅,၂၉၇
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ကောလင်းမြို့နယ် သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးကောလင်းခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[၂]ယခင်က ကသာခရိုင်အတွင်း ပါဝင်ခဲ့သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ကောလင်းမြို့ ဖြစ်သည်။

ပထဝီဝင်အ​နေအထား[ပြင်ဆင်ရန်]

ကောလင်းမြို့နယ်သည် အရှေ့ဘက်နှင့်အနောက်ဘက်တွင်ရှည်လျားပြီး တောင်နှင့်မြောက်အကျယ်မှာ ကျဉ်းမြောင်းသည်။ မန္တလေး-မြစ်ကြီးနား ရထားလမ်းပေါ်တွင်တည်ရှိပြီး အထက်မြန်မာပြည် အဓိက ဘူတာရုံ တစ်ရုံကိုပိုင်ဆိုင်ထားသည်။ မြို့အရှေ့ဘက် ၁၄ မိုင်အကွာတွင် ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု ကားလမ်းမ ကြီးရှိသည်။ ဆန်စပါး ကိုအဓိက စိုက်ပျိုးသည်။ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ကောလင်း-မန္တလေး အမြန်ရထားလမ်းကြောင်းအပြင်ကားလိုင်းများစွာပြေးဆွဲလျက်ရှိသည်။ မြောက်ဘက်တွင် ဝန်းသိုမြို့နယ်၊ တောင်ဖက်တွင်ကျွန်းလှ မြို့နယ် အနောက်ဘက်တွင်ပင်လယ်ဘူးမြို့နယ် အရှေဖက်တွင် ထီးချိုင့်မြို့နယ် တို့နှင့်ဆက်စပ်နေသည်။ (၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ) လူဦးရေ ၁၄၅,၂၉၇ ယောက်ခန့် နေထိုင်လျက်ရှိသည်။ မြို့နေလူဦးရေ ၂၁,၄၃၁ ယောက်ခန့်နေထိုင်ပြီး အများစုဖြစ်သော ၁၂၃,၈၆၆ ယောက်ခန့်သည် ကျေးလက်နေပြည်သူများဖြစ်သည်။ အမျိုးသားဦးရေမှာ ၆၉,၇၈၂ ယောက်ရှိပြီး အမျိုးသမီးဦးရေမှာ ပိုမိုများပြား၍ ၇၅,၅၁၅ ယောက်ရှိသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၃။
  2. "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)
  3. ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ် အစီရင်ခံစာ (PDF)။ ပြည်သူ့အင်အားဦးစီးဌာန။ မေ ၂၀၁၇။