ကော့ကရိတ်ခရိုင်

ဝီကီပီးဒီးယား မှ
ကော့ကရိတ်ခရိုင်
ကရင်ပြည်နယ်အတွင်းရှိ ခရိုင်
ကရင်ပြည်နယ်အတွင်းတည်နေရာ
ကရင်ပြည်နယ်အတွင်းတည်နေရာ
ကော့ကရိတ်ခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကော့ကရိတ်ခရိုင်
ကော့ကရိတ်ခရိုင်
ကရင်ပြည်နယ်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 16°01′N 98°16′E / 16.017°N 98.267°E / 16.017; 98.267ကိုဩဒိနိတ်: 16°01′N 98°16′E / 16.017°N 98.267°E / 16.017; 98.267
နိုင်ငံ မြန်မာ
ပြည်နယ် ကရင်
မြို့နယ်ပေါင်း
မြို့တော်ကော့ကရိတ်မြို့
လူဦးရေ (၂၀၁၄)၄၇၄,၀၈၉[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ကော့ကရိတ်ခရိုင် (ကရင်: ကီၢ်ကရံၣ်ကီၢ်ရ့ၢ်အင်္ဂလိပ်: Kawkareik District) သည် ကရင်ပြည်နယ်တွင် ပါဝင်သော ခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ ကော့ကရိတ်မြို့ဖြစ်သည်။

ပါဝင်သောမြို့နယ်များ[ပြင်ဆင်ရန်]

ကော့ကရိတ်ခရိုင်မြို့နယ်များ
  ကော့ကရိတ်မြို့နယ်
  ကြာအင်းဆိပ်ကြီးမြို့နယ်

ကော့ကရိတ်ခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။[၂]

၂၀၂၁ခုနှစ် ဧပြီလတွင် ကြာအင်းဆိပ်ကြီးမြို့နယ်ကို ကြာအင်းဆိပ်ကြီးခရိုင် အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။[၃]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကော့ကရိတ်နယ်ဒေသသည် ရန္တပိုစာချုပ်အရ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင် အင်္ဂလိပ်တို့လက်ထဲပေးလိုက်ရသည်။ ထို့နောက် တနင်္သာရီတိုင်း (ယခုမွန်ပြည်နယ်) ကျိုက္ခမီခရိုင် (ယခုမော်လမြိုင်ခရိုင်)တွင် ပါဝင်ခဲ့သည်။ ထိုခရိုင်မှ ဟောင်သရောမြို့နယ်တွင် ကော့ကရိတ်မြို့နှင့် ကြာအင်းဆိပ်ကြီးမြို့တို့ ပါဝင်သည်။၁၉၀၁ခုနှစ်တွင် ဟောင်သရောမြို့နယ်အား ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့အဖြစ် ခွဲခြားခဲ့သည်။ ကရင်ပြည်နယ်ဖွဲ့စည်းပြီးနောက် ၁၉၅၂ ကရင်ပြည်နယ်တိုးချဲ့သတ်မှတ်ရေးဥပဒေအရ ကျိုက္ခမီခရိုင်မှ ကော့ကရိတ်နှင့် ကြာအင်းမြို့နယ်တို့မှာ ကရင်ပြည်နယ်တွင် ပါဝင်လာခဲ့သည်။ သို့သော် စစ်ပွဲများကြောင့် ၁၉၅၃ခုနှစ်ကုန်အထိ သမ္မတ၏ကြေညာချက် မထုတ်နိုင်သေးပဲ ပြည်နယ်အစိုးရလက်အောက်သို့ နယ်မြေများအားလုံး မရောက်ရှိသေးပေ။၁၉၅၄ခုနှစ်တွင်မှ ဘားအံခရိုင်တွင် ကော့ကရိတ်နယ်အဖြစ် ပါဝင်လာခဲ့သည်။၁၉၉၅ခုနှစ်တွင် ဘားအံခရိုင်ရှိ ကော့ကရိတ်နယ်အား ကော့ကရိတ်ခရိုင်အဖြစ် တိုးမြှင့်ခဲ့ရာ ကော့ကရိတ်နယ်တွင် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ ပါဝင်သည်။[၄][၅]

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

နယ်နိမိတ်[ပြင်ဆင်ရန်]

မြောက်ဘက်တွင် ဘားအံခရိုင်၊ အရှေ့ဘက်တွင် မြဝတီခရိုင်နှင့် ထိုင်းနိုင်ငံမှ တက်ခ်ပြည်နယ်၊ တောင်ဘက်တွင် ထိုင်းနိုင်ငံမှ ကန်ချနဘူရီပြည်နယ်၊ အနောက်ဘက်တွင် မွန်ပြည်နယ်မှ မော်လမြိုင်ခရိုင်တို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

ကော့ကရိတ်ခရိုင်သည် တောင်ကုန်းတောင်တန်းများ ထူထပ်များပြားသည်။ အရှေ့ဘက်တွင် ဒေါနတောင်တန်းနှင့် တောင်စွယ်များ တည်ရှိသည်။

ရေဆင်း[ပြင်ဆင်ရန်]

ကော့ကရိတ်ခရိုင်အတွင်း ဂျိုင်းမြစ်ဟောင်သရောမြစ်၊ ဒေါ်လန်းမြစ် စသည်တို့ စီးဆင်းနေသည်။ သောင်သရောမြစ်သည် ဒေါနတောင်တန်းများမှ စီးဆင်းလာကာ ခရိုင်အတွင်း တောင်မှမြောက်သို့ စီးဆင်းနေသည်။ ထို့နောက် ကျုံဒိုးမြို့အနီးတွင် ဂျိုင်းမြစ်အတွင်း စီးဝင်သည်။ဇမိမြစ်နှင့် ဝင်း​ရော်မြစ်တို့မှာ မွန်ပြည်နယ်နှင့်အစပ်တွင် ​ပေါင်းဆုံပြီး အတ္ထရံမြစ်အဖြစ် စီးဆင်းသွားသည်။

လူဦးရေ[ပြင်ဆင်ရန်]

၂၀၁၄သန်းခေါင်စာရင်းအရ ကော့ကရိတ်ခရိုင်တွင် လူဦးရေ ၄၇၅,၁၉၁ဦးဖြစ်သည်။ အမျိုးသား ၂၃၁,၂၁၀၊ အမျိုးသမီး ၂၄၃,၉၈၁ ဖြစ်သည်။ မြို့ပြတွင် ၈၂,၈၆၁ဦး နေထိုင်ကြပြီး မြို့ပြနေလူဦးရေမှာ ၁၇.၄ရာခိုင်နှုန်းဖြစ်သည်။ ကရင်ပြည်နယ်ရှိ ခရိုင်(၄)ခုတွင် ဒုတိယမြောက် လူဦးရေအများဆုံးဖြစ်သည်။ကရင်လူမျိုးများ အများဆုံးနေထိုင်ကြပြီး ဗမာနှင့် မွန်လူမျိုးများ ဒုတိယအများဆုံး နေထိုင်ကြသည်။ ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြသည်။

စီးပွားရေး[ပြင်ဆင်ရန်]

ကော့ကရိတ်ခရိုင်သည် ကရင်ပြည်နယ်အတွင်းရှိ စီးပွားရေးအသင့်အတင့်ကောင်းမွန်သော ဒေသဖြစ်သည်။ ခရိုင်နေပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ ရှောက်သီး၊ သံပရာသီး၊ ကွမ်းသီး၊ ဒူးရင်းသီး၊ ဝဥ၊ ပျားရည်၊ ရာဘာတို့ကို အဓိက ထုတ်လုပ်သည်။

ပို့ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

ကော့ကရိတ်ခရိုင်သည် ကုန်းလမ်းများဖြင့် သွားလာနိုင်သည်။ ကော့ကရိတ်မြို့နယ်သည် အာရှအဝေးပြေးလမ်းမကြီး၏ မြဝတီ-ဘားအံလမ်းပိုင်း ပေါ်တွင် တည်ရှိသည်။ ခရိုင်အတွင်း ဘုရားသုံးဆူလမ်းမှာလည်း ထင်ရှားသည်။ ဘုရားသုံးဆူမြို့မှနေ၍ ထိုင်းနိုင်ငံဘက်သို့ သွားလာနိုင်သည်။

ပညာရေး[ပြင်ဆင်ရန်]

၂၀၁၄သန်းခေါင်စာရင်းအရ ကော့ကရိတ်ခရိုင်၏ စာတတ်မြောက်နှုန်းမှာ ၆၇.၄ရာခိုင်နှုန်းဖြစ်သည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

ကော့ကရိတ်မြို့နယ်တွင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ (၂၅)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ တစ်ရုံ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံတစ်ရုံ၊ ခလယ် - တံခွန်တိုင် တိုက်နယ်ဆေးရုံ အပါအဝင် (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ (၂၅)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ တစ်ရုံတို့ တည်ရှိသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၁၆၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 26, 2015 တွင် ပြန်စစ်ပြီး
  2. မြန်မာ သတင်းအချက်အလက် စီမံခန့်ခွဲမှုဌာန။ 1 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2015 တွင် ပြန်စစ်ပြီး။
  3. ကရင်ပြည်နယ်အတွင်းရှိ ခရိုင်အမည်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၇)