ပုလဲမြို့နယ်

ဝီကီပီးဒီးယား မှ
ပုလဲမြို့နယ်
မြို့နယ်
ယင်းမာပင်ခရိုင်အတွင်းတည်နေရာ
ယင်းမာပင်ခရိုင်အတွင်းတည်နေရာ
စစ်ကိုင်းတိုင်းအတွင်း တည်နေရာ
စစ်ကိုင်းတိုင်းအတွင်း တည်နေရာ
ပုလဲမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပုလဲမြို့နယ်
ပုလဲမြို့နယ်
မြန်မာနိုင်ငံတွင်း တည်နေရာပြမြေပုံ
ကိုဩဒိနိတ်: 21°56′N 94°53′E / 21.933°N 94.883°E / 21.933; 94.883ကိုဩဒိနိတ်: 21°56′N 94°53′E / 21.933°N 94.883°E / 21.933; 94.883
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
ခရိုင်ယင်းမာပင်ခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ပုလဲမြို့
လူဦးရေ (၂၀၁၄)[၁]၁၄၄,၀၀၆
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ပုလဲမြို့နယ် သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးယင်းမာပင်ခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[၂]

ဒေသသမိုင်း[ပြင်ဆင်ရန်]

ပုလဲမြို့နယ်သည် ဗန့်ကျီတိုက်နယ်အတွင်း ပါဝင်ပြီး မြန်မာဘုရင်များ လက်ထက်က သာမန်ရွာကလေးမျှသာ တည်ရှိခဲ့သည်။ ၁၈၈၅ ခုနှစ် မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ် လက်အောက် ကျရောက်ခဲ့ပြီးနောက် ဗန့်ကျီ တိုက်နယ်လည်း ပါဝင်ခဲ့သည်။ (၉) နှစ်အကြာတွင် ၁၈၉၄ ခုနှစ်၊ အောက်ချင်းတွင်းခရိုင် ဖွဲ့စည်းဆောင်ရွက်ရာတွင် အရှေ့ဘက်တွင် ဆားလင်းကြီးမြို့နယ်၊ မြောက်ဘက်တွင် ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်၊ အနောက်ဘက်ကို အောက်ချင်းတွင်းခရိုင်အဖြစ် သတ်မှတ်ခဲ့သည်။ ထိုစဉ်က ဧရိယာ အကျယ်အဝန်းမှာ စတုရန်းမိုင် (၄၅၈) သာ ရှိသည်။ လွတ်လပ်ရေးရပြီး မြို့ပိုင်ရုံး ဖွင့်လှစ်၍ အုပ်ချုပ်ရေးကိစ္စများ ဆောင်ရွက်ခဲ့သည်။ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန (အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာန)၏ (၂၈-၇-၇၂) နေ့စွဲပါ အမိန့်အရ မြို့နယ်အဖြစ် သတ်မှတ်ခဲ့သည်။[၃]

တည်နေရာနှင့် အကျယ်အဝန်း[ပြင်ဆင်ရန်]

ပုလဲမြို့နယ်သည် အရှေ့လောင်ဂျီတွဒ် ၉၄° ၂၅' နှင့် ၉၄° ၅၅' ကြား၊ မြောက်လတ္တီတွဒ် ၂၁° ၁၈' နှင့် ၂၁° ၄၈' ကြားတွင် တည်ရှိသည်။ အရှေ့ဘက်တွင် ဆားလင်းကြီးမြို့နယ်၊ အနောက်ဘက်တွင် ဂန့်ဂေါမြို့နယ်၊ တောင်ဘက်တွင် မြိုင်မြို့နယ်နှင့် မြောက်ဘက်တွင် ယင်းမာပင်မြို့နယ်တို့နှင့် ထိစပ်နေသည်။ ပင်လယ်ရေမျက်နှာပြင်အမြင့် ၄၅၄ ပေတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ဧရိယာစတုရန်းမိုင်ပေါင်း ၆၁၂.၇၉၈ စတုရန်းမိုင်၊ ဧကအားဖြင့် ၃၉၂၂၉၈ ဧက ကျယ်ဝန်းသည်။ အရှေ့မှ အနောက်သို့ အကျယ်ဆုံးနေရာသည် ၃၁ မိုင်ရှိပြီး၊ တောင်မှမြောက်သို့ အကျယ်ဆုံးနေရာသည် ၁၉ မိုင် ရှိသည်။

ရပ်ကွက်/ကျေးရွာဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

မြို့/ရပ်ကွက်/ ကျေးရွာအုပ်စု ဖွဲ့စည်းထားရှိမှုအနေနှင့် ရပ်ကွက်ပေါင်း ၂ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၅၉ အုပ်စု၊ ကျေးရွာပေါင်း ၁၈၈ ရွာတို့ တည်ရှိသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပုလဲမြို့နယ်တွင် လူဦးရေ စုစုပေါင်း ၁၄၄, ၀၀၆ဦး နေထိုင်ပြီး ကျား ၆၆,၈၀၉ဦး၊ မ ၇၇,၁၉၇ဦး ဖြစ်သည်။[၁]

ရာသီဥတု[ပြင်ဆင်ရန်]

ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ရက်ပေါင်း ၅၀ ဝန်းကျင် မိုးရွာတတ်ပြီး မိုးရေချိန်လက်မ ၄၀ ခန့် ရရှိသည်။

အခြေခံအဆောက်အအုံ[ပြင်ဆင်ရန်]

ပုလဲမြို့တွင် အထက်တန်းကျောင်းပေါင်း (ကျောင်းခွဲများအပါအဝင်) ၁၀ ကျောင်း၊ အလယ်တန်းကျောင်းပေါင်း (ကျောင်းခွဲများအပါအဝင်) ၃၉ ကျောင်း၊ မူလတန်းကျောင်းပေါင်း ၁၂၆ ကျောင်း တည်ရှိသည်။ ကျန်းမာရေးကဏ္ဍတွင် မြို့နယ်ဆေးရုံ ၁ ရုံ၊ တိုက်နယ်ဆေးရုံ ၁ ရုံနှင့် ကျေးလက် ကျန်းမာရေးဌာန ၆ ခု ဖွင့်လှစ်ထားသည်။ ပုလဲမြို့တွင် ဘဏ်အနေဖြင့် မြန်မာ့စီးပွားရေးဘဏ် ၁ ခုသာလျှင် ရှိသည်။ ပုလဲမြို့တွင် လေကြောင်းလမ်း၊ ရေလမ်း၊ ရထားလမ်းများ မရှိပါ။ ပုလဲမြို့ရှိ အဓိကကားလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

လမ်းအမည် အရှည်။
မုံရွာ-ပုလဲ-ဂန့်ဂေါလမ်း ၄၃မိုင် ၄ဖာလုံ
ကျားတက်-ပုလဲလမ်း ၂မိုင် ၂ဖာလုံ
မြိုင်- ဗဟင်း- ခင်အေးဂန့်ဂေါလမ်း ၁၂မိုင် ၄ဖာလုံ

စီးပွားရေးနှင့် စိုက်ပျိုးရေး[ပြင်ဆင်ရန်]

ပုလဲမြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်း တည်ရှိပြီး စီးပွားရေးအရ အချက်အချာကျ၍ ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခုဖြစ်သည့်အပြင် ကုန်းလမ်းဖြစ်သည့် မုံရွာ- ပုလဲ- ဂန့်ဂေါ ကားလမ်းမကြီးပေါ်တွင် တည်ရှိပါသောကြောင့် လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်သော မြို့နယ်တစ်ခုဖြစ်သည်။

ပုလဲမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင် ဆောင်ရွက်ကြသည်။ ပုလဲမြို့ လူဦးရေ၏ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်မှု ရာခိုင်နှုန်းများမှာ- စိုက်ပျိုးရေး- ၄၆%, အရောင်းအဝယ်- ၄%, အစိုးရဝန်ထမ်း- ၃%, အခြားအသက်မွေးဝမ်းကြောင်းလုပ်ငန်း- ၃၃%, နေ့စားအလုပ်- ၁၄%တို့ ဖြစ်ကြသည်။

ဆည်များအနေနှင့် မြောက်ယမား၊ လှိုင်းချောင်းတမံ၊ မြောက်ယမား (ရေကူ)နှင့် ကန်ဒေါင့်ဆည်တို့ တည်ရှိသည်။ စိုက်ပျိုးသီးနှံများမှာ စပါးဖူးစားပြောင်းနှံစားပြောင်းပဲတီစိမ်းပဲတီစိမ်း (မိုးကြို)၊ စွန်တာပြာပဲစဉ်းငုံပဲယင်းမြေပဲနှမ်းနေကြာသစ်ဆိမ့်ဝါမျိုးစုံ၊ ထန်းကွမ်းငရုပ်စို (မိုး)၊ အုန်းငှက်ပျော စသည်တို့ စိုက်ပျိုးနိုင်သည်။ ပုလဲမြို့နယ်၏ အဓိကထွက်ကုန်မှာ ဂျုံကုလားပဲနှမ်းနေကြာစပါးဖြစ်ပြီး မုံရွာမြို့နှင့် ပခုက္ကူမြို့များသို့ အများဆုံး တင်ပို့ရောင်းချသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၄။
  2. "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)
  3. ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်။ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန။ 10 September 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၁ ဖေဖော်ဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။