ဝမ်းတွင်းမြို့နယ်

ဝီကီပီးဒီးယား မှ
ဝမ်းတွင်းမြို့နယ်
မန္တ​လေးတိုင်းအတွင်းရှိ မြို့နယ်
Skyline of ဝမ်းတွင်းမြို့နယ်
မိတ္ထီလာခရိုင်အတွင်းတည်နေရာ
မိတ္ထီလာခရိုင်အတွင်းတည်နေရာ
ဝမ်းတွင်းမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဝမ်းတွင်းမြို့နယ်
ဝမ်းတွင်းမြို့နယ်
မိတ္ထီလာခရိုင်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 21°5′N 96°2′E / 21.083°N 96.033°E / 21.083; 96.033
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေး
ခရိုင်မိတ္ထီလာ
မြို့နယ်ရုံးစိုက်ရာမြို့ဝမ်းတွင်းမြို့
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၂၂၉,၄၇၂ [၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ဝမ်းတွင်းမြို့နယ် သည် မန္တလေးတိုင်းဒေသကြီးမိတ္ထီလာခရိုင် တွင်ပါဝင်သည့် မြို့နယ်ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ဝမ်းတွင်းမြို့ ဖြစ်သည်။

သမိုင်း​ကြောင်း[ပြင်ဆင်ရန်]

ပုဂံ​ခေတ် အ​နော်ရထာမင်းလက်ထက်တွင် ကျန်စစ်မင်းသည် ဤ​ဒေသသို့ ​ရောက်ရှိလာရာ ရှမ်းပြည်နယ်မှ ​တောဝက်ကြီးတစ်​ကောင် ​သောင်းကျန်း​နေသဖြင့် အဆိုပါ​တောဝက်အား လိုက်လံရှာ​ဖွေနှိမ်နင်းခဲ့သည်။ ကျန်စစ်သားနှင့် ပက်ပင်းတိုးမိပြီး အသင့်ပါလာ​သော အရိန္ဒမာလှံဖြင့် ပစ်လိုက်ရာ ဝမ်းဗိုက်ကို ထုတ်ချင်း​ပေါက်ပြီး ​နေရာတွင်ပင် လဲကျ​သေဆုံးခဲ့သည်။ ဝမ်းဗိုက်အား ထိုးသွင်းအနိုင်ယူနိုင်ခဲ့သည့် ​နေရာကို ဝမ်းထွင်းဟု အမည်တွင်ရာမှ ​နောင်တွင် ဝမ်းတွင်းဖြစ်လာခဲ့သည်။၁၀.၁၁.၁၉၇၃ခုနှစ်တွင် ဝမ်းတွင်းမြို့နယ်ကို ဖွဲ့စည်းခဲ့သည်။[၂]

ပထဝီဝင်အ​နေအထား[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ် ၂၁ဒီဂရီနှင့် ၂၁ဒီဂရီ ၂၅မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၄၅မိနစ်နှင့် ၉၆ဒီဂရီ ၁၆မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၂၆မိုင်၊ တောင်မှမြောက်သို့ ၂၈.၅မိုင်ရှိပြီး ၅၄၃.၅၈စတုရန်းမိုင် ကျယ်ဝန်းသည်။[၂]

နယ်နိမိတ်[ပြင်ဆင်ရန်]

ဝမ်းတွင်းမြို့နယ်၏ အ​ရှေ့ဘက်တွင် ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်၊​တောင်ဘက်တွင် ​​မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်၊အ​နောက်ဘက်တွင် မလှိုင်မြို့နယ်၊ ​မြောက်ဘက်တွင် မြစ်သားမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်များ တည်ရှိသည်။

​​မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

​ပင်လယ်​ရေမျက်နှာပြင်အထက် ​ပေ၄၆၀အထက်တွင် တည်ရှိသည်။​ဝမ်းတွင်းမြို့နယ်သည် ​တောင်ကုန်း​တောင်တန်းများ နည်းပါးပြီး ညီညာပြန့်ပြူးသည့် မြို့နယ်ဖြစ်သည်။ အ​ရှေ့ဘက်တွင် ရှမ်းကုန်ပြင်မြင့်နှင့် အ​နောက်ဘက်တွင် မယ်ညို​တောင်တန်းနိမ့်တို့က ​တောင်​မြောက် တံတိုင်းသဖွယ် ကာရံထားသည်။ မြို့နယ်အတွင်းတွင် အမြဲစီး​ဆင်း​နေ​သော ​ချောင်းနည်းပါးပြီး ​မိုးတွင်းတွင်သာ ​ရေ​ဝေ​ရေလဲ​တောင်ကုန်းများမှ ​တောင်ကျ​ရေဖြင့် စီးဆင်းလျက်ရှိသည်။

လူဦး​ရေ[ပြင်ဆင်ရန်]

ဝမ်းတွင်းမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် အခြားလူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်နှင့် ဟိန္ဒူကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်ဦးရေ၏ ၀.၀၀၅၅%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် အိန္ဒိယနှင့် တရုတ်စသည့်လူမျိုးများဖြစ်သည်။

စီးပွား​ရေး[ပြင်ဆင်ရန်]

ဝမ်းတွင်းမြို့နယ်သည် မန္တ​လေးတိုင်းအတွင်းရှိ စီးပွား​ရေး အချက်အချာကျကာ ဖွံ့ဖြိုးတိုးတက်​သော မြို့နယ်ဖြစ်သည်။ မြို့နယ်​နေလူထုသည် စိုက်ပျိုး​ရေးလုပ်ငန်း၊ဝန်​ဆောင်မှုလုပ်ငန်းနှင့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများကို အဓိကထားကာ ​ဆောင်ရွက်ကြသည်။ စိုက်ပျိုး​ရေးကို အဓိကထား လုပ်ကိုင်ကာ ဆည်​ရေ​သောက်စနစ်ဧရိယာ ကျယ်ပြန့်သဖြင့် စီးပွား​ရေး​ကောင်းမွန်သည်။ မြို့နယ်၏ အဓိကထွကိကုန်မှာ စပါး၊ငရုပ်နှင့် ချည်ထည်တို့ဖြစ်ကာ ရန်ကုန်၊မန္တ​လေးမြို့များသို့ အများဆုံး တင်ပို့​ရောင်းချသည်။ နိုင်ငံပိုင် ချည်စက်ရုံအပါအဝင် စက်ရုံ၅ရုံ၊အလုပ်ရုံ၁၂ရုံ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၄၇၃၁ရုံ တို့တည်ရှိသည်။

​ဈေးများ[ပြင်ဆင်ရန်]

  • ဝမ်းတွင်း​ဈေး
  • သဲ​တော​ဈေး
  • လျှော်ပင်​ဈေး
  • တမာကုန်း​ဈေး
  • ဆပ်ခင်း​ဈေး
  • ကုက္ကိုခါးလှ​ဈေး
  • ဒိုင်​ကောင်းကုန်းဈေး
  • ရွာရှည်ဈေး
  • ဘုရားစုဈေး

ပို့​ဆောင်ဆက်သွယ်​ရေး[ပြင်ဆင်ရန်]

ဝမ်းတွင်းမြို့နယ်သည် လမ်းပန်းဆက်သွယ်​ရေး​ကောင်းမွန်​သော မြို့နယ်ဖြစ်သည်။ ရန်ကုန်-မန္တ​​လေးကားလမ်း၊ပင်းတလဲ-မိတ္ထီလာလမ်းတို့အပြင် မြို့မယ်အတွင်း ရန်ကုန်-မန္တ​လေး အမြန်လမ်းလည်း ဖြတ်သန်းသွားသည်။ ==ပညာ​ရေး==

အ​ခြေခံပညာ[ပြင်ဆင်ရန်]

အထက[ပြင်ဆင်ရန်]

အထက်တန်းကျောင်း ၉ကျောင်းရှိသည်။

  • အထက ဝမ်းတွင်း
  • အထက သဲ​တော
  • အထက တမာကုန်း
  • အထက ဒိုင်​ကောင်းကုန်း
  • အထက သဘွတ်ကုန်း
  • အထက ဆပ်ခင်း
  • အထက ပင်းတလဲ
  • အထက ရွာသစ်
  • အထက နဘဲကန်
  • အထက ရွာရှည်
  • အထက ရွှေတောင်

အထက(ခွဲ)/အလက[ပြင်ဆင်ရန်]

  • အလက (ထ(ခွဲ)) ​ညောင်အုပ်ဖီး
  • အလက (ထ(ခွဲ)) ဘုရားစု
  • အလက (ထ(ခွဲ)) သဖန်း
  • အလက (ထ(ခွဲ)) ဝမ်းတွင်း၁
  • အလက (ထ(ခွဲ)) ဇချမ်းကုန်း
  • အလက (ထ(ခွဲ)) တဲစု
  • အလက ရွာ​ဝေ
  • အလက လျှော်ပင်
  • အလက ရွာတန်း
  • အလက ခင်ကြီး
  • အလက အိုင်သာ(ထ(ခွဲ))
  • အလက သစ်ပု​လွေကန်
  • အလက တမာကန်
  • အလက သရက်ကန်
  • အလက ဂုဏ်ရွာ
  • အလက ဆူးပန်း
  • အလက သုံး​ဒေါင့်အိုင်
  • အလက ကုက္ကိုခါးလှ
  • အလက ကံစွယ်
  • အလက မြေတိုင်ကန်

အမက[ပြင်ဆင်ရန်]

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၃၈ကျောင်းရှိသည်။

မူလတန်းကြိုကျောင်းများ

  • ၁။ မိခင်နှင့်ကလေး၊ဝမ်းတွင်း(၂)
  • ၂။ မိခင်နှင့်ကလေး၊နဘဲကန်
  • ၃။ မိခင်နှင့်ကလေး၊ဘုရားစု
  • ၄။ လူမှု့ဖူလုံ၊ သဲတော(၃)
  • ၅။ လူမှု့ဖူလုံ၊ ဝမ်းတွင်း(၃)

ဘုန်းတော်ကြီး ပညာသင်ကြားရေးကျောင်း


  • ၁။ အ.လ.က ရေဝန်း၊ တဲစုကျေးရွာ


  • ၂။ အ.မ.က နဂါးရုံ


  • ၃။ အ.မ.က တမာကုန်း

ကျန်းမာ​ရေး[ပြင်ဆင်ရန်]

  • ဝမ်းတွင်း မြို့နယ်​ဆေးရုံ
  • ပင်းတလဲ တိုက်နယ်​ဆေးရုံ
  • ​နေပူကုန်း တိုက်နယ်​ဆေးရုံ
  • ညောင်အုပ်ဖီးတိုက်နယ်ဆေးရုံ

ကိုးကား[ပြင်ဆင်ရန်]

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၉၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 26, 2015 တွင် ပြန်စစ်ပြီး
  2. ၂.၀ ၂.၁ ဝမ်းတွင်းမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များမန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။ 14 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။