မောင်တောခရိုင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မောင်တောခရိုင်
မောင်တောခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မောင်တောခရိုင်
မောင်တောခရိုင်
ကိုဩဒိနိတ်: 21°00′N 92°23′E / 21.000°N 92.383°E / 21.000; 92.383ကိုဩဒိနိတ်: 21°00′N 92°23′E / 21.000°N 92.383°E / 21.000; 92.383
နိုင်ငံ  မြန်မာ
ပြည်နယ် ရခိုင်ပြည်နယ်
မြို့နယ်ပေါင်း
မြို့တော် မောင်တောမြို့
လူဦးရေ (၂၀၁၄) ၉၆,၃၃၀
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+6:30)

မောင်တောခရိုင်သည် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ တည်ရှိပြီး မြန်မာနိုင်ငံ အနောက်ဘက်စွန်းတွင် တည်ရှိသော ခရိုင်ဖြစ်သည်။ ပါဝင်သော မြို့နယ်များမှာ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် တို့ဖြစ်ကြသည်။

ခရိုင်ရုံးစိုက်ရာမြို့မှာ မောင်တောမြို့ဖြစ်ပြီး ယခင်က ဘူးသီးတောင်မြို့တွင် ခရိုင်ရုံးစိုက်ခဲ့ဖူးသည်။ ဒေသတွင်း အရေးပါသော အခြားမြို့၊ ရွာများမှာ တောင်ပြိုလက်ဝဲမြို့ခမောင်းဆိပ်မြို့မြင်းလွှတ်မြို့တောင်ပြိုလက်ယာရွာအလယ်သံကျော်တောင်ဘဇားဘောလိဘဇား စသည်တို့ဖြစ်ကြသည်။

နယ်နမိတ်[ပြင်ဆင်ရန်]

မောင်တောခရိုင်သည် အရှေ့ဘက်နှင့်တောင်ဘက်တွင် စစ်တွေခရိုင်၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်၊ မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒါဘင်ခရိုင်တို့ဖြင့် ထိစပ်လျက်ရှိသည်။ မောင်တောခရိုင်နှင့် ကော့ဘဇားခရိုင်ကြားမှ စီးဆင်း၍ ဘင်္ဂလားပင်လယ်အော် အတွင်းသို့ စီးဝင်သော နတ်မြစ်သည် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်နိမိတ်လည်း ဖြစ်သည်။

လူမှုပထဝီဝင်[ပြင်ဆင်ရန်]

မောင်တောမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်(က)နက်မြို့ကြားတွင် နယ်စပ်ကုန်သွယ်ရေး ရှိသည်။ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်ကို မေယုတောင်တန်းဖြင့် ပိုင်းခြားထားသည်။ မောင်တောမြို့နယ် နတ်မြစ်ဝှမ်းနှင့် ဘူးသီးတောင်မြို့နယ် မေယုမြစ်ဝှမ်းဒေသ များမှာ မြေပြန့်လွင်ပြင် ပေါများပြီး မြေဩဇာ ကောင်းမွန်သဖြင့် လူဦးရေ ထူထပ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မောင်တောခရိုင်ရှိ လူဦးရေမှာ ၉၆,၃၃၀ ယောက် ဖြစ်သည်။[၁] ဒေသတွင်းနေထိုင်သူ အများစုမှာ အစ္စလာမ် ဘာသာကိုးကွယ်ကြသည်။ မြန်မာနိုင်ငံ အနောက်ဘက်စွန်း၌ တည်ရှိခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်စပ်နေခြင်းတို့ကြောင့် အရေးပါသောခရိုင်တစ်ခု ဖြစ်သည်။

မောင်တောမြို့နယ်၏ ဧရိယာသည် မယူတောင်တန်း၏ အနောက်ဖက် တောင်ခြေတစ်လျောက် ဖြစ်သည်။ တောတောင်ထူထပ်ပြီး သစ်၊ ဝါးပေါများသည်။ ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများ ၁၃၇.၃၆-စတုရန်းမိုင် ရှိသည်။ စပါးနှင့် ငါးပုဇွန်လုပ်ငန်းသည် အဓိကဖြစ်သည်။ တောင်ပြိုလက်ဝဲ မပါဘဲ ဆန်စပါး စိုက်ဧက ၉၀.၂၀-စတုရန်းမိုင်၊ ကျေးရွာအုပ်စု ၈၈-စု၊ ကျေးရွာပေါင်း ၃၇၀-ရွာ၊ ပုဇွန်ကန် ပေါင်း ၂၁၆၉-ကန်နှင့် မွေးမြူရေး ဧက ၁၄၃၄၅ ဧက ရှိသည်။ မြို့မကျောင်းရှိ မဟာကျန်ဘုရားနှင့် ဝက်ကျိန်းစေတီ၊ သရီကုန်းဘောင်စေတီ၊ ချင်းမခေါင်းတို့မှာ ထင်ရှားသည်။ ဒုတိယကမ္ဘာစစ်အတွင်းက မယူတောင်တန်းကြောင့် စစ်တလင်း ဖြစ်ခဲ့သည်။ ၁၉၉၅-ခုနစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့မှ စ၊ စစ်တွေခရိုင်မှ ခွဲထက်ကာ မောင်တောခရိုင်ဟု သီးခြားဖွဲ့စည်းသည်။ ၁၉၉၉-ခု၊ ဧပြီလ (၂၃)ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ကို ထည့်သွင်း တိုးချဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. (မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၆၀။ 
  2. အောင်လှသိန်း၊ ရခိုင်ပြည်ရှိ မြို့များ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းနှင့် အထွေထွေမှတ်သားဖွယ်ရာများ