ထွန်းထွန်းဦး (တရားသူကြီးချုပ်)
ပြည်ထောင်စုရှေ့နေချုပ် အတွက် ထွန်းထွန်းဦး (ပြည်ထောင်စုရှေ့နေချုပ်) ကို ကြည့်ပါ။
ထွန်းထွန်းဦး | |
---|---|
ပြည်ထောင်စုတရားသူကြီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၃၀ မတ်လ ၂၀၁၁ | |
ခန့်အပ်သူ | ဦးသိန်းစိန် |
သမ္မတ | |
ယခင်လူ | ဦးအောင်တိုး |
ဒုတိယပြည်ထောင်စုတရားသူကြီးချုပ် | |
တာဝန်သက်တမ်း ၂၀၀၇ – ၂၀၁၁ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မြန်မာနိုင်ငံ | ၂၈ ဇူလိုင်၊ ၁၉၅၆
လူမျိုး | မြန်မာ |
ကြင်ဖော်(များ) | အေးအေးသိန်း |
ပညာရေး | B.A. (Law), LL.B (၁၉၇၉) ရန်ကုန်တက္ကသိုလ် |
အလုပ်အကိုင် | ရှေ့နေ |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
Commands | အနောက်တောင်တိုင်း (၁၉၈၁-၁၉၈၉) Major, Military Advocate General Office (1990-1994) |
ဦးထွန်းထွန်းဦး (၂၈ ဇူလိုင်၊ ၁၉၅၆ မွေးဖွား) သည် လက်ရှိ မြန်မာနိုင်ငံ၏ ပြည်ထောင်စုတရားသူကြီးချုပ် ဖြစ်သည်။ ပြည်ထောင်စုတရားသူကြီးချုပ်ကို နိုင်ငံတော် သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်ခြင်းဖြစ်သည်။[၁]
ပညာသင် ဘ၀[ပြင်ဆင်ရန်]
၁၉၇၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ B.A(Law) နှင့် LL.B ဥပဒေဘွဲ့များကို ရရှိခဲ့သည်။
ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]
ဥပဒေဘွဲ့ရရှိပြီးနောက် မြန်မာ့ တပ်မတော်တွင် တာဝန်ထမ်းဆောင်သည်။ ၁၉၉၄ ခုနှစ်အထိ စစ်ဥပဒေချုပ်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၀၇ ခုနှစ်တွင် ဒုတိယပြည်ထောင်စုတရားသူကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှ စတင်ကာ ပြည်ထောင်စုတရားသူကြီးချုပ်တာဝန် ထမ်းဆောင်နေသူဖြစ်သည်။[၂]