ကလေးခရိုင်

ဝီကီပီးဒီးယား မှ
ကလေးခရိုင်
ကလေးမြို့ ရှုခင်း
ကလေးမြို့ ရှုခင်း
စစ်ကိုင်းတိုင်းအတွင်းတည်​နေရာ
စစ်ကိုင်းတိုင်းအတွင်းတည်​နေရာ
ကလေးခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကလေးခရိုင်
ကလေးခရိုင်
စစ်ကိုင်းတိုင်းအတွင်းတည်​နေရာ
ကိုဩဒိနိတ်: 23°11′N 94°04′E / 23.183°N 94.067°E / 23.183; 94.067ကိုဩဒိနိတ်: 23°11′N 94°04′E / 23.183°N 94.067°E / 23.183; 94.067
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်း
မြို့နယ်ပေါင်း
မြို့တော်ကလေးမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ကလေးခရိုင် သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အနောက်ဘက်အကျဆုံး ခရိုင်တစ်ခု ဖြစ်သည်။ မြို့နယ်သုံးခုပါဝင်ကာ ခရိုင်ရုံးစိုက်ရာမြို့မှာ ကလေးမြို့ ဖြစ်သည်။ ကလေးခရိုင်တွင်းရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၅၀၈,၀၁၅ ယောက်[၁] ဖြစ်သည်။

မြို့နယ်များ[ပြင်ဆင်ရန်]

ကလေးခရိုင်မြို့နယ်များ
  ကလေးမြို့နယ်
  ကလေးဝမြို့နယ်
  မင်းကင်းမြို့နယ်

ကလေးခရိုင်တွင် ပါဝင်သည့် မြို့နယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ထိစပ်လျက်ရှိသော နယ်နမိတ်များ[ပြင်ဆင်ရန်]

ကလေးခရိုင်၏ အနောက်ဘက်တွင် ဖလမ်းခရိုင် (ချင်းပြည်နယ်)၊ မြောက်ဘက်တွင် မော်လိုက်ခရိုင်၊ အရှေ့ဘက်တွင် ရွှေဘိုခရိုင်၊ တောင်ဘက်တွင် မုံရွာခရိုင်နှင့် ဂန့်ဂေါခရိုင် (မကွေးတိုင်းဒေသကြီး) တို့နှင့် အသီးသီး ထိစပ်လျက်ရှိသည်။

ကိုးကွယ်မှု[ပြင်ဆင်ရန်]

ကလေးခရိုင်တွင် ဗုဒ္ဓဘာသာ နှင့် ခရစ်ယာန် ဘာသာ ကိုးကွယ်မှုတို့ရှိသည်။ မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာကိုးကွယ်သူ အများအပြား နေထိုင်ရာ နေရာများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ မီဇိုးလူမျိုးများ၏ မြို့တော်ဟု ခေါ်ဆိုကြသည့် တာဟန်းရပ်ကွက် (ကလေးမြို့)တွင် နေထိုင်သူ ၉၉% ခန့်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူများ ဖြစ်ကြသည်။ တာဟန်းတွင် ခရစ်ယာန်ဘုရားကျောင်းပေါင်း ၅၀ ကျော် တည်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၄၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 26, 2015 တွင် ပြန်စစ်ပြီး