တောင်တွင်းကြီးမြို့နယ်
တောင်တွင်းကြီး မြို့နယ် | |
---|---|
မြို့နယ် | |
မကွေးခရိုင်အတွင်းတည်နေရာ | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မကွေး |
ခရိုင် | မကွေး |
မြို့ | တောင်တွင်းကြီးမြို့ |
ဧရိယာ | |
• စုစုပေါင်း | ၁၉၄ စတုရန်းမိုင် (၅၀၃ စတုရန်းကီလိုမီတာ) |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၂၅၉,၈၆၀ [၁] |
• သိပ်သည်းမှု | ၁၃၃၈/sq mi (၅၁၆.၆/km၂) |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
တောင်တွင်းကြီးမြို့နယ် သည် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တွင်းရှိ မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ တောင်တွင်းကြီးမြို့ဖြစ်သည်။ ဤဒေသတွင် ရှေးနှစ်ပေါင်းများစွာကတည်းက အခြေချနေထိုင်ခဲ့ကြပြီး၊ ရှေးပျူမြို့ဟောင်းတစ်ခုဖြစ်သည့် ဗိဿနိုးမြို့ဟောင်းမှာ တောင်တွင်းကြီးမြို့အနီးတွင် တည်ရှိသည်။ မြေမျက်နှာသွင်ပြင်မှာ ညီညာပြန့်ပြူးကာ ဆန်စပါး၊ ကြံနှင့် အခြားသီးနှံများ ဖြစ်ထွန်းသည်။
နယ်နမိတ်
[ပြင်ဆင်ရန်]တောင်တွင်းကြီးမြို့နယ်သည် အောက်ပါမြို့နယ်များနှင့် နယ်နမိတ်ထိစပ်လျက်ရှိသည်။
- မြောက်ဘက်တွင် မြို့သစ်မြို့နယ်၊
- တောင်ဘက်တွင် ဆင်ပေါင်ဝဲမြို့နယ်၊
- အရှေ့ဘက်တွင် လယ်ဝေးမြို့နယ် နှင့် တပ်ကုန်းမြို့နယ် (နေပြည်တော်)၊
- အနောက်ဘက်တွင် မကွေးမြို့နယ်။
စီးပွားရေး
[ပြင်ဆင်ရန်]တောင်တွင်းကြီးမြို့နယ်၏ အဓိကစီးပွားရေးမှာ စိုက်ပျိုးရေးဖြစ်သည်။ ဆန်စပါး၊ ပဲအမျိုးမျိုးနှင့် ကြံတို့ စိုက်ပျိုးထွက်ရှိသည်။
သယ်ယူပို့ဆောင်ရေး
[ပြင်ဆင်ရန်]တောင်တွင်းကြီးမြို့သည် အနောက်ဘက်ရှိ မကွေးမြို့(၆၈ ကီလိုမီတာ/၄၂ မိုင် အကွာ)၊ တောင်ဘက်ရှိ ပြည်မြို့ (၁၆၂ ကီလိုမီတာ/၁၀၁ မိုင်) နှင့် အရှေ့ဘက်ရှိ နေပြည်တော် (၆၈ ကီလိုမီတာ/၄၂ မိုင်) မြို့များသို့ ရထားလမ်းနှင့် ကားလမ်းများဖြင့် ဆက်သွယ်ထားသည်။ မန္တလေးမြို့သို့ ၂၂၇ ကီလိုမီတာနှင့် ရန်ကုန်မြို့သို့ ၃၆၅ ကီလိုမီတာ ကွာဝေးသည်။ အနီးဆုံးလေဆိပ်မှာ မကွေးမြို့ရှိ မကွေးလေဆိပ်ဖြစ်သည်။
ရာသီဥတု
[ပြင်ဆင်ရန်]အပူဆုံးအချိန်မှာ ဧပြီလဖြစ်ကာ မွန်းတည့်ပျမ်းမျှအပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ အအေးဆုံးအချိန်မှာ ဇန်နဝါရီလဖြစ်ပြီး ညဖက်ပျမ်းမျှအပူချိန် ၁၄ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ ဩဂုတ်လတွင် မိုးရွာသွန်းသည်။ မတ်လသည် ခြောက်သွေ့ကာလဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ၊ အတွဲ(၂)၊ ပြည်သူ့အင်အားဦးစီးဌာန၊ May 2015၊ p. ၅၆
ဤ မကွေးတိုင်းဒေသကြီး ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |