ကွတ်ခိုင်မြို့နယ်

ဝီကီပီးဒီးယား မှ
ကွတ်ခိုင်မြို့နယ်
မြို့နယ်
ကွတ်ခိုင်မြို့နယ်ရှိ လွိုင်ဆမ်ဆစ်တောင်
ကွတ်ခိုင်မြို့နယ်ရှိ လွိုင်ဆမ်ဆစ်တောင်
ကွတ်ခိုင်မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကွတ်ခိုင်မြို့နယ်
ကွတ်ခိုင်မြို့နယ်
ကိုဩဒိနိတ်: 23°27′0″N 97°55′0″E / 23.45000°N 97.91667°E / 23.45000; 97.91667
နိုင်ငံ မြန်မာ
ပြည်နယ် ရှမ်း
ခရိုင်ကွတ်ခိုင်ခရိုင်
ပင်လယ်ရေ မျက်နှာပြင်အမြင့်[၁]၄၆၀၀ ပေ (၁၄၀၀ မီတာ)
လူဦးရေ (၂၀၁၄)[၂]၁၀၁,၃၃၄
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ကွတ်ခိုင်မြို့နယ် သည် မြန်မာနိုင်ငံအရှေ့ပိုင်း၊ ရှမ်းပြည်နယ်ကွတ်ခိုင်ခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ ကွတ်ခိုင်မြို့နှင့် တာမိုးညဲမြို့တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ကွတ်ခိုင်မြို့ ဖြစ်သည်။[၃]

ပထဝီဝင်[ပြင်ဆင်ရန်]

အရှေ့ဘက်တွင် လောက်ကိုင်ခရိုင်လောက်ကိုင်မြို့နယ်နှင့် နယ်နမိတ် ထိစပ်လျက်ရှိသည်။[၄] မြောက်ဘက်တွင် မူဆယ်မြို့နယ်၊ အရှေ့ဘက်တွင် ကွမ်းလုံမြို့နယ်နှင့် သံလွင်မြစ်၊ တောင်ဘက်တွင် သိန္နီမြို့နယ်၊ အနောက်ဘက်တွင် နမ့်ခမ်းမြို့နယ်နှင့် နမ္မတူမြို့နယ်တို့ဖြင့် နယ်နမိတ် ဆက်စပ်လျက်ရှိသည်။ ကွတ်ခိုင်မြို့နယ်ကို ၁၉၇၂ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့တွင် ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၇၅ ခုနှင့် ကျေးရွာ ၆၄၀ တို့ဖြင့် ဖွဲ့စည်းခဲ့သည်။ အကျယ်အဝန်းမှာ ၇.၀၆ စတုရန်းမိုင် ဖြစ်သည်။

ရာသီဥတု[ပြင်ဆင်ရန်]

မေလမှ အောက်တိုဘာလအထိ မိုးရွာသွန်းလေ့ရှိပြီး တစ်နှစ် ပျမ်းမျှမိုးရေချိန်မှာ ၇၀ လက်မ ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၄၀၀ ကျော်တွင် တည်ရှိပြီး အပူချိန်မှာ ၃၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လေ့မရှိပေ။

ဖွံ့ဖြိုးမှု[ပြင်ဆင်ရန်]

ကွတ်ခိုင်မြို့နယ်တွင် အထက်တန်းကျောင်း ၄ ကျောင်း၊ အထကခွဲ ၁ ကျောင်း၊ အလယ်တန်းကျောင်း ၅ ကျောင်း၊ အလကခွဲ ၃ ကျောင်း၊ မူလတန်းလွန်ကျောင်း ၂၀ နှင့် မူလတန်းကျောင်း ၁၀၂ ကျောင်း ရှိသည်။

၂၅ ကုတင်ဆန့်ဆေးရုံ ၂ ခု၊ ၁၆ ကုတင်ဆန့် ဆေးရုံ ၃ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၇ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၃၅ ခုနှင့် တိုက်နယ်ကျန်းမာရေးဌာန ၂ ခု ရှိသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. GoogleEarth
  2. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၄။
  3. Map of Kutkai Township[လင့်ခ်သေ]
  4. M-G။ 2 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 February 2017 တွင် ပြန်စစ်ပြီး။