ရွှေဘိုခရိုင်

ဝီကီပီးဒီးယား မှ
ရွှေဘိုခရိုင်
ခရိုင်
စစ်ကိုင်းခရိုင်မှ ရွှေဘိုခရိုင်သို့ အဝင် ဆိုင်းဘုတ်
စစ်ကိုင်းခရိုင်မှ ရွှေဘိုခရိုင်သို့ အဝင် ဆိုင်းဘုတ်
စစ်ကိုင်းတိုင်းအတွင်းတည်​နေရာ
စစ်ကိုင်းတိုင်းအတွင်းတည်​နေရာ
ရွှေဘိုခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရွှေဘိုခရိုင်
ရွှေဘိုခရိုင်
စစ်ကိုင်းတိုင်းအတွင်းတည်​နေရာ
ကိုဩဒိနိတ်: 23°12′N 95°31′E / 23.200°N 95.517°E / 23.200; 95.517ကိုဩဒိနိတ်: 23°12′N 95°31′E / 23.200°N 95.517°E / 23.200; 95.517
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်း
မြို့နယ်ပေါင်း
မြို့တော်ရွှေဘိုမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ရွှေဘိုခရိုင် (အင်္ဂလိပ်: Shwebo District) သည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ခရိုင်တစ်ခုဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ ရွှေဘိုမြို့ဖြစ်သည်။

ပါဝင်သောမြို့နယ်များ[ပြင်ဆင်ရန်]

ရွှေဘိုခရိုင်မြို့နယ်များ
  ရွှေဘိုမြို့နယ်
  ဝက်လက်မြို့နယ်
  ခင်ဦးမြို့နယ်

ရွှေဘိုခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။

၂၀၂၂ခုနှစ် ဧပြီလတွင် ရွှေဘိုခရိုင်မှ ရေဦးမြို့နယ်တန့်ဆည်မြို့နယ်ဒီပဲယင်းမြို့နယ်များကို ခွဲထုတ်ကာ ရေဦးခရိုင်အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။[၁]

သမိုင်း​ကြောင်း[ပြင်ဆင်ရန်]

မူလရွှေဘိုခရိုင်တွင် ရွှေဘို၊ ရေဦးနှင့် ကန့်ဘလူနယ် သုံးနယ်သာ ပါဝင်၍ (၅,၇၁၄) စတုရန်းမိုင်မျှ ကျယ်ဝန်းသော မိုးကုတ်နယ်ကို ရွှေဘိုခရိုင်အတွင်းသို့ သွင်းခဲ့သည်။ ၁၉၅၆ ခုနှစ် ခန့်မှန်းခြေ အရမူ ရွှေဘိုခရိုင်၏ လူဦးရေသည် (၆၃ဝ,၁၄၈) ယောက် ရှိသည်ဟု ခန့်မှန်းကြသည်။ ရွှေဘိုခရိုင်အတွင်း ပါဝင်ခဲ့သော မြို့နယ် ၁ဝ ခုရှိရာ ယင်းတို့မှာ ရွှေဘို၊ ခင်ဦး၊ ဝက်လက်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ ဒီပဲယင်း၊ တန့်ဆည်၊ မိုးကုတ်နှင့် သပိတ်ကျင်းတို့ ဖြစ်သည်။ သို့သော် ၁၉၆၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ အစပြု၍ မိုးကုတ်နှင့် သပိတ်ကျင်းမြို့နယ် တို့ကို မန္တလေးခရိုင်အတွင်း သွတ်သွင်းခဲ့လေသည်။ ၂၀၁၄ခုနှစ် ဝန်းကျင်တွင်ရွှေဘိုခရိုင်တွင် ပါဝင်သော မြို့နယ်များမှာ ရွှေဘိုမြို့နယ်ခင်ဦးမြို့နယ်ဝက်လက်မြို့နယ်တန့်ဆည်မြို့နယ်ရေဦးမြို့နယ်ကန့်ဘလူမြို့နယ်ကျွန်းလှမြို့နယ်ဒီပဲယင်းမြို့နယ်၊ ကျောက်မြောင်းမြို့နယ်ခွဲတို့ဖြစ်သည်။၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရွှေဘိုခရိုင်ရှိ လူဦးရေမှာ ၁,၄၃၃,၃၄၃ ဖြစ်သည်။[၂]၂၀၁၅ခုနှစ်တွင် မြို့နယ်ခွဲများကို ဖျက်သိမ်းခဲ့သည်။ နောက်ပိုင်းတွင် ရွှေဘိုခရိုင်မှ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့အား ကန့်ဘလူခရိုင်အဖြစ်လည်းကောင်း၊ ရေဦးမြို့နယ်၊ တန့်ဆည်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ်တို့အား ရေဦးခရိုင်အဖြစ်လည်းကောင်း ပြောင်းလဲဖွဲ့စည်းခဲ့ရာ ရွှေဘိုခရိုင်တွင် မြို့နယ်သုံးခုသာ ကျန်ရှိသည်။

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

တည်နေရာနှင့်အကျယ်အဝန်း[ပြင်ဆင်ရန်]

ရွှေဘိုခရိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတွင် တည်ရှိသည်။

နယ်နိမိတ်[ပြင်ဆင်ရန်]

ရွှေဘိုခရိုင်၏ အရှေ့ဘက်တွင် ဧရာဝတီမြစ်ခြားလျက် မန္တလေးတိုင်းမှ အောင်မြေသာစံခရိုင်နှင့် သပိတ်ကျင်းခရိုင်၊ တောင်ဘက်တွင် စစ်ကိုင်းခရိုင်၊ အနောက်ဘက်တွင် [မုံရွာခရိုင်]နှင့် ရေဦးခရိုင်၊ မြောက်ဘက်တွင် ကန့်ဘလူခရိုင်တို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

ရွှေဘိုခရိုင်သည် အများအားဖြင့် ပြန့်ပြူးသော မြေမျက်နှာသွင်ပြင်ရှိသည်။ ခင်ဦးမြို့နယ်တွင် မင်းဝံတောင်ရိုးမှာ တောင်ကုန်များသဖွယ် တည်ရှိနေသည်။

ရေဆင်း[ပြင်ဆင်ရန်]

ရွှေဘိုခရိုင်သည် မြစ်၊ ချောင်း နည်းပါးသည်။ ဧရာဝတီမြစ်သည် ခရိုင်၏အရှေ့ဘက်ခြမ်းတွင် နယ်နိမိတ်အဖြစ်လည်းကောင်း၊ မူးမြစ်သည် ခရိုင်၏အနောက်ဘက်ခြမ်းတွင် နယ်နိမိတ်အဖြစ်လည်းကောင်း စီးဆင်းနေသည်။

လူဦးရေ[ပြင်ဆင်ရန်]

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းကောက်ယူချိန်တွင် ရွှေဘိုခရိုင်၌ ပါဝင်သောနယ်မြေများမှာ များပြားသဖြင့် ရွှေဘိုခရိုင်၏လူဦးရေမှာ (၁,၄၃၃,၃၄၃) ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် လူဦးရေအများဆုံးခရိုင်ဖြစ်သည်။ မြို့ပြတွင်နေထိုင်သူ (၁၇၈,၁၈၄)ဦးသာရှိပြီး မြို့ပြနေရာခိုင်နှုန်းမှာ ၁၂.၄ရာခိုင်နှုန်းဖြစ်သည်။ ရွှေဘိုခရိုင်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ချင်း၊ရှမ်း၊ ကရင်နှင့် ကချင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ ခရိုင်အတွင်း အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် အိန္ဒိယ၊တရုတ်၊ဘင်္ဂလားဒေ့ရှ်၊ပါကစ္စတန်နှင့် အခြားစသည့်လူမျိုးများလည်း နေထိုင်ကြသည်။

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
၂၀၁၄ ၁၄၃၃၃၄၃—    
Source: ၂၀၁၄ သန်းခေါင်စာရင်း

စီးပွားရေး[ပြင်ဆင်ရန်]

ရွှေဘိုခရိုင်သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စီးပွားရေးကောင်းမွန်သော ဒေသတစ်ခုဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ စပါးမှာ အဓိကထုတ်ကုန်ဖြစ်ပြီး ရွှေဘိုပေါ်ဆန်းကဲ့သို့သော စပါးများမှာ ပြည်တွင်းသာမက ပြည်ပသို့ပါ တင်ပို့နိုင်သည်။ ဆန်စပါးအပြင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံများလည်း တင်ပို့သည်။ ခရိုင်အတွင်း အခြားထင်ရှားသော သီးနှံများမှာ နှမ်း၊ မြေပဲ၊ ဝါ၊ ပြောင်းဖူး၊ ပြောင်းစေ့တို့ ဖြစ်သည်။ သဖန်းဆိပ်ဆည်၏ ဆည်ရေသောက်စနစ်ဖြစ်သော ကာဘိုးဆည်၊ ကင်းတပ်ဆည်တို့မှာ စိုက်ပျိုးရေးအတွက် လွန်စွာ အသုံးဝင်သည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

ရွှေဘိုခရိုင်သည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။ မန္တလေး- ရွှေဘိုလမ်းမှတဆင့် မန္တလေးမြို့သို့လည်းကောင်း၊ ရွှေဘို-ကျောက်မြောင်းမှတဆင့် ရတနာသိင်္ဃတံတားကိုဖြတ်၍ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်များသို့လည်းကောင်း၊ ရွှေဘို-ရေဦးလမ်းမှတဆင့် အိန္ဒိယနယ်စပ်အထိလည်းကောင်း သွားလာနိုင်သည်။ မန္တလေး- မြစ်ကြီးနားရထားလမ်းလည်း ဖြတ်သန်းသွားသည်။

ဧရာဝတီမြစ်သည် ရွှေဘိုခရိုင်၏ အရှေ့ဘက်နယ်နိမိတ် တစ်လျှောက် စီးဆင်း၍ ထိုအပိုင်းမှာ များသော အားဖြင့် ကျဉ်း၏။ မူးမြစ်သည် အထက်ဘက်မှမြစ်ဖျားခံလာ၍ ရွှေဘိုခရိုင်၏အ​နောက်မှ ဖြတ်စီးသည်။ မူးမြစ်သည် နွေရာသီတွင် အလွန်ရေနည်းသဖြင့် မြစ်တစ်လျှောက်လုံး ရေအနက်နှစ်ပေမှ လေးပေခန့်အထိသာ ရှိလေရာ အလွယ်တကူပင် ဖြတ်သန်း သွားလာနိုင်၏။

ထင်ရှားသော နေရာများ[ပြင်ဆင်ရန်]

ရွှေဘိုခရိုင်သည် နိုင်ငံသမိုင်းတွင် ထင်ရှားသော ခရိုင် တစ်ခု ဖြစ်၍ ခရိုင်အတွင်း အနှံ့အပြားပင် ထင်ရှားခဲ့သည့် နေရာများ၊ အဆောက်အအုံနှင့် စေတီပုထိုးများစွာ ရှိလေသည်။ အထူးသဖြင့် ရှေးက မြို့ကြီးများ ဖြစ်ခဲ့သော ဟန်လင်းကြီး၊ ရွှေဘို၊ စည်ပုတ္တရာ၊ စည်သာ၊ ဒီပဲယင်း၊ မြေဒူးခေါ် သန္တီ၊ ငါးရာနဲ (ငရဲ)၊ ထန်းတပင်၊ မလည်အရပ်များတွင် ရှေးဟောင်း စေတီပုထိုးနှင့် အဆောက်အအုံဟောင်းများ ပေါများ၍ အချို့မှာ ယခုတိုင် မပျက်မစီးဘဲ ထင်ရှားလျက်ရှိ၏။ ခရိုင်အတွင်းထင်ရှားသော စေတီပုထိုးများမှာ ရွှေဘိုမြို့မှ ရွှေတန်ဆာဘုရား၊ ဆိပ်ခွန်ရွာမှ အင်ကြင်းတောဘုရား၊ မြေဒူးမြို့မှ ရွှေဂူဘုရား၊ ကဗွက်မြို့မှ သီဟတောဘုရားတို့ ဖြစ်သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အမည်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း
  2. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၂။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)