ဟားခါးခရိုင်
ဟားခါးခရိုင် | |
---|---|
ချင်းပြည်နယ်အတွင်းရှိ ခရိုင် | |
ဂန့်ဂေါ-ဟားခါးလမ်းပေါ်မှ ဟားခါးခရိုင်သို့အဝင်နေရာ | |
ချင်းပြည်နယ်အတွင်းတည်နေရာ | |
ချင်းပြည်နယ်အတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 22°30′00″N 93°36′00″E / 22.50000°N 93.60000°Eကိုဩဒိနိတ်: 22°30′00″N 93°36′00″E / 22.50000°N 93.60000°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ချင်းပြည်နယ် |
မြို့နယ်ပေါင်း | ၂ |
မြို့တော် | ဟားခါးမြို့ |
လူဦးရေ (၂၀၁၄) | ၉၈,၆၂၉[၁] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ဟားခါးခရိုင် (အင်္ဂလိပ်: Hakha District) သည် ချင်းပြည်နယ်တွင် ပါဝင်သောခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ ဟားခါးမြို့ဖြစ်သည်။
ပါဝင်သောမြို့နယ်များ
[ပြင်ဆင်ရန်]ဟားခါးခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်များသည် ယခင်က ဖလမ်းခရိုင်တွင် ပါဝင်ဖွဲ့စည်းခဲ့ကာ ၂၀၁၂ ခုနှစ် ဇွန် ၁ ရက်နေ့တွင် ပြုလုပ်သည့် ချင်းပြည်နယ် လွှတ်တော် အစည်းအဝေးတွင် တီးတိန်မြို့နယ်နှင့် ဟားခါးမြို့နယ်တို့ကို မည်သည့်မြို့နယ်အား ခရိုင်အဆင့်တိုးမြှင့်မည်ကို မဲခွဲကြရာ ဟားခါးမြို့နယ်က အနိုင်ရခဲ့သည်။ ထို့ကြောင့် ဖလမ်းခရိုင်ရှိ ထန်တလန်မြို့နယ်နှင့် ဟားခါးမြို့နယ်များကို ခွဲထုတ်ကာ ဟားခါးခရိုင်အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ကာ ချင်းပြည်နယ်၏ တတိယမြောက် ခရိုင်ဖြစ်လာခဲ့သည်။ ထို့အပြင် ဟားခါးမြို့သည် ပြည်နယ်ရုံးစိုက်ရာမြို့ဖြစ်သဖြင့် ဟားခါးခရိုင်သည်လည်း အုပ်ချုပ်ရေးအရ အရေးပါလာခဲ့သည်။[၂][၃]
ပထဝီဝင်အနေအထား
[ပြင်ဆင်ရန်]နယ်နိမိတ်
[ပြင်ဆင်ရန်]မြောက်ဘက်တွင် ဖလမ်းခရိုင်၊ အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းရှိ ကလေးခရိုင်နှင့် မကွေးတိုင်းရှိ ဂန့်ဂေါခရိုင်၊ တောင်ဘက်တွင် မတူပီခရိုင်၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့ တည်ရှိသည်။ မီဇိုရမ်ပြည်နယ်နှင့် အိန္ဒိယ-မြန်မာ နယ်နိမိတ်အဖြစ် (၇၄)မိုင် ထိစပ်နေသည်။
မြေမျက်နှာသွင်ပြင်
[ပြင်ဆင်ရန်]တောင်ကုန်းတောင်တန်းများ ပေါများသောဒေသဖြစ်သည်။(၈၈၇၃)ပေမြင့်သော ဘွေပါးတောင်၊ ပေပေါင်း(၆၇၀၀)မြင့်သော ဇိန်မှုတောင်၊ (၆၄၀၂)ပေမြင့်သော ပေါ်ပီးတောင်၊ (၇၅၄၃)ပေမြင့်သော ရုန်းတောင်တို့မှာ ထင်ရှားသည်။
ရေဆင်း
[ပြင်ဆင်ရန်]ခရိုင်အတွင်း အနောက်ပိုင်းသည် မြစ်ချောင်းများ နည်းပါးသည်။ အရှေ့ပိုင်းတွင် တောင်ကျချောင်းများ ပေါများသည်။ ဇဟောချောင်း၊ နွယ်ချောင်း၊ ဒေါင်ချောင်းတို့မှာ ထင်ရှားသည်။ သီမြစ်(ခေါ်)ဘွေနူးမြစ်နှင့် တီအိုချောင်းတို့သည် အိန္ဒိယနှင့် နယ်နိမိတ် ပိုင်းခြားထားသည်။
လူဦးရေ
[ပြင်ဆင်ရန်]၂၀၁၄သန်းခေါင်စာရင်းအရ ဟားခါးခရိုင်၏ လူဦးရေမှာ ၉၈,၇၂၆ဦးဖြစ်ကာ အမျိုးသား (၄၇,၄၀၁)ဦး အမျိုးသမီး (၅၁,၃၂၅)ဦးဖြစ်သည်။ မြို့ပြတွင် ၃၂,၅၁၃ဗီးနေထိုင်ကာ ကျေးလက်တွင် ၆၆,၂၁၃ဦး နေထိုင်ကြသည်။ မြို့ပြနေရာခိုင်နှုန်းမှာ ၃၂.၉ရာခိုင်နှုန်းဖြစ်သည်။ ထန်တလန်မြို့နယ်သည် ဟားခါးမြို့နယ်ထက် လူဦးရေပိုများသည်။ချင်းလူမျိုးများ အများစုနေထိုင်ကြသည်။ ချင်းလူမျိုးများပြီးလျှင် သိသာစွာ အများဆုံးနေထိုင်ကြသူများမှာ ဗမာလူမျိုးများဖြစ်ကြသည်။ ခရစ်ယာန်ဘာသာကို အများဆုံးကိုးကွယ်ကြသည်။
စီးပွားရေး
[ပြင်ဆင်ရန်]ဟားခါးခရိုင်သည် ချင်းပြည်နယ်အတွင်းရှိ စီးပွားရေးတိုးတက်မှုနှေးကွေးသော ခရိုင်တစ်ခုဖြစ်သည်။ ခရိုင်နေပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်ကြပြီး ငရုတ်အနည်းငယ်ထွက်ကာ စစ်ကိုင်းတိုင်းရှိ ကလေးမြို့သို့ အများဆုံးတင်ပို့ရောင်းချသည်။
ပို့ဆောင်ဆက်သွယ်ရေး
[ပြင်ဆင်ရန်]ချင်းပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ပြည်နယ်တစ်ခုဖြစ်သည်။ နောက်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေးများကောင်းမွန်လာသော်လည်း ခက်ခဲနေဆဲဖြစ်သည်။ သားခါးခရိုင်မှ မကွေးတိုင်း ဂန့်ဂေါမြို့၊ စစ်ကိုင်းတိုင်း ကလေးမြို့များသို့ မော်တော်ကားဖြင့် သွားလာနိုင်သည်။
ပညာရေး
[ပြင်ဆင်ရန်]ဟားခါးမြို့တွင် ဟားခါးတက္ကသိုလ်ရှိပြီး တက္ကသိုလ်တစ်ခုအောက်တွင် ဝိဇ္ဇာ/သိပ္ပံ၊ ကွန်ပျူတာ၊ နည်းပညာ စသည့်ဘာသာရပ်များအားလုံးကို သင်ကြားပေးနေသည့် မြန်မာပြည်၏ တစ်ခုတည်းသော Comprehensive University ဖြစ်သည်။၂၀၁၄သန်းခေါင်စာရင်းအရ ဖလမ်းခရိုင်တွင် အသက်(၁၅)နှစ်နှင့်အထက် အိမ်ထောင်စုများတွင် စာတတ်မြောက်သူရာခိုင်နှုန်း ၈၆.၃%ရှိသည်။
ကျန်းမာရေး
[ပြင်ဆင်ရန်]ဟားခါးမြို့နယ်တွင် ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ(၁)ရုံ၊ ထန်တလန်မြို့နယ်တွင် ကုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၄)ရုံ တည်ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၁၇၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 26, 2015 တွင် ပြန်စစ်ပြီး
- ↑ "တီးတိန်မြို့ကို ခရိုင်အဆင့် မတိုးမြှင့်လို့ ဒေသခံတွေ ဆန္ဒပြ"။
- ↑ http://www.mrtv3.net.mm/newpaper/46newsn.pdf[လင့်ခ်သေ] Page 16 Col 1