မာတိကာသို့ ခုန်သွားရန်

ထင်ကျော် (နိုင်ငံတော်သမ္မတ)

ဝီကီပီးဒီးယား မှ
(ဦးထင်ကျော် မှ ပြန်ညွှန်းထားသည်)

ဦးထင်ကျော်
မြန်မာနိုင်ငံ၏ နဝမမြောက် သမ္မတ
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆  ၂၁ မတ် ၂၀၁၈
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်
ဒုတိယ သမ္မတဦးမြင့်ဆွေ
ဦးဟင်နရီဗန်ထီးယူ
ယခင်လူဦးသိန်းစိန်
ဆက်ခံသူ
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း တွင် အလုပ်အမှုဆောင်
တာဝန်သက်တမ်း
၂၀၁၂  ၂၀၁၆
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဒုတိယ ညွန်ကြားရေးမှူး။
တာဝန်သက်တမ်း
၁၉၈၀  ၁၉၉၂
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1946-07-20) ၂၀ ဇူလိုင်၊ ၁၉၄၆ (အသက် ၇၉)
ရန်ကုန်မြို့ဗြိတိသျှ ဘားမား[]
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်ဒေါ်စုစုလွင်
မိဘမင်းသုဝဏ် (ဖခင်)
ဒေါ်ကြည်ကြည် (မိခင်)
မိခင်ကျောင်းရန်ကုန် စီးပွားရေး တက္ကသိုလ်
Institute of Computer Sciences
University of London
Arthur D. Little School of Management
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ

ဦးထင်ကျော် သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမား၊ စာရေးဆရာနှင့် မြန်မာနိုင်ငံ၏ သမ္မတ အဖြစ် ၂၀၁၆ မတ်လမှ ၂၀၁၈ မတ်လ အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လ ၁၀ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဒုသမ္မတလောင်း အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များက အဆိုပြုခြင်းခံကာ[][][] ၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ဦးထင်ကျော်အား ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးသော အရပ်သားသမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်က ရွေးကောက်တင်မြှောက်ခဲ့သည်။[][][] ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတရာထူးမှ နုတ်ထွက်ခဲ့သည်။[]

ဦးထင်ကျော်ကို ၁၉၄၆ ဇူလိုင် ၂၀ တွင် ဖခင်စာရေးဆရာ မင်းသုဝဏ် နှင့် မိခင် ဒေါ်ကြည်ကြည်တို့မှ ရန်ကုန်မြို့တွင် မွေးဖွားသည်။ ဖခင် မင်းသုဝဏ် သည် မွန်-မြန်မာမျိုးရိုးဖြစ်သည်။ မွေးချင်း (၃) ယောက်ရှိသည့်အနက် ဒုတိယမြောက် သားဖြစ်သည်။[][၁၀] ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်ထက် အသက် တစ်နှစ် တစ်လ တစ်ရက်ငယ်ရွယ်သူ ဖြစ်သော်လည်း မက်ဒရစ်ကျောင်း (အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့နယ်)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပညာဆည်းပူးခဲ့သူဖြစ်သည်။

ပညာရေး

[ပြင်ဆင်ရန်]

၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး ၁၉၆၆ တွင် စီးပွားရေးပညာဘွဲ့ (B.Eco) ရရှိခဲ့သည်။၁၉၇၀ ပြည့်နှစ်တွင် ကွန်ပျူတာ တက္ကသိုလ်သို့ ပြောင်းရွေ့ပညာသင်ကြားခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ကွန်ပျူတာ မဟာသိပ္ပံဘွဲ့ ရရှိခဲ့သည်။[၁၁] နိုင်ငံတော် မှ ပညာတော်သင်ဆု ရရှိပြီး လန်ဒန်တက္ကသိုလ်၊ ကွန်ပျူတာသိပ္ပံကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၈၇ တွင် Arthur DeLittle, Management Education Institute, Cambridge, Massachusetts တွင် ပညာသင်ယူခဲ့သည်။[၁၂]

နိုင်ငံ့ဝန်ထမ်းဘဝ

[ပြင်ဆင်ရန်]

၁၉၆၈ မဟာတန်း တက်စဉ် အချိန်ကာလအတွင်း တက္ကသိုလ်နည်းပြအတွင်း တာဝန်ထမ်းဆောင်ခဲ့သည်။[၁၃]

၁၉၇၅ ခုနှစ်မှာပင် အကြီးစားစက်မှုလုပ်ငန်းတွင် ဌာနခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၀ မှ ၁၉၉၂ ထိ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန တွင် ဒုတိယ ညွှန်ကြားရေးမှူး ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး တာဝန်မှ အနားယူခဲ့သည်။

နိုင်ငံရေး

[ပြင်ဆင်ရန်]

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းတွင် စတင်တည်ထောင်စဉ်မှ သမ္မတ မဖြစ်မီအထိ အလုပ်အမှုဆောင် အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ငယ်သူငယ်ချင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ နောက်ကွယ်တွင် နှစ်ပေါင်းများစွာရှိနေခဲ့သူတစ်ဦး လည်းဖြစ်သည်။[၁၄] သူသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထက် ဒေါ်အောင်ဆန်းစုကြည်နှင့်သာ ပိုမိုနီးကပ်သူဖြစ်သည်။ နေအိမ်အကျယ်ချုပ် ကျခံနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်ပကမ္ဘာကို ချိတ်ဆက်ပေးခဲ့သော လူအနည်းစုတွင် ဦးထင်ကျော်လည်း ပါဝင်သည်။[၁၅] ၁၉၉၂ ခုနှစ်တွင် အစိုးရဝန်ထမ်းအဖြစ်မှ နုတ်ထွက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသို့ ဝင်ရောက်ခဲ့သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်၏ သံတမန်ရေးရာ အရာရှိလည်း ဖြစ်သည်။[၁၃][၁၆][၁၇] NLD နာမည်ကြီး ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးလွင်၏သမီး၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စုစုလွင်၏ ခင်ပွန်းလည်း ဖြစ်သည်။

နိုင်ငံတော် သမ္မတ

[ပြင်ဆင်ရန်]
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီအား နိုင်ငံ​တော်သမ္မတအိမ်​တော်၌ ကြိုဆိုစဉ်

၂၀၁၆ မတ်လ ၁၅ ရက်တွင် ဦးထင်ကျော်အား ပြည်ထောင်စု လွှတ်တော်မှ သမ္မတအဖြစ် ရွေးချယ်ခဲ့သည်။[၁၈] ၂၀၁၆ မတ်လ ၁၇ ရက်တွင် ဦးထင်ကျော်သည် ဝန်ကြီးဌာနများမှ ဝန်ကြီး ၂၁ ဦးအား ၁၈ ဦးအဖြစ် ပြန်လည်ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့သည်။[၁၉] ၂၁ မတ် ၂၀၁၆ တွင် ဝန်ကြီးများအား ပြန်လည်ဖွဲ့စည်းရန် လွှတ်တော်မှ အတည်ပြုခဲ့သည်။[၂၀]

၂၀၁၆ခုနှစ်၊ တရားဝင်ခရီးစဉ်အတွင်း အိန္ဒိယသမ္မတနှင့် နယူ​ဒေလီမြို့တွင်​​တွေ့ဆုံစဉ်

၂၀၁၆ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာကြိမ်ဆိုပြီး မြန်မာနိုင်ငံ၏ နဝမမြောက် သမ္မတဖြစ်လာခဲ့သည်။[၂၁][၂၂] နိုင်ငံတော် သမ္မတအိမ်တော်တွင် သမ္မတဟောင်း ဦးသိန်းစိန် ထံမှ သမ္မတအဆောင်အယောင် ဖြစ်သော ရွှေစလွယ်ကို လွှဲပြောင်းကာ နိုင်ငံတော် အုပ်ချုပ်ရေးအာဏာကို လွှဲပြောင်းခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက် အမှတ် (၁/၂၀၁၈) ဖြင့် လက်ရှိအလုပ်တာဝန်များမှ အနားယူလိုသောကြောင့် သမ္မတရာထူးမှ နုတ်ထွက်ကြောင်း ကြော်ငြာခဲ့သည်။[]

နိုင်ငံတော်အဆင့် ခရီးစဉ်များ

[ပြင်ဆင်ရန်]

ဦးထင်ကျော်သည် သမ္မတအဖြစ်တာဝန်ယူနေစဉ်က နိုင်ငံတော်အဆင့်ခရီးစဉ်များ သွားရောက်ခဲ့သည်။

စာပေရေးသားခြင်း

[ပြင်ဆင်ရန်]

ဦးထင်ကျော်သည် "ဒလဘန်း" ကလောင်အမည်ဖြင့် သုတစာပေ နိုင်ငံရေးစာပေ တို့ကိုရေးသားခဲ့သည်။ သူ၏ဖခင် မင်းသုဝဏ်အကြောင်းကို အဘဘဝ အဘအကြောင်း တစေ့တစောင်း အမည်ဖြင့် စာအုပ်ရေးသားခဲ့သည်။[၁၀]

ကိုးကား

[ပြင်ဆင်ရန်]
  1. သမ္မတသစ် ဦးထင်ကျော်၏ အစ်ကို ဦးကျော်စိုးနှင့် တွေ့ဆုံခြင်း (၁၇ မတ် ၂၀၁၆)။ 20 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၉ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။
  2. Ei Ei Toe Lwin။ Daw Suu eyes foreign minister role 13 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 March 2016 တွင် ပြန်စစ်ပြီး။
  3. NLD Dropped a Name List to Lead Its New Government The Burma Times 24 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 March 2016 တွင် ပြန်စစ်ပြီး။
  4. Myanmar Starts New Parliamentarye Era The Bangkok Post။ 6 March 2016 တွင် ပြန်စစ်ပြီး။
  5. Myanmar parliament elects first civilian president in decades BBC။
  6. Htin Becomes First Civilian Myanmar President TRT။ 15 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 March 2016 တွင် ပြန်စစ်ပြီး။
  7. Who is Htin Kyaw, Myanmar’s new president? South China Morning Post (16 March 2016)။
  8. 1 2 နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက် အမှတ်၊ ၁ / ၂၀၁၈ (၂၁ မတ် ၂၀၁၈)။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၁ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
  9. U Wun (Minthuwun) Bio Data 13 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 March 2016 တွင် ပြန်စစ်ပြီး။
  10. 1 2 Who Is Htin Kyaw, Myanmar's Newly Elected President? VOA
  11. U Htin Kyaw from Computer Science grad to NLD loyalist Myanmar Times 5 April 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 March 2016 တွင် ပြန်စစ်ပြီး။
  12. Myanmar's NLD nominates presidential candidate | Kyodo News 2016-03-10 တွင် ပြန်စစ်ပြီး။
  13. 1 2 မြန်မာနိုင်ငံရဲ့ ကိုးဦးမြောက် နိုင်ငံတော်သမ္မတ 2016-03-15 တွင် ပြန်စစ်ပြီး။
  14. “ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်" 7daydaily 11 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 March 2016 တွင် ပြန်စစ်ပြီး။
  15. Holmes၊ Oliver။ "Myanmar parliament elects Htin Kyaw as first civilian president in 53 years" (in en-GB)၊ 2016-03-15 2016-03-16 တွင် ပြန်စစ်ပြီး
  16. NLD names U Htin Kyaw for president Myanmar Times 10 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 March 2016 တွင် ပြန်စစ်ပြီး။
  17. Simon Lewis။ Myanmar: Who Is Htin Kyaw, Burma's New President? TIME.com 26 April 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 March 2016 တွင် ပြန်စစ်ပြီး။
  18. Myanmar Lawmakers Name Htin Kyaw President, Affirming Civilian Rule The New York Times 16 March 2016 တွင် ပြန်စစ်ပြီး။
  19. Htinkyaw propose formation of Ministries Global Times 24 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 March 2016 တွင် ပြန်စစ်ပြီး။
  20. Parliament Approves President-Elect’s Proposal to Downsize Ministries Irrawaddy
  21. “Myanmar's Htin Kyaw sworn in as president" Aljazeera News 30 March 2016 တွင် ပြန်စစ်ပြီး။
  22. Ei Ei Toe Lwin, Lun Min Mang။ U Htin Kyaw takes oath of office and asks for patience Myanmar Times 2 April 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 March 2016 တွင် ပြန်စစ်ပြီး။
နိုင်ငံရေးဆိုင်ရာ ရုံးများ
ယခင်က
သိန်းစိန်
မြန်မာနိုင်ငံ၏ သမ္မတ
၂၀၁၆– ၂၀၁၈
ဆက်ခံသူ
ဦးမြင့်ဆွေ
ယာယီ