မာတိကာသို့ ခုန်သွားရန်

ဖလမ်းခရိုင်

ဝီကီပီးဒီးယား မှ
ဖလမ်းခရိုင်
ချင်းပြည်နယ်အတွင်းရှိ ခရိုင်
ချင်းပြည်နယ်အတွင်းတည်နေရာ
ချင်းပြည်နယ်အတွင်းတည်နေရာ
ဖလမ်းခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဖလမ်းခရိုင်
ဖလမ်းခရိုင်
ချင်းပြည်နယ်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 22°55′00″N 93°41′00″E / 22.91667°N 93.68333°E / 22.91667; 93.68333ကိုဩဒိနိတ်: 22°55′00″N 93°41′00″E / 22.91667°N 93.68333°E / 22.91667; 93.68333
နိုင်ငံ မြန်မာ
ပြည်နယ် ချင်း
မြို့နယ်ပေါင်း
မြို့တော်ဖလမ်းမြို့
လူဦးရေ (၂၀၁၄)၁၆၇,၈၀၆[]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ဖလမ်းခရိုင် (အင်္ဂလိပ်: Falam District) သည် ချင်းပြည်နယ်တွင် ပါဝင်သောခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ ဖလမ်းမြို့ဖြစ်သည်။

ပါဝင်သောမြို့နယ်များ

[ပြင်ဆင်ရန်]
ဖလမ်းခရိုင်မြို့နယ်များ
  ဖလမ်းမြို့နယ်

ဖလမ်းခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။

ယခင်က ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်တို့မှာ ဖလမ်းခရိုင်တွင် ပါဝင်ခဲ့သော်လည်း ၂၀၁၂ ခုနှစ် ဇွန် ၁ ရက်နေ့တွင် ပြုလုပ်သည့် ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးမှ ယင်းနှစ်မြို့နယ်ကို ဟားခါးခရိုင် အဖြစ် အသစ် ဖွဲ့စည်းခဲ့သည်။[][] ၂၀၂၂ခုနှစ်တွင် တီးတိန်နှင့် တွန်းဇံမြို့နယ်များကို ခွဲထုတ်၍ တီးတိန်ခရိုင်ဟု ဖွဲ့စည်းခဲ့ရာ ဖလမ်းခရိုင်တွင် ဖလမ်းမြို့နယ်သာ ကျန်ရှိ​တော့သည်။[]

ပထဝီဝင်အနေအထား

[ပြင်ဆင်ရန်]

နယ်နိမိတ်

[ပြင်ဆင်ရန်]

မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်၊ အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းရှိ တမူးခရိုင်နှင့် ကလေးခရိုင်၊ တောင်ဘက်တွင် ဟားခါးခရိုင်၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်

[ပြင်ဆင်ရန်]

ဖလမ်းခရိုင်တွင် ပေ(၃၀၀၀)မှ ပေ(၈၀၀၀)ကျော်မြင့်သော တောင်ကုန်းတောင်စွယ်များ တည်ရှိကာ ၎င်းတို့အကြားတွင် ဗွီ(V) ပုံသဏ္ဌာန် ချိုင့်ဝှမ်းများတည်ရှိသည်။ တီးတိန်နယ်ရှိ သီရိဥတ္တမတောင်မှာ ပေပေါင်း(၈၈၇၁)ပေ မြင့်သည်။ တွန်းဇံနယ်အရှေ့ပိုင်းရှိ နတ်မြောင်းကြိုးဝိုင်းတွင် မြေပြန့်အနည်းငယ်ရှိသည်။

ရေဆင်း

[ပြင်ဆင်ရန်]

တောင်ကုန်း၊ တောင်တန်းများအကြားတွင် မြစ်၊ချောင်းများ စီးဆင်းနေလေ့ရှိသည်။ တီးတိန်နယ်အတွင်း မဏိပူရ်မြစ်သည် မြောက်မှတောင်သို့ စီးဆင်းနေသည်။

လူဦးရေ

[ပြင်ဆင်ရန်]

၂၀၁၄သန်းခေါင်စာရင်းအရ ဖလမ်းခရိုင်၏ လူဦးရေမှာ ၁၆၇,၅၇၈ ဖြစ်ကာ ကျား ၈၁,၂၄၂ နှင့် မ ၈၆၃၃၆ ဖြစ်သည်။ ဖလမ်းခရိုင်တွင် တီးတိန်မြို့နယ်မှာ လူနေအထူထပ်ဆုံးဖြစ်သည်။ မြို့ပြတွင် ၃၁,၃၇၅ဦးနေထိုင်ကာကျေးလက်တွင် ၁၃၆,၂၀၃ဦး နေထိုင်ကြသည်။ မြို့ပြနေရာခိုင်နှုန်းမှာ ၁၈.၇ရာခိုင်နှုန်းဖြစ်သည်။

စီးပွားရေး

[ပြင်ဆင်ရန်]

ဖလမ်းခရိုင်သည် ချင်းပြည်နယ်အတွင်းရှိ စီးပွားရေးအသင့်အတင့်ကောင်းမွန်သော ခရိုင်ဖြစ်သည်။ ခရိုင်အတွင်းနေပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ပန်းသီး၊ လိမ္မော်၊ ကော်ဖီများ စိုက်ပျိုးကြပြီး ကလေးမြို့သို့ တင်ပို့ကြသည်။ တွန်းဇံမြို့နယ်ရှိ ရိဒ်ခေါဒါရ်တွင် အိန္ဒိယနှင့် ကုန်သွယ်လမ်းကြောင်းရှိသည်။

ပို့ဆောင်ဆက်သွယ်ရေး

[ပြင်ဆင်ရန်]

ချင်းပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေးအရ ခက်ခဲခဲ့သော ပြည်နယ်ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေးများ အတော်အသင့်ကောင်းမွန်လာပြီဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲ​နေဆဲဖြစ်သည်။ ချင်းပြည်နယ်၏ ပထမဆုံးလေဆိပ်ဖြစ်သည့် ဆူရ်ဘုန်လေဆိပ်မှာ ဖလမ်းမြို့တွင် ၂၀၂၀ပြည့်နှစ်အတွင်းက တည်ဆောက်ပြီးစီးပြီဖြစ်သည်။[]ခရိုင်အတွင်း ရဟတ်ယာဉ်ကွင်းများလည်း တည်ရှိသည်။ ကလေးမြို့သို့ အဝေးပြေးယာဉ်များ ပုံမှန်ပြေးစွဲလျက်ရှိကာ ထိုမှနေ၍ ကျန်သောပြည်နယ်၊တိုင်းများသို့ သွားလာနိုင်သည်။ ခရိုင်အတွင်းရှိ မြို့များသို့ မော်တော်ကားလမ်းဖြင့် ဆက်သွယ်သွားလာနိုင်သည်။

ပညာရေး

[ပြင်ဆင်ရန်]

၂၀၁၄သန်းခေါင်စာရင်းအရ ဖလမ်းခရိုင်တွင် အသက်(၁၅)နှစ်နှင့်အထက် အိမ်ထောင်စုများတွင် စာတတ်မြောက်သူရာခိုင်နှုန်း ၈၇.၄%ရှိသည်။

ကျန်းမာရေး

[ပြင်ဆင်ရန်]

ဖလမ်းမြို့နယ်တွင် ကုတင် (၂၀၀)ဆံ့ ခရိုင်ဆေးရုံ၊ (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ တီးတိန်မြို့နယ်တွင် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ၊ (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ တွန်းဇံမြို့နယ်တွင် (၂၅)ကုတင်ဆံ့ မြို့နယ်ဆေးရုံနှင့် (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံတို့ တည်ရှိကြသည်။ ထို့အပြင် ကျေးရွာများတွင် ကျေးလက်ကျန်းမာရေးဌာနခွဲများရှိသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၁၇၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 26, 2015 တွင် ပြန်စစ်ပြီး
  2. "တီးတိန်မြို့ကို ခရိုင်အဆင့် မတိုးမြှင့်လို့ ဒေသခံတွေ ဆန္ဒပြ" 15 October 2021 တွင် ပြန်စစ်ပြီး Archived from the original on 2 December 2024။
  3. http://www.mrtv3.net.mm/newpaper/46newsn.pdf[လင့်ခ်သေ] Page 16 Col 1
  4. ချင်းပြည်နယ်အတွင်းရှိ ခရိုင်အမည်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း 5 March 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 June 2022 တွင် ပြန်စစ်ပြီး။
  5. "ကိုဗစ်-၁၉ ကြောင့် ချင်းပြည်နယ် ပထမဆုံးလေယာဉ်ကွင်း ဖွင့်ရန် နှောင့်နှေးနေ"။