မင်းတပ်မြို့နယ်

ဝီကီပီးဒီးယား မှ
မင်းတပ်မြို့နယ်
ချင်းပြည်နယ်အတွင်းရှိ မြို့နယ်
မင်းတပ်ခရိုင်အတွင်းတည်နေရာ (အနီ)
မင်းတပ်ခရိုင်အတွင်းတည်နေရာ (အနီ)
မင်းတပ်မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မင်းတပ်မြို့နယ်
မင်းတပ်မြို့နယ်
မင်းတပ်ခရိုင်အတွင်းတည်နေရာ (အနီ)
ကိုဩဒိနိတ်: 21°20′N 93°15′E / 21.333°N 93.250°E / 21.333; 93.250ကိုဩဒိနိတ်: 21°20′N 93°15′E / 21.333°N 93.250°E / 21.333; 93.250
နိုင်ငံ မြန်မာ
ပြည်နယ် ချင်း
ခရိုင်မင်းတပ်
အုပ်ချုပ်ရေးရုံးစိုက်ရာမြို့မင်းတပ်မြို့
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၄၂,၆၀၀[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

မင်းတပ်မြို့နယ် သည် မြန်မာနိုင်ငံချင်းပြည်နယ်‌မင်းတပ်ခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။[၂] မြို့နယ်ရုံးစိုက်ရာမြို့မှာ မင်းတပ်မြို့ဖြစ်သည်။[၃]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အင်္ဂလိပ်အစိုးရမင်းများ ယာယီတဲစခန်းအဖြစ် တည်းခိုခဲ့သောနေရာဖြစ်သဖြင့် မင်းတပ်မြို့ကို ယခင်က မင်းတဲမြို့ဟုခေါ်ဆိုခဲ့သည်။ နှစ်ကာလကြာသောအခါ မင်းတဲမြို့မှ မင်းတပ်မြို့ဖြစ်လာခဲ့သည်။ ချင်းရေးရာဝန်ကြီး၏ ၁၉၆၀ ခုနှစ် မေလ ၂၀ ရက်နေ့ပါ အမိန့်ဖြင့် မင်းတပ်မြို့အဖြစ် သတ်မှတ်ခဲ့သည်။[၄]မင်းတပ်မြို့နယ်တွင် ကျေးရွာအုပ်စု ၄၆ ခုနှင့် ကျေးရွာပေါင်း ၄၉၇ ရွာ ပါဝင်သည်။[၅]

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၁၉ မိနစ်နှင့် ၂၁ ဒီဂရီ ၄၀ မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၃ မိနစ်နှင့် ၉၄ ဒီဂရီ ၁၆ မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၃၃ မိုင်၊ တောင်မှမြောက်သို့ ၃၇ မိုင်ရှိပြီး ၁၂၁၉.၈၆ စတုရန်းမိုင် ကျယ်ဝန်းသည်။[၄]

နယ်နိမိတ်[ပြင်ဆင်ရန်]

မင်းတပ်မြို့နယ်၏ အရှေ့ဘက်တွင် မကွေးတိုင်းဒေသကြီးရှိ ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်၊ တောင်ဘက်တွင် ကန်ပက်လက်မြို့နယ်၊ အနောက်ဘက်တွင် မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်၊ မြောက်ဘက်တွင် မတူပီမြို့နယ်များ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

ပင်လယ်ရေမျက်နှာပြင်အထက် ၄၈၆၀ ပေအထက်တွင် တည်ရှိသည်။ တောင်ထူထပ်၍ အမြဲစိမ်းသစ်တောများပေါက်ရောက်ကာ မြေပြန့်လွင်ပြင် နည်းပါးသည်။ မုန်းချောင်း၊ ယောချောင်းနှင့် ချီချောင်းတို့သည် အရှေ့မှအနောက်သို့ စီးဆင်းနေသည်။

လူဦးရေ[ပြင်ဆင်ရန်]

မင်းတပ်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ဗမာ၊ ကရင်၊ မွန်၊ ရခိုင်၊ ကယား၊ ကချင်နှင့် ရှမ်းလူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာနှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။

စီးပွားရေး[ပြင်ဆင်ရန်]

မင်းတပ်မြို့နယ်သည် ချင်းပြည်နယ်အတွင်းရှိ စီးပွားရေးဖွံ့ဖြိုးမှု နောက်ကျသော မြို့နယ်ဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဝဥနှင့် လက်ဖက်ဖြစ်ပြီး ပခုက္ကူနှင့် မန္တလေးဒေသများသို့ အများဆုံးတင်ပို့ရောင်းချသည်။ ထိုဒေသများမှ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပြန်လည်တင်သွင်းသည်။ မြို့နယ်အတွင်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၉ ခုတည်ရှိသည်။

ဈေးများ[ပြင်ဆင်ရန်]

  • မင်းတပ်ဈေး

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

မင်းတပ်မြို့နယ်သည် ပခုက္ကူနှင့် မန္တလေးမြို့များသို့ ကုန်းလမ်းဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။

ပညာရေး[ပြင်ဆင်ရန်]

အခြေခံပညာ[ပြင်ဆင်ရန်]

အထက[ပြင်ဆင်ရန်]

အထက်တန်းကျောင်း ၄ကျောင်းရှိသည်။

  • အထက ၁
  • အထက ၂
  • အထက ၃
  • အထက မကွီအိမ်နူး

အထက(ခွဲ)/အလက[ပြင်ဆင်ရန်]

  • အလက (ထ(ခွဲ)) ရမ်ပန်း
  • အလက (ထ(ခွဲ)) လုပ်ရှဲ
  • အလက (ထ(ခွဲ)) အောက်ချိုင်
  • အလက (ထ(ခွဲ)) တပ်မြေ
  • အလက (ထ(ခွဲ)) ဝမ္မသူး
  • အလက (ထ(ခွဲ)) အုံ
  • အလက ကီးသာ
  • အလက ရို
  • အလက ကင်းလှိ
  • အလက ဒုတ်
  • အလက ကြာလေလှိုင်း
  • အလက ကြုတ်ဟောင်း
  • အလက ချပ်
  • အလက မဒပ်
  • အလက ထားအိမ်နူး
  • အလက ဝေးလောင်း
  • အလက ဟီးလောင်း

အမက[ပြင်ဆင်ရန်]

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၃၄ကျောင်းရှိသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

ဆေးရုံများ[ပြင်ဆင်ရန်]

  • ခရိုင်ပြည်သူ့ဆေးရုံကြီး
  • ဝမ္မတူး တိုက်နယ်ဆေးရုံ
  • မကွီအိမ်နူး တိုက်နယ်ဆေးရုံ

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၁။
  2. Chin State။ Myanmar Explore။ 14 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-05-12 တွင် ပြန်စစ်ပြီး။
  3. "Mindat Township - Chin State"[လင့်ခ်သေ] map ID:MIMU 154v01 created: 17 May 2010, Myanmar Information Management Unit (MIMU)
  4. ၄.၀ ၄.၁ မင်းတပ်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  5. "Mindat_Township_Profile"[လင့်ခ်သေ] Myanmar Information Management Unit (MIMU), January 2010, population figures from State General Administration Department, October 2008

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]