မတူပီမြို့နယ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မတူပီမြို့နယ်
ချင်းပြည်နယ်အတွင်းရှိ မြို့နယ်
မတူပီမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မတူပီမြို့နယ်
မတူပီမြို့နယ်
ကိုဩဒိနိတ်: 21°36′17″N 93°26′27″E / 21.604751°N 93.440863°E / 21.604751; 93.440863
နိုင်ငံ  မြန်မာ
ပြည်နယ် Flag of Chin State.svg ချင်း
ခရိုင် မတူပီ
အုပ်ချုပ်ရေးရုံးစိုက်ရာမြို့ မတူပီမြို့
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း ၃၉,၀၈၆[၁]
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+6:30)

မတူပီမြို့နယ် သည် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီခရိုင်တွင် တည်ရှိပြီး၊ ချင်းပြည်နယ်၏ ဒုတိယ မြို့တော်အဖြစ် လွန်ခဲ့သော နှစ်အနည်းငယ်က သတ်မှတ်ခြင်း ခံခဲ့ရသည်။ မတူပီမြို့နယ်တွင် မတူပီမြို့နှင့် ရေဇွာမြို့တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ မတူပီမြို့ ဖြစ်သည်။ မတူပီတွင်းရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၃၉,၀၈၆ ယောက်[၁] ဖြစ်သည်။

သမိုင်း​ကြောင်း[ပြင်ဆင်ရန်]

လွတ်လပ်​ရေးရအပြီး ပါလီမန်​ရွေး​ကောက်ပွဲတွင် အနိုင်ရ​သော အနိုင်ရပါတီမှ အမတ် သီရိပျံချီ ဦးဆန်နိမ်းသည် မတူပီအား မြို့နယ်ရရှိ​အောင်ကြိုးပမ်းရာမှ ၂၂.၃.၁၉၄၉​နေ့တွင် မတူပီမြို့နယ်ဖြစ်လာခဲ့ပြီး နယ်ပိုင်ရုံးစိုက်ခဲ့သည်။၂၅.၅.၁၉၇၃တွင် ပြည်ထဲ​ရေးနှင့်သာသနာ​ရေးဝန်ကြီးဌာနမှ မတူပီမြို့ကိုလည်း​ကောင်း၊၁၇.၉.၁၉၇၃တွင် ရပ်ကွက်၊​ကျေးရွာအုပ်စုများဖြင့်လည်း​ကောင်း ဖွဲ့စည်းခဲ့သည်။[၂]မတူပီမြို့နယ်သည် မင်းတပ်ခရိုင်​လေးမြို့နယ်တွင် ပါဝင်ခဲ့ရာမှ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ပလက်ဝမြို့နယ်အား ခရိုင်အဆင့်တိုးမြှင့်ရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည်။ ထိုအကြောင်းကို ပြည်ထောင်စုလွှတ်တော်မှ ပြည်နယ်အစိုးရအား သဘောထားတောင်းခံသည်။ သို့သော် ပြည်နယ်လွှတ်တော်တွင် ပလက်ဝကို ခရိုင်အဆင့်မြှင့်ရန် သင့်မသင့် မဆွေးနွေးဘဲ မတူပီနှင့် ပလက်ဝမြို့နယ်များအနက် မည်သည့်မြို့နယ်ကို ခရိုင်အဆင့်မြှင့်ရန် မဲခွဲဆုံးဖြတ်ရာ မတူပီမှ ၁၁ မဲ၊ ပလက်ဝမှ ၉ မဲရရှိခဲ့သည်။ နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၇ ခုနှစ် ဇွန်လတွင် မင်းတပ်ခရိုင်ကို မူလ ၄ မြို့နယ်မှ မင်းတပ်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ ပါဝင်သော မင်းတပ်ခရိုင်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ပါဝင်သော မတူပီခရိုင်အဖြစ် ခရိုင်(၂)ခုပြောင်းလဲဖွဲ့စည်းခြင်းကို မှတ်တမ်းတင်ရန် ပြည်ထောင်စုလွှတ်တော်ထံသို့ အကြောင်းကြားခဲ့သည်။ထို့​ကြောင့် မတူပီမြို့နယ်မှာ မင်းတပ်ခရိုင်မှ မတူပီခရိုင်အတွင်း ပါဝင်လာခဲ့သည်။[၃][၄][၅]

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၅ မိနစ်နှင့် ၂၂ ဒီဂရီ ၁၅ မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၄မိနစ်နှင့် ၉၅ ဒီဂရီ ၁၅ မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင် ၄၇၊ တောင်မှမြောက်သို့ ၆၈ မိုင်ရှိပြီး ၂၃၁၆.၈၁ စတုရန်းမိုင် ကျယ်ဝန်းသည်။[၆]

နယ်နိမိတ်[ပြင်ဆင်ရန်]

မတူပီမြို့နယ်၏ အရှေ့ဘက်တွင် မ​ကွေးတိုင်းရှိ ဂန့်​ဂေါမြို့နယ်နှင့် ထီးလင်းမြို့နယ်၊ အ​ရှေ့တောင်ဘက်တွင် မင်းတပ်မြို့နယ်၊ အနောက်ဘက်တွင် ပလက်ဝမြို့နယ်၊အ​နောက်​မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ်၊ မြောက်ဘက်တွင် ထန်တလန်မြို့နယ်များ တည်ရှိသည်။

လူဦးရေ[ပြင်ဆင်ရန်]

မတူပီမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ဗမာနှင့် ရခိုင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မတူပီမြို့နယ် အတွင်း၌ နေထိုင်ကြသော ဌာ​နေလူမျိုးစုများမှာ

  1. ဒိုင်လူမျိုး
  2. မတူလူမျိုး
  3. ဒိုးမ်လူမျိုး
  4. စင်တလန်လူမျိုး
  5. ကောင်လောင်လူမျိုး
  6. တွီဖုန်းလူမျိုး စသည်တို့ ဖြစ်သည်။[ကိုးကားချက်လိုသည်]

ပညာ​ရေး[ပြင်ဆင်ရန်]

အခြေခံပညာ[ပြင်ဆင်ရန်]

အထက[ပြင်ဆင်ရန်]

အထက်တန်းကျောင်း ၈ကျောင်းရှိသည်။

  • အထက ၁
  • အထက ၂
  • အထက ​ရေဇာ
  • အထက လိုင်လင်းပီ
  • အထက လုံငိုး
  • အထက ဆ​ဘောင်းတယ်
  • အထက စာလ်​ထောင်
  • အထက မားဒူ

အထက(ခွဲ)/အလက[ပြင်ဆင်ရန်]

  • အလက (ထ(ခွဲ)) ဖနိုင်
  • အလက (ထ(ခွဲ)) ဆ​ဘောင်းပီ
  • အလက (ထ(ခွဲ)) ​လေဆင်း
  • အလက (ထ(ခွဲ)) ​ရှာတလိုင်း
  • အလက (ထ(ခွဲ)) ​တိန်ဆီး
  • အလက (ထ(ခွဲ)) ​တန်ကူ
  • အလက (ထ(ခွဲ)) ​စခိုင်း
  • အလက ငလိုင်
  • အလက စန်တပ်
  • အလက ဒါရ်လင်း
  • အလက ရန်စီ
  • အလက ရုန်း
  • အလက လာလွီး
  • အလက ​လေကန်း
  • အလက အိုက္ကား
  • အလက တီးဆီး
  • အလက ဆတူး
  • အလက ဆုံဆင်း(ခ)

​*အလက တောင်ဘူ

  • အလက အာရူ
  • အလက ဟရင်ပီ(က)
  • အလက ဟရင်ပီ(ခ)
  • အလက လိုင်လင်းတဲ(ခ)
  • အလက ပါဆင်း(က)
  • အလက ပန်တွီး
  • အလက ​ထောင်လန်

အမက[ပြင်ဆင်ရန်]

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၃၇ကျောင်းရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ (မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၅၂။ 
  2. မတူပီမြို့နယ်၏ ​ဒေသဆိုင်ရာအချက်အလက်များအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန
  3. မတူပီမြို့နှင့် ရှစ်မိုင်ခန့်အကွာတွင် ခရိုင်ရုံး တည်ဆောက်ရန် လျာထားမှုကို သဘောမတူဘဲ မြို့၏ စည်ပင်သာယာ နယ်နိမိတ်အတွင်း၌သာ ဆောက်လုပ်ရန် လိုလားကြောင်း ဒေသခံများက ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်း။ အီလဲဗင်း သတင်းစာ။
  4. ပလက်ဝမြို့နယ်အား မတူပီခရိုင်အတွင်း ထည့်သွင်းမဖွဲ့စည်းရန် ချင်းပါတီတောင်းဆို။ ဒီဗွီဘီ]။
  5. မတူပီခရိုင်ဖွဲ့စည်းရေး မြေနေရာအခက်အခဲကြောင့်ကြန့်ကြာ
  6. မတူပီမြို့နယ်ချင်းပြည်နယ် အစိုးရအဖွဲ့