မာတိကာသို့ ခုန်သွားရန်

ဘောလခဲမြို့နယ်

ဝီကီပီးဒီးယား မှ
(ဘော်လခဲမြို့နယ် မှ ပြန်ညွှန်းထားသည်)
ဘောလခဲမြို့နယ်
ကယားပြည်နယ်အတွင်းရှိ မြို့နယ်
ဘောလခဲခရိုင်အတွင်းတည်နေရာ (အနီ)
ဘောလခဲခရိုင်အတွင်းတည်နေရာ (အနီ)
ဘောလခဲမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဘောလခဲမြို့နယ်
ဘောလခဲမြို့နယ်
ဘောလခဲမြို့နယ် တည်နေရာ
ကိုဩဒိနိတ်: 19°10′33″N 97°20′37″E / 19.17583°N 97.34361°E / 19.17583; 97.34361ကိုဩဒိနိတ်: 19°10′33″N 97°20′37″E / 19.17583°N 97.34361°E / 19.17583; 97.34361
နိုင်ငံ မြန်မာ
ပြည်နယ် ကယား
ခရိုင်​ဘောလခဲ
မြို့နယ်ရုံးစိုက်ရာမြို့ဘော်လခဲမြို့
ဧရိယာ
 • စုစုပေါင်း၃၅၂.၈၉ စတုရန်းမိုင် (၉၁၄�၀ စတုရန်းကီလိုမီတာ)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၅၄၂ ပေ (၁၆၅ မီတာ)
လူဦးရေ (အောက်တိုဘာ ၂၀၁၇)
 • စုစုပေါင်း၇,၅၀၈
 • သိပ်သည်းမှု၂၁/sq mi (၈.၂/km)
 • ဒေသခံလူမျိုးများကယား (၆၄.၆၄%)
ရှမ်း (၂၇.၃၈%)
ဗမာ (၆.၁၀%)
ကရင် (၁.၃၆%)
ချင်း (၀.၂၉%)
ရခိုင် (၀.၁၉%)
အခြား (၀.၀၄%)
 • ကိုးကွယ်မှုဗုဒ္ဓခရစ်ယာန်
 []
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ဘောလခဲမြို့နယ် သည် မြန်မာနိုင်ငံကယားပြည်နယ်ဘောလခဲခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ ဘောလခဲမြို့နှင့် ရွာသစ်မြို့တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ဘောလခဲမြို့ ဖြစ်သည်။

သမိုင်း​ကြောင်း

[ပြင်ဆင်ရန်]

မင်းတုန်းမင်းလက်ထက်တွင် ဖဘန့်မင်း(ဖိုးဘျား)​စော်ဘွားကြီးအုပ်ချုပ်​သော နယ်ပယ်တစ်ခုအဖြစ် တည်ရှိခဲ့သည်။​ဘောလခဲဟူ​သောစကားမှာ ယင်းတလဲဘာသာစကားဖြင့် မှည့်​ခေါ်​သော တ​ဘော့လျာနှင့် တခဲလျာ ​ချောင်းနှစ်​ချောင်းအကြားတွင် တည်ရှိပြီး အဆိုပါ​ချောင်းနှစ်​ချောင်းကို​ပေါင်းပြီး တ​ဘော့တခဲဟု မှည့်​ခေါ်ထားသည်။ အချိန်ကြာ​သော် ​ဘောလခဲဖြစ်လာခဲ့သည်။​ဘောလခဲကို ​ဟော်နန်းစိုက်၍ စိုးစံ​သော ဖဘန့်မင်းလက်ထက်တွင် တိကျ​သော နယ်နိမိတ်မရှိ​သော်လည်း နယ်ချဲ့တို့လက်ထက်တွင် နယ်နိမိတ် သတ်မှတ်ခဲ့သည်။​ဘောလခဲ​စော်ဘွားလက်ထက်တွင် ​တောင်ပိုင်း​ဘောလခဲနှင့် ​မြောက်ပိုင်း​ဘောလခဲဟူ၍ ၂ပိုင်းရှိသည်။​တောင်ပိုင်း​ဘောလခဲတွင် ဖား​ဆောင်း၊​မော်ချီးနှင့် နန်းဖဲ၊ ​မြောက်ပိုင်း​ဘောလခဲတွင် နန်းဖယ်ခုံ၊ ​ဒေါ​ရောက်ခူ၊ ​ဆောင်းဒူးနှင့် မုဆိုးတို့ပါဝင်သည်။ ၁၉၆၀ပြည့်နှစ်တွင် ကယားပြည်နယ်ကို ​စောဖျာဒူးဟု​ခေါ်​သော ​စော်ဘွားအုပ်ချုပ်နယ်၃နယ်မှ မြို့နယ်၆ခုအထိ တိုးချဲ့ဖွဲ့စည်းရာ ​ဘောလခဲနယ်မှာ ​ပျောက်ကွယ်ခဲ့ရသည်။ ယခင် ​တောင်ပိုင်း​ဘောလခဲကို ဖား​ဆောင်းနယ်​မြေအတွင်းလည်း​ကောင်း၊ ​မြောက်ပိုင်း​ဘောလခဲကို ဒီး​မော့ဆိုမြို့နယ်အဖြစ်လည်း​ကောင်း ထည့်သွင်းဖွဲ့စည်းခဲ့သည်။၁၉၇၂ခုနှစ် ဇူလိုင်လ၈ရက်​နေ့တွင် ​ဘောလခဲမြို့ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။

ပထဝီဝင်အ​နေအထား

[ပြင်ဆင်ရန်]

တည်နေရာနှင့် အကျယ်အဝန်း

[ပြင်ဆင်ရန်]

ဘော်လခဲမြို့နယ်သည် မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၃၀ မိနစ်မှ ၁၉ ဒီဂရီ ၁၄ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၅၇ မိနစ်မှ ၉၇ ဒီဂရီ ၅ဝ မိနစ်အတွင်း တည်ရှိသည်။ ဘော်လခဲမြို့နယ်၏ အကျယ်အဝန်းမှာ ၃၅၂.၈၉ စတုရန်းမိုင် (၉၁၄.၀ စတုရန်း ကီလိုမီတာ) ဖြစ်သည်။[]

နယ်နိမိတ်

[ပြင်ဆင်ရန်]

ဘော်လခဲမြို့နယ်သည် မြောက်ဘက်တွင် လွိုင်ကော်မြို့နယ်ဒီမောဆိုးမြို့နယ်နှင့် ရှားတောမြို့နယ်၊ အရှေ့ဘက်တွင် ရှားတောမြို့နယ်နှင့် မယ်စဲ့မြို့နယ်၊ တောင်ဘက်တွင် မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့နယ်၊ အနောက်ဘက်တွင် ဖားဆောင်းမြို့နယ်၊ ဖရူးဆိုးမြို့နယ်တို့နှင့် နယ်နိမိတ် ဆက်စပ်နေသည်။

မြေမျက်နှာ သွင်ပြင်

[ပြင်ဆင်ရန်]

ဘော်လခဲမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၅၄၂ ပေတွင် တည်ရှိပြီး တောင်ကုန်းတောင်တန်းများ ဝန်းရံနေသော ချိုင့်ဝှမ်းဒေသ ဖြစ်သည်။[]

ရေဆင်း

[ပြင်ဆင်ရန်]

ဘော်လခဲမြို့နယ်တွင် မြစ်ချောင်းများနည်းပါးပြီး မြစ်ချောင်းများသည် မြောက် မှတောင်သို့ စီးဆင်းသည်။ ထင်ရှားသောချောင်းမှာ ပွန်ချောင်းဖြစ်ပြီး ဘော်လခဲမြို့အနီးမှဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းသည်။

ရာသီဥတု

[ပြင်ဆင်ရန်]

ဘော်လခဲမြို့နယ်သည် ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၃ ဒီဂရီစင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန်မှာ ၇ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ ပုံမှန်မိုးရေချိန်မှာ ၃၅ လက်မ ဖြစ်သည်။[]

လူဦးရေ

[ပြင်ဆင်ရန်]

​ဘောလခဲမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ကယားလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ဗမာ၊ကရင်၊ချင်းနှင့် ရခိုင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ ခရစ်ယာန်ဘာသာကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။

ဘောလခဲမြို့နယ်၏ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်း​ခေါင်စာရင်းအရ ၈,၄၈၀ ဦး ဖြစ်ပြီး[] ၂၀၁၈ ခုနှစ် မတ်လအထိ လူဦးရေမှာ ၇,၇၃၉ ဦး ဖြစ်ကာ ဘောလခဲမြို့ပေါ်တွင် ၂,၉၇၀ ဦး၊ ဘော်လခဲကျေးလက်ဒေသတွင် ၄,၇၆၉ ဦးနှင့် ရွာသစ်မြို့ပေါ်တွင် ၂၂၃၃ ဦးတို့ နေထိုင်ကြသည်။[]

စီးပွား​ရေး

[ပြင်ဆင်ရန်]

​ဘောလခဲမြို့နယ်သည် ကယားပြည်နယ်အတွင်းရှိ စီးပွား​ရေး ဖွံ့ဖြိုးမှု​နှေး​ကွေး​သော​မြို့နယ်ဖြစ်သည်။ မြို့နယ်​နေလူထုသည် ​တောင်ယာနှမ်းစိုက်ပျိုးခြင်းကို အဓိက လုပ်ကိုင်ကြသည်။ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၃ခုရှိသည်။

​ဈေးများ

[ပြင်ဆင်ရန်]
  • ​ဘောလခဲမြို့မ​ဈေး

ပို့​ဆောင်ဆက်သွယ်​ရေး

[ပြင်ဆင်ရန်]

ဘောလခဲမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေးအတွက် ရေကြောင်း၊ လေကြောင်းနှင့် မီးရထားလမ်းများ မရှိဘဲ ကားလမ်းတစ်မျိုးသာ ရှိသည်။

ပညာရေး

[ပြင်ဆင်ရန်]

အ​ခြေခံပညာ

[ပြင်ဆင်ရန်]

အထက်တန်းကျောင်း ၁ကျောင်းရှိသည်။

  • အထက ​ဘောလခဲ

အထက(ခွဲ)/အလက

[ပြင်ဆင်ရန်]
  • အလက (ထ(ခွဲ)) နန်းဖဲ
  • အလက (ထ(ခွဲ)) ချိကွဲ့

မူလတန်း​ကျောင်း ၁၇ကျောင်းရှိသည်။ []

ကျန်းမာရေး

[ပြင်ဆင်ရန်]

ဘော်လခဲမြို့နယ်တွင် ခုတင် ၅၀ ဆံ့ မြို့နယ်ဆေးရုံ ၁ ခု၊ ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံ ၁ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၂ ခု၊ နှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ ၁၅ ခု ရှိသည်။[]

​ဆေးရုံများ

[ပြင်ဆင်ရန်]
  • ​ဘောလခဲ​ဆေးရုံ
  • ရွာသစ် တိုက်နယ်​ဆေးရုံ

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ဘောလခဲမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ (PDF)။ ဘောလခဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန။ အောက်တိုဘာ ၂၀၁၇။ ၂ ဩဂုတ် ၂၀၁၈ တွင် ပြန်စစ်ပြီး
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ဘောလခဲမြို့နယ်၏ ဒေသန္တရအချက်အလက်များ။ ကယားပြည်နယ်အစိုးရအဖွဲ့။ ၂ ဩဂုတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
  3. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၀။