ရမည်းသင်းမြို့နယ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ရမည်းသင်းမြို့နယ်
မြို့နယ်
Skyline of ရမည်းသင်းမြို့နယ်
ရမည်းသင်းမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရမည်းသင်းမြို့နယ်
ရမည်းသင်းမြို့နယ်
ကိုဩဒိနိတ်: 20°26′N 96°09′E / 20.433°N 96.150°E / 20.433; 96.150
နိုင်ငံ  မြန်မာ
တိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီး
ခရိုင် ရမည်းသင်းခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ ရမည်းသင်းမြို့
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း ၂၅၈,၀၉၁[၁]
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+6:30)

ရမည်းသင်းမြို့နယ် သည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးရမည်းသင်းခရိုင်တွင် ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ရမည်းသင်းမြို့ဖြစ်သည်။

   (က) မြို့နယ်တည်နေရာနှင့် အကျယ်အဝန်း


ရမည်းသင်းမြို့နယ်သည် မန္တလေးတိုင်းအတွင်းကျရောက်ပြီး တောင်ဘက်ပိုင်းတွင်ပါဝင်ပါသည် ။ အရှေ့လောင်ဂျီတွဒ် ( ၉၅ံ .၄၀'.၄၀" ) နှင့် ( ၉၆ ံ.၃၃'.၂၀ " ) အတွင်၌လည်းကောင်း ၊ မြောက်လတ္တီတွဒ် ( ၂၀ ံ.၃၁'.၄၅" ) နှင့် ( ၂၀ ံ.၃၆'.၀၀" ) တို့ အကြားတွင် တည်ရှိပါသည် ။


ရန်ကုန်မှ မြောက်သို့ ရထားလမ်း မိုင်တိုင် ( ၂၇၄ ၁/၂ ) မိုင် ၊ ကားလမ်းမိုင် ( ၂၉၉ ) မိုင် အကွာအဝေးတွင် ရမည်းသင်းမြွု့ တည်ရှိပါသည် ။


ရမည်းသင်းမြို့ အရှေ့ဘက်တွင် ပင်လောင်းမြို့နယ် ၊ တောင်ဘက်တွင် တပ်ကုန်းမြို့နယ် ၊ အနောက်ဘက်တွင် နတ်မောက်မြို့နယ် ၊ မြောက်ဘက်တွင် ပျော်ဘွယ်မြို့နယ် ၊ အရှေ့မြောက်ဘက်တွင် သာစည်မြို့နယ် နှင့် နယ်နိမိတ်ချင်း ထိစပ်နေပါသည် ။


ရမည်းသင်းမြို့နယ်မှာ အရှေ့ အနောက် ( ၅၃ ) မိုင် ၊ တောင် မြောက် ( ၂၈ ) မိုင် ကျယ်ဝန်းသည် ။ မြို့နယ်၏ အကျယ်အဝန်းမှာ ( ၅၃၅၆၂၆ ) ဧကဖြစ်၍ စတုရန်းမိုင် ( ၈၃၆.၉၁၅ ) မိုင် ကျယ်ဝန်းပါသည် ။


ဤမြို့သည် အရှေ့ လောင်ဂျီတွဒ် ( ၉၆ ံ . ၀၈" ) နှင့် မြောက်လတ္တီတွဒ် ( ၂၀ ံ . ၂၆ ' ) တွင် ရထားလမ်းနှင့် ကားလမ်းပေါ်၌ ကျရောက်ပါသည် ။


ရမည်းသင်းမြို့သည် ပင်လယ်ရေမျက်နှာပြင်ထက် ( ၆၅၄ ) ပေ မြင့်သည် ။

ရမည်းသင်းမြို့ပြ စည်ပင်သာယာရေး နယ်နိမိတ် အကျယ်အဝန်းမှာ ဧရိယာ ( ၁၁၆၀ )ဧကဖြစ်၍ စတုရန်းမိုင် ( ၁.၈၁၂ ) ကျယ်ဝန်းပါသည် ။

(ခ) မြေမျက်နှာသွင်ပြင်

ရမည်းသင်းမြို့နယ် အရှေ့ပိုင်းတွင် မြင့်မားသော တောင်ကုန်းများဖြင့် ရှမ်းရိုးမ တောင်တန်းတည်ရှိ၍ အလယ်ပိုင်းတွင် မင်းဝံ တောင်တန်း တည်ရှိသည် ။ အနောက်ပိုင်းတွင် သစ်တောကြိုးဝိုင်းများဖြင့် ပဲခူးရိုးမတောင်တန်း တည်ရှိသည် ။


ရှမ်းရိုးမ တောင်တန်းပေါ်တွင် နန်းခွဲ ၊ ဝါးဖြူတောင် နှင့် ဆင်တွင်း ကျောင်းကုန်း ကျေးရွာအုပ်စု ( ၃ ) အုပ်စု ရှိသည် ။

တောင်ကုန်း တောင်တန်းများမှအပ ကျန်ဒေသများမှာ သင့်တင့်စွာ ညီညာ ပြန့်ပြူးသော လွင်ပြင်ဒေသ ဖြစ်သည် ။


တောင်ကုန်းအများ အပြား ရှိသည့်အနက် ထင်ရှားသော တောင်ကုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည် ။

          ( ၁ ) ရွှေမြင်တင်တောင်         အမြင့်ပေ    ၁၁၀၆ '
          ( ၂ ) ကဗျာတောင်                အမြင့်ပေ    ၁၁၆၄ '
          ( ၃ ) ပက်လက်တောင်           အမြင့်ပေ    ၁၂၅၁'
          ( ၄ ) နတ်တောင်                  အမြင့်ပေ    ၁၄၀၂'
          ( ၅ ) ကျောက်ကြီးတောင်        အမြင့်ပေ    ၁၄၇၀'
          ( ၆ ) ဒေါင်းအင်းတောင်          အမြင့်ပေ    ၂၇၉၄'
          ( ရ ) ညောင်ကိုင်းတောင်        အမြင့်ပေ    ၂၈၂၀'
          ( ၈ ) အင်ပင်တောင်              အမြင့်ပေ    ၃၁၉၈'
          ( ၉ ) ကန်ကြီးတောင်              အမြင့်ပေ    ၃၉၁၀'
          (၁၀) စခန်းရတောင်               အမြင့်ပေ    ၃၉၃၀'
          (၁၁) ကောင်းကင်တောင်         အမြင့်ပေ    ၄၁၀၄'
          (၁၂) အိုးကွဲတောင်                အမြင့်ပေ    ၄၁၉၀'
          (၁၃) ကုန်းကြီးတောင်             အမြင့်ပေ    ၄၃၀၉'
          (၁၄) မက်မောတောင်             အမြင့်ပေ    ၄၃၄၀'
          (၁၅) မိုးထိတောင်                 အမြင့်ပေ    ၄၆၀၇'

မြို့နယ်အတွင်း တောင်တန်း အများအပြားရှိသည့်အနက် ထင်ရှားသော တောင်တန်းများမှာ အောက်ပါအတိုင်းဖြစ်သည် ။


မြို့နယ်၏ အရှေ့တောင်ပိုင်း တပ်ကုန်းမြို့နယ်နှင့် နယ်စပ်အနီးတွင် တည်ရှိသည် ။ ယင်းတောင်တန်းမှ စီးဆင်းသော ရေများသည် မဟာချောင်းထဲသို့ စီးဝင်သည် ။


ဖိုးသူတော်ရေေ၀ ခင်တန်းအနီးတွင် တည်ရှိသည် ။ ယင်းတောင်တန်းမှ စီးဆင်းသော ရေများသည် တောင်ချောင်းနှင့် မဟာ ချောင်းထဲသို့ စီးဝင်သည် ။

ပန်းတင် တောင်တန်း

ဖိုးသူတော်ရေေ၀ ခင်တန်း အနီးတွင် တည်ရှိသည် ။ ယင်းမှ စီးဆင်းသော ရေများသည် တောင်ချောင်းနှင့် မဟာချောင်းများထဲသို့ စီးဝင်သည် ။


ရေဦးရွာ၏ အရှေ့ဘက်တွင် တည်ရှိသည် ။ ယင်းတောင်ကျောအနောက်ဘက်မှ စီးဆင်းသောရေများသည် ဖိုးသူတော်ချောင်းနှင့် ကျောက်ဆည်ချောင်းများထဲသို့လည်းကောင်း ၊ မြောက်ဘက်မှ စီးဆင်းသောရေသည် ချောင်းဖျားချောင်းထဲသို့လည်းကောင်း ၊ အရှေ့ဘက်နှင့် တောင်ဘက်မှ စီးဆင်းသောရေသည် လက်ငယ်ချောင်းထဲသို့လည်းကောင်း အသီးသီး စီးဝင်သည် ။


မိုးထိတောင်၏အရှေ့ဘက်တွင် တည်ရှိသည် ။ ယင်းခင်တန်းတောင်ဘက်မှ စီးဆင်းသောရေသည် တောင်ချောင်းသို့ လည်းကောင်း ၊ မြောက်ဘက်မှ စီးဆင်းသောရေသည် ပေါင်းလောင်းချောင်းထဲသို့ လည်းကောင်း အသီးသီးစီးဝင်သည် ။


မြို့နယ်အလယ်ပိုင်း တောင်မှ မြောက်သို့ တန်းလျှက် နဘူးကျင်း ၊ ပဲ့ဆည် ၊ အလယ်ကုန်း ၊ မြို့လှ ၊ ပုတီးကုန်း ၊ မကျီးကုန်း ၊ ပေါက်အိုင် ၊ ကုတင် ၊ ရှေဒါး ဂွေးကုန်း ကျေးရွာ အုပ်စုများကို ဖြတ်သန်းကာ တည်ရှိသည် ။ ယင်းတောင်တန်းတွင် တောင်ကုန်းကလေးများ အများအပြားတည်ရှိ၍ အမြင့်ဆုံးတောင်ကုန်းမှာ ပေ ( ၁၀၃၄ )သာ မြင့်သည် ။


မြို့နယ်အနောက်ပိုင်းတွင် အထက်ဆင်သေကြိုးဝိုင်း ၊ လွှစင်ကြိုးဝိုင်း စသော သီးသန့် သစ်တောကြိုးဝိုင်းများရှိသည် ။ ယင်းသစ်တောကြိုးဝိုင်းများကို ဖြတ်သန်းကာ တောင်မြောက်တန်းလျှက်ရှိသည် ။ တောင်ကုန်းကလေးများ အများအပြား တည်ရှိသော်လည်း အမြင့်ဆုံးသော တောင်ကုန်းမှာ ပေ ( ၁၃၈ရ )သာ မြင့်သည် ။



မြစ်ချောင်း အင်းအိုင်များ


မြို့နယ်အတွင်း ထင်ရှား၍ကူးသန်းသွားလာရန် အသုံးချနိူင်သော မြစ်ချောင်းများ မရှိပါ ။ လယ်ယာ စိုက်ပျိုးရေးအတွက် အသုံးပြုနိူင်သော မြစ်ချောင်းငယ်များမှာ အောက်ပါအတိုင်း တည်ရှိပါသည် ။


မြို့၏ အနောက်မြောက်ပိုင်းနှင့် ပျော်ဘွယ်မြို့နယ်၏ အနောက်တောင်ပိုင်းတို့မှ ချောင်းငယ်ကလေးများဖြင့် ချောင်းဖျားခံပြီး မြို့နယ်အတွင်း ကန်ဦး ၊ သစ်ဆုံကြီး ၊ သိုက်မျှောင် ၊ အနောက်ဂွေးကုန်း ၊ ရွာတန်း လယ်သာ ၊ ရွာတန်း သဲကျွန်း ၊ အနောက်အုတ်ဖို ၊ တဘက္ကာ ကျေးရွာ အုပ်စုများကို ဖြတ်သန်းလျှက် ပျော်ဘွယ်မြို့နယ် မင်းတန်းကန်သို့ စီးဝင်သည် ။ (၁၉၅၉ / ၆၀) ခုနှစ်တွင် အနောက်ဂွေးကုန်းအုပ်စု အရှေ့စ၌ သစ်ဆုံ ရေလှောင်တမံ တည်ဆောက်ခဲ့သဖြင့် တမံအောက်ပိုင်းသို့ ချောင်းရေ စီးဆင်းမှု မရှိတော့ပါ ။


အင်းဘောင်ကျေးရွာ အုပ်စုအတွင်း မျှော်တောင်ချောင်းမှ ချောင်းဖျားခံလျှက် မြို့လှ ပုတီးကုန်း ၊ ကမ္မ ၊ ပေါက်အိုင် ၊ ကုတင် ၊ ရွှေဒါး ဂွေးကုန်း ၊ ရွှေဒါး သာစည် ၊ ဇီးတော်ပင် ချောင်းခွ ၊ ကန့်အောက် ၊ ဝါးတိုး ၊ ကန်ဘဲ့ ထနောင်းကုန်း ကျေးရွာအုပ်စုများကို ဖြတ်သန်းလျှက် ၀ကုန်းကျေးရွာအနောက်ဘက်မှ စမုံချောင်းထဲသို့ စီးဝင်သည် ။ ကုတင်ကျေးရွာအုပ်စု ၊ ဘုမ္မ အနီးတွင် ဘုမ္မ ရေလွှဲဆည် တည်ဆောက်ပြီး စီးဆင်းလာသော ရေများကို ကုတင်ကန်သို့ သွင်းယူသည် ။ ပိုလျှံရေများကို ရေလွှဲမှတဆင့် အောက်ပိုင်းသို့ စီးဆင်းစေသည် ။



( ၃ ) မြို့လှ ချောင်း


ပဲ့ဆည် ကျေးရွာအုပ်စု ၊ ပင်းစုတောင်ရွာအနီးမှ ချောင်းဖျားခံ၍ တောင်ဘက်သို့ စီးဆင်းကာ တပ်ကုန်းမြို့နယ်အတွင်း အလယ်ကျွန်းကျေးရွာအနီးမှ ဆင်သေချောင်းထဲသို့ စီးဝင်သည် ။


လွှဘုံသစ်တောကြိုးဝိုင်းအတွင်းရှိ အိုင်တိုကျေးရွာအုပ်စုအတွင်းမှ ချောင်းဖျားခံလျှက် တောင်ဘက်သို့ ပျားစည် ၊ ဆထ္တိုးကြီး ကျေးရွာအုပ်စုများကို ဖြတ်သန်းကာ တပ်ကုန်းမြို့နယ် ကျီးအင်းကျေးရွာအနီး ဆင်သေချောင်းထဲသို့ စီးဝင်သည် ။

( ၅ ) ကိုးကွေ့ ချောင်း


နတ်မောက်မြို့နယ်နှင့် အစပ်ရှိ ရမည်းသင်းမြို့နယ် လွှစင်ကျေးရွာအုပ်စုအတွင်းမှ ချောင်းဖျားခံ၍ အိုင်တို ၊ ဆထ္တိုးကြီး ကျေးရွာအုပ်စုများအတွင်း ဖြတ်သန်းကာ ဆထ္တိုးကြီးရွာ အရှေ့ဘက်မှ ပျားစည်ချောင်းအတွင်းသို့ စီးဝင်သည် ။


ကြေးနီကန် နံပါတ် (၂) လက်တန်မြောင်းမှ ချောင်းဖျားခံလျှက် ဆည်ကြီး ၊ သင်ပန်းကုန်း ၊ ငှက်သိုက် ၊ ဆူးတပ် ၊ ကန်ဘဲ့ ၊ ထနောင်းကုန်းကျေးရွာအုပ်စုများကို ဖြတ်သန်းကာ မြောက်ဘက် ပျော်ဘွယ်မြို့နယ် ကျောက်ဆည်ကန်ထဲသို့ စီးဝင်သည် ။


အင်တိုင်းကျေးရွာအုပ်စု ကင်းရွာ၏ အရှေ့မြောက်ဘက် ပေ (၃၀၀၀)ကျော် မြင့်သော တောင်ကုန်းမှ ချောင်းဖျားခံလျှက် အရှေ့မှ အနောက်သို့ စီးဆင်းကာ ကင်းရွာ ၊ အင်တိုင်းရွာ ၊ ပျဉ်ပြားရွာ ၊ မြင်းနားရွာ ၊ မါလီကုန်းရွာတို့ အနီးမှ ကြေးနီကန်ထဲသို့ စီးဝင်သည် ။

ဝါးဖြူတောင်ကျေးရွာအုပ်စု ၊ ချောင်းဖျားရွာ အနောက်ဖက် ပေ (၃၀၀၀)ကျော် မြင့်သော တောင်ကုန်းမှ ချောင်းဖျားခံလျှက် ချောင်းဖျားရွာ ၊ ဒါးသွေးရွာ ၊ အင်တိုင်းရွာ ၊ ပျဉ်ပြားရွာတို့ အနီးမှ အရှေ့မှ အနောက်သို့ စီးဆင်းကာ တန်ယားကြီးချောင်းသို့ပေါင်းပြီး မြောင်းမတော် မှတဆင့် ကြေးနီကန်သို့ စီးဝင်သည် ။

ပေ(၄၁၀၄)မြင့်သော ကောင်းကင်တောင်မှ ချောင်းဖျားခံသည့် ကျောက်စင်ချောင်းနှင့် ပေ(၃၀၀၀)ကျော်ဖြင့်သော တောင်ကုန်းမှ ချောင်းဖျားခံသော ဖိုးသူတော်ချောင်းတို့သည် ရေဦးရွာ၏ အရှေ့ဘက်အနီးတွင် ပေါင်းဆုံ၍ ချောင်းဖျားခံကာ စည်းခုံရွာ ၊ ဝါးတောရွာ ၊ ထိန်ကန်ရွာ ၊ ညောင်ပင်ကိုင်းရွာတို့အနီးမှ ဖြတ်သန်းလျှက် ကြေးနီကန်ထဲသို့ စီးဝင်သည် ။


ကြေးနီကန် နံပါတ်(၄) (၅) လက်တန်မြောင်းများမှ ချောင်းဖျားခံလျှက် မြောက်မှတောင်သို့ စီးဆင်းကာ ကန်ဆွယ် ၊ ဥသျှစ်ကုန်း ၊ ဇီးဖြူကုန်း ၊ ထီးလှိုင် ၊ တောင်ဘိ်ုကျေးရွာအုပ်စုများကို ဖြတ်သန်းလျှက် တပ်ကုန်းမြို့နယ် လေးအိမ်စုရွာအနီး ဆင်သေချောင်းအတွင်းသို့ စီးဝင်သည် ။

(၁၁) ရွှေမြင်တင် ချောင်း


အမြင့်ပေ(၂၄၉၀)ရှိ တောင်ကုန်းမှ ချောင်းဖျားခံလျှက် အရှေ့မြောက်မှ အနောက်တောင် ၊ ရွှေမြင်တင်တောင်ခြေသို့ လည်းကောင်း ၊ ၎င်းမှ အနောက်မြောက်သို့ လည်းကောင်း ၊ မြင်းနား ၊ သိမ်ကုန်း ၊ ထနောင်းကုန်း ကျေးရွာအုပ်စုများကို ဖြတ်သန်းလျှက် စည်ပင်သာရွာအနောက်ဘက်တွင် လယ်ကွင်းများအတွင်းသို့ စီးဝင်သည် ။

မြို့နယ်အတွင်း လယ်ယာ စိုက်ပျိုးရေးအတွက် လက်ရှိ အသုံးမပြုနိူင်သေးသော တောင်ပေါ်ဒေသရှိ ချောင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် ။


( ၁ ) ပေါင်းလောင်း ချောင်း


သာစည်မြို့နယ်နှင့် အစပ်ဖြစ်သော ရမည်းသင်းမြို့နယ် နန်းခွဲကျေးရွာအုပ်စု ၊ ချောင်းဖြူရွာ အနောက်ဘက်တောင်ကုန်းများမှ ချောင်းဖျားခံလျှက် မြောက်မှ တောင်သို့ စီးဆင်းသည် ။ တောင်ကုန်းအမှတ် ( ၂၄၄၉ ) မှ တောင်ဘက်သို့ တောင်ကုန်းအမှတ် ( ၁၂၃၀ ) အနီးအထိ ရမည်းသင်းနှင့် ပင်လောင်းမြို့နယ်အစပ်ချောင်းအဖြစ် စီးဆင်းကာ မဟာချောင်းနှင့် ပေါင်းပြီး ပင်လောင်းမြို့နယ်အတွင်းသို့ ဆက်လက်စီးဝင်သည် ။


( ၂ ) နန်းခွဲ ချောင်း


ပေ ( ၂၆၂၂ ) မြင့်သော နန်းခွဲရွာအနီးတွင် ချောင်းငယ်ကလေးများ ပေါင်းဆုံ ချောင်းဖျားခံ၍ နန်းခွဲ ချောင်းအဖြစ် အရှေ့မှ အနောက်သို့ စီးဆင်းကာ တောင်ကုန်းအမှတ် ( ၂၅၂၀ ) အနီးတွင် ပေါင်းလောင်းချောင်းသို့ စီးဝင်သည် ။

( ၃ ) ဝါးရုံကြီး ချောင်း


ပေ ( ၄၁၃၀ ) မြင့်သော တောင်ကုန်းအနီးမှ ချောင်းဖျားခံလျှက် တောင်မှ မြောက်သို့ စီးဆင်းကာ နန်းခွဲချောင်းသို့ စီးဝင်သည် ။


စခန်းရတောင် ( ၃၉၃၀ ) ပေ အနီးမှ ချောင်းဖျားခံလျှက် အနောက်မှ အရှေ့သို့ စီးဆင်းကာ ပေါင်းလောင်းချောင်းသို့ စီးဝင်သည် ။


ဖိုးသူတော် ရေဝေခင်တန်း၏ အနောက်ဘက် တောင်ကုန်းအမှတ် ( ၂၂၃၀ ) အနီးမှ ချောင်းငယ်များဖြင့် ချောင်းဖျားခံလျှက် အရှေ့တောင်သို့ စီးဆင်းကာ ပေါင်းလောင်းချောင်းသို့ စီးဝင်သည် ။

( ၆ ) တောင် ချောင်း


မက်မောတောင် ( ၄၃၄၀ ) ပေ အနီးမှ ချောင်းဖျားခံလျှက် အရှေ့တောင်သို့ စီးဆင်းကာ မဟာချောင်းသို့ စီးဝင်သည် ။


တောင်ကုနးအမှတ် ( ၂၃၆၀ ) အနီးမှ ချောင်းငယ်ကလေးများမှ ချောင်းဖျားခံကာ တပ်ကုန်းမြို့နယ်အတွင်း သစ်စိမ့်ပင် ၊ အုန်းပင် ၊ ညောင်ကိုင်းကျေးရွာအုပ်စုများသို့ ဖြတ်သန်းစီးဆင်းသည် ။


မြို့နယ်အတွင်း အင်း အိုင်များ မရှိပါ ။ ဆည်မြောင်းဦးစီးဌာနမှ တည်ဆောက် ထိမ်းသိမ်းလျှက်ရှိသော သစ်ဆုံ ရေလှောင်တမံ ၊ ကြေးနီကန် ၊ ကုတင်ကန် ၊ ဝါးတီးကန် တို့ကိုပင် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အင်းများအဖြစ် သတ်မှတ်ကာ အင်းခွန်များကောက်ခံလျှက်ရှိသည် ။


ရမည်းသင်းမြို့နယ်တွင် ဇလဗေဒ စခန်း ဖွင့်လှစ်ထားရှိခြင်း မရှိသေးပါ ။

( ဂ ) ရာသီဥတု


ရမည်းသင်းမြို့နယ်တွင် မိုးလေဝသ စခန်းဖွင့်လှစ်ထားရှိပါသည် ။ ရမည်းသင်းမြို့နယ်၏ ရာသီဥတု အခြေအနေမှာ နွေနှင့် မိုးရာသီများတွင် တောင်နှင့် အနောက်တောင် အရပ်များမှ လေတိုက်ခတ်၍ တစ်နာရီလျှင် ( ၃ ) မိုင်မှ ( ၂၀ ) မိုင်အထိ တိုက်ခတ်ပါသည် ။


ဆောင်းရာသီတွင် မြောက်နှင့် အရှေ့မြောက်အရပ်မှ လေများတိုက်ခတ်၍ တစ်နာရီလျှင် ( ၁ ) မိုင်မှ ( ၁၀ ) မိုင်အထိ တိုက်ခတ်တတ်ပါသည် ။


နွေရာသီတွင် အပူချိန်များမှာ ( ၁၀၄ ံ ဖါရင်ဟိုက် ) ( ၁၀၅ ံ ဖါရင်ဟိုက် ) နှင့် ( ၁၀၆ ံ ဖါရင်ဟိုက် ) အများဆုံးရှိ၍ ၊ ဆောင်းရာသီတွင် ( ၄၈ ံ ဖါရင်ဟိုက် )အထိ အေးတတ်ပါသည် ။


မြန်မာပြည် အလယ်ပိုင်း မိုးခေါင်ရေရှား ရပ်ဝန်းဒေသ ဖြစ်၍ တစ်နှစ်လုံး မိုးရေချိန် ( ၂၅ လက်မ မှ ၄၂ လက်မ ) အထိ ရွာသွန်းပါသည် ။ တစ်နှစ်လုံး (၄၅ ) ရက်မှ ( ရ၅ )ရက်အထိ မိုးရွာသွန်းတတ်ပါသည် ။


မုန်တိုင်း တိုက်ခတ်ခြင်းများ မရှိသော်လည်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းပြင်းထန်လာပါက ရမည်းသင်းမြို့နယ်တွင် လေသည် တစ်နာရီမိုင် ( ၂၀ ) မှ ( ၂၅ ) မိုင်ထိ တိုက်ခတ်တတ်ပါသည် ။ မိုးဦးရာသီနှင့် မိုးနှောင်းများတွင် ညနေပိုင်းအချိန်များ၌ လေပြင်းများ တိုက်ခတ်တတ်ပါသည် ။


( ဃ ) သဘာဝပေါက်ပင်

ဤမြို့နယ်တွင် သဘာဝပေါက်ပင်များမှာ ကျွန်း ၊ ပျဉ်းကတိုး ၊ ပိတောက် ၊ သစ်ရာ ၊ အင်ကြင်း ၊ ယင်းမာ ၊ ငု ၊ မျောက်ချော ၊ လယ်မာ ၊ ဖက်ဝင် ၊ ပစ်ကဇော် ၊ ရေမနေ ၊ ကညင် ၊ သစ်ကတိုး ၊ သပြေ ၊ ဒီဒူး ၊ သင်းဝံ ၊ ဖျောက်ဆိတ် ၊ ဖက်သန်း ၊ မဲရုံး ၊ ချဉ်ယုတ် ၊ သစ္စေး ၊ သရက် ၊ ဒဟတ် ၊ သစ်မာ ၊ အင် ၊ ရှားလိန် ၊ ကြို့ ၊ တယ် တို့ ဖြစ်ပါသည် ။


ဆေးဖက်ဝင် အပင်များမှာ ပရံနဝါ ၊ ဖွားဘက် ၊ ကင်းပုတ် ၊ ဖြူကြီး ၊ ငဖုံတေ ၊ ယင်းဖျား ၊ မိတ်သလင် ၊ လင်းနေ ၊ တောင်ထန်းကြီး ၊ သက်ရင်းကြီး ၊ သက်ရင်းကတိုး ၊ သက်ရင်းပုတ် ၊ ကျားမနိူင် ၊ ဝံအူ ၊ ရှဉ့်မတက် ၊ စိန်နဘော ၊ တောင်ချမ်း ၊ ကတက် ၊ ဆေးပုလဲ ၊ နွယ်ဖြူ ၊ ဆင်နွမ်းမနွယ် ၊ မြင်းခွာ ၊ ကန့်ကြုတ်နီ ၊ ဘုမ္မရာဇာ ၊ တောင်ပုလွေ ၊ ကတီ တို့ ဖြစ်ပါသည် ။


တွေ့ရှိရသော ပန်းပင်များမှာ ဇလပ် ၊ ခတ္တာ ၊ မြတ်လေး ၊ ရေငတ်ပန်း ၊ ငုရွှေ ၊ ငုစပ် စသည်တို့ဖြစ်ပါသည် ။


( င ) တွေ့ရှိရသော သတ္တဝါများ

တွေ့ရှိရသော သတ္တဝါများမှာ ကျား ၊ ဆင် ၊ ပြောင် ၊ စိုင် ၊ ဆတ် ၊ ကျားသစ် ၊ တောကြောင် ၊ ရစ် ၊ ခါ ၊ ငှက်ခါး ၊ ဒိန်းငှက် ၊ ကြက်တူရွေး ၊ သာလိကာ ၊ အောင်ချင်း ၊ အောင်လောင်း ၊ ဝရောင်းငှက် ၊ ဂျီ ၊ ယုံ ၊ ကျေး ၊ ငုံး ၊ ချိုး ၊ သိန်းငှက် ၊ ဇရက် ၊ ကျားမင်း စသည်တို့ဖြစ်ပါသည် ။


တွေ့ရှိရသော ရေသတ္တဝါများမှာ ငါးအမျိုးမျိုး ၊ ပုဇွန် ၊ တောလီဗျိုင်း ၊ ငါးရှဉ့် ၊ ဗျိုင်းအောက် ၊ ဝေသာလီဗျိုင်း စသည်တို့ ဖြစ်ပါသည် ။

ကိုးကား[ပြင်ဆင်ရန်]

  1. (မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၅၈။ 

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]