ဆိပ်ဖြူမြို့နယ်
| ဆိပ်ဖြူမြို့နယ် | |
|---|---|
| မြို့နယ် | |
ပခုက္ကူခရိုင်အတွင်းတည်နေရာ | |
| ပခုက္ကူခရိုင်အတွင်းတည်နေရာ | |
| ကိုဩဒိနိတ်: 21°4′N 94°31′E / 21.067°N 94.517°Eကိုဩဒိနိတ်: 21°4′N 94°31′E / 21.067°N 94.517°E | |
| နိုင်ငံ | |
| တိုင်းဒေသကြီး | |
| ခရိုင် | ပခုက္ကူခရိုင် |
| မြို့နယ်ရုံးစိုက်ရာမြို့ | ဆိပ်ဖြူမြို့ |
| ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၉၀ မီတာ (၃၀၀ ပေ) |
| လူဦးရေ (၂၀၁၄) | ၁၀၂,၇၆၉[၁] |
| အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ဆိပ်ဖြူမြို့နယ် သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ဆိပ်ဖြူမြို့ဖြစ်သည်။ ဆိပ်ဖြူမြို့တွင် သင်္ဘောဆိပ် နှင့် မီးရထားဘူတာရုံများ တည်ရှိသည်။
၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဂီရိ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပျက်စီးမှုများဖြစ်ခဲ့ရာ ဒေသလည်း ဖြစ်သည်။[၂][၃][၄]
တည်နေရာ၊ အကျယ်အဝန်း
[ပြင်ဆင်ရန်]၅၈၈.၁၈ စတုရန်းမိုင် ကျယ်ဝန်းသော ဆိပ်ဖြူမြို့နယ်သည် မြောက်လတ္တီကျူ့ ၂၀° ၅၁' နှင့် ၂၁° ၁၅' အကြား၊ အရှေ့လောင်ဂျီကျူ့ ၉၄° ၀၉' နှင့် ၉၄° ၄၈' အကြားတွင် တည်ရှိသည်။ ယောချောင်းသည် မြို့နယ်၏ အရှေ့ဘက်တွင် တည်ရှိသည်။ မြို့နယ်၏ အရှေ့တောင်ဘက်နယ်နမိတ်သည် ဧရာဝတီမြစ်နှင့် ထိစပ်လျက်ရှိသည်။ ပုသိမ်မုံရွာလမ်းမကြီးသည် မြို့နယ်၏ အနောက်ဘက်ခြမ်းတွင် တောင်မြောက် ဖြတ်သန်း ဖောက်လုပ်ထားသည်။ [၅]
ထိစပ်လျက်ရှိသော နယ်နမိတ်များ
[ပြင်ဆင်ရန်]ဆိပ်ဖြူမြို့နယ်သည် အောက်ပါမြို့နယ်များနှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။[၆]
- မြောက်ဘက်တွင် ပေါက်မြို့နယ်၊
- အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်တွင် ပခုက္ကူမြို့နယ်၊
- အရှေ့တောင်ဘက်တွင် ချောက်မြို့နယ်
- တောင်ဘက်တွင် စလင်းမြို့နယ်၊
- အနောက်ဘက်တွင် ဆောမြို့နယ်။
- ယောချောင်းသည် မြို့နယ်၏ အရှေ့ဘက်တွင် တည်ရှိသည်။[၅]
- မြို့နယ်၏ အရှေ့တောင်ဘက်နယ်နမိတ်သည် ဧရာဝတီမြစ်နှင့် ထိစပ်လျက်ရှိသည်။
မြေမျက်နှာသွင်ပြင်
[ပြင်ဆင်ရန်]ဆိပ်ဖြူမြို့နယ်၏ ပျမ်းမျှ ပင်လယ်မျက်နှာပြင်အထက် အမြင့်မှာ ၂၁၅.၃ ပေ ဖြစ် သည်။ တောင်ကုန်း တောင်တန်း များပြားပြီး မြေပြန့်ဒေသ နည်းပါးသည်။ မြို့နယ် အနောက်ဘက်ရှိ တောင်ကုန်း တောင်တန်းများသည် ပုံတောင် ပုညာ တောင်တန်းများနှင့် ဆက်စပ်လျက် ရှိပြီး အမြင့်ဆုံး နေရာမှာ ၂၂၈၄ ပေ ရှိသည်။ [၇]
ရေဆင်း
[ပြင်ဆင်ရန်]ချင်းတောင်တန်း နှင့် ပုံတောင်ပုံညာ တောင်တန်းများ တွင် မြစ်ဖျားခံသော ယောချောင်း နှင့် ချောင်းငယ်များ အပြင် ဧရာဝတီမြစ်များမှ စိုက်ပျိုးရေ ရရှိသည်။
ယျေဘုယျအားဖြင့် မြောက် မှ တောင် စီးဆင်းသော ဧရာဝတီမြစ်သည် ဆိပ်ဖြူမြို့နယ်၏ တောင်ဘက် ချောက်မြို့နယ် နှင့် ဆိပ်ဖြူ မြို့နယ် နှစ်ခုအကြား နယ်နိမိတ်အဖြစ် စီးဆင်းချိန်တွင်မူ အရှေ့မြောက် မှ အနောက်တောင် သို့ စီးဆင်းသည်။
ယောချောင်းသည် ပခုက္ကူမြို့နယ် နှင့် ဆိပ်ဖြူမြို့နယ်၏ နယ်နိမိတ်အဖြစ် မြောက်မှ တောင်သို့ စီးဆင်းပြီး မြို့နယ်၏ အရှေ့တောင်ထောင့်နေရာ ဆိပ်ဖြူမြို့ ယောဝရပ်ကွက် အနီးတွင် ဧရာဝတီမြစ်ထဲသို့ စီးဝင်ပေါင်းဆုံသည်။ ယောချောင်း၏ အဓိက ချောင်းလက်တက်တစ်ခုဖြစ်သော ချစ်ချောင်းသည် မြို့နယ် အနောက်မြောက်ပိုင်း တောင်တန်း တောင်ကုန်းများတွင် မြစ်ဖျားခံကာ တောင်ဘက်သို့ စီးဆင်းလာပြီး ရွာသာကုန်းရွာ အနီးတွင် အရှေ့တောင်ဘက်သို့ ကွေ့၍ စီးဆင်းကာ မိဖုရားချိုင့်ရွာ တောင်ဖက်အရောက်တွင် အရှေ့ဖက်သို့ဆက်လက်စီးဆင်း၍ ဆင်နီတောင် နှင့် ဒေါသာရွာနှစ်ရွာ အကြားတွင် ယောချောင်းအတွင်းသို့ စီးဝင်သည်။
စလင်းမြို့နယ်အတွင်း စီးဆင်း သော မြေနုချောင်းသည် မြေနုရွာ အနီးတွင် နှစ်မြို့နယ် နယ်နိမိတ်အဖြစ် ဆက်လက်စီးဆင်းပြီး ဆိပ်ဖြူမြိုန့ယ် ဆူးလေကုန်းရွာ အနီးတွင် ဧရာဝတီမြစ်တွင်းသို့ စီးဝင်သည်။ စလင်းချောင်း၏ ချောင်းလက်တက် မွဲချောင်းသည် ဆိပ်ဖြူမြို့နယ် အနောက်ဖက်ပိုင်းတွင် မြောက် မှ တောင် သို့ ကန်ဇွန်းမ၊ ကော်တုံရွာများအနီးမှ ဖြတ်သန်း စီးဆင်းပြီး ငှက်ပြာဝရွာ၊ တောနလင်ရွာများ အနီးတွင် စလင်းမြို့နယ် အတွင်းသို့ ဆက်လက်စီးဆင်းသည်။
ဆိပ်ဖြူမြို့နယ် အနောက်ဖက်ဒေသ ပိုင်းရွာ၏ တောင်ဖက် တောတောင်များတွင် အစပြုသော မြေနီချောင်းသည် အခြားချောင်းများနှင့် ဆန့်ကျင်လျက် တောင်မှ မြောက်သို့ ပိုင်း၊ ဝန်ကြီး၊ ရှားလှ ရွာများကို ဖြတ်သန်းစီးဆင်းပြီး ပေါက်မြို့နယ်အတွင်း ဆက်လက်စီးဆင်းကာ ယောချောင်းအတွင်းသို့ စီးဝင် သည် ။ [၇]
ရာသီဥတု
[ပြင်ဆင်ရန်]ဆိပ်ဖြူမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားရပ်ဝန်း တွင် ပါဝင်သော်လည်း ချင်းတောင်တန်း နှင့် ပုံတောင်ပုံညာ တောင်တန်းများ တွင် မြစ်ဖျားခံသော ချောင်းများ နှင့် ဧရာဝတီမြစ်များစီးဆင်းနေသည်။ အမြင့်ဆုံးအပူချိန် (၄၆) ဒီဂရီ စင်တီဂရိတ် နှင့် အနိမ့်ဆုံးအပူချိန် (၁၃) ဒီဂရီ စင်တီဂရိတ် ထိ ရှိသည်။ [၇]
| နှစ် | နွေရာသီ အမြင့်ဆုံး အပူချိန် | ဆောင်းရာသီ အနိမ့်ဆုံး အပူချိန် | မှချက် |
|---|---|---|---|
| ၂၀၁၆ | ၄၅ | ၁၇ | |
| ၂၀၁၇ | ၄၄ | ၁၆ | |
| ၂၀၁၈ | ၃၉ | ၁၃ | |
| ၂၀၁၉ | ၄၆ | ||
| ၂၀၂၀ | |||
| ၂၀၂၁ | |||
| ၂၀၂၂ | |||
| ၂၀၂၃ | |||
| ၂၀၂၄ | |||
| ၂၀၂၅ |
မိုးရေချိန်
[ပြင်ဆင်ရန်]မိုးခေါင်ရေရှားရပ်ဝန်း တွင် တည်ရှိသည့် အား လျော်စွာ နှစ်စဉ် မိုးရေချိန်မှာ ၂၇ လက်မ မှ ၃၆ လက်မ အထိသာ ရွာသွန်းသည်။
| နှစ် | မိုးရွာရက် | စုစုပေါင်း မိုးရေချိန် (လက်မ) | မှတ်ချက် |
|---|---|---|---|
| ၂၀၁၆ | ၅၂ | ၃၅.၈၉ | |
| ၂၀၁၇ | ၄၉ | ၂၇.၇၂ | |
| ၂၀၁၈ | ၄၈ | ၂၆.၉၄ | |
| ၂၀၁၉ | |||
| ၂၀၂၀ | |||
| ၂၀၂၁ | |||
| ၂၀၂၂ | |||
| ၂၀၂၃ | |||
| ၂၀၂၄ | |||
| ၂၀၂၅ |
သဘာဝပေါက်ပင်
[ပြင်ဆင်ရန်]ဆိပ်ဖြူမြို့နယ် အတွင်း သန်း၊ ဒဟတ်၊ နဘဲ၊ ရှာထောက်ကြံ့၊ အင်ကြင်း၊ ဖန်ခါး၊ ထန်း၊ ကုက္ကိုလ်၊ မန်ကျည်း၊ တမာ၊ ထနောင်း ပင်များ ပေါက်ရောက်သည်ကို တွေ့ရသည်။
တောရိုင်းတိရစ္ဆာန်
[ပြင်ဆင်ရန်]ဆိပ်ဖြူမြို့နယ် အတွင်း တွေ့ရသော တောရိုင်းတိရစ္ဆာန်များမှာ သမင်၊ ဂျီ (ချေ)၊ ယုန်၊ မျောက်၊ ခွေးအ၊ သိန်းငှက်၊ ဖွတ်၊ တောဝက်၊ ပုတက်၊ တောကြောင်၊ မြွေအမျိုးမျိုး စသည်တို့ ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်
[ပြင်ဆင်ရန်]ဆိပ်ဖြူမြို့နယ် သဘာဝပတ်ဝန်းကျင်တောတောင်များသည် နှစ်စဉ် ဖေဖော်ဝါရီလ မှ ဇွန်လ အထိ အရွက်ကြွေကာ ခြောက်သွေ့တောများဖြစ်ကြသည်။
ဧရာဝတီမြစ် နှင့် ယောချောင်း၊ ချစ်ချောင်းများသည် မိုးကာလတွင် ရေကြီးရေလျှံ လေ့ရှိ၍ နွေရာသီတွင် ရေနည်းပါးပြီး သဲသောင်များ ပေါ်ထွန်းပါသည်။ ကျန် ချောင်းများသည် မိုးရွာသွန်းချိန်တွင်သာ ရေစီးဆင်းပြီး ကျန်အချိန်များတွင် ရေမရှိသော သဲချောင်းများဖြစ်ကြသည်။[၇]
မြို့နယ် မျက်နှာပြင်၏ ၄၂.၆၄ % ဖြစ်သော ၁၆၀၅၁၂.၇၄ ဧက ကို သဘာဝ အပူပိုင်းသစ်တောများဖြင့် ဖုံးလွှမ်းထားသည်။ သဘာဝသစ်တောများ၏ ၂၆.၇၁ % ဖြစ်သော သစ်တောကြိုးဝိုင်းဧရိယာ ၄၂၈၇၀.၈၉ ဧက ကို သစ်တောကြိုးဝိုင်း - ၃ - ခုဖွဲ့၍လည်းကောင်း၊ သဘာဝသစ်တောများ၏ ၁၅.၀၃ % ဖြစ်သော ၂၄၁၂၆.၆၈ ဧက ကို ကြိုးပြင်သစ်တောအဖြစ်သတ်မှတ်၍လည်းကောင်း မြို့နယ်သစ်တောဦးစီးဌာနက ထိန်းသိမ်းလျက်ရှိပြီး ကျန်သဘာဝတောများကို ထိန်းသိမ်းနိုင်ခြင်း မရှိသလောက်ပင်ဖြစ်ပါသည်။ နိုင်ငံပိုင် စီးပွားရေးစိုက်ခင်း ဧက (၁၀၀)၊ ပုဂ္ဂလိကသစ်တောစိုက်ခင်း ဧက (၉၀)၊ ကျေးရွာပိုင် ထင်းစိုက်ခင်း ဧက (၅၀) စိုက်ပျိုးထားသည်။ [၇]
သဘာဝဘေး၊ ကပ်ဘေး၊ လူလုပ်ဘေးအန္တရာယ်များ
[ပြင်ဆင်ရန်]ဆိပ်ဖြူမြို့နယ်တွင် မြစ်ချောင်းများရေကြီးရေလျှံခြင်း၊ လေပြင်း မုန်တိုင်းတိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခတ်ခြင်း၊ မီး လောင် ခြင်း၊ စစ်မတ်ဖြစ်ပွားခြင်း၊ ကပ်ရောဂါဖြစ်ပွားခြင်းများ ရှိခဲ့သည်။
ဧရာဝတီမြစ်သည် နှစ်စဉ် မိုးရာသီ၍ ရေကြီးရေလျှံ ဖြစ်လေ့ရှိသည်။ ဧရာဝတီမြစ်အတွင်း ကျွန်းများတွင် တည်ရှိသော ရွာများမှာလည်း နှစ်စဉ် ရေ ဘေး သင့်လေ့ရှိပါသည်။ ဧရာဝတီမြစ် ဆိပ်ဖြူမြို့ စိုးရိမ်ရေမှတ်မှာ ၁၄၅၀ စင်တီမီတာဖြစ်သည်။ ဧရာဝတီမြစ်နည်းတူ ယောချောင်းသည်လည်း ရေကြီးရေလျှံ ဖြစ်တတ်ပြီး ချောင်းဘေး ရွာများ ရေဘေးသင့်လေ့ရှိသည်။
ဆိပ်ဖြူမြို့နယ်သည် အနောက်ရိုးမ နှင့် ကပ်လျက်တည်ရှိသည်ဖြစ်ရာ ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းများ ကုန်းတွင်းဝင်၍ အနောက်ရိုးမကိုကျော်လာသည်နှင့် မုန်တိုင်းဒဏ်ကို ခံရမြဲဖြစ်သည်။ ၂၀၁၀ ခုနှစ် ဂီရိ ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရသည်။
ဆိပ်ဖြူမြို့နယ်သည် ငလျင်ကျော ပေါ် တွင်တည်ရှိသဖြင့် ငလျင်လည်း အကြိမ်ကြိမ်သင့်ခဲ့ဖူးသည်။ ၁၉၇၅ ပုဂံငလျင်၏ ဗဟိုချက်သည် ဆိပ်ဖြူမြို့နယ် မြောက်ဘက်အိမ်နီးချင်း ပေါက်မြို့နယ်အတွင်းတွင်လည်းကောင်း၊ ၂၀၁၆ ချောက်ငလျင် ဗဟိုချက်သည် ဆိပ်ဖြူမြို့နယ် တောင်ဘက် အိမ်နီးချင်း စလင်းမြို့နယ်အတွင်းတွင်လည်းကောင်း ဖြစ်သဖြင့် ဆိပ်ဖြူမြို့နယ်သည် အဆိုပါ ငလျင်များဒဏ်ကို ကောင်းစွာ ခံခဲ့ရသည်။
အပူပိုင်း မိုးခေါင်ရေရှား ဒေသတွင် တည်ရှိသဖြင့် မီးဘေးလည်း မကြာခဏ သင့်လေ့ရှိသည်။
ဒုတိယ ကမ္ဘာစစ် နှင့် ဖက်ဆစ်တော်လှန်ရေးကာလများအတွင်း ဆိပ်ဖြူ မြို့ တွင် ပျက်စီးခဲ့သော အနောက်ပိုင်း နှင့် အလယ်ပိုင်းရပ်ကွက်အကြား ဘုန်းကြီးကျောင်း အုတ်တိုက် အပျက်ကြီးကို ယနေ့တိုင် တွေ့နိုင်သည်။ လွတ်လပ်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ တောခိုချိန်ကလည်း သခင်စိုး ဦးဆောင်သော ကွန်မြူနစ်တပ်များသည် ဆိပ်ဖြူမြို့နယ် တောတောင်များ နှင့် ကျေးလက်ဒေသများတွင် လှုပ်ရှားခဲ့ဖူးသည်။ ကာကွယ်ရေးပစ္စည်းစက်ရုံများ နှင့် အစောင့်တပ်များ၊ လေကြောင်းရန်ကာကွယ်ရေးတပ်များ အခြေစိုက်သော ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းအပြီး တော်လှန်ရေးတပ်များနှင့် နှစ်ဖက်ထိတွေ့မှုများလည်း မကြာခဏဖြစ်ပွားခဲ့ပါသည်။ [၈] [၉]
ကပ်ရောဂါဘေးများမှာ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးဖြစ်ပွားချိန်များတွင် ဘေးသင့်ခဲ့ခြင်းဖြစ်သည်။ ရှေးယခင်က ကျောက်ရောဂါ၊ ပုလိပ်ရောဂါကပ်များ အများနည်းတူ ဖြစ်ပွားခဲ့ဖူးပြီး ၂၀၁၉ ခုနှစ် တရုတ်နိုင်ငံ ဝူဟန်မြို့မှ အစပြုသော ကိုဗစ်ကပ်ဘေးတွင်လည်း တစ်ကမ္ဘာလုံးနည်းတူ ကပ်ရောဂါကို ခံရသည်။
၂၀၁၇ ခုနှစ် တစ်နှစ်တည်းအတွင်း မုန်တိုင်းဘေး (၅) ကြိမ်၊ ရေဘေး (၁) ကြိမ်၊ မီးဘေး (၃) ကြိမ် ကြုံတွေ့ခဲ့ရသည်။[၇]
| စဉ် | အမျိုးအစား | ဖြစ်ပွားမှုပေါင်း | သေပျောက်/ဒဏ်ရာရ | ပျက်စီးအဆောက်အဦ | ဆုံးရှုံးမှု(ကျပ်သိန်း) |
|---|---|---|---|---|---|
| ၁ | လေဘေး | ၅ | - | ၁၅၅ | ၇၉၂၅၂၀၀ |
| ၂ | မိုးကြိုးဘေး | ၂ | ၁-သေ/၂-ဒဏ်ရာရ | - | |
| ၃ | မီးဘေး | ၂ | - | ၃ | ၂၀၉၀၀၀ |
လူ့စွမ်းအားအရင်းအမြစ် နှင့် လူမှုရေး
[ပြင်ဆင်ရန်]လူဦးရေ
[ပြင်ဆင်ရန်](၂၀၁၄) ခုနှစ် သန်းခေါင်စာရင်းအရ ဆိပ်ဖြူမြို့နယ်တွင် လူဦးရေ (၁၀၂၇၆၉) ဦး [၁၀] ရှိ၍၊ (၂၀၁၉) ခုနှစ် စက်တင်ဘာလကုန် ဆိပ်ဖြူမြို့နယ်လူဦးရေမှာ (၁၁၃၅၂၂) (ကျား - ၅၄၀၇၃ + မ - ၅၉၄၃၈) ဦး ဖြစ်သည်။ [၇]
လူမျိုး
[ပြင်ဆင်ရန်]မြို့နယ်အတွင်း နေထိုင်သူများစုမှာ ဗမာလူမျိုးများ ဖြစ်ကြ၍ (၁၁၃၄၈၂) ဦး (၉၉.၅ %) ရှိပါသည်။ အိန္ဒိယနွယ်ဖွား (၄၇) ဦးနှင့် ချင်းလူမျိုး (၁၈) ဦး ရှိသည်။ [၇]
ကိုးကွယ်ယုံကြည်မှု
[ပြင်ဆင်ရန်](၂၀၁၉) ခုနှစ် စာရင်းအရ မြို့နယ်ရှိ လူ (၁၁၃၄၄၆) ဦး မှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြ၍ အစ္စလမ်ဘာသာဝင် (၃၁) ဦး၊ ခရစ်ယန်ဘာသာဝင် (၁၈) ဦး၊ ဟိန္ဒူဘာသာဝင် (၁၆) ဦး ရှိသည်။ [၇]
ဗုဒ္ဓဘာသာ သံဃာ (၃၄၃) ပါး၊ သာမဏေ (၂၁၈) ပါး၊ သီလရှင် အပါး (၅၀) သီတင်းသုံးသည်။ [၇] ဗုဒ္ဓဘာသာ ဘုရား (၁၆၁၀) ဆူ၊ စေတီတော် (၃၉၂) ဆူ၊ ဘုန်းကြီးကျောင်း (၁၈၃) ကျောင်း၊ သီလရှင်ကျောင်း (၃) ကျောင်း၊ ဓမ္မာရုံ (၁၀၃) ရုံ ရှိ၍ ဆိပ်ဖြူမြို့ ယောဝရပ်ရှိ ရွှေမင်းဝံမြတ်စွာဘုရား၊ ရွာသစ်ရပ်ရှိ ရွှေမုဋ္ဌောဘုရား၊ ချင်တောင်ရွာရှိ ရွှေမြင်တင်ဘုရား၊ မြောက်ရွာမရွာရှိ အလိုတော်ပေါက်ဘုရားများသည် ထင်ရှားသည်။ [၇]
ကျန်းမာရေး
[ပြင်ဆင်ရန်]ဆိပ်ဖြူမြို့တွင် ကုတင် (၅၀) ဆန့် မြို့နယ်ဆေးရုံတစ်ရုံ၊ ကဇွန်းမ နှင့် အင်းကန်ရွာများတွင် (၁၆) ကုတင်ဆန့် တိုက်နယ်ဆေးရုံ တစ်ရုံစီ၊ ေးလက်ကျန်းမာရေး ဌာန (၈) ခု၊ ကျေး လက်ကျန်းမာရေးဌာနခွဲ (၂၄) ခု ရှိသည်။ ဆရာဝန်နှင့် လူဦးရေ အချိုး (၁:၁၈၉၁၈)၊ သူနာပြု နှင့် လူဦးရေ အချိုး (၁:၄၉၃၅)၊ လက်ထောက်ကျန်းမာရေးမှူး နှင့် လူဦးရေ အချိုး (၁:၁၆၂၁၅) ရှိသည်။ [၇]
ပညာရေး
[ပြင်ဆင်ရန်]အစိုးရ အထက်တန်းကျောင်း (၁၁) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၂၂) ကျောင်း၊ အလယ်တန်းကျောင်း (၁၆) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၇) ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၉) ကျောင်း၊ မူလတန်းကျောင်း (၆၂) ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း (၁၃၇) ကျောင်း ရှိသည်။ [၇] ပုဂ္ဂလိက ကိုယ်ပိုင် အထက်တန်း ကျောင်း နှစ်ကျောင်းရှိသည်။ [၁၁]
ဆရာ နှင့် ကျောင်းသားအချိုးများမှာ (၁:၂၆) မှ သည် (၁:၁၃) အထိ ရှိကြပါသည်။ [၇] အသက် (၁၅) နှစ်အထက် စာတတ်မြောက်မှု (၉၁.၄) % ရှိသည်။ [၇]
လုပ်သားဦးရေ နှင့် အလုပ်လက်မဲ့
[ပြင်ဆင်ရန်]၂၀၁၉ ခုနှစ်တွင် မြို့နယ်တွင်း အလုပ်လုပ်နိုင်သူဦး ရေ ၅၇၈၇၆ ဦးရှိပြီး အလုပ်လုပ်သူဦး ရေ ၅၅၇၅၇ ဦး၊ အလုပ်လက်မဲ့ ၂၁၁၉ ဦး ရှိသဖြင့် အလုပ်လက်မဲ့နှုန်း ၃.၆၆ % ဖြစ်သည်။ [၇]
အားကစား
[ပြင်ဆင်ရန်]ဘောလုံး နှင့် ပြေးခုန်ပစ်အားကစားနည်းများ လေ့ကျင့် ယှဉ်ပြိုင် ကစားနိုင်သော မြို့နယ်အားကစားကွင်း တစ်ကွင်း၊ ဘော်လီဘောကွင်း တစ်ကွင်း ရှိသည်။ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ဘောလုံးပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲများကို မြို့နယ်အားကစားကွင်းတွင် နှစ်စဉ် ကျင်းပသည်။ [၇] ရှေးယခင်က အနောက်ပိုင်းရပ်၊ ဘုန်းကြီးကျောင်းပရဝုဏ်တွင် ကျင်းပသော ဆိပ်ဖြူမြို့ ယောဧရာ ဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲ မှာ ထင်ရှား၍ နာမည်ကျော် ဒေသတွင်း မြို့နယ်၊ ခရိုင်၊ တိုင်း၊ လက်ရွေးစင် ဘော်လီဘောအသင်းများသာမက ဝန်ကြီးဌာနအဆင့် အသင်းများပင် လာရောက် ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲအမည် မှာ မြို့နယ်၏ အသက်သခင် ကျေးဇူးရှင်များဟု ဆိုနိုင်သော ယောချောင်း နှင့် ဧရာဝတီမြစ်တို့ ပေါင်းဆုံမှုကို ကိုယ်စားပြု ဂုဏ်ပြု မှည့်ခေါ် ထားခြင်းဖြစ်သည်။ [၁၂]
လူမှုရေး
[ပြင်ဆင်ရန်]လူမှုရေး ကိစ္စများကို ဒေသခံ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံတကာအသင်းအဖွဲ့များက ဆောင်ရွက်သည်။ [၇]
| စဉ် | အမည် | ရုံး၊ ရုံးခွဲတည်နေရာ | ဆောင်ရွက်သည့်လုပ်ငန်း |
|---|---|---|---|
| ၁ | World Vision | အနောက်ပိုင်းရပ်ကွက်
ဆိပ်ဖြူမြို့ |
မူကြိုကျောင်းဆရာမများ ထောက်ပံ့ခြင်း၊
ကလေးများ စောင့်ရှောက်ခြင်း |
| ၂ | Population Service International (PSI) | အနောက်ပိုင်းရပ်ကွက်
ဆိပ်ဖြူမြို့ |
ကျန်းမာရေးဝန်ဆောင်မှုများ |
| ၃ | Pact Myanmar | အနောက်ပိုင်းရပ်ကွက်
ဆိပ်ဖြူမြို့ |
ကျန်းမာရေး နှင့် အလင်းရောင် စီမံချက် |
| ၄ | Helen Keller International | အနောက်ပိုင်းရပ်ကွက်
ဆိပ်ဖြူမြို့ |
စိုက်ပျိုးရေးလုပ်ငန်းများ |
| ၅ | Vision Fund | အနောက်ပိုင်းရပ်ကွက်
ဆိပ်ဖြူမြို့ |
အသေးစားငွေရေးကြေးရေးလုပ်ငန်း |
| စဉ် | အမည် | ရုံး၊ ရုံးခွဲတည်နေရာ | အဖွဲ့ဝင်ဦရေ |
|---|---|---|---|
| ၁ | အမျိုးသမီးရေးရာအဖွဲ့ချုပ် | ရပ်ကွက်
ဆိပ်ဖြူမြို့ |
၁၁၃၂၀ |
| ၂ | မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း | ရပ်ကွက်
ဆိပ်ဖြူမြို့ |
၆၇၀၀ |
| ၃ | စစ်မှုထမ်းဟောင်းများအသင်း | ရပ်ကွက်
ဆိပ်ဖြူမြို့ |
၁၆၉ |
| ၄ | ကြက်ခြေနီ | ရပ်ကွက်
ဆိပ်ဖြူမြို့ |
၁၃၄ |
| ၅ | အရန်မီးသတ် | ရပ်ကွက်
ဆိပ်ဖြူမြို့ |
၁၄၇၇ |
| စဉ် | အမည် | ရုံး၊ ရုံးခွဲ
တည်နေရာ |
မှတ်ပုံတင်အမှတ် | ဆောင်ရွက်သည့်လုပ်ငန်း |
|---|---|---|---|---|
| ၁ | သင်္ဂဟ လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ | ရှစ်မျက်နှာဓမ္မ
ရိပ်သာကျောင်းဝင်း နောက်ပိုင်းရပ်၊ ဆိပ်ဖြူမြို့ |
၁/ပြည်တွင်း/၀၇၃၇ | ကျန်းမာရေး၊ လူမှုရေး |
| ၂ | ရွှေနှင့်မြ
လူမှုကူညီရေးအသင်း |
ရွာသာအေးအုပ်စု၊
လိပ်ခြံရွာ |
၆/ဆိပ်ဖြူ/၀၀၁ | ကျန်းမာရေး |
| ၃ | မြတ်စေတနာ (၁) နာေး၊
လူမှုကူညီရေးအသင်း |
ကဇွန်းမအုပ်စု၊
ကဇွန်းမရွာ |
၆/ဆိပ်ဖြူ/၀၀၂ | လူမှုရေး၊ နာရေး |
| ၄ | မြတ်စေတနာ (၂)
လူမှုကူညီရေးအသင်း |
အရှေ့ကံတွင်းအုပ်စု၊
ကံတွင်းရွာ |
၆/ဆိပ်ဖြူ/၀၀၃ | ကျန်းမာရေး |
| ၅ | အာယုဒါန
လူမှုကူညီရေးအသင်း |
ချင်တောင်အုပ်စု၊
ချင်တောင်ရွာ |
၆/ဆိပ်ဖြူ/၀၀၄ | ကျန်းမာရေး |
| ၆ | ကူရှည်ပရဟိတ
လူမှုကူညီရေးအသင်း |
ကူရှည်အုပ်စု၊ ကူရှည်ရွာ | ၆/ဆိပ်ဖြူ/၀၀၅ | ကျန်းမာရေး |
| ၇ | မေတ္တာဖြူ
လူမှုကူညီရေးအသင်း |
ချင်တောင်အုပ်စု၊
ချင်တောင်ရွာ |
၆/ဆိပ်ဖြူ/၀၀၆ | ကျန်းမာရေး |
| ၈ | ဖြူစင်မေတ္တာ
လူမှုကူညီရေးအသင်း |
ကိုးတောင့်အုပ်စု၊
ကိုးတောင့်ရွာ |
၆/ဆိပ်ဖြူ/၀၀၇ | ကျန်းမာရေး |
| ၉ | ဟိတကာရီ
လူမှုကူညီရေးအသင်း |
ရွာသစ်ရပ်ကွက် | ၆/ဆိပ်ဖြူ/၀၀၈ | ကျန်းမာရေး၊ နာရေး၊
အလှူ၊ သဘာဝဘေး |
| ၁၀ | စေတနာမွန်
လူမှုကူညီရေးအသင်း |
ပေတောအုပ်စု၊
ပေတောရွာ |
၆/ဆိပ်ဖြူ/၀၀၉ | ကျန်းမာရေး |
| ၁၁ | မြတ်ပါရမီ
လူမှုကူညီရေးအသင်း |
ရှားပင်အိုင့်အုပ်စု၊
ဂုဏ်ကုန်းရွာ |
၆/ဆိပ်ဖြူ/၀၁၀ | ကျန်းမာရေး |
| ၁၂ | ကြည်ဖြူရှင်
လူမှုကူညီရေးအသင်း |
ကျောင်းရွာအုပ်စု၊
မိဖုရားချိုင့်ရွာ |
၆/ဆိပ်ဖြူ/၀၁၁ | ကျန်းမာရေး
လူမှုရေး |
| ၁၃ | ဒို့စေတနာ
လူမှုကူညီရေးအသင်း |
ကုန်းရွာအုပ်စု၊
ကုန်းရွာ |
၆/ဆိပ်ဖြူ/၀၁၂ | ကျန်းမာရေး |
| ၁၄ | ဗဟုဇနဟိတကာရီ
လူမှုကူညီရေးအသင်း |
ကုန်းရွာအုပ်စု၊
ငါးချဉ်ချောင်းရွာ |
၆/ဆိပ်ဖြူ/၀၁၃ | ကျန်းမာရေး |
| ၁၅ | ဇနသုခ
လူမှုကူညီရေးအသင်း |
ပေတောအုပ်စု၊
ပေတောရွာ |
၆/ဆိပ်ဖြူ/၀၁၄ | ကျန်းမာရေး၊ နာရေး၊
အလှူ၊ သဘာဝဘေး၊ |
| ၁၆ | အနန္တမေတ္တာ
လူမှုကူညီရေးအသင်း |
ရွာသာအေးအုပ်စု၊
ရွာသာအေးရွာ |
၆/ဆိပ်ဖြူ/၀၁၅ | ကျန်းမာရေး |
| ၁၇ | ဟိတဓရ
လူမှုကူညီရေးအသင်း |
ပင်းတလဲအုပ်စု၊
ပင်းတလဲရွာ |
၆/ဆိပ်ဖြူ/၀၁၆ | ကျန်းမာရေး |
| ၁၈ | မနောပတိ
လူမှုကူညီရေးအသင်း |
ရွာသစ်ကြီးအုပ်စု၊
ရွာသစ်ကြီးရွာ |
၆/ဆိပ်ဖြူ/၀၁၇ | ကျန်းမာရေး |
| ၁၉ | သုခစံ
လူမှုကူညီရေးအသင်း |
ငှက်ပြာကြီးအုပ်စု၊
ငှက်ပြာကြီးရွာ |
၆/ဆိပ်ဖြူ/၀၁၈ | လူမှုရေး
နာရေး |
| ၂၀ | မွန်မြတ်မေတ္တာ
လူမှုကူညီရေးအသင်း |
ကင်မွန်းတောင့်အုပ်စု၊
ကင်မွန်းတောင့်ရွာ |
၆/ဆိပ်ဖြူ/၀၁၉ | လူမှုရေး |
| ၂၁ | ရွှေမေတ္တာ
လူမှုကူညီရေးအသင်း |
ကျောက်ကြီးအုပ်စု၊
ရွှေဘိုးကျွန်းရွာ |
၆/ဆိပ်ဖြူ/၀၂၀ | ကျန်းမာရေး
အလှူ |
| ၂၂ | လမ်းပြကြယ်ကျေးရွာဖွံ့ဖြိုးရေး
လူငယ်အသင်း |
မြေကြမ်းတောအုပ်စု၊
ဂျုတ်ချောင်လေးရွာ |
၆/ဆိပ်ဖြူ/၀၂၁ | စိုက်ပျိုးရေး၊ မွေးမြူရေး၊
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းေး၊ လူငယ် စွမ်းဆောင်ရည်မြှင့်တင် ရေး၊ ဒေသဖွံ့ဖြိုးရေး |
| ၂၃ | မြင့်မြတ်စေတနာ
လူမှုကူညီရေးအသင်း |
မြင်ကဝအုပ်စု၊
အောက်ဆိပ်ရွာ |
၆/ဆိပ်ဖြူ/၀၂၂ | ကျန်းမာရေး |
| ၂၄ | လင်းလတ်သော်တာ အမျိုးသမီး
စွမ်းဆောင်ရည် မြှင့်တင်ရေးအဖွဲ့ |
ရွာသစ်ရပ်ကွက် | ၆/ဆိပ်ဖြူ/၀၂၃ | အမျိုးသမီးစွမ်းဆောင်
ရည် မြင့်မားလာစေရန် နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက် လူ့စွမ်းအားအရင်းအမြစ် များ ကောင်းစွာအသုံးချ နိုင်ရန်၊ အသက်မွေးဝမ်း ကြောင်းဆိုင်ရာ နည်း ပညာများဖြန့်ဖြူးရန် |
| ၂၅ | အာရုဏ်ဦးပရဟိတအသင်း | ကုန်းရွာအုပ်စု၊
ငါးချဉ်ချောင်းရွာ |
၆/ဆိပ်ဖြူ/၀၂၄ | ငါးတနိုင်တပိုင်စားသောက်
နိုင်ရေး၊ ငါးသယံဇာတ ထိန်းသိမ်းရေးနှင့် စားနပ် ရိက္ခာဖူလုံရေး |
| ၂၆ | မေတ္တာရောင်ရှိန်
လူမှုကူညီရေးအသင်း |
အင်းကန်အုပ်စု၊
ညောင်ဂွေးဝရွာ |
၆/ဆိပ်ဖြူ/၀၂၅ | ကျန်းမာရေး |
| ၂၇ | စိုက်ပျိုးရေးနှင့် မွေးမြူရေး
ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ |
ကုန်းရွာအုပ်စု၊
ငါးချဉ်ချောင်းရွာ |
၆/ဆိပ်ဖြူ/၀၂၆ | တန်ဖိုးမြှင့် စိုက်ပျိုးရေး
မွေးမြူရေး ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် |
အုပ်ချုပ်ရေးဆိုင်ရာအချက်အလက်များ
[ပြင်ဆင်ရန်]ဆိပ်ဖြူမြို့နယ်တွင် တစ်မြို့တည်းသော မြို့ဖြစ်သည့် ရပ်ကွက် (၄) ခုဖြင့် ဖွဲ့စည်းထားသော မြို့နယ်ရုံးစိုက်ရာ ဆိပ်ဖြူမြို့ နှင့် ကျေးရွာအုပ်စု (၄၂) စု အဖြစ်ဖွဲ့စည်းထားသော ကျေးရွာပေါင်း (၁၄၀) ရှိသည်။ [၇] [၁၃]
ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကျန်းမာရေးဦးစီးဌာနက မြို့နယ်ကျန်းမာရေးဦးစီးမှူး (မြို့နယ်ဆရာဝန်ကြီး) ရုံးစိုက် ထားရှိပြီး ဆေးရုံသုံးရုံ၊ ကျေးလက်ကျန်းမာရေးဌာန နှင့် ဌာနခွဲများကို ကြီးကြပ်ခြင်း၊ လူနာများကုသခြင်း နှင့် ကျန်းမာရေးစီမံချက်များ ဆောင်ရွက်သည်။ [၇]
လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန
[ပြင်ဆင်ရန်]| စဉ် | မြေအမျိးအစား | ဧရိယာ (ဧက) | မှတ်ချက် |
|---|---|---|---|
| ၁ | ယာမြေ | ၆၁၈၉၆ | |
| လယ်မြေ | ၁၄၈၄၉ | ||
| ကိုင်း/ကျွန်းမြေ | ၃၇၇၂ | ||
| ဥယျဉ်မြေ | ၁၂၁ | ||
| လှပ်ထားမြေ | ၅၀ | ယာမြေ | |
| ၂ | စက်မှုလုပ်ငန်းသုံးမြေ | ၄၃၇၄၆ | ကပစ |
| ၃ | မြို့မြေ | ၃၃၁ | |
| ၄ | ရွာမြေ | ၃၉၆၅ | |
| ၅ | အခြားမြေ | ၁၄၈၆ | |
| ၆ | ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တော ဧရိယာ | ၇၀၁၉၈ | |
| ၇ | တောရိုင်း | ၈၅၅၆၂ | |
| ၈ | မြေရိုင်း | ၆၆၅၀၃ | |
| ၉ | စိုက်ပျိုးခြင်းမပြုနိုင်သောဧရိယာ | ၂၃၉၅၈ | |
| စုစုပေါင်း | ၃၇၆၄၃၇ | ||
စီးပွားရေး
[ပြင်ဆင်ရန်]မြန်မာ့စီးပွားရေးဘဏ်သာရှိ၍ ပုဂ္ဂလိကဘဏ်အသုံးပြုလိုသူများ အနီးရှိ ချောက်မြို့သို့ သွားကြရသည်။ [၇] [၁၂]
စည်ပင်သာယာဦးစီးဌာနက စီမံခန့်ခွဲသော ပတ္တမြားဈေး တစ်ခုသာရှိသည်။ ပတ္တမြား ဈေး တွင် ဆိုင်ခန်း နှစ်ရာကျော် ရှိ၍ အနောက်ပိုင်းရပ်တွင် တည်ရှိသည်။ [၇]
စိုက်ပျိုးရေး
[ပြင်ဆင်ရန်]စိုက်ပျိုးရေးလုပ်ငန်းအများစုမှာ မိုးရေ၊ မြစ်ချောင်းရေ ကို အမှီပြုရပါသည်။ အောက်ဆိပ်ရွာ ဧရာဝတီမြစ်ရေတင်စီမံကိန်းက စိုက်ဧက (၁၅၀၀) ကို ရေပေးသည်။ [၇] ခိုင်းနွားအကောင်ရေ (၆၂၁၃၈) ကောင်၊ ထွန် ၉၈၁၃ စင်း၊ ထယ် ၆၄၆၁ စင်း ရှိသည်။ ခိုင်းနွားသုံးစိုက်ပျိုးသည်က များ၍ စက်ကိရိယာသုံးစွဲမှု နည်းပါသည်။ ထွန်စက် (၅၁) စီး (ပုဂ္ဂလိက ၅၀ + အစိုးရဌာန ၁)၊ လက်တွန်းလယ်ထွန်စက် (၃၃) စီး၊ မျိုးစေ့ချစက် (၁၂) စီး၊ ရေစုပ်စက် (၂၄၆) လုံး သာရှိပါသည်။[၇]
ဆိပ်ဖြူမြို့နယ်၏ အများစုသောစီးပွားရေးလုပ်ငန်းများမှာ ကြက်သွန်စိုက်ပျိုးရေး၊ ကြက်သွန်သိုလှောင်ရေး၊ ကြက်သွန်ရောင်းဝယ်ရေး၊ ကြက်သွန်ပို့ဆောင်ရေးလုပ်ငန်းများဖြစ်၍ ကြက်သွန်သည် မြို့နယ်၏ အဓိက စီးပွားရေးဖြစ်သည်။ မြို့နယ်လူဦးရေ ၈၀ ရာခိုင်နှုန်း သည် ကြက်သွန်စိုက်တောင်သူများဖြစ်ကြသည်။ [၁၄] နှစ်စဉ်ကြက်သွန်နီစိုက်ပျိုးရာတွင် ဆောင်းကြက်သွန်(ပင်စိုက်/ချောင်းကြက်သွန်)နှင့် မိုးကြက်သွန်(ဥစိုက်/ကိုင်းကြက်သွန်/ကုန်းကြက်သွန်) ဟူ၍ နှစ်မျိုးရှိပြီး ဆောင်းကြက်သွန်(ပင်စိုက်/ချောင်းကြက်သွန်)ကို အဓိကထား စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ပါသည်။ နှစ်စဉ် ကြက်သွန်နီစိုက်ဧက ခြောက်ထောင်ကျော် ရှိပါသည်။ ဆိပ်ဖြူမြို့နယ် ချောင်းများ သည် မိုးရာသီ ရေကြီးရေလျှံဖြစ်ချိန်တွင် နှုန်းတင်မြေများ ပို့ချပေးသည်။ ဆောင်းရာသီ ရေနည်းချိန်တွင် သောင်ခုံများ ပေါ်ထွန်းပြီး သောင်ခုံများပေါ်တွင် ကြက်သွန်နီစိုက်ပျိုးကြပါသည်။ ယောချောင်းတစ်လျှောက် သောင်ခုံများတွင် ကြက်သွန်နီစိုက်ဧက အများဆုံးဖြစ်သည်။ [၁၄] ၂၀၂၂ ခုနှစ် ဆိပ်ဖြူမြို့နယ် ချောင်းကြက်သွန် စိုက်ပျိုးမှုမှ ကြက်သွန်နီ တန်ချိန် ငါးသောင်းကျော် (ပိဿာချိန် ၃၁ သန်း) ကျော် ထွက်ရှိခဲ့သည် ။ [၁၅]
စပါးစိုက်သော်လည်း လုံလောက်မှုမရှိ၍ တခြားမှ နှစ်စဉ် တင်းပေါင်း ကိုးသိန်းကျော် တင်သွင်းရပါသည်။ ဆီထွက်သီးနှံ မှာ ပိုလျှံသဖြင့် တင်ပို့ရောင်းချရသည်ကများပါသည်။ [၇]
| စဉ် | သီးနှံအမည် | စိုက် | ရိတ် | နှုန်း (တင်း/ဧက) | အထွက် (တင်း) | |
|---|---|---|---|---|---|---|
| ၁ | ပဲတီစိမ်း | မိုး | ၂၁၇၉၈ | ၂၁၇၉၈ | ၁၁.၆၇ | ၂၅၄၃၈၃ |
| ဆောင်း | ၄၂၁၆ | ၄၂၁၆ | ၁၂.၁၄ | ၅၁၁၉၆ | ||
| ၂ | စပါး | နွေ | ၃၄၃ | ၃၄၃ | ၉၄.၂၄ | ၃၂၃၂၄ |
| မိုး | ၉၈၁၀ | ၉၈၁၀ | ၇၁.၂၃ | ၆၉၈၇၆၆ | ||
| ၃ | မြေပဲ | မိုး | ၆၁၈၄ | ၆၁၈၄ | ၄၄.၈၂ | ၂၂၇၁၈ |
| ဆောင်း | ၉၁၃ | ၉၁၃ | ၆၀.၀၉ | ၅၄၈၆၂ | ||
| ၄ | နှမ်း | မိုး | ၁၁၉၀ | ၁၁၅၃ | ၅.၇၃ | ၆၆၀၆ |
| ဆောင်း | ၃၉၇၅ | ၃၉၇၅ | ၄.၃၅ | ၁၇၂၉၄ | ||
| နွေ | ၁၁၉ | ၁၁၉ | ၆.၉၅ | ၈၂၇ | ||
| ၅ | ပဲစဉ်းငုံ | မိုး | ၁၉၆၅ | ၁၉၆၅ | ၁၈.၁၀ | ၃၅၅၇၅ |
| ၆ | နေကြာ | ၅၈၈ | ၅၈၈ | ၂၃.၀၀ | ၁၃၅၂၈ | |
| ၇ | အစေ့ထုတ်ပြောင်း | ၃၄၄ | ၃၄၄ | ၅၄.၉၀ | ၁၈၈၈၇ | |
| ၈ | ဝါ | ၁၈၃ | ၁၈၃ | ၂၀၈.၀၉ | ၃၈၀၈၁ | |
| စဉ် | သီးနှံအမည် | စိုက် (ဧက) | ရိတ် (ဧက) | ထွက်နှုန်း (ပိဿာ/ဧက) | ထွက် (ပိဿာ) |
|---|---|---|---|---|---|
| ၁ | သစ်ဆိမ့် | ၁၈၈၁ | |||
| ၂ | ကွမ်း | ၃၅၇ | |||
| ၃ | လျှော်ဖြူ | ၁၉၅ |
မွေးမြူရေးလုပ်ငန်း
[ပြင်ဆင်ရန်]စီးပွားဖြစ် နို့စားနွား မွေးမြူခြင်း မရှိပေ။
| စဉ် | ဘဏ္ဍာနှစ် | ကျွဲ | နွား | ဝက် | သိုး/ဆိတ် | ကြက် | ဘဲ |
|---|---|---|---|---|---|---|---|
| ၁ | ၂၀၁၈-၂၀၁၉ | ၂၇၅၆ | ၁၂၈၉၅၇ | ၁၇၉၉၀၇ | ၃၅၃၄၂၄ | ၁၃၉၃၂၃၂ | ၃၅၄၀၄ |
| ၂ | ၂၀၁၉-၂၀၂၀ | ||||||
| ၃ | ၂၀၂၀-၂၀၂၁ | ||||||
| ၄ | ၂၀၂၁-၂၀၂၂ | ||||||
| ၅ | ၂၀၂၂-၂၀၂၃ | ||||||
| ၆ | ၂၀၂၃-၂၀၂၄ | ||||||
| ၇ | ၂၀၂၄-၂၀၂၅ | ||||||
| ၈ | ၂၀၂၅-၂၀၂၆ |
| စဉ် | ဘဏ္ဍာနှစ် | ကျွဲ | နွား | ဝက် | သိုး/ဆိတ် | ကြက် | ဘဲ |
|---|---|---|---|---|---|---|---|
| ၁ | ၂၀၁၈-၂၀၁၉ | - | ၁၈၁၃၅၈၃ | ၂၈၈၈၃၈၁ | ၁၆၇၃၆၈၅ | ၁၇၂၆၅၉၄ | ၂၅၂၃၄ |
| ၂ | |||||||
| ၃ |
| စဉ် | ဘဏ္ဍာနှစ် | ကြက် | ဘဲ |
|---|---|---|---|
| ၁ | ၂၀၁၈-၂၀၁၉ | ၁၇၅၁၂ | ၂၁၁ |
| ၂ | |||
| ၃ |
ရေလုပ်ငန်း
[ပြင်ဆင်ရန်]ငါး၊ ပုဇွန် မွေး မြူသူ မရှိပဲ မြစ်ချောင်းများတွင် တံငါအလုပ်နှင့် အသက်မွေးသူများသာ ရှိပါသည်။ ငါး၊ ပုဇွန် မလုံလောက်သဖြင့် တင်သွင်းရပါသည်။ [၇]
ဝန်ဆောင်မှုလုပ်ငန်း
[ပြင်ဆင်ရန်]အနောက်ပိုင်းရပ်ကွက်ရှိ ဆိပ်ဖြူကုန်စည်ဒိုင်တွင် ကြက်သွန်နီကို အဓိကထား ရောင်းဝယ်ကြသည်။ ဆိပ်ဖြူမြို့နယ်ထွက် ကြက်သွန်နီကို ဆိပ်ဖြူကုန်စည်ဒိုင်မှတဆင့် ရန်ကုန်၊ မန္တလေးမြို့များ နှင့် ပြည်တွင်းပြည်ပသို့ ဖြန့်ချိရောင်းချသည်။ ဆိပ်ဖြူကုန်စည်ဒိုင်ကြီးအပြင် ပုဂ္ဂလိက ပွဲစားကြီးများ၏ ကုန်စည်ဒိုင် (၂၀) လည်းရှိ၍ အဆိုပါ ဒိုင် (၂၀) မှ (၁၈) ခုသည် ကြက်သွန်ရောင်းဝယ်သည်။ ထို (၁၈) ခုတွင် (၉) ခုမှာ ကြက်သွန်နီအပြင် ပဲအမျိုးမျိုး၊ ဆီ၊ ဆန် တို့ကိုလည်း ရောင်းဝယ်ကြသေးသည်။ ကုန်စည်ဒိုင် နှစ်ခုမှာ ဇီး သီးသန့် ရောင်းဝယ်သည့် ကုန်စည်ဒိုင်များဖြစ်ကြသည်။ [၁၆]
ဝန်ထမ်း ငါးဆယ်ကျော် ရှိသော မျိုးဇင်ဇာ ပုဂ္ဂလိက အသေးစား ရှားစေးစက်ရုံတစ်ရုံရှိ၍ တနိုင်တပိုင် လုပ်ငန်းများအနေနှင့် စက်ချုပ်လုပ်ငန်း (၇၇) ခု၊ ပန်းပဲလုပ်ငန်း (၁၈) ခု၊ မုန့်လုပ်ငန်း (၈) ခု၊ ပန်းတိမ်လုပ်ငန်း (၃) ခု ရှိသည်။ [၇]
သစ်ထုတ်လုပ်ရေး
[ပြင်ဆင်ရန်]မြန်မာ့သစ်လုပ်ငန်း က ကဇွန်းမဒေသတွင် သစ်ထုတ်လုပ်မှု ရှိပြီး ဆိပ်ဖြူ တွင် သစ်ကွင်း၊ အမှတ် (၁၂၄) သစ်စက် နှင့် သစ်ဆိပ်များ၊ သစ်ထုတ်လုပ်ရေး ဆင်ဝိုင်းများ၊ ယာဉ် ယန္တယား များ ထားရှိသော်လည်း ၁၉၉၀ မှ ၂၀၁၅ ခုနှစ်ကာလအတွင်း အလွန်အကျွံ သစ်ထုတ်လုပ်ခြင်းကြောင့် သစ်တောများတွင် ထုတ်လုပ်နိုင်သော သစ်ကောင်းရှားပါးလာသဖြင့် သစ်ထုတ်လုပ်ငန်းကို ယာယီ ရပ်နားထားရသည်။
မြို့နယ်တွင်း သစ်တောများမှ နှစ်စဉ် ဝါး အလုံးရေ ငါးသိန်းခန့် နှင့် ရှားစေး ပိဿာချိန် ခြောက်ထောင်ခန့် ထွက်ရှိသည်။ [၇]
ကာကွယ်ရေးပစ္စည်းစက်ရုံများ
[ပြင်ဆင်ရန်]ဆိပ်ဖြူမြို့နယ်အတွင်း ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) နှစ်ရုံရှိသည် [၁၇] ။ ဝန်ထမ်းအင်အား ၃၀၀၀ ခန့်ရှိနိုင်သည့် ဆောမြို့နယ် နယ်စပ်အနီး ကပစ ၂၁ တွင် တရုတ်နိုင်ငံသားပညာရှင်များနှင့် ပူးပေါင်းပြီး Cluster အမျိုးအစား လေယာဉ်ဗုံးများ ထုတ်လုပ်သည်။ [၁၈] ပေါက်မြို့နယ် နယ်စပ်အနီး၊ ပုသိမ်မုံရွာလမ်းမကြီးဘေးရှိ ကပစ (၂၂) တွင် Mark 1, Mark 2, Mark 3, Mark 4 လက်နက်ငယ်များထုတ်လုပ်သည်။ စစ်တပ်ပိုင် လုပ်ငန်းများသာဖြစ်သဖြင့် ဆိပ်ဖြူမြို့နယ် ဒေသခံ ပြည်သူလူထု အကျိုးစီးပွား အတွက် အထောက်အကူပြုခြင်း မရှိပေ။ [၁၉]
ပွဲတော်များ
[ပြင်ဆင်ရန်]ဆိပ်ဖြူမြို့နယ်၌ နှစ်စဉ် ပုံမှန်ကျင်းပသော ပွဲတော်များတွင် လူစည်ကား သော ပွဲတော်များမှာ ယောဝရပ် ရွှေမင်းဝံမြတ်စွာဘုရား တံဆောင်တိုင်မီးထွန်းပွဲနှင့် ဘုရားပွဲ၊ ရွာသစ်ရပ် ရွှေတောင်ဦး (ရွှေမုဌော) ဘုရား သီတင်းကျွတ်မီးထွန်းပွဲ နှင့် ဘုရားပွဲ၊ ချင်တောင်ရွာ သီတင်းကျွတ်ပွဲနှင့် ရွှေမြင်တင်ဘုရားပွဲ၊ မြောက်ရွာမရွာ ကဆုန်လ အလိုတော်ပေါက် ဘုရားပွဲတို့ဖြစ်သည်။ ရွှေမြင်တင်ဘုရားပွဲမှအပ ကျန်ဘုရားပွဲ သုံးပွဲမှာ ဇာတ်ပွဲများ၊ ဈေးဆိုင်ခန်းများနှင့် ရက်ရှည်ကျင်းပသဖြင့် ဒေသစီးပွားရေး၊ ဖွံ့ဖြိုးရေး၊ အများပြည်သူ စိတ်အပမ်းပြေရေးများ ကို တဖက်တလမ်းက အထောက်အကူပြုပါသည်။ [၁၂]
သယ်ယူပို့ဆောင်ရေး
[ပြင်ဆင်ရန်]ကားလမ်းများဆုံ၍ မီးရထားဘူတာရုံရှိပြီး ဧရာဝတီမြစ်နှင့် မြစ်ကူးတံတားလည်း ရှိသဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်ပါသည်။ [၇]
ခရီးသွားများမှာ ကားဖြင့် အိမ်နီးချင်း မြို့နယ်အားလုံး နှင့် မြို့ကြီးများသို့ ဆက်သွယ်သွားလာနိုင်သည်။ ကုန်စည်စီးဆင်းမှုမှာလည်း ကားလမ်းများကို အသုံးများသည်။ ထို အဝေး ပြေး လမ်းများကို လမ်းဦးစီးဌာနက စီမံခန့်ခွဲသည်။
| စဉ် | ကားလမ်းအမည် | မြို့နယ်အတွင်းမိုင်တိုင် | အရှည်မိုင်/ဖာလုံ | |
|---|---|---|---|---|
| မှ | ထိ | |||
| ၁ | ဆိပ်ဖြူ-ဆော-ကန်ပက်လက်လမ်း | ၀/၀ | ၄၂/၂ | ၄၂/၂ |
| ၂ | ဆိပ်ဖြူ-ကန်တော်-ပေါက်လမ်း | ၁၄/၅ | ၃၁/၆ | ၁၇/၁ |
| ၃ | မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်း | ၆၁/၅ | ၆၉/၇ | ၈/၂ |
| ၄ | ပုသိမ်-မုံရွာလမ်း | ၃၃၈/၂ | ၃၆၀/၀ | ၂၁/၆ |
| ၅ | ပခုက္ကူ-ဆိပ်ဖြူလမ်း | ၁၀/၂ | ၂၂/၄ | ၁၂/၂ |
| ၆ | ယောချောင်းတံတား(ကံတွင်း)ရှောင်ကွင်းလမ်း | ၀/၀ | ၁၁/၀ | ၁၁/၀ |
| ၇ | အနော်ရထာတံတားချဉ်းကပ်လမ်း | ၀/၀ | ၀/၄ | ၀/၄ |
| ၈ | ဆိပ်ဖြူမြို့ပတ်လမ်း | ၀/၀ | ၀/၆+၂၄၀' | ၀/၆+၂၄၀' |
| စုစုေါင်း | ၁၁၃/၇+၂၄၀' | |||
ဧရာဝတီမြစ် အနောက်ဖက်ကမ်း တောင်မြောက် မီးရထားလမ်း၏ ဘူတာရုံကြီး (၄) ခု၊ ဘူတာရုံအသေး (၄) ခု ရှိသော ၂၂ မိုင် အရှည်ရှိ ဒေါသာ-ဆိပ်ဖြူ လမ်းအပိုင်း မှာ စီးနင်းအသုံးပြုမှုနည်းပါး၍ ရပ်နားထားရသည်။
မြို့နယ် အဓိကထုတ်ကုန် ကြက်သွန်နီကို ကားဖြင့် မြန်ဆန်စွာပို့ဆောင်ကြသလို ဧရာဝတီမြစ်ကြောင်းမှ မော် တော် များ ဖြင့်လည်း ကုန်ကျစရိတ် သက်သာစွာ ပို့ဆောင်သည်။ ရေစီးသန်သော ယောချောင်းကို သစ် ဝါး ဖောင်များ မျှောရန် နှင့် လှေများသွားလာရန်သာ သုံးကြသည်။
စွမ်းအင်
[ပြင်ဆင်ရန်]မဟာဓာတ်အားလိုင်း မှလျှပ်စစ်ဓာတ်အားကို မြို့ပေါ်ရပ်ကွက်များနှင့် ရွာတချို့သာ လက်လှမ်းမှီ သုံးစွဲနိုင်သေးသည်။[၂၀]
ရုပ်ကြွင်းလောင်စာ
[ပြင်ဆင်ရန်]ဆိပ်ဖြူမြို့နယ်အတွင်း ရုပ်ကြွင်းလောင်စာဆီ ရောင်းချသော ပုဂ္ဂလိကဆိုင် (၇) ဆိုင် ရှိသည်။
| စဉ် | ဆိုင်အမည် | တည်နေရာ | တစ်နှစ်ဓာတ်ဆီရောင်းအားစည်ပေါင်း | တစ်နှစ်ဒီဇယ်ဆီရောင်းအားစည်ပေါင်း |
|---|---|---|---|---|
| ၁ | မြင့်မိုရ်ခိုင် | ၄၀ | ၂၀ | |
| ၂ | စိုပြေ | ၅၀ | ၂၀ | |
| ၃ | သုခအောင် | ၄၀ | ၁၀ | |
| ၄ | မြရွှေစင် | ၆၀ | ၃၀ | |
| ၅ | မြမေတ္တာမွန် | ၈၀ | ၂၀ | |
| ၆ | ဟိန်း | ၂၅ | ၁၀ | |
| ၇ | MPD | ၄၀ | ၁၀ | |
| ပေါင်း | ၃၃၅ | ၁၂၉ | ||
ဇီဝဒြပ်ထုလောင်စာ
[ပြင်ဆင်ရန်]ဆိပ်ဖြူမြို့နယ်လူဦးရေ၏ အများစုဖြစ်သော ကျေးလက်နေပြည်သူလူထုအများစုမှာ ထမင်းဟင်းချက်ပြုတ်ရာတွင် ထင်း လောင် စာကို အသုံးပြုကြရသည်။ ၂၀၁၄ ခုနှစ်တွင် ထင်းသုံးစွဲသော အိမ်ထောင်စုမှာ ၈၉.၉ % ထိ ရှိပါသည်။ [၁၀]
ကိုးကား
[ပြင်ဆင်ရန်]- ↑ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၇။
- ↑ Reliefweb Updates, Myanmar: Flash floods Hit Pakokku
- ↑ Myanmar Information Management Unit (MIMU), UNDP, Map of Cyclone Giri။ 22 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 December 2015 တွင် ပြန်စစ်ပြီး။
- ↑ DREF Operation Update, Myanmar Cyclone Giri
- 1 2 "Seik Phyu Township - Magway Division" 17 November 2010 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . map from Myanmar Information Management Unit (MIMU)
- ↑ "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)
- 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 ဆိပ်ဖြူမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ။ Myanmar Information Management Unit။ 20 June 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 June 2025 တွင် ပြန်စစ်ပြီး။
- ↑ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်တွင်း စစ်ပြေးဒုက္ခသည်များ ဆောမြို့နယ်ထဲခိုလှုံ၊ ၂၀၂၂ ဇူလိုင် ၁၃၊ အမေရိကန်အသံ
- ↑ စစ်ကြောင်းတွေကြောင့် ဆိပ်ဖြူ ဒေသခံ ရှစ်ထောင်နီးပါး နေရပ်ပြန်ဖို့ ခက်ခဲနေ၊ ၂၀၂၅ ဖေဖော်ဝါရီ ၁၊ လွတ်လပ်တဲ့အာရှအသံ RFA
- 1 2 ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် အစီရင်ခံစာ၊ ၂၀၁၇ မေလ
- ↑ ဆိပ်ဖြူမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အခြေခံပညာကျောင်းများအသီးသီး၌ တက်ရောက်ပညာသင်ကြားလျက်ရှိ၊ ၂၀၂၄ ဇွန် ၃၊ Information and Public Relations Department
- 1 2 3 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named:3 - ↑ ကဏ္ဍ:ဆိပ်ဖြူမြို့နယ်ရှိ ရွာများ
- 1 2 ဆိပ်ဖြူကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ Department of Consumer Affairs
- ↑ (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် ဆိပ်ဖြူမြို့နယ်၏ ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက်၊ စားသုံးသူရေးရာဦးစီးဌာန
- ↑ ဆိပ်ဖြူကုန်စည်ဒိုင်၏ ကြက်သွန်နီဈေးနှုန်းဈေးကွက်၊ ၂၀၁၄ ဇန္နဝါရီ ၂၆၊ myantrade > News and Events
- ↑ အာဏာသိမ်းစစ်တပ်၏ လက်နက်ထုတ်လုပ်ရေး လျှို့ဝှက်စက်ရုံများ ၊ ၂၀၂၂ ဩဂုတ် ၂ ၊ Myanmar Now News
- ↑ ဆိပ်ဖြူရှိ လေယာဉ်ဗုံးသီးစက်ရုံ အတိုက်ခံရပြီးနောက် လုံခြုံရေးတင်းကျပ်၊ ၂၀၂၄ ဧပြီ ၂၀၊ Myanmar Now News
- ↑ ဆိပ်ဖြူမြို့ ကင်မွန်းတောင့်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်၊ ကလေးများအပါအဝင် မိသားစုဝင် ၅ ဦး သေဆုံး၊ ၂၀၂၅ ဇန္နဝါရီ ၂၈ ၊ Myanmar Now News
- ↑ ဆိပ်ဖြူလျှပ်စစ်ဓာတ်အားခွဲရုံမှ လက်ဆယ်ကျေးရွာထိ၊ ပင်းတလဲကျေးရွာနှင့် ဆူးလေကုန်း ကျေးရွာထိမီးတိုင်၊ မီးကြိုးများသွယ်တန်းပြီးဖြစ်ပါ၍ မီးတိုင်၊ မီးကြိုးနှင့်နီးသော ကျေးရွာများအား လျှပ်စစ်မီးပေးနိုင်ခြင်း ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း၊ ၂၀၁၉ ဖေဖော်ဝါရီ ၂၈၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- Admin map, 2011, Myanmar Information Management Unit (MIMU) 16 August 2013 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- "Seikpyu Google Satellite Map" map of administrative area with listing of principal settlements, from Maplandia World Gazetteer
- "Seik Phyu Township - Magway Division"[လင့်ခ်သေ] map, 8 June 2010, Myanmar Information Management Unit (MIMU)