ကလောမြို့နယ်

ဝီကီပီးဒီးယား မှ
ကလောမြို့နယ်
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်
ရှမ်း​တောင်တန်းများ
ရှမ်း​တောင်တန်းများ
တောင်ကြီးခရိုင်အတွင်းတည်နေရာ
တောင်ကြီးခရိုင်အတွင်းတည်နေရာ
ကလောမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကလောမြို့နယ်
ကလောမြို့နယ်
တောင်ကြီးခရိုင်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 20°37′N 96°33′E / 20.617°N 96.550°E / 20.617; 96.550
နိုင်ငံ မြန်မာ
ပြည်နယ် ရှမ်း
ခရိုင်ကလောခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ကလောမြို့
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၁၈၆,၀၈၃
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ကလောမြို့နယ် (အင်္ဂလိပ်: Kalaw Townshipရှမ်း: ၵၢတ်ႇလေႃႉ၊ ၸႄႈဝဵင်း) သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောခရိုင်တွင် ပါဝင်သော မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ကလောမြို့ဖြစ်သည်။

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

နယ်နိမိတ်[ပြင်ဆင်ရန်]

ကလောမြို့နယ်၏ မြောက်ဘက်တွင် ရပ်စောက်မြို့နယ်နှင့် ပင်းတယမြို့နယ်၊ အရှေ့ဘက်တွင် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်၊ တောင်ဘက်တွင် ပင်လောင်းမြို့နယ်၊ အနောက်ဘက်တွင် မန္တလေးတိုင်းမှ ရမည်းသင်းမြို့နယ်နှင့် သာစည်မြို့နယ်တို့ တည်ရှိသည်။ ကလောမြို့နယ်တွင် ကလောမြို့အောင်ပန်းမြို့ နှင့် ဟဲဟိုးမြို့တို့ ပါဝင်ဖွဲ့စည်းသည်။

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

ကလောမြို့နယ်သည် တောင်ကုန်းတောင်တန်းပေါများသော မြို့နယ်ဖြစ်ကာ သစ်တောများ ဖုံးလွှမ်းနေသည်။ ထို့အပြင် လျှိုမြောင်ချိုင့်ဝှမ်း ပေါများသည်။ ဟဲဟိုးမြို့ဝန်းကျင်တွင် ချိုင့်ဝှမ်းလွင်ပြင်အဖြစ် တည်ရှိသည်။

ထင်းရှူးပင်များ

ရေဆင်း[ပြင်ဆင်ရန်]

ကလောမြို့နယ်သည် နေရာဒေသအလိုက် မြစ်ချောင်းအင်းအိုင်များ တည်ရှိသည်။ ကလောမြို့အနောက်မြောက်ဘက်ရှိ မကွေချောင်းသည် ရွာငံမြို့နယ်သို့ စီးဆင်းကာ ပေါင်းလောင်းမြစ်အတွင်း စီးဝင်သည်။ တောင်လားချောင်းသည် ကလောမြို့လယ်မှ စီးဆင်းကာ ပင်လောင်းမြို့နယ်တွင် ဘီလူးချောင်းအတွင်း စီးဝင်သည်။ ကလောမြို့အနီးတွင် ရေထွက်များရှိသည်။

လူဦးရေ[ပြင်ဆင်ရန်]

ကလောမြို့နယ်တွင် တိုင်းရင်းသားများစွာ စုစည်းနေထိုင်ကြသည်။ ကလောမြို့နယ်တွင် နေထိုင်ကြသော တိုင်းရင်းသားများအနက် ဓနုလူမျိုးများ အများဆုံး နေထိုင်ကြသည်။ ထို့နောက် ပအိုဝ်းလူမျိုးတောင်ရိုးလူမျိုးဗမာလူမျိုးများ အစဉ်လိုက် များပြားစွာ နေထိုင်ကြသည်။ ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြသည်။

က​လောမြို့နယ်ရှိ တိုင်းရင်းသားလူမျိုးများ

စီးပွားရေး[ပြင်ဆင်ရန်]

ကလောမြို့နယ်သည် တောင်ကြီးခရိုင်အတွင်းရှိ စီးပွားရေးအချက်အခြာကျသော မြို့နယ်ဖြစ်သည်။ ရှမ်းပြည်နယ်၏ စီးပွားရေးမြို့ဖြစ်သော အောင်ပန်းမြို့သည် ကလောမြို့နယ်တွင် တည်ရှိသည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ အားလူး၊ ကြက်သွန်ဖြူ၊ ချင်း၊ ခရမ်းချဉ်သီး၊ ဂေါ်ရခါး၊ လိမ္မော်သီး စသည်တို့ထွက်ရှိသည်။ ပွဲရုံလုပ်ငန်း လုပ်ကိုင်သူများလည်းရှိသည်။ ခရီးသွားလုပ်ငန်းဖြစ်ထွန်းသဖြင့် ခရီးသွားလုပ်ငန်းနှင့် အသက်မွေးသူများလည်း ရှိသည်။

က​လော​ဈေး
​ဂေါ်ဖီစိုက်ခင်း

ပို့ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

ကလောမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။ အမှတ် (၂) အာရှအဝေးပြေးလမ်းမကြီး၏ မြန်မာနိုင်ငံအပိုင်းဖြစ်သော အမှတ် (၄) အမျိုးသားအဝေးပြေးလမ်းမကြီးသည် မြို့နယ်တွင်းရှိ မြို့များကို ဖြတ်သန်းသွားသည်။ ကလောမြို့မှ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းသို့လည်းကောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းသို့လည်းကောင်း၊ အောင်ပန်းမြို့မှ မြန်မာနိုင်ငံ အထက်ပိုင်းသို့လည်းကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းသို့လည်းကောင်း ကားလမ်းများဖြင့် ဆက်သွယ်နိုင်သည်။ မန္တလေးတိုင်း သာစည်မြို့မှ ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့များကို ဖြတ်သန်းကာ တောင်ကြီးမြို့အနီးထိ ရထားလမ်းရှိသည်။ ထို့အပြင် သာစည်-လွိုင်ကော်ရထားသည်လည်း ကလောမြို့ကို ဖြတ်သန်းသွားသည်။ ထိုရထားများကို စီးပွားဖြစ်စီးနင်သူများ ရှိသကဲ့သို့ အပျော်တမ်းစီးနင်သူများလည်း ရှိတတ်သည်။ တောင်ကြီးမြို့အတွက် အဓိကလေဆိပ်ဖြစ်သော ဟဲဟိုးလေဆိပ်သည် ကလောမြို့နယ်တွင် တည်ရှိသည်။

အမှတ် (၄) အမျိုးသားအ​ဝေး​ပြေး
က​လောဘူတာ

ပညာရေး[ပြင်ဆင်ရန်]

အခြေခံပညာ[ပြင်ဆင်ရန်]

အထက[ပြင်ဆင်ရန်]

အထက်တန်းကျောင်း (၁၀)ကျောင်းရှိသည်။

  • အထက (၁)

  • အထက (၂)
  • အထက (၃)
  • အထက (၄)
  • အထက (၅)
  • အထက (၆)
  • အထက (၇)
  • အထက (၈)
  • အထက နန်းတိုင်း
  • အထက (၁၀)

အလက[ပြင်ဆင်ရန်]

အထက (ခွဲ)နှင့် အလကကျောင်း (၂၆)ကျောင်းရှိသည်။

အမက[ပြင်ဆင်ရန်]

မူလတန်း၊ မူလွန်၊ အလယ်တန်းခွဲ (၁၆၅)ကျောင်းရှိသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

ကလောမြို့တွင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ၊ အောင်ပန်း၊ ဟဲဟိုး၊ ဘော်ဆိုင်းတို့တွင် (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံများရှိသည်။ ထို့အပြင် ရှမ်းပြည်နယ်အတွင်းရှိ အကြီးဆုံးစစ်ဆေးရုံဖြစ်သော အမှတ်(၂) တပ်မတော်ဆေးရုံ (ကုတင် ၇၀၀)သည် အောင်ပန်းမြို့အနီးတွင် တည်ရှိသည်။

က​လော​ဆေးရုံ

ကိုးကား[ပြင်ဆင်ရန်]