တမူးမြို့နယ်

ဝီကီပီးဒီးယား မှ
တမူးမြို့နယ်
Tamu
မြို့နယ်
တမူးမြို့နယ်​မြေပုံ
တမူးမြို့နယ်​မြေပုံ
စစ်ကိုင်းတိုင်းအတွင်းတည်​နေရာ
စစ်ကိုင်းတိုင်းအတွင်းတည်​နေရာ
တမူးမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
တမူးမြို့နယ်
တမူးမြို့နယ်
မြန်မာနိုင်ငံတွင်း တည်နေရာပြမြေပုံ
ကိုဩဒိနိတ်: 23°51′N 93°25′E / 23.850°N 93.417°E / 23.850; 93.417ကိုဩဒိနိတ်: 23°51′N 93°25′E / 23.850°N 93.417°E / 23.850; 93.417
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
ခရိုင်တမူးခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့တမူးမြို့
လူဦးရေ (၂၀၁၄)[၁]၅၉,၃၄၃
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

တမူးမြို့နယ် သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးတမူးခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[၂] တမူးမြို့နယ်သည် အိန္ဒိယနိုင်ငံနယ်စပ်ရှိ မြို့နယ်ဖြစ်ကာ တမူးမြို့ခမ်းပါတ်မြို့နှင့် မြို့သစ်မြို့တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ တမူးမြို့ ဖြစ်သည်။


တမူးမြို့နယ်တခုလုံးကို ကဘော်ဒေသဟုခေါ်တွင်ပါသည်။ တမူးမြို့ကို မြန်မာ သက္ကရာဇ် (၁၁၆၃) ခုနှစ်၊ တ‌ပေါင်းလဆန်း (၁၁) ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ ရှေးယခင်က တိုင်းလိုင် (ခေါ်) ရှမ်းနီ လူမျိုးများ အခြေချနေထိုင်ခဲ့၍ "ကပေါ်" ဒေသဟုခေါ်တွင်ရာမှ နောင်တွင် "ကဘော်"ဒေသဟု ခေါ်ဆိုလာခြင်း ဖြစ်သည်။ ကလေးမြိုနယ် ဖက်ယားရေရှင်ကျေးရွာ၊ တမူးမြိုနယ် စော်ဘွားရေရှင်ကျေးရွာမှ တမူးမြို့အထိ အထက်ကဘော်ဒေသဟု ခေါ်၍ တမူးမြို့နယ်၊ မြို့သစ်မြို့မှ အောင်ဇေယျကျေးရွာမြောက်ပိုင်း နန်းအောက်မော်ရွာအထိ ကဘော်ချိုင့်ဝှမ်းဒေသ ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၃။
  2. "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)