မာတိကာသို့ ခုန်သွားရန်

တွံတေးမြို့နယ်

ဝီကီပီးဒီးယား မှ
တွံတေးမြို့နယ်
မြို့နယ်
Skyline of တွံတေးမြို့နယ်
တွံတေးမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
တွံတေးမြို့နယ်
တွံတေးမြို့နယ်
တွံတေးမြို့ တည်နေရာ
ကိုဩဒိနိတ်: 16°44′0″N 95°58′0″E / 16.73333°N 95.96667°E / 16.73333; 95.96667ကိုဩဒိနိတ်: 16°44′0″N 95°58′0″E / 16.73333°N 95.96667°E / 16.73333; 95.96667
နိုင်ငံ မြန်မာ
တိုင်း​ဒေသကြီး ရန်ကုန်
ခရိုင်တွံတေး
မြို့နယ်ရုံးစိုက်ရာမြို့တွံတေးမြို့
လူဦးရေ (၂၀၁၄)[၁]၂၂၆,၈၃၆
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC6:30)

တွံတေးမြို့နယ် သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ ရန်ကုန်မြို့၏ အနောက်ဘက်တွင် တည်ရှိပြီး လှိုင်မြစ်ဖြင့် ခြားနားထားသည်။ အုပ်ချုပ်ရေးရုံးစိုက်ရာမြို့မှာ တွံတေးမြို့ဖြစ်သည်။ သင်္ကြန်ကာလတွင် ဘုရားပွဲကျင်းပသော ရွှေဆံတော်ဘုရား တည်ရှိရာမြို့နယ် ဖြစ်သည်။[၂] မြန်မာနိုင်ငံရှိ လူလုပ်တူးမြောင်းများထဲတွင် အရှည်ဆုံးဖြစ်သည့် တွံတေးတူးမြောင်းသည် တွံတေးမြို့နယ်တွင် တည်ရှိပြီး ရန်ကုန်မြစ်နှင့် ဧရာဝတီမြစ်တို့ကို ဆက်သွယ်ပေးထားကာ အရှည် ၃၅ ကီလိုမီတာ ရှိသည်။[၃] တွံတေးတူးမြောင်းကို ဖြတ်ကျော်ထားသော တံတားတစ်စင်းရှိကာ တွံတေးတံတားဟု ခေါ်ဆိုသည်။[၄]

တွံတေးရွှေဆံတော်စေတီ မြင်ကွင်းကျယ်

လူနေထိုင်မှု

[ပြင်ဆင်ရန်]

တွံတေးမြို့နယ်တွင် ကျေးရွာပေါင်း ၂၂၀၊ ကျေးရွာအုပ်စု ၆၅ ခုနှင့် ဈေးသစ်၊ကွမ်းခြံ၊အုန်းပင်စု၊ကျွန်းတော၊ရွှေဆံတော်၊မင်းပိုင်း၊အိုးဖိုအရှေ့၊အိုးဖိုအနောက် ဟူ၍ မြို့ပေါ်ရပ်ကွက် ၈ ခု ရှိသည်။[၅] တွံတေးမြို့နယ်ရှိ လူဦးရေမှာ ၂၀၁၄ သန်းခေါင်စာရင်းအရ ရာဇာဟိန်း‌ဇော်အပါဝင် ၂၂၆,၈၃၆ ဖြစ်သည်။[၁]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၁။
  2. ↑ Nyein Ei Ei Htwe။ "Twante rocks to Shan drum beat"၊ Myanmar Times၊ 2010။ 5 March 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 21 June 2011။
  3. ↑ Twante Canal to open 24 hours။
  4. ↑ Twante Bridge Photo။ 28 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 May 2016 တွင် ပြန်စစ်ပြီး။
  5. ↑ "Profile Twantay Township"[လင့်ခ်သေ] Myanmar Information Management Unit (MIMU), April 2009

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]