အလုံမြို့နယ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
အလုံမြို့နယ်
အလုံမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
အလုံမြို့နယ်
အလုံမြို့နယ်
အလုံမြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°46′59″N 96°7′40″E / 16.78306°N 96.12778°E / 16.78306; 96.12778
Country  မြန်မာ
တိုင်း ရန်ကုန်
မြို့ ရန်ကုန်
မြို့နယ် အလုံ
စာပို့သင်္ကေတ ၁၁၁၂၁

အလုံမြို့နယ်သည် ရန်ကုန်မြို့၏ အနောက်ဖက်ခြမ်း၊ ရန်ကုန်အနောက်ပိုင်းခရိုင် အတွင်းတွင် တည်ရှိသည်။ စုစုပေါင်း ရပ်ကွက် ၁၁ နှစ်ခု ဖြင့်ဖွဲ့စည်းထားသည်။ မြောက်ဖက်တွင် စမ်းချောင်းမြို့နယ် နှင့် ကြည့်မြင်တိုင်မြို့နယ် အနောက်ဖက်တွင် ရန်ကုန်မြစ် အရှေ့ဖက်တွင် ဒဂုံမြို့နယ် နှင့် တောင်ဖက်တွင် လမ်းမတော်မြို့နယ်တို့တည်ရှိသည်။ အစိုးရ မူလတန်းကျောင်း၂ ကျောင်း အလယ်တန်းကျောင်း ၂ ကျောင်း နှင့် အထက်တန်းကျောင်း ၆ ကျောင်း ရှိသည်။

ကရင်လူမျိုးများ အများစုနေ ထိုင်သည့် ကရင်ခြံရက်ကွက် တည်ရှိသည်။ ကရင်လူမျိုးများနေ ထိုင်သည့်အတွက် ခရစ်ယန်ဘုရားရှိခိုး ကျောင်းများကို နေရာ အများအပြား တွင်တွေ့ နိုင်သည်။ ကွင်းကျောင်း ကျောင်းတိုက်သည် အထင်ကရ ဘုန်းကြီးကျောင်း တစ်ကျောင်းဖြစ်သည်။ ဗလီတစ်ခုနှင့် ဟိန္ဒူဘုရားကျောင်း (၂)ကျောင်း ရှိသည်။

ရန်ကုန်မြစ်သည် အနောက်ဘက်တွင် တည်ရှိသည်။ အေးရှားဝေါ ဆိပ်ကမ်း နှင့် မြန်မာ့ စက်မှု ဆိပ်ကမ်း စသည့်ဆိပ်ကမ်းများ တည်ရှိသည်။


ကိုးကား[ပြင်ဆင်ရန်]