ပြည်မြို့နယ်

ဝီကီပီးဒီးယား မှ
ပြည်မြို့နယ်
မြို့နယ်
ပြည်ခရိုင်အတွင်း တည်နေရာ
ပြည်ခရိုင်အတွင်း တည်နေရာ
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ပဲခူး
ခရိုင်ပြည်
မြို့နယ်ရုံးစိုက်ရာမြို့ပြည်မြို့
လူဦးရေ (၂၀၁၄)[၁]၂၅၁,၆၄၃
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ပြည်မြို့နယ် သည် မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီးပြည်ခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[၂] မြို့နယ်ရုံးစိုက်ရာမြို့မှာ ပြည်မြို့ ဖြစ်သည်။

မှော်ဇာ[ပြင်ဆင်ရန်]

မှော်ဇာသည် ပြည်မြို့နယ်အတွင်း တည်ရှိပြီး ရန်ကုန်-ပြည်မီးရထားလမ်း ဖြတ်သန်းသွားရာ ဘူတာမြို့ကလေး ဖြစ်သည်။ ပြည်မြို့၌ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာတွင် ရှိပြီး ရှေးခေတ် ပျူယဉ်ကျေးမှု ထွန်းကားရာ ပျူမြို့ဟောင်း တမြို့လည်း ဖြစ်သည်။ ရန်ကုန်-ပြည်မီးရထားလမ်း ဖောက်လုပ်စဉ် သရေခေတ္တရာ မြို့ဟောင်းမှာ မလွတ်ကင်းသဖြင့် ရွှေတံခါး(ခ) မြို့ပေါက်အနီးနှင့် မထောရာ နတ်စင်ကုန်း ယခု တံတား အမှတ် ၄၆ နေရာများကို မြို့ရိုး ဖြိုချကာ ဖောက်လုပ်ခဲ့ရသည် ဆိုသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၅။
  2. "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)
  3. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၉၃။